အိမ်တွင်းမှ လက်ဝဲပညာပေးဇာတ်လမ်းတစ်ပုဒ် – ခရစ်တော်ကို စီစီပီမှ ငြင်းပယ်ခြင်းနှင့် ရှုတ်ချခြင်းနောက်ကွယ်က တကယ့် ရည်ရွယ်ချက်များ (အပိုင်း ၇/၈)

ကျေးဇူးတော်ခေတ်၌ သခင်ယေရှု လူ့ဇာတိဖြစ်လာခဲ့ချိန်တွင် သူသည် အပြင်ပန်းမှ လူသားတစ်ဦးနှင့် တူသော်လည်း ကားစင်တင်ခံရခြင်းနှင့် လူသားမျိုးနွယ်အားလုံးကို ရွေးနုတ်ခြင်း အမှုတော်ကို သူ လုပ်ဆောင်ခဲ့သည်။ နောက်ဆုံးသော ကာလတွင် လူသားမျိုးနွယ်ကို သန့်စင်စေပြီး ကယ်တင်ဖို့ သမ္မာတရားအားလုံးကို ဖော်ပြခဲ့ပြီး ဘုရားအိမ်တော်မှ အစပြုသော တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်ခဲ့သည်။ ဤအရာက သခင်ယေရှုနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်တို့နှစ်ဦးလုံးသည် လူ့ဇာတိ၌ရှိသော ခရစ်တော်ဖြစ်ပြီး ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်သည်ကို ပြသပါသည်။ သို့သော် စီစီပီသည် ခရစ်တော်ကို ငြင်းပယ်ပြီး ရှုတ်ချဖို့ ၎င်း၏ အစွမ်းရှိသမျှ လုပ်ဆောင်နေသည်။ ၎င်း၏ အန္တရာယ်ရှိသော ရည်ရွယ်ချက်မှာ အဘယ်နည်း။Read More »

ဧဝံဂေလိ ဂီတ | သခင် ယေရှုကို အတုယူကြစေ

ကယ်တင်ခြင်း, ဆုတောင်း, ယေရှု, လက်ဝါးကပ်တိုင်, သခင်ယေရှု


ယေရှုသည် ဘုရား၏အလိုတော်ကို ပြည့်စုံစေ ခဲ့၊
လူသားအားလုံးရွေးနှုတ်ကယ်တင်ခြင်းကို ပြည့်စုံစေခဲ့၊
ဘုရား၏ ဆန္ဒကိုစောင့်ရှောက်နိုင်သဖြင့်၊
တစ်ကိုယ်ခေါင်းဆန်သော ရည်ရွယ်ချက်၊စီမံမှုမရှိ
ဘုရားရဲ့အစီအမံကို သူ အဓိကဗဟိုမှာထား
ကောင်းကင်အဖဘုရားထံ သူဆုတောင်းခဲ့
ကောင်းကင်ဘုံအဖဘုရားရဲ့အလိုတော်ကို
ရှာဖွေ၍ သူ အမြဲဆုတောင်း
သင်သည် ယေရှုကဲ့သို့ ဘုရားကို အလုံးစုံပုံအပ်ပြီး
ဇာတိစရိုက်ကို ကျောခိုင်းပါက
ဘုရားသည်သူ့ကိုအစေခံနိုင်ရန်
သင့်အားအရေးကြီးသောတာဝန်များ ပေးအပ်လိမ့်မည်

Read More »

ရုပ်ရှင်ဇာတ်လမ်းတိုး (၁) သခင်သည် ကားစင်အတင်ခံရသည့်အခါတွင် ကယ်တင်ခြင်းအမှု ပြီးဆုံးသွားပါသလား

ဘာသာရေးလောကရှိ လူ အများအပြားသည် “လက်ဝါးကပ်တိုင်တွင် သခင်ယေရှုပြောသွားခဲ့သည့်”အမှုပြီးပြီ”ဆိုသည်မှာ လူသားအား ဘုရားသခင်ကယ်တင်ခြင်းအမှု ပြီးပြီဆိုသည်ကို သက်သေခံသည်။ ရိုးရှင်းစွာပင် သခင်ကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် အပြစ်မှ ခွင့်လွှတ်ခြင်း ခံရသည်။ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ပြီး ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းခံရသည်။ သခင်ကြွလာသည့်အခါတွင် ကိုယ်တော်သည် ကျွန်ုပ်တို့အား ကောင်းကင်နိုင်ငံတော်သို့ ချီဆောင်လိမ့်မည်။ ကိုယ်တော်သည် နောက်ထပ် ကယ်တင်ခြင်းအမှုပြုလုပ်ခြင်း မရှိနိုင်တော့ပေ။”ဟူ၍ ထင်မှတ်ကြသည်။ ဤအမြင်သည် ဘုရားသခင်၏ အမှုတော်၏ အချက်အလက်များနှင့် ကိုက်ညီပါသလား။

ခရစ်ယာန်ဧဝံဂေလိရုပ်ရှင်များကို အခမဲ့ကြည့်ရှုခြင်း

Myanmar new movie 2019 တရုတ်ပြည်မှ ဘာသာရေးဖိစီးနှိပ်စက်မှု ၅ (ကျရှုံးလုဆဲဆဲမှာ ပြန်လည်ရှင်သန်ခြင်း)

Christian Movie 2018 (ဘယ်သူက ဘုရားသခင်ကို လက်ဝါးကပ်တိုင်မှာသံနဲ့ထပ်ပြီးရိုက်နေတာလဲ)

ကူရှိုချန်းဟာ တရုတ်နိုင်ငံက အိမ်ဘုရားကျောင်းတစ်ခုမှာ သင်းအုပ်ဆရာဖြစ်ပါတယ်။ သူဟာ နှစ်ပေါင်းများစွာ သခင့်ကို ယုံကြည်သက်ဝင်ပြီး တရားဟောချက်များကို တစ်သမတ်တည်း လုပ်ဆောင်ခဲ့ကာ နှုတ်ကပတ်တော်ကို ဟောပြောခဲ့ခြင်းကြောင့် ၁၂ နှစ်ကြာ အကျဉ်းကျခဲ့ပါတယ်။ အကျဉ်းထောင်မှ လွတ်ပြီးနောက်၊ ကူရှိုချန်းဟာ အသင်းတော်မှာ ဆက်လက်အလုပ်ဝင်ခဲ့ပါတယ်။ ဒါပေမဲ့ ကူရှိုချန်းနှင့် သက်ဆိုင်တဲ့ အသင်းတော်ကို နိုင်ငံတော်ရှိ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် ရောက်ရှိလာတဲ့အခါမှာတော့ သူဟာ ရှာဖွေလေ့လာခြင်း လုံးဝမရှိဘဲ ၊ နောက်ဆုံးသောကာလမှာ ဘုရားသခင်ရဲ့ လက်ရာကို ပြစ်တင်ရှုတ်ချဖို့အတွက် သူ့ရဲ့ ကိုယ်ပိုင်အယူအဆများနဲ့ အထင်အမြင်များကိုသာ ခေါင်းမာမာနဲ့ ယုံကြည်နေခဲ့တယ်။ ပြီးတော့ သက်ဝင်ယုံကြည်သူတို့ကို မှန်ကန်သော လမ်းစဉ်ကို လက်ခံခြင်းကို နှောင့်ယှက်ပိတ်ပင်ဖို့ရန်အလို့ငှာ အယူအဆများနဲ့ ယုတ္တိအမှားများကို ဖြန့်နှံ့ရန် သူအတတ်နိုင်ဆုံး လုပ်ဆောင်တယ်။ အထူးသဖြင့် အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဖတ်ရှုပြီးတဲ့နောက် ကူရှိုချန်းဟာ နှုတ်ကပတ်တော်တို့ဟာ အမှန်တကယ် သြဇာအာဏာနဲ့ တန်ခိုးရှိကြပြီး ကြားနာရသူတိုင်း လက်ခံယုံကြည်ကြမည်ကို သိရှိခဲ့ပြီး အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကတပတ်တော်များကို ဖတ်ရှုသူ ဘယ်သူမဆို ဘုရားသခင်ကို ယုံကြည်သက်ဝင်သွားမည်ကို အလွန်အမင်း ကြောက်ရွံ့ခဲ့တယ်။ သူရဲ့ဂုဏ်ဒြပ်နဲ့ သူ့အသက်မွေးဝမ်းကြောင်းကို ဆက်လက်မထိန်းထားနိုင်မည်ကို ပူပင်ခဲ့တယ်။ ဒါကြောင့် ဒီကိစ္စကို သင်းထောက်ဝမ်စင်းအပါအဝင်၊ တခြားလူများနဲ့ ဘုရားကျောင်းထဲမှာ တိုင်ပင်ခဲ့ပြီး တရုတ်ကွန်မြူနစ်အစိုးရ အသုံးပြုတဲ့ ကောလာဟလများနဲ့ လူတွေကို လှည့်စားကာ ၊ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ပြစ်တင်ရှုတ်ချ တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ကူရှိုချန်းနဲ့ ဝမ်စင်းတို့ဟာ အသင်းတော်တွေကို ပိတ်သိမ်းဖို့နဲ့ လူများ မှန်ကန်သော လမ်းစဉ်ကို မလိုက်နိုင်ရန် ပိတ်ပင်ဖို့ရန် အဆုံးစွန်ထိ လုပ်ခဲ့ကြတယ်။ သူတို့ဟာ ဆိုးယုတ်တဲ့ တရုတ်ကွန်မြူနစ်ပါတီနဲ့တောင် ပူပေါင်းပြီး ၊ အနန္တတန်ခိုးရှင်ဘုရားသခင်ကို သက်သေခံတဲ့ လူတွေကို ဖမ်းဆီးနှိပ်စက်ခဲ့တယ်။ သူတို့ရဲ့ လုပ်ရပ်တွေဟာ ဘုရားသခင်ရဲ့စိတ်သဘောထားကို ပြင်းပြင်ထန်ထန် ဆန့်ကျင်နေပြီး ဘုရားသခင်ရဲ့ ကျိန်ခြင်းအမင်္ဂလာဖြစ်နိုင်ပါတယ်။ ဝမ်စင်းဟာ နိုင်ငံတော်ရဲ့ သတင်းကောင်းတို့ကို ဖြန့်ဝေနေသူအချို့ကို ဖမ်းဆီးရန် သွားရာလမ်းတွင် ကားမတော်တဆမှုတစ်ခုဖြစ်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့တယ်။ ကူရှိုချန်းကတော့ ကြောက်လန့်တကြားနဲ့ ကြံရာမရနေထိုင်နေရပြီး ကျီးလန့်စာစားဖြစ်နေပါတော့တယ်။ “ငါ့ရဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်အပေါ် ပြစ်တင်ရှုတ်ချမှုကြောင့် ဘုရားသခင်ဟာ ထပ်မံကားစင်အတင်ခံရလေသလား” လို့ သူ့ကိုယ်သူ မကြာခဏပြောနေတတ်ပါတယ်။

ဆောင်ရွက်မှုများ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏