(သေစေနိုင်သည့် မသိမြင်မှု) စစ်မှန်သည့်လမ်းအား စူးစမ်းရှာဖွေရာတွင် မည်သူ၏ စကားများအား အလေးပေးသင့်သနည်း

ဘုရားသခင်၏ပေါ်ထွန်းခြင်းအား တောင့်တကြသည့်၊ သခင့်၌ စစ်မှန်သည့် ယုံကြည်သူများသည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို ဖတ်ရှုပြီးဖြစ်ကာ ထိုနှုတ်ကပတ်တော်တို့သည် သမ္မာတရားဖြစ်ပြီး ဘုရားသခင်၏အသံတော်ဖြစ်ကြောင်းကို အားလုံးအသိအမှတ်ပြုကြပြီး စစ်မှန်သည့်လမ်းကို ရှာဖွေလေ့လာစူးစမ်းရန် ဆန္ဒရှိနေကြသည်။ သို့ရာတွင် အချို့မှာ မေ ၂၈ ရက်နေ့၊ ကျောင်ယွမ်၊ ရှန်ဒုံအမှုကြောင့်၊ တရုတ်ကွန်မြူနစ်ပါတီဘုရားမဲ့အစိုးရ၊ သင်းအုပ်ဆရာများနှင့် ဘာသာရေးလောကအကြီးအကဲများ ဖြန့်သည့် အလိမ်အညာများကို ယုံကြည်ကြသောကြောင့် ဘုရားသခင်၏ အမှုတော်ကို သံသယဝင်ပြီး စစ်မှန်သည့်လမ်းကိုရှာဖွေခြင်းအား စွန့်လွှတ်လိုကြသည်။ ဤနေရာတွင် တကယ့်ပြဿနာမှာ မည်သည့်အရာနည်း။ ရှန်ဒုံ ကျောင်ယွမ်အမှုသည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့်အမှုတော်တို့နှင့် ဆက်စပ်နေပါသလား။ စစ်မှန်သည့်လမ်းကို စူးစမ်းရှာဖွေရာတွင် မည်သူ၏ စကားကို ခရစ်ယာန်များ အမှန်တကယ် အလေးပေးသင့်ပါသနည်း။

အကြံပြုခရစ်ယာန်ရုပ်ရှင်

Myanmar Movie 2019 တရုတ်ပြည်မှ ဘာသာရေးဖိစီးနှိပ်စက်မှု ၅ (ကျရှုံးလုဆဲဆဲမှာ ပြန်လည်ရှင်သန်ခြင်း)

(အိပ်မက်မှ နိုးထလာခြင်း) ရုပ်ရှင်ဇာတ်လမ်းတိုမျာ – ဘုရားသခင်၏ ကောင်းကင်နိုင်ငံတော်သည် ကောင်းကင်ဘုံတွင်ရှိသလား၊ သို့မဟုတ် ကမ္ဘာပေါ်တွင် ရှိသလား

သခင်ယေရှုကိုယုံကြည်သူများစွာဟာ ကောင်းကင်နိုင်ငံတော်ဆီ ချီဆောင်ခံရဖို့ စောင့်မျှော်နေကြတယ်၊ ဒါပေမဲ့ ကောင်းကင်နိုင်ငံတော်ဆိုတာ ဘယ်အရပ်မှာ တည်တာလဲဆိုတာ ပရိသတ်တို့ သိကြပါသလား၊ ချီဆောင်ခြင်းရဲ့ အဓိပ္ပါယ်အမှန်ကိုရော ပရိသတ်တို့ သိကြလား၊ ဒီရုပ်ရှင်“အိပ်မက်မှ နိုးထလာခြင်း”က ချီဆောင်ခြင်းနဲ့ပတ်သက်တဲ့ နက်နဲရာအချက်တွေကို ပရိသတ်တို့ကို ရှင်းရှင်းလင်းလင်း ဖော်ပြပေးလိမ့်မယ်။

ခရစ်ယာန်ဧဝံဂေလိရုပ်ရှင်များကို အခမဲ့ကြည့်ရှုခြင်း

Myanmar movie 2019 တရုတ်ပြည်မှ ဘာသာရေးဖိစီးနှိပ်စက်မှု ၅ (ကျရှုံးလုဆဲဆဲမှာ ပြန်လည်ရှင်သန်ခြင်း)

 

ဘုရားသခင်၏ စကားတော် | သင်၏အနာဂတ်သာသနာပြုလုပ်ငန်းကို မည်သို့အာရုံစိုက်၍ လုပ်ဆောင်သင့်သနည်း

ဆုတောင်း, ယုံကြည်သူ, အရှေ့အရပ်မှ လျှပ်ပြက်ခြင်း, အသက်, ဧဝံဂေလိတရားတော်

ခေတ်ကာလနှင့်ပတ်သက်သည့် ဘုရားသခင်၏စိတ်သဘောထားကို ခေတ်ကာလအလိုက် အရေးပါမှုရှိသော သင့်တော်ရာ ဘာသာစကားဖြင့် သင်ဖော်ပြနိုင်ပါသလား။ ဘုရားသခင်၏အလုပ်နှင့် သင်ကြုံတွေ့ခဲ့သည့် အတွေ့အကြုံများမှတစ်ဆင့် ဘုရားသခင်၏ စိတ်သဘောထားကို သင်အသေးစိတ် ဖော်ပြနိုင်ပါသလား။ ထိုဖော်ပြမှုမှတဆင့် အခြားသူများမှ သင်၏အတွေ့အကြုံများအကြောင်းကို သိနိုင်စေရန်အလို့ငှာ ၎င်းအား မည်ကဲ့သို့အံဝင်ခွင်ကျစွာနှင့် ဆီလျော်မှုရှိစွာ သင်ဖော်ပြနိုင်ပါမည်လဲ။ ဖြောင့်မတ်မှုကို ဆာလောင်ငတ်မွတ်နေလျက် သင်၏ဉီးဆောင်လမ်းပြမှုကို စောင့်မျှော်နေသည့် သနားစရာကောင်းပြီး၊ ဆင်းရဲမွဲတေနေသော၊ ဘာသာတရားကို ရိုသေကိုင်းရှိုင်းစွာ ကိုးကွယ်ယုံကြည်သူများအား သင်၏တွေ့မြင်မှုများနှင့် အတွေ့အကြုံများကို မည်သို့လက်ဆင့်ကမ်းပေးမည်နည်း။ မည်သို့သောသူများက ၎င်းတို့အား ဦးဆောင်လမ်းပြပေးရန်အတွက် သင့်ကို စောင့်မျှော်နေကြသနည်း။ သင်တွေးတော စိတ်ကူးကြည့်နိုင်ပါသလား။ သင့်အတွက် ဝန်ထုပ်ဝန်ပိုးများ၊ စေခိုင်းထားသည့်လုပ်ငန်းနှင့် သင်၏တာဝန်ဝတ္တရားများကို သိရှိပါသလား။ သမိုင်းတွင်သော သာသနာပြုလုပ်ငန်းတစ်ရပ်အတွက် သင်၏ခံယူမှုမှာ အဘယ်နည်း။ နောင်လာမည့်ခေတ်အတွက် ကောင်းမွန်သောအကြီးအကဲတစ်ဉီးအဖြစ် သင် မည်သို့တာဝန်ထမ်းဆောင်မည်နည်း။ အကြီးအကဲကောင်းတစ်ဦးထားရမည့် စိတ်ဓါတ်မျိုး သင့်တွင်ရှိသလော။ အရာခပ်သိမ်းတို့၏အရှင်သခင်ဟူသည်ကို သင်အဘယ်သို့ရှင်းပြမည်နည်း။ ထိုအရာက ကမ္ဘာပေါ်ရှိ အရာဝတ္ထုမှန်သမျှနှင့် သတ္တဝါခပ်သိမ်းတို့၏အရှင်သခင်လော။ အလုပ်၏နောင်လာမည့် အဆင့်အတွက် တိုးတက်မှုရှိစေရန် သင့်တွင် မည်သည့်အစီအစဉ်များရှိပါသနည်း။ သင်၏ ဦးဆောင်လမ်းပြမှုကို စောင့်စားနေသည့်သူ မည်မျှရှိနေပါသနည်း။ သင်၏တာဝန်သည် ကြီးလေးသော လုပ်ငန်းတာဝန်တစ်ခုလော။ ထိုသူများမှာ ဆင်းရဲမွဲတေလျက် သနားဖွယ်ရာ လမ်းပျောက်နေသူ မျက်ကန်းများဖြစ်၍ “လမ်းဘယ်မှာလဲ” ဟုဆိုကာ အမှောင်ထဲတွင် ငိုကြွေးမြည်တမ်းနေကြသည်။ ထိုသူများမှာ လူသားတို့အား နှစ်ပေါင်းများစွာ ဖိနှိပ်ချုပ်ချယ်ထားသည့် အမှောင်ထု၏အင်အားကို ဖြိုခွင်း၍ ကြယ်တံခွန်ကဲ့သို့ ရုတ်တရက် ဆင်းသက်လာမည့် အလင်းရောင်ကို အလွန်တမ်းတနေသူများဖြစ်သည်။ ထိုအလင်းရောင်ကို ၎င်းတို့မည်မျှ စိုးရိမ်တကြီးဖြင့် မျှော်လင့်နေကြသည်၊ နေ့ရောညပါ အောက်မေ့တမ်းတနေကြသည်ကို မည်သူသိနိုင်မည်နည်း။ ဒုက္ခအလွန်အမင်းခံစားနေရသော ထိုသူတို့သည် လွတ်မြောက်ရန် မျှော်လင့်ချက် ကင်းစွာဖြင့်၊ အလင်းရောင် လျှပ်တပြက်ဖြတ်သန်းသည့်နေ့တွင်ပင်၊ အမှောင်လွှမ်းသည့်အကျဉ်းတိုက်များထဲတွင် ရှိနေကြ၏။ မည်သည့်အခါတွင် ၎င်းတို့မငိုတော့ဘဲနေမည်နည်း။ မည်သည့်အချိန်ကမျှ အနားမရခဲ့သော ထိုကြေမွလွယ်သည့် ဝိညာဉ်များမှာ ဆိုးရွားလှသည့်ကံကြမ္မာကို အမှန်တကယ်ပင် အလူးအလဲခံနေရပါသည်။ ရပ်တန့်နေသည့်သမိုင်းတွင် ၎င်းတို့ သည် ရက်စက်လှသည့် အကြင်နာမဲ့ကြိုးများဖြင့် ချုပ်နှောင်ထားခြင်းခံနေရသည်မှာ ကြာမြင့်ပြီဖြစ်သည်။ ထိုသူတို့၏ ငိုကြွေးသံကို မည်သူကြားဖူးပါသနည်း။ ထိုသူတို့၏ စိတ်မချမ်းမြေ့သော မျက်နှာသွင်ပြင်ကို မည်သူမြင်ဖူးပါသနည်း။ ဘုရားသခင်၏စိတ်နှလုံးသည် မည်မျှ စိုးရိမ်ပူပန်၍ ဝမ်းနည်းပူဆွေးနေမည်ကို သင်တွေးမိပါလော။ ဘုရားသခင်သည် သူ့လက်ဖြင့်ကိုယ်တိုင်ဖန်ဆင်းခဲ့သော အပြစ်မဲ့လူသားများ ဤမျှညှဉ်းဆဲမှုဒဏ် ခံစားရနေသည်ကို မြင်ရန် ခံနိုင်ရည် မည်သို့ ရှိနိုင်မည်နည်း။ Read More »

ဘုရားသခင်၏ ပြောဆိုသံ | သင်မည်သူ့ကို သစ္စာစောင့်သိသနည်း

ကယ်တင်ခြင်း, ယုံကြည်ခြင်း, ယုံကြည်သူ, သမ္မာတရား, အသက်

သင်တို့ လက်ရှိဖြတ်သန်းနေရသော နေ့တိုင်းသည် အရေးကြီးပြီး၊ သင်တို့၏ ပန်းတိုင်နှင့် ကံကြမ္မာအတွက် အခရာကျသည်ဖြစ်၍ သင်တို့ပိုင်ဆိုင်သော အရာအားလုံးနှင့် ကုန်ဆုံးသွားသော မိနစ်တိုင်းကို သင်တို့ တန်ဖိုးထားရမည်။ သင်တို့သည် အချည်းနှီးသော ဘဝတွင် အသက်မရှင်ရန်အလို့ငှာ သင်တို့ကိုယ်သင်တို့ အကြီးမားဆုံးသော အကျိုးများ ပေးနိုင်ရန် သင်တို့၏အချိန်ကို ဖြစ်နိုင်သမျှ အကျိုးဖြစ်ထွန်းအောင် ဆောင်ရွက်ရမည်။ ဤနှုတ်ကပတ်တော်များကို အဘယ်ကြောင့် ငါပြောနေခြင်းနှင့်ပတ်သက်၍ သင်တို့ ခေါင်းရှုပ်ကောင်း ခေါင်းရှုပ်နိုင်သည်။ ပွင့်ပွင့်လင်းလင်းပြောပါက သင်တို့၏ လုပ်ရပ်များကို ငါအားမရ မကျေနပ်။ အကြောင်းမှာ သင်တို့အတွက်ထားရှိသော ငါ၏မျှော်လင့်ချက်များမှာ သင်တို့ ယခုဖြစ်နေသောအရာမျှသာ မဟုတ်၍ဖြစ်၏။ ဤအကြောင်းကြောင့် ငါဤနည်းနှင့် ရှင်းပြနိုင်သည်၊ သင်တို့အားလုံးသည် အန္တရာယ်နှင့် လက်တစ်ကမ်းအလို၌ ရောက်နေကြ၏။ ကယ်တင်ခြင်းအတွက် သင်တို့ ယခင်က ဟစ်ကြော်ခဲ့ခြင်းများနှင့် သမ္မာတရားကို မီအောင်လိုက်ခြင်း၊ အလင်းကို ရှာဖွေခြင်းတို့အတွက် အလျင်က ပြင်းပြသော ဆန္ဒများသည် နိဂုံးချုပ်တော့မည်။ ဤသည်မှာ သင်တို့၏ ပေးဆပ်ခြင်းပြသချက်နောက်ဆုံးဖြစ်ပြီး ထိုအရာသည် ငါမည်သည့်အခါမျှ မမျှော်လင့်ခဲ့သည့် အရာဖြစ်သည်။ သင်တို့ကြောင့် ငါအင်မတန် စိတ်ပျက်ခဲ့ရသည့်အတွက် အမှန်တရားနှင့် ဆန့်ကျင်၍ ပြောရန် ငါအလိုမရှိ။ သင်တို့သည် အရေးကိစ္စကို ဤအတိုင်းထားရန် အလိုမရှိဘဲ လက်တွေ့အရှိတရားကို ရင်မဆိုင်ရဲသော်လည်း ငါသည် သင်တို့အား ဤမေးခွန်းကို လေးလေးနက်နက် မေးရလိမ့်မည်၊ ဤနှစ်များတစ်လျှောက် သင်တို့၏ နှလုံးသားများထဲ အဘယ်အရာများနှင့် ပြည့်နေခဲ့သနည်း။ မည်သူ့ကို သင်တို့နှလုံးသားများက သစ္စာစောင့်သိခဲ့သနည်း။ ငါ၏ မေးခွန်းသည် အလွန်အမင်း ရုတ်ခြည်းဖြစ်လှသည်ဟု မပြောနှင့်၊ ထိုကဲ့သို့သော မေးခွန်းကို အဘယ်ကြောင့် ငါထုတ်သနည်းဟု မမေးနှင့်။ သင်တို့ သိထားရမည်မှာ သင်တို့အကြောင်းကို ငါဂဃနဏ သိပြီး သင်တို့ကို ငါအင်မတန် ဂရုစိုက်ကာ သင်တို့လုပ်သည့်အရာ၌ ငါ့နှလုံးသားကို များစွာပေးအပ်မြှုပ်နှံထားသည့် အတွက် သင်တို့ကို ထပ်တလဲလဲ မေးကာ မပြောပြနိုင်လောက်သော အခက်အခဲကို သည်းခံခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း အရေးမစိုက်မှုနှင့် မခံမရပ်နိုင်သော ကျောခိုင်းသွားခြင်းတို့နှင့်သာ ငါ့ကိုပြန်ပေးဆပ်ကြသည်။ သင်တို့သည် ငါ့ကို အလွန် မေ့လျော့ပေါ့ဆနိုင်လွန်းသည်၊ ထိုအရာကို မည်သို့လျှင် ငါသတိမထားမိဘဲ ရှိမည်နည်း။ ဤအရာ ဖြစ်နိုင်သည်ဟု သင်တို့ယုံကြည်ပါက သင်တို့သည် ငါ့အပေါ် ကြင်နာခြင်းနှင့် ဧကန်အမှန် မဆက်ဆံကြောင်းကို သက်သေပြသည်။ သို့အတွက်ကြောင့် သင်တို့သည် မျက်စိပိတ်နားပိတ်ပြီး မသိချင်ယောင်ဆောင်နေကြသည်ဟု ငါပြောသည်။ သင်တို့အားလုံးသည် အလွန်တော်တတ်နေကြရကား သင်တို့ အဘယ်အရာ လုပ်နေသနည်းဆိုသည်ကို သင်တို့ မသိကြ၊ ထိုသို့ဆိုလျှင် သင်တို့သည် ငါ့ကို ရှင်းပြဖို့ရန် အဘယ်အရာကို အသုံးပြုကြမည်နည်း။Read More »

ဘုရားသခင်၏ ပြောဆိုသံ | ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်

ဘုရားသခင်၏ ပြောဆိုသံ | ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်

ဘုရားသခင် အမှု၏ ရည်ရွယ်ချက်ကို နားလည်သဘောပေါက်ရန် လူသားသည် မည်သည့် ဂုဏ်သတ္တိများ စွမ်းဆောင်ရရှိ ရမည်နည်း၊ လူသားအတွက် ထားရှိသော ဘုရားသခင်၏ အလိုတော်သည် ဘုရားသခင်၏ နောက်သို့ လိုက်သောသူတိုင်း စွမ်းဆောင်ရရှိသင့်သော အရာပင် ဖြစ်သည်။ ယခုတွင် လူသားအားလုံးတို့မှာ ဘုရားသခင်၏ အမှုနှင့်ပတ်သက်သော အသိပညာပိုင်း၌ ချို့တဲ့နေကြ၏။ ဘုရားသခင်သည် လောကကြီးကို ဖန်ဆင်းချိန်မှစ၍ လူသားမှာ ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် လူသား၌ မည်ကဲ့သို့ ပါ၀င်ဖွဲ့စည်းသည်နှင့် ဘုရားသခင်၏ အလိုတော်နှင့် အမှုအားလုံးတို့ကို အတိအကျ နားလည်ခြင်း၊ သို့မဟုတ် သဘောပေါက်ခြင်း မရှိချေ။ ထိုအားနည်းချက်သည် ဘာသာရေး လောက တစ်လျှောက်လုံးတွင် မြင်ခဲ့ရရုံမျှသာမက ဘုရားသခင်ကို ယုံကြည်သူများ အားလုံး၌လည်း တွေ့ရသည်။ သင်သည် ဘုရားသခင်ကို အမှန်မြင်ရချိန်နှင့် ဘုရားသခင်၏ ဉာဏ်ပညာကို နားလည်ရသော နေ့ရက် ရောက်လာချိန်တွင်၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များ အားလုံးကို သင်တွေ့ရသောအချိန်၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကို သိနားလည်သော အချိန်၊ သင်သည် သူ၏ကြွယ်၀မှု၊ ဉာဏ်ပညာ၊ အံ့သြဖွယ်နှင့် လူသား၌ရှိသော သူ၏အမှု အားလုံးတို့ကို တွေ့ရသောအခါတို့တွင် သင်သည် ဘုရားသခင်၌ အောင်မြင်သော ယုံကြည်ခြင်းကို ရရှိပြီး ဖြစ်နေလိမ့်မည်။ ဘုရားသခင်သည် အလုံးစုံ လွှမ်းခြုံ၍ ကြီးစွာသော ကြွယ်ဝခြင်း ဖြစ်သည်ဟု ဆိုရာတွင် အလုံးစုံ လွှမ်းခြုံခြင်းဆိုသည်မှာ အဘယ်နည်း။ ကြွယ်ဝခြင်း ဆိုရာ၌ အဘယ်အရာကို ဆိုလိုသနည်း။ အကယ်၍ သင်နားမလည်လျှင် ဘုရားသခင်၏ ယုံကြည်သူ တစ်ယောက်အဖြစ် သင့်ကို မှတ်ယူ၍မရ။ ဘာသာရေး လောကတွင်ရှိနေပြီး ဘုရားသခင်အား မယုံကြည်သူများကို မာရ်နတ်နှင့် အမျိုးတူသည့် ဒုစရိုက်ပြုသူများဟု အဘယ်ကြောင့် ငါပြောသနည်း။ သူတို့သည် ဒုစရိုက်ပြုသူများ ဖြစ်ကြောင်း ငါဆိုရခြင်းမှာ သူတို့သည် ဘုရားသခင်၏ အလိုကို နားမလည်ကြ သို့မဟုတ်ပါက ဘုရားသခင်၏ ဉာဏ်ပညာကိုလည်း မသိကြသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် သူ့အမှုကို သူတို့အား မည်သည့် အခါမျှ မဖွင့်ပြ၊ သူတို့သည် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို မသိမမြင်သည့် မျက်စိကန်းသောလူများ ဖြစ်ကြ၏။ သူတို့မှာ ဘုရားသခင်၏ စွန့်ပစ်ခြင်း ခံရသောသူများ ဖြစ်ကြပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုပြုခြင်းကို မဆိုထားနှင့်၊ ဘုရားသခင်၏ ဂရုစိုက်မှု၊ ကာကွယ်မှုတို့ကို လုံးဝမခံရသောသူများ ဖြစ်ကြ၏။ ဘုရားသခင်၏ အမှုပြုခြင်းနှင့် ကင်းသောသူတို့သည် ဒုစရိုက်ကို ပြုသောသူများ ဖြစ်ကြပြီး၊ ဘုရားသခင်၏ တစ်ဖက် ဆန့်ကျင်၍ ထတတ်ကြ၏။ ငါပြောနေသော ဘုရားသခင်ကို ဆန့်ကျင်နေသည့် ထိုသူတို့မှာ ဘုရားသခင်ကို မသိကျွမ်းသောသူများ ဖြစ်ကြကာ၊ ဘုရားသခင်ကို အနှစ်သာရမဲ့သော စကားလုံးများဖြင့် အသိအမှတ် ပြုသော်လည်း ဘုရားသခင်ကို မသိ၊ သူတို့သည် ဘုရားသခင်၏ နောက်သို့ လိုက်သည်ဟု ဆိုသော်လည်း သူ့ကို မနာခံကြ၊ ထိုသူတို့သည် ဘုရားသခင်၏ ကျေးဇူးတော်၌ မွေ့လျော်နေသည့်တိုင် ဘုရားသခင်အတွက် သက်သေမခံနိုင်ကြချေ။ Read More »

တရားဝင် ရုပ်ရှင်နမူနာများ | ဘယ်သူက ဘုရားသခင်ကို လက်ဝါးကပ်တိုင်မှာသံနဲ့ထပ်ပြီးရိုက်နေတာလဲ

ကူရှိုချန်းဟာ တရုတ်နိုင်ငံက အိမ်ဘုရားကျောင်းတစ်ခုမှာ သင်းအုပ်ဆရာဖြစ်ပါတယ်။ သူဟာ နှစ်ပေါင်းများစွာ သခင့်ကို ယုံကြည်သက်ဝင်ပြီး တရားဟောချက်များကို တစ်သမတ်တည်း လုပ်ဆောင်ခဲ့ကာ နှုတ်ကပတ်တော်ကို ဟောပြောခဲ့ခြင်းကြောင့် ၁၂ နှစ်ကြာ အကျဉ်းကျခဲ့ပါတယ်။ အကျဉ်းထောင်မှ လွတ်ပြီးနောက်၊ ကူရှိုချန်းဟာ အသင်းတော်မှာ ဆက်လက်အလုပ်ဝင်ခဲ့ပါတယ်။ ဒါပေမဲ့ ကူရှိုချန်းနှင့် သက်ဆိုင်တဲ့ အသင်းတော်ကို နိုင်ငံတော်ရှိ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် ရောက်ရှိလာတဲ့အခါမှာတော့ သူဟာ ရှာဖွေလေ့လာခြင်း လုံးဝမရှိဘဲ ၊ နောက်ဆုံးသောကာလမှာ ဘုရားသခင်ရဲ့ လက်ရာကို ပြစ်တင်ရှုတ်ချဖို့အတွက် သူ့ရဲ့ ကိုယ်ပိုင်အယူအဆများနဲ့ အထင်အမြင်များကိုသာ ခေါင်းမာမာနဲ့ ယုံကြည်နေခဲ့တယ်။ ပြီးတော့ သက်ဝင်ယုံကြည်သူတို့ကို မှန်ကန်သော လမ်းစဉ်ကို လက်ခံခြင်းကို နှောင့်ယှက်ပိတ်ပင်ဖို့ရန်အလို့ငှာ အယူအဆများနဲ့ ယုတ္တိအမှားများကို ဖြန့်နှံ့ရန် သူအတတ်နိုင်ဆုံး လုပ်ဆောင်တယ်။ အထူးသဖြင့် အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဖတ်ရှုပြီးတဲ့နောက် ကူရှိုချန်းဟာ နှုတ်ကပတ်တော်တို့ဟာ အမှန်တကယ် သြဇာအာဏာနဲ့ တန်ခိုးရှိကြပြီး ကြားနာရသူတိုင်း လက်ခံယုံကြည်ကြမည်ကို သိရှိခဲ့ပြီး အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကတပတ်တော်များကို ဖတ်ရှုသူ ဘယ်သူမဆို ဘုရားသခင်ကို ယုံကြည်သက်ဝင်သွားမည်ကို အလွန်အမင်း ကြောက်ရွံ့ခဲ့တယ်။ သူရဲ့ဂုဏ်ဒြပ်နဲ့ သူ့အသက်မွေးဝမ်းကြောင်းကို ဆက်လက်မထိန်းထားနိုင်မည်ကို ပူပင်ခဲ့တယ်။ ဒါကြောင့် ဒီကိစ္စကို သင်းထောက်ဝမ်စင်းအပါအဝင်၊ တခြားလူများနဲ့ ဘုရားကျောင်းထဲမှာ တိုင်ပင်ခဲ့ပြီး တရုတ်ကွန်မြူနစ်အစိုးရ အသုံးပြုတဲ့ ကောလာဟလများနဲ့ လူတွေကို လှည့်စားကာ ၊ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ပြစ်တင်ရှုတ်ချ တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ကူရှိုချန်းနဲ့ ဝမ်စင်းတို့ဟာ အသင်းတော်တွေကို ပိတ်သိမ်းဖို့နဲ့ လူများ မှန်ကန်သော လမ်းစဉ်ကို မလိုက်နိုင်ရန် ပိတ်ပင်ဖို့ရန် အဆုံးစွန်ထိ လုပ်ခဲ့ကြတယ်။ သူတို့ဟာ ဆိုးယုတ်တဲ့ တရုတ်ကွန်မြူနစ်ပါတီနဲ့တောင် ပူပေါင်းပြီး ၊ အနန္တတန်ခိုးရှင်ဘုရားသခင်ကို သက်သေခံတဲ့ လူတွေကို ဖမ်းဆီးနှိပ်စက်ခဲ့တယ်။ သူတို့ရဲ့ လုပ်ရပ်တွေဟာ ဘုရားသခင်ရဲ့စိတ်သဘောထားကို ပြင်းပြင်ထန်ထန် ဆန့်ကျင်နေပြီး ဘုရားသခင်ရဲ့ ကျိန်ခြင်းအမင်္ဂလာဖြစ်နိုင်ပါတယ်။ ဝမ်စင်းဟာ နိုင်ငံတော်ရဲ့ သတင်းကောင်းတို့ကို ဖြန့်ဝေနေသူအချို့ကို ဖမ်းဆီးရန် သွားရာလမ်းတွင် ကားမတော်တဆမှုတစ်ခုဖြစ်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့တယ်။ ကူရှိုချန်းကတော့ ကြောက်လန့်တကြားနဲ့ ကြံရာမရနေထိုင်နေရပြီး ကျီးလန့်စာစားဖြစ်နေပါတော့တယ်။ “ငါ့ရဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်အပေါ် ပြစ်တင်ရှုတ်ချမှုကြောင့် ဘုရားသခင်ဟာ ထပ်မံကားစင်အတင်ခံရလေသလား” လို့ သူ့ကိုယ်သူ မကြာခဏပြောနေတတ်ပါတယ်။

အကြံပြုစာမျာ: အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်– နောက်ဆုံးသော သဘော

 

မေလ၂၈ ရက်က ဖြစ်ပွားခဲ့သော ဇောင်ယွမ်အမှု၏ နောက်ကွယ်မှကြိုးကိုင်ခဲ့သူက တရုတ်ကွန်မြူနစ်ပါတီ ဖြစ်သည်

၂၀၁၄ ခုနှစ်တွင် တရုတ်ကွန်မြူနစ်ပါတီသည် ရှန်းဒုံဒေသတွင် ဖြစ်ပေါ်ခဲ့သော နာမည်ဆိုးဖြင့်ကျော်ကြားသည့် မေလ ၂၈ ဇောင်ယွမ်အရေးအခင်းကို မဟုတ်မမှန်ဇာတ်လမ်းဆင်ပြီး အိမ်တွင်းအသင်းတော်များ ဖိနှိပ်ချုပ်ချယ်ခြင်းအတွက် လူထုခံယူချက်အခြေခံသဘောတရားများကို ဖန်တီးခဲ့ပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ရှုတ်ချပြီး အသရေဖျက်ရန်အတွက် မမှန်ကန်သော အယူဝါဒများကို ကမ္ဘာအနှံ ဖြန့်ခဲ့ပါသည်။ ရလဒ်အနေဖြင့် အမှန်တရားကိုမသိသော သူအချို့သည် တရုတ်ကွန်မြူနစ်ပါတီ၏မဟုတ်မှန်သော အယူဝါဒများတွင် လှည့်စားခံလိုက်ရသည်။ ဤအစီအစဉ်တွင် ဒီအမှုနှင့် သက်ဆိုင်သော တရုတ်ကွန်မြူနစ်ပါတီ ၏ လိမ်ညာမှုများအပေါ် သံသယများ တစ်ခုပြီးတစ်ခု ဖော်ထုတ်မည်ဖြစ်ပြီး သင့်ကို ဖြစ်ရပ်မှန်များရှင်းလင်းပေးကာ ရှန်းဒုံဇောင်ယွမ်အရေးအခင်း၏ နောက်ကွယ်ကအဖြစ်မှန်ကို ကမ္ဘာကသိရန် လုံးလုံးလျားလျား ဖော်ထုတ်ပါသည်။

အသိပညာမျာ:

အနန္တတန်ခိုးရှင် ဘုရားသခင်– ငြိမ်သက်ခြင်း အရှင်

Christian Movie 2018 (ဘယ်သူက ဘုရားသခင်ကို လက်ဝါးကပ်တိုင်မှာသံနဲ့ထပ်ပြီးရိုက်နေတာလဲ)

ကူရှိုချန်းဟာ တရုတ်နိုင်ငံက အိမ်ဘုရားကျောင်းတစ်ခုမှာ သင်းအုပ်ဆရာဖြစ်ပါတယ်။ သူဟာ နှစ်ပေါင်းများစွာ သခင့်ကို ယုံကြည်သက်ဝင်ပြီး တရားဟောချက်များကို တစ်သမတ်တည်း လုပ်ဆောင်ခဲ့ကာ နှုတ်ကပတ်တော်ကို ဟောပြောခဲ့ခြင်းကြောင့် ၁၂ နှစ်ကြာ အကျဉ်းကျခဲ့ပါတယ်။ အကျဉ်းထောင်မှ လွတ်ပြီးနောက်၊ ကူရှိုချန်းဟာ အသင်းတော်မှာ ဆက်လက်အလုပ်ဝင်ခဲ့ပါတယ်။ ဒါပေမဲ့ ကူရှိုချန်းနှင့် သက်ဆိုင်တဲ့ အသင်းတော်ကို နိုင်ငံတော်ရှိ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် ရောက်ရှိလာတဲ့အခါမှာတော့ သူဟာ ရှာဖွေလေ့လာခြင်း လုံးဝမရှိဘဲ ၊ နောက်ဆုံးသောကာလမှာ ဘုရားသခင်ရဲ့ လက်ရာကို ပြစ်တင်ရှုတ်ချဖို့အတွက် သူ့ရဲ့ ကိုယ်ပိုင်အယူအဆများနဲ့ အထင်အမြင်များကိုသာ ခေါင်းမာမာနဲ့ ယုံကြည်နေခဲ့တယ်။ ပြီးတော့ သက်ဝင်ယုံကြည်သူတို့ကို မှန်ကန်သော လမ်းစဉ်ကို လက်ခံခြင်းကို နှောင့်ယှက်ပိတ်ပင်ဖို့ရန်အလို့ငှာ အယူအဆများနဲ့ ယုတ္တိအမှားများကို ဖြန့်နှံ့ရန် သူအတတ်နိုင်ဆုံး လုပ်ဆောင်တယ်။ အထူးသဖြင့် အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဖတ်ရှုပြီးတဲ့နောက် ကူရှိုချန်းဟာ နှုတ်ကပတ်တော်တို့ဟာ အမှန်တကယ် သြဇာအာဏာနဲ့ တန်ခိုးရှိကြပြီး ကြားနာရသူတိုင်း လက်ခံယုံကြည်ကြမည်ကို သိရှိခဲ့ပြီး အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကတပတ်တော်များကို ဖတ်ရှုသူ ဘယ်သူမဆို ဘုရားသခင်ကို ယုံကြည်သက်ဝင်သွားမည်ကို အလွန်အမင်း ကြောက်ရွံ့ခဲ့တယ်။ သူရဲ့ဂုဏ်ဒြပ်နဲ့ သူ့အသက်မွေးဝမ်းကြောင်းကို ဆက်လက်မထိန်းထားနိုင်မည်ကို ပူပင်ခဲ့တယ်။ ဒါကြောင့် ဒီကိစ္စကို သင်းထောက်ဝမ်စင်းအပါအဝင်၊ တခြားလူများနဲ့ ဘုရားကျောင်းထဲမှာ တိုင်ပင်ခဲ့ပြီး တရုတ်ကွန်မြူနစ်အစိုးရ အသုံးပြုတဲ့ ကောလာဟလများနဲ့ လူတွေကို လှည့်စားကာ ၊ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ပြစ်တင်ရှုတ်ချ တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ကူရှိုချန်းနဲ့ ဝမ်စင်းတို့ဟာ အသင်းတော်တွေကို ပိတ်သိမ်းဖို့နဲ့ လူများ မှန်ကန်သော လမ်းစဉ်ကို မလိုက်နိုင်ရန် ပိတ်ပင်ဖို့ရန် အဆုံးစွန်ထိ လုပ်ခဲ့ကြတယ်။ သူတို့ဟာ ဆိုးယုတ်တဲ့ တရုတ်ကွန်မြူနစ်ပါတီနဲ့တောင် ပူပေါင်းပြီး ၊ အနန္တတန်ခိုးရှင်ဘုရားသခင်ကို သက်သေခံတဲ့ လူတွေကို ဖမ်းဆီးနှိပ်စက်ခဲ့တယ်။ သူတို့ရဲ့ လုပ်ရပ်တွေဟာ ဘုရားသခင်ရဲ့စိတ်သဘောထားကို ပြင်းပြင်ထန်ထန် ဆန့်ကျင်နေပြီး ဘုရားသခင်ရဲ့ ကျိန်ခြင်းအမင်္ဂလာဖြစ်နိုင်ပါတယ်။ ဝမ်စင်းဟာ နိုင်ငံတော်ရဲ့ သတင်းကောင်းတို့ကို ဖြန့်ဝေနေသူအချို့ကို ဖမ်းဆီးရန် သွားရာလမ်းတွင် ကားမတော်တဆမှုတစ်ခုဖြစ်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့တယ်။ ကူရှိုချန်းကတော့ ကြောက်လန့်တကြားနဲ့ ကြံရာမရနေထိုင်နေရပြီး ကျီးလန့်စာစားဖြစ်နေပါတော့တယ်။ “ငါ့ရဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်အပေါ် ပြစ်တင်ရှုတ်ချမှုကြောင့် ဘုရားသခင်ဟာ ထပ်မံကားစင်အတင်ခံရလေသလား” လို့ သူ့ကိုယ်သူ မကြာခဏပြောနေတတ်ပါတယ်။

ဆောင်ရွက်မှုများ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏

 

လူသားမျိုးနွယ်အားလုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်

လူသားမျိုးနွယ်အားလုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်

ငါတို့၏ဖြစ်တည်မှုအလုံးစုံမှာ ဘုရားသခင်ထံမှလာပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာကြောင့် တည်ရှိခြင်းဖြစ်သဖြင့်၊ လူသားမျိုးနွယ်ဝင်များနှင့် ဘာသာတရားကို ကိုင်းရှိုင်းသော ခရစ်ယာန်များအနေဖြင့် ဘုရားသခင်၏တာဝန်ပေးစေခိုင်းချက်ကို ကျေပွန်အောင် လုပ်ဆောင်ရာတွင် မိမိတို့၏ ကိုယ်စိတ်နှလုံးကို ဆက်ကပ်ထားရန်မှာ ငါတို့အားလုံး၏ တာဝန်နှင့် ဝတ္တရားဖြစ်သည်။ အကယ်၍ ငါတို့၏ကိုယ်စိတ်နှလုံးတို့မှာ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အတွက်လည်းမဟုတ်၊ လူသားတို့၏ ဖြောင့်မတ်ခြင်း အကြောင်းတရားအတွက်လည်း မဟုတ်ပါက၊ ငါတို့၏ဝိညာဉ်များသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အတွက် ညှဉ်းဆဲသတ်ဖြတ်ခံခဲ့ကြရသောသူများနှင့် ထိုက်တန်လိမ့်မည် မဟုတ်ပေ၊ ငါတို့ကို အရာရာထောက်ပံ့ပေးနေသော ဘုရားသခင်အတွက်ဆိုလျှင်မူ သာ၍ပင် ထိုက်တန်လိမ့်မည် မဟုတ်ချေ။Read More »

ပုံမှန်ဝိညာဉ်အသက်တာနှင့် ပတ်သက်၍

ကျေးဇူးတော်, ဆုတောင်း, ဘုရားသခင်, အသက်, အသင်းတော်

ယုံကြည်သူတစ်ဦးသည် ပုံမှန်ဝိညာဉ်အသက်တာ ရှိရမည်- ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တွေ့ကြုံရခြင်း၏ အခြေခံအုတ်မြစ်ဖြစ်ပြီး အမှန်တရားသို့ ဝင်ရောက်ခြင်း ဖြစ်သည်။ မျက်မှောက်တွင် ဆုတောင်းခြင်းများ အားလုံး၊ ဘုရားသခင်နှင့်နီးကပ်လာခြင်း၊ တေးသီချင်းသီဆိုခြင်း၊ ကျေးဇူးတော်ချီးမွမ်းခြင်း၊ အလေးအနက် တွေးတောဆင်ခြင်ခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်အောင် ကြိုးစားခြင်းတို့ဖြင့် သင်တို့၏ အလေ့အကျင့်သည် ပုံမှန်ဝိညာဉ်အသက်တာ စံချိန်စံညွှန်းများကို ပြည့်မီနိုင်ပါသလား။ သင်တို့ထဲတွင် မည်သူမျှ ယင်းကိစ္စနှင့်ပတ်သက်၍ ရှင်းလင်းမှု မရှိကြပါ။ ပုံမှန် ဝိညာဉ်အသက်တာကို ဆုတောင်းပထ္ထနာ၊ ဓမ္မတေး၊ အသင်းတော်အသက်တာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သုံးဆောင်ခြင်းနှင့် ထိုသို့သော အခြားအလေ့အထများသာဟု ကန့်သတ်မထားဘဲ၊ ယင်းသည် သစ်လွင်ပြီး ဖျတ်လတ်တက်ကြွနေသော ဝိညာဉ်အသက်တာတွင် နေထိုင်ရန် ဆိုလိုသည်။ ယင်းသည် နည်းလမ်းနှင့် မပတ်သက်ပါ။ သို့သော်လည်း ရလဒ်ဖြစ်သည်။ ပုံမှန်ဝိညာဉ်အသက်တာကို ရရှိနိုင်ရန် တစ်ဦးတစ်ယောက်သည် ဆုတောင်းရမည်၊ ဓမ္မတေးသီချင်း သီဆိုရမည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သုံးဆောင်ရမည်၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်အောင်ကြိုးစားရမည်ဟု လူအများစုတို့က ထင်ကြသည်။ ရလဒ်တစုံတရာရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ သို့မဟုတ် မှန်ကန်သည့် နားလည်မှု ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ ထိုပုဂ္ဂိုလ်တို့သည် အပြင်အပ လှုပ်ရှားမှုများမှတဆင့် သွားရန်သာ အာရုံစိုက်ကြပြီး ရလဒ်ကို အာရုံမစိုက်ကြချေ၊- ယင်းပုဂ္ဂိုလ်တို့မှာ ဘာသာရေး ဓလေ့ထုံးစံများအတွင်း နေထိုင်ကြသူများဖြစ်ပြီး၊ အသင်းတော်အတွင်းတွင် နေထိုင်သူများ မဟုတ်ကြဘဲ၊ သူတို့သည် ဘုရားသခင်နိုင်ငံတော်သားများ ဖြစ်ရန် ပို၍ပင် လိုသေးသည်။ ဤသို့သော လူပုဂ္ဂိုလ်မျိုး၏ ဆုတောင်းပထ္ထနာများ၊ သီဆိုခြင်းနှင့်ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သုံးဆောင်မှုတို့အားလုံးသည် စည်းမျဉ်းစည်းကမ်းများဖြင့် ချည်နှောင်ထားခြင်းခံရသည်၊ ထိုအရာများကို သူတို့ မလုပ်မနေရ လုပ်ကြရသည်၊ သူတို့သည် လမ်းကြောင်းများကို ထိန်းသိမ်းပြီး လုပ်ဆောင်ကြရသည်၊ ၎င်းတို့သည် စိတ်အားထက်သန်စွာ လုပ်ဆောင်ခြင်းမဟုတ် သို့မဟုတ် စိတ်နှလုံးအတွင်းမှ လုပ်ဆောင်ခြင်း မဟုတ်ကြချေ။ ယင်းလူပုဂ္ဂိုလ်တို့ မည်မျှပင် ဆုတောင်းသည်ဖြစ်စေ၊ ဓမ္မတေးသီဆိုသည်ဖြစ်စေ မည်သည့်ရလဒ်မျှ ထွက်ပေါ်လာမည် မဟုတ်ချေ၊ အဘယ်ကြောင့်ဆိုသော် သူတို့ လုပ်ဆောင်သမျှသည် ဘာသာရေး စည်းမျဉ်းစည်းကမ်းများနှင့် ဓလေ့ထုံးစံများသာဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျင့်သုံးခြင်း မဟုတ်သောကြောင့်ဖြစ်သည်။ နည်းလမ်းအပေါ်သာ အာရုံစိုက်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ထိန်းသိမ်းရမည့် စည်းကမ်းကဲ့သို့ ဆောင်ယူပါက၊ ယင်းကဲ့သို့သော ပုဂ္ဂိုလ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျင့်သုံးခြင်းမဟုတ်ဘဲ၊ သွေးသားအာရုံကို ဖြည့်ဆည်းခြင်းဖြစ်ပြီး၊ လုပ်ဆောင်သမျှအရာတို့သည် သူတပါးကို ပြသရန်သာ ဖြစ်ပေသည်။ ထိုကဲ့သို့သော ဘာသာရေးထုံးတမ်းနှင့် စည်းမျဉ်းစည်းကမ်းများသည် လူသားထံမှလာသည်၊ ဘုရားသခင်ထံမှလာခြင်း မဟုတ်ပါ။ ဘုရားသခင်သည် စည်းကမ်းများကို ထိန်းသိမ်းခြင်းမရှိ၊ မည်သည့် ဥပဒေများများကိုမျှ လိုက်နာခြင်းလည်း မရှိ၊ သူသည် နေ့စဉ် အသစ်သောအရာများကို လုပ်ဆောင်ပြီး လက်တွေ့ကျသော အလုပ်များကို လုပ်ဆောင်သည်။ နေ့စဉ် နံနက်ခင်း စောင့်ကြည့်ခြင်း၊ ညနေခင်း ဆုတောင်းခြင်း၊ အစာမစားမီ ကျေးဇူးတော်ချီးမွမ်းခြင်း၊ အရာရာအတွက် ကျေးဇူးတော်ချီးမွမ်းခြင်းနှင့် အခြား ထိုကဲ့သို့သော အလေ့အထများအတွင်း ကန့်သတ်ခံထားရသော Three-Self Church (သုံးမျိုး-ကိုယ်ပိုင် အသင်းတော်)မှ လူများကဲ့သို့ပင်၊ ထိုလူများ မည်မျှလုပ်ဆောင်သည်ဖြစ်စေ၊ သို့မဟုတ် သူတို့ မည်မျှလေ့ကျင့်သည်ဖြစ်စေ သူတို့သည် သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်ခြင်းကို ရရှိမည်မဟုတ်ပေ။ အကယ်၍ လူတို့သည် စည်းကမ်းများအတွင်းတွင်နေပြီး သူတို့၏ စိတ်နှလုံးများသည် လက်တွေ့ကျင့်သုံးမှုထဲသို့ တဖြည်းဖြည်းရောက်ရှိသွားပါက သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်နိုင်မည် မဟုတ်ချေ၊ အဘယ်ကြောင့်ဆိုသော် လူတို့၏စိတ်နှလုံးများတွင် စည်းမျဉ်းစည်းကမ်းများက နေရာယူထားကြသည်၊ လူ့စိတ်ကူးစိတ်သန်းများကို လက်ခံထားကြသည်။ သို့ဖြစ်ရာ ဘုရားသခင် အလုပ်လုပ်ရန် လမ်းမရှိပေ။ လူများသည် ဥပဒေ၏ ထိန်းချုပ်မှုအောက်တွင်သာ အစဉ်အမြဲ နေထိုင်လျက်ရှိနေမည်၊ ယင်းသို့သော လူပုဂ္ဂိုလ်မျိုးသည် ဘုရားသခင်၏ ချီးမြှောက်ခြင်းကို မည်သည့်အခါမျှ ရရှိနိုင်မည် မဟုတ်ချေ။Read More »