Myanmar Christian Movie 2020 (မှန်ကန်သော ကိုးကွယ်ခြင်း၏ နက်နဲသောအရာ – နောက်ဆက်တွဲဇာတ်လမ်း)

         လင်ပိုအန်းဟာ သခင့်ကို ဆယ်စုနှစ်များစွာ ယုံကြည်လာခဲ့တဲ့ တရားဟောဆရာကြီး တစ်ယောက်ဖြစ်ပါတယ်။ သူဟာ နောက်ဆုံးသောကာလရဲ့ခရစ်တော်ဖြစ်တဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ကို လက်ခံပြီးကတည်းက၊ အန္တိခရစ်တွေဖြစ်ကြတဲ့ သင်းအုပ်တွေ၊ အကြီးအကဲတွေက သူ့ကို ဘာသာရေးအသိုင်းအဝိုင်းကနေ ဖယ်ကြဉ်၊ နှင်ထုတ်ခဲ့ကြတယ်။ လင်ပိုအန်းဟာ တိုက်ခိုက်တာတွေ၊ ပြစ်ဒဏ်ချခံရတာတွေ၊ အမှုဆင်ခံရတာတွေ ကြုံပေမယ့်၊ ကြောက်ရွံ့ပြီး နောက်မဆုတ်ခဲ့ပါဘူး။ သူ့ယုံကြည်စိတ်က ပိုပြီးခိုင်မာလာတဲ့အပြင်၊ ဘာသာရေးလောကရဲ့သင်းအုပ်တွေ၊ အကြီးအကဲတွေဟာ သူတော်ကောင်းယောင် ဆောင်နေကြတယ်ဆိုတာကို နောက်ဆုံးမှာ နားလည်လာခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ခရစ်တော်ကသာ သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ဖြစ်တယ်၊ ခရစ်တော်ကသာ လူတွေကို ကယ်တင်နိုင်၊ သန့်စင်နိုင်၊ စုံလင်စေနိုင်တယ်ဆိုတာတွေကို သိလာခဲ့တယ်။ ဒါတွေကြောင့် သူ့အနေနဲ့ ဘုရားသခင်အတွက် စစ်မှန်တဲ့သက်သေခံသူတစ်ယောက် ဖြစ်လာနိုင်ဖို့အတွက်၊ ခရစ်တော်နောက်လိုက်ဖို့၊ သက်သေခံဖို့၊ သမ္မာတရားကိုရှာရာမှာ အစွမ်းကုန်ကြိုးစားဖို့နဲ့ သူ့စိတ်သဘောထားကို ပြောင်းလဲအောင် ကြိုးစားဖို့အတွက်ပဲ စိတ်ပိုင်းဖြတ်လိုက်တယ်။ တရုတ်ကွန်မြူနစ်ပါတီအစိုးရက လင်ပိုအန်းဟာ ထောင်က လွတ်လာပြီး မပြောင်းလဲသေးတာတွေ၊ သူ့ယုံကြည်မှုကို နည်းနည်းမှ မစွန့်လွှတ်ထားတဲ့အပြင်၊ အရှေ့အရပ်မှလျှပ်ပြက်ခြင်းကိုတောင် ယုံကြည်လာတာတွေ၊ နေရာအနှံ့သွားပြီး သခင်ယေရှု ပြန်လာပြီဖြစ်ကြောင်း၊ သူဟာ အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်ကြောင်း သက်သေခံတာတွေကို တွေ့ရှိလာကြတယ်။ ဒါကြောင့် စီစီပီအစိုးရက သူ့ကို အလိုရှိသူအဖြစ် သတ်မှတ်ပြီး၊ နေရာအနှံ့ လိုက်ဖမ်းခဲ့ကြတယ်။ လင်ပိုအန်းဟာ သူ့မိသားစုကိုလည်း စွန့်ခွာခဲ့ရပါတယ်။ သူက ရောက်တဲ့နေရာတိုင်းမှာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို သက်သေခံခဲ့တာကြောင့်၊ စစ်မှန်ပြီး စိတ်နှလုံးကောင်းရှိတဲ့ ယုံကြည်သူတော်တော်များများကို ဘုရားသခင်ဆီ လမ်းပြနိုင်ခဲ့ပါတယ်။ ယခု ဗီဒီယိုဟာ လင်ပိုအန်းတစ်ယောက် ဧဝံဂေလိတရား ဖြန့်ဝေတာတွေ၊ ဘုရားသခင်အတွက် သက်သေခံတာတွေအကြောင်း ဖြစ်ရပ်မှန်ဇာတ်လမ်း ဖြစ်ပါတယ်။

Read More »

၂) ဘာသာရေးလောကသည် အဘယ်ကြောင့် ခရစ်တော်ကို အမြဲ ငြင်းပယ်ခဲ့၊ ကိုယ်တော်အား ငြင်းဆန်ခဲ့ပြီး၊ ကိုယ်တော်အား ရှုတ်ချကာ၊ ဤသည်ကြောင့် ဘုရားသခင်၏ ကျိန်ဆဲခြင်းကို ခံစားကြရသနည်း။

ဆုတောင်းခြင်း, ဘုရားသခင်၏ အသံတော်, သခင်ယေရှု, သမ္မာတရား, ဧဝံဂေလိတရား

၁၉။ ရှေးကာလကတည်းက စစ်မှန်သောလမ်းသည် အဘယ်ကြောင့် ညှဉ်းပန်းနှိပ်စက်ခြင်း ခံရသနည်း။

၂) ဘာသာရေးလောကသည် အဘယ်ကြောင့် ခရစ်တော်ကို အမြဲ ငြင်းပယ်ခဲ့၊ ကိုယ်တော်အား ငြင်းဆန်ခဲ့ပြီး၊ ကိုယ်တော်အား ရှုတ်ချကာ၊ ဤသည်ကြောင့် ဘုရားသခင်၏ ကျိန်ဆဲခြင်းကို ခံစားကြရသနည်း။

      ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

      “အခြားသော ဥပမာကိုနားထောင်ကြလော့။ အိမ်ရှင်တဦးသည် စပျစ်ဥယျာဉ်ကိုစိုက်ပျိုး၍၊ စောင်ရန်း ကို လုပ်ပြီးမှ စပျစ်သီးနယ်ရာ ကျင်းကိုတူးလေ၏။ မှီခိုရာလင့်စင်ကိုလည်းဆောက်လေ၏။ လုပ်ဆောင်သော သူတို့အား ဥယျာဉ်ကိုငှါး၍ အခြားသောပြည်သို့သွားလေ၏။ အသီးသီးချိန်ရောက်သောအခါ၊ အသီးကိုခံစေခြင်းငှါ ငယ်သားတို့ကို ဥယျာဉ်စောင့်တို့ရှိရာသို့ စေ လွှတ်လေ၏။ ထိုသူတို့သည် ငယ်သားများကို ဘမ်းပြီးလျှင် တဦးကိုရိုက်၍၊ တဦးကိုသတ်၍၊ တဦးကို ခဲနှင့်ပစ်ကြ၏။ နောက်တဖန် အရင်ထက်များသော အခြားငယ်သားတို့ကို စေလွှတ်ပြန်လျှင်၊ ဥယျာဉ်စောင့်တို့သည် ရှေ့နည်းတူပြုကြ၏။ နောက်ဆုံး၌ ဥယျာဉ်ရှင်က၊ ထိုသူတို့သည်ငါ့သားကို အားနာကြလိမ့်မည်ဟုဆို၍ မိမိသားကို စေလွတ် လေ၏။ ဥယျာဉ်စောင့်တို့သည် သားကိုမြင်လျှင် ဤသူသည်အမွေခံဖြစ်၏။ လာကြ၊ သူ့ကိုသတ်၍ သူ၏ အမွေဥစ္စာကို ယူကြကုန်အံ့ဟု အချင်းချင်းတိုင်ပင်၍၊ ဥယျာဉ်ရှင်၏သားကို ဘမ်းယူပြီးမှ ဥယျာဉ်ပြင်သို့ထုတ်၍ သတ်ပစ်ကြ၏။” (မ ၂၁:၃၃-၃၉)

Read More »

ခရစ်ယာန်ဘာသာနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်တို့အကြား ကွာခြားချက်မှာ မည်သည့်အရာနည်း။

ခရစ်ယာန်, နောက်ဆုံးသောကာလ, ယုံကြည်ခြင်း, အသင်းတော်

ခရစ်ယာန်ဘာသာနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်တို့ ယုံကြည်သည့် ဘုရားသခင်မှာ အတူတူပင်ဖြစ်၏။ ဣသရေလလူမျိုးတို့၏ ဂျူးဘာသာတရားသည် ပညတ်တော်ကာလ၌ ယေဟောဝါဘုရားသခင်၏ အမှုမှ မွေးဖွားလာကြောင်းကို ဘာသာတရားသမိုင်းကို နားလည်သူများ သိကြ၏။ ခရစ်ယာန်ဘာသာ၊ ဘရင်ဂျီဘာသာနှင့် အရှေ့ပိုင်း ရှေးရိုးခရစ်ယာန် သက်ဝင်ယုံကြည်မှုတို့ အားလုံးသည် လူ့ဇာတိခံယူသော သခင်ယေရှုမှ ရွေးနုတ်ခြင်းအမှုကို ဆောင်ရွက်ပြီးနောက် ပေါ်ထွက်လာသည့် အသင်းတော်များ ဖြစ်ကြ၏။ နောက်ဆုံးသောကာလ၌ စီရင်ခြင်းအမှုကို ဆောင်ရွက်ရန် ဘုရားသခင်သည် ဇာတိပကတိအဖြစ်ခံယူစဉ်က အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ကျေးဇူးတော်ကာလမှ ခရစ်ယာန်များသည် သမ္မာကျမ်းစာ၏ ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်းများကို ဖတ်ကြကာ နိုင်ငံတော်ကာလမှ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်မှ ခရစ်ယာန်များသည် ယခုအခါ နောက်ဆုံးသော ကာလတွင် ဘုရားသခင်ကိုယ်တိုင် ပြောခဲ့သော နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ကိုဖတ်ကြ၏။ ခရစ်ယာန်ဘာသာသည် ကျေးဇူးတော်ကာလ သခင်ယေရှု၏ ရွေးနုတ်ခြင်းအမှုကို လိုက်နာ၍ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်သည် အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်သည့် တဖန် ပြန်ကြွလာသော သခင်ယေရှု၏ နောက်ဆုံးသောကာလ စီရင်ခြင်းအမှုကို လက်ခံ၏။ ခရစ်ယာန်ဘာသာနှင့် အနန္တတန်ခိုးရှင်ဘုရားသခင်၏ အသင်းတော်တို့အကြား ကွာခြားချက်မှာ ခရစ်ယာန်ဘာသာသည် ပညတ်တော်ကာလနှင့် ကျေးဇူးတော်ကာလ ဘုရားသခင်၏အမှုကို လိုက်နာ၍ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်သည် နောက်ဆုံးသောကာလ ဘုရားသခင်၏ အိမ်မှစ၍ ဘုရားသခင် ဆောင်ရွက်သော စီရင်ခြင်းအမှုကို လိုက်နာ၏။ ခရစ်ယာန်ဘာသာနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်တို့အကြား ကွာခြားချက်သည် ခရစ်ယာန်ဘာသာနှင့် ဂျူးဘာသာတရားတို့အကြား ကွာခြားချက်နှင့် အလားတူ၏ – ကျေးဇူးတော်ကာလတွင် သခင်ယေရှုသည် ဓမ္မဟောင်းကျမ်း၏ ပညတ်တော် ကာလ၏အမှုကို အခြေခံကာ လူသားတို့အား ရွေးနုတ်ခြင်းအမှုကို ဆောင်ရွက်ခဲ့၏။ သို့ရာတွင် ဂျူးဘာသာတရား၏ ယဇ်ပုရောဟိတ်များ၊ ကျမ်းပြုဆရာများနှင့် ဖာရိရှဲတို့က သခင်ယေရှုသည် လူ့ဇာတိကို ခံယူသော ယေဟောဝါဖြစ်ကြောင်း၊ ၎င်းတို့ စောင့်ဆိုင်း နေခဲ့သော မေရှိယဖြစ်ကြောင်းကို မသိခဲ့ကြပါ။ ၎င်းတို့သည် ယေဟောဝါဘုရား ထုတ်ဖော်ပြောခဲ့သော ဓမ္မဟောင်းကျမ်းမှ ဥပဒေများနှင့် ပညတ်များကို ခေါင်းမာစွာ စွဲကိုင်ထားခဲ့ကြသည်။ ၎င်းတို့သည် လူသားမျိုးနွယ်ကို ကယ်တင်ခဲ့သော ကရုဏာရှင် သခင်ယေရှုကိုလည်း လက်ဝါးကပ်တိုင်တွင် သတ်ခဲ့ကာ ဘုရားသခင်ကို စိတ်ထိခိုက်စေခဲ့၏။ ထို့နောက် ဘုရားသခင်သည် ဓမ္မဟောင်းကျမ်း၏ ပညတ်တရားများကို စွဲကိုင်ခဲ့သော ဂျူးဘာသာတရား တစ်ရပ်လုံးကို စွန့်ပစ်လိုက်ကာ သူ၏ကယ်တင်ခြင်းကို တစ်ပါး အမျိုးသားတို့ဘက် လှည့်၍ပေးခဲ့၏။ ထိုတစ်ပါးအမျိုးသားတို့သည် သခင်ယေရှုကို လက်ခံကာ နောက်သို့လိုက်ပြီးနောက် ခရစ်ယာန်ဘာသာဟုလည်းခေါ်သည့် ဓမ္မသစ်ကျမ်း အသင်းတော်များကို ဖွဲ့စည်းခဲ့ကြသည်။ ထိုအတောအတွင်း ဓမ္မဟောင်းကျမ်း၏ ပညတ်တော် ကာလ ယေဟောဝါဘုရား၏ အမှုကိုသာ စွဲကိုင်လျှက် သခင်ယေရှု၏ ရွေးနုတ်ခြင်းအမှုကို ငြင်းပယ်ခဲ့သော ယုဒလူတို့သည် ဂျူးဘာသာတရားကို ဖွဲ့စည်းခဲ့ကြ၏။ ဤသည်မှနေ၍ ခရစ်ယာန်ဘာသာနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်တို့ ယုံကြည်ကြသည့် ဘုရားသခင်မှာ အတူတူပင်ဖြစ်ကြောင်း၊ ကောင်းကင်နှင့် မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည့် သခင်ဘုရားဖြစ်ကြောင်းကို တွေ့နိုင်သည်။ လူတို့ကိုင်စွဲထားသော ဘုရားသခင်၏နာမနှင့် အမှုတို့သာ ကွဲပြားခြင်းဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်သည် နိုင်ငံတော်ကာလတွင် ဘုရားသခင်၏ နာမအသစ်ကို စွဲကိုင်၍ နောက်ဆုံးသောကာလ ဘုရားသခင်ဆောင်ရွက်သော အမှုတို့ကို လက်ခံ၏။ ခရစ်ယာန် ဘာသာကမူ ကျေးဇူးတော်ကာလ ဘုရားသခင်၏နာမကို စွဲကိုင်၍ ယခင်ကာလများက ဘုရားသခင်၏ အမှုဟောင်းကို လက်ခံ၏။ ဤသည်မှာ ခရစ်ယာန်ဘာသာနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်တို့အကြား အရေးကြီးဆုံး ကွာခြားချက်ဖြစ်၏။ သို့ရာတွင် ၎င်းတို့နှစ်မျိုးစလုံး ယုံကြည်သော ဘုရားသခင်မှာ အတူတူပင်ဖြစ်သည်။ ကောင်းကင်နှင့် မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းသော စစ်မှန်သည့် တစ်ဆူတည်းသော ဘုရားသခင် ဖြစ်၏။ ဤသည်မှာ မည်သူမျှ ထင်ယောင်မှားစေရန် မပြုနိုင်သော၊ ငြင်းဆိုနိုင်ခြင်းမရှိသော အချက်ပင်ဖြစ်၏။Read More »

ထူးခြားသော ချစ်ခြင်းမေတ္တာတစ်မျိုး

 

ဆုတောင်းခြင်း, နောက်ဆုံးသောကာလ, ယုံကြည်ခြင်း, ဧဝံဂေလိ

ချန်းရှင်၊ ဘရာဇီးလ်နိုင်ငံ

၂၀၁၁ခုနှစ်တွင် အမှတ်မထင်ဖြစ်သည့် အခွင့်အလမ်းတစ်ခုက ကျွန်တော့်ကို တရုတ်ပြည်မှ ဘရာဇီးလ်နိုင်ငံသို့ လာခွင့်ရစေခဲ့သည်။ ကျွန်တော် ရောက်ခါစ အချိန်တွင်၊ ကျွန်တော်က လန်းဆန်းပြီး သစ်လွင်သော အတွေ့အကြုံများဖြင့် လွှမ်းမိုးခံရပြီး၊ သိချင်စိတ် ပြင်းပြခြင်းဖြင့် ပြည့်နှက်ကာ၊ ကျွန်တော့်မှာ အနာဂတ်နှင့် ပတ်သက်ပြီး အဆင်ပြေမည်ဟု မျှော်လင့်ချက်တစ်ခု ရှိခဲ့သည်။ သို့သော် အချိန်အချို့ ကြာပြီးနောက်၊ ဤလန်းဆန်းပြီး သစ်လွန်းသည့် ခံစားချက်က နိုင်ငံရပ်ခြားအဝေးတစ်နေရာတွင် ရောက်ရှိခြင်း၏ အထီးကျန်ခြင်းနှင့် နာကျင်ခြင်းတို့ဖြင့် အမြန် အစားထိုးခံခဲ့ရသည်။ နေ့စဉ်နေ့တိုင်း ကျွန်တော် နေအိမ်သို့ တစ်ယောက်တည်းပြန်ပြီး၊ စကားပြောဖို့ပင် လူတစ်ယောက်မျှ မရှိဘဲ တစ်ရက်ပြီးတစ်ရက် ကျွန်တော့် အနီးတဝိုက်မှ နံရံများကို ငေးလျက် မိမိဘာသာ အစားစားခဲ့သည်။ ကျွန်တော် အလွန်အထီးကျန်သည်ဟု ခံစားခဲ့ရပြီး၊ မကြာခဏ တိတ်တဆိတ် ငိုကြွေးခဲ့သည်။ ကျွန်တော် စိတ်သောကအရောက်ဆုံးနှင့် ခိုကိုးရာ အမဲ့ဆုံး ခံစားနေရသည့်အချိန်တွင်ပင်၊ သခင်ယေရှုက သူငယ်ချင်း တစ်ယောက်အားဖြင့် ဝတ်ပြုစုဝေးပွဲတစ်ခုသို့ ကျွန်တော့်ကို ခေါ်ဆောင် ခဲ့သည်။ သခင့်နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်း၊ ဓမ္မသီချင်းများ သီဆိုခြင်းနှင့် ဝတ်ပြုစုဝေးပွဲများတွင် ဆုတောင်းခြင်းတို့မှ တစ်ဆင့် ကျွန်တော့် အထီးကျန်သော စိတ်နှလုံးသည် သခင့် နှစ်သိမ့်မှုကို ခံရ လေသည်။ ကောင်းကင်၊မြေကြီး နှင့် အရာအားလုံးတို့ကို ဘုရားသခင် က ဖန်ဆင်းတော်မူခဲ့ကြောင်းနှင့် လူသည်လည်း ဘုရားသခင်၏ ဖန်ဆင်ခြင်းဖြစ်ကြောင်းတို့ကို သမ္မာကျမ်းစာမှ ကျွန်တော် သင်ယူရ သည်။ သခင်ယေရှုသည် လူသားမျိုးနွယ်၏ ရွေးနှုတ်ကယ်တင်ခြင်း အတွက် ကားစင်တင်ခံခဲ့ရကြောင်း၊ ကျွန်တော် တို့ကို အပြစ်မှ ရွေးနှုတ်ခဲ့သူမှာ သခင်ယေရှုဖြစ်ကြောင်း နှင့် သူသည် လူသားမျိုးနွယ်၏ တစ်ပါးတည်းသော ရွေးနှုတ်သူ ဖြစ်ကြောင်းတို့ ကိုလည်း ကျွန်တော် သင်ယူခဲ့ရသည်။ အရာအားလုံးထက် ကြီးမြတ်လှသည့် သခင့် ကယ်တင်ခြင်း၏ မျက်မှောက်တော်ထဲသို့ လာရောက်လျက်၊ ကျွန်တော် က အလွန်အမင်း တို့ထိခံရပြီး၊ ကျွန်တော့် ဘဝ၏ ကျန်သည့် အချိန်များတွင် သခင့်နောက်ကို လိုက်ဖို့ သန္နိဌာန်ချမှတ် ခဲ့သည်။ ထို့ကြောင့် ကျွန်တော်သည် ကျေးဇူးတော် ချီးမွမ်းသည့်နေ့တွင် ဗိတ္တိဇံခံယူခဲ့ပြီး၊ ခရစ်ယာန်တစ်ယောက် တရားဝင် ဖြစ်လာခဲ့သည်။ ကျွန်တော်က သီချင်းဆိုရသည်ကို ကြိုက်ကာ၊ အထူးသဖြင့် ဘုရားသခင်ကို ချီးမွမ်းခြင်း ဓမ္မသီချင်းများကို သီဆိုခြင်းကို နှစ်သက်သောကြောင့်၊ ကျွန်တော် ဗိတ္တိဇံခံယူအပြီးနောက်၊ ဓမ္မတေး သံစုံကျူးအဖွဲ့ကို ပူးပေါင်းခြင်းဖြင့် အသင်းတော်အတွက် အလုပ်လုပ်ရာ တွင် တက်ကြွစွာ ပါဝင်လာခဲ့သည်။ ဘုရားသခင်၏ လမ်းပြမှုနှင့် ကောင်းကြီးမင်္ဂလာတို့ကြောင့်၊ ကျွန်တော် အေးအေးချမ်းချမ်းနှင့် ပျော်ပျော်ရွှင်ရွှင် အသက်ရှင်ခဲ့သည်။ ကျွန်တော် ဝတ်ပြုစုဝေးပွဲတစ်ခုသို့ သွားရောက်တိုင်း သို့မဟုတ် ဝတ်ပြုကိုးကွယ်ခြင်းတွင် ဘုရားသခင်ကို ချီးမွမ်းတိုင်း၊ အင်အားဖြင့် ပြည့်ဝသည်ဟု ခံစားရသည်။Read More »

ခရစ်ယာန်ဘာသာကို မည်သို့ နားလည်သင့်သနည်း

ခရစ်ယာန်ဘာသာ, နောက်ဆုံးသောကာလ, ယုံကြည်ခြင်း, သခင်ယေရှု, ဧဝံဂေလိတရား

စစ်ဝေခူ (မြူနီစပယ်ယူနိုက်တက်ရှေ့တန်းတာဝန်ဌာန၏ ဝန်ကြီး)- ငါက ညွှန့်ပေါင်းတပ်ဦးမှာ နှစ်ပေါင်းများစွာ လုပ်လာတာ၊ ဘာသာတရားတွေအများကြီးကို လေ့လာထားတယ်။ ခရစ်ယာန်၊ ကက်သလစ်၊ အော်သိုဒေါ့စ်၊ ဒီဘာသာတွေအားလုံးက ယေရှုကို ယုံကြည်တာချည်းပဲ။ ဒါပေမဲ့ မင်းတို့ရဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ကိုယုံကြည်မှုက မတူဘူး။ ပါတီမှတ်တမ်းတွေမှာ ဖော်ပြတာတော့ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ဟာ ခရစ်ယာန်ဘာသာ မဟုတ်ဘူးတဲ့။ မင်းတို့ကို ဂိုဏ်းခွဲတစ်ခုအဖြစ် အသိအမှတ်မပြုတဲ့ ခရစ်ယာန်ဂိုဏ်းခွဲ အမျိုးမျိုးဆီကို မင်းတို့က ခရစ်ယာန်အလံတော်အောက်ကနေ ဧဝံဂေလိတရား ဟောနေကြတာပဲ။ ငါကတော့ ဘယ်တော့မှ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်ခွင့်ပေးမှာ မဟုတ်ဘူး။ ခရစ်ယာန်ဘာသာပဲရမယ်။ အစိုးရရဲ့ နှိပ်ကွပ်မှုလည်း နည်းလိမ့်မယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ကိုယုံမိလို့ ထောင်ကျတယ်ဆိုရင်တော့ မင်းဘဝ ဒုက္ခရောက်ပြီပဲ။ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံတဲ့သူတွေ က နောက်ဆုံးသောကာလ ခရစ်တော်နောက်ကို လိုက်တယ်။ ခရစ်တော်ရဲ့တပည့်တော်တွေ တမန်တော်တွေ မှန်းလည်း ပါတီက သိတယ်။ ပါတီ အကြောက်ဆုံး ဖြစ်နေတာက နောက်ဆုံးသောကာလ ခရစ်တော်အားဖြင့် ဖော်ပြထားတဲ့ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ဆိုတဲ့စာအုပ်ရယ်၊ နောက်ဆုံးသောကာလ ခရစ်တော်နောက်ကို လိုက်တဲ့ အမာခံအုပ်စုရယ်ပဲ။ ခရစ်ယာန်သာသနာရဲ့ သမိုင်းကြောင်းကို ငါတို့လေ့လာပြီးပြီ။ ဂျူးတွေနဲ့ ရောမအင်ပါယာ အကြောက်ဆုံးဖြစ်ခဲ့တာလည်း ယေရှုရဲ့ တပည့်တော်တွေနဲ့ တမန်တော်တွေကိုပဲ။ ဒါကြောင့် အဲဒီလူတွေကို ဖမ်းမိတာနဲ့ ချက်ချင်း သတ်ပစ်ခဲ့တာလေ။ ဒီနေ့လို ခေတ်မျိုးမှာ နောက်ဆုံးသောကာလ ခရစ်တော် နောက်ကိုလိုက်တဲ့ ဒီအုပ်စုကို လုံးဝပိတ်ပင်ဖို့ အရေးယူ ဆောင်ရွက်တာတွေ မလုပ်ဘူးဆိုရင်၊ နှစ်အနည်းငယ် အတွင်းမှာ ဘာသာရေး အသိုင်းအဝိုင်း တစ်ခုလုံးကို သူတို့လက်အောက် သွတ်သွင်း လာလိမ့်မယ်။ တရုတ်ပြည်မှာရှိတဲ့ ခရစ်ယာန်ဂိုဏ်း တော်တော်များများလည်း အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော် လက်အောက်ကို ရောက်ကုန်ကြပြီ။ ပါတီက ဒီကိစ္စတော့ရှင်းတယ်။ ဇောင်ယွမ်အမှုမှာ စီစီပီကသာ ကြံဖန်မကြိုးစားခဲ့ဘူးဆိုရင်၊ ကမ္ဘာပေါ်က ဘာသာရေး အသိုက်အဝန်းအားလုံး အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်အောက်ကို သွတ်သွင်းခံရတဲ့နေ့မျိုးက ရောက်ပြီးနေလောက်ပြီ။ ဘာသာရေးအသိုက်အဝန်းက အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်လက်အောက်ကို ရောက်မယ်ဆိုရင်၊ စီစီပီအစိုးရအတွက် သဘောတွေ့စရာ ဖြစ်လာမှာမဟုတ်ဘူး။ အဲဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို မြန်မြန်ဆန်ဆန်ပိတ်ပင်ဖို့အတွက် ဗဟိုကော်မတီက ရှိသမျှအင်အားကို တပ်ဖြန့်ဖို့ ဆုံးဖြတ်ခဲ့တာပဲ။ အရှေ့အရပ်မှလျှပ်ပြက်ခြင်း ပေါ်ပေါက်မှုက တရုတ်ပြည် တင်မကဘူး။ တစ်ကမ္ဘာလုံးကို လွှမ်းမိုးသွားတယ်ဆိုတာ မင်းတို့ သိဖို့လိုတယ်။ ဒီလိုဖြစ်လာမှတော့ စီစီပီက မင်းတို့တွေကို ဆန့်ကျင်တဲ့ ဖိနှိပ်မှုတိုက်ပွဲကြီးကို မလုပ်ဘဲ နေနိုင်ပါ့မလား။ ဘုရားသခင်ကို ယုံမှဖြစ်မယ် ဆိုလည်း၊ ခရစ်ယာန်ဘာသာပဲဖြစ်ရမယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို မယုံနဲ့တော့ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ဆိုတာ ခရစ်ယာန်နဲ့မဆိုင်ဘူး။Read More »

Myanmar Gospel Movie(စောင့်လို့နေ)ပညာသတိရှိသော သတို့သမီး သခင်ဘုရားကို ကြိုကြတယ်။

သခင်ဘုရား ပြန်ကြွလာတဲ့အခါ တိမ်တိုက်ကို စီးပြီး ဆင်းကြွလာလိမ့်မယ်၊ ဒါမှမဟုတ် သူခိုးလိုမျိုး တိတ်တဆိတ် လျှို့ဝှက်ပြီး လာမှာလား? မှားယွင်းတဲ့ ခရစ်တော်ရဲ့ မှားယွင်းတဲ့ လမ်းပြမှုခံရမှာ သိပ်ကြောက်နေသလား၊ ဒါကြောင့်လဲ သူ့ကို ရှာဖွေကြည့်ဖို့ ငြင်းဆန်နေတာ၊ဒါမှမဟုတ် ပညာရှိ သတို့သမီးတွေလို ဘုရားသခင့် အသံတော်ကို သေချာဂရုစိုက် နားထောင်သူဖြစ်မလား၊ သူလာတဲ့အချိန် သူ့ကို ကြိုဆိုနိင်ဖို့ ဘယ်လို “စောင့်ကြည့် စောင့်နေမယ်” မလဲ။

Read More »

၁။ လူ့ဇာတိခံယူခြင်းဆိုသည်မှာ အဘယ်နည်း။ လူ့ဇာတိခံယူခြင်း၏ အနှစ်သာရမှာ အဘယ်နည်း။

ကယ်တင်ခြင်း, ခရစ်တော်, ဆုတောင်း, သခင်ယေရှု, သမ္မာတရား

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လူ့ဇာတိခံယူခြင်း၏ အဓိပ္ပာယ်မှာ ဘုရားသခင်သည် လူ့ဇာတိတွင် ပေါ်ထွန်းပြီး၊ သူ၏ ဖန်ဆင်းခံ လူသားအကြားထဲတွင် အလုပ်လုပ်ရန် လူ့ဇာတိပုံသဏ္ဌာန်ကိုဆောင်လျက် ကြွဆင်းလာခြင်းကို ဆိုလိုသည်။ ထို့ကြောင့် ဘုရားသခင်အဖို့ လူ့ဇာတိခံယူရန်မှာ ရှေးဦးစွာ သူသည် ဇာတိခန္ဓာ ဖြစ်လာရမည်၊ သာမန်လူ့သဘာဝနှင့် ဇာတိခန္ဓာ ဖြစ်လာရမည်၊ ဤအရာမှာ အခြေခံအကျဆုံးသော မရှိမဖြစ်လိုအပ်ချက်ဖြစ်သည်။ အမှန်တွင်တော့ ဘုရားသခင် လူ့ဇာတိခံယူခြင်း၏ သွယ်ဝိုက်သော အနက်အဓိပ္ပာယ်မှာ ဘုရားသခင်သည် လူ့ဇာတိထဲတွင် အသက်ရှင်၍ အလုပ်လုပ်ခြင်းပင် ဖြစ်ပြီး၊ ဘုရားသခင်သည် သူ၏ ပကတိသဘာဝ၌ လူ့ဇာတိခံယူခြင်း၊ လူသားတစ်ယောက် ဖြစ်လာခြင်းပင်ဖြစ်သည်။ သူ၏ လူ့ဇာတိခံအသက်တာနှင့် အလုပ်ကို အဆင့်နှစ်ဆင့် ခွဲခြား၍ရသည်။ ပထမအဆင့်မှာ သူ၏ အမှုတော်ကို မထမ်းဆောင်ခင် နေထိုင်ရှင်သန်ခဲ့သော အသက်တာဖြစ်သည်။ သူသည် သာမန်လူသားမိသားစု၊ အကြွင်းမဲ့ သာမန်လူ့သဘာဝဖြင့် လူ့ဘဝ၏ သာမန်ကိုယ်ကျင့်တရားများ၊ ပညတ်တရားများကို လိုက်နာရင်း၊ သာမန်လူသား လိုအပ်ချက်များနှင့် (အစားအစာ၊ အဝတ်အထည်၊ နေထိုင်စရာ၊ အိပ်ခြင်း) သာမန်လူသားအားနည်းချက်များနှင့် သာမန်လူသား စိတ်ခံစားမှုများနှင့် နေထိုင်ခဲ့သည်။ တစ်နည်းအားဖြင့်ဆိုရလျှင်၊ ဤပထမအဆင့် အတောအတွင်း သူသည် ဘုရား၏သဘောသဘာဝ မဟုတ်၊ အကြွင်းမဲ့ သာမန် လူ့သဘာဝ၌ သာမန်လူသား၏ လုပ်ငန်းဆောင်တာများ အားလုံးကို ပါဝင်လုပ်ဆောင်ရင်း အသက်ရှင်နေထိုင်သည်။ ဒုတိယအဆင့်မှာ သူ၏ အမှုတော် စတင်ထမ်းဆောင်ပြီးနောက် အသက်ရှင် နေထိုင်သည့် အသက်တာပင်ဖြစ်သည်။ သူသည် သဘာဝလွန်ဖြစ်သည့် အပြင်လက္ခဏာ ဘာမျှမပြဘဲ သာမန်လူ့ခန္ဓာ အပြင်ပန်းသဏ္ဌာန်ဖြင့် သာမန် လူ့သဘာဝထဲတွင် ကျိန်းဝပ်နေသေးသည်။ သို့သော်လည်း သူသည် သူ၏အမှုတော်အတွက်သက်သက်သာ အသက်ရှင်ပြီး၊ ထိုအချိန်အတောအတွင်း သူ၏သာမန်လူ့သဘာဝမှာ ဘုရားသဘောသဘာဝ၏ သာမန်အလုပ်အတွက် အပြည့်အဝ အစေခံရင်း အသက်ရှင်သည်၊ အဘယ်ကြောင့်ဆိုသော် သူ၏ သာမန်လူ့သဘာဝသည် ထိုအချိန်သို့ရောက်သောအခါ အမှုတော်ဆောင်နိုင်စွမ်းရှိသည့် အနေအထားအထိ ရင့်ကျက်လာပြီ ဖြစ်သောကြောင့်ဖြစ်သည်။ Read More »

စစ်မှန်သော ခရစ်တော်နှင့် ခရစ်တော်၏ အယောင်ကိုဆောင်သောသူတို့ကြား ခွဲခြားသိမြင်ရန် နည်းလမ်းကို ကျွန်မ တွေ့ရှိသည်

ဆုတောင်း, နောက်ဆုံးသောကာလ, ယုံကြည်ခြင်း, ခရစ်ယာန်, ဧဝံဂေလိတရား

ရှန်းဝမ်၊ မလေးရှား

အယ်ဒီတာ့ မှတ်စု– ယခု ကျွန်ုပ်တို့သည် သခင်၏ ပြန်ကြွလာခြင်းနှင့်ဆိုင်သော အရေးကြီးသည့် အချိန်တွင် ရောက်ရှိနေကြသည်။ ယုံကြည်သူအချို့သည် သင်းအုပ်ဆရာများနှင့် အကြီးအကဲများ ပြောသည့်အရာကို ယုံကြည်ကြသောကြောင့် ခရစ်တော်၏ အယောင်ကိုဆောင်သောသူများ၏ လှည့်ဖြားခြင်းခံရမည်ကို ကြောက်ရွံ့ကြပြီး တစ်စုံတစ်ဦးက သခင်ပြန်ကြွလာပြီဟု သက်သေခံနေသည်ကို ကြားသည့်အချိန်တွင်ပင် လမ်းခရီးကို ရှာဖွေဖို့ရန် မဝံ့မရဲဖြစ်နေသေးသည်အထိ သတိထားနေကြပြီး မတုန်မလှုပ် ဖြစ်လာကြလေသည်။ သို့ဆိုလျှင် တစ်ဦးတစ်ယောက်သည် သခင်၏ ပြန်ကြွလာခြင်းကို မည်သို့ ကြိုဆိုပြီး တစ်ချိန်တည်းမှာပင် ခရစ်တော်၏ အယောင်ဆောင်သောသူတို့ကို သတိထားနိုင်မည်နည်း။ ညီအစ်မ ရှန်းဝမ်က အဖြေကို တွေ့ရှိထားပါသည်။ ထို့ကြောင့် သူမ၏ အတွေ့အကြုံကို အတူတကွ တစ်ချက်လေ့လာလိုက်ကြပါစို့။Read More »

Myanmar Gospel Song 2019 (လူသားကို ကယ်တင်ဖို့ လူ့ဇာတိခံဘုရားသခင် တိတ်ဆိတ်စွာ အမှုတော်ဆောင်ရွက်)

Myanmar Gospel Song 2019 (လူသားကို ကယ်တင်ဖို့ လူ့ဇာတိခံဘုရားသခင် တိတ်ဆိတ်စွာ အမှုတော်ဆောင်ရွက်)

အမှုသစ် ဆောင်ရွက်ဖို့၊ ဒုစရိုက်ထဲမှ ကျွန်ုပ်တို့ကို ကယ်နုတ်ဖို့
ဘုရားသခင် လူ့ဇာတိခံယူလို့ လူတွေကြားမှာ လျှို့ဝှက်နေထိုင်ခဲ့
ဖြေရှင်းချက် ကိုသူဦးထား
သူ ပြင်ဆင်ထားသော အစီအမံအတိုင်း
အမှုကို အဆင့်ဆင့် သူ လုပ်ဆောင်


ပြစ်တင်ရှုတ်ချခြင်း၊ သတိပေးခြင်းနဲ့ နှစ်သိမ့်ခြင်းများ ပြုနေရင်း
နှုတ်ကပတ်တရားများ တစ်နေ့ထက်တစ်နေ့ တိုးပွား
သိမ်မွေ့ ကြင်နာခြင်းမှ ခက်ထန် ထည်ဝါခြင်းသို့
နှုတ်ကပတ်တရားများ ကရုဏာနဲ့ကြောက်ရွံ့မှုကို မွေးမြူပေးနေ
သူ ပြောသမျှ ကျွန်ုပ်တို့၏ အနက်နဲဆုံး လျှို့ဝှက်မှုများကို ဖော်ထုတ်
နှုတ်ကပတ်တရားများ ကျွန်ုပ်အထဲ စူးဝင်နိုင်၍ အရှက်ရစေ
သူ၏သက်စfမ်းရေကို အဆုံးမဲ့ ပေးနေ
သူ့ကျေးဇူးကြောင့် ကျွန်ုပ်တို့ ဘုရားသခင်နဲ့ မျက်နှာချင်းဆိုင် နေခွင့်ရ
အမှုသစ် ဆောင်ရွက်ဖို့၊ ဒုစရိုက်ထဲမှ ကျွန်ုပ်တို့ကို ကယ်နုတ်ဖို့
ဘုရားသခင် လူ့ဇာတိခံယူလို့ လူတွေကြားမှာ လျှို့ဝှက်နေထိုင်ခဲ့
ဖြေရှင်းချက် ကိုသူဦးထား
သူ ပြင်ဆင်ထားသော အစီအမံအတိုင်း
အမှုကို အဆင့်ဆင့် သူ လုပ်ဆောင်

Read More »

Myanmar Gospel Movie (ပြောင်းလဲခြင်းအခါသမယ) Revealing the Mysteries of the Bible

ကောင်းကင်နိုင်ငံတော်ဆီသို့ ချီဆောင်ခံရရန် ဘုရားသခင်၏အလိုတော်ကို ကျွန်ုပ်တို့ မည်သို့ဆောင်ရွက်သင့်သနည်း။

များစွာသော ညီအစ်ကိုမောင်နှမတို့ ထင်ကြသည်မှာ ကိုယ်တော်ကိုယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်ရှိပြီး၊ ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းကိုရရှိပြီ။ အပြစ်များကို ကျူးလွန်နေတတ်သေးသော်လည်း ကိုယ်တော်သည် ကျွန်ုပ်တို့၏အပြစ်များကို ခွင့်လွတ်ထားပြီးဖြစ်သည်။ သို့ဖြစ်၍ ကိုယ်တော်ပြန်ကြွလာချိန်တွင် ကျွန်ုပ်တို့၏သဏ္ဍာန်ကို ခဏတာအတွင်းတွင် သန့်စင်ပေးပြီး ကောင်းကင်နိုင်ငံတော်သို့ချီဆောင်ခြင်းကို ရရှိမှာဖြစ်ပါတယ်။ သို့သော် အချို့သော ညီအစ်ကိုမောင်နှမတို့က မေးကြသည်မှာ — သခင်ယေရှုကပြောသည် “သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။” (ရှင်မဿဲခရစ်ဝင် – ရး၂၁) ကိုယ်တော်၏သွန်သင်ချက်ကို လိုက်နာပြီး ဘုရားသခင်၏အလိုကိုဆောင်သောသူ ဖြစ်မှသာလျှင် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်မည်ဖြစ်သည်။ ယင်းက သခင်ယေရှုသတ်မှတ်ထားသော ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်မည့် တစ်ခုတည်းသော စံညွှန်းဖြစ်သည်။ ကျွန်ုပ်တို့သည် ကိုယ်တော်ကိုယုံကြည်ခဲ့သည်မှာ နှစ်ပေါင်းမနည်းတော့ပါ။ သို့သော်လည်း အမြဲတစေလိမ်လည်ကာ အပြစ်များကိုကျူးလွန်ပြီး ကိုယ်တော်၏သွန်သင်ချက်များကို ပြစ်မှားနေဆဲပင်ဖြစ်သည်။ မည်သည့်အခါမျှ ဘုရားသခင်၏အလိုတော်ကို ဆောင်နေခြင်းလည်းမဟုတ်ပေ။ ဤသို့သောသူသည် တကယ်ပဲ ကောင်းကင်နိုင်ငံတော်သို့ ချီဆောင်ခြင်းကိုရရှိနိုင်ပါသလား။ သို့ဖြစ်ကာ ဘယ်ယူဆချက်က ဘုရားသခင်၏အလိုတော်နှင့် ကိုက်ညီသလဲ။ မည်သို့မှသာလျှင် ကျွန်ုပ်တို့သည် ကောင်းကင်နိုင်ငံတော်သို့ ချီဆောင်းခြင်းကိုရရှိမည်နည်း။ (ပြောင်းလဲခြင်းအခါသာမယ ) ကိုကြည့်ရှုပါ။ ကောင်းကင်နိုင်ငံတော်သို့ချီဆောင်ခြင်း ရရှိနိုင်မည့် နည်းလမ်းကို ကျွန်ုပ်တို့အား ဖော်ထုတ်ပေးမှာဖြစ်ပါတယ်။

Read More »