၇။ လှည့်ဖြားတတ်သော လူတစ်ဦးဆိုသည်မှာ အဘယ်နည်း။ လှည့်ဖြားတတ်သော လူတို့သည် အဘယ်ကြောင့် ကယ်တင်ခြင်းကို မရရှိနိုင်ကြပါသနည်း။

ကောင်းကင်ဘုံ, ယုံကြည်ခြင်း, ယုံကြည်သူ, အသက်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

သင်တို့သည် အလွန် လိမ်လည်လှည့်ဖျားတတ်လျှင် ကိစ္စတိုင်းကိုသာမက လူတိုင်းကို သံသယဝင်နေမည်ဖြစ်၍ အမြဲသတိထား နေတတ်သည့် နှလုံးသားကို ပိုင်ဆိုင်သူ ဖြစ်နေလိမ့်မည်။ ထိုအကြောင်းကြောင့် ငါ့အပေါ်၌ ထားသော သင်တို့၏ ယုံကြည်ခြင်းသည်လည်း သံသယအုတ်မြစ်အပေါ်၌ တည်ထားသည့် ယုံကြည်ခြင်း ဖြစ်နေလိမ့်မည်။ ထိုသို့သော ယုံကြည်ခြင်းမျိုးသည် ငါမည်သည့်အခါမျှ အသိအမှတ် ပြုမည် မဟုတ်သော ယုံကြည်ခြင်းမျိုး ဖြစ်သည်။ စစ်မှန်သော ယုံကြည်ခြင်း မရှိသောသင်သည် စစ်မှန်သော ချစ်ခြင်းမေတ္တာနှင့် သာ၍ပင် ဝေးကွာမည် ဖြစ်သည်။ သင်သည် ဘုရားသခင်ကို သံသယဝင်နိုင်သည့် အပြင် သင်ဆန္ဒရှိသည့်အတိုင်း သူ့အကြောင်းကို ထင်ကြေးပေး နိုင်လျှင်၊ သင်တို့သည် လူတို့ထဲတွင် အလိမ်လည်အလှည့်ဖျား တတ်ဆုံးသူ ဖြစ်သည်ဟူသည့် အချက်မှာ သံသယဖြစ်စရာ မလိုပေ။ ခွင့်မလွှတ် နိုင်သော အပြစ်များဖြင့် ပြည့်နေသော၊ တရားမျှတမှုနှင့် ဆင်ခြင်တုံတရား ကင်းမဲ့သော၊ တရားမျှတမှု ဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်းကို မသိသော၊ ရက်စက်သော၊ ပရိယာယ်များသော၊ ဖောက်ပြန်တတ်သော၊ ကောက်ကျစ်သော၊ မကောင်းမှု၌သာမက အမှောင်၌ ပျော်မွေ့တတ်သော စသည့် စရိုက်လက္ခဏာများ ရှိသူလူသားအား ဘုရားသခင်နှင့်တူမတူ ကို သင်စဉ်းစားသည်။ ဘုရားသခင်သည် မည်သို့ဟူသည်ကို လူသားသည် နည်းနည်းလေးမျှ မသိသောကြောင့် ထိုသို့သောအတွေးများရှိခြင်း ဖြစ်သည် မဟုတ်လော။ ထိုသို့သော ယုံကြည်ခြင်းသည် အပြစ်နီးပါးဖြစ်သည်။ ထို့အပြင် ငါနှစ်သက်သော သူများသည် ဖားတတ်သောသူများ၊ ကိုယ်ကျိုးအတွက် မျက်နှာရအောင် လုပ်တတ်သောသူများ ဖြစ်ပြီး ထိုသို့ မလုပ်တတ်သူများကို ငါက ကြိုဆိုမည်မဟုတ်၊ သူတို့သည် ဘုရားသခင်၏ အိမ်တော်ရှိ သူတို့၏ နေရာကို ဆုံးရှုံးလိမ့်မည်ဟု ယုံကြည်ကြသူအချို့ပင် ရှိကြသည်။ ဤနှစ်များအတွင်း သင်တို့ သင်ယူ ခဲ့သောအရာအားလုံးသည် ဤအရာများ ဖြစ်သလော။ သင်တို့ ရရှိခဲ့သောအရာများသည် ဤအရာများ ဖြစ်သလော။ သင်တို့ သိထားသည့် ငါနှင့်ပတ်သက်သော အကြောင်းအရာများသည် ထိုသို့သော အမြင်မှားများ သာမကပေ။ သာ၍ဆိုးသည်မှာ သင်တို့၏ ဘုရားသခင်၏ ဝိညာဉ်ကို စော်ကားခြင်းနှင့် ကောင်းကင်ဘုံကိုလည်း အသရေညစ်နွမ်းအောင် ပြောဆိုခြင်းဖြစ်သည်။ ထို့ကြောင့် သင်တို့၌ ရှိသည့် ယုံကြည်ခြင်းမျိုးသည် ငါနှင့် ဝေးရာသို့ သင်တို့ကို ရောက်စေမည့် ယုံကြည်ခြင်းမျိုး ဖြစ်၍ ငါ့ကို ပိုပြီး ဆန့်ကျင်သူများ ဖြစ်စေမည့် ယုံကြည်ခြင်းမျိုး ဖြစ်သည်ဟု ငါပြောခြင်း ဖြစ်သည်။Read More »

ဘုရားသခင်၏ စကားတော် | သမ္မာတရားအား လက်တွေ့ကျင့်သုံးခြင်းသည်သာလျှင် စစ်မှန်မှုအား ပိုင်ဆိုင်ခြင်းဖြစ်သည်

စမ်းသပ်, ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ, ယုံကြည်သူ, သက်သေခံချက်, အသက်

ဘုရားသခင်၏ နှုတ်ကပတ်တော်များအား ကွက်ကွက်ကွင်းကွင်း ရှင်းပြနိုင်ခြင်းက သင်သည် စစ်မှန်မှုကို လက်ဝယ်ရရှိပြီဟု မဆိုလိုပါ၊ အမှုအရာများသည် သင်ထင်မှတ်ထားခဲ့နိုင်သလို မရိုးစင်းပေ။ စစ်မှန်မှုကို သင်လက်ဝယ်ရရှိမရှိဟူသည် သင်ပြောဆိုသည့်အရာအပေါ် အခြေမခံ၊ ထို့ထက် ထိုအရာသည် သင်အသက်ရှင်နေထိုင်မှုအပေါ် အခြေခံသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များက သင်၏အသက်တာနှင့် သင်၏ပင်ကိုဖော်ပြချက် ဖြစ်လာသောအခါ၊ ဤသည်ကိုသာ စစ်မှန်မှုအဖြစ် လက်ခံနိုင်သည်၊ ဤသည်ကိုသာ သင်သည် သိနားလည်မှုနှင့် စစ်မှန်သော ၀ိညာဉ်အသက်တာတို့ကို ပိုင်ဆိုင်သည်ဟု လက်ခံနိုင်သည်။ သင်သည် စစ်ဆေးခြင်းကို အချိန်ကာလကြာမြင့်စွာ ကြံ့ကြံ့ခံနိုင်ရမည်ဖြစ်ကာ၊ ဘုရားသခင်အလိုရှိသည့် ပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်နိုင်ရမည်၊ ယင်းသည် ဟန်ပြခြင်းမျှသာ မဖြစ်ရဘဲ ယင်းသည် သင့်အထဲမှ သဘာဝအလျောက် ထွက်ပေါ်လာရပါမည်။ ထိုအခါမှသာ သင်သည် စစ်မှန်မှုကို အမှန်တကယ်ပိုင်ဆိုင်လိမ့်မည်၊ ထိုအခါမှသာ သင်သည် အသက်တာကို ရရှိပြီးဖြစ်လိမ့်မည်။ လူတိုင်းနှင့် ရင်းနှီးသည့်၊ အစေခံသူတို့၏ စစ်ဆေးခံရခြင်းအား ဥပမာအဖြစ် ငါအသုံးပြုမည်။Read More »

၆။ ရိုးသားသော လူတစ်ဦးဆိုသည်မှာ အဘယ်နည်း။ ရိုးသားသော လူများကို ဘုရားသခင် အဘယ်ကြောင့် ကြိုက်နှစ်သက်ပါသနည်း။

ကယ်တင်ခြင်း, ကောင်းကင်နိုင်ငံတော်, ချီးမွမ်းခြင်း, ယုံကြည်သူ, အသက်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်က ရိုးသားသူကိုနှစ်သက်မှန်း သင်တို့သိထားသင့်သည်။ ဘုရားသခင်၌ သစ္စာရှိခြင်း၏ အနှစ်သာရရှိသဖြင့် သူ၏နှုတ်ကပတ်တော်ကို အမြဲယုံကြည်စိတ်ချနိုင်သည်။ ထို့အပြင် သူ၏လုပ်ဆောင်ချက်များမှာ အမှားကင်းပြီး သံသယရှိရန်မလိုပေ။ ထို့ကြောင့် သူ့အပေါ် ပကတိရိုးသားဖြောင့်မတ်သူများကို ဘုရားသခင်က နှစ်သက်ခြင်းဖြစ်သည်။ ရိုးသားဖြောင့်မတ်ခြင်းဆိုသည်မှာ ဘုရားသခင်ထံ သင့်နှလုံးသားကို ပေးအပ်ခြင်း၊ မည်သည့်အချိန်တွင်မဆို မည်သည့်အရာကိုမျှ လိမ်လည်မှု မရှိခြင်း၊ အရာအားလုံးတွင် ဘုရားသခင်နှင့် ပွင့်လင်းမှုရှိခြင်း၊ အမှန်တရားကို မည်သည့်အခါမျှ ကွယ်ဝှက်မထားခြင်း၊ မိမိအထက်မှလူများကို လိမ်လည်ခြင်းနှင့် အောက်မှလူများကို လှည့်စားခြင်းကို မည်သည့်အခါမျှ မပြုခြင်းနှင့်၊ ဘုရားသခင်အား မျက်နှာလိုမျက်နှာရ မပြုခြင်းတို့ပင်ဖြစ်သည်။ အတိုချုံး၍ဆိုရလျှင် ရိုးသားဖြောင့်မတ်မှုရှိခြင်း ဆိုသည်မှာ သင်၏ ကိုယ်နှုတ်အမူအရာတို့ကို မသန့်ရှင်းစေခြင်းမှ ရှောင်ရှား၍ ဘုရားသခင်ကိုဖြစ်စေ၊ လူသားကိုဖြစ်စေ မလှည့်စားခြင်းဖြစ်သည်။…တချို့သူများသည် ဘုရားသခင် ရှေ့မှောက်တွင် အလွန်မှန်ကန်စွာပြုမူ၍ “အပြုအမူကောင်းများ” အထူးရှိပုံရသော်လည်း ဝိညာဉ်တော် ရှေ့မှောက်တွင်မူ ဖီဆန်အာခံသွားကာ ထိန်းချုပ်ထားမှုများ ပယ်ပျောက်တော့သည်။ ရိုးသားခြင်း အဆင့်များထဲတွင် ထိုကဲ့သို့သော လူသားကို သင်တို့ ထည့်တွက်မည်လား။ အကယ်၍ သင်သည် ကြောင်သူတော်တစ်ဦးဖြစ်ပြီး ဆက်ဆံရေး အထူးကောင်းမွန်ပါက သင်သည် ဘုရားသခင်အား မထီမဲ့မြင်ပြုသူ ဖြစ်သည်မှာ သေချာသည်ဟု ငါဆိုသည်။ အကယ်၍ သင့်စကားများက ဆင်ခြေများ၊ အဖိုးမတန်သော ကျိုးကြောင်းပြချက်များနှင့် ပြည့်နှက်နေမည်ဆိုပါက သင်သည် သမ္မာတရား လက်တွေ့ကျင့်သုံးရမည်ကို အလွန်တရာကို စက်ဆုတ်သောသူတစ်ဦး သာဖြစ်သည်ဟု ငါဆို၏။ အကယ်၍ သင်သည် လျှို့ဝှက်ချက်များ ရှိလွန်းသဖြင့် မျှဝေရန် တွန့်ဆုတ်နေပြီး အလင်းအတွက်လမ်းကြောင်းကို ရှာဖွေဖော်ထုတ်ရန် သင်၏ လျှို့ဝှက်ချက်များ— တနည်းအားဖြင့် ဆိုသော် သင့်အခက်အခဲများ— ကို အခြားသူများရှေ့တွင် ဖော်ပြရန် လိုလိုလားလားမရှိပါက၊ သင်သည် ကယ်တင်ခြင်းကို အလွယ်တကူ မရရှိနိုင်သောသူ၊ အမှောင်ထုထဲမှ လွယ်ကူစွာ မထွက်နိုင်သူ ဖြစ်သည်ဟုငါဆို၏။ သမ္မာတရား၏ လမ်းကိုရှာဖွေခြင်းသည် သင့်ကို ကောင်းစွာ သဘောကျကျေနပ်စေသည်ဆိုပါက သင်သည် အလင်းထဲ၌ အစဉ်အမြဲ နေထိုင်သူတစ်ဦးဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ အိမ်တော်၌ မထင်မရှားနေပြီး ကြိုးကြိုးစားစားနှင့် တာဝန်ကျေပွန်စွာ အလုပ်လုပ်လျက် အမြဲတမ်းပေးကမ်း၍ မည်သည့်အခါမျှ ရယူခြင်းမရှိသော အစေခံသူတစ်ဦး ဖြစ်ရသည်ကို အလွန်၀မ်းမြောက်ပါက သင်သည် သစ္စာရှိသော သန့်ရှင်းသူတစ်ယောက်ဖြစ်သည်ဟု ငါဆိုသည်၊ အဘယ်ကြောင့်ဆိုသော် သင်သည် ဆုလာဘ်ကိုမမျှော်ကိုးဘဲ ပကတိ ရိုးသားသူတစ်ယောက်သာ ဖြစ်သောကြောင့်တည်း။ သင်သည် ပွင့်လင်းရန် လိုလိုလားလား ရှိလျှင်၊ သင်သည် သင်၏အလုံးစုံကို အသုံးခံရန် လိုလိုလားလားရှိလျှင်၊ သင်သည် ဘုရားသခင်အတွက် သင့်ဘဝကိုစတေးနိုင်ကာ သက်သေရပ်တည်နိုင်လျှင်၊ သင်သည် မိမိအတွက်မစဉ်းစားဘဲ သို့မဟုတ် မိမိကိုယ်ကျိုးမပါဘဲ ဘုရားသခင် ကျေနပ်သဘောကျရန်ကိုသာ သိသောအဆင့်အထိ ရိုးသားသည်ဆိုပါက၊ ဤလူတို့သည် အလင်းထဲတွင် အားဖြည့်ပေးခြင်းခံရကာ နိုင်ငံတော်တွင် ထာဝရ အသက်ရှင်မည့်သူများ ဖြစ်သည်ဟု ငါဆိုသည်။Read More »

ဘုရားသခင်၏ စကားတော် | အသင်းတော် အသက်တာနှင့် လက်တွေ့အသက်တာ ဆွေးနွေးချက်

ဘုရားသခင်၏ စကားတော် | အသင်းတော် အသက်တာနှင့် လက်တွေ့အသက်တာ ဆွေးနွေးချက်

လူတို့သည် သူတို့၏ အသင်းတော် အသက်တာအတွင်းတွင်သာ ပြောင်းလဲနိုင်သည်ဟုခံစားကြရသည်၊သူတိုသည် အသင်းတော်အတွင်းတွင် နေထိုင်နေခြင်း မဟုတ်ပါက ပြောင်းလဲခြင်းမဖြစ်နိုင်၊ သူတို့၏ တကယ့်အသက်တာတွင် ပြောင်းလဲမှု မရနိုင်ဟု ခံစားကြသည်။ သင်တို့သည် ဤကိစ္စရပ်က မည်သည့်အရာဖြစ်သည်ကို သင်တို့မှတ်မိနိုင်ကြပါသလား။ ကျွနုပ်သည် ဘုရားသခင်ကို တကယ့်အသက်တာအတွင်းသို ခေါ်ဆောင်လာခြင်းအကြောင်း ပြောနေပြီး၊ ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ စစ်မှန်မှုအတွင်းသို့ ဝင်ရောက်ရန်အတွက် ဘုရားသခင်ကို ယုံကြည်သူတို့၏ လမ်းကြောင်းဖြစ်သည်။ အမှန်တကယ်အားဖြင့်၊ အသင်းတော်အသက်တာသည် လူသားများကို စုံလင်စေဖို့ အကန့်အသတ်ရှိ သော လမ်းကြောင်းတစ်ခုသာဖြစ်သည်။ လူသားများကို ပြီးပြည့်စုံစေသော အဓိက ပတ်ဝန်းကျင်မှာ တကယ့်အသက်တာပင် ဖြစ်နေဆဲဖြစ်သည်။ ယင်းသည် ကျွနုပ်ပြောဆိုသော အမှန်တကယ် လေ့ကျင့်မှုနှင့် အမှန်တကယ် သင်ကြားမှု ဖြစ်ပြီး၊ လူသားများကို ပုံမှန်လူသားသဘာဝနှင့် နေ့စဉ်ဘဝတွင် စစ်မှန်သော လူပုဂ္ဂိုလ်နှင့် တူညီစွာ အသက်ရှင်မှုကို ရရှိရန် အခွင့်ပေးသည်။ ရှုထောင့်တစ်ခုမှာ တစ်စုံတစ်ယောက်သည် သူ၏ ကိုယ်ပိုင် ပညာရေး အဆင့်ကို မြှင့်တင်ရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်နိုင်ရန်၊ နှင့် နားလည်နိုင်စွမ်းရရှိရန်အတွက် ပညာတတ်ရန် လိုအပ်သည်။ အခြား ရှုထောင့်တစ်ခုမှာ တစ်စုံတစ်ယောက်သည် အမြင်ရရှိစေရန် နှင့် ပုံမှန်လူသားသဘာဝ၏ အသိစိတ်ကို ရရှိစေရန် လူသားအဖြစ် အသက်ရှင်ရန် လိုအပ်သော အခြေခံ ဗဟုသုတများ ရှိထားရန်လိုသည်။ အဘယ်ကြောင့်ဆိုသော် လူသားများသည် ဤကိစ္စရပ်များတွင် လုံးဝနီးပါး အားနည်းသောကြောင့် ဖြစ်သည်။ ထို့အပြင် တစ်စုံတစ်ယောက်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသင်းတော်အသက်တာမှ တဆင့် ခံစားတတ်ရန်လည်း လိုအပ်ပြီး ဖြည်းဖြည်းခြင်း အမှန်တရားကို ရှင်းလင်းစွာ နားလည်လာနိုင်သည်။Read More »

【Live】ခရစ်ယာန်ကဗီဒီယို (ကျော့ကွင်းကို ထိုးဖောက်ကျော်လွန်ခြင်း) ကိုယ်တော်နှင့်အတူ ပွဲသဘင်သို့ ဝင်ရောက်ခြင်း

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ-“ဘုရားသခင်၏အလင်း၏ လမ်းပြပို့ဆောင်မှု အောက်တွင် သင်တို့သည် အမှောင်ထု စွမ်းအားများ၏ ချည်နှောင် ညှစ်ချည်ထားမှုကို ဧကန် ချိုးဖျက်နိုင်လိမ့်မည်။ သင်တို့အား လမ်းပြနေသော အလင်းကို အမှောင်ထု၏ အလယ်တွင် သင်တို့သည် အမှန်ပင် ဆုံးရှုံးလိမ့်မည် မဟုတ်။ သင်တို့သည် ဖန်ဆင်းခြင်းအားလုံး၏ သခင် အမှန်ပင် ဖြစ်လိမ့်မည်။ သင်တို့သည် စာတန်၏ ရှေ့မှောက်တွင် အောင်နိုင်သူတစ်ယောက် အမှန်ပင် ဖြစ်လိမ့်မည်။ အဆင်းနီသော မဟာနဂါးကြီး၏ နိုင်ငံကျရှုံးချိန်တွင် သင်တို့သည် ဘုရားသခင်၏ အောင်မြင်ခြင်းအား သက်သေခံရန် မြောက်မြား လှစွာသော လူအုပ်ကြီး၏ အလယ်တွင် မတ်မတ်ရပ်နေလိမ့်မည်။

လွန်ခဲ့ပြီးသောအချိန်တွင်၊ သူမ၏ စိတ်ကို တရုတ်ကွန်မြုနစ် မကောင်းဆိုးရွား များ၏ ကောလဟလ များ နှင့် အန္တိခရစ်များ၏ ဘာသာရေး အသိုင်းအဝိုင်းများက ပင့်ကူအိမ်တွင် ပိတ်မိနေသကဲ့သို့ ပိတ်မိစေပြီး၊ ထို့ကြောင့်ပင် သူမသည် စစ်မှန်သောလမ်းကို မရှာဖွေ၊ မလေ့လာ ရဲပေ။ ယခုတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော် သမ္မာတရား နှင့် အချက်အလက်များ အားဖြင့် သခင်ယေရှု ၏ ဒုတိယအကြိမ် ကြွလာခြင်းကို ကြိုဆိုဖို့ရန်၊ သူမသည် ကောလဟလများကို ဖေါက်ထွင်းမြင်ခဲ့ပြီး၊ စာတန်၏ ကျော့ကွင်းကို ထိုးဖောက်ကျော်လွန်ခဲ့သည်။

 

Read More »

၅) နောက်ဆုံးသောကာလထဲက ဘုရားသခင်၏ တရားစီရင်ခြင်းအမှုတော်ကို ငြင်းပယ်သည့် ဘာသာရေးလောက၏ အကျိုးဆက်များနှင့် ရလဒ်

ကောင်းကင်နိုင်ငံတော်, ထာဝရအသက်, နောက်ဆုံးသောကာလ, ယုံကြည်သူ, သမ္မာတရား

နောက်ဆုံးသောကာလ၏ ခရစ်တော်သည် အသက်ယူဆောင်လာ၍ အဓွန့်ရှည်စွာ တည်တံ့ကာ ထာဝရတည်ရှိသော သမ္မာတရား၏ လမ်းခရီးကို ယူဆောင်လာ၏။ ဤသမ္မာတရားသည် လူသား အသက်ရရှိမည့် လမ်းကြောင်းဖြစ်၍ လူသားက ဘုရားသခင်ကိုသိမည့် တစ်ခုတည်းသော လမ်းကြောင်းနှင့် ဘုရားသခင်က လက်ခံမည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်၏။ နောက်ဆုံးသောကာလတွင် ခရစ်တော်ပေးသည့် အသက်၏လမ်းခရီးကို သင်မရှာပါက သင်သည် ယေရှု၏အတည်ပြုမှုကို မည်သည့်အခါမျှ ရမည်မဟုတ်ဘဲ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုဝင်ရန် မည်သည့်အခါမျှ အရည်အချင်းမီမည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် သင်သည် သမိုင်း၏ရုပ်သေးနှင့် အကျဉ်းသားပါ ဖြစ်သောကြောင့်ဖြစ်၏။ စည်းမျဉ်းစည်းကမ်းများ၊ ကျမ်းဟောင်းတရားများ၏ ထိန်းချုပ်ခံနေရသူများနှင့် သမိုင်း၏ ထိတ်တုံးခတ်ခံနေရသူများသည် မည်သည့်အခါမျှ အသက်ကို ရရှိနိုင်စွမ်းမည် မဟုတ်ဘဲ မည်သည့်အခါမျှ ထာဝရအသက်၏ လမ်းခရီးကို ရနိုင်မည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့၌ရှိသည့်အရာမှာ ပလ္လင်မှစီးဆင်းသည့် အသက်ရေဖြစ်ရမည့်အစား နှစ်ပေါင်းထောင်ပေါင်းများစွာ ၎င်းတို့ဖက်တွယ်ထားသည့် ညစ်ညမ်းသောရေများ ဖြစ်ကြသောကြောင့်ဖြစ်၏။ အသက်ရေကို မရရှိသောသူတို့သည် လူသေကောင်များ၊ စာတန်၏ ကစားစရာများနှင့် ငရဲ၏သားများအဖြစ် ထာဝရရှိနေကြလိမ့်မည်။ ထိုသို့ဖြစ်ပါက ထိုသူတို့သည် ဘုရားသခင်ကို မည်သို့မြင်နိုင်မည်နည်း။ သင်သည် အတိတ်ကိုစွဲကိုင်ထားရန်သာ ကြိုးစားပါက၊ တည်ငြိမ်စွာ ရပ်နေခြင်းဖြင့် အမှုအရာများကို ၎င်းတို့ရှိနေသည့်အတိုင်း ထားရန်သာ ကြိုးစား၍ ရှိနေသည့် အနေအထားကို ပြောင်းလဲရန်နှင့် သမိုင်းကိုစွန့်ပစ်ရန် မကြိုးစားပါက သင်သည် ဘုရားသခင်ကို အမြဲဆန့်ကျင်နေမည် မဟုတ်လော။ ဘုရားသခင်အမှု၏ အဆင့်များသည် တလိပ်လိပ်တက်နေသော လှိုင်းတံပိုးများနှင့် မည်ဟည်းနေသော မိုးချုန်းသံကဲ့သို့ ကျယ်ပြန့်၍ တန်ခိုးကြီးမား၏၊ သို့ရာတွင် သင်သည် ထိုင်နေလျက် တုံဏှိဘာဝေသာ ရှိနေကာ ပျက်စီးခြင်းကို စောင့်၏။ သင်၏မိုက်မဲမှုကို စွဲကိုင်လျက် ဘာမျှမလုပ်ဘဲနေ၏။ ဤနည်းအားဖြင့် သိုးသငယ်၏ ခြေလှမ်းနောက် လိုက်သူတစ်ဦးအဖြစ် သင့်ကို မည်သို့ထင်မှတ်နိုင်မည်နည်း။ သင်စွဲကိုင်ထားသော ဘုရားသခင်သည် အစဉ်အသစ်ဖြစ်လျက် မည်သည့်အခါမျှ အိုဟောင်းခြင်းမရှိသူ ဘုရားသခင်အဖြစ် သင်မည်သို့အကြောင်းပြနိုင်မည်နည်း။ သင်၏ အိုဟောင်း၍ အဝါရောင်သန်းနေသော စာအုပ်များရှိ စကားလုံးများသည် ခေတ်သစ်အတွင်း သင့်ကို မည်သို့ချီဆောင်သွားနိုင်မည်နည်း။ ဘုရားသခင့်အမှု၏ အဆင့်များကို ရှာဖွေရန် ၎င်းတို့သည် သင့်ကိုမည်သို့ဦးဆောင်လမ်းပြနိုင်မည်နည်း။ ထို့အပြင် ၎င်းတို့သည် သင့်ကို ကောင်းကင်သို့ မည်သို့ခေါ်သွားနိုင်မည်နည်း။ သင့်လက်ထဲတွင် ကိုင်ထားသည့်အရာမှာ သင့်ကို ယာယီဖြေသိမ့်မှုသာ ပေးနိုင်သည့် ကျမ်းဟောင်းတရားများသာဖြစ်ပြီး အသက်ပေးနိုင်သည့် သမ္မာတရားများ မဟုတ်ပေ။ သင်ဖတ်သည့် သမ္မာကျမ်းချက်များမှာ သင်၏နှုတ်ကိုသာ ကြွယ်ဝစေနိုင်သော အရာများသာဖြစ်ပြီး သင့်ကိုစုံလင်စေရန် လမ်းပြပေးနိုင်သော လမ်းကြောင်းများဖြစ်ရန်ဝေးစွ လူ့အသက်တာကို သင်သိရန် ကူညီနိုင်သည့် ဉာဏ်ပညာနှင့်ဆိုင်သော စကားလုံးများပင် မဟုတ်ပေ။ ဤကွာဟချက်သည် သင့်ကိုပြန်လည်စဉ်းစားရန် အကြောင်းရင်းတစ်ရပ် မပေးပေလော။ အတွင်းတွင် ပါရှိသည့် နက်နဲသောအရာများအား သင့်ကို နားလည်ခွင့် မပေးပေလော။ ဘုရားသခင်ကိုတွေ့ရန် သင်ကိုယ်တိုင် ကောင်းကင်ဘုံသို့ သင့်ကိုယ်သင် ပို့ဆောင်နိုင်သလော။ ဘုရားသခင်၏ ကြွလာခြင်းမရှိဘဲ သင်သည် ဘုရားသခင်နှင့် မိသားစုပျော်ပါးမှုကို မွေ့လျော်ခံစားရန် သင့်ကိုယ်သင် ကောင်းကင်ဘုံအတွင်းသို့ ခေါ်ဆောင်သွားနိုင်သလော။ သင်စိတ်ကူးယဉ်နေတုန်းပင်လော။ ဤသို့ဆိုပါက သင်၏စိတ်ကူးယဉ်ခြင်းကို ရပ်တန့်၍ ယခုမည်သူအမှုထမ်းနေသည်ကို ကြည့်ရန်၊ နောက်ဆုံးသောကာလတွင် လူသားကို ကယ်တင်သည့်အမှုအား ထမ်းဆောင်နေသူကို ကြည့်ရန် ငါအကြံပြု၏။ ဤသို့မပြုပါက သင်သည် သမ္မာတရားကို မည်သည့်အခါမျှ ရရှိလိမ့်မည်မဟုတ်ဘဲ အသက်ကိုလည်း မည်သည့်အခါမျှ ရရှိလိမ့်မည် မဟုတ်ပေ။Read More »

ဧဝံဂေလိ ဂီတ | ငယ်ရွယ်သူတို့ လုပ်ဆောင်ရမည့်အချက်များ

ယုံကြည်ခြင်း, ယုံကြည်သူ, သမ္မာတရား, အသင်းတော်

Myanmar Gospel Song | ငယ်ရွယ်သူတို့ လုပ်ဆောင်ရမည့်အချက်များ


အာဃာတဖြင့် ရှုမြင်ခြင်းနှင့် လှည့်ဖြားခြင်းသည်
လူငယ်များ၌ ရှိရမည့်အရာမဟုတ်။
ရွံမုန်းဖွယ်ကောင်းသောအဖျက်နည်းလမ်းတို့ကို
လူငယ်များ မကျင့်ကြံသင့်။
သူတို့၌ ရည်မှန်းချက်များ ရှိရမည်၊
ရှေ့သို့ တက်လှမ်းနိုင်ရန် ကြိုးစားရမည်၊
သူတို့ မျှော်လင့်စိတ်များ မကုန်ဆုံးသင့်ပါ။
ဘဝ၊ အနာဂတ်တွင် ယုံကြည်မှု ရှိသင့်သည်။
လူငယ်တို့တွင် အကောင်းအဆိုးသိမြင်ရန်နှင့်
သမ္မာတရားနှင့် တရားမျှတမှုကို ရှာဖွေရန် စိတ်ဆုံးဖြတ်သင့်သည်။
ကောင်းသော အရာဟူသမျှကို ကျင့်ကြံလိုက်စားပါ၊
ကောင်းသောအရာတို့၏ စစ်မှန်မှုကို သိနားလည်သင့်
ဘဝအပေါ် တာဝန်ကျေပါစေ။
ဤအရာကို ပေါ့တန်စွာ သဘောမထားရ။

Read More »

Myanmar Gospel Skit (သင်းအုပ်ဆရာရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်)

ယန်ရှင်မင်သည် ဂိုဏ်းဂဏတစ်ခုရှိ အမှုတော်ထမ်းဆောင်သူဖြစ်ပြီး သူသည် အနန္တတန်ခိုးရှင်ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် ပြန်လည်ကြွလာသည့် သခင်ယေရှုဖြစ်ကြောင်း သတ်မှတ်ပြီးနောက် သူ၏ ညီအစ်ကို မောင်နှမများအား အနန္တတန်ခိုးရှင်ဘုရားသခင်အား ယုံကြည်ရန် လမ်းညွှန်ပေးသည်။ ဤအခြင်းအရာသည် သူ၏ သင်းအုပ်ဆရာအား စိတ်မကြည်မသာဖြစ်စေခဲ့သည်။ ထို့ကြောင့် သူ၏ သင်းအုပ်ဆရာသည် သူ့အား သွေးဆောင်ရန်အတွက် ရာထူးအဆင့်အတန်း၊ ငွေတို့ကို အသုံးချပြီး ယန်ရှင်မင်းအား စစ်မှန်သည့်လမ်းကို စွန့်လွှတ်ဖို့ ခြိမ်းခြောက်ရန်အတွက် သူ့သား၏ မင်္ဂလာဆောင်ကိုလည်း အသုံးချခဲ့သည်။ သူ့သင်းအုပ်ဆရာ၏ “ကောင်းမွန်သည့်” ရည်ရွယ်ချက်တို့ကို ရင်ဆိုင်ရသည့်အခါ ယန်ရှင်မင်သည် နောက်ဆုံး၌ မည်သို့ဆုံးဖြတ်မည်နည်း။ ကျွနု်ပ်တို့သည် သခင်ကြွလာခြင်းအား ကြိုဆိုရမည့် ဤအရေးကြီးလှသည့် အချိန်တွင် ဤသင်းအုပ်ဆရာသည် ယုံကြည်သူများ စစ်မှန်သည့်လမ်းကို ရှာဖွေခြင်းအား အဘယ်ကြောင့် ပိတ်ပင်သနည်း။ သင်းအုပ်ဆရာ၏ “ကောင်းမွန်သည့်” ရည်ရွယ်ချက် ဇာတ်လမ်းတိုသည် ဤအကြောင်းအရာ၏ သမ္မာတရားကို သင်နားလည်စေရန် ကူညီပေးသည်။Read More »

ဆုတောင်းပဌာနပြု ဓမ္မသီချင်း | သင့်ဘဝကိုဘုရားရဲ့ နှုတ်ကပတ်တော်နှင့်ပြည့်စေပါ

ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ, ယုံကြည်သူ, သမ္မာတရား, MYANMAR CHRISTIAN SONG


ဒီနေ့မှစပြီး သင်စကားပြောတိုင်း နှုတ်ကပတ်တော်အကြောင်း ပြောပါ
လူချင်းတွေ့ စုံရင် သမ္မာတရားအတိုင်း မိတ်သဟာယ ဖွဲ့ ကြပါ
နှုတ်ကပတ်တော်အကြောင်း သင်သိသလောက်ပြောပါ
သင့်ရဲ့ လက်တွေ့လုပ်ဆောင်မှု နဲ့ ဝိညာဉ်တော်အကြောင်းပြောပါ
အချိန်ရရင် နှုတ်ကပတ်တော်အကြောင်း ပြောပါ
အကျိုးမရှိတာတွေ မပြောပါနဲ့။ အို…
နှုတ်ကပတ်တော်နဲ့ သင့်ဘဝကို ပြည့်စေပါ
ဒါမှ သင်ဟာ စစ်မှန်တဲ့ ယုံကြည်သူ

Read More »

ခရစ်ယာန်သီချင်း (ဘုရား၏ဆင်းကြွခြင်းကို ဘယ်သူမျှ သတိမပြုမိ)

I
လူ့သား၏ဘဝသည် မပြောင်းမလဲ ဆက်လက်ရှိနေ
လူသား၏နှလုံးသားလည်း ထိုနည်းအတိုင်းပင်
ထုံးစံအတိုင်း နေ့ရက်တို့ ကုန်ဆုံး
ဘုရားသည် ကျွန်ုပ်တို့ထဲ၌ နေထိုင်အသက်ရှင်
မထင်ရှားသော နောက်လိုက်တစ်ဦးလို၊ သာမန်ယုံကြည်သူ တစ်ဦးလို
မိမိကိုယ်ပိုင် ရည်မှန်းချက် ပန်းတိုင်များနှင့်
သာမန်လူသားတို့၌ မရှိသော ဘုရားသဘာဝ သူ့မှာရှိသည်
ထိုဘုရားသဘာဝကို ဘယ်သူမျှ သတိမပြုမိခဲ့၊
လူနှင့်သူ၏ သဘောသဘာဝတို့၏ ခြားနားမှုကို လည်း မသိခဲ့
ဘုရား၏ဆင်းကြွခြင်းကို ဘယ်သူမျှ သတိမပြုမိ၊
သူ၏ကြွလာခြင်းကို ဘယ်သူမျှ မကြိုဆို
ထို့အပြင် သူလုပ်ဆောင်မည့်
ခပ်သိမ်းသောအရာတို့ကိုလည်း ဘယ်သူမျှ မသိ
သူသည် ကျွန်ုပ်တို့ အမြင်တွင် မထင်ရှားသော
နောက်လိုက်တစ်ဦးသာဖြစ်၍ ကျွန်ုပ်တို့ ကြောက်ရွံ့စရာမလို၊
ကန့်သတ်မှုမရှိဘဲ သူနှင့်တွဲ၍ အသက်ရှင်ကြသည်
ကျွန်ုပ်တို့လုပ်ဆောင်မှုများကို သူစောင့်ကြည့်
ကျွန်ုပ်တို့အတွေးများကို လည်းသူမြင်

Read More »