ခရစ်ယာန် ဓမ္မသီချင်း | ဘုရားသခင်သည် ခေတ်ကာလ တိုင်း၌ အမှုသစ်ကိုပြုသည်

ကယ်တင်လွတ်မြောက်ခြင်းအမှု, ခရစ်ယာန် ဓမ္မသီချင်း, ဘုရားသခင်, ယေရှု, ယေဟောဝါ

ခရစ်ယာန် ဓမ္မသီချင်း | ဘုရားသခင်သည် ခေတ်ကာလ တိုင်း၌ အမှုသစ်ကိုပြုသည်


ဘုရားသခင်သည် သူ၏ ရှိရင်းစွဲနှင့်
တိကျသော စိတ်နေသဘောထားကိုပါ
ခေတ်ကာလအလိုက် လူတို့အား ဖွင့်ပြ
ခေတ်တစ်ခေတ်အတွင်း ပြုသောအမှုသည်
ဘုရား၏ ပင်ကိုယ် စိတ်နေသဘောထားကို
အကုန်အစင် ဖေါ်ပြနိုင်မည်မဟုတ်ပေ။
ဘုရား၏ အမှုတော်လုပ်ငန်းသည် အသစ်ဖြစ်ပြီး
ဘယ်အခါမှ မဟောင်းနွမ်းပါ။
သို့သော် သူ၌ရှိသောအရာနှင့်
သူ့သဘောသဘာဝသည်ဘယ်တော့မှ မပြောင်းလဲ
ဘုရားသခင်သည် သင် ထင်သလို မရိုးရှင်းပါ ဘူး
သူ၏ အမှုတော်သည် တစ်ခေတ်ပြီးတစ်ခေတ် ဆက်သွားနေသည်။
နာမတော်ကို ယေဟောဝါမှ ယေရှုအဖြစ်သို့ ပြောင်းခဲ့။
ခေတ်ကာလ တစ်လျှောက်လုံး သူ၏ အမှုတော်
ပြောင်းလဲခဲ့သည်ကို ကြည့်ပါ။

Read More »

၁) မတူညီသည့် ခေတ်ကာလများတွင် ဘုရားသခင်၌ အဘယ်ကြောင့် မတူညီသည့် အမည်နာမတော်များ ရှိသနည်း။ ဘုရားသခင်၏ နာမတော်များ၏ အဓိပ္ပာယ်များမှာ အဘယ်နည်း။

ကျေးဇူးတော်, ယေရှု, ယေဟောဝါ, ဝိညာဉ်တော်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

“ကျွန်ုပ်တို့နှင့် အတူရှိသော ဘုရားသခင်” ဟူသည့် ယေရှု၏နာမတော်သည် ဘုရားသခင်၏ စိတ်သဘောထားတစ်ခုလုံးကို ကိုယ်စားပြုနိုင်သလော။ ယင်းနာမသည် ဘုရားသခင်ကို ရှင်းလင်းစွာ ဖော်ပြနိုင်သလော။ ဘုရားသခင်သည် သူ၏ စိတ်သဘောထားကို ပြောင်းလဲနိုင်ခြင်း မရှိသောကြောင့် ဘုရားသခင်ကို ယေရှုဟုသာ ခေါ်ဆိုရမည်ဖြစ်ပြီး အခြားနာမတော်မရှိနိုင်ဟု လူသည်ဆိုလျှင် ယင်းစကားလုံးများသည် ဘုရားသခင်ကို ပြစ်မှားပြောဆိုခြင်း အစစ်အမှန် ဖြစ်လိမ့်မည်။ ကျွန်ုပ်တို့နှင့် အတူရှိသော ဘုရားသခင်ဟူသည့် ယေရှုနာမတော်တစ်ခုတည်းသာ သူ၏အလုံးစုံကို ကိုယ်စားပြုနိုင်သည်ဟု သင်ယုံကြည်ပါသလော။ ဘုရားသခင်ကို နာမတော် အများအပြားဖြင့် ခေါ်ဆိုနိုင်သော်လည်း ယင်းနာမတော်များအကြားတွင် ဘုရားသခင်၏ အလုံးစုံကို အချုပ်အားဖြင့် ဖော်ပြနိုင်သောနာမ တစ်ခုမျှမရှိပေ၊ ဘုရားသခင်ကို အပြည့်အဝ ကိုယ်စားပြုနိုင်သောနာမ တစ်ခုမျှ မရှိပေ။ သို့ဖြစ်သောကြောင့် ဘုရားသခင်တွင် နာမတော် အများအပြားရှိသော်လည်း၊ ဘုရားသခင်၏ စိတ်သဘောထားမှာ ကြွယ်ဝလွန်းကာ သူ့ကိုနားလည်နိုင်သော လူသား၏ သိခြင်းစွမ်းရည်ကို ကျော်လွန်နေသောကြောင့် ယင်းနာမတော် အများအပြားသည် ဘုရားသခင်၏ စိတ်သဘောထားကို အပြည့်အဝ ရှင်းလင်စွာ ဖော်ပြနိုင်ခြင်း မရှိပေ။ လူသားမျိုးနွယ်၏ ဘာသာစကားကို အသုံးပြုပြီး ဘုရားသခင်ကို အပြည့်အဝ အချုပ်အားဖြင့် ဖော်ပြနိုင်ရန် လူသားတွင် နည်းလမ်း မရှိပေ။ လူသားမျိုးနွယ်တို့တွင် ဘုရားသခင်၏ စိတ်သဘောထားနှင့်ပတ်သက်၍ သူတို့သိသမျှကို အချုပ်အားဖြင့် ဖော်ပြနိုင်ရန် ကြီးမြတ်သော၊ ဂုဏ်ရှိသော၊ အံ့သြဖွယ်ဖြစ်သော၊ ဉာဏ်မမီနိုင်သော၊ မြင့်မြတ်သော၊ သန့်ရှင်းသော၊ ဖြောင့်မတ်သော၊ ဉာဏ်ပညာရှိသော၊ စသဖြင့်၊ အကန့်အသတ်ရှိသော ဝေါဟာရများသာ ရှိသည်။ စကားလုံးများ များပြားလှသည်။ ယင်းအကန့်အသတ်ရှိသော ဝေါဟာရသည် လူက မျက်မြင်တွေ့ခဲ့သော ဘုရားသခင်၏ စိတ်သဘောထား အနည်းငယ်ကို ဖော်ပြရန် မဖြစ်နိုင်ပေ။ အချိန်ကြာလာသည်နှင့်အမျှ အခြားသူ အများအပြားကလည်း သူတို့၏ စိတ်နှလုံးများတွင် ပြင်းပြလာမှုကို ပိုမိုဖော်ပြနိုင်ရန် စကားလုံးများကို ဖြည့်စွက်ခဲ့ကြသည်။ ဘုရားသခင်သည် ကြီးမြတ်လွန်းသည်။ ဘုရားသခင်သည် အလွန်သန့်ရှင်းသည်။ Read More »

ပညတ်တော်ခေတ်တွင် ပရောဖက်များမှ ယူဆောင်ခဲ့သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် လူ့ဇာတိခံ ဘုရားသခင်မှ ဖော်ပြခဲ့သည့် နှုတ်ကပတ်တော်များကြားတွင် မည်သည့်ကွဲပြားမှု ရှိသနည်း။

ခရစ်တော်, ပရောဖက်ပြုချက်, ယေရှု, ယေဟောဝါ, သမ္မာကျမ်းစာ

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ကျေးဇူးတော်ခေတ်တွင် ယေရှုသည်လည်း များစွာ ပြောဆိုခဲ့ပြီး အမှုများစွာကို ပြုခဲ့သည်။ သူသည် ဟေရှာယနှင့် မည်သို့ ကွာခြားသနည်း။ သူသည် ဒံယေလနှင့် မည်သို့ ကွာခြားသနည်း။ သူသည် ပရောဖက်တစ်ပါး ဖြစ်သလော။ သူသည် ခရစ်တော် ဖြစ်ကြောင်း အဘယ်ကြောင့် ဆိုသနည်း။ ၎င်းတို့အကြားရှိ ကွာခြားမှုများမှာ အဘယ်နည်း။ ၎င်းတို့အားလုံးသည် စကားပြောသော လူသားများ ဖြစ်ကြပြီး ၎င်းတို့ပြောသော စကားများသည် လူတို့ ပြောသော စကားနှင့် အနည်းနှင့်အများ တူညီကြောင်း မြင်ရသည်။ ၎င်းတို့အားလုံးသည် စကားလည်းပြော အလုပ်လည်း လုပ်ခဲ့ကြသည်။ ဓမ္မဟောင်းကျမ်းထဲမှ ပရောဖက်များသည် ပရောဖက်ပြုချက်များကို ဟောပြောခဲ့သည့်နည်းတူ ယေရှုသည်လည်း ပရောဖက်ပြုချက်များကို ဟောပြောနိုင်ခဲ့သည်။ ဤအရာမှာ အဘယ်ကြောင့် ဖြစ်သနည်း။ ဤနေရာတွင် ကွဲပြားခြားနားချက်သည် ပြုသောအမှု၏သဘောသဘာဝအပေါ် အခြေခံထားခြင်းဖြစ်သည်။ ဤအကြောင်းအရာကို သိမြင်နိုင်ရန်အတွက် သင်သည် ဇာတိခန္ဓာ၏သဘောသဘာဝကို ထည့်သွင်းစဉ်းစား၍ မရသည့်အပြင် သင်သည် တစ်ယောက်သောသူပြောသော စကားများ၏ အတိမ်အနက် သို့မဟုတ် ပေါ့ပြက်မှုကို ထည့်သွင်းစဉ်းစားခြင်းမပြုသင့်။ သူပြုသောအမှုနှင့် လူသားတို့ထဲတွင် ဖြစ်ထွန်းသော သူ့အမှု၏ အကျိုးသက်ရောက်မှုကို ဦးစွာပထမ အမြဲတမ်း သင်ထည့်သွင်းစဉ်းစားရမည်။ ထိုအချိန်က ပရောဖက် ဟောပြောသော ပရောဖက်ပြုချက်များသည် လူ၏အသက်တာကို ထောက်ပံ့ပေးခြင်း မရှိပါ၊ ထို့အပြင် ဟေရှာယ နှင့် ဒံယေလ အစရှိသူများ ရရှိခဲ့သော သတင်းစကားများမှာ ပရောဖက်ပြုချက်များ သက်သက်သာဖြစ်ပြီး အသက်လမ်း မဟုတ်ပါ။ ယေဟောဝါ၏ တိုက်ရိုက် ဗျာဒိတ်တော်ဖွင့်ပြခြင်းကို မခံရပါက မည်သူမျှ ထိုအမှုကို ပြုနိုင်ခဲ့မည်မဟုတ်၊ အဘယ်ကြောင့်ဆိုသော် ယင်းကို သေမျိုးဖြစ်သော လူသားများ တတ်စွမ်းနိုင်ခြေမရှိ။ ယေရှုသည်လည်း စကားများစွာကို ပြောခဲ့သော်လည်း ယင်းစကားများမှာ အသက်လမ်းဖြစ်ပြီး ထိုအသက်လမ်းမှတစ်ဆင့် လူသားများ လက်တွေ့လိုက်လျှောက်ရန် ရှာတွေ့နိုင်သော လမ်းလည်းဖြစ်သည်။ အခြားတစ်နည်းအားဖြင့်ဆိုပါက၊ ပထမချက်အနေဖြင့် သူသည် လူသားများအား အသက်ကိုပေးနိုင်သည်၊ အဘယ်ကြောင့်ဆိုသော် ယေရှုသည် အသက်ဖြစ်သည်။ ဒုတိယအချက်အနေဖြင့် သူသည် လူသားများ၏ လမ်းလွှဲဖေါက်ပြန်မှုများကို ပြန်လည် တည့်မတ်ပေးနိုင်သည်။ တတိယအချက်အနေဖြင့် ခေတ်ကို ရှေ့ဆက်စေရန်အတွက် သူပြုသောအမှုသည် ယေဟောဝါပြုသောအမှုထက် ကျော်လွန်နိုင်ခဲ့သည်။ စတုတ္ထအချက်အနေဖြင့် သူသည် လူသားတို့၏အတွင်းထဲမှ လိုအပ်ချက်များကို နားလည်သဘောပေါက်ပြီး လူသားတို့တွင် ကင်းမဲ့သည့်အရာများကို သိသည်။ ပဉ္စမအချက်အနေဖြင့် သူသည် ခေတ်ကာလအသစ်ကို ဖွင့်လှစ်ပေးနိုင်ပြီး ခေတ်ကာလအဟောင်းကို နိဂုံးချုပ်နိုင်ခဲ့သည်။ ထိုအတွက်ကြောင့် သူ့ကို ဘုရားသခင်ဟုလည်းကောင်း ခရစ်တော်ဟုလည်းကောင်း ခေါ်ခြင်းဖြစ်သည်။ သူသည် ဟေရှာယနှင့်သာမက အခြားသောပရောဖက်များအားလုံးနှင့် ကွာခြားသည်။ ပရောက်ဖက်များပြုသောအမှုအတွက် ဟေရှာယကို နှိုင်းယှဉ်ပြချက်တစ်ခုအဖြစ် ကြည့်ပါ။ ပထမအချက်အနေဖြင့် သူသည် လူသားတို့အား အသက်ကို မပေးနိုင်။ Read More »

ဘုရားသခင်၏ အမှုတော် အဆင့်သုံးဆင့်မှ တစ်ခုစီ၏ အရေးပါမှုနှင့် ရည်ရွယ်ချက်ကို သိရှိခြင်း

ခရစ်တော်, ဘုရားသခင်, ယေရှု, ယေဟောဝါ, ဧဝံဂေလိ

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ –

ဣသရေလလူမျိုးတို့အပေါ် ယေဟောဝါဆောင်ရွက်ခဲ့သောအမှုသည် လောကီနှင့်ဆိုင်သည့် ဘုရားသခင်၏ မူလနေရာဖြစ်သော လူသားမျိုးနွယ်အကြား၌ ဖြစ်ပေါ်ခဲ့ပြီး ယင်းနေရာမှာ သူရှိနေခဲ့သည့် အထွတ်အမြတ်ထားသော နေရာလည်းဖြစ်သည်။ ယေဟောဝါသည် သူ၏အမှုကို ဣသရေလလူမျိုးတို့အတွက် ကန့်သတ်ထားသည်။ ကနဦးတွင် ဣသရေလပြင်ပ၌ သူအမှုမပြုခဲ့ပေ၊ ထိုအစား သူ၏အမှုနယ်ပယ်ကို ကန့်သတ်ရန်အလို့ငှာ သင့်လျော်မည်ဟု သူမြင်သည့် လူမျိုးတစ်မျိုးကို ရွေးချယ်ခဲ့သည်။ ဣသရေလနိုင်ငံမှာ အာဒံနှင့်ဧဝတို့ကို ဘုရားသခင် ဖန်ဆင်းခဲ့သော နေရာဖြစ်ပြီး ထိုနေရာရှိ မြေမှုန့်မှတစ်ဆင့် လူသားကို ယေဟောဝါ ဖန်ဆင်းခဲ့သည်၊ ထိုနေရာမှာ ကမ္ဘာမြေကြီးပေါ်ရှိ သူ့အမှု၏ အရင်းခံနေရာ ဖြစ်လာခဲ့သည်။ နောဧ၏သားစဉ်မြေးဆက်များနှင့် အာဒံ၏သားစဉ်မြေးဆက်များဖြစ်ကြသော ဣသရေလလူမျိုးများသည် ဤကမ္ဘာပေါ်ရှိ ယေဟောဝါအမှု၏ လူသား အခြေခံအုတ်မြစ်ဖြစ်သည်။Read More »

၂။ ဘုရားသခင်ကို အဘယ်ကြောင့် မတူညီသော အမည်နာမများဖြင့် မတူညီသော ခေတ်ကာလများ၌ ခေါ်ကြသနည်း။

ကယ်တင်ခြင်း, ခရစ်တော်, ဘုရားသခင်, ယေရှု, ယေဟောဝါ

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ခေတ်တစ်ခုစီတိုင်းတွင်၊ ဘုရားသခင်သည် အလုပ်သစ်ကို လုပ်ဆောင်ပြီး အမည်သစ် ခေါ်ဆိုခံရသည်။ မတူသောခေတ်များတွင် တူညီသော အလုပ်ကို သူ့အနေဖြင့် မည်သို့လျှင် လုပ်နိုင်မည်နည်း။ အဘယ်သို့လျှင် အဟောင်းကို သူတွယ်ဖက်ထားနိုင်မည်နည်း။ ယေရှုအမည်နာမကို ရွေးနုတ်ခြင်းအလုပ် လုပ်ရန်အတွက် ယူထားခြင်းဖြစ်ရာ၊ နောက်ဆုံးသောကာလတွင် သူပြန်လည်ကြွလာသောအခါ ထိုအမည်ကိုပင် ခေါ်နေဆဲဖြစ်မည်လော။ သူသည် ရွေးနုတ်ခြင်းအလုပ်ကို လုပ်နေဆဲ ဖြစ်မည်လော။ ယေဟောဝါနှင့် ယေရှုသည် တစ်လုံးတစ်ဝတည်းဖြစ်သော်လည်း မတူညီသောခေတ်များတွင် မတူညီသောနာမတော်များဖြင့် ခေါ်ဆိုခံရခြင်းမှာ အဘယ်ကြောင့်နည်း။ ယင်းသို့ ခေါ်ဆိုခံရခြင်းမှာ သူတို့အလုပ်၏ခေတ်များသည် မတူညီခြင်းကြောင့် မဟုတ်သလော။ အမည်တစ်ခုတည်းက ဘုရားသခင်ကို လုံးလုံးလျားလျား ကိုယ်စားပြုနိုင်သလော။ ထိုသို့ဖြစ်သောကြောင့် ဘုရားသခင်ကို မတူညီသော ခေတ်တစ်ခေတ်တွင် မတူသော အမည်တစ်ခုဖြင့် ခေါ်ဆိုရလိမ့်မည်ဖြစ်ပြီး၊ ခေတ်ကို ပြောင်းလဲရန်နှင့် ကိုယ်စားပြုရန် အမည်နာမကို အသုံးပြုရမည်။ အကြောင်းမှာ မည်သည့်အမည်တစ်ခုကမျှ ဘုရားသခင်ကိုယ်တော်တိုင်ကို အပြည့်အဝ ကိုယ်စားမပြုနိုင်သောကြောင့်ဖြစ်ပြီး အမည်တစ်ခုချင်းသည် သက်ဆိုင်ရာခေတ်တွင် ဘုရားသခင် စိတ်သဘောထား၏ ယာယီရှုထောင့်ကိုသာလျှင် ကိုယ်စားပြုနိုင်သောကြောင့် ဖြစ်သည်။ ယင်းအမည် လုပ်ရမည့်အလုပ် အားလုံးမှာ သူ၏အလုပ်ကို ကိုယ်စားပြုရန်ဖြစ်သည်။ သို့ဖြစ်ရာ ဘုရားသခင်သည် ခေတ်တစ်ခုလုံးကို ကိုယ်စားပြုရန် သူ၏စိတ်သဘောထားနှင့် လိုက်လျောညီထွေရှိစေမည့် မည်သည့်နာမတော်ကိုမဆို ရွေးချယ်နိုင်သည်။Read More »

ဘုရားသခင်၏ ပြောဆိုသံး (အမည်နာမများနှင့် သွင်ပြင်လက္ခဏာနှင့် ပတ်သက်၍)

ယေရှုသည် ဘုရားသခင်၏ ဝိညာဉ်တော်ကို ကိုယ်စားပြုပြီး ဘုရားသခင်၏ ဝိညာဉ်တော်က တိုက်ရိုက်အလုပ်လုပ်ခဲ့သည်။ သူသည် ခေတ်သစ်၏အလုပ်ကို လုပ်ခဲ့သည်၊ ယင်းအလုပ်များကို ယခင်က မည်သူမျှ မလုပ်ခဲ့ဖူးသေးပေ။ သူသည် အသစ်သောလမ်းကို ဖွင့်ခဲ့သည်။ သူသည် ယေဟောဝါကို ကိုယ်စားပြုခဲ့ပြီး သူသည် ဘုရားသခင် ကိုယ်တိုင်ကို ကိုယ်စားပြုခဲ့သည်။ ပေတရု၊ ပေါလုနှင့် ဒါဝိဒ်တို့သည် သူတို့ကို မည်သို့ပင်ခေါ်သည်ဖြစ်စေ သူတို့သည် ဘုရားသခင်ဖန်ဆင်းထားသော သတ္တဝါတစ်ခု၏ သွင်ပြင်လက္ခဏာကိုသာ ကိုယ်စားပြုသည်၊ ထို့ပြင် သူတို့ကို ယေရှု သို့မဟုတ် ယေဟောဝါက စေလွှတ်သည်။ ထို့ကြောင့် သူတို့သည် မည်မျှအလုပ်လုပ်သည် ဖြစ်စေ၊ သူတို့သည် မည်မျှသော တန်ခိုးများကို ပြသခဲ့သည်ဖြစ်စေ၊ သူတို့သည် ဘုရားသခင်ဖန်ဆင်းသော သတ္တဝါများသာဖြစ်ပြီး ဘုရားသခင်၏ ဝိညာဉ်တော်ကို ကိုယ်စားမပြုနိုင်ကြပေ။ သူတို့သည် ဘုရားသခင်၏ နာမတော်၌ သို့မဟုတ် ဘုရားသခင်၏ စေလွှတ်ခြင်း၌ အလုပ်လုပ်ကြသည်။ ထို့အပြင် သူတို့သည် ယေရှု သို့မဟုတ် ယေဟောဝါစတင်ခဲ့သောခေတ်တွင် အလုပ်လုပ်ပြီး သူတို့လုပ်သော အလုပ်သည် သီးခြားမဟုတ်ပေ။ အဆုံးတွင် သူတို့သည် ဘုရားသခင်က ဖန်ဆင်းသော သတ္တဝါများသာဖြစ်သည်။Read More »

သမ္မာကျမ်းစာနှင့် ပတ်သက်ပြီး တင်ပြချက် (၂)

သမ္မာကျမ်းစာနှင့် ပတ်သက်ပြီး တင်ပြချက် (၂)

သမ္မာကျမ်းစာကို ဓမ္မဟောင်းကျမ်းနဲ့ ဓမ္မသစ်ကျမ်းလို့လည်း ခေါ်ကြပါသေးတယ်။ အဲဒီကျမ်းလို့ ဆိုတဲ့ဟာက ဘာကိုရည်ညွှန်းမှန်း သင်တို့သိကြလား။ ဓမ္မဟောင်းကျမ်းထဲက “ကျမ်း” ဆိုတာဟာ ယေဟောဝါဘုရားက အဲဂုတ္တု ပြည်သူတွေကိုသတ်ပစ်ခဲ့ပြီး ဣသရေလပြည်သူတွေကိုဖာရိုဘုရင်ထံမှကယ်တင်ခဲ့စဉ်တုန်းက ဣသရေလလူတွေ အတွက်ချမှတ်ပေးခဲ့တဲ့ပဋိညာဉ်ထဲမှ ပေါ်ထွက်လာခဲ့တာပါ။ ဘုရားသခင်က လူသားအတွက် ချမှတ်ပေးခဲ့တဲ့ အဲဒီပဋိညာဉ်ရဲ့ အထောက်အထားမှာ တံခါးထုပ်များအပေါ်တွင် ပေကျံနေခဲ့တဲ့ သိုးငယ်ကလေးရဲ့ သွေးပါပဲ၊ ပဋိညာဉ်တစ်ခုထဲမှာ မိမိတို့ရဲ့ တံခါးဘောင်ရဲ့ အထက်နဲ့ဘေးတွင် သိုးငယ်ကလေးရဲ့ သွေးရှိနေသူတို့ဟာ ဣသရေလ လူတွေ ဖြစ်ကြပြီး၊ သူတို့ဟာ ဘုရားသခင်၏ရွေးချယ်ခံလူမျိုးများဖြစ်ကာ သူတို့ကို ယေဟောဝါဘုရားက လွတ်မြောက်စေမယ်လို့ ဆိုထားခဲ့ပါတယ် (ယေဟောဝါဘုရားဟာ အဲဒီတုန်းက အဲဂုတ္တုပြည်သူတွေရဲ့ သားဦးများနဲ့ ပထမဦးဆုံးမွေးတဲ့ သိုးနွားတွေကိုသတ်ပစ်ရန်ရှိနေခဲ့လို့ပါ)။ အဲဒီပဋိညာဉ်ထဲမှာ အဓိပ္ပါယ် နှစ်မျိုးနှစ်ဆင့်ရှိခဲ့ပါတယ်။ အဲဂုတ္တု နိုင်ငံထဲတွင် လူ ဒါမှမဟုတ် တိရိစ္ဆာန်ကို ယေဟောဝါဘုရားက မွေးခွင့်မပြုဘဲ၊ သားဦး နဲ့ ပထမဆုံးမွေးတဲ့ သိုးနဲ့တိရိစ္ဆာန်တွေကို သတ်ပစ်ဖို့ ရှိနေခဲ့ပါတယ်။ အဲဒါကြောင့်မို့လို့ အနာဂတ္တိကျမ်း အများအပြားတို့ထဲတွင် ယေဟောဝါဘုရားရဲ့ အဲဒီပဋိညာဉ်ကြောင့် အဲဂုတ္တု ပြည်သူတွေကို ပြင်းပြင်းထန်ထန် ဒဏ်ခတ်လိမ့်မယ်လို့ ရေးသားခဲ့ကြတယ်။ ပဋိညာဥ်ပထမအဆင့်ရဲ့ အဓိပ္ပါယ်က အဲဒီလို ဖြစ်ပါတယ်။ ယေဟောဝါဘုရားဟာ အဲဂုတ္တု နိုင်ငံထဲက သားဦးတွေ အားလုံး နဲ့ ပထမဦးဆုံး မွေးခဲ့ကြတဲ့ တိရိစ္ဆာန်တွေ အားလုံးကို သတ်ပစ်ခဲ့ပြီး၊ ဣသရေလ လူတွေ အားလုံးကို ကယ်တင်ခဲ့တယ် ဆိုတော့၊ ဣသရေလ နိုင်ငံထဲက လူတွေ အားလုံးတို့ကို ယေဟောဝါဘုရားက ကောင်းကြီး မင်္ဂလာပေးခဲ့ပြီး ကယ်တင်တော်မူမယ်၊ ၎င်းဟာ သူတို့ထဲတွင် ရေရှည် အမှုတော်ထမ်းရန် ဆန္ဒရှိလျက် သိုးငယ်လေးရဲ့ သွေးကို အသုံးပြုပြီး သူတို့အတွက် ပဋိညာဉ်ကို ချမှတ်ပေးခဲ့တဲ့ သဘောပါပဲ။ အဲဒီအချိန်မှစပြီး၊ ယေဟောဝါဘုရားဟာ ဣသရေလ ပြည်သူတွေကို သတ်ပစ်မှာ မဟုတ်တော့ဘဲ၊ ၎င်းတို့ဟာ ဘုရားသခင်ရဲ့ အရွေးတော်ခံများအဖြစ် ထာဝစဉ် တည်ရှိနေကြမယ်လို့ မိန့်ကြားခဲ့ပါတယ်။ ဣသရေလအမျိုး ဆယ့်နှစ်မျိုးထဲတွင်၊ ဘုရားသခင်ဟာ မိမိရဲ့ အမှုတော်ကို ပညတ်ခေတ် တလျှောက်လုံးမှာ ထမ်းဆောင်သွားလျက်၊ ကိုယ်တော်ရဲ့ ပညတ်ချက်တွေ အားလုံးကို ဣသရေလ ပြည်သူများအား ချပြရင်း၊ သူတို့အထဲကနေပြီး ပရောဖက်များ နဲ့ တရားသူကြီးများကို ရွေးသွားမှာ ဖြစ်ပါတယ်၊ သူတို့ဟာ ဘုရားသခင် အမှုတော်ရဲ့ ဗဟိုချက် ဖြစ်ကြပါမယ်။ ယေဟောဝါဟာ သူတို့အတွက် ပဋိညာဉ်ကို ချမှတ်ပေးခဲ့တယ်- အဲဒီခေတ် မကုန်မချင်း ကိုယ်တော်ဟာ အရွေးခံများ အကြားမှာသာ လုပ်ကိုင်သွားမှာပါ။ ယေဟောဝါဘုရားရဲ့ ပဋိညာဉ်ကို ဘုရားသခင်ရဲ့ အရွေးခံလူများနဲ့ သွေးဖြင့် ပြုလုပ်ခဲ့တယ် ဆိုတော့ ဖောက်ဖျက် မရနိုင်ခဲ့ပါ။ ပိုလို့ကို အရေးကြီးခဲ့တာက၊ ကိုယ်တော်ဟာ ခေတ်ကြီး တစ်လျှောက်လုံး ကိုယ်တော်ရဲ့ အမှုတော်ကို ထမ်းရွက်သွားရန်အတွက် နယ်ပယ် နဲ့ ပန်းတိုင်ကိုပါ ရွေးပေးခဲ့တယ် ဆိုတော့၊ လူတို့ဟာ ပဋိညာဉ် အထူးအရေးပါတာကို မြင်တွေ့နိုင်ခဲ့ကြပါတယ်။ အဲဒါက ပဋိညာဉ် ဒုတိယ အဆင့်ရဲ့ အဓိပ္ပါယ်ပါ။ ပဋိညာဉ်ကို မချမှတ်မီ ရှိနေခဲ့တဲ့ ကမ္ဘာဦးကျမ်းမှလွဲပြီး၊ ဓမ္မဟောင်းကျမ်း အထဲက ကျမ်းစာအုပ်တွေ အားလုံးဟာ ပဋိညာဉ်ကို ချမှတ်လိုက်တဲ့ နောက်မှာ ဣသရေလ ပြည်သူများ အကြားတွင် ဘုရားသခင်လုပ်ကိုင်ခဲ့တာတွေကို ဓမ္မဟောင်းကျမ်းထဲတွင် မှတ်တမ်း တင်ပေးခဲ့ပါတယ်။ အဲဒီမှာ ရံဖန်ရံခါဆိုသလို တိုင်းတပါးသားတွေ အကြောင်းလည်း ပါရှိတတ်ခဲ့ပေမဲ့၊ ခြုံပြောရရင်၊ ဓမ္မဟောင်းကျမ်းဟာ ဣသရေလ နိုင်ငံထဲက ဘုရားသခင်ရဲ့ အမှုတော်များကို ရေးမှတ်ပေးထားတာပါ။ ယေဟောဝါဘုရားက ဣသရေလ ပြည်သူများအတွက် ချမှတ်ခဲ့တဲ့ ပဋိညာဉ်ကို အကြောင်းပြုပြီး ပညတ်ခေတ်တွင် ရေးခဲ့တဲ့ ကျမ်းစာအုပ်တွေကို “ဓမ္မဟောင်းကျမ်း” လို့ ခေါ်ကြပါတယ်။ ဣသရေလပြည်သူများနှင့်အတူချမှတ်ခဲ့သော ယေဟောဝါဘုရားရဲ့ပဋိညာဉ်ကိုအမှီပြု၍ ထိုကျမ်းစာအုပ်များကို အမည်ပေးထားခြင်းဖြစ်တယ်။Read More »

ဘုရားသခင်၏ စကားတော် | ပညတ်တော်ခေတ်မှ အမှုတော်

ဘုရားသခင်၏ စကားတော် | ပညတ်တော်ခေတ်မှ အမှုတော်

ဣသရေလလူမျိုးတို့အပေါ် ယေဟောဝါဆောင်ရွက်ခဲ့သောအမှုသည် လောကီနှင့်ဆိုင်သည့် ဘုရားသခင်၏ မူလနေရာဖြစ်သော လူသားမျိုးနွယ်အကြား၌ ဖြစ်ပေါ်ခဲ့ပြီး ယင်းနေရာမှာ သူရှိနေခဲ့သည့် အထွတ်အမြတ်ထားသော နေရာလည်းဖြစ်သည်။ ယေဟောဝါသည် သူ၏အမှုကို ဣသရေလလူမျိုးတို့အတွက် ကန့်သတ်ထားသည်။ ကနဦးတွင် ဣသရေလပြင်ပ၌ သူအမှုမပြုခဲ့ပေ၊ ထိုအစား သူ၏အမှုနယ်ပယ်ကို ကန့်သတ်ရန်အလို့ငှာ သင့်လျော်မည်ဟု သူမြင်သည့် လူမျိုးတစ်မျိုးကို ရွေးချယ်ခဲ့သည်။ ဣသရေလနိုင်ငံမှာ အာဒံနှင့်ဧဝတို့ကို ဘုရားသခင် ဖန်ဆင်းခဲ့သော နေရာဖြစ်ပြီး ထိုနေရာရှိ မြေမှုန့်မှတစ်ဆင့် လူသားကို ယေဟောဝါ ဖန်ဆင်းခဲ့သည်၊ ထိုနေရာမှာ ကမ္ဘာမြေကြီးပေါ်ရှိ သူ့အမှု၏ အရင်းခံနေရာ ဖြစ်လာခဲ့သည်။ နောဧ၏သားစဉ်မြေးဆက်များနှင့် အာဒံ၏သားစဉ်မြေးဆက်များဖြစ်ကြသော ဣသရေလလူမျိုးများသည် ဤကမ္ဘာပေါ်ရှိ ယေဟောဝါအမှု၏ လူသား အခြေခံအုတ်မြစ်ဖြစ်သည်။Read More »

Word of God (ဘုရားသခင်၏ အလုပ်ကို ကိုယ်တွေ့ ကြုံတွေ့သော သူသာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်၏)

အနန္တတန်ခိုးရှင်ဘုရားက ပြောသည် “ယေဟောဝါ၏ အမှုပြီးသည့်နောက်တွင် ယေရှုသည် မိမိ၏အလုပ်ကို လုပ်ဆောင်ရန် လူသားများ ကြားထဲသို့ လူသားအဖြစ် ကြွလာခဲ့သည်။ သူ၏ အလုပ်ကို သီးသန့်လုပ်ဆောင်ခြင်း မဟုတ်ပါ၊ သို့သော် ယေဟောဝါ၏ အလုပ်ပေါ်တွင် အခြေခံထားခြင်းဖြစ်သည်။ ပညတ်တော်ခေတ်ကို ဘုရားသခင် အဆုံးသတ်ပြီးနောက် ခေတ်သစ်တစ်ခုအတွက် လုပ်ဆောင်ရမည့် အလုပ်ဖြစ်သည်။ ထိုနည်းတူ ယေရှု၏အမှု ပြီးမြောက် ပြီးနောက် ဘုရားသခင်သည် နောက်ခေတ်အတွက် သူ၏ အလုပ်ကို ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်၏ စီမံအုပ်ချုပ်မှု တစ်ခုလုံးသည် ရှေ့သို့ ဆက်လက်လုပ်ဆောင်မြဲ ဖြစ်သော ကြောင့်တည်း။ ခေတ်ဟောင်း ကုန်ဆုံးပြီးနောက် ခေတ်သစ်တစ်ခု အစားထိုး ဝင်ရောက်လာလိမ့်မည်။ အမှုဟောင်း စုံလင်သည်နှင့် အမှုသစ်သည် ဘုရားသခင်၏ စီမံအုပ်ချုပ်မှုကို ဆက်လက် လုပ်ဆောင် ပါလိမ့်မည်။ … စာတန်၏ လွှမ်းမိုးမှုမှ လူသားများကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုကို အပြစ်ဖြေရာယဇ်အဖြစ် လူသားတို့၏ အပြစ်များကို ယူဆောင်သွားရန် လိုအပ်သည်သာမက စာတန် ယိုယွင်းဖျက်ဆီးခဲ့သော လူသားတို့၏ စိတ်သဘောထားကို လုံးဝပယ်ရှင်းရန် ဘုရားသခင်၏ ပိုကြီးမြတ်သော အမှုလည်း လိုအပ်သည်။ ထို့ကြောင့် လူသားတို့သည် မိမိတို့အပြစ်ကို ခွင့်လွှတ်ခြင်း ခံရပြီးနောက် ဘုရားသခင်သည် လူသားတို့ကို ခေတ်သစ်တစ်ခုဆီသို့ ဦးဆောင်ခေါ်သွားရန် လူ့ဇာတိအဖြစ် ပြန်ကြွလာခဲ့ပြီး ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအလုပ်ကို စတင်ခဲ့ကာ ထိုအလုပ်သည် လူသားတို့အား ပိုမိုကြီးမြတ်သော နယ်ပယ်တစ်ခုဆီသို့ ဆောင်ကြဉ်းခဲ့သည်။ သူ၏ အုပ်စိုးမှုကို နာခံသူအားလုံးသည် ပိုမြင့်သော သမ္မာတရားနှင့် ပိုကြီးမြတ်သော ကောင်းချီးများကို ခံစားရလိမ့်မည်။ သူတို့သည် အလင်းတွင် အမှန်တကယ် နေထိုင်ရမည်ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကိုလည်း ရလိမ့်မည်။”

အကြံပြုစာမျာ:

အနန္တတန်ခိုးရှင် ဘုရားသခင်သည် ကျွန်ုပ်၏ သိုးထိန်းဖြစ်သည်

ဘုရားသခင်၏ ပြောဆိုသံ|ဘုရားသခင်၏အသံတော် အမျက်ဒေါသကျရောက်မည့်နေ့ကို ဇာတိပကတိဖြစ်သောသူ အဘယ်သူမှ လွတ်မြောက်နိုင်မည် မဟုတ်ပါ

အနန္တတန်ခိုးရှင်ဘုရားက ပြောသည် “ငါ ဧကန်အမှန် ဆိုသည်ကား၊ ငါ၏သည်းခံခြင်းသည် မကောင်းသော သင်တို့၏ အပြုအမူများအတွက် ပြင်ဆင်ထားခြင်းဖြစ်ပြီး၊ ထိုနေ့ရက်၌ သင်တို့ကို ပြစ်တင်ဆုံးမရန် တည်ရှိခြင်းဖြစ်သည်။ ငါ၏ သည်းခံနိုင်မှုသည် အဆုံးသို့ရောက်ရှိလာသည်နှင့် အမျက်ဒေါသ တရားစီရင်ခြင်းကို ခံမည့်သူသည် သင်တို့မဟုတ်သလော။ အရာခပ်သိမ်းသည် ငါအနန္တတန်ခိုးရှင်၏ လက်ထဲ၌ ရှိသည်မဟုတ်လော။ ကောင်းကင်အောက်တွင် ငါ့အားမနာခံဖို့ သင်တို့ကို အဘယ်သို့ ခွင့်ပြုနိုင်မည်နည်း။ ကြွရောက်လာမည်ဟု ကြိုတင်ဟောထားကြသော်လည်း မည်သည့်အခါမျှ ပြန်မလာသေးသည့် မေရှိယနှင့် သင်တို့တွေ့ဆုံပြီ ဖြစ်သောကြောင့် သင်တို့ဘဝသည် အလွန်ခက်ခဲလိမ့်မည်။ သင်တို့သည် သူ၏ရန်သူ မဟုတ်သလော။ ယေရှုသည် သင်တို့နှင့် မိတ်ဆွေဖြစ်လာပြီ ဖြစ်သော်လည်း သင်တို့သည် မေရှိယ၏ ရန်သူဖြစ်နေဆဲပင်ဖြစ်သည်။ သင်တို့သည် ယေရှုနှင့် မိတ်ဆွေဖြစ်သော်လည်း သင်တို့၏ မကောင်းသော အပြုအမူများက စက်ဆုပ်ဖွယ် ကောင်းသောသူများ၏ အိုးကိုဖြည့်နေပြီဆိုသည်ကို သင်တို့မသိသလော။ သင်တို့သည် ယေဟောဝါနှင့် အလွန်နီးကပ်သော်လည်း မကောင်းသော သင်တို့၏ အပြောအဆိုများသည် ယေဟောဝါ၏ နားထဲသို့ရောက်ပြီး သူ၏ အမျက်ဒေါသကို လှုံ့ဆော်သည်ကို သင်တို့မသိပါသလော။ သူသည် အဘယ်သို့ သင်နှင့်နီးကပ်နိုင်မည်နည်း၊ မကောင်းသော အပြုအမူများနှင့် ပြည့်နှက်နေသည့် သင့်အိုးကို အဘယ်ကြောင့် သူသည် မီးရှို့ မဖျက်ဆီးနိုင်ရမည်နည်း။ သူသည် သင့်ရန်သူအဘယ်ကြောင့် မဖြစ်နိုင်မည်နည်း။”

ဆက်သွယ်မှုများ အနန္တတန်ခိုးရှင် ဘုရားသခင်– မေရှိယ၏ ကြွလာခြင်း