ဘုရားသခင့်အမှု၏ အဆင့်သုံးဆင့်ကို သိခြင်းမှာ ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်ဟု အဘယ်ကြောင့် အဆိုရှိသနည်း။

ကယ်တင်ခြင်း, ကျေးဇူးတော်, ဘုရားသခင်၏ အသံတော်, ယေရှုခရစ်တော်, ဝိညာဉ်တော်

အခန်း သုံး ဘုရားသခင် အလုပ်၏ အဆင့်သုံးဆင့်နှင့် ပတ်သက်သည့် သမ္မာတရားများကို သင်သိရမ

၅။ ဘုရားသခင့်အမှု၏ အဆင့်သုံးဆင့်ကို သိခြင်းမှာ ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်ဟု အဘယ်ကြောင့် အဆိုရှိသနည်း။

(ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲမှ လက်ရွေးစင် ကျမ်းပိုဒ်)

ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်

လူသားမျိုးနွယ်အား စီမံခန့်ခွဲခြင်းအမှုကို အဆင့်သုံးဆင့်ခွဲထား၏။ ဆိုလိုသည်မှာ လူသားမျိုးနွယ်အား ကယ်တင်ခြင်းအမှုကို အဆင့်သုံးဆင့် ခွဲထားခြင်းဖြစ်သည်။ ဤအဆင့်သုံးဆင့်တွင် ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းအမှု မပါဘဲ၊ ထိုအဆင့်တို့မှာ ပညတ်တော်ခေတ်၊ ကျေးဇူးတော်ခေတ်နှင့် နိုင်ငံတော်ခေတ်အမှု၏ အဆင့်သုံးဆင့်တို့ဖြစ်ကြ၏။ ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းအမှုသည် လူသားမျိုးနွယ်တစ်ရပ်လုံးကို ထုတ်လုပ်ခြင်းအမှုဖြစ်၏။ ထိုအမှုမှာ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု မဟုတ်ဘဲ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှုနှင့် လုံးဝဆက်စပ်ခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာမြေကြီးကို ဖန်ဆင်းချိန်၌ လူသားသည် စာတန်၏ ဖျက်ဆီးခြင်းကို မခံရသေးသဖြင့် လူသားမျိုးနွယ်အား ကယ်တင်ခြင်းအမှုကို ဆောင်ရွက်ရန် မလိုအပ်ခဲ့ပေ။ လူသားမျိုးနွယ်သည် စာတန်၏ ဖျက်ဆီးခံရသည့်အခါတွင်မှ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု စတင်ခဲ့သည်။ ထို့ကြောင့် လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း အမှုသည်လည်း လူသားမျိုးနွယ်အနေနှင့် ဖျက်ဆီးခံရပြီးသည့်အခါတွင်မှ စတင်ခဲ့သည်။ တစ်နည်းအားဖြင့်ဆိုလျှင် ဘုရားသခင်၏ လူသားအပေါ်စီမံခန့်ခွဲခြင်းသည် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု၏ ရလဒ်အဖြစ် စတင်ခဲ့ခြင်းဖြစ်ပြီး၊ ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းအမှုမှ ပေါ်ပေါက်လာခြင်း မဟုတ်ပေ။ လူသားမျိုးနွယ်က ဖောက်ပြန်သည့် စိတ်နေသဘောထားကို ရရှိခဲ့ပြီးနောက်မှသာ စီမံခန့်ခွဲသည့်အမှု ဖြစ်ပေါ်လာသည်။ ထို့ကြောင့် လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်းအမှုတွင် အဆင့်လေးဆင့်၊ သို့မဟုတ် ခေတ်လေးခေတ်အစား အပိုင်းသုံးပိုင်း ပါရှိသည်။ ဤသည်သာလျှင် ဘုရားသခင်၏ လူသားအပေါ် စီမံခန့်ခွဲခြင်းအမှုကို မှန်ကန်စွာ ရည်ညွှန်းသည့်နည်းဖြစ်သည်။ နောက်ဆုံးသောခေတ်ပြီးဆုံးချိန်တွင် လူသားမျိုးနွယ်အပေါ် စီမံခန့်ခွဲခြင်းအမှုသည် ပြည့်စုံစွာ ပြီးဆုံးခဲ့ပြီး ဖြစ်လိမ့်မည်။ စီမံခန့်ခွဲခြင်းအမှု ပြီးဆုံးခြင်းသည် လူသားမျိုးနွယ်အားလုံးကို ကယ်တင်သည့်အမှု လုံးဝပြီးဆုံးသွားကာ လူသားမျိုးနွယ်သည် ၎င်း၏ခရီးလမ်းဆုံးသို့ ရောက်ခဲ့ပြီးဖြစ်သည်ဟု ဆိုလို၏။ လူသားမျိုးနွယ်အားလုံးကို ကယ်တင်သည့်အမှု မရှိပါက လူသားမျိုးနွယ်ကို စီမံခန့်ခွဲသည့်အမှု ရှိမည်မဟုတ်ပါ။ အမှု၏ အဆင့်သုံးဆင့်သည်လည်း ရှိမည်မဟုတ်ပါ။ အတိအကျအားဖြင့် ဤသည်မှာ လူသားမျိုးနွယ်၏ စာရိတ္တပျက်ပြားမှုကြောင့်နှင့် လူသားမျိုးနွယ်သည် ကယ်တင်ခြင်းကို အရေးတကြီး လိုအပ်နေသောကြောင့် ယေဟောဝါသည် ကမ္ဘာမြေကြီးအား ဖန်ဆင်းခြင်းကို အဆုံးသတ်ခဲ့ကာ ပညတ်တော်ခေတ်၏ အမှုကို စတင်ခဲ့၏။ ထိုအခါတွင်မှ လူသားမျိုးနွယ်ကို စီမံခန့်ခွဲသည့်အမှု စတင်ခဲ့၏။ ထိုအခါတွင်မှ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု စတင်ခဲ့၏ဟု ဆိုလိုခြင်းဖြစ်သည်။ “လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း” ဟူသည်မှာ ကမ္ဘာမြေကြီးပေါ်တွင် အသစ်ဖန်ဆင်းထားသည့် လူသားမျိုးနွယ် (ဆိုလိုသည်မှာ ဖျက်ဆီးမခံရသေးသည့် လူသားမျိုးနွယ်) ၏အသက်တာကို လမ်းပြခြင်းဟု မဆိုလိုပါ။ စင်စစ်အားဖြင့် ယင်းမှာ စာတန်၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသော လူသားမျိုးနွယ်ကို ကယ်တင်ခြင်းဖြစ်၏။ တစ်နည်းအားဖြင့်ဆိုသော် ဖောက်ပြန်နေသော ဤလူသားမျိုးနွယ်ကို ပြောင်းလဲရန်ဖြစ်၏။ ဤသည်မှာ လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှုတွင် ကမ္ဘာမြေကြီးကို ဖန်ဆင်းသည့်အမှုမပါပေ။ ထို့ကြောင့် လူသားမျိုးနွယ်ကို စီမံခန့်ခွဲသည့်အမှုတွင် ကမ္ဘာမြေကြီးကို ဖန်ဆင်းသည့်အမှု မပါဝင်ဘဲ ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းအမှုမှ သီးခြားဖြစ်သော အမှုအဆင့်သုံးဆင့်သာ ပါဝင်၏။ လူသားမျိုးနွယ်အား စီမံခန့်ခွဲခြင်းအမှုကို နားလည်ရန် အမှု၏အဆင့်သုံးဆင့်နှင့်ဆိုင်သည့် နောက်ခံသမိုင်းကို သိရှိရန်လိုအပ်သည်၊ ဤသည်မှာ ကယ်တင်ခံရရန် လူတိုင်းသိရမည့်အရာဖြစ်၏။ ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါများအနေဖြင့် လူသားကို ဘုရားသခင်က ဖန်ဆင်းထားကြောင်းကို သင်တို့သိသင့်၍ လူသားမျိုးနွယ်၏ ဖောက်ပြန်ခြင်း အရင်းအမြစ်ကို သိသင့်သည့်အပြင် လူသား၏ ကယ်တင်ခြင်း လုပ်ငန်းစဉ်ကို သိသင့်သည်။ ဘုရားသခင်ထံမှ မျက်နှာသာရရှိရေးအတွက် အယူဝါဒနှင့်အညီ မည်သို့ပြုမူရမည်ကိုသာ သင်တို့သိ၍ လူသားမျိုးနွယ်ကို ဘုရားသခင်က မည်သို့ကယ်တင်သည်ကိုဖြစ်စေ၊ လူသားမျိုးနွယ် ဖောက်ပြန်ခြင်း၏ အရင်းအမြစ်ကိုဖြစ်စေ၊ အရိပ်အမြွက်မျှပင် မသိပါက ဤသည်မှာ ဘုရားသခင်၏ဖန်ဆင်းခံသတ္တဝါအနေနှင့် သင်တို့တွင် ကင်းမဲ့နေသည့်အရာဖြစ်၏။ သင်သည် ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအမှုဆိုင်ရာ ပိုမိုကျယ်ပြန့်သော နယ်ပယ်အကြောင်းကို မသိဘဲနေလျက် လက်တွေ့ကျင့်သုံးနိုင်သည့် သမ္မာတရားများကို နားလည်ခြင်းဖြင့် ကျေနပ်၍သာ မနေသင့်ပါ၊ ဤသို့ဖြစ်ပါက သင်သည် တယူသန်ဆန်လွန်း၏။ အမှုအဆင့်သုံးဆင့်သည် လူသားအပေါ် ဘုရားသခင်စီမံခန့်ခွဲမှု၏ အတွင်းဇာတ်လမ်း၊ စကြဝဠာတစ်ခုလုံး၏ ဧဝံဂေလိတရားရောက်ရှိခြင်း၊ လူသားမျိုးနွယ် အားလုံးအကြား အကြီးမားဆုံးသော နက်နဲမှုနှင့် ဧဝံဂေလိတရား ဖြန့်ဝေခြင်း၏ အခြေခံလည်းဖြစ်၏။ သင်သည် သင့်အသက်တာနှင့် သက်ဆိုင်သည့် လွယ်ကူရိုးရှင်းသော သမ္မာတရားများအား နားလည်ရေးကိုသာ အဓိကထား၍ နက်နဲမှုများနှင့် ရူပါရုံများအနက် အကြီးမြတ်ဆုံး ဤအကြောင်းကို ဘာမျှမသိပါက သင်၏အသက်တာသည် ကြည့်ဖို့မှလွဲ၍ မည်သည့်အတွက်မျှ မကောင်းသော ချွတ်ယွင်းနေသည့် ထုတ်ကုန်ပစ္စည်းတစ်ခုနှင့် တူနေသည် မဟုတ်ပါလော။

Read More »

၃) ဘုရားသခင်၏ နာမတော် ပြောင်းလဲကောင်း ပြောင်းလဲနိုင်သည်၊ သို့သော် ကိုယ်တော်၏ အနှစ်သာရကား ဘယ်သောအခါမျှ မပြောင်းလဲပါ။

God-s-name-3

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်သည် မပြောင်းလဲနိုင်ဘူး ပြောသူများရှိသည်။ ယင်းမှာ မှန်သော်လည်း ယင်းမှာ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အနှစ်သာရ မပြောင်းလဲနိုင်ခြင်းကို ဆိုလိုသည်။ ကိုယ်တော်၏ နာမတော်နှင့် အလုပ်ကို ပြောင်းလဲခြင်း သည် သူ၏ အနှစ်သာရ ပြောင်းလဲသွားပြီဟု သက်သေမခံပေ။ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်သည် အစဉ်အမြဲ ဘုရားသခင်ဖြစ်ပြီး ယင်းသည် မည်သည့်အခါမှ မပြောင်းလဲပေ။ အကယ်၍ သင်က ဘုရားသခင် ၏ အလုပ်သည် ပြောင်းလဲခြင်းမရှိဟု ဆိုပါက၊ သူသည် သူ၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ကို အပြီးသတ်နိုင်စွမ်း ရှိပါမည်လော။ ဘုရားသခင်သည် ထာဝရ ပြောင်းလဲခြင်းမရှိကြောင်း သင်သိသော်လည်း ဘုရားသခင်သည် အစဉ်အမြဲ အသစ်ဖြစ်ပြီး မည်သည့်အခါမျှ မဟောင်းနွမ်းသည်ကို သင်သိပါသလော။ ဘုရားသခင်၏ အလုပ်သည် မပြောင်းလဲပါက သူသည် လူသားမျိုးနွယ်ကို ယနေ့အချိန်အထိ လမ်း တစ်လျှောက်လုံး ဦးဆောင်နိုင်ခဲ့ပါမည်လော။ ဘုရားသခင်သည် မပြောင်းလဲနိုင်ဟု ဆိုလျှင် ကိုယ်တော်သည် အဘယ်ကြောင့် ခေတ်နှစ်ခေတ်၏ အလုပ်ကို ပြီးစီးအောင် လုပ်ခဲ့နိုင်သနည်း။ သူ၏ အလုပ်သည် ရှေ့သို့ ရွေ့လျားရန် မည်သည့်အခါမျှ ရပ်တန့်ခြင်းမရှိ၊ သူ၏ စိတ်သဘောထားသည် လူသားအား တဖြည်းဖြည်း ဖွင့်လှစ်ပြသနေပြီး ယင်းပြသမှုသည် သူ၏ ပင်ကိုစိတ်သဘောထားဖြစ်သည်ဟု ဆိုရပေမည်။ အစဦးတွင် ဘုရားသခင်၏ စိတ်သဘောထားကို လူသားထံမှ ဖုံးကွယ်ထားခဲ့သည်။ သူသည် လူသားအား သူ၏ စိတ်သဘောထားကို မည်သည့်အခါမျှ ပွင့်လင်းစွာ ထုတ်ဖော်ခဲ့ခြင်းမရှိဘဲ၊ လူသည် သူ့အကြောင်းကို ရိုးရှင်းစွာပင် မသိနားမလည်ခဲ့ပေ။ သို့ဖြစ်သောကြောင့် သူသည် သူ၏ စိတ်သဘောထားကို လူသားကို တဖြည်းဖြည်း ထုတ်ဖော်ပြသရန် သူ၏ အလုပ်ကို အသုံးပြုခဲ့သည်။ သို့သော်လည်း ထိုသို့ လုပ်ဆောင်ခြင်း ကြောင့် ဘုရားသခင်၏ စိတ်သဘောထားသည် ခေတ်တိုင်းတွင် ပြောင်းလဲနေသည်ဟု မဆိုလိုပေ။ ယင်းမှာ သူ၏ အလိုတော်သည် အစဉ်အမြဲ ပြောင်းလဲ နေခြင်းကြောင့် ဘုရားသခင်၏ စိတ်သဘောထားသည် အစဉ်အမြဲ ပြောင်းလဲနေခြင်းဟု မဆိုလိုပေ။ ယင်းအစား သူ့အလုပ်၏ ခေတ်များ မတူညီသောကြောင့် ဘုရားသခင်သည် သူ၏ပင်ကို စိတ်သဘောထားကို လုံးလုံးလျားလျား တစ်ဆင့်ပြီးတဆင့် ယူဆောင်ပြီး ယင်းကို လူသားအား ဖော်ထုတ်ပြသသောကြောင့် လူသားသည် သူ့ကို သိလာနိုင်သည်။ သို့သော်လည်း ယင်းသည် ဘုရားသခင်တွင် မူလက မည်သည့် စိတ်သဘောထားမျှ မရှိ သို့မဟုတ် ခေတ်များ ကျော်ဖြတ် လာသည်နှင့် အမျှ သူ၏ စိတ်သဘောထားသည် တဖြည်းဖြည်း ပြောင်းလဲလာသည်ကို သက်သေပြသည်ဟု မဆိုလိုပေ။ ယင်းသို့နားလည်မှုမှာ မှားယွင်းမှုဖြစ်သည်။ ဘုရားသခင်သည် သူ၏ ပင်ကိုနှင့် သီးခြား စိတ်သဘောထားကို—သူ၏ ဖြစ်ခြင်းကို—လူသားအား ခေတ်များ ကျော်ဖြတ်လာသည်နှင့်အမျှ ထုတ်ဖော် ပြသသည်။ ခေတ်တစ်ခေတ်၏ အလုပ်သည် ဘုရားသခင်၏ စိတ်သဘောထား အလုံးစုံကို ဖော်ပြနိုင်ခြင်း မရှိပေ။ သို့ဖြစ်ရာ နှုတ်ကပတ်တော်ဖြစ်သော “ဘုရားသခင်သည် အစဉ်အမြဲ အသစ်ဖြစ်ပြီး မည်သည့်အခါမျှ ဟောင်းနွမ်းခြင်းမရှိ” ဆိုသည်မှာ သူ၏ အလုပ်ကို ရည်ညွှန်းပြီး နှုတ်ကပတ်တော်ဖြစ်သော “ဘုရားသခင်သည် ပြောင်းလဲခြင်းမရှိ” ဆိုသည်မှာ ဘုရားသခင်၏ ပင်ကိုဖြစ်သော အရာအားလုံးနှင့် ဖြစ်ခြင်းကို ရည်ညွှန်းသည်။ မည်သို့ပင်ဖြစ်စေ သင်သည် နှစ်ခြောက်ထောင်အလုပ်ကို နေရာတစ်ခုအပေါ်တွင် မပြုလုပ်နိုင် သို့မဟုတ် သေဆုံးနေသော စကားလုံးများဖြင့် ယင်းကို ပုံဖော်ခြင်းမပြုနိုင်ပေ။ ယင်းမှာ လူသား၏ တုံးအမှုဖြစ်သည်။ ဘုရားသခင်သည် လူသား ထင်မြင်သကဲ့သို့ ရိုးရှင်းခြင်း မရှိဘဲ မည်သည့် ခေတ်တစ်ခုတွင်မဆို သူ၏ အလုပ်သည် တရစ်ဝဲဝဲ စွဲကျန်ရစ်ခြင်း မရှိပေ။ ဥပမာအားဖြင့် ယေဟောဝါသည် ဘုရားသခင်၏ နာမတော် အဖြစ် အစဉ်အမြဲ ရပ်တည်မနေနိုင်ပေ။ ဘုရားသခင်သည်ယေရှုနာမတော်အောက်တွင် သူ၏ အလုပ်ကို လုပ်နိုင်သေးသည်။ ယင်းမှာ ဘုရားသခင်၏ အလုပ်သည် အစဉ်အမြဲ ရှေ့သို့ တိုးတက်ခြင်းဖြင့် ရွေ့လျား နေသည့် လက္ခဏာ ဖြစ်သည်။

Read More »

Myanmar Gospel Song 2019 (လူသားကို ကယ်တင်ဖို့ လူ့ဇာတိခံဘုရားသခင် တိတ်ဆိတ်စွာ အမှုတော်ဆောင်ရွက်)

Myanmar Gospel Song 2019 (လူသားကို ကယ်တင်ဖို့ လူ့ဇာတိခံဘုရားသခင် တိတ်ဆိတ်စွာ အမှုတော်ဆောင်ရွက်)

အမှုသစ် ဆောင်ရွက်ဖို့၊ ဒုစရိုက်ထဲမှ ကျွန်ုပ်တို့ကို ကယ်နုတ်ဖို့
ဘုရားသခင် လူ့ဇာတိခံယူလို့ လူတွေကြားမှာ လျှို့ဝှက်နေထိုင်ခဲ့
ဖြေရှင်းချက် ကိုသူဦးထား
သူ ပြင်ဆင်ထားသော အစီအမံအတိုင်း
အမှုကို အဆင့်ဆင့် သူ လုပ်ဆောင်


ပြစ်တင်ရှုတ်ချခြင်း၊ သတိပေးခြင်းနဲ့ နှစ်သိမ့်ခြင်းများ ပြုနေရင်း
နှုတ်ကပတ်တရားများ တစ်နေ့ထက်တစ်နေ့ တိုးပွား
သိမ်မွေ့ ကြင်နာခြင်းမှ ခက်ထန် ထည်ဝါခြင်းသို့
နှုတ်ကပတ်တရားများ ကရုဏာနဲ့ကြောက်ရွံ့မှုကို မွေးမြူပေးနေ
သူ ပြောသမျှ ကျွန်ုပ်တို့၏ အနက်နဲဆုံး လျှို့ဝှက်မှုများကို ဖော်ထုတ်
နှုတ်ကပတ်တရားများ ကျွန်ုပ်အထဲ စူးဝင်နိုင်၍ အရှက်ရစေ
သူ၏သက်စfမ်းရေကို အဆုံးမဲ့ ပေးနေ
သူ့ကျေးဇူးကြောင့် ကျွန်ုပ်တို့ ဘုရားသခင်နဲ့ မျက်နှာချင်းဆိုင် နေခွင့်ရ
အမှုသစ် ဆောင်ရွက်ဖို့၊ ဒုစရိုက်ထဲမှ ကျွန်ုပ်တို့ကို ကယ်နုတ်ဖို့
ဘုရားသခင် လူ့ဇာတိခံယူလို့ လူတွေကြားမှာ လျှို့ဝှက်နေထိုင်ခဲ့
ဖြေရှင်းချက် ကိုသူဦးထား
သူ ပြင်ဆင်ထားသော အစီအမံအတိုင်း
အမှုကို အဆင့်ဆင့် သူ လုပ်ဆောင်

Read More »

ပညာရှိ အပျိုကညာများက မင်္ဂလာဆောင်လုလင်ကို ကြိုဆိုကြသည် ၁။

၁။ သခင်သည် နောက်ဆုံးသော ကာလတွင် ပေါ်ထွန်းပြီး ဘုရားအိမ်တော်မှ အစပြုသော တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်ရန် နှုတ်ကပတ်တော်များကို မိန့်မြွက်လေသည်။ ဤအရာက သမ္မာကျမ်းဆိုင်ရာ ပရောဖက်ပြုချက်များကို လုံးဝ ပြည့်စုံစေသည် – “ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူ မည်သည် ကား ကြားပါစေ။” (ဗျာဒိတ်ကျမ်း ၂:၇) “ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြောစီရင်ရသော အချိန်ရှိပြီ။” (ရှင်ပေတရု ဩဝါဒစာ ပဌမစောင် ၄:၁၇) ပညာရှိ အပျိုကညာများသာ သခင်၏ အသံတော်ကို ကြားပြီး သူ့ကို ကြိုဆိုနိုင်ကြသည်။

ပညာရှိ အပျိုကညာများက မင်္ဂလာဆောင်လုလင်ကို ကြိုဆိုကြသည် ၁။

Read More »

【Live】Myanmar Subtitle Christian movie | မှန်ကန်သော ကိုးကွယ်ခြင်း၏ နက်နဲသောအရာ

 

လင်ပိုအန်းဟာ တရုတ်နိုင်ငံမှာရှိတဲ့ အိမ်တွင်းဘုရားကျောင်းတစ်ခုမှာ သင်းထောက်တစ်ယောက်ဖြစ်ပါတယ်။ သခင်ယေရှုခရစ်တော်အကြောင်း သိနားလည်ခွင့်ရခြင်း၊ ကိုးကွယ်ခွင့်ရခြင်းအပေါ် သူ့ဘဝတစ်လျှောက်လုံး လောကမှာ တခြားအရာတွေအားလုံးထက် တန်ဖိုးထားခဲ့သူဖြစ်ပြီး၊ သခင်အတွက် ဆင်းရဲဒုက္ခခံရခြင်းကိုလည်း ဂုဏ်ယူခဲ့သူတစ်ယောက်ပါ။ ကံကြမ္မာက ဖန်တီးလာတဲ့တစ်ရက်မှာတော့ သူဟာ တရားဟောပြောဖို့သွားရင်း၊ တုန်လှုပ်စရာသတင်းတချို့ကို ကြားလိုက်ရတယ်။ သခင်ယေရှုဟာ လူ့ဇာတိခံပြီး ပြန်လည်ကြွရောက်နေပြီတဲ့လေ။ ကိုယ်တော်ဟာ နောက်ဆုံးသောကာလရဲ့ခရစ်တော်..အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်တယ်တဲ့။ လင်ပိုအန်းဟာ နားမလည်နိုင်ဖြစ်ခဲ့ရတယ်။ သခင် ပြန် ကြွလာမယ်ဆိုရင်၊ ကောင်းကင်ထက်ကနေ ကြွလာရမှာလေ။ ဒါကြောင့် ကိုယ်တော်ဟာ ဘာကြောင့် လူ့ဇာတိခံပြီး၊ အမှုတော်ကို လျှို့ဝှက်ဆောင်ရွက်ရတာလဲ။ ဘုရားသခင်ရဲ့လူ့ဇာတိခံခြင်း နောက်ကွယ်မှာ ဘယ်လိုနက်နဲမှုတွေရှိနေလဲ။ သခင် ပြန်လည်ကြွရောက်နေပြီဆိုရင်၊ ကျွနု်ပ်တို့တွေဟာ ဘာကြောင့် ချီဆောင်ခြင်းမခံရသေးတာလဲ။ ဒီလိုနဲ့ လင်ပိုအန်းအပါအဝင် သူ့မိတ်ဆွေတွေနဲ့အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ရဲ့တရားဟောဆရာတွေဟာ အပြင်းအထန်ဆွေးနွေးမိကြတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန် ကြွလာခြင်းလား၊ လူ့ဇာတိခံတဲ့ ဘုရားသခင် ပေါ်ထွန်းခြင်းလားဆိုတာတွေပေါ့။ သူတို့တတွေဟာ နောက်ဆုံးမှာ ဒါတွေကို နားလည်သွားကြမှာလား။Read More »

ခရစ်ယာန်သီချင်း | လူ့ဇာတိခံဘုရားတွင် ထင်ရှားနေသည့် ဘုရား၏ သြဇာအာဏာနှင့် တန်ခိုး

God-s-authority-and-power


ဘုရားသည် နှုတ်ကပတ်တော်ကို ပြည့်စုံစေဖို့ ကမ္ဘာပေါ်သို့ကြွလာပြီ
နှုတ်ကပတ်တော်သည် လူ့ဇာတိကိုခံသည်
သူ၏လူ့ဇာတိအားဖြင့် နှုတ်ကပတ်တော် ကိုမြွက်ဆို
ပြီးနောက်၊ သူ၏နှုတ်ကပတ်တော် အားလုံးဟာ
အနှစ်တစ်ထောင်နိုင်ငံတော်ခေတ် ကာလအတွင်း
ပြည့်စုံတော်မူလိမ့်မည်။
နှုတ်ကပတ်တော်သည် လူသားအားလုံး မြင်နိုင်သည့်
အမှန်တရားများ ဖြစ်လာပြီး၊
လူတို့သည် နှုတ်ကပတ်တော် ထွက်ဆို ချက်အတိုင်း
ပြည့်စုံကြောင်း မြင်တွေ့လာလိမ့်မည်။
ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း ထိပ်ဆုံး အဓိပ္ပာယ်ဟာ
လူ့ဇာတိခံယူခြင်း နှင့် နှုတ်ကပတ်တော် အားဖြင့်
ဝိညာဉ် ၏အမှုတော်ပြီး မြောက်ခြင်း ဖြစ်၏
ဒါဟာ “နှုတ်ကပတ်တော် လူ့ဇာတိအဖြစ်ခံ ယူတယ်”
ဆိုတာနှင့် လူ့ဇာတိ၌ နှုတ်ကပတ်တော်
ပေါ်လာတယ်ဆိုတဲ့ မှန်ကန်သော အဓိပ္ပာယ်ပါ

Read More »

Myanmar Gospel Movie (မှန်ကန်သော ကိုးကွယ်ခြင်း၏နက်နဲသောအရာ) | Focus on the Latest Work of God

လင်ပိုအန်းဟာ တရုတ်နိုင်ငံမှာရှိတဲ့ အိမ်တွင်းဘုရားကျောင်းတစ်ခုမှာ သင်းထောက်တစ်ယောက်ဖြစ်ပါတယ်။ သခင်ယေရှုခရစ်တော်အကြောင်း သိနားလည်ခွင့်ရခြင်း၊ ကိုးကွယ်ခွင့်ရခြင်းအပေါ် သူ့ဘဝတစ်လျှောက်လုံး လောကမှာ တခြားအရာတွေအားလုံးထက် တန်ဖိုးထားခဲ့သူဖြစ်ပြီး၊ သခင်အတွက် ဆင်းရဲဒုက္ခခံရခြင်းကိုလည်း ဂုဏ်ယူခဲ့သူတစ်ယောက်ပါ။ ကံကြမ္မာက ဖန်တီးလာတဲ့တစ်ရက်မှာတော့ သူဟာ တရားဟောပြောဖို့သွားရင်း၊ တုန်လှုပ်စရာသတင်းတချို့ကို ကြားလိုက်ရတယ်။ သခင်ယေရှုဟာ လူ့ဇာတိခံပြီး ပြန်လည်ကြွရောက်နေပြီတဲ့လေ။ ကိုယ်တော်ဟာ နောက်ဆုံးသောကာလရဲ့ခရစ်တော်..အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်တယ်တဲ့။ လင်ပိုအန်းဟာ နားမလည်နိုင်ဖြစ်ခဲ့ရတယ်။ သခင် ပြန် ကြွလာမယ်ဆိုရင်၊ ကောင်းကင်ထက်ကနေ ကြွလာရမှာလေ။ ဒါကြောင့် ကိုယ်တော်ဟာ ဘာကြောင့် လူ့ဇာတိခံပြီး၊ အမှုတော်ကို လျှို့ဝှက်ဆောင်ရွက်ရတာလဲ။ ဘုရားသခင်ရဲ့လူ့ဇာတိခံခြင်း နောက်ကွယ်မှာ ဘယ်လိုနက်နဲမှုတွေရှိနေလဲ။ သခင် ပြန်လည်ကြွရောက်နေပြီဆိုရင်၊ ကျွနု်ပ်တို့တွေဟာ ဘာကြောင့် ချီဆောင်ခြင်းမခံရသေးတာလဲ။ ဒီလိုနဲ့ လင်ပိုအန်းအပါအဝင် သူ့မိတ်ဆွေတွေနဲ့အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ရဲ့တရားဟောဆရာတွေဟာ အပြင်းအထန်ဆွေးနွေးမိကြတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန် ကြွလာခြင်းလား၊ လူ့ဇာတိခံတဲ့ ဘုရားသခင် ပေါ်ထွန်းခြင်းလားဆိုတာတွေပေါ့။ သူတို့တတွေဟာ နောက်ဆုံးမှာ ဒါတွေကို နားလည်သွားကြမှာလား။

အကြံပြုစာမျာ: ကယ်တင်ရှင်သည် “ဖြူသောမိုးတိမ်” အားစီးလျက် ကြွလာခဲ့ပြီးဖြစ်သည်

လူ့ဇာတိခံယူခြင်း၏ နက်နဲသောအရာ (၁)

သမ္မာကျမ်းစာ, ဘုရားသခင်, သမ္မာတရား, အသက်, ယေရှုခရစ်တော်,

ကျေးဇူးတော်ခေတ်ကာလတွင်၊ ယောဟန်သည် ယေရှုအတွက် လမ်းကြောင်း ခင်းပေးခဲ့သည်။ သူသည် ဘုရားသခင် ကိုယ်တိုင်၏ အလုပ်ကို မလုပ်နိုင်ဘဲ လူသား၏ တာဝန်ကို ကျေပွန်ရုံမျှသာ ဆောင်ရွက်ခဲ့သည်။ ယောဟန်သည် သခင်၏ရှေ့ပြေး ဖြစ်ခဲ့သော်လည်း၊ သူသည် ဘုရားသခင်ကို ကိုယ်စားမပြုနိုင်ပါ။ သူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းကို ခံရသော လူသားတစ်ဦးသာ ဖြစ်သည်။ ယေရှုဗတ္တိဇံ ခံပြီးနောက် “သန့်ရှင်းသော ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ ကိုယ်တော့်အပေါ်သို့ ဆင်းသက်တော်မူသည်။” ထို့နောက် ယေရှုသည် သူ၏ လုပ်ငန်းများကို စတင်လုပ်ကိုင်ခဲ့သည်၊ ယင်းကား ခရစ်တော်၏ အမှုကို စတင်လုပ်ဆောင်ခြင်း ဖြစ်သည်။ ထို့ကြောင့်ပင်လျှင် သူသည် ဘုရားသခင်မှ လာသောကြောင့် ဘုရားသခင်၏ သွင်ပြင်လက္ခဏာကို ယူခဲ့ခြင်း ဖြစ်သည်။ ဤသို့ လုပ်ဆောင်ခြင်းမတိုင်မီ သူ၏ယုံကြည်ခြင်းသည် တစ်ခါတစ်ရံ အားနည်းကောင်း အားနည်းမည်၊ သို့မဟုတ် တစ်ခါတစ်ရံ ခိုင်မာကောင်း ခိုင်မာမည်—ဤမတိုင်မီ သူ၏ယုံကြည်ခြင်းသည် မည်ကဲ့သို့ပင် ဖြစ်နေခဲ့ပါစေ၊ ယင်းသည်ယေရှု သူ၏ အမှုကို မဆောင်ရွက်မီ သူ၏သာမန် လူသားအသက်တာ အားလုံးပင်ဖြစ်သည်။ သူ ဗတ္တိဇံ ခံပြီးနောက် (ဘိသိတ်ခံပြီးနောက်)၊ သူသည် ဘုရားသခင်၏ တန်ခိုးနှင့် ဘုန်းအသရေတို့ကို ချက်ချင်းရရှိ ပေသည်။ ထို့ကြောင့် သူ၏ အမှုကို စတင်ဆောင်ရွက်ခဲ့သည်။ သူသည် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်သော အမှုအရာများ၊ တန်ခိုးများကို လုပ်ဆောင်နိုင်သည်၊ သူသည် ဘုရားသခင်ကိုယ်တိုင်၏ ကိုယ်စား တိုက်ရိုက် လုပ်ဆောင်သော ကြောင့် သူ့တွင် တန်ခိုးနှင့် လုပ်ပိုင်ခွင့်အာဏာရှိသည်။ ဝိညာဉ်တော်၏ အလုပ်ကို သူသည်ကိုယ်စား လုပ်ဆောင် ခဲ့ပြီး၊ ဝိညာဉ်တော်၏ အသံကို ဖော်ထုတ်ခဲ့သည်။ ထို့ကြောင့် သူသည် ဘုရားသခင် ကိုယ်တိုင်ပင် ဖြစ်ခဲ့သည်။ ဤကား ငြင်းဆန်၍မရသော အရာဖြစ်သည်။ ယောဟန်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးကို ခံခဲ့ရသည်။ သူသည် ဘုရားသခင်ကို ကိုယ်စားမပြုနိုင်ဘဲ၊ သူ့အနေနှင့် ဘုရားသခင်ကို ကိုယ်စားပြုရန် မဖြစ်နိုင်ပေ။ သူသည် ထိုသို့ပြုလုပ်ရန် ဆန္ဒရှိခဲ့လျှင်၊ ဘုရားသခင် ကိုယ်တိုင် ပြီးမြောက်အောင်မြင်စေရန် ရည်ရွယ်ထားသည့် အမှုကို သူဆောင်ရွက်၍ မရနိုင်သည့်အတွက်၊ သန့်ရှင်းသော ဝိညာဉ်တော်က သူ့အားလုပ်ကိုင်ရန် ခွင့်ပြုမည် မဟုတ်ပါ။ သူ့အထဲတွင် လူသား၏ဆန္ဒ များစွာရှိကောင်း ရှိလိမ့်မည်၊ သို့မဟုတ် သူ့အထဲတွင် တစ်စုံတစ်ရာ ကွဲလွဲနေလိမ့် မည်။ မည်သည့် အခြေအနေမျိုးမှာဘဲ ဖြစ်ဖြစ် သူသည် ဘုရားသခင်ကို တိုက်ရိုက်ကိုယ်စား မပြုနိုင်ပါ။ သူ၏ အမှားများနှင့် မမှန်ကန်မှုများက သူ့ကိုသာ ကိုယ်စားပြုနေသော်လည်း၊ သူ၏လုပ်ဆောင်မှုများကမူ သန့်ရှင်းသော ဝိညာဉ်တော်ကို ကိုယ်စားပြုနေခဲ့သည်။ သူ၏ အရာအားလုံးသည် ဘုရားသခင်ကို ကိုယ်စားပြုသည်ဟု သင်မပြောနိုင်သေးပါ။ သူ၏လမ်းလွဲမှုနှင့် မမှန်ကန်မှုတို့ကလည်း ဘုရားသခင်ကို ကိုယ်စားပြုနိုင်ခဲ့သလော။ လူသားကို ကိုယ်စားပြုခြင်းတွင် မမှန်ကန်မှုက သာမန်သာဖြစ်သည်၊ သို့သော် ဘုရားသခင်ကို ကိုယ်စား ပြုခြင်းတွင် သူ၌ လမ်းလွဲမှုများရှိပါက၊ ယင်းသည် ဘုရားသခင်ကို အရှက်ရစေခြင်းပင် မဟုတ်ဘူးလား။ သန့်ရှင်းသော ဝိညာဉ်တော်ကို ပုတ်ခတ်ပြောဆိုခြင်း မဟုတ်ဘူးလား။ အခြားသူများက လူသားအား ချီးမြှောက် သည့်တိုင်၊ သန့်ရှင်းသော ဝိညာဉ်တော်က သူ့အား သူ့ဆန္ဒအလျောက် ဘုရားသခင်နေရာတွင် ရပ်တည်ရန် ခွင့်မပြုပါ။ သူသည် ဘုရားသခင် မဟုတ်ပါက၊ သူသည် အဆုံးတွင် ရပ်တည်နေနိုင်မည် မဟုတ်ပေ။ သန့်ရှင်းသော ဝိညာဉ်တော်က လူသားကို သူစိတ်ရှိသည့်အတိုင်း ဘုရားသခင်အား ကိုယ်စားပြုရန် ခွင့်မပြုပါ။ ဥပမာအားဖြင့်၊ သန့်ရှင်းသော ဝိညာဉ်တော်က ယောဟန်ကို သက်သေခံပေးခဲ့ပြီး၊ သူ့အား ယေရှုကို လမ်းကြောင်းခင်းပေးသူ တစ်ဦးအနေဖြင့်လည်း ထုတ်ဖော်ခဲ့ပါသည်။ သို့သော် သန့်ရှင်းသော ဝိညာဉ်တော်က သူ့ထံတွင်လုပ်သော အလုပ်ကို ကောင်းစွာ တိုင်းတာထားသည်။ ယောဟန်ကို တောင်းဆိုခဲ့သည်များ အားလုံးက ယေရှုအတွက် လမ်းကြောင်းခင်းသူ၊ သူ့အတွက်လမ်းကြောင်း ပြင်ဆင်ပေးရန်ဖြစ်သည်။ ပြောရမည်ဆိုလျှင်၊ သန့်ရှင်းသော ဝိညာဉ်တော်က သူ့အား လမ်းကြောင်းခင်းသည့် လုပ်ဆောင်မှုကိုသာ ပံ့ပိုးပေးပြီး၊ ယင်းလုပ်ဆောင်မှုကိုသာ သူ့အားခွင့်ပြုခဲ့သည်၊ အခြားအလုပ် မပါရှိပါ။ ယောဟန်သည် ဧလိယကို ကိုယ်စားပြုခဲ့ပြီး သူသည် လမ်းကြောင်းခင်းပေးခဲ့သည့် ပရောဖက်တစ်ဦးကို ကိုယ်စားပြုခဲ့သည်။ ယင်းကို သန့်ရှင်းသော ဝိညာဉ်တော်က ပံ့ပိုးပေးခဲ့သည်။ သူ့လုပ်ဆောင်မှုက လမ်းကြောင်း ခင်းခြင်း ဖြစ်နေသ၍ သန့်ရှင်းသော ဝိညာဉ်တော်က ယင်းကို ထောက်ပံ့ပေးခဲ့သည်။ သို့သော်၊ သူသည် သူကိုယ်တိုင်က ဘုရားသခင်ဖြစ်ထိုက်ကြောင်း တောင်းဆိုပြီး ရွေးနှုတ်ခြင်းအမှုကို ပြီးမြောက်စေမည် ဆိုပါက၊ သန့်ရှင်းသော ဝိညာဉ်တော်က သူ့ကို ဆုံးမပဲ့ပြင် ရပါလိမ့်မည်။ ယောဟန်၏ လုပ်ဆောင်မှုသည် မည်မျှပင် ကြီးမြတ်ပြီး၊ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ထောက်ပံ့မှုကို ရရှိစေကာမူ၊ သူ၏ လုပ်ဆောင်မှုသည် ဘောင်များအတွင်းတွင် ရှိနေခဲ့သည်။ သူ၏လုပ်ဆောင်မှုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ထောက်ပံ့မှုကို ရရှိခဲ့သည်ဆိုမှာ တကယ့်ကို မှန်ကန်မှုရှိပါသည်။ သို့သော်လည်း၊ ထိုအချိန်တွင် သူ့ကိုပေးခဲ့သည့် တန်ခိုးမှာ လမ်းကြောင်းခင်းဖို့ အတွက်သာ ကန့်သတ်ထားသည်။ သူသည် လမ်းကြောင်းခင်းပေးသည့် ယောဟန်သာ ဖြစ်နေ၍၊ ယေရှုမဟုတ်သောကြောင့်၊ သူသည်အခြား မည်သည့်အလုပ် တစ်ခုကိုမျှ လုံးဝမလုပ်ဆောင်နိုင်ပါ။ ထို့အတွက်ကြောင့်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ သက်သေခံချက်မှာ အဓိကသော့ချက် ဖြစ်သော်လည်း၊ လူသား လုပ်ဆောင်ရန်အတွက် သန့်ရှင်းသော ဝိညာဉ်တော်က ကန့်သတ်ပေးထားသည့် အလုပ်က ပို၍ပင် အရေးပါ ပါသည်။ ယောဟန်သည် ကြီးမြတ်သည့် သက်သေ မခံခဲ့ဘူးလား။ သူ၏ လုပ်ဆောင်ခဲ့ခြင်းကလည်း မကြီးမြတ် ဘူးလား။ သို့သော် သူသည် သန့်ရှင်းသော ဝိညာဉ်တော်က အသုံးပြုသည့် လူသားတစ်ဦးထက် သာလွန်မှု မရှိသည့်အတွက် သူ၏ လုပ်ဆောင်မှုသည်လည်း ယေရှုထက် သာလွန်မှုမရှိ၊ ဘုရားသခင်ကို တိုက်ရိုက်ကိုယ်စား မပြုနိုင်ပါ။ ထို့အတွက်ကြောင့် သူလုပ်ဆောင် ခဲ့ရသည်မှာလည်း အကန့်အသတ် ရှိခဲ့သည်။ လမ်းကြောင်း ခင်းပေးသည့် လုပ်ဆောင်မှု ပြီးမြောက်ပြီးနောက်၊ မည်သည်ကမျှ သူ၏ သက်သေခံချက်ကို ဆက်လက် ထောက်ပံ့ပေးခြင်း မရှိ၊ သူ့ကို မည်သည့် အလုပ်သစ်ကမျှ နောက်ထပ် လိုက်မလာတော့ဘဲ၊ ဘုရားသခင် ကိုယ်တိုင်က အလုပ်ကို စတင်ခဲ့သည့်အတွက် သူထွက်ခွာသွားခဲ့သည်။Read More »