ဘုရားသခင်အတွက် စစ်မှန်သောချစ်ခြင်းသည် အလိုအလျောက် ဖြစ်သည်

genuine-love-for-God-is-spontaneous

လူအားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် စစ်ဆေးခြင်းကို ခံကြရသည်။ လူ့ဇာတိ ခံယူသော ဘုရားသခင်ကြောင့်သာမဟုတ်ပါက လူသားမျိုးနွယ်သည် ထိုကဲ့သို့ဒုက္ခခံစားရဖို့ ကောင်းချီးခံရမည် မဟုတ်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်၏ စမ်းသပ်ခြင်းကို လက်ခံနိုင်သော သူများသည် ကောင်းချီးခံစားရသော သူများဖြစ်သည်ဟုလည်း ပြော၍ရသည်။ လူများ၏ နဂိုအရည်အသွေး၊ သူတို့၏ အပြုအမူနှင့် ဘုရားသခင်အပေါ် သူတို့၏ သဘောထားများကို အခြေခံကြည့်ပါက သူတို့သည် ဤကဲ့သို့သော စစ်ဆေးခြင်းကို လက်ခံရရှိဖို့ မထိုက်တန်ကြပေ။ ဘုရားသခင်က သူတို့ကို မြှင့်တင်ခဲ့သည့်အတွက်ကြောင့် ထိုသူတို့သည် ဤကောင်းချီးကို ခံစားရခြင်းဖြစ်သည်။ လူတွေက မိမိတို့မှာ ဘုရားသခင်၏ မျက်နှာကို မြင်ရရန် သို့မဟုတ် သူ၏နှုတ်ကပတ်တော်များကို ကြားရရန် မထိုက်တန်ကြပါဟု ပြောလေ့ရှိကြသည်။ ယနေ့ လူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ စစ်ဆေးခြင်းကို ရရှိကြခြင်းမှာ ဘုရားသခင်၏ မြှင့်တင်ခြင်းသက်သက်နှင့် သူ့၏ ကရုဏာသက်သက်ကြောင့် ဖြစ်သည်။ ဤသည်မှာ နောက်ဆုံးသော ကာလ၌ အသက်ရှင်နေထိုင်ကြသော လူတစ်ဦးချင်းစီတိုင်း၏ ကောင်းချီးဖြစ်၏။ ဤသည်ကို သင်တို့ကိုယ်တိုင် တွေ့ကြုံဖူးသလော။ လူများသည် မည်သည့်ရှုထောင့်များမှ ဒုက္ခခံရပြီး အခက်အခဲများ ရှိမည်ဆိုခြင်းကို ဘုရားသခင်က ကြိုတင်သတ်မှတ်ထားခြင်းဖြစ်ပြီး လူတို့ကိုယ်တိုင်၏ လိုအပ်ချက်များကို အခြေခံထားခြင်း မဟုတ်ပေ။ ဤအချက်က လုံးဝ မှန်ကန်သည်။ ယုံကြည်သူတိုင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ စမ်းသပ်မှုကို တွေ့ကြုံနိုင်စွမ်းနှင့် သူ့နှုတ်ကပတ်တော်အတွင်း၌ ဒုက္ခခံစားကြနိုင်စွမ်းကို ပိုင်ဆိုင်ကြရမည်။ ဤသည်မှာ သင်တို့ ရှင်းရှင်းလင်းလင်းမြင်နိုင်သောအရာ ဖြစ်သလော။ ထို့ကြောင့် သင်ကြုံတွေ့ခဲ့ရသော ဆင်းရဲဒုက္ခနှင့် ယနေ့ကောင်းချီးများကို ဖလှယ်လိုက်ခြင်း ဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်အတွက် ဒုက္ခမခံပါက သူ၏ချီးမွမ်းမှုကို မရရှိနိုင်ပေ။ သင်သည် ယခင်က မကျေမနပ် ညည်းညူခဲ့နိုင်သည်၊ သို့သော် သင်သည် မည်မျှပင် ညည်းညူပြောဆိုခဲ့ပါစေ ဘုရားသခင်က သင်နှင့်ပတ်သက်၍ ထိုအကြောင်းကို သတိရမည် မဟုတ်ပေ။ ယနေ့သည် ရောက်လာလေပြီ၊ ယမန်နေ့က ကိစ္စများကို ပြန်ကြည့်ဖို့ရန် အကြောင်းမရှိချေ။

Read More »