ဘုရားသခင့်အမှု၏ အဆင့်သုံးဆင့်ကို သိခြင်းမှာ ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်ဟု အဘယ်ကြောင့် အဆိုရှိသနည်း။

ကယ်တင်ခြင်း, ကျေးဇူးတော်, ဘုရားသခင်၏ အသံတော်, ယေရှုခရစ်တော်, ဝိညာဉ်တော်

အခန်း သုံး ဘုရားသခင် အလုပ်၏ အဆင့်သုံးဆင့်နှင့် ပတ်သက်သည့် သမ္မာတရားများကို သင်သိရမ

၅။ ဘုရားသခင့်အမှု၏ အဆင့်သုံးဆင့်ကို သိခြင်းမှာ ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်ဟု အဘယ်ကြောင့် အဆိုရှိသနည်း။

(ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲမှ လက်ရွေးစင် ကျမ်းပိုဒ်)

ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်

လူသားမျိုးနွယ်အား စီမံခန့်ခွဲခြင်းအမှုကို အဆင့်သုံးဆင့်ခွဲထား၏။ ဆိုလိုသည်မှာ လူသားမျိုးနွယ်အား ကယ်တင်ခြင်းအမှုကို အဆင့်သုံးဆင့် ခွဲထားခြင်းဖြစ်သည်။ ဤအဆင့်သုံးဆင့်တွင် ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းအမှု မပါဘဲ၊ ထိုအဆင့်တို့မှာ ပညတ်တော်ခေတ်၊ ကျေးဇူးတော်ခေတ်နှင့် နိုင်ငံတော်ခေတ်အမှု၏ အဆင့်သုံးဆင့်တို့ဖြစ်ကြ၏။ ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းအမှုသည် လူသားမျိုးနွယ်တစ်ရပ်လုံးကို ထုတ်လုပ်ခြင်းအမှုဖြစ်၏။ ထိုအမှုမှာ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု မဟုတ်ဘဲ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှုနှင့် လုံးဝဆက်စပ်ခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာမြေကြီးကို ဖန်ဆင်းချိန်၌ လူသားသည် စာတန်၏ ဖျက်ဆီးခြင်းကို မခံရသေးသဖြင့် လူသားမျိုးနွယ်အား ကယ်တင်ခြင်းအမှုကို ဆောင်ရွက်ရန် မလိုအပ်ခဲ့ပေ။ လူသားမျိုးနွယ်သည် စာတန်၏ ဖျက်ဆီးခံရသည့်အခါတွင်မှ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု စတင်ခဲ့သည်။ ထို့ကြောင့် လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း အမှုသည်လည်း လူသားမျိုးနွယ်အနေနှင့် ဖျက်ဆီးခံရပြီးသည့်အခါတွင်မှ စတင်ခဲ့သည်။ တစ်နည်းအားဖြင့်ဆိုလျှင် ဘုရားသခင်၏ လူသားအပေါ်စီမံခန့်ခွဲခြင်းသည် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု၏ ရလဒ်အဖြစ် စတင်ခဲ့ခြင်းဖြစ်ပြီး၊ ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းအမှုမှ ပေါ်ပေါက်လာခြင်း မဟုတ်ပေ။ လူသားမျိုးနွယ်က ဖောက်ပြန်သည့် စိတ်နေသဘောထားကို ရရှိခဲ့ပြီးနောက်မှသာ စီမံခန့်ခွဲသည့်အမှု ဖြစ်ပေါ်လာသည်။ ထို့ကြောင့် လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်းအမှုတွင် အဆင့်လေးဆင့်၊ သို့မဟုတ် ခေတ်လေးခေတ်အစား အပိုင်းသုံးပိုင်း ပါရှိသည်။ ဤသည်သာလျှင် ဘုရားသခင်၏ လူသားအပေါ် စီမံခန့်ခွဲခြင်းအမှုကို မှန်ကန်စွာ ရည်ညွှန်းသည့်နည်းဖြစ်သည်။ နောက်ဆုံးသောခေတ်ပြီးဆုံးချိန်တွင် လူသားမျိုးနွယ်အပေါ် စီမံခန့်ခွဲခြင်းအမှုသည် ပြည့်စုံစွာ ပြီးဆုံးခဲ့ပြီး ဖြစ်လိမ့်မည်။ စီမံခန့်ခွဲခြင်းအမှု ပြီးဆုံးခြင်းသည် လူသားမျိုးနွယ်အားလုံးကို ကယ်တင်သည့်အမှု လုံးဝပြီးဆုံးသွားကာ လူသားမျိုးနွယ်သည် ၎င်း၏ခရီးလမ်းဆုံးသို့ ရောက်ခဲ့ပြီးဖြစ်သည်ဟု ဆိုလို၏။ လူသားမျိုးနွယ်အားလုံးကို ကယ်တင်သည့်အမှု မရှိပါက လူသားမျိုးနွယ်ကို စီမံခန့်ခွဲသည့်အမှု ရှိမည်မဟုတ်ပါ။ အမှု၏ အဆင့်သုံးဆင့်သည်လည်း ရှိမည်မဟုတ်ပါ။ အတိအကျအားဖြင့် ဤသည်မှာ လူသားမျိုးနွယ်၏ စာရိတ္တပျက်ပြားမှုကြောင့်နှင့် လူသားမျိုးနွယ်သည် ကယ်တင်ခြင်းကို အရေးတကြီး လိုအပ်နေသောကြောင့် ယေဟောဝါသည် ကမ္ဘာမြေကြီးအား ဖန်ဆင်းခြင်းကို အဆုံးသတ်ခဲ့ကာ ပညတ်တော်ခေတ်၏ အမှုကို စတင်ခဲ့၏။ ထိုအခါတွင်မှ လူသားမျိုးနွယ်ကို စီမံခန့်ခွဲသည့်အမှု စတင်ခဲ့၏။ ထိုအခါတွင်မှ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု စတင်ခဲ့၏ဟု ဆိုလိုခြင်းဖြစ်သည်။ “လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း” ဟူသည်မှာ ကမ္ဘာမြေကြီးပေါ်တွင် အသစ်ဖန်ဆင်းထားသည့် လူသားမျိုးနွယ် (ဆိုလိုသည်မှာ ဖျက်ဆီးမခံရသေးသည့် လူသားမျိုးနွယ်) ၏အသက်တာကို လမ်းပြခြင်းဟု မဆိုလိုပါ။ စင်စစ်အားဖြင့် ယင်းမှာ စာတန်၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသော လူသားမျိုးနွယ်ကို ကယ်တင်ခြင်းဖြစ်၏။ တစ်နည်းအားဖြင့်ဆိုသော် ဖောက်ပြန်နေသော ဤလူသားမျိုးနွယ်ကို ပြောင်းလဲရန်ဖြစ်၏။ ဤသည်မှာ လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှုတွင် ကမ္ဘာမြေကြီးကို ဖန်ဆင်းသည့်အမှုမပါပေ။ ထို့ကြောင့် လူသားမျိုးနွယ်ကို စီမံခန့်ခွဲသည့်အမှုတွင် ကမ္ဘာမြေကြီးကို ဖန်ဆင်းသည့်အမှု မပါဝင်ဘဲ ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းအမှုမှ သီးခြားဖြစ်သော အမှုအဆင့်သုံးဆင့်သာ ပါဝင်၏။ လူသားမျိုးနွယ်အား စီမံခန့်ခွဲခြင်းအမှုကို နားလည်ရန် အမှု၏အဆင့်သုံးဆင့်နှင့်ဆိုင်သည့် နောက်ခံသမိုင်းကို သိရှိရန်လိုအပ်သည်၊ ဤသည်မှာ ကယ်တင်ခံရရန် လူတိုင်းသိရမည့်အရာဖြစ်၏။ ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါများအနေဖြင့် လူသားကို ဘုရားသခင်က ဖန်ဆင်းထားကြောင်းကို သင်တို့သိသင့်၍ လူသားမျိုးနွယ်၏ ဖောက်ပြန်ခြင်း အရင်းအမြစ်ကို သိသင့်သည့်အပြင် လူသား၏ ကယ်တင်ခြင်း လုပ်ငန်းစဉ်ကို သိသင့်သည်။ ဘုရားသခင်ထံမှ မျက်နှာသာရရှိရေးအတွက် အယူဝါဒနှင့်အညီ မည်သို့ပြုမူရမည်ကိုသာ သင်တို့သိ၍ လူသားမျိုးနွယ်ကို ဘုရားသခင်က မည်သို့ကယ်တင်သည်ကိုဖြစ်စေ၊ လူသားမျိုးနွယ် ဖောက်ပြန်ခြင်း၏ အရင်းအမြစ်ကိုဖြစ်စေ၊ အရိပ်အမြွက်မျှပင် မသိပါက ဤသည်မှာ ဘုရားသခင်၏ဖန်ဆင်းခံသတ္တဝါအနေနှင့် သင်တို့တွင် ကင်းမဲ့နေသည့်အရာဖြစ်၏။ သင်သည် ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအမှုဆိုင်ရာ ပိုမိုကျယ်ပြန့်သော နယ်ပယ်အကြောင်းကို မသိဘဲနေလျက် လက်တွေ့ကျင့်သုံးနိုင်သည့် သမ္မာတရားများကို နားလည်ခြင်းဖြင့် ကျေနပ်၍သာ မနေသင့်ပါ၊ ဤသို့ဖြစ်ပါက သင်သည် တယူသန်ဆန်လွန်း၏။ အမှုအဆင့်သုံးဆင့်သည် လူသားအပေါ် ဘုရားသခင်စီမံခန့်ခွဲမှု၏ အတွင်းဇာတ်လမ်း၊ စကြဝဠာတစ်ခုလုံး၏ ဧဝံဂေလိတရားရောက်ရှိခြင်း၊ လူသားမျိုးနွယ် အားလုံးအကြား အကြီးမားဆုံးသော နက်နဲမှုနှင့် ဧဝံဂေလိတရား ဖြန့်ဝေခြင်း၏ အခြေခံလည်းဖြစ်၏။ သင်သည် သင့်အသက်တာနှင့် သက်ဆိုင်သည့် လွယ်ကူရိုးရှင်းသော သမ္မာတရားများအား နားလည်ရေးကိုသာ အဓိကထား၍ နက်နဲမှုများနှင့် ရူပါရုံများအနက် အကြီးမြတ်ဆုံး ဤအကြောင်းကို ဘာမျှမသိပါက သင်၏အသက်တာသည် ကြည့်ဖို့မှလွဲ၍ မည်သည့်အတွက်မျှ မကောင်းသော ချွတ်ယွင်းနေသည့် ထုတ်ကုန်ပစ္စည်းတစ်ခုနှင့် တူနေသည် မဟုတ်ပါလော။

Read More »

သန့်ရှင်းသောဝိညာဉ်တော်သည် အခြေခံသဘောတရားအရ အလုပ်လုပ်သည်

ဆုတောင်း, ယုံကြည်ခြင်း, ဝိညာဉ်တော်, သက်သေခံချက်, အသက်

ကင်ရှပ်တင်၊ ရှန်ဒေါင်စီရင်စု

အချိန်အတော်ကြာသည်အထိ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအား ကျွန်မဖတ်သည့်အချိန်တိုင်း၊ ကျွန်မသည် အလင်းကို မခံစားရပေ။ ကျွန်မမှာ ထိုအကြောင်းအရာအတွက် အလေးအနက်ပြန်လှန်သုံးသပ် ခဲ့ခြင်းမရှိ ့သော်လည်း ဘုရားသခင်အား ဆက်လက်၍သာ ဆုတောင်းနေခဲ့ပြီး၊ သူ့အား ကျွန်မကို ဉာဏ်အလင်းပေးဖို့ရန် တောင်းလျှောက်နေခဲ့သည်။ သို့သော်လည်း ထို့နောက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မဖတ်ရှုသော အချိန်တွင်၊ ကျွန်မထံ၌ ဉာဏ်အလင်း ရရှိခြင်း မရှိသေးပေ။ ထို့ကြောင့် ကျွန်မသည် “ဘုရားသခင်အတွက် လူသားတစ်ဦးစီတိုင်းအား ဉာဏ်အလင်းပေးသော အချိန်ရှိသည်၊ ထို့ကြောင့် ၎င်းကို အလောတကြီး ကြိုးစားလုပ်ဆောင်ရာတွင် အသုံးမဝင်” ဟုတွေးတော မိခဲ့သည်။ ထို့နောက်၊ အဆောတလျင်မပြုပဲ ဖြည်းဖြည်းချင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီး၊ စိတ်ရှည်စွာဖြင့် ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းကို စောင့်ဆိုင်းနေခဲ့သည်။Read More »

ဘုရားသခင်၏ စကားတော် | နိုင်ငံတော်ခေတ်၌ ဘုရားသခင်၏ရွေးချယ်ခံရသူများလိုက်နာရမည့် အုပ်ချုပ်မှုဆိုင်ရာ အမိန့်တော် ဆယ်ရပ်

ဘုရားသခင်၏ စကားတော် | နိုင်ငံတော်ခေတ်၌ ဘုရားသခင်၏ရွေးချယ်ခံရသူများလိုက်နာရမည့် အုပ်ချုပ်မှုဆိုင်ရာ အမိန့်တော် ဆယ်ရပ်

၁။ လူသားသည် မိမိကိုယ်ကိုယ် ဂုဏ်တင် ချီးမွမ်းခြင်း မပြုရ။ ဘုရားသခင်ကို ၀တ်ပြု၍ ချီးမွမ်းရမည်။

၂။ ဘုရားသခင်၏အမှုတော်အတွက် အကျိုးရှိသမျှကို ဆောင်ရွက်ပြီး ဘုရားသခင်အမှုတော်၏ အကျိုးကို ထိခိုက်သည့် မည်သည့်အရာကိုမျှ မဆောင်ရွက်ရ။ ဘုရားသခင်၏နာမ၊ ဘုရားသခင်၏ သက်သေခံချက်နှင့် ဘုရားသခင်၏အမှုတို့ကို ကာကွယ်ရမည်။

၃။ ဘုရားသခင်အိမ်တော်ရှိ ငွေ၊ အရာဝတ္ထုပစ္စည်းများနှင့် ပိုင်ဆိုင်မှုအားလုံးတို့သည် လူသားမှပေးသင့်သည့် ပူဇော်သက္ကာများ ဖြစ်ရမည်။ ဤပူဇော်သက္ကာများကို ယဇ်ပုရောဟိတ်နှင့် ဘုရားသခင်မှတပါး မည်သူမျှ မခံစားနိုင်ရ၊ လူသားမှပေးသင့်သည့် ပူဇော်သက္ကာများသည် ဘုရားသခင် ခံစားရန် ဖြစ်သောကြောင့် ဘုရားသခင်သည် ယဇ်ပုရောဟိတ်နှင့်သာဤပူဇော်သက္ကာများကို မျှဝေခံစားပြီး အခြားမည်သူမျှ ဤအရာတို့၏ တစ်စိတ်တစ်ပိုင်းကိုခံစားရန် အရည်အချင်းမရှိ၊ ခံစားခွင့်မရှိ။ (ငွေကြေး၊ ရုပ်ဝတ္ထုပစ္စည်းများနှင့် မွေ့လျော်ခံစားနိုင်သော ပစ္စည်းဥစ္စာများ အပါအဝင်) လူသား၏ပူဇော်သက္ကာအားလုံးကို ဘုရားသခင်အား ပေးအပ်ခြင်းဖြစ်ပြီး လူသားကို ပေးအပ်ခြင်းမဟုတ်။ ထို့ကြောင့် ဤအရာတို့ကို လူသားသည်မခံစားရ၊ လူသားသည် ခံစားမည်ဆိုပါက ထိုသူသည် ပူဇော်သက္ကာများကို ခိုးယူခြင်းဖြစ်မည်။ ထိုသို့ပြုသောသူမှန်သမျှသည် ယုဒဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ယုဒသည် သစ္စာဖောက်တစ်ဦးဖြစ်ရုံမက ငွေအိတ်အတွင်းထည့်သည့် အရာများကိုလည်း ယူခဲ့သောကြောင့်ဖြစ်၏။Read More »

၁) မတူညီသည့် ခေတ်ကာလများတွင် ဘုရားသခင်၌ အဘယ်ကြောင့် မတူညီသည့် အမည်နာမတော်များ ရှိသနည်း။ ဘုရားသခင်၏ နာမတော်များ၏ အဓိပ္ပာယ်များမှာ အဘယ်နည်း။

ကျေးဇူးတော်, ယေရှု, ယေဟောဝါ, ဝိညာဉ်တော်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

“ကျွန်ုပ်တို့နှင့် အတူရှိသော ဘုရားသခင်” ဟူသည့် ယေရှု၏နာမတော်သည် ဘုရားသခင်၏ စိတ်သဘောထားတစ်ခုလုံးကို ကိုယ်စားပြုနိုင်သလော။ ယင်းနာမသည် ဘုရားသခင်ကို ရှင်းလင်းစွာ ဖော်ပြနိုင်သလော။ ဘုရားသခင်သည် သူ၏ စိတ်သဘောထားကို ပြောင်းလဲနိုင်ခြင်း မရှိသောကြောင့် ဘုရားသခင်ကို ယေရှုဟုသာ ခေါ်ဆိုရမည်ဖြစ်ပြီး အခြားနာမတော်မရှိနိုင်ဟု လူသည်ဆိုလျှင် ယင်းစကားလုံးများသည် ဘုရားသခင်ကို ပြစ်မှားပြောဆိုခြင်း အစစ်အမှန် ဖြစ်လိမ့်မည်။ ကျွန်ုပ်တို့နှင့် အတူရှိသော ဘုရားသခင်ဟူသည့် ယေရှုနာမတော်တစ်ခုတည်းသာ သူ၏အလုံးစုံကို ကိုယ်စားပြုနိုင်သည်ဟု သင်ယုံကြည်ပါသလော။ ဘုရားသခင်ကို နာမတော် အများအပြားဖြင့် ခေါ်ဆိုနိုင်သော်လည်း ယင်းနာမတော်များအကြားတွင် ဘုရားသခင်၏ အလုံးစုံကို အချုပ်အားဖြင့် ဖော်ပြနိုင်သောနာမ တစ်ခုမျှမရှိပေ၊ ဘုရားသခင်ကို အပြည့်အဝ ကိုယ်စားပြုနိုင်သောနာမ တစ်ခုမျှ မရှိပေ။ သို့ဖြစ်သောကြောင့် ဘုရားသခင်တွင် နာမတော် အများအပြားရှိသော်လည်း၊ ဘုရားသခင်၏ စိတ်သဘောထားမှာ ကြွယ်ဝလွန်းကာ သူ့ကိုနားလည်နိုင်သော လူသား၏ သိခြင်းစွမ်းရည်ကို ကျော်လွန်နေသောကြောင့် ယင်းနာမတော် အများအပြားသည် ဘုရားသခင်၏ စိတ်သဘောထားကို အပြည့်အဝ ရှင်းလင်စွာ ဖော်ပြနိုင်ခြင်း မရှိပေ။ လူသားမျိုးနွယ်၏ ဘာသာစကားကို အသုံးပြုပြီး ဘုရားသခင်ကို အပြည့်အဝ အချုပ်အားဖြင့် ဖော်ပြနိုင်ရန် လူသားတွင် နည်းလမ်း မရှိပေ။ လူသားမျိုးနွယ်တို့တွင် ဘုရားသခင်၏ စိတ်သဘောထားနှင့်ပတ်သက်၍ သူတို့သိသမျှကို အချုပ်အားဖြင့် ဖော်ပြနိုင်ရန် ကြီးမြတ်သော၊ ဂုဏ်ရှိသော၊ အံ့သြဖွယ်ဖြစ်သော၊ ဉာဏ်မမီနိုင်သော၊ မြင့်မြတ်သော၊ သန့်ရှင်းသော၊ ဖြောင့်မတ်သော၊ ဉာဏ်ပညာရှိသော၊ စသဖြင့်၊ အကန့်အသတ်ရှိသော ဝေါဟာရများသာ ရှိသည်။ စကားလုံးများ များပြားလှသည်။ ယင်းအကန့်အသတ်ရှိသော ဝေါဟာရသည် လူက မျက်မြင်တွေ့ခဲ့သော ဘုရားသခင်၏ စိတ်သဘောထား အနည်းငယ်ကို ဖော်ပြရန် မဖြစ်နိုင်ပေ။ အချိန်ကြာလာသည်နှင့်အမျှ အခြားသူ အများအပြားကလည်း သူတို့၏ စိတ်နှလုံးများတွင် ပြင်းပြလာမှုကို ပိုမိုဖော်ပြနိုင်ရန် စကားလုံးများကို ဖြည့်စွက်ခဲ့ကြသည်။ ဘုရားသခင်သည် ကြီးမြတ်လွန်းသည်။ ဘုရားသခင်သည် အလွန်သန့်ရှင်းသည်။ Read More »

လူ့ဇာတိခံဘုရားသခင်၏ အမှုတော်နှင့် ဝိညာဉ်တော်၏ အမှုတော်ကြားတွင် မည်သည့်ကွဲပြားမှုရှိသနည်း။

ကယ်တင်ခြင်း, ကယ်တင်ရှင်, နောက်ဆုံးသောကာလ, ဝိညာဉ်တော်, သခင်ယေရှု

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“တဖန်တုံ၊ ကိုယ်တော်၏ ဘုန်းကိုအကျွန်ုပ်အား ပြတော်မူပါ၏။ အကျွန်ုပ်တောင်းပန်ပါ၏ဟု လျှောက်လျှင်၊… သို့ရာတွင် သင်သည် ငါ့မျက်နှာကို မမြင်နိုင်ရာ။ ငါ့မျက်နှာကို မြင်လျှင် အသက်ရှင်ရသော လူတစုံ တယောက်မျှမရှိဟူ၍၎င်း။” (ထွက်မြောက်ရာကျမ်း ၃၃:၁၈၊၂၀)

“ထိုအခါကောင်းကင်မှ စကားသံကား၊ ငါချီးမြှောက်ခဲ့ပြီ၊ တဖန်ချီးမြှောက်ဦးမည်ဟုလာ၏။ဝန်းရံလျက်ရှိသော လူအစုအဝေးတို့သည်ကြားလျှင် မိုဃ်းချုန်းသည်ဟုဆိုကြ၏။ အချို့ကလည်း ကိုယ်တော်အား ကောင်းကင်တမန်မြွက်သည်ဟု ဆိုကြ၏။” (ရှင်ယောဟန်ခရစ်ဝင် ၁၂:၂၈၊၂၉)Read More »

ဧဝံဂေလိ ဂီတ | လူ့ဇာတိခံယူသောဘုရား လူသားကို ခေတ်သစ်ဆီ ပို့ဆောင်

ယုံကြည်ခြင်း, ဝိညာဉ်တော်, သန့်ရှင်း, အသက်

Myanmar Gospel Song | လူ့ဇာတိခံယူသောဘုရား လူသားကို ခေတ်သစ်ဆီ ပို့ဆောင်

လူ့ဇာတိခံ ကို ယူသောဘုရားသည်
ယေဟောဝါဘုရားရဲ့ နောက်ကျောသာ လူကို ထင်ရှားပြသ
ခေတ်ကို အဆုံးသတ်
မရေရာသောဘုရား၌ လူသားတို့ယုံကြည်ခြင်းကာလ အပြီးသတ်
အထူးသဖြင့် နောက်ဆုံး လူ့ဇာတိခံယူသောဘုရား၏
အမှုတော်သည် လူသားအားလုံးကို
ပိုယုတ္တိတန်၊ ပိုလက်တွေ့ကျသော၊
ပိုမိုငြိမ်းချမ်းသော ခေတ်ဆီ ပို့ဆောင်Read More »

【Live】Myanmar Christian Movie | သခင်ယေရှုက ဘုရားသားတော်ဖြစ်ပါသလား သို့မဟုတ် ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်ပါသလား။

သမ္မာကျမ်းဆိုင်ရာ မှတ်တမ်းအရ၊ သခင်ယေရှုဟာ ဘုရားသခင်ရဲ့ ချစ်သားဖြစ်တယ်လို့ သန့်ရှင်းသော ဝိညာဉ်တော်က သက်သေခံပါတယ် ပြီးတော့ သခင်ယေရှုကလည်း ကောင်းကင်ဘုံက ဘုရားသခင်ကို “ဖခမည်းတော်”လို့ ခေါ်ခဲ့တယ် ဒီလိုနဲ့ လူများစွာက သခင်ယေရှုခရစ်တော်ဟာ ဘုရားရဲ့သားတော်ဖြစ်တယ်လို့ ယုံကြည်ခဲ့ကြသလိုကောင်းကင်ဘုံမှာ ခမည်းတော်ဘုရားရှိတယ်လို့လည်း ယုံကြည်ကြတယ် ဒါပေမယ့် သခင်ယေရှုက၊ “ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏။……ငါသည် ခမည်းတော်၌ ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည် …။” (ရှင်ယောဟန်ခရစ်ဝင် ၁၄:၉-၁၁) “ငါသည် ငါ့ခမည်းတော်နှင့် တလုံးတဝတည်းဖြစ်သည်။” (ရှင်ယောဟန်ခရစ်ဝင် ၁ဝ:၃၀) ဒီတော့ သခင်ယေရှုက ဘုရားသားတော်လား ဒါမှမဟုတ် ဘုရားသခင် ကိုယ်တော်တိုင်လား ဒီအစီအစဉ်က နက်နဲမှုကို မိတ်ဆွေထံ ထုတ်ဖော်ပြပေးမှာပါ။ ကျေးဇူးပြုပြီး ကြည့်ရှုခံစားလိုက်ပါ။

Read More »

သခင်၏ ပြန်ကြွလာခြင်းသည် ရှင်ပြန်ထမြောက်သော ယေရှု၏ ဝိညာဉ်ခန္ဓာ လူရှေ့တွင် ပေါ်ထွန်းခြင်း ဖြစ်ပါသလား သို့မဟုတ် လူသားအဖြစ် လူ့ဇာတိခံယူ ပြီး လူရှေ့တွင် ပေါ်ထွန်းခြင်းဖြစ်ပါသလား။

ဘုရားသခင်, ယေရှု, ဝိညာဉ်တော်, သခင်ယေရှု, သခင်ကို ချစ်ခြင်း

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှါ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။” (ရှင်မဿဲခရစ်ဝင် ၂၅:၆)

“ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။” (ဗျာဒိတ်ကျမ်း ၃:၂၀)Read More »

Myanmar Christian Song | သင်ဟာဘုရားရဲ့ လက်ရှိအမှုတော်အနောက်ကို လိုက်ပါသလား

Myanmar Christian Song | သင်ဟာဘုရားရဲ့ လက်ရှိအမှုတော်အနောက်ကို လိုက်ပါသလား


သင်ဟာဒီနေ့ရဲ့ အလင်းရောင်အနောက်ကို မလိုက်နိုင်ရင်
သင်ဟာဘုရားနဲ့ အလှမ်းဝေးသွားပြီ
အဲဒီ့နှောင်ကြိုးဟာပြတ်နေပြီး ပုံမှန်ဝိညာဉ်အသက်တာ မရှိတော့
ဘုရားနဲ့ စစ်မှန်တဲ့ရင်းနှီးမှုဆိုတာ
ဒီနေ့ဘုရားရဲ့စကားကို လက်ခံတဲ့အပေါ်မှာ တည်ဆောက်တယ်။
သင့်မှာ ပုံမှန်ဝိညာဉ်အသက်တာနှင့် ဘုရားနှင့် ကျွမ်းဝင်မှုရှိလား။
ဝိညာဉ်တော်ရဲ့ ရေစီးကြောင်းအတိုင်း လိုက်ပါသလား
နိုးကြားမှုမရှိတဲ့ အဖြစ်ကနေ ထွက်လာပြီလား
ဘုရားစကားကို ယုံကြည်သူ
အမှုတော်ကို အခြေပြုပြီး
ဝိညာဉ်တော်ရဲ့ အလင်းရောင်နောက်လိုက်သူတို့ဟာ
ဝိညာဉ်တော်ရဲ့ ရေစီးကြောင်းထဲမှာပါ။

Read More »

ဘုရားသခင်၏ စကားတော် | လူသားများကို ဘုရားသခင်အသုံးပြုခြင်းနှင့် ပတ်သက်၍

ခရစ်တော်, ဘုရားသခင်, ဝိညာဉ်တော်, အသက်, အသင်းတော်

သန့်ရှင်းသောဝိညာဉ်တော်၏ အထူးလမ်းပြပို့ဆောင်ခြင်းကို ခံရသောသူများမှလွဲ၍ မည်သူတစ်ဦးတစ်ယောက်ကမျှ တစ်ကိုယ်တည်းသီးခြား ရှင်သန်မရပ်တည်နိုင်ပေ။ အကြောင်းရင်းမှာ ထိုသူများသည် ဘုရားသခင်အသုံးပြုသောသူများ၏ သာသနာအဆုံးအမနှင့် သိုးထိန်းလမ်းပြမှုကို လိုအပ်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ခေတ်အသီးသီးတွင် ဘုရားသခင်သည် သူ၏အမှုတော်အဖို့အလို့ငှာ အသင်းတော်များအား သိုးထိန်းလမ်းပြခြင်းကို ဝန်တာထားကာ ထမ်းရွက်နိုင်မည့်သူများကို ရွေးချယ်ခန့်ထားခဲ့သည်။ တစ်နည်းအားဖြင့်ဆိုရလျှင် ဘုရားသခင်၏ အမှုတော်ကို သူသဘောကျနှစ်သက်ကာ မျက်နှာသာပေးခြင်း ခံရသောသူများမှတစ်ဆင့် ပြီးမြောက်အောင် လုပ်ဆောင်ရမည် ဖြစ်သည်။ အလုပ်ဖြစ်ဖို့ရန်အတွက် သန့်ရှင်းသောဝိညာဉ်တော်သည် ထိုသူများအထဲရှိ အသုံးပြုခြင်းခံထိုက်သည့် အစိတ်အပိုင်းကို အသုံးပြုရမည် ဖြစ်သည်၊ ထို့ပြင် ထိုသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ စုံလင်စေခြင်းအားဖြင့် ဘုရားသခင်၏ အသုံးပြုခြင်းခံရရန်အတွက် သင့်လျော်သောသူများဖြစ်လာစေရန် ပြုပြင်ခြင်းခံရသည်။ လူသား၏ နားလည်နိုင်စွမ်းသည် အလွန်ပင်ချို့တဲ့သည့်အကြောင်းကြောင့် သူ့အနေဖြင့် ဘုရားသခင်၏အသုံးပြုခြင်း ခံရသောသူများ၏ သိုးထိန်းလမ်းပြမှုကို လိုအပ်သည်။ မောရှေကို ဘုရားသခင်အသုံးပြုပုံမှာလည်း ဤနည်းနှင့်ပင်ဖြစ်ပါသည်။ ဘုရားသခင်သည် မောရှေအထဲ၌ ထိုအချိန်က အသုံးပြုရန် သင့်လျော်မည့်အရာများကို တွေ့ခဲ့ပြီး ထိုအဆင့်အတွင်းရှိ ဘုရားအမှုတော်ကို ထမ်းဆောင်ရန် ထိုအရာများကို အသုံးပြုခဲ့သည်။ ဤအဆင့်တွင် ဘုရားသခင်သည် လူသားကို အသုံးပြုသည်သာမက အလုပ်ဖြစ်ရန်အလို့ငှာ သန့်ရှင်းသော ဝိညာဉ်တော်မှ အသုံးပြုနိုင်သော လူသား၏အစိတ်အပိုင်းကိုလည်း အကျိုးရှိရှိ သူအသုံးချသည်၊ ထို့ပြင် သန့်ရှင်သောဝိညာဉ်တော်သည်လည်း ထိုသူကို လမ်းပြပို့ဆောင်ပေးပြီး တစ်ဆက်တည်းပင် ကျန်ရှိနေသေးသည့် အသုံးပြု၍မရသော အစိတ်အပိုင်းကို စုံလင်စေသည်။Read More »