ဘုရားသခင်၏ စကားတော် | သင်၏အနာဂတ်သာသနာပြုလုပ်ငန်းကို မည်သို့အာရုံစိုက်၍ လုပ်ဆောင်သင့်သနည်း

ဆုတောင်း, ယုံကြည်သူ, အရှေ့အရပ်မှ လျှပ်ပြက်ခြင်း, အသက်, ဧဝံဂေလိတရားတော်

ခေတ်ကာလနှင့်ပတ်သက်သည့် ဘုရားသခင်၏စိတ်သဘောထားကို ခေတ်ကာလအလိုက် အရေးပါမှုရှိသော သင့်တော်ရာ ဘာသာစကားဖြင့် သင်ဖော်ပြနိုင်ပါသလား။ ဘုရားသခင်၏အလုပ်နှင့် သင်ကြုံတွေ့ခဲ့သည့် အတွေ့အကြုံများမှတစ်ဆင့် ဘုရားသခင်၏ စိတ်သဘောထားကို သင်အသေးစိတ် ဖော်ပြနိုင်ပါသလား။ ထိုဖော်ပြမှုမှတဆင့် အခြားသူများမှ သင်၏အတွေ့အကြုံများအကြောင်းကို သိနိုင်စေရန်အလို့ငှာ ၎င်းအား မည်ကဲ့သို့အံဝင်ခွင်ကျစွာနှင့် ဆီလျော်မှုရှိစွာ သင်ဖော်ပြနိုင်ပါမည်လဲ။ ဖြောင့်မတ်မှုကို ဆာလောင်ငတ်မွတ်နေလျက် သင်၏ဉီးဆောင်လမ်းပြမှုကို စောင့်မျှော်နေသည့် သနားစရာကောင်းပြီး၊ ဆင်းရဲမွဲတေနေသော၊ ဘာသာတရားကို ရိုသေကိုင်းရှိုင်းစွာ ကိုးကွယ်ယုံကြည်သူများအား သင်၏တွေ့မြင်မှုများနှင့် အတွေ့အကြုံများကို မည်သို့လက်ဆင့်ကမ်းပေးမည်နည်း။ မည်သို့သောသူများက ၎င်းတို့အား ဦးဆောင်လမ်းပြပေးရန်အတွက် သင့်ကို စောင့်မျှော်နေကြသနည်း။ သင်တွေးတော စိတ်ကူးကြည့်နိုင်ပါသလား။ သင့်အတွက် ဝန်ထုပ်ဝန်ပိုးများ၊ စေခိုင်းထားသည့်လုပ်ငန်းနှင့် သင်၏တာဝန်ဝတ္တရားများကို သိရှိပါသလား။ သမိုင်းတွင်သော သာသနာပြုလုပ်ငန်းတစ်ရပ်အတွက် သင်၏ခံယူမှုမှာ အဘယ်နည်း။ နောင်လာမည့်ခေတ်အတွက် ကောင်းမွန်သောအကြီးအကဲတစ်ဉီးအဖြစ် သင် မည်သို့တာဝန်ထမ်းဆောင်မည်နည်း။ အကြီးအကဲကောင်းတစ်ဦးထားရမည့် စိတ်ဓါတ်မျိုး သင့်တွင်ရှိသလော။ အရာခပ်သိမ်းတို့၏အရှင်သခင်ဟူသည်ကို သင်အဘယ်သို့ရှင်းပြမည်နည်း။ ထိုအရာက ကမ္ဘာပေါ်ရှိ အရာဝတ္ထုမှန်သမျှနှင့် သတ္တဝါခပ်သိမ်းတို့၏အရှင်သခင်လော။ အလုပ်၏နောင်လာမည့် အဆင့်အတွက် တိုးတက်မှုရှိစေရန် သင့်တွင် မည်သည့်အစီအစဉ်များရှိပါသနည်း။ သင်၏ ဦးဆောင်လမ်းပြမှုကို စောင့်စားနေသည့်သူ မည်မျှရှိနေပါသနည်း။ သင်၏တာဝန်သည် ကြီးလေးသော လုပ်ငန်းတာဝန်တစ်ခုလော။ ထိုသူများမှာ ဆင်းရဲမွဲတေလျက် သနားဖွယ်ရာ လမ်းပျောက်နေသူ မျက်ကန်းများဖြစ်၍ “လမ်းဘယ်မှာလဲ” ဟုဆိုကာ အမှောင်ထဲတွင် ငိုကြွေးမြည်တမ်းနေကြသည်။ ထိုသူများမှာ လူသားတို့အား နှစ်ပေါင်းများစွာ ဖိနှိပ်ချုပ်ချယ်ထားသည့် အမှောင်ထု၏အင်အားကို ဖြိုခွင်း၍ ကြယ်တံခွန်ကဲ့သို့ ရုတ်တရက် ဆင်းသက်လာမည့် အလင်းရောင်ကို အလွန်တမ်းတနေသူများဖြစ်သည်။ ထိုအလင်းရောင်ကို ၎င်းတို့မည်မျှ စိုးရိမ်တကြီးဖြင့် မျှော်လင့်နေကြသည်၊ နေ့ရောညပါ အောက်မေ့တမ်းတနေကြသည်ကို မည်သူသိနိုင်မည်နည်း။ ဒုက္ခအလွန်အမင်းခံစားနေရသော ထိုသူတို့သည် လွတ်မြောက်ရန် မျှော်လင့်ချက် ကင်းစွာဖြင့်၊ အလင်းရောင် လျှပ်တပြက်ဖြတ်သန်းသည့်နေ့တွင်ပင်၊ အမှောင်လွှမ်းသည့်အကျဉ်းတိုက်များထဲတွင် ရှိနေကြ၏။ မည်သည့်အခါတွင် ၎င်းတို့မငိုတော့ဘဲနေမည်နည်း။ မည်သည့်အချိန်ကမျှ အနားမရခဲ့သော ထိုကြေမွလွယ်သည့် ဝိညာဉ်များမှာ ဆိုးရွားလှသည့်ကံကြမ္မာကို အမှန်တကယ်ပင် အလူးအလဲခံနေရပါသည်။ ရပ်တန့်နေသည့်သမိုင်းတွင် ၎င်းတို့ သည် ရက်စက်လှသည့် အကြင်နာမဲ့ကြိုးများဖြင့် ချုပ်နှောင်ထားခြင်းခံနေရသည်မှာ ကြာမြင့်ပြီဖြစ်သည်။ ထိုသူတို့၏ ငိုကြွေးသံကို မည်သူကြားဖူးပါသနည်း။ ထိုသူတို့၏ စိတ်မချမ်းမြေ့သော မျက်နှာသွင်ပြင်ကို မည်သူမြင်ဖူးပါသနည်း။ ဘုရားသခင်၏စိတ်နှလုံးသည် မည်မျှ စိုးရိမ်ပူပန်၍ ဝမ်းနည်းပူဆွေးနေမည်ကို သင်တွေးမိပါလော။ ဘုရားသခင်သည် သူ့လက်ဖြင့်ကိုယ်တိုင်ဖန်ဆင်းခဲ့သော အပြစ်မဲ့လူသားများ ဤမျှညှဉ်းဆဲမှုဒဏ် ခံစားရနေသည်ကို မြင်ရန် ခံနိုင်ရည် မည်သို့ ရှိနိုင်မည်နည်း။ Read More »

ဧဝံဂေလိ ဂီတ | နောက်ဆုံးသောကာလတွင် ဘုရားသည် အရာခပ်သိမ်းကို အထူးသဖြင့် နှုတ်ကပတ်တော်အားဖြင့် ပြီးမြောက်စုံလင်စေမည်

ဓမ္မသီချင်း, ဘုရားသခင်, သမ္မာတရား, ဧဝံဂေလိတရားတော်, ဘုရားသခင်၏ နှုတ်ကပတ်တော်


နောက်ဆုံးနေ့ရက်ကာလ ဘုရားလူ့ဇာတိခံယူချိန်
သူသည် အလုံးစုံကို ဖွင့်ပြ၍ စုံလင်စေဖို့
နှုတ်ကပတ်တော်ကို အဓိက အသုံးပြု
နှုတ်ကပတ်တော်၌သာ ဘုရားအကြောင်း၊
သူကိုယ်တိုင် ဘုရားဖြစ်ကြောင်း သင် သိနိုင်
လူ့ဇာတိခံဘုရားသခင်သည် အခြားသောအမှု
မဆောင်ရွက်သော်လည်း နှုတ်ကပတ်တော်၏ ဖော်ပြခြင်းဖြစ်၏
အချက်အလက်တို့ မလို ဘူး နှုတ်ထွက်စကားသည် လုံလောက်ပေ
နိုင်ငံတော်ခေတ် ၌
ဘုရားသခင်သည် လူသားအားလုံးကို သိမ်းပိုက်စိုးမိုးရန်
အဓိကအားဖြင့် နှုတ်ကပတ်တော်ကိုအသုံးပြု
လာမယ့် နေ့ရက်သစ် အနာဂတ် တွေ မှာ အသင်းကွဲ၊ အုပ်စုရှိသမျှ
လူမျိုး၊ ဂိုဏ်းဂဏအပေါင်း နှုတ်ကပတ်တော်ကို သိမြင် ရ လိမ့်မည်
ဘုရားသခင်သည် အခွင့်အာဏာ နှင့် ခွန်အားခပ်သိမ်းတို့ကို
သိမ်းပိုက်စိုးမိုး ရန် နှုတ်ကပတ်တော်ကို အသုံးပြုသည်
ထို့ကြောင့် ယနေ့တွင် သင်တို့သည်
နှုတ်ကပတ်တော်ကိုသာ မျက်မှောက် ပြုလော့
ဘုရားသခင်သည် နှုတ်ကပတ်တော်နှင့် စပ် ဆိုင်သော
အမှုတော်ကို ဆောင်ရွက်ရန် နောက်ဆုံးသောကာလ၌
လောက ထဲ သို့ ဆင်းကြွခဲ့ ဆင်းကြွခဲ့
နှုတ်ကပတ်တော်ကြောင့် လူသားများ ဘုရားကို
သိမြင်နိုင် ဘုရား ရဲ့ အကြောင်း၊
သူ့ဉာဏ်ပညာနှင့်အံ့ဖွယ်အမှုအားလုံး မြင်တွေ့နိုင်မည်

Read More »

ခြောက်ကပ်နေသော အသင်းတော် ပြန်လည်နိုးကြားလာခြင်း

အကြီးအကဲ လောင်ကျင်းကျုံရဲ့ အသင်းတော်မှ ညီအစ်ကိုမောင်နှမများက အစည်းအဝေးမှာ သမ္မာကျမ်းစာရဲ့ ချည်နှောင်ခြင်းကို ဖယ်ရှားပြီးနောက်၊ နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်အကြောင်းကို အွန်လိုင်းပေါ်ကနေ ဖတ်ခဲ့ကြပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဖတ်ခြင်းဖြင့်၊ သူတို့ဟာ အသက်စမ်းရေနဲ့ အားဖြည့်နိုင်ခဲ့ကြပြီး၊ သူတို့ရဲ့ မူလယုံကြည်ခြင်း၊ ချစ်ခြင်းတွေ ပြန်လည်ရရှိလာပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ ဒုတိယအကြိမ်ပြန်ကြွလာတဲ့ သခင်ယေရှုပဲဆိုတာ သူတို့ရဲ့ နှလုံးသားထဲမှာ သေချာခဲ့ပါတယ်။ အကြီးအကဲ လောင်ကျင်းကျုံက ဒါကိုမြင်တွေ့လိုက်ရတဲ့အခါ၊ သမ္မာကျမ်းစာကို ထားခဲ့ပြီး၊ နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်ကို ရှာဖွေဖို့ စုံစမ်းခဲ့လား။ ကျေးဇူးပြုပြီး ဒီဗီဒီယိုအပိုင်း​လေးကို ကြည့်ရှုပေးပါ။

ရုပ်ရှင်ဝေဌာမယ်

Myanmar Christian Movie | တရုတ်ပြည်မှ ဘာသာရေးဖိစီးနှိပ်စက်မှု ၅ (ကျရှုံးလုဆဲဆဲမှာ ပြန်လည်ရှင်သန်ခြင်း)

ခရစ်တော်၏ဖော်ပြချက်များ (ဧဝံဂေလိတရားကို ဖြန့်ဝေသည့် အလုပ်သည် လူသားကို ကယ်တင်သည့် အလုပ်လည်းဖြစ်သည်)

အနန္တတန်ခိုးရှင်ဘုရားသခင်ပြောသည်- “နောက်ဆုံးသောကာလဖြစ်သည့် ဤကာလ၌ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြား၌ ငါ၏အမည်ကို လူအများ ချီးမွမ်းစေမည်၊ ငါလုပ်ဆောင်သည့် အရာများကိုလည်း တစ်ပါးအမျိုးသားများ မြင်စေမည်ဖြစ်သည်။ ငါလုပ်ဆောင်သည့် အရာများကြောင့် သူတို့က ငါ့ကို အနန္တတန်ခိုးရှင်ဟု ခေါ်စေရန်၊ ငါပြောခဲ့သည့် စကားများအတိုင်း အမှန်တကယ် ဖြစ်လာစေရန် ထိုသို့ ငါလုပ်ဆောင်မည် ဖြစ်သည်။ ငါသည် ဣသရေလလူမျိုးများ၏ ဘုရားသခင်သာ မဟုတ်ကြောင်း၊ တစ်ပါး အမျိုးသားတို့ တိုင်းနိုင်ငံများအားလုံး၏ ဘုရားသခင်၊ တစ်ချိန်က ငါကျိန်ခဲ့သည့် လူမျိုးများ၏ ဘုရားသခင်လည်း ဖြစ်ကြောင်းကို လူများအားလုံး သိစေမည်။ ငါသည် အရာအားလုံးကို ဖန်ဆင်းသည့် ဘုရားသခင်ဖြစ်ကြောင်းကို လူများအားလုံး မြင်စေမည်။ ထိုသို့လုပ်ဆောင်ခြင်းသည် ငါ၏အကြီးမြတ်ဆုံး အလုပ်ဖြစ်သည်။ နောက်ဆုံးသောကာလအတွက် ထားရှိသော ငါ၏ ရည်ရွယ်ချက်လည်း ဖြစ်သည်။ နောက်ဆုံးသော ကာလ၌ ပြီးမြောက်အောင် လုပ်ဆောင်ရမည့် တစ်ခုတည်းသော အလုပ်လည်း ဖြစ်သည်။”

အကြံပြုစာမျာ:

အနန္တတန်ခိုးရှင် ဘုရားသခင်၏ ကယ်တင်ခြင်း

ရုပ်ရှင်ဇာတ်လမ်းတို ၂ (သခင်ယေရှုပြန်ရောက်လာပြီဆိုတာ ဘယ်လိုသေချာနိုင်မလဲ)

ဇာတ်လမ်းတို (၄) ဘုရားသခင်ဟာ လူသားတွေကို ကယ်တင်ဖို့အတွက် ဘာကြောင့် လူ့ဇာတိနှစ်ကြိမ် ခံယူတာလဲ

ကျေးဇူးတော်ခေတ်မှာ လူ့ဇာတိခံဘုရားသခင်ဟာ လူတွေရဲ့အပြစ်တွေကို တာဝန်ခံပြီး၊ လူတွေအပေါ် ရွေးနုတ်ခြင်းအမှု ပြည့်စုံသွားအောင်၊ ကားတိုင်ထက်မှာ အသေခံခဲ့ပါတယ်။ နောက်ဆုံးသောကာလမှာတော့၊ ဘုရားသခင်ဟာ သမ္မာတရားကို ဖော်ပြဖို့နဲ့ လူတွေကို အလုံးစုံ သန့်စင် ကယ်တင်ဖို့အတွက် နောက်တစ်ကြိမ် လူ့ဇာတိခံယူထားပါပြီ။ ဒါဆိုရင် လူတွေအပေါ် ကယ်တင်ခြင်းအမှု ပြုဖို့အတွက် ဘုရားသခင်ဟာ ဘာကြောင့် နှစ်ကြိမ်တိတိ လူ့ဇာတိခံဖို့လိုတာလဲ။ အနန္တတန်ခိုးရှင် ပြောသည် “ပထမဆုံး လူ့ဇာတိခံယူခြင်းသည် ယေရှု၏ ဇာတိခန္ဓာမှ တစ်ဆင့် လူသားကို အပြစ်မှ ရွေးနှုတ်ရန် ဖြစ်သည်၊ ဆိုလိုသည်မှာ သူသည် လက်ဝါးကပ်တိုင်မှ လူကို ကယ်တင်ခဲ့သော်လည်း ယိုယွင်းပျက်စီးနေသော စာတန် စိတ်သဘောထားသည် လူ့အတွင်းတွင် ကျန်ရှိနေဆဲ ဖြစ်သည်။ ဒုတိယ လူ့ဇာတိ ယူခြင်းသည် အပြစ်ဖြေရာ ယဇ်အဖြစ် အစေခံရန် မဟုတ်တော့ဘဲ အပြစ်မှ ရွေးနှုတ်ခံရသူတို့ကို အပြည့်အဝ ကယ်တင်ရန် ဖြစ်သည်။ ယင်းကို လုပ်ဆောင်ခြင်းမှာ ခွင့်လွှတ်ခြင်းခံရသူတို့သည် သူတို့၏ အပြစ်များမှ လွတ်ပြီး အလုံးစုံ သန့်ရှင်းစေရန် ဖြစ်ကာ စိတ်သဘောထား၌ ပြောင်းလဲမှုကို ရရှိစေခြင်းဖြင့် စာတန်၏ အမိုက်အမှောင် လွှမ်းမိုးမှုမှ လွတ်မြောက် ကာ ဘုရားသခင်၏ ပလ္လင်ရှေ့သို့ ပြန်လည် ရောက်ရှိရန် ဖြစ်သည်။ ဤနည်းအားဖြင့်သာ လူသားသည် အလုံးစုံ သန့်ရှင်းစင်ကြယ်စေနိုင်သည်။ … ဒုတိယ လူ့ဇာတိခံယူခြင်းသည် လူ၏ အပြစ်များကို ဖယ်ရှားရန်နှင့် လူကို အလုံးစုံ သန့်စင်စေရန် လုံလောက်သည်။ သို့ဖြစ်ရာ ဒုတိယ လူ့ဇာတိခံယူခြင်းသည် ဘုရားသခင်၏ ဇာတိခန္ဓာတွင် ရှိသော အလုပ်အားလုံးကို အဆုံးသတ်စေရန် ဖြစ်ပြီး ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း၏ အရေးပါမှုကို ပြည့်စုံ စေလိမ့်မည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏)

အကြံပြုစာမျာ:

ရုပ်ရှင်ဇာတ်လမ်းတို ၂ (သခင်ယေရှုပြန်ရောက်လာပြီဆိုတာ ဘယ်လိုသေချာနိုင်မလဲ)

Myanmar Christian Movie | တရုတ်ပြည်မှ ဘာသာရေးဖိစီးနှိပ်စက်မှု ၅ (ကျရှုံးလုဆဲဆဲမှာ ပြန်လည်ရှင်သန်ခြင်း)

New Myanmar Christian Skit (ရဲ၏ လှည့်ကွက်များ)

ဘာသာရေးယုံကြည်မှုများအား ချေမှုန်းပစ်ရန် ဘုရားမဲ့ဝါဒီ တရုတ်ကွန်မြူနစ်ပါတီအစိုးရသည် ခရစ်ယာန်များအား စောင့်ကြည့်ရန်အတွက် တစ်ခါတည်းအပိုင်မိဖို့ ကြိုးစားရန် အနီးကပ်စောင့်ကြည့်ခြင်းနှင့် နောက်ယောင်ခံလိုက်ခြင်းတို့ကဲ့သို့သော နည်းလမ်းတို့ကို အသုံးပြုခဲ့သည်။ ရဲ၏ လှည့်ကွက်များဆိုသည့် ဇာတ်လမ်းတိုသည် ဇောင်ယူဇီ၏ အိမ်တွင် စုဝေးသည့် ခရစ်ယာန်များအား ဖမ်းဆီးရန်အတွက် အနီးကပ်စောင့်ကြည့်သော ဆိုးယုတ်သည့် တရုတ်ကွန်မြူနစ်ပါတီ၏ အသွင်ယူရဲများ၊အကူအရာရှိတစ်ဦး၊ ခြင်္သေ့အရေခြုံထားသော မြည်းတစ်ကောင်တို့၏ ပူးပေါင်းလုပ်ကြံမှုအကြောင်းဖြစ်သည်။ ဇောင်ယူဇီနှင့် သူမ၏ မိသားစုသည် တရုတ်ရဲတို့၏ အန္တရာယ်ကြီးသည့် လှည့်စားမှုအား မည်သို့ ရင်ဆိုင်မည်နည်း။ မည်သို့သော ဒုက္ခသည် သူတို့အပေါ်သို့ ကျရောက်မည်နည်း။

များပြားသောအကြံပြုချက်များ ဧဝံဂေလိတရားတော်

Myanmar Gospel Movie (နားခိုရာအိမ် ဘယ်မှာလဲ ) God Gave Me a Happy Family

Myanmar Gospel Movie Trailer(နာကြည်းဖွယ်ရာ အမှတ်တရများ)

ဖန်းကူးရီသည် တရုတ်ပြည်ရှိ အိမ်တွင်းအသင်းတော်တစ်ခု၏ အကြီးအကဲတစ်ယောက်ဖြစ်သည်။ အမှုတော်ထမ်းဆောင်နေစဉ် နှစ် နှစ်ဆယ်ကျော်ကာလတွင် သူသည် ရှင်ပေါလုကို အမြဲတမ်း တုပသည်။ အလုပ်ကြိုးစားပြီး အလွန်စိတ်အားထက်သန်စွာဖြင့် သခင့်အတွက် အသုံးတော်ခံသည်။ ထို့အပြင် သူသည် ဤနည်းဖြင့် သူ့ယုံကြည်ခြင်းကို ကြိုးစားအားထုတ်ခြင်းဖြင့် သူသည် ကောင်းကင်ဘုံမှအဖ၏အလိုတော်ကို ဆောင်ရွက်နေသည်၊ သခင်ပြန်လည်ကြွလာသည့်အခါ ကောင်းကင်နိုင်ငံတော်ကို သေချာပေါက် ချီဆောင်ခံရမည်ဟု ခိုင်မာစွာ ယုံကြည်ထားသည်။ သို့ရာတွင် နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ ကယ်တင်ခြင်းသည် သူ့အပေါ်သို့ ကျရောက်လာသည့်အခါတွင် သူသည် သူ၏အယူအဆများကို ဖက်တွယ်နေသည်။ သူသည် နောက်ဆုံးသောကာလ ဘုရားသခင်၏အမှုတော်ကို ထပ်ခါထပ်ခါ ငြင်းပယ်ခြင်း၊ ဆန့်ကျင်ခြင်း၊ ရှုတ်ချခြင်းတို့ ပြုလုပ်ခဲ့သည်။… နောက်ပိုင်းတွင် အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်မှ တရားဟောဆရာများနှင့် ဆွေးနွေးငြင်းခုံမှုအချို့ ပြုလုပ်ပြီးနောက်တွင် နောက်ဆုံး၌ ဖန်းကူးရီသည် သမ္မာတရားဆီသို့ နှိုးထားလာခဲ့ပြီး ကောင်းကင်ဘုံမှအဖ၏အလိုတော်ကို ဆောင်ရွက်ခြင်းသည် မည်သို့အဓိပ္ပါယ်ရသည်ဆိုသည်နှင့် သူ့အား ကယ်တင်ခြင်းကိုရရှိပြီး ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်စေနိုင်ရန်ပြုလုပ်ပေးရန်အတွက် သူ၏ ယုံကြည်မှုကို မည်သို့အားထုတ်ရမည်ဆိုသည်တို့ကိုပါ အမှန်တကယ် နားလည်လာခဲ့သည်။… အရင်က သူသည် မည်သို့သောသူဖြစ်ခဲ့သည်ဆိုသည်ကို ပြန်စဉ်းစားသည့် အခါတိုင်းတွင် ထို အမှတ်ရစရာများသည် သူ့နှလုံးသားကို ဆူးချွန်များကဲ့သို့ ထိုးစိုက်သည်။…

များပြားသောအကြံပြုချက်များ

အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်– နိုင်ငံတော်၏ ဧဝံဂေလိသတင်း

Myanmar Christian Movie | တရုတ်ပြည်မှ ဘာသာရေးဖိစီးနှိပ်စက်မှု ၅ (ကျရှုံးလုဆဲဆဲမှာ ပြန်လည်ရှင်သန်ခြင်း)

တရားဝင် ရုပ်ရှင်နမူနာများ | ဘယ်သူက ဘုရားသခင်ကို လက်ဝါးကပ်တိုင်မှာသံနဲ့ထပ်ပြီးရိုက်နေတာလဲ

ကူရှိုချန်းဟာ တရုတ်နိုင်ငံက အိမ်ဘုရားကျောင်းတစ်ခုမှာ သင်းအုပ်ဆရာဖြစ်ပါတယ်။ သူဟာ နှစ်ပေါင်းများစွာ သခင့်ကို ယုံကြည်သက်ဝင်ပြီး တရားဟောချက်များကို တစ်သမတ်တည်း လုပ်ဆောင်ခဲ့ကာ နှုတ်ကပတ်တော်ကို ဟောပြောခဲ့ခြင်းကြောင့် ၁၂ နှစ်ကြာ အကျဉ်းကျခဲ့ပါတယ်။ အကျဉ်းထောင်မှ လွတ်ပြီးနောက်၊ ကူရှိုချန်းဟာ အသင်းတော်မှာ ဆက်လက်အလုပ်ဝင်ခဲ့ပါတယ်။ ဒါပေမဲ့ ကူရှိုချန်းနှင့် သက်ဆိုင်တဲ့ အသင်းတော်ကို နိုင်ငံတော်ရှိ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် ရောက်ရှိလာတဲ့အခါမှာတော့ သူဟာ ရှာဖွေလေ့လာခြင်း လုံးဝမရှိဘဲ ၊ နောက်ဆုံးသောကာလမှာ ဘုရားသခင်ရဲ့ လက်ရာကို ပြစ်တင်ရှုတ်ချဖို့အတွက် သူ့ရဲ့ ကိုယ်ပိုင်အယူအဆများနဲ့ အထင်အမြင်များကိုသာ ခေါင်းမာမာနဲ့ ယုံကြည်နေခဲ့တယ်။ ပြီးတော့ သက်ဝင်ယုံကြည်သူတို့ကို မှန်ကန်သော လမ်းစဉ်ကို လက်ခံခြင်းကို နှောင့်ယှက်ပိတ်ပင်ဖို့ရန်အလို့ငှာ အယူအဆများနဲ့ ယုတ္တိအမှားများကို ဖြန့်နှံ့ရန် သူအတတ်နိုင်ဆုံး လုပ်ဆောင်တယ်။ အထူးသဖြင့် အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဖတ်ရှုပြီးတဲ့နောက် ကူရှိုချန်းဟာ နှုတ်ကပတ်တော်တို့ဟာ အမှန်တကယ် သြဇာအာဏာနဲ့ တန်ခိုးရှိကြပြီး ကြားနာရသူတိုင်း လက်ခံယုံကြည်ကြမည်ကို သိရှိခဲ့ပြီး အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကတပတ်တော်များကို ဖတ်ရှုသူ ဘယ်သူမဆို ဘုရားသခင်ကို ယုံကြည်သက်ဝင်သွားမည်ကို အလွန်အမင်း ကြောက်ရွံ့ခဲ့တယ်။ သူရဲ့ဂုဏ်ဒြပ်နဲ့ သူ့အသက်မွေးဝမ်းကြောင်းကို ဆက်လက်မထိန်းထားနိုင်မည်ကို ပူပင်ခဲ့တယ်။ ဒါကြောင့် ဒီကိစ္စကို သင်းထောက်ဝမ်စင်းအပါအဝင်၊ တခြားလူများနဲ့ ဘုရားကျောင်းထဲမှာ တိုင်ပင်ခဲ့ပြီး တရုတ်ကွန်မြူနစ်အစိုးရ အသုံးပြုတဲ့ ကောလာဟလများနဲ့ လူတွေကို လှည့်စားကာ ၊ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ပြစ်တင်ရှုတ်ချ တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ကူရှိုချန်းနဲ့ ဝမ်စင်းတို့ဟာ အသင်းတော်တွေကို ပိတ်သိမ်းဖို့နဲ့ လူများ မှန်ကန်သော လမ်းစဉ်ကို မလိုက်နိုင်ရန် ပိတ်ပင်ဖို့ရန် အဆုံးစွန်ထိ လုပ်ခဲ့ကြတယ်။ သူတို့ဟာ ဆိုးယုတ်တဲ့ တရုတ်ကွန်မြူနစ်ပါတီနဲ့တောင် ပူပေါင်းပြီး ၊ အနန္တတန်ခိုးရှင်ဘုရားသခင်ကို သက်သေခံတဲ့ လူတွေကို ဖမ်းဆီးနှိပ်စက်ခဲ့တယ်။ သူတို့ရဲ့ လုပ်ရပ်တွေဟာ ဘုရားသခင်ရဲ့စိတ်သဘောထားကို ပြင်းပြင်ထန်ထန် ဆန့်ကျင်နေပြီး ဘုရားသခင်ရဲ့ ကျိန်ခြင်းအမင်္ဂလာဖြစ်နိုင်ပါတယ်။ ဝမ်စင်းဟာ နိုင်ငံတော်ရဲ့ သတင်းကောင်းတို့ကို ဖြန့်ဝေနေသူအချို့ကို ဖမ်းဆီးရန် သွားရာလမ်းတွင် ကားမတော်တဆမှုတစ်ခုဖြစ်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့တယ်။ ကူရှိုချန်းကတော့ ကြောက်လန့်တကြားနဲ့ ကြံရာမရနေထိုင်နေရပြီး ကျီးလန့်စာစားဖြစ်နေပါတော့တယ်။ “ငါ့ရဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်အပေါ် ပြစ်တင်ရှုတ်ချမှုကြောင့် ဘုရားသခင်ဟာ ထပ်မံကားစင်အတင်ခံရလေသလား” လို့ သူ့ကိုယ်သူ မကြာခဏပြောနေတတ်ပါတယ်။

အကြံပြုစာမျာ: အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်– နောက်ဆုံးသော သဘော

 

ဘုရားသခင်၏ ပြောဆိုသံ | အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်

ခရစ်တော်, ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ, ယုံကြည်ခြင်း, သမ္မာတရား, ဧဝံဂေလိတရားတော်

မတူညီသော ခေတ်အမျိုးမျိုးတွင် ဘုရားသခင်သည် ခေတ်အပေါ်မူတည်ပြီး သူ၏ နှုတ်ကပတ်တော်များကို ပြောသည်၊ သူ့အလုပ်ကို လုပ်ဆောင်သည်။ ခေတ်အမျိုးမျိုးတွင် ဘုရားသခင်ပြောသည့် နှုတ်ကပတ်တော်များသည် မတူပေ။ ဘုရားသခင်သည် စည်းမျဉ်းများအတိုင်း မလုပ်ပေ၊ သို့မဟုတ် လုပ်ပြီးသား အလုပ်ကို နောက်တစ်ခါ ထပ်မလုပ်ပေ သို့မဟုတ် အတိတ်မှ အကြောင်းအရာများကို တသသ လွမ်းဆွတ်မနေပေ။ ဘုရားသခင်သည် အစဉ်ပင် သစ်လွင်သော ဘုရားဖြစ်ပြီး မည်သည့်အခါမျှလည်း မဟောင်းနွမ်းပေ။ နေ့တိုင်း နှုတ်ကပတ်တော်အသစ်များကို ပြောပါသည်။ သင်သည် ယနေ့ လိုက်နာသင့်သည့် စည်းမျဉ်းများကို လိုက်နာသင့်သည်။ ထိုသို့လုပ်ဖို့သည် လူ၏ တာဝန်နှင့် ဝတ္တရားလည်း ဖြစ်သည်။ ထို့အပြင် အလွန်အရေးကြီးသောအချက်မှာ ယနေ့ သင်၏ လက်တွေ့လုပ်ဆောင်မှုသည် ဘုရားသခင်၏ အလင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဗဟိုပြုသော လုပ်ဆောင်မှု ဖြစ်သင့်သည်။ ဘုရားသခင်သည် စည်းမျဉ်းများအတိုင်း လုပ်ဆောင်တတ်သူ မဟုတ်။ သူ၏ ဉာဏ်ပညာနှင့် အနန္တတန်ခိုးကို ရှင်းရှင်းလင်းလင်း မြင်နိုင်စေရန်အတွက် ရှုထောင့်မျိုးစုံမှ စကားပြောနိုင်စွမ်း ရှိသူဖြစ်သည်။ ဝိညာဉ်တော်၏ ရှုထောင့်မှ စကားပြောသည် ဖြစ်စေ၊ လူ့ရှုထောင့်မှ စကားပြောသည်ဖြစ်စေ၊ ဘေးလူတစ်ယောက်၏ ရှုထောင့်မှ စကားပြောသည်ဖြစ်စေ ဘုရားသခင်သည် အစဉ်သဖြင့် ဘုရားသခင်ဖြစ်သည်။ လူ့ရှုထောင့်မှ စကားပြောသောကြောင့် သူ့ကို ဘုရားသခင် မဟုတ်ဟု သင်ပြော၍ မရပေ။ ဘုရားသခင်သည် ရှုထောင့်မျိုးစုံမှ စကားပြောသောကြောင့် အချို့လူများ၌ ဘုရားသခင်နှင့် ပတ်သက်သော အယူအဆများ ရှိလာကြသည်။ ထိုသို့သော လူများ၌ ဘုရားသခင်၏ အကြောင်းကို သိသော အသိမရှိ၊ သူတို့သည် ဘုရားသခင်၏ အလုပ်ကိုလည်း မသိပေ။ ဘုရားသခင်သည် ရှုထောင့် တစ်ခုတည်းမှ အမြဲစကားပြောလျှင် လူသည် ဘုရားသခင်နှင့် ပတ်သက်သော စည်းမျဉ်းများ ချမှတ်လာကြမည် မဟုတ်လော။ ဘုရားသခင်သည် လူကို ထိုသို့စည်းမျဉ်းများ ချမှတ်နိုင်အောင် အခွင့်ပေးနိုင် ပါသလား။ မည်သည့် ရှုထောင့်မှ စကားပြောသည်ဖြစ်စေ၊ ဘုရားသခင်၌ တစ်ခုစီအတွက် ရည်ရွယ်ချက် ရှိသည်။ ဘုရားသခင်သည် အမြဲတမ်း ဝိညာဉ်တော်၏ ရှုထောင့်မှ စကားပြောနေလျှင် သင်သည် ဘုရားသခင်နှင့် အကျွမ်းဝင်နိုင်မည်ဟု သင်ထင်ပါသလား။ ထို့ကြောင့် တစ်ခါတစ်ရံ၌ သင့်အား သူ၏ နှုတ်ကပတ်တော်ကို ပေးရန် လက်တွေ့အရှိသဘောထဲသို့ သင့်ကိုလမ်းပြရန် ဘုရားသခင်သည် ဘေးလူ တစ်ယောက်၏ ရှုထောင့်မှ သင့်ကို စကားပြောလေ့ရှိသည်။ ဘုရားသခင် လုပ်သမျှသည် လျော်ကန်သည်။ အတိုချုပ် ပြောရလျှင် ဘုရားသခင်လုပ်သမျှသည် လျော်ကန်ပြီး သင်သည် သူလုပ်သောအရာကို သံသယ မဝင်သင့်ပေ။ သူသည် ဘုရားသခင်ဖြစ်သည်ဆိုလျှင် မည်သည့် ရှုထောင့်မှ သူစကားပြောသည်ဖြစ်စေ သူသည် ဘုရားသခင် ဆက်ဖြစ်နေသေးသည်။ ထိုအရာသည် ပြောင်းလဲခြင်းမရှိသော သမ္မာတရားဖြစ်သည်။ သူမည်ကဲ့သို့ အလုပ်လုပ်သည် ဖြစ်စေ၊ သူသည် ဘုရားသခင် ဆက်ဖြစ်နေသေးသည်၊ သူ၏ အနှစ်သာရက ပြောင်းလဲမည်မဟုတ်။ ပေတရုသည် ဘုရားသခင်ကို အလွန်ချစ်ပြီး ဘုရားသခင်၏ စိတ်နှလုံးနှင့်တွေ့သူ ဖြစ်သည်။ သို့သော် ဘုရားသခင်သည် ပေတရုကို သခင်အဖြစ် သို့မဟုတ် ခရစ်တော်အဖြစ် မမြင်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ယောက်၏ အနှစ်သာရသည် အမြဲတမ်း မူလအတိုင်းဖြစ်ပြီး မည်သည့်အခါမျှ မပြောင်းလဲနိုင်သောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် အလုပ်လုပ်သောအခါ၌ စည်းမျဉ်းများအတိုင်း မလုပ်သော်လည်း သူ့အလုပ် ထိရောက်စေရန်နှင့် သူ့ကိုသိသောအသိ လူသား၌ တိုးပွားလာစေရန် နည်းလမ်းမျိုးစုံကို အသုံးပြုလေ့ရှိသည်။ လူသားက ဘုရားသခင်ကို ပိုမို သိကျွမ်းလာစေရန် ဘုရားသခင် အလုပ်လုပ်သည့် နည်းလမ်းတိုင်းက အထောက်အကူပြုသည်။ ထိုနည်းလမ်းများသည် လူသားကို စုံလင်အောင် ပြုလုပ်ပေးရန်အတွက် ဘုရားသခင် အသုံးပြုသည့် နည်းလမ်းများဖြစ်သည်။ မည်သည့် နည်းလမ်းကို ဘုရားသခင် အသုံးပြုသည်ဖြစ်စေ နည်းလမ်းတစ်ခုစီတိုင်းသည် လူသားကို ပိုပြီး ကြံ့ခိုင်စေရန်နှင့် လူသားကို စုံလင်စေရန် အသုံးပြုသော နည်းလမ်းများ ဖြစ်သည်။ ဘုရားသခင်သည် နည်းလမ်းတစ်ခုကို အချိန် အလွန်ကြာမြင့်စွာ အသုံးပြုကောင်း အသုံးပြုနိုင်သည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် ဘုရားသခင် အပေါ်၌ ထားသော လူသား၏ ယုံကြည်ခြင်းကို ပုံသွင်းဖို့အတွက်ဖြစ်သည်။ သို့ဖြစ်၍ သင်တို့၌ သံသယစိတ် မရှိသင့်ပါ။ အထက်တွင် ဖော်ပြထားသော အရာများ အားလုံးသည် အလုပ်လုပ်သောအခါ၌ ဘုရားသခင် လုပ်ဆောင်သော အဆင့်များဖြစ်ပြီး သင်တို့ နာခံရမည့်အရာများ ဖြစ်သည်။Read More »

ဇာတ်လမ်းတို (၁) ခြေချင်းများကိုစွန့်ပစ်ပြီး သမ္မာတရားလမ်းကို လေ့လာပါ

အကြီးအကဲလီကတော့ ဘာသာရေးသင်းအုပ်ဆရာတွေရဲ့စကားတွေကို မျက်စိမှိတ်ယုံနေခဲ့ပြီး ဘုရားသခင်ရဲ့နှုတ်ကပတ်တော်နဲ့ အမှုတော်တွေဟာ သမ္မာကျမ်းစာထဲမှာ အားလုံးမှတ်တမ်းတင်ထားတယ်၊ သမ္မာကျမ်းစာအပြင်ကအရာတွေဟာ ဘုရားသခင်ရဲ့အမှုတော်နဲ့ နှုတ်ကပတ်တော်မဖြစ်နိုင်ဘူးလို့ တွေးထင်ခဲ့တယ်။ လီဟာ သမ္မာကျမ်းစာကိုဖက်တွယ်နေဖို့ပဲလိုတယ်၊ သခင်ပြန်ကြွလာတဲ့အခါ၊ ကောင်းကင်နိုင်ငံတော်ကို ချီဆောင်ခြင်းခံရမယ်လို့ သူတွေးထင်ခဲ့တယ်။ အဲဒါကြောင့်၊ နောက်ဆုံးသောကာလထဲက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့အမှုတော်တွေကို လီထည့်မစဉ်းစားခဲ့ဘူး။ ဆွေးနွေးပွဲတစ်ခုမှာ၊ အကြီးအကဲလီဟာ သူ့လုပ်ဖော်ဆောင်ဘက် အကြီးအကဲအင်(မ်)က အရှေ့အရပ်မှ လျှပ်ပြက်ခြင်းအကြောင်းကို လေ့လာနေတာ တစ်နှစ်ကျော်လောက်ရှိပြီလို့ သိလိုက်ရတယ်။ အကြီးအကဲအင်(မ်)နဲ့ မိတ်သဟာရဖွဲ့ပြီးရင်းနဲ့ အကြီးအကဲလီဟာ ဘာသာရေးသင်းအုပ်ဆရာတွေရဲ့ ခြေချင်းခတ်ခြင်း၊ ထောင်ချောက်ဆင်ခြင်းတွေ​ခံနေခဲ့ရတယ်ဆိုတဲ့ သနားစရာကောင်းတဲ့အမှန်တရားကို နားလည်လိုက်ရတယ်။ နောက်ဆုံးမှာတော့ အကြီးအကဲလီဟာ ခြေချင်းတွေကိုချိုးဖျက်နိုင်ခဲ့ပြီး သူ့ရဲ့ကျန်တဲ့လုပ်ဖော်ဆောင်ဘက်တွေကို အရှေ့အရပ်မှ လျှပ်ပြက်ခြင်းအကြောင်းကို အတူတကွရှာဖွေဖို့၊ လေ့လာဖို့ ဦးဆောင်နိုင်ခဲ့ပါတယ်။

အကြံပြုစာမျာ:

အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်– နိုင်ငံတော်၏ ဧဝံဂေလိသတင်း