ခရစ်ယာန်သီချင်း | လူ့ဇာတိခံယူခြင်း၏ အဓိပ္ပာယ်

ခရစ်ယာန်သီချင်း | လူ့ဇာတိခံယူခြင်း၏ အဓိပ္ပာယ်

Myanmar Christian Song | လူ့ဇာတိခံယူခြင်း၏ အဓိပ္ပာယ်


လူ့ဇာတိခံယူခြင်းဆိုတာ ဘုရားဝိညာဉ်၊
ဘုရား ကိုယ်တိုင် လူ့ဇာတိခံခြင်းဖြစ်။
လူ့ခန္ဓာဖြင့် အမှုတော်ဆောင်ခြင်းသည်
လူ့ခန္ဓာ၌ အကောင်ထည်ဖော်ပြီး၊
လူ့ခန္ဓာဖြင့် ဖွင့်ပြသော ဝိညာဉ်တော်၏ အမှုဖြစ်
လူ့ဇာတိခံသောဘုရား၏ သာသနာကို
ဘုရား ခန္ဓာမှအပ ဘယ်သူမှ မဖြည့်စွမ်းနိုင်
လူ့ဇာတိခံထားသော ဘုရား၏ ခန္ဓာ၊ သာမန်လူ့သဘာဝ သာ
အံ့ဖွယ် အမှုပြုနိုင်သည်
ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း အဓိပ္ပာယ် မှာ
သာမန်ဖြစ်သော ပုံမှန်လူတစ်ယောက် ဘုရား၏အမှုကို လုပ်ဆောင်၊
သူ၏ အံ့ဖွယ်အလုပ် လူတို့ထဲ၌ လုပ်ဆောင်ကာ
စာတန်ကို နှိမ်နင်းခြင်းဖြစ် သည်

Read More »

ဘုရားသခင်၏ စကားတော် | စုံလင်ခြင်းသို့ ရောက်သော သူများသာ အဓိပ္ပါယ်ရှိသော အသက်တာဖြင့် အသက်ရှင်နိုင်သည်

ဘုရားသခင်၏ စကားတော် | စုံလင်ခြင်းသို့ ရောက်သော သူများသာ အဓိပ္ပါယ်ရှိသော အသက်တာဖြင့် အသက်ရှင်နိုင်သည်

အမှန်အားဖြင့် ယခု လုပ်ဆောင်ပြီးသော အလုပ်မှာ လူတို့အနေဖြင့် စာတန်ကို စွန့်လွှတ်ရန်၊ ၎င်းတို့၏ ဘိုးဘေးဘီဘင်ဟောင်းကို စွန့်လွှတ်ရန် ဖြစ်သည်။ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်း အားလုံးသည် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးတတ်သော စိတ်သဘောထားကို ဖော်ထုတ်ရန်နှင့် အသက်၏ အနှစ်သာရကို လူတို့နားလည်စေရန် ရည်ရွယ်ခြင်း ဖြစ်သည်။ ထပ်တလဲလဲဖြစ်သော အဆိုပါတရားစီရင်ခြင်းများသည် လူတို့၏ စိတ်နှလုံးများကို ထိုးဖောက်သည်။ တရားစီရင်ခြင်းအားလုံးသည် လူတို့၏ ကံကြမ္မာအပေါ် တိုက်ရိုက်အကျိုးသက်ရောက်ပြီး၊ ၎င်းတို့၏ စိတ်နှလုံးကို ထိခိုက်နာကျင်စေရန် ရည်ရွယ်ခြင်းဖြစ်သောကြောင့်၊ ၎င်းတို့သည် ထိုအရာများ အားလုံးကို လက်လွှတ်နိုင်ကာ အသက်အကြောင်း သိလာမည်၊ ညစ်ညူးသော ဤကမ္ဘာကြီးအကြောင်း သိလာမည်၊ ထို့အပြင် ဘုရားသခင်၏ ဉာဏ်ပညာနှင့် အနန္တတန်ခိုးအကြောင်းကိုလည်း သိလာပြီး၊ စာတန်၏ ဖျက်စီးခြင်းခံထားရသော ဤလူသားတို့အကြောင်း သိလာမည်ဖြစ်သည်။ ဤကဲ့သို့ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမျိုး သာ၍များလေလေ၊ လူ၏ စိတ်နှလုံးအား ပို၍ ထိခိုက်နာကျင်စေနိုင်လေဖြစ်ပြီး၊ သူ၏ဝိညာဉ်ကို ပို၍ နိုးထစေနိုင်လေဖြစ်သည်။ ဤကဲ့သို့သော တရားစီရင်ခြင်းမျိုး၏ ရည်မှန်းချက်မှာ အလွန့်အလွန် ဖောက်ပြန်ပျက်စီးနေပြီး အနက်ဆုံးအထိ လှည့်ဖြားခြင်း ခံထားရသော အဆိုပါ လူတို့၏ ဝိညာဉ်များကို နိုးထပေးရန် ဖြစ်သည်။ လူ၌ ဝိညာဉ်မရှိ၊ ဆိုလိုသည်မှာ၊ သူ၏ဝိညာဉ်သည် ကုန်လွန်ခဲ့သော အတိတ်တွင် သေဆုံးခဲ့ပြီ၊ သူသည် ကောင်းကင်ဘုံရှိကြောင်းကို မသိ၊ ဘုရားသခင်တစ်ပါးရှိကြောင်းကို မသိပေ၊ ထို့ပြင် သေခြင်းတရား၏ ချောက်နက်ကြီးထဲတွင် သူရုန်းကန်နေမှန်း သူမသိမည်မှာ ကျိန်းသေပါသည်၊ သူသည် ဤကမ္ဘာကြီးပေါ်ရှိ ဆိုးယုတ်သော ငရဲထဲတွင် အသက်ရှင်နေကြောင်း မည်သို့သိမည်နည်း။ စာတန်ဖျက်ဆီးခြင်း ခံထားရသည့် သူ၏ပုပ်စပ်သော ဤအသေကောင်သည် သေမင်း၏ မရဏနိုင်ငံသို့ ကျရောက်နေကြောင်း သူမည်သို့သိမည်နည်း။ ကမ္ဘာမြေကြီးပေါ်ရှိ အရာခပ်သိမ်းသည် ပြုပြင်၍ မရနိုင်လောက်အောင် လူသားတို့၏ ဖျက်ဆီးခြင်းကို ခံနေရသည်မှာ ကြာပြီဖြစ်ကြောင်း သူမည်သို့သိမည်နည်း။ ထို့အပြင် ဖန်ဆင်းရှင်သည် ကမ္ဘာမြေကြီးပေါ်သို့ ယနေ့ကြွလာကာ သူကယ်တင်နိုင်မည့် ဖောက်ပြန်ပျက်စီးသော လူတစ်စုကို ရှာဖွေနေကြောင်းကို သူမည်သို့သိမည်နည်း။ လူတို့သည် ဖြစ်နိုင်သော စစ်ဆေးခြင်းနှင့် တရားစီရင်ခြင်း အားလုံးကို ကြုံခဲ့ပြီးလျှင်ပင်၊ သူတို့၏ လေးလံထုံထိုင်းသော အသိစိတ်သည် အနည်းငယ်မျှသာ နိုးကြားပြီး၊ တုံ့ပြန်ခြင်း မရှိသလောက် ဖြစ်နေသည်။ လူသားမျိုးနွယ်သည် အလွန်ကျဆင်းယိုယွင်းနေပါတကား။ ဤကဲ့သို့သော တရားစီရင်ခြင်းမျိုးသည် မိုးကောင်းကင်မှ ကျလာသော ရက်စက်ကြမ်းတမ်းသည့် မိုးသီးသဖွယ်ဖြစ်သော်လည်း၊ ၎င်းသည် လူသားတို့အတွက် အကြီးမားဆုံးသော အကျိုးပေးသည့်အရာဖြစ်သည်။ လူတို့ကို ဤသို့တရားမစီရင်ပါက ရလဒ်ရှိလာမည် မဟုတ်ဘဲ၊ လူတို့ကို ဒုက္ခဆင်းရဲ ချောက်နက်ထဲမှ ကယ်တင်ရန် လုံးဝဖြစ်နိုင်ခြေရှိမည် မဟုတ်ပါ။ အကယ်၍ ဤအမှုကြောင့်သာ မဟုတ်လျှင်၊ လူတို့၏ စိတ်နှလုံးသည် လွန်လေပြီးသော အတိတ်ကတည်းက သေဆုံးနေခဲ့ပြီး ၎င်းတို့၏ ဝိညာဉ်များသည်လည်း စာတန်၏ နင်းခြေမှုကို ခံနေရသည်မှာ အချိန် ကြာမြင့်နေပြီ ဖြစ်သောကြောင့် သူတို့သည် သေမင်း၏ မရဏနိုင်ငံမှ ရုန်းထွက်ရန် အလွန်ခက်ခဲမည် ဖြစ်သည်။ ပျက်စီးဆုံးရှုံးခြင်း ချောက်နက်၏ တွင်းဆုံးအထိ နစ်မြှပ်နေသော သင်တို့ကို ကယ်တင်ရန်အလို့ငှာ သင်တို့ကို အစွမ်းကုန် ခေါ်ထုတ်ရန်၊ အစွမ်းကုန် တရားစီရင်ရန် လိုအပ်ပြီး၊ ထိုသို့ပြုသည့်အခါမှ သင်တို့၏ ရေခဲသဖွယ် အေးစက်နေသော စိတ်နှလုံးကို နိုးထနိုင်ပါလိမ့်မည်။Read More »

နာကြည်းဖွယ်ရာ အမှတ်တရများ – ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ရန်အတွက် သတ်မှတ်ချက်များသည် မည်သည့်အရာများဖြစ်သနည်း။

မည်ကဲ့သို့သောလူသည် ကောင်းကင်နိုင်ငံတော်သို့ဝင်ရောက်နိုင်သည်ဆိုသည်နှင့် ပတ်သက်ပြီး သခင်ယေရှုက မိန့်မြွက်ခဲ့သည် “ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကိုဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။” (ရှင်မဿဲခရစ်ဝင်ကျမ်း ၇:၂၁) ဤသို့ဆိုလျှင် တိတိကျကျ မည်ကဲ့သို့သောသူသည် ကောင်းကင်ဘုံ၌ ရှိတော်မူသော ဖခမည်းတော်၏ အလိုကိုဆောင်သောသူဖြစ်သနည်း။ ရှင်ပေါလု၏ စံနမူနာအတိုင်း လိုက်လျှောက်ပြီး သခင့်အတွက် ပင်ပန်းစွာ အလုပ်လုပ်သူတို့သည် ကောင်းကင်ဘုံမှ အဖ၏ အလိုတော်ကို ဆောင်သောသူဖြစ်သည်ဟု လူ အများအပြားက ယုံကြည်ကြသည်။ ပြီးနောက်တွင် ဘုရားသခင်အား သူတို့၏ နှလုံးသား၊ စိတ်နှင့် ဝိညာဉ်တို့ဖြင့် အပြည့်အဝ ချစ်သောသူ၊ အပြစ်ကို မပြုလုပ်တော့ဘဲ သန့်ရှင်းမှုကို ရရှိသောသူတို့သည် ကောင်းကင်ဘုံမှ အဖ၏ အလိုကိုဆောင်သောသူတို့ဖြစ်သည်ဟု ယုံကြည်သူများရှိသည်။ ဤသို့ဆိုလျှင် ဤအမြင်နှစ်ခုတွင် မည်သူက မှန်ကန်ပြီး မည်သူက မှားယွင်းသနည်း။ ကျေးဇူးပြု၍ ဤနှစ်ဘက်မှ ပြင်းထန်စွာ ဆွေးနွေးငြင်းခုံမှုကို ကြည့်ရှုပါ။

ခရစ်ယာန်ဧဝံဂေလိရုပ်ရှင်များကို အခမဲ့ကြည့်ရှုခြင်း

Myanmar Christian Movie တရုတ်ပြည်မှ ဘာသာရေးဖိစီးနှိပ်စက်မှု ၅ (ကျရှုံးလုဆဲဆဲမှာ ပြန်လည်ရှင်သန်ခြင်း)

Myanmar Gospel Movie (နားခိုရာအိမ် ဘယ်မှာလဲ ) God Gave Me a Happy Family

၁။ ဘုရားသခင်သည် အဘယ်ကြောင့် အမည်နာမများကို ခံယူသနည်း၊ ထို့အပြင် အမည်နာမတစ်ခုသည် ဘုရားသခင်၏အလုံးစုံကို ကိုယ်စားပြုနိုင်သလော။

ကျေးဇူးတော်, ဘုရားသခင်, ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ, ယေရှု, ဝိညာဉ်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

“ကျွန်ုပ်တို့နှင့် အတူရှိသော ဘုရားသခင်” ဟူသည့် ယေရှု၏နာမတော်သည် ဘုရားသခင်၏ စိတ်သဘောထားတစ်ခုလုံးကို ကိုယ်စားပြုနိုင်သလော။ ယင်းနာမသည် ဘုရားသခင်ကို ရှင်းလင်းစွာ ဖော်ပြနိုင်သလော။ ဘုရားသခင်သည် သူ၏ စိတ်သဘောထားကို ပြောင်းလဲနိုင်ခြင်း မရှိသောကြောင့် ဘုရားသခင်ကို ယေရှုဟုသာ ခေါ်ဆိုရမည်ဖြစ်ပြီး အခြားနာမတော်မရှိနိုင်ဟု လူသည်ဆိုလျှင် ယင်းစကားလုံးများသည် ဘုရားသခင်ကို ပြစ်မှားပြောဆိုခြင်း အစစ်အမှန် ဖြစ်လိမ့်မည်။ ကျွန်ုပ်တို့နှင့် အတူရှိသော ဘုရားသခင်ဟူသည့် ယေရှုနာမတော်တစ်ခုတည်းသာ သူ၏အလုံးစုံကို ကိုယ်စားပြုနိုင်သည်ဟု သင်ယုံကြည်ပါသလော။ ဘုရားသခင်ကို နာမတော် အများအပြားဖြင့် ခေါ်ဆိုနိုင်သော်လည်း ယင်းနာမတော်များအကြားတွင် ဘုရားသခင်၏ အလုံးစုံကို အချုပ်အားဖြင့် ဖော်ပြနိုင်သောနာမ တစ်ခုမျှမရှိပေ၊ ဘုရားသခင်ကို အပြည့်အဝ ကိုယ်စားပြုနိုင်သောနာမ တစ်ခုမျှ မရှိပေ။ သို့ဖြစ်သောကြောင့် ဘုရားသခင်တွင် နာမတော် အများအပြားရှိသော်လည်း၊ ဘုရားသခင်၏ စိတ်သဘောထားမှာ ကြွယ်ဝလွန်းကာ သူ့ကိုနားလည်နိုင်သော လူသား၏ သိခြင်းစွမ်းရည်ကို ကျော်လွန်နေသောကြောင့် ယင်းနာမတော် အများအပြားသည် ဘုရားသခင်၏ စိတ်သဘောထားကို အပြည့်အဝ ရှင်းလင်စွာ ဖော်ပြနိုင်ခြင်း မရှိပေ။ လူသားမျိုးနွယ်၏ ဘာသာစကားကို အသုံးပြုပြီး ဘုရားသခင်ကို အပြည့်အဝ အချုပ်အားဖြင့် ဖော်ပြနိုင်ရန် လူသားတွင် နည်းလမ်း မရှိပေ။ လူသားမျိုးနွယ်တို့တွင် ဘုရားသခင်၏ စိတ်သဘောထားနှင့်ပတ်သက်၍ သူတို့သိသမျှကို အချုပ်အားဖြင့် ဖော်ပြနိုင်ရန် ကြီးမြတ်သော၊ ဂုဏ်ရှိသော၊ အံ့သြဖွယ်ဖြစ်သော၊ ဉာဏ်မမီနိုင်သော၊ မြင့်မြတ်သော၊ သန့်ရှင်းသော၊ ဖြောင့်မတ်သော၊ ဉာဏ်ပညာရှိသော၊ စသဖြင့်၊ အကန့်အသတ်ရှိသော ဝေါဟာရများသာ ရှိသည်။ စကားလုံးများ များပြားလှသည်။ ယင်းအကန့်အသတ်ရှိသော ဝေါဟာရသည် လူက မျက်မြင်တွေ့ခဲ့သော ဘုရားသခင်၏ စိတ်သဘောထား အနည်းငယ်ကို ဖော်ပြရန် မဖြစ်နိုင်ပေ။ အချိန်ကြာလာသည်နှင့်အမျှ အခြားသူ အများအပြားကလည်း သူတို့၏ စိတ်နှလုံးများတွင် ပြင်းပြလာမှုကို ပိုမိုဖော်ပြနိုင်ရန် စကားလုံးများကို ဖြည့်စွက်ခဲ့ကြသည်။ ဘုရားသခင်သည် ကြီးမြတ်လွန်းသည်။ ဘုရားသခင်သည် အလွန်သန့်ရှင်းသည်။ Read More »

ဇာတ်လမ်းတို (၃) ခရစ်တော်ရဲ့သာမန်လူ့သဘာဝနဲ့ အကျင့်ပျက်လူသားတွေရဲ့လူ့သဘာ၀ကြား ခြားနားမှု

ဘုရားသခင်ဟာ လူတွေကို ကယ်တင်ဖို့ လူ့ဇာတိခံယူပါတယ်။ အပြင်ပန်းအရတော့ လူ့ဇာတိခံဘုရားသခင်ဟာ သာမန်လူတစ်ယောက်လိုပဲ ထင်ရပါတယ်။ ဒါပေမဲ့ လူ့ဇာတိခံဘုရားသခင်ရဲ့သာမန်လူ့သဘာဝနဲ့ အကျင့်ပျက်လူသားတွေရဲ့လူ့သဘာ၀ကြား အဓိကခြားနားမှုကို သင် သိပါသလား။ အနန္တတန်ခိုးရှင် ပြောသည် “ဘုရား၏ ဝိညာဉ်တော်က ဝတ်ဆင်သော ဇာတိသည် ဘုရား၏ ဇာတိပကတိဖြစ်သည်။ ဘုရား၏ ဝိညာဉ်သည် အကြီးမြတ်ဆုံးဖြစ်သည်။ တန်ခိုး အလွန်ကြီးသည်။ သန့်ရှင်းမြင့်မြတ်သည်။ ဖြောင့်မတ်သည်။ ထိုနည်းတူစွာ သူ၏သွေးသားသည်လည်း အကြီးမြတ်ဆုံး ဖြစ်သည်။ တန်ခိုးအလွန်ကြီးသည်။ သန့်ရှင်းမြင့်မြတ်သည်။ ဖြောင့်မတ်သည်။ … လူနှင့်ခရစ်တော်သည် တစ်နေရာတည်းတွင် ရှိနေကြသည်မှန်သော်လည်း၊ လူသာလျှင် စာတန်၏ လွှမ်းမိုးခြင်း၊ အသုံးပြုခြင်းနှင့် ထောင်ချောက် ဆင်ဖမ်းခြင်းကို ခံရသည်။ ဆန့်ကျင်ဖက်အားဖြင့်၊ ခရစ်တော်မှာမူ စာတန်၏ စာရိတ္တဖျက်ဆီးခြင်းမှ ထာဝရ ကင်းလွတ်သည်။ အဘယ်ကြောင့်ဆိုသော် စာတန်သည် အမြင့်ဆုံးသောဘုရား စံမြန်းရာသို့ရောက်အောင် ဆန်တက် နိုင်စွမ်း မရှိသည့်အပြင် ဘုရားအပါးသို့ ချဉ်းကပ်နိုင်စွမ်းလည်း ဘယ်တော့မှရှိပေ။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏)

ဆောင်ရွက်မှုများ

ရုပ်ရှင်ဇာတ်လမ်းတို ၂ (သခင်ယေရှုပြန်ရောက်လာပြီဆိုတာ ဘယ်လိုသေချာနိုင်မလဲ)

Myanmar Gospel Movie (နားခိုရာအိမ် ဘယ်မှာလဲ ) God Gave Me a Happy Family

ဘုရားသခင်၏ ပြောဆိုသံ | ဆိုးရွားလှသော ပြဿနာ—သစ္စာဖောက်ခြင်း (၁)

ဘုရားသခင်၏ ပြောဆိုသံ | ဆိုးရွားလှသော ပြဿနာ—သစ္စာဖောက်ခြင်း (၁)

ငါ့အလုပ် ပြီးစီးလုပြီ။ နှစ်ပေါင်းစွာ သင်တို့နှင့်အတူ ကုန်ဆုံးခဲ့ရသော အချိန်ကာလသည်လည်း သည်းမခံနိုင်လောက်သော အတိတ်က အမှတ်ရစရာများ ဖြစ်ခဲ့လေပြီ။ ငါ့နှုတ်ကပတ်တော်တို့ကို ငါသည် ဆက်လက်၍ ထပ်တလဲလဲ ပြောဆိုကာ လုပ်ငန်းသစ်ကို မရပ်မနား ဆောက်ရွက်ခဲ့သည်။ မှန်ပေသည်၊ ငါ၏ အကြံပြုချက်သည် ငါလုပ်ဆောင်သော အရာတခုစီအတွက် မရှိမဖြစ် လိုအပ်သော အစိတ်အပိုင်းဖြစ်သည်။ ငါ၏ အကြံဉာဏ်မပါလျှင် သင်တို့အားလုံး လမ်းလွဲမည့်အပြင် ပို၍ ဆုံးရှုံးရလိမ့်မည်။ ငါ၏အလုပ် ပြီးဆုံးလု နီး၍ အဆုံးသတ်ပေတော့မည်။ အကြံဉာဏ် ပေးခြင်းကိုမူ ဆက်လက် လုပ်ဆောင်လိုသေးသည်။ ဤသို့ ဆိုရာ၌ သင်တို့ နားထောင်ရမည့် အကြံဉာဏ်များ ပေးလိုသည်ကို ဆိုလိုသည်။ ငါမျှော်လင့်သည်မှာ သင်တို့ သည် ငါပင်ပန်းစွာ ကြိုးစားအားထုတ်ခဲ့သမျှကို အလဟဿ မဖြစ်စေရန်နှင့် ငါပြုသော စောင့်ရှောက်မှုနှင့် ငါ၏ စိတ်တို့ကို သင်တို့နားလည်နိုင်ကာ၊ ငါ၏ နှုတ်ကပတ်တော်သည် လူသားတစ်ဦး ကျင့်ကြံပြုမူရမည့် အခြေခံမူဖြစ်သည်ဟု သင်တို့လက်ခံစေရန်သာ ဖြစ်သည်။ ငါ့နှုတ်ကပတ်တော်အား သင်တို့ နာခံလိုသည် ဖြစ်စေ၊ မနာခံလိုသည် ဖြစ်စေ၊ စိတ်ပါလက်ပါ လက်ခံသည် ဖြစ်စေ၊ မအီမသာ လက်ခံသည်ဖြစ်စေ၊ သင်တို့သည် ထိုနှုတ်ကပတ်တော်ကို အလေးအနက်ထားရမည်။ သို့မဟုတ်လျှင် သင်တို့၏ အလေးအနက် မထားခြင်း၊ လျစ်လျူရှုခြင်း စိတ်သဘောနှင့် အမူအကျင့်သည် ငါ့ကို စိတ်မချမ်းမြေ့ စေသည်သာမက စက်ဆုပ်ရွံရှာ စေလိမ့်မည်။ သင်တို့သည် ငါ့နှုတ်ကပတ်တော်ကို အဖန်တလဲလဲ – အကြိမ်ထောင်ချီ၍ – ဖတ်သည်သာမက အလွတ်ရသည်အထိ ကျက်မှတ်သည်ကို ငါလွန်စွာ မျှော်လင့်သည်။ ထိုနည်းအားဖြင့်သာ သင်တို့သည် ငါမျှော်လင့်ထားသည့်အတိုင်း ပြည့်မီနိုင်မည်ဖြစ်သည်။ သို့ရာတွင် ယခုအခါ သင်တို့ တစ်ဦး တစ်ယောက်မျှ ထိုကဲ့သို့ အသက်ရှင်ခြင်း မရှိသည့်အပြင် သင်တို့အားလုံးသည် မိမိ၏အလိုဆန္ဒ ပြည့်ဝသည့် အထိ အလွန်အကျွံ သောက်စားမူးယစ်ကာ ကိုယ်ကျင့်တရား ပျက်ပြားသော ဘဝတွင် နစ်မွန်းလျက်ရှိကာ သင်တို့၏ နှလုံးသားနှင့် စိတ်ဝိညာဉ် ချမ်းသာရေးအတွက် ငါ့နှုတ်ကပတ်တော်ကို မှီဝဲသူ အလျင်းမရှိပေ။ ထိုအကြောင်းကြောင့် လူသားမျိုးနွယ်၏ ပုံရိပ်မှန်သည် အမြဲတစေ ငါ့ကို သစ္စာဖောက်လျက် တစ်ဦး တစ်ယောက်မျှ ငါ၏နှုတ်ကပတ်တော်ကို အကြွင်းမဲ့ သစ္စာစောင့်သိရိုသေသူ တစ်ဦးတစ်ယောက်မျှ မရှိနိုင်ဟု ငါကောက်ချက်ချသည်။Read More »

ဧဝံဂေလိ ဂီတ (ဘုရား လူ့အဖြစ်ခံယူမှသာ လူသားများ ဘုရားနှင့်ရင်းနှီးသူဖြစ်နိုင်)

I
ဘုရားသခင် မိမိကိုယ်ကို နိမ့်ချလာတော့မှ
ဆိုရသော် လူ့အဖြစ်ခံယူကာ လူသားတို့နဲ့ နေထိုင်
ထိုအခါ လူသားများ ဘုရားနှင့်ရင်းနှီးသူဖြစ်နိုင်
ထိုအခါ လူသားများ ဘုရားရဲ့ရင်းနှီးသောမိတ်ဆွေဖြစ်လာနိုင်
လူဟာ ဘုရားနှင့်ရင်းနှီးသူဖြစ်ခွင့် ဘယ်လိုရှိမလဲ
ချီးမြောက်ခြင်းခံရ၍ နားလည်ရခက်သော
ဘုရားသခင်ဟာ နံဝိညာဉ်ဖြစ်သောချိန်
ဖန်ဆင်းခံလူသားအသွင် လူ့ဇာတိဖြင့်သာ
လူသားများ အလိုတော် သိနားလည်ပြီး
ဘုရားသခင်ရဲ့သိမ်းယူခြင်းခံရ
လူ့ဇာတိဖြင့် ဘုရားသခင် စကားပြော၍ အမှုတော်ဆောင်ရွက်နေ
လူသားရဲ့ဝမ်းမြောက်ခြင်း၊ ပူဆွေးခြင်းနဲ့ ဆင်းရဲဒုက္ခ မျှဝေခံစား
လောကမှာ အသက်ရှင်ရင်း လူသားတို့ကို ကွယ်ကာ လမ်းပြပေးနေ
ဘုရားရဲ့ကောင်းချီးနဲ့ကယ်တင်ခြင်းရဖို့ လူသားများကို သန့်ရှင်းပါစေ
လူဟာ ဘုရားနှင့်ရင်းနှီးသူ ဖြစ်ခွင့် ဘယ်လိုရှိမလဲ
ချီးမြောက်ခြင်းခံရ၍ နားလည်ရခက်သော
ဘုရားသခင်ဟာ နံဝိညာဉ်ဖြစ်သောချိန်
ဖန်ဆင်းခံလူသားအသွင် လူ့ဇာတိဖြင့်သာ
လူသားများ အလိုတော် သိနားလည်ပြီး ဘုရားသခင်ရဲ့သိမ်းယူခြင်းခံရ

Read More »

Myanmar New Gospel Song (အားလုံးအတွက် ဘုရားသခင်ရဲ့ ပြည့်စုံသော စောင့်ရှောက်မှု)

အားလုံးအတွက်
ဘုရားသခင်ရဲ့ ပြည့်စုံသော စောင့်ရှောက်မှု
ကြီးမြတ်ခြင်း၊ သန့်ရှင်းခြင်း၊ အာဏာနှင့်မေတ္တာ
ဘုရားသခင်ရဲ့အနှစ်သာရနှင့် ပင်ကိုစိတ်အလုံးစုံကို
အမှုတော်ဆောင်ရွက်ချိန်တိုင်း ထင်ရှားသည်
လူသားတို့ဘဝတွင် ပြည့်စုံစေသော
လူသားတို့အတွက် သူ့အလိုတော်တွင် မြင်ရသည်
ကိုယ်တိုင်ခံစားရသည်ဖြစ်စေ မခံစားရသည်ဖြစ်စေ
ဘုရားသခင်သည် လူတိုင်းကို အဘက်ဘက်မှစောင့်ရှောက်သည်
စစ်မှန်မှု၊ ဉာဏ်ပညာ၊ နည်းမျိုးစုံဖြင့်
နှလုံးသားကို နွေးထွေးစေကာ ဝိညာဉ်ကိုနိုးကြားစေသည်
ဒီနေ့အတွက် ထာဝရအတွက် အမှန်ပင်ဖြစ်သည်Read More »

မူလလူသားသည် ဝိညာဉ်ပိုင်ဆိုင်သော သက်ရှိသတ္တဝါများဖြစ်ကြ

အသက်, ဘုရားသခင်, ကျေးဇူးတော်, ဓမ္မသီချင်းများ, ဝိညာဉ်,

I
အစအဦး၌ ဘုရားသခင် လူကို ဖန်ဆင်းတော်မူ
ဘုရားက ဘဝရဲ့အခရာ လူသားတွေရဲ့ ဘိုး၊ ဘင်
ရုပ်သွင်အပြည့်နဲ့ အာဒံကို ဖန်ဆင်း
ဘုရားသခင် ဘုန်းတော်ဝန်းရံလျက် အာဒံနိုးထလာ
ဧဝဟာ ဘုရားဖန်ဆင်းတဲ့ အာဒံ နံရိုးမှ
ပထမဦးဆုံး လူမိန်းမပါ
သူမလည်း လူသားတို့ရဲ့ ဘိုး၊ ဘင်
ဘုရား၏ အသက်မှုတ်သွင်းခြင်းနှင့် ဘုန်းတန်ခိုးမှ
အာဒံနဲ့ ဧဝ နိုးထလာ
အို…ဘုရားသခင် အာဒံကို ဖန်ဆင်းတဲ့နေ့ အို…ကျက်သရေရှိတဲ့နေ့
အို…ဘုရား ဧဝကိုဖန်ဆင်းတဲ့နေ့ အို…ကျက်သရေရှိတဲ့နေ့
သူတို့ဟာ ဘုရားရဲ့ရတနာ အစစ် လူသားတွေရဲ့ ဘိုး၊ ဘင်
သူတို့ဟာ ယောကျ်ား နဲ့ မိန်းမ စိတ်ဝိညာဉ်နဲ့ သက်ရှိဘဝတွေပါ

Read More »

Myanmar Documentary Trailer (အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ) Exploring the Universe

ကြယ်များနှင့်ပြည့်နှက်နေသည့် ကျယ်ပြန့်သော အာကာသ မိုးကောင်းကင်၌၊ ဂြိုဟ်များတိုက်မိကြ၍ ရှုပ်ထွေးသည့် ဖြစ်စဉ် တသီတသန်းမှသည် ဂြိုဟ်သစ်များ မွေးဖွားလာ၏….အာကာသအတွင်းရှိ မရေတွက်နိုင်သော အာကာသဗိမာန်အားလုံးသည် သဟဇာတရှိလျက် လုပ်ကိုင်ဆောင်ရွက်ကြ၏’၎င်းတို့ကို မည်သူ ညွှန်ကြားသနည်း။ ခရစ်ယာန် ဂီတကိုအခြေခံသော မှတ်တမ်းရုပ်ရှင်—အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ— မကြာမီ စစ်မှန်သည့်အချက်အလက်များကို ဖော်ထုတ်လိမ့်မည်။

အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ ပေါ်ပေါက်လာခြင်း နှင့် လုပ်ဆောင်မှု၊ သခင်ယေရှု၏ ဒုတိယအကြိမ်ကြွလာခြင်း၊ နောက်ဆုံးသောကာလများရှိ ခရစ်တော်တို့ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ဖန်တီးခဲ့သည်။၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကိုယ်တော်တိုင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ဘယ်လူသားတဦးကမှ ဖန်တီးခဲ့ခြင်း လုံးဝ မဟုတ်ပါ။ ယခုကာလများတွင် ဧဝံဂေလိနှင့်ပတ်သက်သည့်ရုပ်ရှင်အမျိုးမျိုး၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကိုဖတ်ဆိုခြင်းအမျိုးမျိုး၊ သီဆိုကခုံခြင်း ဗီဒီယိုများ၊ ဓမ္မတေးသံစုံကျူးအေးခြင်းများ၊ ဂီတများ၊ ဂီတဗွီဒီယိုများနှင့် ဓမ္မတေးသီချင်းဗွီဒီယိုများ၊ အစရှိသည်များသည် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ ထုတ်လုပ်သည့် အရာများဖြစ်ပြီး အင်တာနက် မှတဆင့် တကမ်ဘာလုံး ပျံ့နှံ့နေပြီဖြစ်သည်။ ဘုရားသခင်၏သိုးများသည် ဘုရားသခင်၏အသံကိုကြားပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်မှတစ်ဆင့် အနန္တတန်ခိုးရှင် ဘုရားသခင် ဖေါ်ပြသည့်စကားများသည် ဘုရားသခင်၏အသံဖြစ်ပြီး အမှန်တရားများဖြစ်သည်ကို ကျွနု်ပ်တို့ရိပ်စားမိပါသည်။ သင်သည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်နေသမျှ ဘုရားသခင်သည် ပေါ်ထွန်းပြီးကြောင်းကို သင်သိမြင်လိမ့်မည်။