ဘုရားသခင်၏ စကားတော် | ရွက်ကြွေများ ၎င်းတို့အမြစ်များဆီ ပြန်သွားကြချိန် ပြုခဲ့သမျှ မကောင်းမှုအားလုံးကို သင်နောင်တရလတ္တံ့

နောက်ဆုံးသောကာလ, အသက်

သင်တို့ကြား၌ ငါလုပ်ခဲ့သော အလုပ်ကို သင်တို့ရှိသမျှသည် ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံကြရပြီ၊ ငါပြောခဲ့သော စကားများကို သင်တို့ကိုယ်တိုင် ကြားခဲ့ကြပြီ၊ သင်တို့အပေါ်ထားသော ငါ၏သဘောထားကို သင်တို့သိကြ၏။ ထို့ကြောင့် ငါသင်တို့အထဲ၌ အဘယ်ကြောင့် ဤအလုပ် လုပ်ဆောင်နေသည်ကို သင်တို့ သိသင့်ကြသည်။ သင်တို့အား အမှန်တရားကို ငါပြောမည် သင်တို့သည် နောက်ဆုံးသောကာလ၌ ငါ၏ သိမ်းပိုက်ခြင်းအလုပ်အတွက် တန်ဆာပလာများ ဖြစ်သည်မှတစ်ပါး မည်သည့်အရာမျှ မဟုတ်ပါ။ သင်တို့သည် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအလယ် ငါ၏ အလုပ်တိုးချဲ့ခြင်းအတွက် တန်ဆာပလာများ ဖြစ်ကြသည်။ ငါ၏အလုပ်ကို တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအလယ်တွင်ငါ၏နာမအဖို့ ပိုမိုချဲ့ထွင်နိုင်ရန်အလို့ငှာ ငါသည် သင်တို့၏ မတရားသောအမှု၊ သင်တို့၏ ညစ်ညူးမှု၊ သင်တို့၏ ခုခံပြစ်မှားမှုနှင့် ပုန်ကန်မှုတို့မှတစ်ဆင့် စကားပြောသည်၊ ယင်းမှာ ဣသရေလလူမျိုးအပြင်ဘက် တိုင်းနိုင်ငံအားလုံးအလယ်တွင် ပျံ့နှံ့ဖို့ဖြစ်၏။ ထိုသို့ ဖြစ်ရသည်အကြောင်းမှာ ငါ၏လုပ်ဆောင်ချက်များနှင့် ငါ၏အသံတို့သည် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများ တစ်လျှောက် ဖြန့်ဖြူးနိုင်မည်၊ သို့အားဖြင့် အဲဂုတ္တုနှင့် ဣသရေလမြေများပြင်ပတွင် ငါ၏ သန့်ရှင်းသော မြေများဖြစ်လာကြပြီး ဣသရေလမဟုတ်သော လူမျိုးအပေါင်းတို့သည် ငါ့အားဖြင့် သိမ်းပိုက်ခံရကာ ငါ့ကို ပျပ်ဝပ်ကိုးကွယ် နိုင်ကြလိမ့်မည်ဖြစ်သည်။ ငါ၏အလုပ်ကို တိုးချဲ့ခြင်းဟူသည်မှာ အမှန်တွင်တော့ ငါ၏ သိမ်းပိုက်ခြင်းအလုပ်ကို တိုးချဲ့ခြင်းဖြစ်ပြီး ငါ၏ သန့်ရှင်းသောမြေကို တိုးချဲ့ခြင်းဖြစ်သည်။ ၎င်းမှာ ကမ္ဘာပေါ်တွင် ငါ၏ခြေကုပ်ကို တိုးချဲ့ခြင်းဖြစ်သည်။ သင်တို့မှာ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများကြား ငါသိမ်းပိုက်သော သတ္တဝါများသာ ဖြစ်ကြသည်ကို သင်တို့ ရှင်းရှင်းလင်းလင်း သိသင့်သည်။Read More »

ဘုရားသခင်၏ စကားတော် | သမ္မာတရားအား လက်တွေ့ကျင့်သုံးခြင်းသည်သာလျှင် စစ်မှန်မှုအား ပိုင်ဆိုင်ခြင်းဖြစ်သည်

စမ်းသပ်, ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ, ယုံကြည်သူ, သက်သေခံချက်, အသက်

ဘုရားသခင်၏ နှုတ်ကပတ်တော်များအား ကွက်ကွက်ကွင်းကွင်း ရှင်းပြနိုင်ခြင်းက သင်သည် စစ်မှန်မှုကို လက်ဝယ်ရရှိပြီဟု မဆိုလိုပါ၊ အမှုအရာများသည် သင်ထင်မှတ်ထားခဲ့နိုင်သလို မရိုးစင်းပေ။ စစ်မှန်မှုကို သင်လက်ဝယ်ရရှိမရှိဟူသည် သင်ပြောဆိုသည့်အရာအပေါ် အခြေမခံ၊ ထို့ထက် ထိုအရာသည် သင်အသက်ရှင်နေထိုင်မှုအပေါ် အခြေခံသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များက သင်၏အသက်တာနှင့် သင်၏ပင်ကိုဖော်ပြချက် ဖြစ်လာသောအခါ၊ ဤသည်ကိုသာ စစ်မှန်မှုအဖြစ် လက်ခံနိုင်သည်၊ ဤသည်ကိုသာ သင်သည် သိနားလည်မှုနှင့် စစ်မှန်သော ၀ိညာဉ်အသက်တာတို့ကို ပိုင်ဆိုင်သည်ဟု လက်ခံနိုင်သည်။ သင်သည် စစ်ဆေးခြင်းကို အချိန်ကာလကြာမြင့်စွာ ကြံ့ကြံ့ခံနိုင်ရမည်ဖြစ်ကာ၊ ဘုရားသခင်အလိုရှိသည့် ပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်နိုင်ရမည်၊ ယင်းသည် ဟန်ပြခြင်းမျှသာ မဖြစ်ရဘဲ ယင်းသည် သင့်အထဲမှ သဘာဝအလျောက် ထွက်ပေါ်လာရပါမည်။ ထိုအခါမှသာ သင်သည် စစ်မှန်မှုကို အမှန်တကယ်ပိုင်ဆိုင်လိမ့်မည်၊ ထိုအခါမှသာ သင်သည် အသက်တာကို ရရှိပြီးဖြစ်လိမ့်မည်။ လူတိုင်းနှင့် ရင်းနှီးသည့်၊ အစေခံသူတို့၏ စစ်ဆေးခံရခြင်းအား ဥပမာအဖြစ် ငါအသုံးပြုမည်။Read More »

ဘုရား၏ နှုတ်ကပတ်တော်များက ကျွန်တော့် အယူအဆများကို ဖယ်ရှားသည်

နောက်ဆုံးသောကာလ, ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ, သမ္မာတရား, ဧဝံဂေလိ

ရှောင်ရွီ၊ စီချွမ်စီရင်စု

အနန္တတန်ခိုးရှင် ဘုရားသခင်၏အသင်းတော်၌ ကျွန်တော့် ၏တာဝန်သည် သတင်းကောင်းဝေငှခြင်းဖြစ်သည့်အချိန်တွင်၊ မှားယွင်းသောသက်သေကို အပြင်းအထန် ငြင်းဆန်သည့်၊ နှောင့်ယှက်သည့်၊ နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ အမှုတော်ကို လူတို့ စုံစမ်းစစ်ဆေးခြင်းနှင့် လက်ခံခြင်းကို ဆန့်ကျင်၊ နှောင့်ယှက်၊ တားဆီးရန် မှားယွင်းသောသက်သေကို ခံကြသည့် ဘာသာရေးခေါင်းဆောင်များကို ဤအရာ လုပ်ဆောင်စဉ်တွင် ကျွန်တော် တွေ့ကြုံခဲ့ရသည်။ ၎င်းတို့သည် သတင်းကောင်း ဝေငှသော ကျွန်တော်တို့ကို ဖမ်းဆီးရန် ရဲများကိုပင် ခေါ်ခဲ့ကြသည်။ အကျိုးဆက်အနေဖြင့် ကျွန်တော်တို့ တရားဟောသည့် လူများသည် ကျွန်တော်တို့နှင့် မဆက်သွယ်ရဲတော့ပါ။ ထို့အပြင် သတင်းကောင်းကို လက်ခံပြီးစလူများသည် အနှောင့်အယှက်ပေးခြင်း ခံခဲ့ရပြီး ဘုရားသခင်၏အမှုတော်နှင့်ပတ်သက်၍ မသေချာမရေရာ ဖြစ်လာခဲ့ကြသည်။ ကျွန်တော်တို့၏ ဧဝံဂေလိလုပ်ငန်းသည် အလွန်အမင်း ဟန့်တားခံခဲ့ရသည်။ သင်းအုပ်ဆရာများနှင့် အကြီးအကဲများ၏ အလိမ်ခံရပြီး၊ အနှောင့်ယှက်ခံခဲ့ရသည့် စစ်မှန်သော ယုံကြည်ခြင်းရှိသည့် ညီအစ်ကိုမောင်နှမများကို တွေ့သောအခါ ကျွန်တော် အလွန် စိုးရိမ်မိသည်။ ၎င်းတို့သည် ဘုရားသခင်ရှေ့သို့လာပြီး နောက်ဆုံးသော ကာလ ကိုယ်တော်၏ သန့်စင်ခြင်းနှင့် ကယ်တင်ခြင်းတို့ကို လက်မခံနိုင်ခဲ့ကြပါ။ ဘုရားသခင်၏ အမှုတော်နှင့် ပတ်သက်ပြီး သူတို့ စွဲကိုင်ထားသည့် အယူအဆများကို ဖြေရှင်းရန် ဘုရားသခင်၏ နှုတ်ကပတ်တော်အပေါ် သူတို့နှင့် မိတ်သဟာယဖွဲ့ရန် ကျွန်တော် နေ့စဉ်ကြိုးစားလုပ်ဆောင်ခဲ့သည်။ သို့သော် ဤအရာကို အချိန်ကာလတခုအထိ ကျွန်တော် လုပ်ဆောင်ခဲ့ပြီးနောက် ကျွန်တော်တို့၏ ဧဝံဂေလိ လုပ်ငန်းက ပိုမိုကောင်းလာဖို့အတွက် အပြောင်းအလဲမဖြစ်ခဲ့သေးပါ။ ကျွန်တော် တွေးမိခဲ့ပါသည်။ “ဧဝံဂေလိအလုပ်က ဆောင်ရွက်ဖို့ အရမ်းခက်တယ်။ အလှည့်စားခံခဲ့ရသူတွေကို ပြသဖို့ ဘုရားသခင်က အံ့ဖွယ်နမိတ်လက္ခဏာတချို့ ပြုလုပ်ပြီး ဘုရားသခင်ကို ပြင်းပြင်းထန်ထန် အာခံသတွေနဲ့အတူ မမှန်တဲ့သက်သေကို ခံတဲ့သူတွေကို အပြစ်ဒဏ်ပေးရင် သိပ်ကောင်းမှာပဲ။ အဲဒါဆိုရင် ဧဝံဂေလိအလုပ်ကပိုပြီး မြန်မြန်ဆန်ဆန် ရှေ့ဆက်နိုင်မှာပဲ မဟုတ်လား။ ကျွန်တော်တို့အတွက် သတင်းကောင်းဝေငှဖို့ သိပ်ပြီး ခက်မှာမဟုတ်တော့ဘူး” ဟု ကျွန်တော် တွေးမိခဲ့သည်။ ဤသည်မှာ အခက်အခဲများကြုံရတိုင်း ကျွန်တော့်၏ နှလုံးသားထဲတွင် ဤမျှော်လင့်ချက် ဖြစ်ပေါ်လာသည့် ပုံစံဖြစ်သည်။ နောက်ပိုင်းတွင် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ဆန့်ကျင်ခြင်းအတွက် ပြစ်ဒဏ်ပေးခြင်းနှင့်ဆိုင်သော ဂန္တဝင် သာဓကများ ဟူသော စာအုပ်ကို ကျွန်တော်ဖတ်ပြီး ဘုရားသခင်၏ ထူးဆန်းနိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ရာများအကြောင်း သက်သေခံချက်များကို မိတ်သဟာယဖွဲ့စဉ်တွင် ကြားရပြီးနောက် ကျွန်တော့်နှလုံးသားထဲတွင် အလွန်ဝမ်းသာမိခဲ့သည်။ ကျွန်တော်တို့၏ ဧဝံဂေလိအလုပ် ချောချောမွေ့မွေ့ ဆောင်ရွက်နိုင်ရန်အလို့ငှာ ကျွန်တော်အလုပ်လုပ်သည့် နယ်ပယ်တွင် ဘုရားသခင်က တစ်ခုခုပြုလုပ်မည်ဟု ကျွန်တော် ပိုပြီးမျှော်လင့်ခဲ့သည်။ ကျွန်တော်ဘယ်လောက်ပဲ မျှော်လင့်နေပါစေ ၎င်းနေရာတွင် ဘုရားသခင်က နိမိတ်လက္ခဏာတစ်ခုခု ပြခြင်း သို့မဟုတ် မကောင်းသည့်လူများကို အပြစ်ဒဏ်ပေး ဖို့ရန် တစ်ခုခုလုပ်ဆောင်ခြင်းကို ကျွန်တော်မတွေ့ခဲ့ရပါ။ဘာသာရေးသမားများက ဘုရားသခင်ကို အပြည့်အဝ ဆန့်ကျင်နေကြဆဲဖြစ်ပြီး ဧဝံဂေလိအမှုတော်ရှိ အခက်အခဲများသည် ဆက်လက် ကြီးမားနေဆဲဖြစ်သည်။ “ဘုရားသခင်က ဘာလို့ ငါတို့အတွက် လွတ်လမ်းကို မဖွင့်ပေးတာလဲ။ ငါတို့ရဲ့ယုံကြည်ခြင်းက မလုံလောက်လို့လား” ဟု စဉ်းစားရင်း ကျွန်တော် အပျက်သဘောဆောင်လာခဲ့သည်။Read More »

ခရစ်ယာန် ဓမ္မသီချင်း | နှုတ်ကပတ်တော်၌ မွေ့လျော်သူများ မင်္ဂလာရှိကြ၏

ကျေးဇူးတော်, ခရစ်ယာန် ဓမ္မသီချင်း, ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ

ခရစ်ယာန် ဓမ္မသီချင်း | နှုတ်ကပတ်တော်၌ မွေ့လျော်သူများ မင်္ဂလာရှိကြ၏

I
ဘုရားရဲ့ကြည့်ရှုမှု လက်ခံရရှိလိုသူများသည်
ဘုရားအကြောင်း လေ့လာမှတ်သားသူများဖြစ်
ထိုသူတို့ သည် နှုတ်ကပတ်တော်ကို လက်ခံလိုကြ
ဘုရားရဲ့အမွေနှင့်ကောင်းချီးများ ပိုင်ဆိုင်ကြလိမ့်မည်
ထိုသူတို့ မင်္ဂလာရှိဆုံးသူများဖြစ်ကြ
သူ့အတွက် နေရာမပေးသူများ ဘုရားသခင်ကျိန်ဆို
ထိုသူတို့ကို ဘုရားသခင် ပြစ်တင်ဆုံးမ ပစ်ပယ်
ဘုရားရဲ့အမှုတော်အလုံးစုံ လူတို့ ခုံမင်လျှင်
ဘုရားရဲ့ဉာဏ်အလင်းပေးခြင်းကို မြတ်နိုးလျှင်
မျက်မှောက်တော်ကို နှစ်သက်စွဲလမ်း၊
ဘုရားရဲ့ကွယ်ကာမှုကို တန်ဖိုးထားလျှင်
ခပ်သိမ်းသောနှုတ်ကပတ်တော်ကို သင့်လက်တွေ့အရှိတရားနှင့်
ဘဝအထောက်အပံ့အဖြစ် ရင်ဝယ်ပိုက်လျှင်
သင်သည် ဘုရား၏စိတ်တော်နှင့်ထပ်တူဖြစ်လိမ့်မည်
သင့်အပေါ် ဘုရားပြုသောအမှုအားလုံး နှစ်သက်မြတ်နိုးလျှင်
သူ သင့်ကို ကောင်းချီးပေး၍ သင်၏ဥစ္စာ တိုးပွားလိမ့်မည်

Read More »

ဘုရားသခင်၏ စကားတော် | နိုင်ငံတော်ခေတ်၌ ဘုရားသခင်၏ရွေးချယ်ခံရသူများလိုက်နာရမည့် အုပ်ချုပ်မှုဆိုင်ရာ အမိန့်တော် ဆယ်ရပ်

ဘုရားသခင်၏ စကားတော် | နိုင်ငံတော်ခေတ်၌ ဘုရားသခင်၏ရွေးချယ်ခံရသူများလိုက်နာရမည့် အုပ်ချုပ်မှုဆိုင်ရာ အမိန့်တော် ဆယ်ရပ်

၁။ လူသားသည် မိမိကိုယ်ကိုယ် ဂုဏ်တင် ချီးမွမ်းခြင်း မပြုရ။ ဘုရားသခင်ကို ၀တ်ပြု၍ ချီးမွမ်းရမည်။

၂။ ဘုရားသခင်၏အမှုတော်အတွက် အကျိုးရှိသမျှကို ဆောင်ရွက်ပြီး ဘုရားသခင်အမှုတော်၏ အကျိုးကို ထိခိုက်သည့် မည်သည့်အရာကိုမျှ မဆောင်ရွက်ရ။ ဘုရားသခင်၏နာမ၊ ဘုရားသခင်၏ သက်သေခံချက်နှင့် ဘုရားသခင်၏အမှုတို့ကို ကာကွယ်ရမည်။

၃။ ဘုရားသခင်အိမ်တော်ရှိ ငွေ၊ အရာဝတ္ထုပစ္စည်းများနှင့် ပိုင်ဆိုင်မှုအားလုံးတို့သည် လူသားမှပေးသင့်သည့် ပူဇော်သက္ကာများ ဖြစ်ရမည်။ ဤပူဇော်သက္ကာများကို ယဇ်ပုရောဟိတ်နှင့် ဘုရားသခင်မှတပါး မည်သူမျှ မခံစားနိုင်ရ၊ လူသားမှပေးသင့်သည့် ပူဇော်သက္ကာများသည် ဘုရားသခင် ခံစားရန် ဖြစ်သောကြောင့် ဘုရားသခင်သည် ယဇ်ပုရောဟိတ်နှင့်သာဤပူဇော်သက္ကာများကို မျှဝေခံစားပြီး အခြားမည်သူမျှ ဤအရာတို့၏ တစ်စိတ်တစ်ပိုင်းကိုခံစားရန် အရည်အချင်းမရှိ၊ ခံစားခွင့်မရှိ။ (ငွေကြေး၊ ရုပ်ဝတ္ထုပစ္စည်းများနှင့် မွေ့လျော်ခံစားနိုင်သော ပစ္စည်းဥစ္စာများ အပါအဝင်) လူသား၏ပူဇော်သက္ကာအားလုံးကို ဘုရားသခင်အား ပေးအပ်ခြင်းဖြစ်ပြီး လူသားကို ပေးအပ်ခြင်းမဟုတ်။ ထို့ကြောင့် ဤအရာတို့ကို လူသားသည်မခံစားရ၊ လူသားသည် ခံစားမည်ဆိုပါက ထိုသူသည် ပူဇော်သက္ကာများကို ခိုးယူခြင်းဖြစ်မည်။ ထိုသို့ပြုသောသူမှန်သမျှသည် ယုဒဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ယုဒသည် သစ္စာဖောက်တစ်ဦးဖြစ်ရုံမက ငွေအိတ်အတွင်းထည့်သည့် အရာများကိုလည်း ယူခဲ့သောကြောင့်ဖြစ်၏။Read More »

ဘုရားသခင်၏ စကားတော် | အစွမ်းအစ တိုးတက်ကောင်းမွန် စေခြင်းသည် ဘုရားသခင်၏ ကယ်တင်ခြင်း ရရှိရေးအတွက် ဖြစ်သည်

ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ, သက်သေခံချက်, အသင်းတော်

လူတွေ၏ အစွမ်းအစ တိုးတက်ကောင်းမွန် စေခြင်းဆိုသည်မှာ သင့်တို့၌ရှိသော အရည်အသွေး များအား တိုးတက်စေရန် သင်တို့လက်ခံဖို့ တောင်းဆိုခြင်းပင် ဖြစ်၏၊ ဤသို့ဖြင့် သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်ပြီး ၎င်းတို့နှင့်အညီ မည်သို့လက်တွေ့ကျင့်သုံးရမည်ကို သိနိုင်ရန်အတွက်ဖြစ်သည်။ ယင်းမှာ အခြေခံကျဆုံး တောင်းဆိုမှု ဖြစ်သည်။ ငါပြောသည့် စကားများကို နားမလည်ဘဲ ငါ့နောက်သို့ လိုက်သည်ဆိုခြင်းမှာ ယောင်ချာချာယုံကြည်ခြင်း မဟုတ်သလော။ ငါသည် စကားလုံးမည်မျှ မိန့်မြွက်သည်ဖြစ်စေ သင်တို့သည် ထိုအရာသို့ လှမ်းမမှီနိုင်လျှင်၊ ငါသည် အဘယ်အရာကို ပြောဆိုသည်ဖြစ်စေ သင်တို့သည် ယင်းတို့ကို နားမလည်နိုင်လျှင်၊ ဤသည်မှာ သင်တို့၌ အစွမ်းအစကင်းမဲ့သည်ဟု အဓိပ္ပာယ်ရသည်။ ထိုသို့ဖြစ်ရခြင်းမှာ သင်တို့သည် ခံယူရရှိရန် အစွမ်းအစများ မပိုင်ဆိုင်သောကြောင့် ငါပြောသောအရာအား နားလည်သဘောပေါက်ခြင်း စိုးစဥ်းမျှပင် သင်တို့၌မရှိရခြင်း ဖြစ်သည်။ ထိုသို့ ဖြစ်သောကြောင့် လိုချင်တောင့်တသော ရလဒ်များ ရရှိရန်ဆိုသည်မှာ အလွန်ခဲယဉ်းလှ၏။ သင့်တို့ကို စကားများစွာ တိုက်ရိုက် ပြော၍မရ။ မူလအကျိုး သက်ရောက်မှုမရှိနိုင်။ ထို့ကြောင့်၊ ငါ၏ အလုပ်ကို နောက်ထပ် ဖြည့်လုပ်စရာရှိ၏။ “လူတွေ၏ အစွမ်းအစ မြှင့်တင်ခြင်း” ဆိုသည့်အလုပ်ကို သင်တို့တွင် စတင်လုပ်ဆောင်ရန် လိုအပ်သည့် အကြောင်းမှာ သင်တို့ လက်ခံနိုင်ခြင်း၏ အရည်အချင်းများ၊ မြင်နိုင်သော အရည်အချင်းများနှင့် သင်တို့၏ အသက်တာ အဆင့်တန်းများသည် အလွန်အမင်း ဆင်းရဲသောကြောင့် ဖြစ်သည်။ ဤအရာသည် လိုအပ်သော လမ်းညွန်မှု ဖြစ်၏၊ အခြားနည်းလမ်းမရှိ။ ရလဒ်များ၏ တစ်စိတ် တစ်ပိုင်း ဖြစ်မြောက်ဖို့ရန် ယင်းနည်းလမ်းသာ ဖြစ်ရမည်။ သို့မဟုတ်လျှင်၊ ငါပြောသမျှသော စကားများသည် အချည်းနှီး ဖြစ်လျက်၊ အပြစ်သားများအဖြစ် သင်တို့သည် သမိုင်းတွင် သွားလိမ့်မည် မဟုတ်လော။ သင်တို့သည် အစွမ်းအစ ယိုယွင်းလာမည် မဟုတ်လော။ သင်တို့အပေါ်တွင် ပြုနေပြီးဖြစ်သော ဤအလုပ်သည် အဘယ်အလုပ် ဖြစ်သည်ကိုလည်းကောင်း၊ သင်တို့အား တောင်းဆိုထားသောအရာမှာ အဘယ်အရာဖြစ်သည်ကိုလည်းကောင်း သင်တို့မသိသလော။ သင်တို့၏ ပင်ကိုယ် အစွမ်းအစကို သင်တို့ သိသင့်သည်။ ထိုအကျင့်သည် ငါတောင်းဆို သည်အတိုင်း လုံးဝမဖြစ်နိုင်။ ၎င်းက အလုပ်ကို နှောင့်နှေးစေသည် မဟုတ်လော။ လက်ရှိ သင်တို့၏ ကိုယ်စွမ်း ကိုယ်စနှင့် အကျင့်စာရိတ္တအရ၊ ငါ၏သက်သေ ဖြစ်ထိုက်သောသူ သင်တို့တွင် တစ်ယောက်မျှ မရှိ။ ငါ့အနာဂါတ် အလုပ်၏ ကြီးလေးသော ဝတ္တရားကို လုပ်ဆောင်နိုင်သူ သင်တို့တွင် တစ်ယောက်မျှ မရှိ။ ယင်းအကြောင်းကြောင့် သင်တို့သည် အလွန်ရှက်ကြောက်ခြင်း မရှိသလော။ ဤအတိုင်းသာ ဆက်ဖြစ် နေလျှင် ငါ၏ လိုအင်ဆန္ဒများ အားလုံးကို အဘယ်နည်းနှင့် ကျေနပ်စေနိုင်မည်နည်း။ သင်သည် ကိုယ့်အသက်တာကို ကြွယ်ဝပြီး လုပ်ရကျိုးရှိအောင် ပြုသင့်သည်။ အချိန်ကို အလဟဿ မကုန်စေနှင့်။ ထိုသို့ အချိန်ကုန်စေခြင်းသည် တန်ဖိုးမရှိပါ။ သင်က အဘယ်အရာများနှင့် တန်ဆာဆင်သင့်ကြောင်းကို သိသင့် ပေ၏။ မိမိကိုယ်ကို ဟိုစပ်စပ် ဒီစပ်စပ် လုပ်တတ်သူကဲ့သို့ မထင်မှတ်ပါနှင့်။ ထိုသို့ နီးပါးလည်း မဖြစ်စေနှင့်။ လူသားသဘော သဘာဝအကြောင်း အခြေခံလေးတောင် သင်မသိလျှင် အဘယ်ပြောစရာ ရှိသနည်း။ ဤအရာက လုံးဝအချည်းနှီး ဖြစ်သည်မဟုတ်လော။ ထို့ပြင် ငါတောင်းဆိုသည့် လူ့သဘောသဘာဝနှင့် အစွမ်းအစနှင့်ပတ်သက်လျှင် သင်တို့တစ်ဦးတစ်ယောက်မျှပင် လုံးလုံးလျားလျား အရည်အချင်းမပြည့်ဝကြချေ။ အသုံးတည့်မည့် လူတစ်ဦး ရှာတွေ့ရန် ဆိုသည်မှာ အလွန်ခက်ခဲပါသည်။ သင်တို့က ငါ့အတွက် သာ၍ကြီးမားသော အလုပ်ကို လုပ်ဆောင်နိုင်သော လူများဖြစ်သည်ဟု သင်တို့ယုံကြည်လျက်၊ ငါ့ထံမှ သာ၍ကြီးမားသော တာဝန်ပေးအပ်ခြင်း တစ်ခုကို လုပ်ဆောင်နိုင်သည်ဟု သင်တို့ ယုံကြည်ကြ၏။ Read More »

ခရစ်ယာန်သီချင်း | လူ့ဇာတိ၌ လုပ်ဆောင်ခြင်းဖြင့်သာ လူသားတို့ကို ဘုရားသခင် ပိုင်ဆိုင်နိုင်

ခရစ်တော်, ဘုရားသခင်, ဝိညာဉ်တော်, သမ္မာတရား,

Myanmar Christian Song | လူ့ဇာတိ၌ လုပ်ဆောင်ခြင်းဖြင့်သာ လူသားတို့ကို ဘုရားသခင် ပိုင်ဆိုင်နိုင်

I
လက်တွေ့ကျသောဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့်
လူသား၏အားနည်းချက်နှင့်ပုန်ကန်မှုတွေကို စီရင် ထုတ်ဖော်သည်
ထိုအခါ လူတို့သည် သူတို့လိုအပ်သောအရာကို လက်ခံရရှိကြ၏
ဒီလူ့လောကသို့ ဘုရားရောက်ရှိကြောင်းကို သူတို့ တွေ့မြင်ကြသည်
လက်တွေ့ကျသော ဘုရားသခင်၏အမှုတော်ဟာ
လူသားအားလုံးကို စာတန်အုပ်စိုးမှုမှ ကယ်တင်ရန်၊
ညစ်ညမ်းမှု၊
စာတန်ဖျက်ဆီးခဲ့သောစိတ်ထားများမှ ကယ်တင်ရန် ရည်ရွယ်သည်
ဘုရားသခင်၏လက်ထဲရောက်ရှိခြင်းဆိုသည်မှာ သူ့ကို လူ၏
စံနမူနာအဖြစ် မှတ်ယူလိုက်လျှောက်ခြင်းပင်
လက်တွေ့ကျသော ဘုရားသခင်၏နောက်ကို လိုက်၊
သာမန်လူ့သဘာဝအတိုင်း ရှင်သန်၊
ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်အမိန့်တော်ကို စောင့်ထိန်း၊
သူပြောသောအရာကို အပြည့်အဝလိုက်နာပြီး
ဘုရားသခင် တောင်းဆိုသောအရာကို စွမ်းဆောင်လျှင်
ဘုရားသခင် ပိုင်ဆိုင်ခြင်း ခံရမည်

Read More »

ဘုရားသခင်၏ စကားတော် | လူသား၏ ပင်ကို ကိုယ်ပိုင်လက္ခဏာနှင့် ၎င်းတို့၏ တန်ဖိုး- ထိုအရာများမှာ အဘယ်နည်း

ခရစ်ယာန်, ဘုရားသခင်, ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ, ယုံကြည်ခြင်း, အသက်

သင်တို့သည် ရွှံ့မြေထဲမှ ဖယ်ထုတ်ခြင်းကို ခံခဲ့ရပြီး မည်သို့ပင်ဖြစ်ပါစေ သင်တို့သည် အနည်ထဲမှ ရွေးချယ်ခြင်းကို ခံခဲ့ရသည့် ဘုရားသခင် မုန်းသောသူများနှင့် ညစ်ညမ်းသောသူများ ဖြစ်ကြသည်။ သင်တို့သည် စာတန်က နှင့် သက်ဆိုင်ခဲ့ကြပြီး ၎င်း၏ နင်းခြေခြင်းနှင့် စွန်းထင်းစေခြင်းကို တစ်ချိန်က ခံခဲ့ကြရသည်။ ထို့ကြောင့် သင်တို့သည် ရွှံ့မြေထဲမှ ဖယ်ထုတ်ခြင်းကို ခံခဲ့ရသည့် မသန့်ရှင်းသူများ ဖြစ်ကြပြီး ထိုအစား အချိန်ကြာမြင့်စွာ စာတန်၏ အရူးလုပ်ခြင်းကို ခံခဲ့ရသည့် လူသား မဟုတ်သည့် အရာဝတ္တုများ ဖြစ်ကြသည်ဟု ဆိုရခြင်းဖြစ်သည်။ ဤသည်မှာ သင်တို့အတွက် အသင့်လျော်ဆုံး သရုပ်ဖော်ချက် ဖြစ်သည်။ သင်တို့ထံမှ ပျော်မွေ့ဖွယ်ရာ တစ်ခုမှ မရရှိနိုင်သည့်အတွက် သင်တို့သည် ငါးနှင့် ပုစွန်များကဲ့သို့ လိုချင်စဖွယ် ဖြစ်သော ဖမ်းမိသည့်အရာများနှင့် တခြားစီဖြစ်၍ ပုပ်သိုးနေသော ရေသေနှင့် ရွှံ့မြေထဲတွင် တွေ့ရသော အညစ်အကြေးများ ဖြစ်ကြောင်းကို သင်တို့ သဘောပေါက်ရမည်။ တဲ့တိုးပြောပါက သင်တို့သည် အနိမ့်ကျဆုံး လူမှုရေး အတန်းစားထဲမှ အဖွဲ့ဝင်များ ဖြစ်သည်၊ ဝက်များနှင့် ခွေးများထက် ပို၍ ဆိုးဝါးသော တိရစ္ဆာန်များ ဖြစ်ကြသည်။ ပွင့်ပွင့်လင်းလင်း ပြောပါက သင်တို့အား ထိုကဲ့သို့ ဝေါဟာရများဖြင့် ခေါ်ဝေါ်ခြင်းမှာ ပုံကြီးချဲ့ခြင်း သို့မဟုတ် ချဲ့ကားပြောဆိုခြင်း မဟုတ်ဘဲ ၎င်းမှာ ပြဿနာကို ရိုးရှင်းလွယ်ကူစေသည့် နည်းလမ်းတစ်ခု ဖြစ်သည်။ သင်တို့အား ထိုကဲ့သို့ ဝေါဟာရများဖြင့် ခေါ်ဝေါ်ခြင်းမှာ အမှန်အားဖြင့် သင်တို့အား အရိုအသေပေးသည့် နည်းလမ်းတစ်ခု ဖြစ်သည်။ လူသားများ ဖြစ်ကြသော သင်တို့၏ အတွင်းသဘော၊ စကား၊ အပြုအမူနှင့် ရွှံ့မြေထဲမှ သင်တို့၏ ရာထူးဂုဏ်ဒြပ် အပါအဝင် သင်တို့၏ အသက်တာထဲမှ အရာအားလုံးတို့မှာ သင်တို့၏ ကိုယ်ပိုင်လက္ခဏာသည် “သာမန်ထက် ထူးခြားကြောင်း” သက်သေပြရန် လုံလောက်သည်။Read More »

ခြောက်ရက်နေ့မြောက်တွင် ဖန်ဆင်းရှင်သည် စကားပြောပြီး သူ့စိတ်ထဲတွင်ရှိသည့် သက်ရှိသတ္တဝါတစ်မျိုးချင်းစီသည် တစ်ခုပြီးတစ်ခု ပေါ်ထွက်လာသည်

အသက်, ဧဝံဂေလိ

မသိမသာနှင့် ဖန်ဆင်းရှင်၏ အရာအားလုံးကိုပြုလုပ်ခြင်းအမှုသည် ၅ ရက် ဆက်လက်ဖြစ်ပေါ်ခဲ့ပြီး ယင်းနောက်တွင် ချက်ချင်းပင် အရာအားလုံးအပေါ် သူ၏ဖန်ဆင်းခြင်း ခြောက်ရက်မြောက်နေ့ကို ဖန်ဆင်းရှင်က ဆီးကြိုခဲ့သည်။ ယနေ့သည် နောက်ထပ် အသစ်စတင်ခြင်းနှင့် နောက်ထပ် ထူးခြားဆန်းကြယ်သည့် နေ့တစ်နေ့ဖြစ်သည်။ သို့ဆိုလျှင် ဤနေ့သစ်၏ အကြိုတွင် ဖန်ဆင်းရှင်၏ အစီအစဉ်က အဘယ်အရာဖြစ်ခဲ့သနည်း။ မည်သို့ သတ္တဝါအသစ်ကို သူထုတ်လုပ်မည်နည်း၊ ဖန်ဆင်းမည်နည်း။ နားထောင်လော့။ ဤသည်မှာ ဖန်ဆင်းရှင်၏အသံဖြစ်သည်။Read More »

ချီဆောင်ခြင်းသည် လူ၏အယူအဆများနှင့် စိတ်ကူးအပေါ် မဟုတ်ဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်များပေါ်တွင် အခြေခံရမည်။

ခရစ်ယာန်, ဆုတောင်း, ထာဝရအသက်, ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ, အသက်

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“သင်တို့ဆုတောင်းရမည်မှာ ကောင်းကင်ဘုံ၌ရှိတော်မူသောအကျွန်ုပ်တို့အဘ ကိုယ်တော်၏ နာမတော်အား ရိုသေလေးမြတ်ခြင်း ရှိပါစေသော။ နိုင်ငံတော်တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော။” (ရှင်မဿဲ ၆:၉-၁၀)

“သန့်ရှင်းသောမြို့တည်းဟူသော ယေရုရှလင်မြို့ သစ်သည် မိမိခင်ပွန်းဘို့ တန်ဆာဆင်သော မင်္ဂလာ ဆောင်သတို့သမီးကဲ့သို့ ပြင်ဆင်လျက်၊ ဘုရားသခင် အထံတော်၊ ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို ငါမြင်၏။ ကောင်းကင်မှကြီးသော အသံကား၊ ဘုရား သခင်၏ တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူ ကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် သူတို့နှင့်အတူရှိနေ၍ သူတို့၏ ဘုရားသခင် ဖြစ်တော်မူ မည်။” (ဗျာဒိတ်ကျမ်း ၂၁:၂-၃)

“လောကီ နိုင်ငံသည် ငါတို့အရှင်၏ နိုင်ငံဖြစ်လေပြီ။ ထိုအရှင်၏ ခရစ်တော်နိုင်ငံဖြစ်လေပြီ။ သူသည်လည်း ကမ္ဘာ အဆက်ဆက် စိုးစံတော်မူမည်ဟု ပြောဆိုကြ ၏။” (ဗျာဒိတ်ကျမ်း ၁၁:၁၅)

“ကောင်းကင်ဘုံကဆင်းသက်၍ ကောင်းကင်ဘုံ၌ရှိနေသော လူသားမှတပါးအဘယ်သူမျှ ကောင်းကင် ဘုံသို့ မတက်ပြီ။” (ရှင်ယောဟန်ခရစ်ဝင် ၃:၁၃)Read More »