၃) ဘုရားသခင်၏ နာမတော် ပြောင်းလဲကောင်း ပြောင်းလဲနိုင်သည်၊ သို့သော် ကိုယ်တော်၏ အနှစ်သာရကား ဘယ်သောအခါမျှ မပြောင်းလဲပါ။

God-s-name-3

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်သည် မပြောင်းလဲနိုင်ဘူး ပြောသူများရှိသည်။ ယင်းမှာ မှန်သော်လည်း ယင်းမှာ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အနှစ်သာရ မပြောင်းလဲနိုင်ခြင်းကို ဆိုလိုသည်။ ကိုယ်တော်၏ နာမတော်နှင့် အလုပ်ကို ပြောင်းလဲခြင်း သည် သူ၏ အနှစ်သာရ ပြောင်းလဲသွားပြီဟု သက်သေမခံပေ။ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်သည် အစဉ်အမြဲ ဘုရားသခင်ဖြစ်ပြီး ယင်းသည် မည်သည့်အခါမှ မပြောင်းလဲပေ။ အကယ်၍ သင်က ဘုရားသခင် ၏ အလုပ်သည် ပြောင်းလဲခြင်းမရှိဟု ဆိုပါက၊ သူသည် သူ၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ကို အပြီးသတ်နိုင်စွမ်း ရှိပါမည်လော။ ဘုရားသခင်သည် ထာဝရ ပြောင်းလဲခြင်းမရှိကြောင်း သင်သိသော်လည်း ဘုရားသခင်သည် အစဉ်အမြဲ အသစ်ဖြစ်ပြီး မည်သည့်အခါမျှ မဟောင်းနွမ်းသည်ကို သင်သိပါသလော။ ဘုရားသခင်၏ အလုပ်သည် မပြောင်းလဲပါက သူသည် လူသားမျိုးနွယ်ကို ယနေ့အချိန်အထိ လမ်း တစ်လျှောက်လုံး ဦးဆောင်နိုင်ခဲ့ပါမည်လော။ ဘုရားသခင်သည် မပြောင်းလဲနိုင်ဟု ဆိုလျှင် ကိုယ်တော်သည် အဘယ်ကြောင့် ခေတ်နှစ်ခေတ်၏ အလုပ်ကို ပြီးစီးအောင် လုပ်ခဲ့နိုင်သနည်း။ သူ၏ အလုပ်သည် ရှေ့သို့ ရွေ့လျားရန် မည်သည့်အခါမျှ ရပ်တန့်ခြင်းမရှိ၊ သူ၏ စိတ်သဘောထားသည် လူသားအား တဖြည်းဖြည်း ဖွင့်လှစ်ပြသနေပြီး ယင်းပြသမှုသည် သူ၏ ပင်ကိုစိတ်သဘောထားဖြစ်သည်ဟု ဆိုရပေမည်။ အစဦးတွင် ဘုရားသခင်၏ စိတ်သဘောထားကို လူသားထံမှ ဖုံးကွယ်ထားခဲ့သည်။ သူသည် လူသားအား သူ၏ စိတ်သဘောထားကို မည်သည့်အခါမျှ ပွင့်လင်းစွာ ထုတ်ဖော်ခဲ့ခြင်းမရှိဘဲ၊ လူသည် သူ့အကြောင်းကို ရိုးရှင်းစွာပင် မသိနားမလည်ခဲ့ပေ။ သို့ဖြစ်သောကြောင့် သူသည် သူ၏ စိတ်သဘောထားကို လူသားကို တဖြည်းဖြည်း ထုတ်ဖော်ပြသရန် သူ၏ အလုပ်ကို အသုံးပြုခဲ့သည်။ သို့သော်လည်း ထိုသို့ လုပ်ဆောင်ခြင်း ကြောင့် ဘုရားသခင်၏ စိတ်သဘောထားသည် ခေတ်တိုင်းတွင် ပြောင်းလဲနေသည်ဟု မဆိုလိုပေ။ ယင်းမှာ သူ၏ အလိုတော်သည် အစဉ်အမြဲ ပြောင်းလဲ နေခြင်းကြောင့် ဘုရားသခင်၏ စိတ်သဘောထားသည် အစဉ်အမြဲ ပြောင်းလဲနေခြင်းဟု မဆိုလိုပေ။ ယင်းအစား သူ့အလုပ်၏ ခေတ်များ မတူညီသောကြောင့် ဘုရားသခင်သည် သူ၏ပင်ကို စိတ်သဘောထားကို လုံးလုံးလျားလျား တစ်ဆင့်ပြီးတဆင့် ယူဆောင်ပြီး ယင်းကို လူသားအား ဖော်ထုတ်ပြသသောကြောင့် လူသားသည် သူ့ကို သိလာနိုင်သည်။ သို့သော်လည်း ယင်းသည် ဘုရားသခင်တွင် မူလက မည်သည့် စိတ်သဘောထားမျှ မရှိ သို့မဟုတ် ခေတ်များ ကျော်ဖြတ် လာသည်နှင့် အမျှ သူ၏ စိတ်သဘောထားသည် တဖြည်းဖြည်း ပြောင်းလဲလာသည်ကို သက်သေပြသည်ဟု မဆိုလိုပေ။ ယင်းသို့နားလည်မှုမှာ မှားယွင်းမှုဖြစ်သည်။ ဘုရားသခင်သည် သူ၏ ပင်ကိုနှင့် သီးခြား စိတ်သဘောထားကို—သူ၏ ဖြစ်ခြင်းကို—လူသားအား ခေတ်များ ကျော်ဖြတ်လာသည်နှင့်အမျှ ထုတ်ဖော် ပြသသည်။ ခေတ်တစ်ခေတ်၏ အလုပ်သည် ဘုရားသခင်၏ စိတ်သဘောထား အလုံးစုံကို ဖော်ပြနိုင်ခြင်း မရှိပေ။ သို့ဖြစ်ရာ နှုတ်ကပတ်တော်ဖြစ်သော “ဘုရားသခင်သည် အစဉ်အမြဲ အသစ်ဖြစ်ပြီး မည်သည့်အခါမျှ ဟောင်းနွမ်းခြင်းမရှိ” ဆိုသည်မှာ သူ၏ အလုပ်ကို ရည်ညွှန်းပြီး နှုတ်ကပတ်တော်ဖြစ်သော “ဘုရားသခင်သည် ပြောင်းလဲခြင်းမရှိ” ဆိုသည်မှာ ဘုရားသခင်၏ ပင်ကိုဖြစ်သော အရာအားလုံးနှင့် ဖြစ်ခြင်းကို ရည်ညွှန်းသည်။ မည်သို့ပင်ဖြစ်စေ သင်သည် နှစ်ခြောက်ထောင်အလုပ်ကို နေရာတစ်ခုအပေါ်တွင် မပြုလုပ်နိုင် သို့မဟုတ် သေဆုံးနေသော စကားလုံးများဖြင့် ယင်းကို ပုံဖော်ခြင်းမပြုနိုင်ပေ။ ယင်းမှာ လူသား၏ တုံးအမှုဖြစ်သည်။ ဘုရားသခင်သည် လူသား ထင်မြင်သကဲ့သို့ ရိုးရှင်းခြင်း မရှိဘဲ မည်သည့် ခေတ်တစ်ခုတွင်မဆို သူ၏ အလုပ်သည် တရစ်ဝဲဝဲ စွဲကျန်ရစ်ခြင်း မရှိပေ။ ဥပမာအားဖြင့် ယေဟောဝါသည် ဘုရားသခင်၏ နာမတော် အဖြစ် အစဉ်အမြဲ ရပ်တည်မနေနိုင်ပေ။ ဘုရားသခင်သည်ယေရှုနာမတော်အောက်တွင် သူ၏ အလုပ်ကို လုပ်နိုင်သေးသည်။ ယင်းမှာ ဘုရားသခင်၏ အလုပ်သည် အစဉ်အမြဲ ရှေ့သို့ တိုးတက်ခြင်းဖြင့် ရွေ့လျား နေသည့် လက္ခဏာ ဖြစ်သည်။

Read More »

ပညာရှိ အပျိုကညာများက မင်္ဂလာဆောင်လုလင်ကို ကြိုဆိုကြသည်

ဗျာဒိတ်ကျမ်း, ဘုရားသခင်၏ အသံတော်, ဘုရား၏ပေါ်ထွန်းခြင်း, ယုံကြည်ခြင်း, ဧဝံဂေလိတရား

“သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှါ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။” (ရှင်မဿဲခရစ်ဝင် ၂၅:၆)

“ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။” (ဗျာဒိတ်ကျမ်း ၃:၂၀)

စောင့်ကြည့်ပါ။ စောင့်ကြည့်ပါ။ နောက်ဆုံးသော ကာလတွင် သခင်သည် ပေါ်ထွန်းပြီ၊ စကားပြောပြီး အမှုပြုနေသည်။ ပညာရှိ အပျိုကညာများသည် ဘုရားသခင်၏ အသံတော်ကို အရေးစိုက်ပြီး မင်္ဂလာဆောင်လုလင်ကို ကြိုဆိုကြပေပြီ။

အကြံပြုခရစ်ယာန် ဓမ္မသီချင်း

Myanmar Christian Song 2019 (နောက်ဆုံးသောကာလ ခရစ်တော်ရဲ့အမှုတော်နဲ့ ပုံသဏ္ဍာန်ကို မည်သို့ သိရမလဲ)

သခင်ယေရှုကပြောခဲ့သည် သူအလျှင်အမြန်ပြန်ကြွလာမည်။ ဘယ်လိုနည်းလမ်းဖြင့်ပြန်ကြွလာမှာလဲ?

သခင်ယေရှုကပြောခဲ့သည် သူအလျှင်အမြန်ပြန်ကြွလာမည်။ ဘယ်လိုနည်းလမ်းဖြင့်ပြန်ကြွလာမှာလဲ?

သခင်ယေရှု ရှင်ပြန်ထမြောက်ပြီး ကောင်းကင်ဘုံသို့ကြွတက်ပြီးနောက် ကိုယ်တော်ကို အမှန်တစ်ကယ်ယုံကြည်သောခရစ်ယာန်များသည် ကိုယ်တော်တစ်ဖန်ကြွလာမည်ကို မျှောင်လင့်စောင့်ဆိုင်းလျက်ရှိကြသည်။ အထူးသဖြင့် နောက်ဆုံးကာလ၌ ရောက်ရှိနေသောကျွန်ုပ်တို့သည် ကိုယ်တော်တစ်ဖန်ကြွဆင်းလာပြီး ကျွန်ုပ်တို့ကို ကောင်းကင်နိုင်ငံသို့ချီဆောင်သွားမည်ကို မျှော်လင့်နေကြသည်။ ဒီလိုမျှော်လင့်ခြင်းစိတ်လေးဖြင့်စောင့်ဆိုင်းရင်း ကိုယ်တော်မည်သို့မည်ပုံကြွဆင်းလာမည်ပြီးထင်ရှားပြမည်ကို အာလုံးသိပါသလား။ အချို့ညီအစ်ကိုမောင်နှမများက ကျမ်းချက် ( ရှင်လုကာခရစ်ဝင် ၂၁:၂၇) ထိုအခါ လူသားသည် ကြီးစွာသောဘုန်းတန်ခိုးအာနုဘော်ကို ဆောင်လျက်၊ မိုဃ်းတိမ်ကို စီးလျက် ကြွ လာသည်ကို မြင်ရကြလိမ့်မည်။ ထောက်ထား၍ ကိုယ်တော်ပြန်ကြွလာလျှင်  ကြီးစွာသောဘုန်းတန်ခိုးအာနုဘော်နှင့် မိုးဃ်တိမ်ကိုစီးလျက် ကြွဆင်းလာမည်ဟုထင်မြင်ကြသည်။ တကယ်တမ်းကျမ်းစာထဲတွင် ကိုယ်တော်မိုးဃ်တိမ်ဖြင့်ထင်ရှားစွာကြွာလာမည်ကို ပရောဖက်ထားရုံတင်မက သူခိုးကဲ့သို့ တိုးတိတ်စွာကြွာလာမည်ဟူ၍လည်း ပရောဖက်ထားပါသည်။ “ဥပမာအားဖြင့် သူခိုးကဲ့သို့ ငါလာ၏။ ” ( ဗျာဒိတ်ကျမ်း ၁၆:ဗျာဒိတ်ကျမ်း။ ၁၆)ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။ (ဗျာဒိတ်ကျမ်း၃:၂၀) (ရှင်မဿဲခရစ်ဝင်၂၅:၆ ) သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ “ခရီးဦးကြိုပြုခြင်းငှါ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်၊ ရထိုသတို့သမီးအပေါင်းတို့သည် ထ၍မီးခွက်များကို ပြင်ဆင်ကြ၏။ ၈မိုက်သောသူတို့က ငါတို့ဆီမီးသေပါပြီ။ ”သင်တို့ ဆီကိုအနည်းငယ်ပေးပါဟု ပညာရှိသောသူတို့အား တောင်းကြ၏။ ဤကျမ်းပုဒ်များတွင် ရှင်းလင်းစွာပြောကြားထားသည်။ ကိုယ်တော်ပြန်ကြွလာချိန်တွင် လူတိုင်းတွေ့နိုင်မည်မဟုတ်ပါ။ ကျွန်ုပ်တို့သတိမထားမိသောအချိန်တွင်ကြွဆင်းလာပြီး လူတစ်ဦးတစ်ယောက်မှ ဟစ်အော်ပြောကြားလိမ့်မည်။ တစ်နည်းအားဖြင့်ဆိုရသော် ကိုယ်တော်တစ်ဖန်ကြွလာမည့်သတင်းကို တစ်စုံတစ်ယောက်ကသက်သေခံပြောကြားမှသာ ကျွန်ုပ်တို့သိရလိမ့်မည်။ ထို့ကြောင့် ထိုသက်သေခံချက်ကိုကြားပြီး ရှာဖွေလေ့လာမှသာလျှင် ကိုယ်တော်တစ်ဖန်ကြွဆင်းလာခြင်းကို ကြိုဆိုမိမည်ဖြစ်သည်။ အကယ်၍ ကိုယ်တော်ပြန်ကြွလာသောသတင်းကိုကြားလျက်နှင့် မရှာဖွေမလေ့လာပါက ကိုယ်တော်ကိုတံခါးအပြင်ဘက်၌ငြင်းပယ်မိပြီး ကိုယ်တော်ကို ကြိုဆိုနိုင်မည်မဟုတ်ပါ။ ကိုယ်တော်တစ်ဖန်ကြွလာခြင်းနှင့်ပတ်သက်သောအဓိကအချက်များကို ဝေငှလိုက်ပါသည်။ ကျွန်ုပ်တို့အတူတကွ ကိုယ်တော်အမှန်တကယ်ကြွဆင်းလာမည့်နည်းလမ်းကို ရှာဖွေကြပါစို့။Read More »

【Live】Myanmar Movie | သိုးသငယ်၏ ခြေလှမ်းများနောက် သင်လိုက်ပြီးပြီလား

 

သမ္မာကျမ်းစာထဲက ဗျာဒိတ်ကျမ်းမှာ သိုးသငယ် သွားလေရာရာအရပ်သို့ နောက်တော်၌ လိုက်သောသူဖြစ်ကြ၏။ လူတို့ အထဲကရွေးနှုတ်၍ ဘုရားသခင်နှင့် သိုးသငယ်အဘို့ အဦးသီးသော အသီးဖြစ်ကြ၏” လို့ ကြိုတင်ဟောကိန်းထုတ်ထားပါတယ်။ (ဗျာဒိတ် ၁၄:၄)ဘာကြောင့်လဲဆိုရင် ဒီလိုလူတွေကပဲ ကောင်းကင်နိုင်ငံတော်ထဲကို ဝင်ပြီး၊ ဘုရားသခင်ရဲ့ ထာဝရ ကောင်းချီးမင်္ဂလာတွေကို မွေ့လျော်ခံစားရမှာ ဖြစ်လို့ပါ။ သခင့်အပေါ် စစ်မှန်စွာ ယုံကြည်တဲ့သူတွေအားလုံးဟာ သိုးသငယ်ရဲ့ ခြေလှမ်းတွေနောက်လိုက်ပြီး အဦးသီးသော အသီးတွေဖြစ်နိုင်တယ်လို့ ကျွန်တော်တို့ ယုံကြည်ကြပါတယ်။ယခု နောက်ဆုံးသောကာလ ရောက်နှင့်ပြီဖြစ်ပါတယ်။ ပြီးတော့ သခင်က သူ့ရဲ့အမှုတော်ကို ဆောင်ရွက်ဖို့ ပေါ်ထွန်းတဲ့ တကယ့်အခါသမယပဲဖြစ်ပါတယ်။သိုးသငယ်ရဲ့ ခြေလှမ်းတွေကို သင်တို့ ရှာတွေ့ပြီးပြီလား။ ဘုရားသခင်ရဲ့ ခြေလှမ်းတွေနောက်ကို ဘယ်လိုလိုက်ရမယ်ဆိုတာ သိချင်နေပါသလား။ ဒီအစီအစဉ်က မိတ်ဆွေတို့ကို လမ်းပြပါလိမ့်မည်။ ကျေးဇူးပြုပြီး ဂရုတစိုက် ကြည့်ရှုပေးပါ။Read More »

ရုပ်ရှင်ဇာတ်လမ်းတိုး ၁ (သခင်ယေရှုပြန်လာမည့်ပရောဖက်ပြုချက်ဟာ ဘယ်လိုမျိုးမှန်လာမှာလဲ)

ရုပ်ရှင်ဇာတ်လမ်းတိုး ၁ (သခင်ယေရှုပြန်လာမည့်ပရောဖက်ပြုချက်ဟာ ဘယ်လိုမျိုးမှန်လာမှာလဲ)

ဘာသာရေးအသိုင်းအဝိုင်းက လူတော်တော်များများဟာ သခင်မိုးတိမ်ကိုစီးပြီး ကြွလာမယ်ဆိုတဲ့ ပရောဖက်ပြုချက်ကို စွဲကိုင်ထားကြပြီး သူတို့ကို ကောင်းကင်နိုင်ငံဆီ ချီဆောင်ဖို့ ကိုယ်တော်က အဲဒီနည်းလမ်းအတိုင်း ကြွလာမှာကို စောင့်ဆိုင်းနေကြပေမယ့် လှို့ဝှက်စွာ သခင်လာမယ့်အကြောင်းကို သတိမထားမိကြပါဘူး။ “အသံတော်ကား၊ သူခိုးကဲ့သို့ ငါလာ၏။” (ဗျာဒိတ်ကျမ်း၁၆:၁၆) “သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှါ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။” (ရှင်မဿဲ ၂၅:၆) ဒါဆိုသခင်ပြန် ကြွလာမယ်ဆိုတဲ ပရောဖက်ပြုချက်ဟာ မည်သို့အမှန်စင်စစ်ဖြစ်လာမလဲ?ကျွန်ုပ်တို့ရော ပညာရှိသတို့သမီးကဲ့သို့ သခင်ပြန် ကြွလာမည်ကိုကြိုဆိုဖို့ ဘယ်လိုလုပ်ရမလဲ။

အကြံပြုစာမျာ: အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်- နိုင်ငံတော်၏ ကယ်တင်ခြင်း