အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်

အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်

အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်

သခင်ပြန်လာခြင်း၏သတင်းကောင်းတစ်ပုဒ် ပုန်းအောင်းနေသော (App) တစ်ခု-

ခရစ်ယာန်အတော်များများက သခင်ပြန်ကြွလာမည်ကို စိတ်အားထက်သန်စွာ တောင့်တကြပါသည်။ ဘုရားသခင်၌အမှန်တကယ်ယုံကြည်သော သင်သညလည်း သခင်ပြန်လာခြင်း၏ သတင်းကောင်းကို မသိလိုဘူးလား။

ကောင်းကင်နိုင်ငံတော်ကိုဝင်ရောက်ဖို့ရန် အပြစ်များကို ဘယ်လိုဖယ်ရှားပစ်ရမလဲ၊ ပညာရှိသောအပျိုကညာသည် ဘုရားသခင်၏စကားသံကို ဘယ်လိုနားထောင်ပြီး၊ သခင့်ပြန်လာခြင်းကို ဘယ်လိုကြိုဆိုသလဲ.. စသော သခင့်ပြန်လာခြင်း၏ နက်နဲသောအရာများကို နားလည်နိုင်မည့် ခရစ်ယာန်များအတွက် မရှိမဖြစ်လိုအပ်သော (app) တစ်ခုကို ခလုတ်တစ်ချက်နှိပ်ရုံနှင့် ကျွနု်ပ်တို့ ‘ဒေါင်းလုပ်’ နိုင်ပါသည်။Read More »

သခင်ယေရှုပြန်ကြွလာခြင်းနှင့် ပတ်သက်သည့် သမ္မာကျမ်းစာထဲမှ ပရောဖက်ပြုခြင်း ၅ခုတို့သည် ပြည့်စုံပြီ

သခင်ယေရှုပြန်ကြွလာခြင်းနှင့် ပတ်သက်သည့် သမ္မာကျမ်းစာထဲမှ ပရောဖက်ပြုခြင်း ၅ခုတို့သည် ပြည့်စုံပြီ

ဂျန်းရှန်

ကျွန်တော်တို့က ယခုအခါတွင် နောက်ဆုံးသောကာလ၏ အဆုံးသတ်၌ ရောက်ရှိနေပြီ၊ ပြီးလျှင် သခင့်ကို ရိုးသားစွာ ယုံကြည်ပြီး ကိုယ်တော် ပြန်ကြွလာခြင်းကို စောင့်ဆိုင်းနေကြသူများသည် ဤမေးခွန်းကို ဧကန်မုချတွေးနေကြမည် ဖြစ်သော ညီအစ်ကို မောင်နှမများစွာ ရှိပါသည်၊ ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ အငယ် ၁၂ တွင် သခင်ယေရှုက “ ငါသည်အလျင်အမြန်လာမည်” ဟု ပရောဖက်ပြုတော်မူခဲ့သည်။ သခင်က နောက်ဆုံးသောကာလ၌ သူ တစ်ဖန် ပြန်ကြွလာသည့်လာမည်ဖြစ်ကြောင်း ကတိတော်ထားခဲ့သည်၊ထို့ကြောင့် ယခု သူ ပြန်ကြွလာခဲ့ပြီးဖြစ်ပါသလား။ ဤမေးခွန်းက ကျွန်တော်တို့ ခရစ်ယာန်များအတွက် အလွန်အရေးကြီးပါသည်၊ ထို့ကြောင့် သခင်က အမှန်တကယ် ပြန်ကြွပြီးသည်၊ မကြွပြီးသည်ကို ကျွန်တော်တို့ မည်သို့ အတိအကျသိရမည်နည်း။ အမှန်မှာမူ သခင်ယေရှုက သမ္မာကျမ်းစာဆိုင်ရာ ပရောဖက်ပြုခြင်းများဖြင့် ကျွန်တော်တို့ကို ပြောပြနှင့်ပြီး ဖြစ်သည်၊ ကျွန်တော်တို့က အချက်အလက်များအားလုံးကို အတူတကွယူပြီး၊ အလွန်စိတ်ထက်သန်စွာ ချင့်ချိန်စဉ်းစားသမျှ ကာလပတ်လုံး အဖြေကို ရှာတွေ့ပါလိမ့်မည်။Read More »

Myanmar movie 2019 | ဘုရားသခင်၏ ကွယ်ကာမှုနှင့်ဆိုင်သော ကောင်းကြီးမင်္ဂလာ

Myanmar movie 2019 | ဘုရားသခင်၏ ကွယ်ကာမှုနှင့်ဆိုင်သော ကောင်းကြီးမင်္ဂလာ

မုန်တိုင်းတွေက ဘာမှအချက်မပြဘဲဝင်ရောက်လာပြီး လူသားတွေ အပေါ် ကံဆိုးမှုတွေ ညတွင်းချင်းကျရောက်လာနိုင်တယ်လို့ လူတွေ မကြာခဏပြောလေ့ရှိပါတယ်။ သိပ္ပံပညာ၊ ခေတ်မှီပို့ဆောင် ဆက်သွယ်ရေးတွေနဲ့ ရုပ်ဝတ္ထုပစ္စည်းကြွယ်ဝမှုတွေ လျင်မြန်စွာ တိုးတက်များပြားလာတဲ့ဒီနေ့ခေတ်ကြီးထဲမှာ ကျွန်ုပ်တို့ ပတ်ဝန်းကျင်မှာ သဘာဝဘေးဆိုးတွေ ဖြစ်ပေါ်မှုက တနေ့ထက် တနေ့ပိုမိုများပြားလာပါတယ်။ သတင်းစာ ပဲလှန်လှန် တီဗီပဲဖွင့်ဖွင့် အများဆုံး တွေ့ရမြင်ရတဲ့ သတင်းတွေက စစ်ပွဲတွေ မြေငလျင်လှုပ်တာတွေ ဆူနာမီတွေ ဟာရီကိန်းမုန်တိုင်းတွေ မီးလောင်တာ ရေကြီးတာတွေ လေယာဉ်ပျက်ကျတာတွေ မိုင်းတွင်းမတော်တဆမှုတွေ လူမှုအသိုင်းအဝိုင်းတွင်း မငြိမ်မသက် ဖြစ်မှုတွေ ပြင်းထန်တဲ့ ပဋိပက္ခတွေ အကြမ်းဖက်တိုက်ခိုက်မှုတွေ စတာတွေပဲဖြစ်နေပါတယ်။ ကျွန်ုပ်တို့တွေ့ကြုံနေရတာတွေ အားလုံးဟာ သဘာဝကြောင့်ဖြစ်တဲ့ ကပ်ဘေးတွေနဲ့ လူကြောင့် ဖြစ်ရတဲ့ ဘေးဒုက္ခတွေပဲဖြစ်ပါတယ်။ ဒီကပ်ဘေးဒုက္ခတွေဟာ မကြာခဏဖြစ်ပေါ်နေသလို ပိုပိုပြီးလဲ တိုးပွားများပြားလာပါတယ်။ ဒီဘေးဆိုးကပ်ဆိုးတွေရဲ့ ပြင်းထန်တဲ့ ထိုးနှက်မှုကြောင့် ဘေးဒုက္ခတွေ သွေးချောင်းစီးမှုတွေ ကိုယ်လက်အအင်္ဂါ ချို့တဲ့မှုတွေ နဲ့ သေဆုံးမှုတွေအထိဖြစ်စေပါတယ်။ ကံဆိုးမှုတွေက ကျွန်ုပ်တို့ ဝန်းကျင်မှာ အချိန်မရွေးဖြစ်ပေါ်နိုင်ပြီး၊ ဘဝရဲ့တိုတောင်းမှု ထိလွယ်ရှလွယ်ရှိမှုတွေကို အလေးထားမိစေပါတယ်။ အနာဂတ်မှာ ဘယ်လိုဘေးဆိုးကပ်ဆိုးတွေနဲ့တွေ့မယ်ဆိုတာ ခန့်မှန်းနိုင်တဲ့ နည်းလမ်းလဲမရှိသေးပါဘူး။ အဲဒီအပြင် ဘယ်လို လုပ်ဆောင်ချက်တွေ လုပ်ဆောင်ထားရမယ် ဆိုတာလဲမသိကြပါဘူး။ လူသားမျိုးနွယ်ဝင်တွေအနေနဲ့ ဒီကပ်ဘေး ဒုက္ခတွေကလွတ်အောင် ဘယ်လိုလုပ်ဆောင် ရမယ်ဆိုတာလဲမသိကြပါဘူး။ သင်သိချင်တဲ့ အဖြေကို ဒီအစီအစဉ်မှာ ရှာဖွေတွေ့ရှိနိုင်ပါတယ်။ ဘုရားသခင်ရဲ့ အကာအကွယ်ကို လက်ခံရရှိခြင်းဆိုတဲ့ တခုတည်းသော နည်းလမ်းကို ရှာဖွေတွေ့ရှိပြီး၊ ဒါကသာ သင့်ကို ကပ်ဘေးဒုက္ခတွေကနေ ရှင်သန်လွတ်မြောက်စေမှာဖြစ်ပါတယ်။

အကြံပြုစာမျာ: ခရစ်ယာန် တရားဒေသနာ

အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်– နိုင်ငံတော်၏ ဧဝံဂေလိသတင်း

ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားများ စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု နိမိတ်ပြနေသည့် မိုးချုန်းသံ ခုနစ်ချက် – ကောက်နုတ်ချက်

အနန္တတန်ခိုးရှင်ဘုရားက ပြောသည် “အရှေ့တိုင်း၏ အလင်း တဖြည်းဖြည်း ဖြူသွားသည့် အခါမှ ကမ္ဘာတဝန်းရှိအမှောင်သည် အလင်းသို့ စတင်ပြောင်းလဲကာ ငါသည်လွန်ခဲ့သော ကာလများစွာတွင် ဣသရေလပြည်မှ ထွက်သွား၍ အရှေ့တိုင်းတွင် အသစ်တစ်ဖန် ပေါ်ထွက်လာနေသည်ကို တွေ့ရှိကြမည် ဖြစ်သည်။ ဣသရေလပြည်သို့ တစ်ချိန်ကဆင်းသက်ပြီး နောင်တွင် ၎င်းမှထွက်ခွာလာခဲ့ခြင်းကြောင့် ငါသည် ဣသရေလပြည်တွင် ထပ်မံမွေးဖွားခြင်း မပြုနိုင်ပါ။ အကြောင်းမူကား ငါ၏အမှုသည် စကြာဝဠာတစ်ခုလုံးကို လမ်းပြခြင်း ဖြစ်သည့်အပြင် အရှေ့တိုင်းမှ အနောက်တိုင်းသို့ ဖြောင့်တန်းလျက် လျှပ်ပြက်သောကြောင့် ဖြစ်သည်။ ၎င်းအကြောင်းရင်းကြောင့် ငါသည် အရှေ့တိုင်းသို့ ဆင်းသက်ခဲ့ကာ ခါနာန်ပြည်ကို အရှေ့တိုင်း သားများထံ ယူဆောင်ခဲ့ခြင်းဖြစ်သည်။ ငါသည် တစ်ကမ္ဘာလုံးရှိ လူသားများကို ခါနာန်ပြည်သို့ ခေါ်ဆောင် လိုသဖြင့် စကြာဝဠာ တစ်ခုလုံးကို ထိန်းချုပ်နိုင်ခြင်းငှာ ခါနာန်ပြည်တွင် ငါသည် ဖွင့်ဟခြင်းများ ဆက်လက် ပြုလုပ်သည်။ ယခုအချိန်တွင် ခါနာန်ပြည်မှလွဲ၍ မြေပြင်တစ်ခုလုံး အလင်းမရှိပါ။ ထို့အပြင် လူသားအားလုံး ဆာလောင်မှုနှင့် အအေးတို့ကြောင့် ပျက်စီးနေ၏။ ငါသည် ငါ၏ဘုန်းတန်ခိုးကို ဣသရေလတို့ကို ပေးပြီးနောက် ပြန်ယူလိုက်၏။ ထို့နောက် ဣသရေလအမျိုးတို့အား အရှေ့တိုင်းသို့ ခေါ်ဆောင်ခဲ့ပြီး လူသား အားလုံးကို အရှေ့တိုင်းသို့ ခေါ်ဆောင်ခဲ့၏။ ၎င်းတို့အားလုံး အလင်းနှင့် ပြန်လည်ပူးပေါင်း၍ ပေါင်းသင်းကာ၊ ရှာဖွေခြင်း မပြုတော့ရန်အလို့ငှာ ငါသည် အလင်းထံ ခေါ်ဆောင်လာခဲ့သည်။ ”

များပြားသောအကြံပြုချက်များ ဧဝံဂေလိတရားတော်

သခင်ယေရှု၏ ရွေးနှုတ်ခြင်းဆိုင်ရာ အဓိပ္ပါယ် အစစ်အမှန်ကို သင်သိပါသလား

ဘုရားသခင်၏ ပြောဆိုသံ | လူ့ဇာတိခံယူထားသော ဘုရားသခင်နှင့် ဘုရားအသုံးပြုသောလူတို့ကြား ပဓာနကျသည့် ကွာခြားချက်

လူ့သဘာဝအတွင်း အလုပ်လုပ်သော သူတို့သည် ဘုရားသခင်၏ အသုံးပြုခြင်းခံရသော လူများဖြစ်သော်လည်း၊ ဘုရား၏ သဘောသဘာဝအတွင်း အလုပ်လုပ်သောသူမှာ ဘုရားသခင်ကို ကိုယ်စားပြု၏။ ဆိုလိုသည်မှာ၊ လူ့ဇာတိခံယူထားသော ဘုရားသခင်သည် ဘုရားသခင်၏ အသုံးပြုခြင်းခံရသော လူတို့နှင့် ခိုင်ခိုင်မာမာ ကွာခြားပေသည်။ လူ့ဇာတိခံယူထားသော ဘုရားသခင်သည် ဘုရားသဘောသဘာဝ၏အမှုကို လုပ်ဆောင်နိုင်ပြီး ဘုရားသခင်၏ အသုံးပြုခြင်းခံရသော လူတို့ကမူ မလုပ်ဆောင်နိုင်ကြပါ။ ခေတ်ကာလအသီးသီး၏အစတွင်၊ ဘုရားသခင်၏ဝိညာဉ်တော်သည် ခေတ်သစ်ကို အစပြုဖို့ရန်နှင့် လူကို အသစ်သောအစပြုရာအတွင်းသို့ ရောက်စေဖို့ ကိုယ်တိုင်ကိုယ်ကျ မိန့်မြွက်သည်။ သူ၏မိန့်မြွက်ခြင်း ပြီးဆုံးသောအခါ၊ ဤသည်မှာ သူ၏ဘုရားသဘောသဘာဝအတွင်းရှိ အမှုတော်ပြီးမြောက်ပြီဟူသည့် လက္ခဏာဖြစ်သည်။ ယင်းနောက်တွင်၊ လူအားလုံးတို့သည် မိမိတို့၏ အသက်တာအတွေ့အကြုံများအတွင်းသို့ ဝင်ရောက်ရန် ဘုရားသခင်၏ အသုံးပြုခြင်းခံရသောသူတို့၏ ဦးဆောင်မှုကို လိုက်နာကြလေသည်။ ထိုနည်းတူစွာ ဤသည်မှာ ဘုရားသခင်က လူကို ခေတ်သစ်အတွင်းသို့ ခေါ်ဆောင်ပြီး အယောက်တိုင်းကို အသစ်သောအစပြုရာတစ်ခု ပေးတော်မူသည့် အဆင့်လည်း ဖြစ်သည်။ ဤသို့ဖြင့်၊ ဇာတိခန္ဓာ၌ ဘုရားသခင်၏အမှုတော် အဆုံးသတ်ခဲ့၏။

များပြားသောအကြံပြုချက်များ ဧဝံဂေလိတရားတော်

ချီဆောင်ခြင်း ဆိုသည် မှာ အဘယ်နည်း

သခင်ယေရှု၏ ရွေးနှုတ်ခြင်းဆိုင်ရာ အဓိပ္ပါယ် အစစ်အမှန်ကို သင်သိပါသလား

ကျေးဇူးတော်, ခရစ်တော်, သခင်ယေရှု, သမ္မာကျမ်းစာ, ဧဝံဂေလိတရားတော်

“သခင်ယေရှု၏ ရွေးနှုတ်ခြင်း” အကြောင်း ပြောခြင်းသည် ကျွန်မတို့အား သခင့်ကို ကျေးဇူးတင်ခြင်း ဖြင့် အမြဲတမ်း ပြည့်နှက်စေသည်။ လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ထောင်က စာတန်၏ လက်များထဲမှ ကျွန်မတို့ကို ရွေးနှုတ်ရန် သခင်ယေရှုသည် လူသားမျိုးနွယ်၏ အပြစ်များ အတွက် ကားစင်တင်ခံပြီး ယဇ်ပူဇော်ခံခဲ့ရသည်၊ ထိုသို့ဖြင့် ကျွန်မတို့၏ အပြစ်များအားလုံးကို လွှတ်ပေးခဲ့ပါသည်။ ကျွန်မတို့ အပြစ်ကျူးလွန်သည့်အခါတွင် ကျွန်မတို့က နောင်တရပြီး၊ မိမိတို့အပြစ်များကို သခင့်ကို ဝန်ခံသမျှကာလပတ်လုံး၊ ကျွန်မတို့အပြစ်များလွှတ်ခံရပြီး၊ ကျွန်မတို့သည် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို နှစ်သက်ခံစားရပါသည်။ သို့သော်လည်း လတ်တလောတွင် ညီအစ်ကိုမောင်နှမအချို့က စိတ်ရှုပ်ထွေးလျက်ရှိသည်၊ ကျွန်မတို့အပြစ်များကို သခင်က ခွင့်လွှတ်ခဲ့သော်လည်း ကျွန်မတို့က အပြစ်၏ချည်နှောင်မှုမှ လုံးဝလွတ်မြောက်နိုင်ခြင်းမရှိပါ၊ ကျွန်မတို့သည် မကြာခဏ လိမ်လည်ပြီး လှည့်စားကြကာ၊ အပြစ်ကျူးလွန်ခြင်းနှင့် ဝန်ခံခြင်း သံသရာတွင် ပိတ်မိနေကြ၍၊ သခင့်သွန်သင်ချက်များကို ကျွန်မတို့ မထိန်းသိမ်းနိုင်ပါ။ သမ္မာကျမ်းစာက ကျွန်မတို့အား “အကြောင်းမူကား၊ သမ္မာတရားကို သိပြီးမှ ကိုယ်အလိုသို့ လိုက်၍ပြစ်မှားပြန်လျှင်၊ နောက်တဖန် အပြစ်ဖြေရာယဇ်ကို ပူဇော်ရာအခွင့် မရှိ” (ဟေဗြဲ ၁၀:၂၆) ဟု ရှင်းလင်းစွာပြောထားသည်။ ကျွန်မတို့၏ လုပ်ရပ်များသည် ဘုရားသခင်၏ အလိုတော်နှင့် ဆန့်ကျင်နေသည်ကို သိစေကာမူ ကျွန်မတို့သည် တမင် သက်သက် အပြစ်ကျူးလွန်နိုင်ကြောင်းနှင့် ကျွန်မတို့က ပြောင်းလဲခြင်းမရှိပဲ နောင်တရရုံမျှသာရှိပါက၊ ကျွန်မတို့ အပြစ်များအတွက် စတေးမှုသည် အလဟဿ ဖြစ်သည်ကို ကျွန်မတို့ ရှင်းလင်းစွာ သိကြသည်။ ဤကဲ့သို့ပင် ကျွန်မတို့က သခင်ပြန်ကြွလာချိန်တွင် ကောင်းကင်နိုင်ငံတော်သို့ အမှန်တကယ် တိုက်ရိုက်ချီဆောင် ခံရနိုင်ပါသလား။ သို့သော်၊ ကျွန်မတို့ မကြာခဏ အပြစ်ကျူးလွန်သော်လည်း၊ သခင်က ကျွန်မတို့၏ အပြစ်များကို ခွင့်လွှတ်ပြီးဖြစ်ကာ၊ ကျွန်မတို့ကို အပြစ်သားများအဖြစ် မမြင်သည့်အပြင်၊ သခင်ပြန်ကြွလာသည့်အချိန်တွင် ကျွန်မတို့က ကောင်းကင်နိုင်ငံတော်ထဲသို့ ချီဆောင်ခံရ လိမ့်မည်ဟု ယုံကြည်ကြသော ညီအစ်ကို မောင်နှမအချို့လည်း ရှိကြသည်။ ထို့ကြောင့် ကျွန်မတို့က ကောင်းကင်နိုင်ငံတော် ထဲသို့ ချီဆောင်ခံရမလား။ ထိုပြဿနာကို အတူတကွ လေ့လာကြပါစို့။Read More »

New Myanmar Christian Song (ဘုရားရဲ့ အောင်နိုင်မှုသင်္ကေတများ)

New Myanmar Christian Song (ဘုရားရဲ့ အောင်နိုင်မှုသင်္ကေတများ)


လူတို့ကို နဂိုပုံစံအတိုင်းပြန်ဖြစ်စေတယ်
သူတို့တာဝန် သူတို့ကျေပွန်ပြီး ကိုယ့်နေရာမှာကိုယ်နေ
ဘုရားရဲ့အစီအစဉ်အားလုံးကို နာခံမယ်
ဘုရားသည် သူ့ကိုကိုးကွယ်တဲ့သူတွေကို ကမ္ဘာပေါ်မှာ ထားမယ်
သူ့ကိုကိုးကွယ်တဲ့ တိုင်းပြည်ကိုလည်း ကမ္ဘာမှာ တည်ဆောက်မယ်
သူ့ကိုကိုးကွယ်တဲ့ တိုင်းပြည်ကိုလည်း ကမ္ဘာမှာ တည်ဆောက်မယ်
ကမ္ဘာပေါ်မှာ ထာဝရအောင်နိုင်ခြင်းကို ရရှိမယ်
သူ့ကိုဆန့်ကျင်သူများ ထာဝရပျက်စီးမယ်
ဒါ လူတို့ကို ဖန်ဆင်းချိန်တုန်းက
မူလ ရည်ရွယ်ချက်အတိုင်း ပြန်ဖြစ်စေမယ်
အားလုံးကို ဖန်ဆင်းချိန်တုန်းက ရည်ရွယ်ချက် အတိုင်း ပြန်ဖြစ်စေမယ်
ကမ္ဘာပေါ်မှာ သူ့အာဏာကို ပြန်ရရှိမယ်
အရာအားလုံးပေါ်၊ ရန်သူအားလုံးထဲမှာ ဘုရားအာဏာ
ဒါဟာဘုရားရဲ့ အကြွင်းမဲ့အောင်နိုင်မှုရဲ့ သင်္ကေတပါ
ဒါဟာဘုရားရဲ့ အကြွင်းမဲ့အောင်နိုင်မှုရဲ့ သင်္ကေတပါ

Read More »

ဘုရားသခင်၏ ပြောဆိုသံ (သင်သည် ခရစ်တော်နှင့် သဟဇာတဖြစ်ရေးအတွက် လမ်းခရီးကို ရှာဖွေသင့်သည်) ပထမပိုင်း

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်- “ဖျက်ဆီးခြင်းခံရသော လူတို့အားလုံးသည် စာတန်၏ထောင်ချောက်တွင် နေကြ၏။ ၎င်းတို့သည် ဇာတိပကတိ၌ နေကြ၏။ အတ္တဆန်သော လိုအင်ဆန္ဒများဖြင့် နေကြကာ ၎င်းတို့အကြားတွင် ငါနှင့်သဟဇာတဖြစ်သူ တစ်ဦးမျှ မရှိပေ။ ငါနှင့် သဟဇာတဖြစ်သည်ဟု ဆိုသူများရှိကြသော်လည်း ၎င်းတို့အားလုံးသည် မရေရာသော ရုပ်တုဆင်းတုများကို ကိုးကွယ်ကြ၏။ ၎င်းတို့သည် ငါ၏နာမအား သန့်ရှင်းသည်ဟု အသိအမှတ်ပြုကြသော်လည်း ငါနှင့်ဆန့်ကျင်သောလမ်းတွင် လျှောက်လှမ်းကြသည့်အပြင် ၎င်းတို့၏စကားလုံးများသည် ဝင့်ဝါမှု၊ မိမိကိုယ်ကို ယုံကြည်မှုများနှင့် ပြည့်နှက်လျက် ရှိ၏။ အဘယ်ကြောင့်ဆိုသော် အရင်းခံအားဖြင့် ၎င်းတို့အားလုံးသည် ငါ့အပေါ်ဆန့်ကျင်ကြလျက် ငါနှင့် သဟဇာတမဖြစ်ကြသောကြောင့် ဖြစ်၏။ ၎င်းတို့သည် သမ္မာကျမ်းစာထဲတွင် ငါ၏တစ်စွန်းတစ်စလက္ခဏာများကို နေ့စဉ်ရှာဖွေကာ၊ အလျဉ်းသင့်ရာ “သင့်တော်သည့်” ကျမ်းပိုဒ်များကို တွေ့ရှိကြလျက် အတောမသတ်ဖတ်ကြကာ ကျမ်းပိုဒ်များအဖြစ် ရွတ်ဆိုကြ၏။ ထိုသူတို့သည် ငါနှင့် မည်သို့ သဟဇာတဖြစ်ရမည်ကို မသိကြပေ။ ငါနှင့်မသင့်မြတ်ခြင်းသည် မည်သည့်အဓိပ္ပာယ်ရှိကြောင်း မသိကြပေ။ ထို့အပြင် ကျမ်းပိုဒ်များကို မျက်ကန်းတောတိုး ဖတ်ရုံသာဖတ်ကြ၏။ ကျမ်းစာအတွင်း၌ ၎င်းတို့မမြင်ဖူးသော၊ မြင်နိုင်စွမ်းမရှိသော မရေရာသည့်ဘုရားသခင် တစ်ပါးကို ၎င်းတို့ ဘောင်ခတ်ထားကာ ၎င်းတို့အားသည့်အချိန်၌ ထုတ်၍ကြည့်ကြ၏။ ၎င်းတို့သည် သမ္မာကျမ်းစာ အတိုင်းအတာအတွင်း၌သာ ငါ၏ဖြစ်တည်မှုကို ယုံကြည်ကြ၏။ ၎င်းတို့အတွက် ငါသည် သမ္မာကျမ်းစာနှင့် အတူတူပင်ဖြစ်၏၊ သမ္မာကျမ်းစာမရှိဘဲ ငါသည်မရှိနိုင်၊ ထို့အပြင် ငါမရှိဘဲ သမ္မာကျမ်းစာမရှိနိုင်ပေ။ ၎င်းတို့သည် ငါ၏ဖြစ်တည်မှု သို့မဟုတ် လုပ်ဆောင်ချက်များကို လုံးဝဂရုမစိုက်ကြသော်လည်း သမ္မာကျမ်းစာ၏စကားလုံးတိုင်းကို အလွန်အကျွံ အထူးဂရုပြုကာ မြှုပ်နှံကြ၏။ ထို့အပြင် သမ္မာကျမ်းစာမှ ကြိုတင်ဟောကြားခြင်း မရှိပါက ငါသည် မည်သည့်အရာကိုမျှ မလုပ်သင့်ဟု ၎င်းတို့အများအပြားက ယုံကြည်ကြသည်။ ၎င်းတို့သည် သမ္မာကျမ်းစာအပေါ် အလွန်အကျွံ အရေးပေးကြ၏။ ၎င်းတို့သည် ငါပြောသည့်နှုတ်ကပတ်တော်တိုင်းကို တိုင်းတာရန် သမ္မာကျမ်းစာမှ ကျမ်းပိုဒ်များကို အသုံးပြု၍ ငါ့ကို ပြစ်တင်ရှုတ်ချသည့်အတိုင်းအတာအထိ စကားလုံးများနှင့် ထုတ်ဖော်ချက်များကို အရေးကြီးလွန်းသည်ဟု မြင်ကြသည်ဟု ဆိုနိုင်၏။ ၎င်းတို့ရှာဖွေနေသည်မှာ ငါနှင့်သဟဇာတဖြစ်ရန် လမ်းခရီးသော်လည်းကောင်း၊ သမ္မာတရားနှင့် သဟဇာတဖြစ်ရန် လမ်းခရီးသော်လည်းကောင်း မဟုတ်ဘဲ သမ္မာကျမ်းစာ၏စကားလုံးများနှင့် သဟဇာတဖြစ်ရန် လမ်းခရီးဖြစ်၍၊ သမ္မာကျမ်းစာနှင့် ကိုက်ညီခြင်းမရှိသည့် အရာတစ်ခုခုသည် ခြွင်းချက်မရှိ ငါ၏အမှုမဟုတ်ဟု ၎င်းတို့ ယုံကြည်သည်။ ထိုကဲ့သို့သောလူတို့သည် ဖာရိရှဲများထံမှ တာဝန်ကျေသည့် ဆင်းသက်လာသူများ မဟုတ်ပေဘူးလော။ ယုဒ ဖာရရှဲတို့သည် ယေရှုကို ပြစ်တင်ရှုတ်ချရန် မောရှေ၏ပညတ်ကို အသုံးပြုခဲ့ကြ၏။ ၎င်းတို့သည် ထိုကာလက ယေရှုနှင့် သဟဇာတဖြစ်ရန် ကြိုးပမ်းခြင်း မပြုကြသော်လည်း၊ အဆုံးတွင် အပြစ်မဲ့သောယေရှုကို ဓမ္မဟောင်းကျမ်း၏ ပညတ်တော်ကို မလိုက်နာခြင်း၊ မေရှိယ မဟုတ်ခြင်းတို့ဖြင့် တရားစွဲဆိုပြီးနောက်၊ ကားတိုင်၌ရိုက်ထားသည့် အတိုင်းအတာအထိ ပညတ်တရားကို ဝီရိယရှိစွာ အတိအကျလိုက်နာ၏။ ၎င်းတို့၏အနှစ်သာရကား အဘယ်နည်း။ ၎င်းတို့သည် သမ္မာတရားနှင့် သဟဇာတရှိသည့် လမ်းခရီးကို ရှာဖွေခဲ့ခြင်း မပြုခဲ့သည် မဟုတ်သလော။”

များပြားသောအကြံပြုချက်များ

ချီဆောင်ခြင်း ဆိုသည် မှာ အဘယ်နည်း

ဆုတောင်းခြင်းအကျင့်နှင့် ပတ်သက်၍

Myanmar Gospel Skit (သင် အမှန်တကယ် နောင်တရပြီလား)

ဇန်မင်အန်းသည် တစ်ချိန်က အိမ်အသင်းတော်တစ်ခု၏ တရားဟောဆရာတစ်ပါး ဖြစ်ခဲ့သည်။ သူသည် သခင့်ကို နှစ်များစွာ ယုံကြည်ခဲ့ပြီး ထိုအချိန်အားလုံးတွင် သခင့်အတွက် သူ တရားဟောခဲ့သည်၊ အလုပ်လုပ်ခဲ့သည်၊ ဒုက္ခခံခဲ့ပြီး အသုံးတော်ခံခဲ့သည်။ ထို့ကြောင့် သူသည် စစ်မှန်သော နောင်တနှင့် ပြောင်းလဲမှု ရရှိပြီးဖြစ်သည်ဟု သူယုံကြည်ခဲ့သည်။ သို့သော်၊ အသင်းတော် ရွေးကောက်ပွဲတစ်ခုတွင်၊ စုဝေးပွဲများကို ဧည့်ခံခြင်းနှင့်ဆိုင်သော တာဝန်ကို သူပေးခံရစဉ်တွင် အခြားညီအစ်ကို မောင်နှမများက အသင်းတော် ခေါင်းဆောင်များ နှင့် သင်းထောက်များအဖြစ် ရွေးချယ်ခံခဲ့ရသည်ကို ကြည်နေခဲ့ရသည်။ အပြင်ပန်းတွင် သူသည် လက်ခံပြီး နာခံပုံပေါက်ခဲ့သော်လည်း၊ ယင်းနှင့်ပတ်သက်ပြီး သူ စိတ်မချမ်းမြေ့ဖြစ်ခဲ့ရသည်။ သူ၏ဇနီးက သူသည် စိတ်ရင်းအမှန်အတိုင်း နောင်တမရသလို မပြောင်းလဲခဲ့ပါဟု ဆိုချိန်တွင်၊ ဇန်မင်အန်းက လက်မခံခဲ့ပေ။ ထို့နောက်တွင် အလွန်ကောင်းသော စကားစစ်ထိုးပွဲတစ်ခု ထွက်ပေါ်လာသည်…..စစ်မှန်သော နောင်တနှင့် ပြောင်းလဲမှုမှာ အဘယ်နည်း။ အဖြေများကို ရှာတွေ့ရန် သင် အမှန်တကယ် နောင်တရပြီးပြီလား ဟူသော ပြဇာတ်ကို ကြည့်ရှုပါ။

အကြံပြုစာမျာ:

ဆုတောင်းခြင်းအကျင့်နှင့် ပတ်သက်၍

ခရစ်ယာန် ဓမ္မသီချင်း (ကိုယ်ကျင့်တရားပျက်စီးသောလူသားများ လူ့ဇာတိခံဘုရားသခင်ရဲ့ကယ်တင်ခြင်း လိုအပ်)

 

 

တစ်ဦးတစ်ယောက်သည် ဘာသာရေးလောကအတွင်းတွင် သခင်ကို ယုံကြည်ခြင်းဖြင့် ကယ်တင်ခြင်းခံရနိုင်ပါသလား

ဘာသာရေးအတွင်း၌၊ လူများစွာက ယုံကြည်နေကြသည်မှာ သင်းအုပ်ဆရာများနှင့် အကြီးအကဲများသည် ဘာသာရေးလောကတွင် အာဏာကို ကိုင်စွဲပြီး သူတော်ကောင်းယောင်ဆောင်သော ဖာရိရှဲများ၏လမ်းအတိုင်းလျှောက်သော်လည်း၊ သူတို့သည် သင်းအုပ်ဆရာများနှင့် အကြီးအကဲများကို လက်ခံပြီး၊ နောက်ကိုလိုက်ကြသော်လည်း၊ သူတို့သည် သင်းအုပ်ဆရာများနှင့် အကြီးအကဲများကို ယုံကြည်ခြင်းမဟုတ်၊ သခင်ယေရှုကို ယုံကြည်ခြင်းဖြစ်သည်၊ ထို့ကြောင့် သူတို့လျှောက်သော လမ်းသည် ဖာရိရှဲများ ကဲ့သို့ပင် ဖြစ်သည်ဟု အဘယ်ကဲ့သို့ပြောနိုင်မည်နည်းဟူ၍ ဖြစ်သည်။ တစ်စုံတစ်ဦးသည် ဘာသာတရား အတွင်း ၌ဘုရားသခင်အား ယုံကြည်ခြင်းဖြင့် အမှန်တကယ် ကယ်တင်ခြင်း မခံရနိုင်သလော။

များပြားသောအကြံပြုချက်များ ဧဝံဂေလိတရားတော်

Myanmar Movie 2019 တရုတ်ပြည်မှ ဘာသာရေးဖိစီးနှိပ်စက်မှု ၅ (ကျရှုံးလုဆဲဆဲမှာ ပြန်လည်ရှင်သန်ခြင်း)