Myanmar Christian Movie (ကျွန်ုပ် လူကောင်းတစ်ယောက်ပါ။) | Be an Honest Man Blessed by the Lord

Myanmar Christian Movie (ကျွန်ုပ် လူကောင်းတစ်ယောက်ပါ။) | Be an Honest Man Blessed by the Lord

ခရစ်ယာန်တစ်ယောက်ဖြစ်သည့် ယန်ဟွီရှင်းသည် ငယ်စဉ်ကတည်းက လူကောင်းတစ်ယောက်ဖြစ်ရသည်ကို မြတ်နိုးခဲ့သည်။ သူမသည် သူတစ်ပါးကို ထိခိုက်စော်ကားခြင်းကို မနှစ်သက်ပေ။ သူမသည် ကြင်နာတတ်ပြီး အခြားလူများနှင့် လိုက်လျောညီထွေရှိသည့်အတွက် သူမကိုယ်သူမ လူကောင်းတစ်ယောက် ဖြစ်သည်ဟု ယုံကြည်ထားသည်။ သို့သော် နောက်ဆုံးသောကာလ ဘုရားသခင်၏ ဧဝံဂလိတရားတော်ကို လက်ခံပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို ခံယူလိုက်သည့်အခါ သူမသည် နိုးထလာပြီး သူမသည် စစ်မှန်သည့် လူကောင်းတစ်ယောက် မဟုတ်သည်ကို သိမြင်ခဲ့သည်။ ဤထက်ပို၍ သူမသည် ဆိုးယုတ်သော ခံယူချက်များအပေါ် အခြေခံ၍ အသက်ရှင်နေထိုင်ပြီး အလွန်အတ္တကြီးသည့်၊ စဉ်းလဲသည့် “လူကောင်း”တစ်ယောက်သာ ဖြစ်သည်။ သူမသည် သမ္မာတရားကို ရှာဖွေပြီး ရိုးသားဖြောင့်မတ်သည့် လူကောင်းတစ်ယောက်ဖြစ်ရန်အတွက် သူမ၏စိတ်နှလုံးထဲတွင် ပိုင်းဖြတ်လိုက်သည်။ ယန်ဟွီရှင်းသည် ဤကဲ့သို့ ပြောင်းလဲမှုမျိုးကို ကြုံတွေ့စေသည့် မည်သည့်အတွေ့အကြုံမျိုးကို ဖြတ်သန်းခဲ့ရသနည်း။Read More »

ဧဝံဂေလိရုပ်ရှင် | သီလသမာဓိအပေါ် ဘယ်တော့မှ နေမဝင်ရာ

ဝမ်သျှင်ယူနှင့် သူမ၏ခင်ပွန်းသည် အဝတ်ဆိုင်တစ်ဆိုင် ဖွင့်ထားပါသည်၊ အစပိုင်းတွင် သူတို့၏ဆိုင်ကို တည်ကြည်မှုနှင့် အသိစိတ်တို့ဖြင့် လည်ပတ်ရန်ကြိုးပမ်းသော်လည်း များစွာ ငွေမဝင်ပါ။ ထို့ပြင် သူတို့၏ဘဝမှာ အလွန်ခက်ခဲလှသည်။ သို့သော်လည်း စီးပွားရေးလုပ်ရန်အတွက် လိမ်လည်လှည့်စားမှုအပေါ် အမှီပြုသည့် သူတို့၏အပေါင်းအသင်းများ ကားများနှင့် အိမ်များ ဝယ်ယူပြီး ကြွယ်ဝသောဘဝဖြင့် အသက်ရှင်ရသည်ကို မြင်သောအခါ၊ သူတို့လည်း နောက်ကျကျန်ရစ်မည်ကို လိုလာခြင်းမရှိဟု ဆုံးဖြတ်လေသည်။ သူတို့၏အပေါင်းအသင်းများ လမ်းညွှန်မှုဖြင့် သူတို့သည် လူမှုရေးရေစီးကြောင်းနောက်လိုက်ကာ လိမ်လည်ခြင်းနှင့် ပရိယာယ်တို့ဖြင့် စီးပွားရှာလေတော့သည်။ နှစ်အနည်းငယ်ကြာပြီးနောက် သူတို့ ငွေအတော်အတန် ဝင်သော်လည်း သူတို့၏အသိစိတ်မှာ မကြာခဏ စိတ်မအေးရဘဲ သူတို့၏စိတ်နှလုံးမှာ ဗလာနတ္တိဖြစ်နေရသည်။ ထိုအခါ နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ ဧဝံဂလိကို သူတို့ လက်ခံပြီး၊ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ရှုကြသည်၊ ယင်းမှတဆင့် ဘုရားသခင်သည် ရိုးသားသောလူများကို နှစ်သက်ပြီး လှည့်စားတတ်သောလူများကို ရွံမုန်းကြောင်း သိရပြီး ရိုးသားသောလူများမှာ ဘုရားသခင်၏ကောင်းချီးမင်္ဂလာများကို ရကြောင်း သဘောပေါက်လေသည်။ သို့သော်လည်း ကမ္ဘာလောကကြီးထဲမှ မကောင်းမှုနှင့် မှောင်မိုက်မှုကိုလည်း သူတို့ မြင်ပြီး တည်ကြည်မှုဖြင့် စီးပွားရေးလုပ်မည်ဆိုပါက ငွေရှာနိုင်လိမ့်မည် မဟုတ်သည့်အပြင် ငွေလည်းရှုံးမည့် အန္တရာယ်ရှိသည်ကိုလည်း သိကြသည်၊ သို့သော် ဖောက်သည်များကို လှည့်စားရန်အတွက် မုသားများနှင့် ပရိယာယ်များကို ဆက်လက်အသုံးပြုလျှင် ယင်းအတွက် ၎င်းတို့ကို ဘုရားသခင် မုန်းလိမ့်မည်ကို သိကြသည်။ အမျိုးမျိုး ရုန်းကန်မှုများနှင့် ကျရှုံးခြင်းများကို ရင်ဆိုင်ရပြီးနောက် ဘုရားသခင်၏နှုတ်ကပတ်တော်နှင့်အညီ ရိုးသားသည့်လူများ ဖြစ်ရန် နောက်ဆုံးတွင် ရွေးချယ်ပြီး ဘုရားသခင်၏ကောင်းချီးမင်္ဂလာများကို လက်ခံရရှိသည့်အတွက် အံ့မခန်းဖြစ်လေ၏။ သူတို့၏စီးပွားရေး တိုးတက်အောင်မြင်သည်သာမက ရိုးသားသောလူများ ဖြစ်ရခြင်း၏ ငြိမ်သက်ခြင်းနှင့် လုံခြုံခြင်းကိုလည်း မွေ့လျော်ခံစားရလေတော့သည်။

သူတို့၏ကိုယ်ကျိုးစီးပွားအတွက် သမာဓိရှိသောလူများ ဖြစ်ခြင်းကို စွန့်လွှတ်ခဲ့လေသည်၊ သို့သော် ယခု ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သူတို့၏ဂုဏ်သိက္ခာကို နဂိုအခြေအနေသို့ပြန်ရောက်စေခဲ့သည်။

များပြားသောအကြံပြုချက်များ

Myanmar Christian Movie တရုတ်ပြည်မှ ဘာသာရေးဖိစီးနှိပ်စက်မှု ၅ (ကျရှုံးလုဆဲဆဲမှာ ပြန်လည်ရှင်သန်ခြင်း)

ရုပ်ရှင်ဇာတ်လမ်းတို ၂ (သခင်ယေရှုပြန်ရောက်လာပြီဆိုတာ ဘယ်လိုသေချာနိုင်မလဲ)