Myanmar Music Video “ကောင်းကင်နိုင်ငံတော်သီချင်း- ဘုရားသခင်ရဲ့နိုင်ငံတော် မြေကြီးပေါ် ရောက်လာ”

ဘုရားသခင်၏နိုင်ငံတော် မကြာမီရောက်ရှိလာရန် သင်မျှော်လင့်ပါသလား။သင်သည် မုန်ဝါးမှုထဲတွင်သာ ဆက်လက် စောင့်မျှော်နေပါသလား။နားထောင်ကြည့်ပါ။ဒါက ဘာအသံတွေလဲ။ လူ၏စိတ်နှလုံးကို တုန်လှုပ်စေသော ဝမ်းမြောက်သံသည် အဝေးမှမြည်လာသည်၊၎င်းသည် ယုံကြည်သူတိုင်း ကြာမြင့်စွာမျှော်လင့်ခဲ့သည့် အသံဖြစ်သည်၊ဘုရားသခင်၏နိုင်ငံတော်သည် လူ့လောကသို့ ကြွဆင်းလာပြီ။

အလွန်စိတ်လှုပ်ရှားစရာကောင်းသော နိုင်ငံတော် သီချင်းသည် လူတို့ကြား ဘုရားသခင် ကြွရောက်ခြင်းကို စကြဝဠာတစ်ခွင်လုံးဆီ ကြေငြာရင်း ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။ ဘုရားသခင်၏ နိုင်ငံတော် တည်လေပြီ။ လူအားလုံး ရွှင်မြူးကြသည်။ အရာခပ်သိမ်း ဝမ်းမြောက်ကြသည်။ ကောင်းကင်တစ်ခုလုံးက အရာရာတိုင်းသည် ပျော်ရွှင်မြူးထူးသံဖြင့် ပြည့်နှက်လေသည်။ အဘယ်မျှ ညို့ယူဖမ်းစားသော ဝင့်ကြွားခြင်း မြင်ကွင်းများ ဖြစ်လိုက်ပါသနည်း။Read More »

၂၀၁၉ ခုနှစ် ကြီးကျယ်သော ခရစ်ယာန် သံစုံတေးသီချင်း “ကောင်းကင်နိုင်ငံတော်သီချင်း- ဘုရားသခင်ရဲ့နိုင်ငံတော် မြေကြီးပေါ် ရောက်လာ” မြေကြီးပေါ် ဘုရားသခင်၏ နိုင်ငံတော် ရောက်ရှိခြင်းကို အောင်ပွဲခံပါ

ဘုရားသခင်၏နိုင်ငံတော် မကြာမီရောက်ရှိလာရန် သင်မျှော်လင့်ပါသလား။သင်သည် မုန်ဝါးမှုထဲတွင်သာ ဆက်လက် စောင့်မျှော်နေပါသလား။နားထောင်ကြည့်ပါ။ဒါက ဘာအသံတွေလဲ။

လူ၏စိတ်နှလုံးကို တုန်လှုပ်စေသော ဝမ်းမြောက်သံသည် အဝေးမှမြည်လာသည်၊၎င်းသည် ယုံကြည်သူတိုင်း ကြာမြင့်စွာမျှော်လင့်ခဲ့သည့် အသံဖြစ်သည်၊ဘုရားသခင်၏နိုင်ငံတော်သည် လူ့လောကသို့ ကြွဆင်းလာပြီ။

ပို၍များသော အံ့သြဖွယ်ကောင်းသော အကြောင်းအရာ

https://my.kingdomsalvation.org/special-topic/kingdom-has-descended-on-the-world/index.html#more

ကောင်းကင်နိုင်ငံတော်, စကြဝဠာ, သမ္မာတရား, ဤခေတ်ကာလ နိုင်ငံတော်, ဧဝံဂေလိတရား

Read More »

ဧဝံဂေလိ ဂီတ(နိုင်ငံတော်ခေတ်တွင် ဘုရားသခင်သည် လူသားကို နှုတ်ကပတ်တော်အားဖြင့် စုံလင်စေ)

I
ယခုခေတ်တွင် သင်တို့ကြား၌ ဤအရာများကို ဘုရား
ပြည့်စုံစေမည် – အားလုံး ဘုရား၏သမ္မာတရားကို ကျင့်သုံး၊
အားလုံး နှုတ်ကပတ်တော်နှင့် အသက်ရှင်နေထိုင်ပြီး
စိတ်နှလုံးသားများနဲ့ သူ့ကိုချစ်သည်
ဘုရား၏နှုတ်ကပတ်တော်သည် သူတို့ဘဝ၏မူလ အခြေခံဖြစ်သည်
ထိုသူအားလုံး၌ ဘုရားကို
ကြောက်ရွံ့တတ်သောနှလုံးသားများ ရှိသည်
နှုတ်ကပတ်တော်ကို လိုက်နာကျင့်သုံးခြင်းဖြင့်
သူတို့ ဘုရားသခင်နဲ့စိုးစံကြလိမ့်မည်
နှုတ်ကပတ်တော်သာ လူကို အသက်ပေးသည်
နှုတ်ကပတ်တော်သာ လူကို အလင်းသို့ ပို့ဆောင်ပြီး
လိုက်နာကျင့်သုံးရမည့့်နည်းလမ်းကို ညွန်ပြပေးနိုင်သည်
ထိုအချက်ဟာ နိုင်ငံတော်ခေတ်တွင် ပိုမှန်ကန်သည်
နှုတ်ကပတ်တော်တွေက လူကို ထိန်းချုပ်သည်၊
နှုတ်ကပတ်တော်ဟာ အစားအစာနှင့်ခွန်အားဖြစ်သည်
ထိုနှုတ်ကပတ်တော်ကို သုံးဆောင်သောအခါ ကျန်းမာသည်၊
မသုံးဆောင်က သွားရမည့်လမ်းကို တွေ့မည်မဟုတ်
ကျမ်းစာ၌ ဆိုသည်ကား
လူသည် မုန့်အားဖြင့်သာ အသက်ရှင်သည်မဟုတ်
ဘုရားသခင်၏နှုတ်မှ လာသော နှုတ်ကပတ်တော်အားဖြ
င့် အသက်ရှင်သည်
ယခု ဘုရားသခင်သည် ထိုအရာကို သင်တို့၌ပြည့်စုံစေမည်

Read More »

ဘုရားသခင်၏ စကားတော်|ဘုရားသခင်၏ လုပ်ဆောင်မှုအဆင့်များအပေါ်

ကယ်တင်ခြင်းအစီစဉ်, ခရစ်တော်, သမ္မာတရား

အပြင်ပန်းမှကြည့်လျှင် လက်ရှိအဆင့်၌ ဘုရားသခင်၏ လုပ်ဆောင်မှုအဆင့်ဆင့်တို့ ပြီးစီး သွားပြီဟုမြင်စရာရှိသည်။ ထို့အပြင် လူသားတို့သည်လည်းတရားစီရင်မှု၊ ပြစ်တင်ဆုံးမမှု၊ ရိုက်နှက် ခံရမှု နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုစစ်ဆေးမှုတို့အားလုပ်ဆောင်ပြီး၊ တွေ့ကြုံပြီး ဟု ထင်စရာရှိသည်။ ၄င်းအပြင် ကိုယ်တော်အားဝတ်ပြုသူတို့၏ ယုံကြည်မှု အားစမ်းသပ်မှု များကိုလည်းကောင်း၊ ပြစ်တင်ဆုံးမမှုအကြိမ်များစွာအား စစ်ဆေးမှုကိုလည်းကောင်း၊ သေဆုံးမှုဖြင့် စမ်းသပ်ခြင်းကိုလည်းကောင်း၊ ဆုံးရှုံးမှုများကြုံတွေ့ရစဉ် စစ်ဆေးမှု များကိုလည်းကောင်း၊ ကိုယ်တော်အပေါ်က မေတ္တာရှိမှုနှင့်ပတ်သက်၍ စစ်ဆေးမှုများကို လည်းကောင်း တွေ့ကြုံပြီးပြီဟုထင်စရာရှိသည်။ လူတို့သည် အဆင့်တိုင်းအဆင့်တိုင်း၌ ဒုက္ခကြီးငယ် ကြုံတွေ့သော်ငြားလည်း ဘုရားသခင်၏ အလိုတော်ကို သဘောပေါက် နားမလည်ကြသေးပေ။ ကိုယ်တော်အား ဝတ်ပြုသူတို့၏ ယုံကြည်မှုအားကို စမ်းသပ်မှုများနည်းတူ လူသားတို့မှ ထိုကဲ့သို့ ဝတ်ပြုခြင်းမှရရှိမှု၊ နားလည်မှု၊ ၄င်းတို့မှ ဘုရားသခင်ရလိုသည့်အကျိုး စသည်တို့ကိုလူသားတို့ သဲသဲကွဲကွဲမသိရှိကြ သေးပေ။ ဘုရားသခင်၏ အမှုတော်လုပ်ဆောင်မှုတွင် လက်ရှိအမြန်နှုန်းအား လူသားတို့ အမှီလိုက်နိုင်ခြင်း လုံးဝမရှိကြသေးပုံရသည်။ ဤမှ မြင်သာနိုင်သည်မှာကိုယ်တော်၏ အမှုအဆင့်ဆင့်များကို လူသား တို့အားပထမဦးစွာ ပြသနေသည်။ တဖန် အမှုတော်အဆင့်တခုခုကို လူသားတို့ စဉ်းစားနိုင်လောက်သည့် အခြေအနေ တခုအထိလုပ်စရာမလိုအပ်ကြောင်းမြင်နိုင်သည်။ သို့သော် ကိုယ်တော်သည် ပြဿနာတခုကို ရှင်းပြရန် ကြိုးစားနေခြင်းပင်ဖြစ်သည်။ ဘုရားသခင်က လူတစ်ဦးတစ်ယောက်ကို စုံလင်စေရန်နှင့် ကိုယ်တော်အား အမှန်တကယ် ရရှိစေရန်အတွက် အထက်၌ ဖော်ပြခဲ့သော အမှုတို့ကို ကိုယ်တော် ဆောင်ရွက်ရမည်ဖြစ် သည်။ ဤအမှု ပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ လူသားတစုအား စုံလင်ခြင်းသို့ရောက်ရန် မည်သည့် အဆင့်များကိုကိုယ်တော်ဆောင်ရွက်ရမည်ကို ၄င်းတို့မြင်သိ စေလို၍ ဖြစ်သည်။ ထို့ကြောင့် အပြင်ပန်းမှကြည့်လျင် ကိုယ်တော်၏ အမှုအဆင့်များအားလုံး အပြီးတိုင် ဆောင်ရွက်ပြီးပြီ။ သို့သော် အနှစ်သာရအားဖြင့် လူသားတို့၏ စုံလင်ခြင်းသို့ရောက်ရန် တရားဝင် စတင်ခြင်းသာဖြစ်သည်။ ဤအရာကိုလူသားတို့ ရှင်းရှင်းလင်းလင်း မြင်သင့်ပေသည်။ အမှု၏ အဆင့်များပြီးဆုံးသည်မှာ ကိုယ်တော်၏ အမှုတစ်ခုလုံး ပြီးဆုံးခြင်းမဟုတ်ပါ။ သို့သော် လူသားတို့အသိ၌ ယုံကြည်နေသည်မှာကိုယ်တော်၏ အမှုဆောင်ရွက်မှုအဆင့်များအား လူသားတို့ကိုဖော်ပြပြီးဖြစ် သည်ဟုပင် ယုံကြည်နေသည်။ ထို့အပြင် ကိုယ်တော်၏ အမှုလည်းပြီးဆုံး ပြီဖြစ်ကြောင်းစိုးစဉ်းမျှ သံသယမဖြစ်ကြပေ။ ထိုသို့ အရာများကို အမြင်ရှိခြင်းသည် လုံးဝမှားယွင်းသည်။ ဘုရားသခင်၏ အမှုသည် လူတို့၏ ယုံကြည် အယူအဆနှင့် မကိုက်ညီပေ၊ လူတို့၏ ယုံကြည်မှုကို အလှည့်အပြောင်းတိုင်းတွင် တန်ပြန်တုံ့ပြန်နေမှုသာ ဖြစ်သည်။ အထူးသဖြင့် ကိုယ်တော်၏ အမှုအဆင့်များသည် လူတို့၏ ယုံကြည် အယူအဆနှင့်မကိုက်ညီပေ။ ဤသည်ကပင် ကိုယ်တော်၏ ဉာဏ်ပညာကိုပြခြင်းပင် ဖြစ်ချေသည်။ လူတို့၏ ယုံကြည်မှုသည် အလှည့်အပြောင်းတိုင်းတွင် တွေဝေဖောက်ပြန်တတ်သော သဘောရှိတတ်ကြောင်းနှင့် ထို့အပြင် လူသားတို့ တွေးတောစဉ်းစား နိုင်သည့်အရာအလုံးစုံမှာ ကိုယ်တော်မှ ပြန်လည်တိုက်ခိုက်တုံ့ပြန်လိုမှုသာ ဖြစ်ကြောင်း ယင်းမှမှ မြင်နိုင်သည်။ ၎င်းသည်တကယ့် လက်တွေ့အတွေ့အကြုံမှလာသောအသိအမြင်ဖြစ်သည်။ ဘုရားသခင်က အလွန်အလျင်အမြန် လုပ်ဆောင်သည်ဟု လူတို့ကထင်ကြသည်။ သူတို့သည် နားလည်မှုတစ်ခုမျှမရှိမှီ၊ အမြင်မရှင်းဘဲ စိတ်ရှုပ်ထွေးနေစဉ်တွင် လူတို့မသိလိုက်ဘဲ ဘုရားသခင်၏ အမှုတော်က ပြီးဆုံးသွားသည်ဟု သူတို့ထင်ကြသည်။ ကိုယ်တော်၏အမှုအဆင့်တစ်ခုစီမှာ ဤနည်းလမ်းအတိုင်း ဖြစ်သည်။ ကိုယ်တော်သည် လူသားတို့အား ကျီစယ်နေကြသည်ဟု အများစုကထင်ကြသည်။ သို့သော် ကိုယ်တော်၏ အမှုနောက်ကွယ်မှ ရည်ရွယ်ချက်မှာမူ ထိုသို့မဟုတ်ချေ။ ကိုယ်တော်၏ ဆောင်ရွက်သော နည်းမှာပထမရေဘုယျအဆင့်မှစ၍ နောက်အသေးစိတ် ထိုမှတဆင့် ယင်းအသေးစိတ် ကို အလုံးစုံစစ်ဆေးတော်မူပြီး အဖန်ဖန်ပြန်ဆင်ခြင်ခြင်းဖြစ်သည်။ ယင်းသည် လူသားတို့ကို အငိုက်မိသွား စေခြင်းဖြစ်သည်၊ လူသားအားလုံးတို့သည် ကိုယ်တော်အားလှည့် စားလိုကြ၏။ ထိုသို့ လှည့်စားခြင်းမှ အောင်မြင်ကျော်လွှားပြီး ကိုယ်တော်အား ကျေနပ်စေနိုင်မည့်အချက် ကိုရမည်ဟု ထင်မြင်ကြ၏။ သို့သော်အမှန်စင်စစ်၌ ဤကဲ့သို့လှည့်စားခြင်းဖြင့် အောင်မြင်သွားရန် လုံ့လစိုက်ခြင်း များကို ကိုယ်တော်အနေနှင့်မည်သို့ ကျေနပ်နိုင်ပါမည်နည်း။ ဘုရားသခင်ကလူသားတို့အားအငိုက်ဖမ်း၍ သတိမထားမိလိုက်စဉ်မှာပင် အကြီးမြတ်ဆုံးသော ရလဒ်များရရန် နှင့် ကိုယ်တော်၏ ဉာဏ်ပညာကို ကောင်းကောင်း သိပြီးကိုယ်တော်၏ ဖြောင့်မတ်တည်ကြည်မှု တန်ခိုးအာနုဘော်တို့နှင့် ထိုးနှက်၍မရနိုင်သော ကိုယ်တော်၏ စိတ်သဘောကို ပို၍နားလည်စေရန် ဤနည်းလမ်းအားဖြင့် လုပ်ဆောင် တော်မူသည်။Read More »

ဘုရားသခင်၏ ပြောဆိုသံ | နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည်

ဘုရားသခင်, ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ, သမ္မာတရား, အသက်, အသင်းတော်, ဤခေတ်ကာလ နိုင်ငံတော်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

နိုင်ငံတော်ခေတ်တွင် ဘုရားသခင်သည် ခေတ်သစ်တစ်ခုကို အစပျိုးရန်၊ သူအလုပ်လုပ်သည့် နည်းလမ်းကို ပြောင်းလဲရန်နှင့် ခေတ်တစ်ခေတ်လုံးအတွက် အလုပ်လုပ်ရန် သူ၏နှုတ်ကပတ်တော်ကို အသုံးပြုသည်။ ဤသည်မှာ နှုတ်ကပတ်တော်ခေတ်၌ ဘုရားသခင်အလုပ်လုပ်ရာတွင် အသုံးပြုသည့် နိယာမဖြစ်သည်။ လူ့ဇာတိ၌ပေါ်လာသော နှုတ်ကပတ်တော်ဖြစ်သည့် ဘုရားသခင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် အံ့သြဖွယ်ကောင်းမှုကို လူသားအား အမှန်တကယ် မြင်နိုင်စွမ်းရှိစေလျက် ရှုထောင့်အမျိုးမျိုးမှ စကားပြောရန်အလို့ငှာ သူသည် လူဇာတိကိုခံယူခဲ့သည်။ လူကိုသိမ်းပိုက်ရန်၊ စုံလင်စေရန်၊ သုတ်သင်ဖယ်ရှားရန်ဟူသည့် ပန်းတိုင်များကို ပိုမိုကောင်းမွန်စွာ စွမ်းဆောင်ရရှိနိုင်ရန်အလို့ငှာ ထိုသို့သောအမှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ နှုတ်ကပတ်တော်ခေတ်၌ အလုပ်လုပ်ရန် နှုတ်ကပတ်တော်ကို အသုံးပြုခြင်း၏ စစ်မှန်သော အဓိပ္ပာယ်ဖြစ်သည်။ နှုတ်ကပတ်တော်အားဖြင့် လူသားသည် ဘုရားသခင်၏အမှု၊ ဘုရားသခင်၏ စိတ်သဘောထား၊ လူသား၏ အနှစ်သာရနှင့် လူသားသည် မည်သည့်အရာထဲ ဝင်ရောက်သင့်သည်တို့ကို သိလာသည်။ နှုတ်ကပတ်တော်ခေတ်၌ ဘုရားသခင်လုပ်ရန် ဆန္ဒရှိသော အမှုအလုံးစုံကို နှုတ်ကပတ်တော်အားဖြင့် အထမြောက်စေခဲ့သည်။ နှုတ်ကပတ်တော်အားဖြင့် လူသားကို ထုတ်ဖော်ခဲ့သည်၊ သုတ်သင်ဖယ်ရှားခဲ့သည်၊ စမ်းသပ်ခဲ့သည်။ လူသားသည် နှုတ်ကပတ်တော်ကို မြင်ခဲ့ပြီးဖြစ်သည်၊ ကြားခဲ့ပြီးဖြစ်သည်၊ နှုတ်ကပတ်တော်တည်ရှိကြောင်း သိလာခဲ့သည်။ ရလဒ်အနေနှင့် ဘုရားသခင်တည်ရှိကြောင်းကို သူယုံသည်၊ ဘုရားသခင်၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာကို သူယုံသည်၊ လူသားအပေါ်ထားသော ဘုရားသခင်၏မေတ္တာနှင့် လူကိုကယ်တင်လိုသည့် ဆန္ဒကိုလည်း သူယုံသည်။ “နှုတ်ကပတ်တော်” ဟူသည့်စကားလုံးသည် ရိုးရိုးသာမန်စကားလုံးတစ်လုံးသာ ဖြစ်သော်လည်း လူ့ဇာတိခံယူသော ဘုရားသခင်၏ နှုတ်တော်မှထွက်လာသော နှုတ်ကပတ်တော်သည် စကြဝဠာတစ်ခုလုံးကို လှုပ်ခါစေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် လူသား၏နှလုံးသား၊ အယူအဆ၊ စိတ်သဘောထားအဟောင်းနှင့် တစ်လောကလုံး၏ အသွင်ဟောင်းကို အသွင်သဏ္ဌာန်ပြောင်းလဲစေသည်။ ခေတ်အဆက်ဆက်၌ ယနေ့၏ ဘုရားသခင်သာလျှင် ဤနည်းဖြင့်အမှုပြုပြီး သူသာလျှင် ထိုကဲ့သို့ စကားပြော၍ လူသားကို ထိုကဲ့သို့ကယ်တင်ရန် ကြွလာသည်။ ထိုအချိန်မှစ၍ လူသားသည် နှုတ်ကပတ်တော်၏ ဦးဆောင်လမ်းပြမှုအောက်တွင် နှုတ်ကပတ်တော်၏ ထိန်းကျောင်းမှုနှင့် ပံ့ပိုးကူညီမှုတို့ကို ခံယူပြီးအသက်ရှင်သည်။ လူအားလုံးတို့သည် နှုတ်ကပတ်တော်၏ကမ္ဘာ၌ ရှင်သန်နေထိုင်လာကြသည်၊ ဘုရားသခင့်နှုတ်ကပတ်တော်၏ ကျိန်ခြင်းများနှင့် ကောင်းချီးမင်္ဂလာများအတွင်း၌ ရှင်သန်နေထိုင်လာကြသည်။ ထို့အပြင် နှုတ်ကပတ်တော်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုအောက်တွင် ရှင်သန်နေထိုင်လာကြသောသူများမှာ သာ၍ပင်များသေးသည်။ ဤနှုတ်ကပတ်တော်များနှင့် အမှုသည် လူသားကို ကယ်တင်ခြင်းအလို့ငှာ၊ ဘုရားသခင်၏အလိုတော်ကို ဖြည့်စွမ်းခြင်းအလို့ငှာ၊ ဖန်ဆင်းခြင်းအဟောင်းဆိုင်ရာ လောက၏ မူလသွင်ပြင်ကို ပြောင်းလဲဖို့အလို့ငှာ ဖြစ်သည်။ ဘုရားသခင်သည် လောကကို နှုတ်ကပတ်တော်ဖြင့် ဖန်ဆင်းခဲ့သည်၊ စကြဝဠာအနှံ့မှ လူတို့ကို နှုတ်ကပတ်တော်ဖြင့် ဦးဆောင်ခဲ့ပြီး နှုတ်ကပတ်တော်နှင့်ပင် လူတို့ကို သိမ်းပိုက်၍ ကယ်တင်ခဲ့သည်။ နောက်ဆုံးတွင် ဘုရားသခင်သည် လောကဟောင်းတစ်ခုလုံးကို အဆုံးသတ်ရန် နှုတ်ကပတ်တော်ကို အသုံးပြုမည်ဖြစ်သည်။ ထို့နောက်တွင်မှ စီမံခန့်ခွဲမှုအစီအစဉ်သည် လုံးလုံးလျားလျား ပြီးမြောက်မည်ဖြစ်သည်။ နိုင်ငံတော်ခေတ်တစ်လျှောက်လုံးတွင် ဘုရားသခင်သည် သူ့အမှုကို လုပ်ရန်နှင့် သူ့အမှု၏ အကျိုးကျေးဇူးများကိုရရှိရန် နှုတ်ကပတ်တော်ကို အသုံးပြုသည်။ သူသည် အံ့သြဖွယ်ရာများကို လုပ်ဆောင်ခြင်းမရှိသကဲ့သို့ တန်ခိုးများကိုလည်း ပြသခြင်းမရှိပါ။ သူ့အမှုကို နှုတ်ကပတ်တော်အားဖြင့်သာ လုပ်ခြင်းဖြစ်သည်။ နှုတ်ကပတ်တော်ကြောင့် လူသားသည် အာဟာရကို ရရှိပြီး ထောက်ပံ့ကူညီမှုကို ရရှိသည်။ နှုတ်ကပတ်တော်ကြောင့် လူသားသည် အသိပညာနှင့် စစ်မှန်သောအတွေ့အကြုံကို ရရှိသည်။ နှုတ်ကပတ်တော်ခေတ်၌ လူသည် တစ်မူထူးခြားသော ကောင်းချီးမင်္ဂလာများကို အမှန်တကယ် ရရှိခဲ့သည်။ လူသည် ကာယပိုင်းဆိုင်ရာ နာကျင်မှုဒုက္ခကို မခံစားရဘဲ ဘုရားသခင့်နှုတ်ကပတ်တော်၏ အလျှံပယ်သော ထောက်ပံ့မှုကိုသာ မွေ့လျော်ခံစားရသည်။ လူသည် ထွက်ရှာရန်၊ သို့မဟုတ် ခရီးဆက်သွားရန် မလိုဘဲ သက်သောင့်သက်သာဖြင့် ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို မြင်ရသည်၊ ဘုရားသခင်ကိုယ်တိုင် သူ့နှုတ်နှင့်ပြောသည်ကို ကြားရသည်၊ ဘုရားသခင်ထောက်ပံ့ပေးသောအရာကို လက်ခံရရှိသည်၊ ထို့ပြင် ဘုရားသခင်က သူ၏အလုပ်ကို ကိုယ်တိုင်ကိုယ်ကျလုပ်နေသည်ကို မြင်ရသည်။ ထိုအရာများမှာ လွန်ခဲ့သောခေတ်ကာလများမှ လူတို့က မခံစားနိုင်ခဲ့သောအရာများ ဖြစ်ကြပြီး သူတို့တစ်ခါမျှမရဖူးသည့် ကောင်းချီးမင်္ဂလာများ ဖြစ်ကြသည်။Read More »