Myanmar Gospel Song 2020 (ဘုရားသခင်တစ်ပါးတည်းသာ လူကို အချစ်ဆုံးဖြစ်သည်) MV

Myanmar Gospel Song 2020 (ဘုရားသခင်တစ်ပါးတည်းသာ လူကို အချစ်ဆုံးဖြစ်သည်) MV

လူသားကို ချစ်သောကြောင့် ကယ်တင်ဖို့ နောက်ဆုံးနေ့ရက်၌ ဘုရား လူ့အဖြစ်ခံယူ
ချစ်မေတ္တာကြောင့် သူသည် ယနေ့အမှုတော်မြတ် ဆောင်ရွက်
ချစ်ခြင်းမေတ္တာတွင် အုတ်မြတ်တည်သည်
စိတ်ညစ်ညူး ကြေကွဲသူတို့ကို ကယ်တင်ဖို့ ဘုရား လူ့ဖြစ်ခံယူ အောက်ကျခံ
ထိုနာကျင်မှု(ကို) ခံ(ယူ)
အကြိမ်ကြိမ်အခါခါ ကြီးမား မေတ္တာတော်ကို ဖော်ပြ
ဘယ်ဝိညာဉ်ကိုမျှ မပျောက်ဆုံးစေလိုပါ
မိမိအနာဂတ် ဘာဖြစ်မည် လူသား ဂရုမစိုက်
မိမိဘဝကို ဘယ်လိုမြတ်နိုးရမည် မသိ
ဒါပေမဲ့ ဘုရား သိတယ် သူသာ လူကို ချစ်တယ် အိုး… အိုး…

Read More »

Myanmar Worship 2020 (အို ဘုရားသခင်၊ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာနှင့် ကျွန်ုပ် အမှန်တကယ် မထိုက်တန်ပါ)

ကျွန်ုပ် ပြန်မတွေးဝံ့သည့် အရာများစွာ လုပ်ဆောင်ခဲ့သည်။
အချိန်များစွာ ကျွန်ုပ် ဖြုန်းခဲ့သည်။
နောင်တနှင့် အကြေွးတင်ရှိမှုခံစားချက် များစွာတို့က ကျွန်ုပ်၏ စိတ်နှလုံးထဲ ပြည့်လျှံလာသည်။
ဘုရားအတွက် မိမိကိုယ်ကိုယ် အသုံးခံရင်း ဒုက္ခခံစားသည့်အခါ ဆုလာဘ်များကို ကျွန်ုပ်အမြဲတောင်းဆိုခဲ့သည်။
ကောင်းချီးမင်္ဂလာများကို ရရှိဖို့ ကျွန်ုပ်၏ စိတ်ဆန္ဒက ပိတ်ပင်ခံရချိန်တွင်၊ ဘုရားကို စွန့်ခွာဖို့ ကျွန်ုပ်တွေးမိခဲ့၊
သို့သော် ကိုယ်တော်၏ ချစ်ခြင်းမေတ္တာက ကျွန်ုပ် စိတ်ထဲတွင် ပြက်ထင်နေဆဲဖြစ်ပြီး
မေ့ဖျောက်ဖို့ မတတ်နိုင်ခဲ့။
ဘုရား၏ နှုတ်ကပတ်တော်များက ဒုံးရင်းပြန်ဆိုက်ခြင်းနှင့်
အပျက်သဘောဆောင်ခြင်းမှ ဖြည်းဖြည်းချင်း ကျွန်ုပ်ကို ဦးဆောင်ရင်း ကျွန်ုပ်၏ စိတ်နှလုံးကို ရိုက်ခတ်ခဲ့သည်။
အန္တရာယ်က ခြိမ်းခြောက်သည့်အခါ၊ ကျွန်ုပ်စိုးရိမ်ကာ၊ ကြောက်ရွံ့ပြီး သူရဲဘောကြောင်ခဲ့သည်။
ကျွန်ုပ်အားနည်းကာ အပျက်သဘောဆောင်ပြီး၊ ဘုရားသခင်ကိုစွန့်ခွာဖို့ ကျွန်ုပ် တစ်ဖန်တွေးခဲ့သည်။
ကိုယ်တော်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်၏အရှက်ကိုကွယ်ဝှက်ရန်
နေရာမရှိဖြစ်စေလျက် သံလျှပ်တစ်စင်းကဲ့သို့ ကျွန်ုပ်၏ စိတ်နှလုံးကို ခွဲခဲ့သည်။

Read More »

Myanmar Praise Song 2020 – အမှန်တရား တောင့်တသူတွေသာ ဘုရားသခင်ကို မြင်ရလိမ့်မည် (Lyrics)

ဘုရားသခင် ယနေ့ အမှုတော်သစ် ဆောင်ရွက်ခဲ့ပြီ၊
သင်တို့ နားလည်ကြ မည်မဟုတ်။
သင့်အတွက် ထူးဆန်းပေလိမ့်မည်၊
သို့သော် သင်၏ဇာတိစိတ်ကို မပြသရန်
သင်တို့ထံ ဘုရားသခင် တောင်းဆို။
တိုက်ခိုက် ငြင်းခုံခြင်းဖြင့် အမှန်တရားကို ရှာဖွေ၍မရ။
တည်ငြိမ် အေးဆေးစွာ ရှာဖွေမှသာ ရလဒ်ကို ရရှိနိုင်သည်။
အကြောင်းမူကား ဘုရားရှေ့မှောက်၌
ဖြောင့်မတ်ခြင်း ဆာလောင်မွတ်သိပ်သူများသာ
သမ္မာတရား ရရှိနိုင်။
စစ်မှန်စွာ ဆက်ကပ်သူများသာ ဉာဏ်အလင်းရရှိနိုင်၊
ဘုရား ဦးဆောင်လမ်းပြနိုင်၊ ဘုရား ဦးဆောင်လမ်းပြနိုင်။

Read More »

Myanmar Gospel Song (ဘုရားသခင် မိမိဘုန်းတော်ကို အရှေ့အရပ်သို့ ယူဆောင်)

Myanmar Gospel Song (ဘုရားသခင် မိမိဘုန်းတော်ကို အရှေ့အရပ်သို့ ယူဆောင်)

ဘုရားဟာသူ့ ဘုန်းတော်ကို ဂျူး လူမျိုးတို့အားပေးပြီး

ထိုနေရာမှ ပြောင်းရွှေ့ကာ

ဂျူးလူမျိုးများနှင့် လူသားအားလုံးကို အရှေ့အရပ်သို့ ခေါ်ဆောင်

သူတို့ပြန်ပေါင်းဆုံပြီး အလင်းနှင့် တွေ့ဆုံနိုင်အောင်

အလင်းကိုထပ်ရှာရန်မလိုအောင် ဘုရား သခင်ဟာ

သူတို့အားလုံးကို အလင်းသို့ ဦးတည် ခေါ်ဆောင်လာ

ရှာနေသူအားလုံးကို ဘုရားသခင်သည်

အလင်းနှင့် အစ္စရေးပြည်မှာရှိတဲ့

ဘုန်းတော်ကို တစ်ဖန်ပြန် မြင်တွေ့စေလိမ့်မည်၊

ဘုရားဟာ ဖြူသောမိုးတိမ်ကို စီးလျက်

လူတို့ကြားတွင် ရောက်ရှိခြင်းကို တွေ့မြင်စေမည်။

မိုးတိမ်ဖြူတို့၊ သီးနှံ အစုအဝေးတို့ကို မြင်စေမည်။

Read More »

Best Myanmar Gospel Song 2020(MV)|လူလျှောက်လှမ်းရမည့် လမ်းများကို ဘုရားခွဲခန့်မှတ်သားပြီးဖြစ်၏ကျူး

Best Myanmar Gospel Song 2020(MV)|လူလျှောက်လှမ်းရမည့် လမ်းများကို ဘုရားခွဲခန့်မှတ်သားပြီးဖြစ်၏ကျူး

လူလျှောက်လှမ်းရမည့် လမ်းများကို ဘုရားခွဲခန့်မှတ်သားပြီးဖြစ်၏ကျူး
ဘုရားသခင် ငါတို့ကို ဦးဆောင်သောလမ်းသည် ဖြောင့်ဖြူးသောလမ်းမဟုတ်ဘဲ
ချိုင့်ခွက်များ ပြည့်နှက်နေသည့် ကွေ့ကောက်သောလမ်းဖြစ်သည်ဟု ငါအမြဲခံစားရသည်။
လမ်းခရီးသည် ကြမ်းတမ်လေလေ ငါတို့၏ နှလုံးသားမှမေတ္တာကို
ဖော်ပြခွင့်ရလေလေ ဖြစ်သည်ဟု ဘုရားမိန့်တော်မူသည်။
သို့ရာတွင် ငါတို့အထဲမှ မည်သူမျှ ထိုလမ်းမျိုးကို မဖောက်နိုင်ပေ။
သို့ရာတွင် ငါတို့အထဲမှ မည်သူမျှ ထိုလမ်းမျိုးကို မဖောက်နိုင်ပေ။
ငါ့ဘ၀အတွေ့အကြုံတွင် ကြမ်းတမ်းပြီး အန္တရာယ်များသောခရီးလမ်းများစွာကို လျှောက်လှမ်းခဲ့ဖူးပြီး ကြီးစွာသော ဆင်းရဲဒုက္ခများကို ခံစားခဲ့ရဖူးသည်။
ငါသည် တစ်ခါတစ်ရံ ဟစ်အော်ပစ်လိုက်ချင်သည်အထိ ကြီးစွာပင် သောကရောက်ခဲ့သည်။
ဤခရီးလမ်းသည် ဘုရားဦးဆောင်လမ်းပြသောလမ်းဖြစ်သည်ဟု
ငါယုံကြည်သောကြောင့် ဆင်းရဲဒုက္ခအားလုံးကို ငါကြံ့ကြံ့ခံ၍ ခရီးဆက်သည်။
ဤအရာကို ဘုရား ချမှတ်ဆုံးဖြတ်ထားသည်ဖြစ်၍ မည်သူလွဲရှောင်နိုင်အံ့နည်း။
မည်သည့်ကောင်းချီးများကိုမျှ ရရှိရန် ငါမတောင်းဆိုပါ။
ဘုရား၏ အလိုတော်အတိုင်း ငါလျှောက်လှမ်းရမည့်လမ်းကို
ငါလျှောက်လှမ်းနိုင်ရန်အတွက်သာ ငါတောင်းဆိုသည်။
သူတစ်ပါးကို အတုခိုးရန် သို့မဟုတ် သူတို့လျှောက်သောလမ်းကို လျှောက်လှမ်းရန် ငါမကြိုးပမ်း။
ငါ့အတွက် သတ်မှတ်ထားသောလမ်းကို အဆုံးတိုင်အောင် လျှောက်လှမ်းရန်ဖြစ်သည့်
ငါ၏ဆပ်ကပ်မြှုပ်နှံမှုကို ဖြည့်ဆည်းရန်အတွက်သာ ငါကြိုးစားအားထုတ်သည်။
ဒုက္ခဆင်းရဲကို မည်သည့်အတိုင်းအတာအထိခံရမည်နှင့် သူတို၏လမ်းခရီးကို မည်မျှဝေးလံသည်အထိ
လျှောက်လှမ်းရမည်တို့ကို ဘုရားက ချမှတ်ဆုံးဖြတ်ထားခြင်းဖြစ်၍
မည်သူမျှ အခြားသူကို မကူညီနိုင်ဟု ငါအမြဲတမ်း ယုံကြည်ခြင်းကြောင့် ဖြစ်သည်။

ဘုရားသခင်က ချမှတ်ဆုံးဖြတ်ထားခြင်းဖြစ်၍
မည်သူမျှ အခြားသူကို မကူညီနိုင်ဟု ငါအမြဲတမ်း ယုံကြည်ခြင်းကြောင့် ဖြစ်သည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

Read More »

2020 Myanmar Gospel Song (ဘုရားဖို့ မေတ္တာသီချင်းများ ဆိုခြင်း ကျွန်ုပ်တို့ မရပ်တန့်နိုင်) MV

2020 Myanmar Gospel Song (ဘုရားဖို့ မေတ္တာသီချင်းများ ဆိုခြင်း ကျွန်ုပ်တို့ မရပ်တန့်နိုင်) MV

I
ဘုရားဖို့ မေတ္တာသီချင်းများ ဆိုခြင်း ကျွန်ုပ်တို့ မရပ်တန့်နိုင်
ပို၍ ဆိုကြလေလေ၊ ပို၍ ချိုမြမှုကို ခံစားရလေလေ
ဘုရားဖို့ ပို၍ ဆိုကြလေလေ
သူ့ကို ကျွန်ုပ်တို့ ပို၍ ချစ်ကြလေလေ
ဘုရားရဲ့လူ့ဇာတိခံယူခြင်းအကြောင်း ကျွန်ုပ်တို့ သီဆိုသည်
သူ့ပလ္လင်ရှေ့ ချီဆောင်ခြင်း ခံကြရသည်
ကောင်းကင်သို့ တမ်းတစွာ မကြည့်ကြတော့ပါ
အနန္တတန်ခိုးရှင််ဘုရား ကျွန်ုပ်တို့နှင့် မျက်နှာချင်းဆိုင်ရှိနေသည်
သမ္မာတရားများနှင့် ကျွန်ုပ်တို့ကို သူလမ်းပြသည်
ကျွန်ုပ်တို့ဘက် စစ်မှန်စွာ ရပ်တည်သည်
သူ့နှုတ်ကပတ်တော်များ၌ နေ့စဉ်မွေ့လျော်ကြသည်
သမ္မာတရားကို နားလည်ခြင်းသည် ချိုမြိန်လှသည်
ကျွန်ုပ်တို့ နှလုံးသား ဘုရားဖို့ ချစ်ခြင်းများဖြင့် ပြည့်နေသည်
သူ၏ကောင်းမြတ်သော သဘောသဘာဝကို မြင်ရလို့
ကျွန်ုပ်တို့ ချီးမွမ်းခြင်းဖြင့် သီဆိုကခုန်ကြသည်
သူ့ချစ်ဖွယ်ကောင်းမှု ဖော်ပြရန် စကားလုံးမရှိ
ဘုရားဖို့ မေတ္တာသီချင်းများ ဆိုခြင်း ကျွန်ုပ်တို့ မရပ်တန့်နိုင်
ပို၍ ဆိုကြလေလေ၊ ပို၍ ချိုမြမှုကို ခံစားရလေလေ
ဘုရားဖို့ ပို၍ ဆိုကြလေလေ
သူ့ကို ကျွန်ုပ်တို့ ပို၍ ချစ်ကြလေလေ

Read More »

2020 Myanmar Gospel Song (ဘုရားသခင်ရဲ့သြဇာအာဏာ အတုမရှိ) Lyric Video

2020 Myanmar Gospel Song (ဘုရားသခင်ရဲ့သြဇာအာဏာ အတုမရှိ) Lyric Video

ဘုရားသခင် အရာခပ်သိမ်းကို ဖန်ဆင်း
ထိုအရာတွေအပေါ် သူအုပ်စိုး
သူသည် ဂြိုလ်တစ်ချို့ကိုသာမဟုတ်
ဖန်ဆင်းခြင်း ကဏ္ဍလူသားတို့ကိုလည်း သူထိန်းချုပ်
ကြယ်တွေကအစ သေးငယ်သော ဆဲလ်တွေနဲ့
အခြားသောပုံစံဖြင့်တည်ရှိသော သတ္တဝါတွေအားလုံးအထိ
ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ
မြင်နိုင်ရာ မမြင်နိုင်ရာအားလုံးကို
သူ၏တန်ခိုးကြီးလက်တော်ထဲမှာဆုပ်ကိုင်ထားတာ
ခပ်သိမ်းသောအရာကို ဘုရားက
ထိန်းချုပ်ထားတယ်ဆိုတဲ့အဓိပ္ပာယ်
ဤသည်မှာဘုရား၏အာဏာအချုပ်အခြာနဲ့
အုပ်စိုးမှုသက်ရောက်အတိုင်းအတာ
ဘုရား၏သြဇာအာဏာသည်
ဘုရား၏အထူးဖော်ပြချက်နဲ့ သဘောသဘာဝအတုမရှိ
ဖန်ဆင်းခံဖြစ်စေ ဖန်ဆင်းမခံဖြစ်စေ
အခြားဘယ်သတ္တဝါမှ မပိုင်ဆိုင်
ထိုအာဏာမျိုး ဖန်ဆင်းရှင်ကသာပိုင်ဆိုင်
အတုမရှိသော ဘုရားသခင်၌ ထိုပင်ကိုယ် သဘာဝရှိ

Read More »

Myanmar Gospel Song “ကောင်းကင်နိုင်ငံတော်သီချင်း- ဘုရားသခင်ရဲ့နိုင်ငံတော် မြေကြီးပေါ် ရောက်လာ” ခပ်သိမ်းသော လူတို့သည် ဘုရားသခင်အားဖြင့် နှိုးဆော်ခံရကြသည် – အသားပေးချက် ၄

အလွန်စိတ်လှုပ်ရှားစရာကောင်းသော နိုင်ငံတော် သီချင်းသည် လူတို့ကြား ဘုရားသခင် ကြွရောက်ခြင်းကို စကြဝဠာတစ်ခွင်လုံးဆီ ကြေငြာရင်း ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။ ဘုရားသခင်၏ နိုင်ငံတော် တည်လေပြီ။ လူအားလုံး ရွှင်မြူးကြသည်။ အရာခပ်သိမ်း ဝမ်းမြောက်ကြသည်။ ကောင်းကင်တစ်ခုလုံးက အရာရာတိုင်းသည် ပျော်ရွှင်မြူးထူးသံဖြင့် ပြည့်နှက်လေသည်။ အဘယ်မျှ ညို့ယူဖမ်းစားသော ဝင့်ကြွားခြင်း မြင်ကွင်းများ ဖြစ်လိုက်ပါသနည်း။

နာကျင်မှုတွင် အသက်ရှင်ပြီး စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းကို နှစ်ထောင်ပေါင်းများစွာ ကြံ့ကြံ့ခံခဲ့သူ လူကြားတွင်၊ အဘယ်သူသည် ဘုရားသခင်၏ ကြွရောက်ခြင်းကို မတောင့်တ၊ မတမ်းတဘဲ ရှိသနည်း။ ခေတ်ကာလတစ်လျှောက် ဘုရားသခင်၏ ယုံကြည်သူများနှင့် နောက်လိုက် မည်မျှသည် စာတန်၏ လွှမ်းမိုးမှုအောက်တွင်၊ ဆင်းရဲဒုက္ခ၊ အခက်အခဲ၊ နှိပ်စက်ညှင်းပန်းမှုနှင့် ဖယ်ကြဉ်ခြင်းကို ခံခဲ့ရပါသနည်း။ ကောင်းကင်နိုင်ငံတော် မကြာခင် ကြွလာတော့မည်ကို မည်သူ မမျှော်လင့်ဘဲနေသနည်း။ လူသားမျိုးနွယ်၏ ဝမ်းမြောက်ခြင်းနှင့် ဝမ်းနည်းခြင်းတို့ကို မြည်းစမ်းရင်းဖြင့်၊ သမ္မာတရားနှင့် ဖြောင့်မတ်ခြင်းက လူကြားတွင် တန်ခိုးအာဏာကိုင်စွဲသည်ကို လူသားမျိုးနွယ်ထဲက မည်သူက ဆန္ဒမရှိဖြစ်ပါသနည်း။

Read More »

ဧဝံဂေလိ ဂီတ | လူတို့၏မှန်ကန်သော ယုံကြည်ခြင်းကို ဘုရားသခင် မျှော်လင့်သည်

ဘုရားသခင်, ယုံကြည်ခြင်း, ဧဝံဂေလိ ဂီတ,

Myanmar Gospel Song | လူတို့၏မှန်ကန်သော ယုံကြည်ခြင်းကို ဘုရားသခင် မျှော်လင့်သည်

ဘုရားသခင်သည် လူ့အတွက် တင်း ကြပ် သောစံ အမြဲထားရှိသည်။
သင်၏ သစ္စာစောင့်သိခြင်းသည်အခြေအနေများအပေါ် မူတည်ပါက
သင်၏ အမည်ခံယုံကြည်ခြင်းကို သူ လိုမည်မဟုတ်။
သူ့ကို လှည့်ဖြားသူနှင့်
အကျပ်ကိုင်တောင်းဆိုသူအား ဘုရား ရွံရှာသည်။
ဘုရားက လူကို သစ္စာရှိသူ ဖြစ်စေလိုပြီး
သူ့အပေါ်၌သာ သစ္စာမြဲရန်၊
အရာရာကို ယုံကြည်ခြင်းကြောင့် လုပ်ဆောင်ဖို့နှင့်
ယုံကြည်ခြင်း၊ ယုံကြည်ခြင်းဟူသော စကားလုံးကို
သက်သေထူဖိ့ုဘုရားသခင် အလိုတော်ရှိသည်။

Read More »

ဧဝံဂေလိ ဂီတ | အသက်တာ တိုးပွားရန် သမ္မာတရားကို ပိုမိုလက်တွေ့လိုက်လျှောက်ပါ

သမ္မာတရား, အသက်, ဧဝံဂေလိ ဂီတ

Myanmar Gospel song 2019 | အသက်တာ တိုးပွားရန် သမ္မာတရားကို ပိုမိုလက်တွေ့လိုက်လျှောက်ပါ

လူတို့လိုအပ်နေသော သမ္မာတရားကို
ဘုရား၏ နှုတ်ကပတ်တော်၌ တွေ့ရသည်။
ထိုသမ္မာတရားသည် လူသားတို့အား
အကျိုးကျေးဇူး အများဆုံးဖြစ်စေသည်။
၎င်းသည် သင့်ခန္ဓာကိုယ် လိုအပ်သော အာဟာရ
လူတို့ ဆင်မြန်းသင့်သည့် သမ္မာတရား
ယင်းက ပုံမှန်လူ့သဘောသဘာဝ ပြန်ရဖို့ ကူညီပေးသည်။
သင်၏ အသက်တာ ကြီးထွားလာသည်နှင့်အမျှ
ဝိညာဉ်လောက အကြောင်းပို၍ နားလည်မည်။
စာတန် အပေါ် အောင်နိုင်ရန်တန်ခိုး ပို၍ ရရှိလာမည်။
ဘုရားနှုတ်ကပတ်တော်ကို လက်တွေ့လိုက်လျှောက် လေလေ၊
သင့် အသက်တာမြန်မြန် တိုးပွားလေလေ။
ဘုရားနှုတ်ကပတ်တော်ကို လက်တွေ့ လိုက်လျှောက် လေလေ၊
သမ္မာတရား ပို၍ ထင်ရှားလာလေလေ။
လူအများစုသည် ဘုရား၏ ကျမ်းစကားကို
တိုတ်ရိုက်နားလည်ရုံနှင့် ကျေနပ်ရောင့်ရဲကြသည်။
လက်တွေ့လိုက်လျှောက်ခြင်းမပါဘဲ၊
ဖာရိရှဲ တို့ကဲ့သို့ပင် သြဝါဒအပေါ် အာရုံစိုက်ကြသည်။
”ဘုရား၏ နှုတ်ကပတ်တော်သည် အသက်ဖြစ်သည်”
ဆိုသည့်စကားသည်
သူတို့အတွက် အဘယ်ကဲ့သို့မှန်ကန်နိုင်မည်နည်း။
ဘုရား၏ နှုတ်ကပတ်တော်ကို လက်တွေ့လိုက်လျှောက်ခြင်းဖြင့်သာ
လူတို့၏ အသက်တာ တိုးပွားနိုင်သည်။
နှုတ်ကပတ်တော် ဖတ်ရုံနှင့် အသက်တာမကြီးထွားနိုင်ပါ။
ဘုရားနှုတ်ကပတ်တော်ကို လက်တွေ့လိုက်လျှောက် လေလေ၊
သင့် အသက်တာမြန်မြန် တိုးပွားလေလေ။
ဘုရားနှုတ်ကပတ်တော်ကို လက်တွေ့ လိုက်လျှောက် လေလေ၊
သမ္မာတရား ပို၍ ထင်ရှားလာလေလေ။

Read More »