Myanmar Gospel Movie (ဒီလောက် သာယာလိုက်တဲ့ အသံ) ဘုရားသခင်ရဲ့လုပ်ဆောင်မှုတွေ နှုတ်ကပတ်တော်တွေဟာ သမ္မာကျမ်းစာအပြင် မရှိတော့ဘူးလား – အပိုင်း (၃)

ဘာသာရေးအသိုင်းအဝိုင်းကလူအများစုဟာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်အားလုံး သမ္မာကျမ်းစာထဲမှာပဲရှိပြီး သမ္မာကျမ်းစာကလွဲပြီး တခြားနေရာတွေမှာ ဘုရားသခင်ရဲ့လုပ်ဆောင်မှုတွေနှုတ်ကပတ်တော်တွေမရှိဘူးလို့ ယုံကြည်နေကြပါတယ်။ ကိုယ်တော် ပြန်ကြွလာခြင်းနဲ့ ပတ်သက်တဲ့ သူ့ရဲ့စကားတော်တွေကို သမ္မာကျမ်းစာပြင်ပမှာ သူတို့ မရှာဖွေခဲ့ကြပါဘူး။ သူတို့ဒီလိုအတွေးတွေနဲ့ သခင်ပြန်လာတဲ့အခါ ခရီးဦးကြိုပြုနိုင်ပါ့မလား။ ဘုရားသခင်ကို သမ္မာကျမ်းစာထဲမှာပဲ စကားတွေမိန့်ကြားဖို့ ကန့်သတ်လို့ရနိုင်ပါသလား။ သမ္မာကျမ်းစာမှာ ဆိုထားပါတယ် “ယေရှုပြုတော်မူသော အခြားအမှုအရာအများ ရှိ သေး၏။ ထိုအမှုအရာရှိသမျှတို့ကို အသီးအခြားရေးထားလျှင်၊ မြေကြီးမဆံ့နိုင်အောင် ကျမ်းစာများပြားလိမ့်မည် ဟု ထင်မှတ်ခြင်းရှိ၏” (ရှင်ယောဟန် ၂၁:၂၅ )။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေမှာ “သမ္မာကျမ်းစာထဲတွင် မှတ်သားထားသည်များ အားလုံးသည် အကန့်အသတ်ရှိပြီး၊ ဘုရားသခင်၏ လုပ်ဆောင်မှု အားလုံးကို ကိုယ်စားမပြုနိုင်ပေ။“ဟု မိန့်ဆိုခဲ့ပါတယ်။ (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) မှ

Read More »

Myanmar Gospel Crosstalk (သခင်ကအမှန်တကယ် ဘယ်လို ကြွလာသလဲ)

      နောက်ဆုံးသောကာလတွင် သခင်ယေရှု ပြန်လည်ကြွလာခြင်းအား စောင့်ဆိုင်းနေကြသည့် ခရစ်ယာန်များ၏ စိတ်ခံစားချက်မှာ ပို၍ ပြင်းထန်လာနေသည်။ သို့သော် သခင်သည် မည်ကဲ့သို့သော ပုံစံဖြင့် ပြန်လာမည်နည်း။ အချို့က ပြောသည်၊ “သခင်ယေရှုက မိုးတိမ်ကို စီးပြီး ကြွလာလိမ့်မယ်။” တခြားလူတွေက ဤသို့ ပြောပြန်သည်၊ “ကိုယ်တော် ကြွလာခြင်းကို ဟောကိန်းထုတ်ထားတဲ့ ပရောဖက်ပြုချက်တွေမှာ ဒီလို ဖော်ပြထားတယ်၊ ‘သူခိုးကဲ့သို့ ငါလာ၏’ (ဗျာဒိတ်ကျမ်း ၁၆:၁၅)၊ ‘ထိုသို့မဖြစ်မီ သူသည် များစွာသော ဆင်းရဲဒုက္ခကို၎င်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကို၎င်း ခံရမည်’ (ရှင်လုကာခရစ်ဝင်ကျမ်း ၁၇:၂၅) ‘သန်းခေါင်ယံ၌ ကြည့်ပါ၊ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှါ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်’ (ရှင်မဿဲခရစ်ဝင်ကျမ်း ၂၅:၆)။ လူအားလုံး မြင်စေဖို့အတွက် မိုးတိမ်စီးပြီး ကြွလာမယ်ဆိုရင်၊ ကိုယ်တော်က တိတ်တဆိတ် ကြွလာမယ်ဆိုတာတွေ၊ ဒုက္ခတွေ ခံစားပြီး ငြင်းပယ်ခြင်း ခံရမယ်ဆိုတာတွေအပြင်၊ တခြားလူတွေက ကိုယ်တော် ပြန်လည်ကြွလာခြင်းကို သက်သေခံကြလိမ့်မယ်ဆိုတဲ့ လျှို့ဝှက်နက်နဲမှုကို ဘယ်လိုရှင်းပြကြမလဲ။” သခင်သည် ကျွန်ုပ်တို့ထံ မည်သို့ ပေါ်ထွန်းလာမည်နည်း။ ‘သခင်က အမှန်တကယ် ဘယ်လို ကြွလာသလဲ’ ဟူသော ဟာသစကားပြောပွဲသည် ဤပြဿနာနှင့်ပတ်သက်သည့် ကျွန်ုပ်တို့၏ သံသယတို့ကို ဖြေရှင်းပေးရန် ကြိုးစားထားပါသည်။

Read More »

၁။ လူသားမျိုးနွယ်ကို စီမံခြင်းအမှုမှာ မည်သည့်အမှုဖြစ်သနည်း။

ကယ်တင်ခြင်း, ဆုတောင်းခြင်း, ထာဝရအသက်, သက်သေခံချက်, ဧဝံဂေလိတရား

အခန်း သုံး ဘုရားသခင် အလုပ်၏ အဆင့်သုံးဆင့်နှင့် ပတ်သက်သည့် သမ္မာတရားများကို သင်သိရမ

၁။ လူသားမျိုးနွယ်ကို စီမံခြင်းအမှုမှာ မည်သည့်အမှုဖြစ်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လူသားမျိုးနွယ်အား စီမံခန့်ခွဲခြင်းအမှုကို အဆင့်သုံးဆင့်ခွဲထား၏။ ဆိုလိုသည်မှာ လူသားမျိုးနွယ်အား ကယ်တင်ခြင်းအမှုကို အဆင့်သုံးဆင့် ခွဲထားခြင်းဖြစ်သည်။ ဤအဆင့်သုံးဆင့်တွင် ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းအမှု မပါဘဲ၊ ထိုအဆင့်တို့မှာ ပညတ်တော်ခေတ်၊ ကျေးဇူးတော်ခေတ်နှင့် နိုင်ငံတော်ခေတ်အမှု၏ အဆင့်သုံးဆင့်တို့ဖြစ်ကြ၏။ ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းအမှုသည် လူသားမျိုးနွယ်တစ်ရပ်လုံးကို ထုတ်လုပ်ခြင်းအမှုဖြစ်၏။ ထိုအမှုမှာ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု မဟုတ်ဘဲ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှုနှင့် လုံးဝဆက်စပ်ခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာမြေကြီးကို ဖန်ဆင်းချိန်၌ လူသားသည် စာတန်၏ ဖျက်ဆီးခြင်းကို မခံရသေးသဖြင့် လူသားမျိုးနွယ်အား ကယ်တင်ခြင်းအမှုကို ဆောင်ရွက်ရန် မလိုအပ်ခဲ့ပေ။ လူသားမျိုးနွယ်သည် စာတန်၏ ဖျက်ဆီးခံရသည့်အခါတွင်မှ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု စတင်ခဲ့သည်။ ထို့ကြောင့် လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း အမှုသည်လည်း လူသားမျိုးနွယ်အနေနှင့် ဖျက်ဆီးခံရပြီးသည့်အခါတွင်မှ စတင်ခဲ့သည်။ တစ်နည်းအားဖြင့်ဆိုလျှင် ဘုရားသခင်၏ လူသားအပေါ်စီမံခန့်ခွဲခြင်းသည် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု၏ ရလဒ်အဖြစ် စတင်ခဲ့ခြင်းဖြစ်ပြီး၊ ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းအမှုမှ ပေါ်ပေါက်လာခြင်း မဟုတ်ပေ။

Read More »

Myanmar Gospel Skit (အမွန္ဆိုတာ အမွား မဟုတ္နိုင္ပါ) How to Discern the True Christ and False Christs

ကယ်တင်ခြင်း

သခင်ယေရှုက “ငါသည် အလျင်အမြန် လာမည်” (ဗျာဒိတ် ၂၂:၁၂) ဟုဆိုခဲ့သည်။ နောက်ဆုံးသောကာလသည် သခင်၏ ပြန်လာခြင်းကို လက်ခံဖို့ရန် အရေးကြီးဆုံးသော အချိန်ဖြစ်သည်။ ဘာသာရေးဂိုဏ်းခွဲမှ ယုံကြည်သူ ကျန်းဟောင်အန်းသည် ဇနီးဖြစ်သူက သခင် ပြန်ကြွနေပြီဟူ၍ သက်သေခံသည်ကို ကြားရသောအခါ၊ သူက ရှာဖွေစူးစမ်းချင်သည်။ သို့ရာတွင် သူ၏ အသင်းတော်မှ သင်းအုပ်ဖြစ်သူက သူ့အား ဟန့်တားရန် အကြိမ်ကြိမ် ကြိုးစားလေသည်။ “အကြောင်းမူကား၊ ခရစ်တော်၏အယောင်ကို ဆောင်သောသူနှင့် မိစာၦပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသော နိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို ပြကြလိမ့်မည်။” (မဿဲ ၂၄:၂၄) ဟူသော သမ္မာကျမ်းစာပိုဒ်ကို ဟောပြော၍၊ သခင် ပြန်လာခြင်းအကြောင်း ဟောပြောသူတိုင်းသည် အတုအယောင်ဖြစ်သည်ဟု ပြောဆိုသောကြောင့်၊ ကျန်းဟောင်အန်းအား စိတ်ရှုပ်ထွေးစေခဲ့သည်။ သူ့ဇနီး၏ မိတ်သဟာယမှတစ်ဆင့်၊ ခရစ်တော်အစစ်အမှန်နှင့် ခရစ်တော်အတုအယောင်တို့ကို ခွဲခြားခြင်းနှင့်ဆိုင်သော သမ္မာတရား၏ လက္ခဏာသွင်ပြင်တို့ကို သူ နားလည်နိုင်လာပြီး၊ နောက်ဆုံးတွင် စိတ်ရှုပ်ထွေးမှုမှ သူ့ကိုယ်သူ ရုန်းထွက်လေသည်။ ယခု ဟာသပြဇာတ်တို ‘အမှန်ဆိုတာ အမှား မဟုတ်နိုင်ပါ’ ကို ကျေးဇူးပြု၍ ခံစားကြည့်ကြပါ။

Read More »

Myanmar Worship 2020 (လူသားအတွက်ဘုရားသခင် လုပ်ဆောင်သမျှတိုင်းသည် စိတ်ရင်းမှန်ဖြင့်လုပ်ဆောင်ခြင်းဖြစ်၏)

ဘုရားသခင်လုပ်ဆောင်သမျှတိုင်းသည်လက်တွေ့ကျပြီးသူလုပ်ဆောင်သည့်
မည်သည့်အရာမျှအနှစ်မမဲ့ပါ။
မိမိကိုယ်ကိုယ်သာမန်လူတစ်ဦးအဖြစ်နှိမ့်ချရင်း၊
လူသားတို့ကြားဘုရားသခင်ကြွလာသည်။
အမှုအနည်းကိုလုပ်ဆောင်ပြီးစကားအနည်းငယ်ပြောပြီးနောက်သူမစွန့်ခွာပါ၊
ထို့ထက်၊ လောက၏ဆင်းရဲဒုက္ခကိုတွေ့ကြုံဖို့လူသားများကြားသူအမှန်တကယ်ကြွလာသည်။
လူသားမျိုးနွယ်အတွက်ခရီးပန်းတိုင်တစ်ခုအတွက်ဖလှယ်ရာတွင်သူကိုယ်တိုင်၏
ဆင်းရဲဒုက္ခအတွေ့အကြုံနှင့်ဆိုင်သည့်အဖိုးအခကိုသူပေးလေသည်။
ဤသည်မှာလက်တွေ့ကျသောအမှုဖြစ်သည်မဟုတ်သလော။
မိဘများသည်၎င်းတို့သားသမီးများဖို့အလို့ငှာလေးနက်သောအဖိုးအခတစ်ခုကိုပေးနိုင်ကြပြီး၊
ဤအရာက၎င်းတို့၏စိတ်ရင်းမှန်ဖြင့် လုပ်ဆောင်ခြင်းကိုကိုယ်စားပြုသည်။
ဟုတ်ပေ၏၊ ဤအရာလုပ်ဆောင်ခြင်းဖြင့်၊ လူ့ဇာတိခံဘုရားသည်
လူသားမျိုးနွယ်အဖို့စိတ်ရင်းအမှန်ဆုံးနှင့်သစ္စာအရှိဆုံးဖြစ်လေသည်။
ဘုရားသခင်၏ အနှစ်သာရမှာ သစ္စာနှင့်ပြည့်ဝသည်၊
သူပြောသည့်အတိုင်း သူပြုပြီး သူပြုသမျှ ဖြစ်မြောက်သည်။Read More »

သန့်ရှင်းသောဝိညာဉ်တော်သည် အခြေခံသဘောတရားအရ အလုပ်လုပ်သည်

ဆုတောင်း, ယုံကြည်ခြင်း, ဝိညာဉ်တော်, သက်သေခံချက်, အသက်

ကင်ရှပ်တင်၊ ရှန်ဒေါင်စီရင်စု

အချိန်အတော်ကြာသည်အထိ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအား ကျွန်မဖတ်သည့်အချိန်တိုင်း၊ ကျွန်မသည် အလင်းကို မခံစားရပေ။ ကျွန်မမှာ ထိုအကြောင်းအရာအတွက် အလေးအနက်ပြန်လှန်သုံးသပ် ခဲ့ခြင်းမရှိ ့သော်လည်း ဘုရားသခင်အား ဆက်လက်၍သာ ဆုတောင်းနေခဲ့ပြီး၊ သူ့အား ကျွန်မကို ဉာဏ်အလင်းပေးဖို့ရန် တောင်းလျှောက်နေခဲ့သည်။ သို့သော်လည်း ထို့နောက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မဖတ်ရှုသော အချိန်တွင်၊ ကျွန်မထံ၌ ဉာဏ်အလင်း ရရှိခြင်း မရှိသေးပေ။ ထို့ကြောင့် ကျွန်မသည် “ဘုရားသခင်အတွက် လူသားတစ်ဦးစီတိုင်းအား ဉာဏ်အလင်းပေးသော အချိန်ရှိသည်၊ ထို့ကြောင့် ၎င်းကို အလောတကြီး ကြိုးစားလုပ်ဆောင်ရာတွင် အသုံးမဝင်” ဟုတွေးတော မိခဲ့သည်။ ထို့နောက်၊ အဆောတလျင်မပြုပဲ ဖြည်းဖြည်းချင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီး၊ စိတ်ရှည်စွာဖြင့် ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းကို စောင့်ဆိုင်းနေခဲ့သည်။Read More »

ဘုရားသခင်၏ စကားတော် | သမ္မာတရားအား လက်တွေ့ကျင့်သုံးခြင်းသည်သာလျှင် စစ်မှန်မှုအား ပိုင်ဆိုင်ခြင်းဖြစ်သည်

စမ်းသပ်, ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ, ယုံကြည်သူ, သက်သေခံချက်, အသက်

ဘုရားသခင်၏ နှုတ်ကပတ်တော်များအား ကွက်ကွက်ကွင်းကွင်း ရှင်းပြနိုင်ခြင်းက သင်သည် စစ်မှန်မှုကို လက်ဝယ်ရရှိပြီဟု မဆိုလိုပါ၊ အမှုအရာများသည် သင်ထင်မှတ်ထားခဲ့နိုင်သလို မရိုးစင်းပေ။ စစ်မှန်မှုကို သင်လက်ဝယ်ရရှိမရှိဟူသည် သင်ပြောဆိုသည့်အရာအပေါ် အခြေမခံ၊ ထို့ထက် ထိုအရာသည် သင်အသက်ရှင်နေထိုင်မှုအပေါ် အခြေခံသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များက သင်၏အသက်တာနှင့် သင်၏ပင်ကိုဖော်ပြချက် ဖြစ်လာသောအခါ၊ ဤသည်ကိုသာ စစ်မှန်မှုအဖြစ် လက်ခံနိုင်သည်၊ ဤသည်ကိုသာ သင်သည် သိနားလည်မှုနှင့် စစ်မှန်သော ၀ိညာဉ်အသက်တာတို့ကို ပိုင်ဆိုင်သည်ဟု လက်ခံနိုင်သည်။ သင်သည် စစ်ဆေးခြင်းကို အချိန်ကာလကြာမြင့်စွာ ကြံ့ကြံ့ခံနိုင်ရမည်ဖြစ်ကာ၊ ဘုရားသခင်အလိုရှိသည့် ပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်နိုင်ရမည်၊ ယင်းသည် ဟန်ပြခြင်းမျှသာ မဖြစ်ရဘဲ ယင်းသည် သင့်အထဲမှ သဘာဝအလျောက် ထွက်ပေါ်လာရပါမည်။ ထိုအခါမှသာ သင်သည် စစ်မှန်မှုကို အမှန်တကယ်ပိုင်ဆိုင်လိမ့်မည်၊ ထိုအခါမှသာ သင်သည် အသက်တာကို ရရှိပြီးဖြစ်လိမ့်မည်။ လူတိုင်းနှင့် ရင်းနှီးသည့်၊ အစေခံသူတို့၏ စစ်ဆေးခံရခြင်းအား ဥပမာအဖြစ် ငါအသုံးပြုမည်။Read More »

Full Myanmar Movie – ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းမွန်ပါသည်

လူအများတို့ ထင်ကြသည်မှာ “ပိုက်ဆံသည်အမြင့်မားဆုံး”“ပိုက်ဆံသည် အရာအားလုံးကို မတတ်စွမ်းနိုင်သော်လည်း ပိုက်ဆံမရှိလျှင် မည်သည့်အရာကိုမျှ မတတ်စွမ်းနိုင်ပါ”ပိုက်ဆံရှိမှ ပျော်ရွှင်မည်။ဒါဆိုရင် ပိုက်ဆံရှိတဲ့သူတွေ တကယ်ပဲ ပျော်ရွှင်မှုရှိသလား။«ဘုရားသခင်ကိုယုံကြည်ခြင်းသည် ကောင်းမွန်ပါသည်»ရုပ်ရှင်ထဲရှိ ဇာတ်ကောင်သည် ဘဝရှင်သန်ဖို့ရန်အတွက် ငွေများချေးကာ နိုင်ငံခြားထွက်ပြီး ကြိုးပမ်းခဲ့သည်။သို့သော် သူရှာသောပိုက်ဆံများတဖြည်းဖြည်း များလာသောအချိန်တွင် အနာရောဂါတစ်ခုဖြစ်ခြင်းကြောင့် တစ်သက်လုံး ခြေလက်အင်္ဂါသေခြင်း ဖြစ်တော့မလို့ပဲ၊ဤသို့ ရောဂါဝေဒနာများကို ခံစားရပြီးနောက်တွင် သူမသည် ပျော်ရွှင်မှုကို မည်သို့ရှာဖွေတွေ့ရှိခဲ့သနည်း။ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းမွန်ပါသည်ဟုလည်း သူမသည် မည်သို့သဘောပေါက်ခဲ့သနည်း။

Read More »

၂။ ဘုရားသခင်သည် အဘယ်ကြောင့် လူတို့ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမရသနည်း။

နောက်ဆုံးသောကာလ, ယုံကြည်ခြင်း, သက်သေခံချက်,

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ယေရှုသည် လူသားတို့အကြားတွင် အလုပ်များစွာ လုပ်ခဲ့သော်လည်း သူသည် လူသားမျိုးနွယ် အားလုံးအတွက် ရွေးနုတ်ကယ်တင်ခြင်းကိုသာ ပြီးမြောက်စေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်ခဲ့သည်။ သို့သော် လူသားတို့၏ ယိုယွင်းပျက်စီးသော စိတ်သဘောထားကို ပယ်ရှင်းမပေးခဲ့ပါ။ စာတန်၏ လွှမ်းမိုးမှုမှ လူသားများကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုကို အပြစ်ဖြေရာယဇ်အဖြစ် လူသားတို့၏ အပြစ်များကို ယူဆောင်သွားရန် လိုအပ်သည်သာမက စာတန်ယိုယွင်းဖျက်ဆီးခဲ့သော လူသားတို့၏ စိတ်သဘောထားကို လုံးဝပယ်ရှင်းရန် ဘုရားသခင်၏ ပိုကြီးမြတ်သော အမှုလည်း လိုအပ်သည်။ ထို့ကြောင့် လူသားတို့သည် မိမိတို့အပြစ်မှ ခွင့်လွှတ်ခြင်းခံရပြီးနောက် ဘုရားသခင်သည် လူသားတို့ကို ခေတ်သစ်တစ်ခုဆီသို့ ဦးဆောင်ခေါ်သွားရန် လူ့ဇာတိအဖြစ် ပြန်ကြွလာခဲ့ပြီး ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအလုပ်ကို စတင်ခဲ့ကာ ထိုအလုပ်သည် လူသားတို့အား ပိုမိုကြီးမြတ်သော နယ်ပယ်တစ်ခုဆီသို့ ဆောင်ကြဉ်းခဲ့သည်။ သူ၏အုပ်စိုးမှုကို နာခံသူအားလုံးသည် ပိုမြင့်သော သမ္မာတရားနှင့် ပိုကြီးမြတ်သော ကောင်းချီးများကို ခံစားရလိမ့်မည်။ သူတို့သည် အလင်းတွင် အမှန်တကယ် နေထိုင်ရမည်ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကိုလည်း ရကြလိမ့်မည်။Read More »

အမှုတော်၌ ပူးပေါင်းဆောင်ရွက်ခြင်း၏ အရေးပါမှု

ကယ်တင်ခြင်း, ခရစ်ယာန်, ဆုတောင်း, သက်သေခံချက်, အသင်းတော်

မီကျယ်၊ ရှန်ဒုံစီရင်စု

အသင်းတော်သည် ရာထူးနေရာအားလုံးတွင်ရှိသည့် အသင်းတော်ခေါင်းဆောင်များကို တွဲဖက်တစ်ယောက်စီ ရှာစေသည့် အလုပ်အစီအစဉ်တစ်ခု ထုတ်ပြန်ခဲ့သည်။ (လုပ်ဖော်ကိုင်ဖက်တစ်ဦးက အသင်းတော်ခေါင်းဆောင်များ နှင့်တွဲဖက် လုပ်ဆောင်ရန်)။ ထိုအချိန်၌ ထိုအမှုအရာသည် ကောင်းမွန်သော အစီအစဉ်တစ်ရပ်ဖြစ်သည်ဟု ကျွန်မတွေးမိသည်။ ကျွန်မသည် အရည်အချင်း နည်းပါးသူတစ်ဦးဖြစ်သည့်အတွက် အသင်းတော်ဆိုင်ရာလုပ်ငန်း အမျိုးမျိုးကို ပြီးစီးဖို့ရန် ကျွန်မကိုကူညီမည့်သူ လုပ်ဖော်ကိုင်ဖက်တစ်ဦး အမှန်တကယ် လိုအပ်နေသည်။Read More »