ဧဝံဂေလိ ဂီတ | ဘုရားဟာလူသားတို့အတွက်ပိုလှပတဲ့မနက်ဖြန်ကိုဖန်ဆင်းပေး

ကောင်းကင်ဘုံ, ဖန်ဆင်းသူ, အသက်, ဧဝံဂေလိ ဂီတ

Myanmar Gospel song 2019 | ဘုရားဟာလူသားတို့အတွက်ပိုလှပတဲ့မနက်ဖြန်ကိုဖန်ဆင်းပေး

 

ဘုရားပြန်လာတာ ကြိုဆိုတဲ့ ခါနာန်လယ်သမားတို့အား
ဘုရားဟာ အကျိုးအမြတ်နဲ့ ကောင်းကြီးတို့ကို ပေးအပ်တာဟာ
ကောင်းကင်ဘုံ လူသားတို့သာ အစဉ်ရှိစေရန် ဘုရားသည်
ကောင်းသောသီးပွင့်နှင့် မေတ္တာမွန်ကို ပေးအပ်သည် … ဟာ

Read More »

ပထမနေ့တွင် လူသားမျိုးနွယ်၏ နေ့နှင့်ညသည် ပေါ်ပေါက်လာခဲ့ပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာကြောင့် ခိုင်မာစွာ ရပ်တည်ပေ၏

ဖန်ဆင်းသူ, ဘုရားသခင်, ဘုရားသခင်၏ မူလဖန်ဆင်းခြင်း, သမ္မာကျမ်းစာ

ပထမကျမ်းပိုဒ်ကို ကြည့်ကြစို့။ “ဘုရားသခင်ကလည်း အလင်းဖြစ်စေဟု အမိန့်တော်ရှိ၍ အလင်းဖြစ်လေ၏။ ထိုအလင်းကောင်းသည်ကို ဘုရားသခင်မြင်၍၊ အလင်းနှင့် မှောင်မိုက်ကို ပိုင်းခြားခွဲထားတော်မူ၏။ အလင်းကို နေ့ဟူသော အမည်ဖြင့်၎င်း၊ မှောင်မိုက်ကို ညဉ့်ဟူသော အမည်ဖြင့်၎င်း၊ ခေါ်ဝေါ်သမုတ်တော်မူ၍ ညဦးနှင့် နံနက်သည် ပဌမနေ့ရက် ဖြစ်လေ၏။” (ကမ္ဘာဦးကျမ်း ၁:၃-၅) ဤကျမ်းပိုဒ်သည် ဖန်ဆင်းခြင်းအစတွင် ဘုရားသခင်၏ ပထမဆုံး လုပ်ဆောင်ချက်နှင့် နံနက်နှင့် ညဦးပါဝင်သော ဘုရားသခင် ဖြတ်သန်းခဲ့သည့် ပထမနေ့ရက်ကို ဖော်ပြသည်။ သို့ရာတွင် ယင်းသည် ထူးခြားသည့်နေ့ တစ်နေ့ဖြစ်ခဲ့သည်။ ဘုရားသခင်သည် အရာအားလုံးအတွက် အလင်းကို စတင်ပြင်ဆင်ခဲ့သည့်အပြင် အလင်းကို အမှောင်မှ ခွဲခြားလိုက်သည်။ ဤနေ့ရက်တွင် ဘုရားသခင်သည် စတင် စကားပြောခဲ့ပြီး သူ၏ နှုတ်ကပတ်တော်နှင့် သြဇာအာဏာသည် ဘေးချင်းယှဉ်လျှက် တည်ရှိခဲ့သည်။ သူ၏ သြဇာအာဏာသည် အရာအားလုံးကြားတွင် စတင်ထင်ရှားလာပြီး သူ့နှုတ်ကပတ်တော်၏ အကျိုးရလဒ်အနေနှင့် သူ၏ တန်ခိုးသည် အရာအားလုံးကြားတွင် ပျံ့နှံ့သည်။ ထိုနေ့မှစပြီး အရာအားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်၊ ဘုရားသခင်၏ သြဇာအာဏာနှင့် ဘုရားသခင်၏ တန်ခိုးတို့ကြောင့် ဖြစ်ပေါ်လာပြီး ခိုင်မာစွာ ရပ်တည်ခဲ့ကြကာ သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်၊ ဘုရားသခင်၏ သြဇာအာဏာနှင့် ဘုရားသခင်၏ တန်ခိုးတို့ကြောင့် စတင် လှုပ်ရှားလာကြသည်။ “အလင်းဖြစ်စေ” ဆိုသည့် နှုတ်ကပတ်တော်ကို ဘုရားသခင်မိန့်လိုက်သည့်အခါတွင် အလင်းဖြစ်ခဲ့သည်။ ဘုရားသခင်က မည်သည့်အစီအစဉ်ကိုမျှ စတင်ခြင်း မရှိခဲ့ပေ။ အလင်းသည် သူ့နှုတ်ကပတ်တော်၏ ရလဒ်အနေနှင့် ပေါ်ထွက်လာခဲ့သည်။ ဤသည်မှာ ဘုရားသခင်က နေ့ဟုခေါ်ခဲ့သည့် အလင်းဖြစ်ပြီး လူသားသည် ယနေ့အထိ သူ၏ တည်ရှိမှုအတွက် ယင်းအပေါ် မှီခိုဆဲဖြစ်သည်။ ဘုရားသခင်၏ အမိန့်တော်အားဖြင့် ထိုအလင်း၏ အနှစ်သာရနှင့် တန်ဖိုးက မည်သည့်အခါမျှ ပြောင်းလဲမသွားဘဲ မည်သည့်အခါမျှ ပျောက်ကွယ်မသွားပေ။ ထိုအလင်း၏ တည်ရှိမှုသည် ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးကို ထင်ရှားစေခဲ့ပြီး ဖန်ဆင်းရှင်၏ တည်ရှိမှုကို ကြေညာသည်။ ထိုအလင်းသည် ဖန်ဆင်းရှင်၏ အဆင့်အတန်းနှင့် ဝိသေသလက္ခဏာတို့ကို အကြိမ်ကြိမ် အတည်ပြုသည်။ ထိုအရာသည် မသိမြင်နိုင်သည့်အရာ သို့မဟုတ် ထင်ယောင်ထင်မှားမှု မဟုတ်ပါဘဲ လူသားက မြင်တွေ့နိုင်သည့် စစ်မှန်သည့် အလင်းဖြစ်သည်။ ထိုအချိန်မှစ၍ “မြေကြီးသည် အဆင်းသဏ္ဌာန်မရှိ၊ လွတ်လပ်လဟာဖြစ်၏။ နက်နဲရာအရပ်ကို မှောင်မိုက်ဖုံးလွှမ်း၏” ဆိုသည့် ဘာမျှမရှိသည့် ကမ္ဘာကြီးတွင် ပထမဆုံး ရုပ်ဝတ္ထုတစ်ခု ဖြစ်ပေါ်ခဲ့သည်။ ထိုအရာသည် ဘုရားသခင်၏နှုတ်မှ နှုတ်ကပတ်တော်များမှ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး ဘုရားသခင်၏ သြဇာအာဏာနှင့် မိန့်မြွက်ချက်များကြောင့် အရာအားလုံးကို ဖန်ဆင်းခြင်း၏ ပထမလုပ်ဆောင်ချက်တွင် ဖြစ်ပေါ်ခဲ့သည်။ ဤအရာပြီးနောက် မရှေးမနှောင်းတွင် ဘုရားသခင်သည် အလင်းနှင့် အမှောင်ကို ခွဲခြားရန် အမိန့်ပေးခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့် အရာအားလုံးသည် ပြောင်းလဲခဲ့ပြီး ပြည့်စုံခဲ့သည်။ ဘုရားသခင်က ဤအလင်းကို “နေ့” ဟုခေါ်ပြီး အမှောင်ကို “ည” ဟုခေါ်ခဲ့သည်။ ထိုအချိန်မှစပြီး ဘုရားသခင်ဖန်ဆင်းရန် ရည်ရွယ်ခဲ့သည့် ကမ္ဘာတွင် ပထမဆုံးညဦးနှင့် ပထမဆုံးနံနက်သည် ဖြစ်ပေါ်ခဲ့ပြီး ဤသည်မှာ ပထမနေ့ဖြစ်သည်ဟု ဘုရားသခင်က မိန့်ခဲ့သည်။ ဤနေ့သည် ဖန်ဆင်းရှင်၏ အရာအားလုံးကို ဖန်ဆင်းခြင်း ပထမနေ့ဖြစ်ပြီး အရာအားလုံးကို ဖန်ဆင်းခြင်း၏ အစဖြစ်ခဲ့သည်။ သူဖန်ဆင်းခဲ့သည့် ဤကမ္ဘာတွင် ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် တန်ခိုးကို ထင်ရှားပြသခဲ့သည့် ပထမအကြိမ် ဖြစ်ခဲ့သည်။Read More »

ဒုတိယနေ့တွင် ဘုရားသခင်၏ သြဇာအာဏာသည် ရေတို့ကို စီစဉ်ပြီး မိုးမျက်နှာကြက်ကို ပြုလုပ်ကာ အခြေခံ အကျဆုံးလူသား၏ ရပ်တည်ရှင်သန်နိုင်ရေးအတွက် နေရာတစ်နေရာ ပေါ်ထွက်လာသည်

သမ္မာကျမ်းစာ၏ ဒုတိယကျမ်းပိုဒ်ကို ဖတ်ကြည့်ကြစို့။ “တဖန်ဘုရားသခင်က ရေအလယ်၌ မိုဃ်းမျက်နှာကြက်ဖြစ်စေ၊ ရေနှင့်ရေချင်းခြားနားစေဟု အမိန့်တော်ရှိသဖြင့်၊ မိုဃ်းမျက်နှာကြက်ကို ဘုရားသခင် ဖန်ဆင်းတော်မူ၍၊ မိုဃ်းမျက်နှာကြက် အောက်၌ရှိသောရေနှင့်၊ မိုဃ်းမျက်နှာကြက် အပေါ်၌ရှိသော ရေကို ပိုင်းခြားတော်မူသည်အတိုင်း ဖြစ်လေ၏။” (ကမ္ဘာဦးကျမ်း ၁:၆-၇) ဘုရားသခင်သည် “ရေအလယ်၌ မိုဃ်းမျက်နှာကြက်ဖြစ်စေ၊ ရေနှင့်ရေချင်း ခြားနားစေ” ဟုမိန့်ပြီးနောက်တွင် မည်သို့ပြောင်းလဲမှု ပေါ်ပေါက်ခဲ့သနည်း။ ကျမ်းပိုဒ်တွင် ဤကဲ့သို့ဆိုသည်၊ “မိုဃ်းမျက်နှာကြက်ကို ဘုရားသခင် ဖန်ဆင်းတော်မူ၍၊ မိုဃ်းမျက်နှာကြက် အောက်၌ရှိသောရေနှင့်၊ မိုဃ်းမျက်နှာကြက် အပေါ်၌ရှိသောရေကို ပိုင်းခြားတော်မူသည်။” ဘုရားသခင်သည် ဤသည်ကို မိန့်ကြားကာ ပြုလုပ်အပြီးတွင် အဘယ်ရလဒ်ရလာသနည်း။ ဤအဖြေသည် ကျမ်းပိုဒ်၏ နောက်ဆုံးအပိုင်းတွင်ရှိသည်။ “ပိုင်းခြားတော်မူသည်အတိုင်း ဖြစ်လေ၏။”

ဤဝါကျတိုနှစ်ခုသည် ဘုရားသခင်က လူသားအသက်ရှင် ရပ်တည်နိုင်သည့် နေရာတစ်ခုကို ဖန်ဆင်းခဲ့ပြီး ရေကို အုပ်စိုးသည့် ကြီးမားသည့် လုပ်ဆောင်မှုဖြစ်သော အံ့သြစရာမြင်ကွင်းကိုဖော်ပြပြီး ကြီးကျယ်ခမ်းနားသည့် ဖြစ်ရပ်တစ်ခုကို မှတ်တမ်းတင်ထားသည်။

ဖန်ဆင်းသူ, ဘုရားသခင်, ဘုရား၏အနန္တတန်ခိုး, သမ္မာကျမ်းစာ, အသက်

Read More »

တတိယနေ့တွင် ဘုရား၏ နှုတ်ကပတ်တော်တို့သည် မြေကြီးနှင့် ပင်လယ်တို့ကို ပေါ်ပေါက်စေခဲ့ပြီး ဘုရားသခင်၏ သြဇာအာဏာသည် ကမ္ဘာကို သက်ရှိတို့နှင့် ပြည့်စေခဲ့သည်

နောက်ထပ် ကမ္ဘာဦးကျမ်း ၁:၉-၁၁ ၏ ပထမဝါကျကို ဖတ်ကြည့်ကြစို့။ “ တဖန်ဘုရားသခင်က မိုဃ်းကောင်းကင်အောက်၌ရှိသော ရေစုဝေးစေ၊ ကုန်းပေါ်စေ။” “ မိုဃ်းကောင်းကင်အောက်၌ရှိသော ရေစုဝေးစေ၊ ကုန်းပေါ်စေ” ဟု ဘုရားသခင်က ရိုးရိုးပဲ ပြောလိုက်သည့်အခါ မည်သည့်ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့သနည်း။ အလင်းနှင့် မိုးမျက်နှာကြက်မှလွဲ၍ ဤနေရာတွင် အဘယ်အရာရှိနေခဲ့သနည်း။ ကျမ်းစာထဲတွင် ဤသို့ရေးထားသည်၊ “ ကုန်းကိုမြေဟူသော အမည်ဖြင့်၎င်း၊ ရေစုဝေးရာကို ပင်လယ်ဟူသောအမည်ဖြင့်၎င်း၊ ဘုရားသခင် ခေါ်ဝေါ်သမုတ်တော်မူ၍ ထိုအမှုအရာကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၏။” တစ်နည်းအားဖြင့် ယခုတွင် ဤနေရာ၌ မြေကြီးနှင့် ပင်လယ်တို့ရှိလာခဲ့ပြီး မြေကြီးနှင့်ပင်လယ်တို့သည် ခွဲခြားခြင်းခံခဲ့ရသည်။ ဤအသစ်သောအရာများ၏ ပေါ်ထွန်းမှုသည် ဘုရားသခင်၏နှုတ်တော်က ပညတ်ချက်များကို လိုက်နာခဲ့သည်။ “ အမိန့်တော်ရှိသည်အတိုင်း ဖြစ်လေ၏။” ဘုရားသခင်သည် ဤအရာများကိုလုပ်နေစဉ်တွင် အလုပ်ရှုပ်နေခြင်းမျိုးကို သမ္မာကျမ်းစာက ဖော်ပြသလော။ ကိုယ်ကာယအင်အားနှင့် အလုပ်လုပ်နေသည်ဟု ဖော်ပြသလော။ ဤသို့ဆိုလျှင် ဤအရာများအားလုံးကို ဘုရားသခင်က မည်သို့ပြုလုပ်ခဲ့သနည်း။ ဤအရာဝတ္ထုအသစ်များကို ဘုရားသခင်က မည်သို့ဖြစ်ပေါ်စေခဲ့သနည်း။ ရှင်းပြနေစရာမလိုပေ။ ဤအရာများအားလုံးကို ရရှိရန်၊ ဤအရာအားလုံးကို ဖန်ဆင်းရန် ဘုရားသခင်သည် နှုတ်ကပတ်တော်တို့ကို အသုံးပြုခဲ့သည်။

အထက်ပါ ကျမ်းပိုဒ်သုံးပိုဒ်တွင် ဖြစ်ရပ်ကြီးသုံးရပ်ပေါ်ပေါက်မှုကို ငါတို့သင်ယူခဲ့ရသည်။ ဤဖြစ်ရပ်ကြီး သုံးရပ်သည် ဘုရားသခင်၏နှုတ်ကပတ်တော်တို့ကတစ်ဆင့် ပေါ်ပေါက်လာပြီး ဖြစ်တည်လာခဲ့သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့် ဘုရားသခင်၏ မျက်မှောက်ရှေ့တွင် တစ်ခုပြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။ ထို့ကြောင့် “ ဘုရားသခင်သည် မိန့်ကြားပြီး ထိုအရာသည် ပြီးပြည့်စုံလိမ့်မည်။ သူအမိန့်ပေးပြီး ခိုင်မာစွာရပ်တည်လိမ့်မည်” ဟူသည့်စကားများသည် အနှစ်သာရမပါသည့် စကားများ မဟုတ်ပေ။ ဘုရားသခင်၏ ဤအနှစ်သာရသည် သူ၏အတွေးများပေါ်လာသည်နှင့် ချက်ချင်းပင် အတည်ပြုခြင်းခံရပြီး ဘုရားသခင်က မိန့်ကြားရန် သူ၏နှုတ်ကို ဖွင့်ဟလိုက်သည့်အခါတွင် သူ၏ အနှစ်သာရသည် အပြည့်အဝ ပုံရိပ်ထင်လာသည်။

ဖန်ဆင်းသူ, ဘုရားသခင်, သမ္မာကျမ်းစာ, အသက်, အသက်စမ်းရေ

Read More »

စတုတ္ထနေ့တွင် ဘုရားသခင်သည် သူ၏သြဇာအာဏာကို နောက်တစ်ကြိမ် အသုံးပြုသည့်အခါတွင် လူသားတို့၏ ရာသီများ၊ နေ့များ၊ နှစ်များ ပေါ်ပေါက်လာသည်

ဖန်ဆင်းသူ, ဘုရားသခင်, ဘုရား၏အနန္တတန်ခိုး, သမ္မာကျမ်းစာ, အသက်

ဖန်ဆင်းရှင်သည် သူ၏အစီအစဉ်တို့ကို ပြီးပြည့်စုံစေရန် သူ၏နှုတ်ကပတ်တော်တို့ကို အသုံးပြုခဲ့သည်။ ဤသို့ဖြင့် သူ့အစီအစဉ်၏ ပထမသုံးရက်ကို ဖြတ်သန်းခဲ့သည်။ ဤသုံးရက်အတွင်းတွင် ဘုရားသခင်သည် အလုပ်ရှုပ်သည့်ပုံ၊ မောပန်းသည့်ပုံမရှိဘဲ သူ့အစီအစဉ်၏ အံ့သြဖွယ်ပထမသုံးရက်ကို ဖြတ်သန်းခဲ့ပြီး ကမ္ဘာ၏ အခြေခံကျသော ပြောင်းလဲခြင်းဖြစ်သည့် ကြီးမားသည့် ဆောင်ရွက်မှုကြီးကို ပြီးမြောက်ခဲ့သည်။ အသစ်စက်စက် ကမ္ဘာသည် သူ့ရှေ့တွင် ပေါ်ထွက်လာခဲ့ပြီး သူ၏အတွေးထဲတွင် ပိတ်ဖုံးထားသည့် လှပသည့် ရုပ်ပုံကားချပ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်အတွင်းတွင် အစိတ်အပိုင်းတစ်ခုချင်းစီ ပေါ်ထွက်လာခဲ့သည်။ အရာဝတ္ထုအသစ်များ ပေါ်ထွက်လာသည့်ပုံစံမှာ မွေးကင်းစကလေးတစ်ဦး မွေးဖွားလာသကဲ့သို့ဖြစ်ပြီး ဖန်ဆင်းရှင်သည် တစ်ချိန်က သူ့အတွေးထဲတွင်သာရှိခဲ့ပြီး ယခု သက်ဝင်လှုပ်ရှားလာသည့် ပုံစံအပေါ်တွင် ကျေနပ်အားရလေသည်။ ဤအချိန်တွင် သူ့နှလုံးသားသည် ကျေနပ်မှု အနည်းငယ်ကို ရခဲ့သည်။ သို့ရာတွင် သူ၏အစီအစဉ်သည် အစပြုစသာရှိခဲ့သေးသည်။ မျက်စိတမှိတ်အတွင်းတွင် နေ့သစ်တစ်ခု ရောက်ရှိလာခဲ့သည်—ဖန်ဆင်းရှင်၏ အစီအစဉ်တွင် နောက်စာမျက်နှာက အဘယ်အရာဖြစ်သနည်း။ သူအဘယ်အရာကို ပြောခဲ့သနည်း။ သူ၏သြဇာအာဏာကို မည်သို့ အသုံးပြုခဲ့သနည်း။ တစ်ချိန်တည်းတွင်ပင် မည်သည့်အရာဝတ္ထုအသစ်များက ဤကမ္ဘာသစ်ဆီသို့ ရောက်ရှိလာခဲ့သနည်း။ ဖန်ဆင်းရှင်၏ လမ်းညွှန်မှုနောက်တွင် အရာအားလုံးအပေါ် ဘုရားသခင်၏ဖန်ဆင်းခြင်း လေးရက်မြောက်နေ့အပေါ်ကို အာရုံစူးစိုက်လာပါပြီ။ နောက်ထပ် အသစ်စတင်သည့် နေ့တစ်နေ့ဖြစ်သည်။ ဖန်ဆင်းရှင်အတွက်မူ နောက်ထပ် အံ့သြဖွယ်နေ့တစ်နေ့ဖြစ်ပြီး ယနေ့ လူသားမျိုးနွယ်အတွက် အလွန်အရေးကြီးသည့် နောက်ထပ်နေ့တစ်နေ့ပင်ဖြစ်သည်မှာ ယုံမှားဖွယ်ရာ မရှိပေ။ အဖိုးမဖြတ်နိုင်သည့် နေ့တစ်နေ့ပင် အမှန်ဖြစ်သည်။ ယင်းနေ့သည် မည်ကဲ့သို့ အံ့သြစရာကောင်းသနည်း။ မည်ကဲ့သို့ အလွန် အရေးကြီးသနည်း။ မည်ကဲ့သို့ တန်ဖိုးဖြတ်၍မရသနည်း။ ဖန်ဆင်းရှင် မိန့်ကြားသည့် နှုတ်ကပတ်တော်တို့ကို ဦးစွာကြားနာကြစို့။Read More »

ဘုရားသခင်၏ စကားတော် | ငါးရက်မြောက်နေ့တွင် မတူညီကွဲပြားသည့် သက်ရှိပုံစံများသည် ဖန်ဆင်းရှင်၏သြဇာအာဏာကို အမျိုးမျိုးသော နည်းလမ်းများနှင့် ပြသကြသည်

ဘုရားသခင်၏ စကားတော် | ငါးရက်မြောက်နေ့တွင် မတူညီကွဲပြားသည့် သက်ရှိပုံစံများသည် ဖန်ဆင်းရှင်၏သြဇာအာဏာကို အမျိုးမျိုးသော နည်းလမ်းများနှင့် ပြသကြသည်

ကျမ်းစာက ဤသို့ပြောသည်။ “ တဖန်ဘုရားသခင်က အသက်ရှင်၍ လှုပ်ရှားတတ်သော တိရစ္ဆာန်တို့ကို ရေသည်များပြားစွာ မွေးဘွားစေ။ ငှက်တို့လည်း မြေပေါ် မိုဃ်းကောင်းကင်မျက်နှာကြက်ပြင်ဝယ်ပျံစေဟု အမိန့်တော်ရှိ၏။ ထိုသို့လျှင်ရေသည် တိရစ္ဆာန်အမျိုးအလိုက် များပြားစွာ မွေးဘွား၍၊ ငါးကြီးအစရှိသော အသက်ရှင်၍ လှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကို၎င်း၊ ပျံတက်သော ငှက်မျိုးအပေါင်းတို့ကို၎င်း ဘုရားသခင်ဖန်ဆင်း၍၊ ထိုအမူအရာကောင်းသည်ကို မြင်တော်မူ၏။” (ကမ္ဘာဦးကျမ်း ၁:၂၀-၂၁) ကျမ်းစာက ရှင်းလင်းစွာ ပြောထားသည်၊ ဤနေ့ရက်တွင် ဘုရားသခင်သည် ရေထဲ၌ သတ္တဝါများ၊ လေပေါ်တွင် ငှက်များကို ဖန်ဆင်းခဲ့သည်။ တစ်နည်းအားဖြင့်ဆိုသော် သူသည် ငါးနှင့် ငှက်အမျိုးမျိုးကို ဖန်ဆင်းပြီး ၎င်းတို့ကို အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ခဲ့သည်။ ဤနည်းလမ်းနှင့် ကမ္ဘာ၊ မိုးကောင်းကင်နှင့် ရေတို့သည် ဘုရားသခင်၏ဖန်ဆင်းခြင်းတို့နှင့် ပြည့်စုံနေခဲ့သည်။Read More »

ခြောက်ရက်နေ့မြောက်တွင် ဖန်ဆင်းရှင်သည် စကားပြောပြီး သူ့စိတ်ထဲတွင်ရှိသည့် သက်ရှိသတ္တဝါတစ်မျိုးချင်းစီသည် တစ်ခုပြီးတစ်ခု ပေါ်ထွက်လာသည်

အသက်, ဧဝံဂေလိ

မသိမသာနှင့် ဖန်ဆင်းရှင်၏ အရာအားလုံးကိုပြုလုပ်ခြင်းအမှုသည် ၅ ရက် ဆက်လက်ဖြစ်ပေါ်ခဲ့ပြီး ယင်းနောက်တွင် ချက်ချင်းပင် အရာအားလုံးအပေါ် သူ၏ဖန်ဆင်းခြင်း ခြောက်ရက်မြောက်နေ့ကို ဖန်ဆင်းရှင်က ဆီးကြိုခဲ့သည်။ ယနေ့သည် နောက်ထပ် အသစ်စတင်ခြင်းနှင့် နောက်ထပ် ထူးခြားဆန်းကြယ်သည့် နေ့တစ်နေ့ဖြစ်သည်။ သို့ဆိုလျှင် ဤနေ့သစ်၏ အကြိုတွင် ဖန်ဆင်းရှင်၏ အစီအစဉ်က အဘယ်အရာဖြစ်ခဲ့သနည်း။ မည်သို့ သတ္တဝါအသစ်ကို သူထုတ်လုပ်မည်နည်း၊ ဖန်ဆင်းမည်နည်း။ နားထောင်လော့။ ဤသည်မှာ ဖန်ဆင်းရှင်၏အသံဖြစ်သည်။Read More »

ဖန်ဆင်းရှင်၏ သြဇာအာဏာအောက်တွင် အရာအားလုံးသည် စုံလင်ခြင်းသို့ ရောက်ကြသည်

all-things-are-perfect

ခြောက်ရက်မြောက်နေ့တွင် ပြုလုပ်ခဲ့သည့် တောရိုင်းတိရစ္ဆာန်များ၊ ပိုးမွှားများ၊ မွေးမြူရေးသတ္တဝါများ အပါအဝင်၊ ဘုရားသခင်ဖန်ဆင်းခဲ့သည့် ပန်းပွင့်များ၊ သစ်ပင်များ၊ ငါးများ၊ ငှက်များကဲ့သို့ လှုပ်ရှားနိုင်သည့်၊ မလှုပ်ရှားနိုင်သည့် သတ္တဝါများ အပါအဝင် ဤအရာများ အားလုံးသည် ဘုရားသခင်နှင့်အတူ ကောင်းမွန်သည်၊ ထို့အပြင် ဘုရားသခင်၏ မျက်မှောက်တော်ရှေ့တွင် ဤအရာများသည် သူ၏အစီအစဉ်နှင့်အညီ အမြင့်ဆုံးစုံလင်မှုကို ရရှိခဲ့ပြီး ဘုရားသခင်ပြီးမြောက်လိုသည့် စံသတ်မှတ်ချက်များကို ရောက်ရှိခဲ့သည်။ ဖန်ဆင်းရှင်သည် တစ်ဆင့်ပြီးတစ်ဆင့် သူရည်မှန်းထားသည့်အလုပ်များကို သူ၏အစီအစဉ်နှင့်အညီ လုပ်ခဲ့သည်။ သူဖန်ဆင်းရန်ရည်မှန်းခဲ့သည့် အရာများသည် တစ်ခုပြီးတစ်ခု ပေါ်ထွက်လာပြီး တစ်ခုချင်းစီ၏ ပေါ်ထွက်မှုသည် ဖန်ဆင်းရှင်၏ သြဇာအာဏာ၏ ထင်ဟပ်မှုဖြစ်ကာ သူ၏သြဇာအာဏာ ပုံပေါ်လာခြင်းဖြစ်သည်။ ဤပုံပေါ်လာမှုများကြောင့် သတ္တဝါအားလုံးသည် ဖန်ဆင်းရှင်၏ ကျေးဇူးတော်ကို၊ ဖန်ဆင်းရှင်၏ ပံ့ပိုးမှုကို ကျေးဇူးမတင်ဘဲ မနေနိုင်ကြတော့ပေ။ ဘုရားသခင်၏ ဆန်းကြယ်သည့် လုပ်ဆောင်မှုများသည် ထင်ရှားခဲ့သည့်အတွက် ဤကမ္ဘာသည် ဘုရားသခင်ဖန်ဆင်းခဲ့သည့် အရာအားလုံးနှင့်အတူ အစိတ်အပိုင်းတစ်ခုချင်းစီ ပြည့်ဖောင်းလာခဲ့ပြီး ကမ္ဘာသည် ပရမ်းပတာဖြစ်ခြင်း၊ အမှောင်ထုဖြစ်ခြင်းမှ ကြည်လင်ခြင်းနှင့် တောက်ပခြင်းဆီသို့၊ သုဿန်တစပြင်ပမာ တိတ်ဆိတ်ငြိမ်သက်နေရာမှ ရှင်သန်လာခြင်းနှင့် အကန့်အသတ်မရှိသည့် ရှင်သန်တက်ကြွမှုဆီသို့ ကူးပြောင်းလာခဲ့သည်။ ဖန်ဆင်းထားသည့် အရာအားလုံးအထဲတွင်၊ အကြီးမှ အသေး၊ အသေးမှ သေးငယ်မှုန်မွှားသည့် သတ္တဝါအထိ ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် တန်ခိုးအားဖြင့် ဖန်ဆင်းခြင်းမခံထားရသည့်အရာ တစ်ခုမျှမရှိဘဲ သတ္တဝါတိုင်း၏ဖြစ်တည်မှုတွင် ထူးခြားသည့်၊ ပင်ကိုလိုအပ်ချက်နှင့် တန်ဖိုးရှိသည်။ သူတို့၏ပုံသဏ္ဌာန်နှင့် တည်ဆောက်ပုံ ကွဲပြားမှုများနှင့်မဆိုင်ဘဲ ဖန်ဆင်းရှင်၏ သြဇာအာဏာအောက်တွင် ဖြစ်တည်ရန်အတွက် ဖန်ဆင်းရှင်အားဖြင့် ပြုလုပ်ခြင်းခံရသည်။…Read More »

ခရစ်ယာန်သီချင်း | ဘုရားသခင်၏အမိန့် အာဏာအောက်မှာ စာတန်ဟာဘယ်အရာကိုမှ မပြောင်းလဲနိုင်ပါ


နှစ်တွေဘယ်လောက်ကြာ ထောင်ပေါင်းများစွာ
စာတန်ဟာလူသားကိုဖျက်ဆီးခဲ့ပြီ
ဆိုးသွမ်းခြင်း မြောက်များစွာဖြစ်စေတယ်
မျိုးဆက်များစွာ လူသားများဟာ သူ့လှည့်ဖြားခြင်း ခံခဲ့ရ တာ
အိုး… ပြစ်မှုဘယ်လောက်ထိများ
ကြောက်မက်ဖွယ် ပြစ်မှုများ စာတန်ဟာ ကမ္ဘာမှာ လုပ်ဆောင်ခဲ့ပြီလဲ
ဘုရားသခင်ကို တိုက်ခိုက်စေဖို့ လူသားများအားတိုက်တွန်းလို့နေခဲ့
အသုံးချပြီး လှည့်ဖြားခဲ့ပြီ
ဘုရား၏စီမံခန့်ခွဲမှု အစီအစဉ်တွေကို ဖျက်ဆီးဖို့ရန် ကြံစည်
စာတန်ဟာ ဘုရားသခင် ဖန်ဆင်းထားခဲ့သော
အရာများကြား လျှောက်ကာသွားနိုင်ပါသော်လည်း
လူသားများ အခြေအနေများကို အနည်းငယ်မျှပင် မပြောင်းလဲစေနိုင်ပါ
စာတန်ဟာ ဘုရားသခင် ဖန်ဆင်းထားခဲ့သော
အရာများကြား လျှောက်ကာသွားနိုင်ပါသော်လည်း
စာတန်သည်ဘဝတစ်ခုကိုမျှ သူသည်မပြုပြင်နိုင်
သည့်အပြင်ပြောင်းလဲဖို့မတတ်နိုင်
ဘုရားသခင်၏ အာဏာ ကွပ်ကဲမှု အောက်၌
ဘယ်အရာမှ ပြောင်းလဲခြင်းမလုပ်နိုင်ပါRead More »

ဘုရားသခင်၏ နှုတ်ကပတ်တော် (ဘုရားသခင်သည် လူသားအားလုံး၏ ကံကြမ္မာကို ထိန်းချုပ်ထား၏

အနန္တတန်ခိုးရှင်ဘုရားက ပြောသည် “ဘုရားသခင်သည် ဤကမ်ဘာကြီးကို ဖန်ဆင်းတော်မူခဲ့သည်၊ ဘုရားသခင်သည် ဤလူသားသတ္တဝါကို ဖန်ဆင်းတော်မူခဲ့သည်၊ ထို့အပြင် ကိုယ်တော်သည် ရှေးဂရိယဉ်ကျေးမှုနှင့် လူသားယဉ်ကျေးမှုတို့၏ ဗိသုကာလည်း ဖြစ်ခဲ့ပါသည်။ ဘုရားသခင်သည်သာ ဤလူသားများကို နှစ်သိမ့်မှုပေးပြီး ဘုရားသခင်သည်သာ ဤလူသားများကို နေ့ရောညပါ စောင့်ရှောက်လျက်ရှိပါသည်။ လူသားများ၏ ဖွံ့ဖြိုးမှုနှင့် အဆင့်ဆင့် တိုးတက်လာမှုဖြစ်စဉ်သည် ဘုရားသခင်၏ အချုပ်အခြာ အာဏာတော်မှ ခွဲထုတ်၍မရနိုင်သည့်အပြင် လူသားများ၏ သမိုင်းဖြစ်စဉ်နှင့် နောင်အနာဂတ်သည်လည်း ဘုရားသခင်၏ အကြံအစည်တော်များမှ ခွဲခြား၍ မရနိုင်ပါ။ သင်သည် ခရစ်ယာန်စစ်စစ်တစ်ဦး ဖြစ်ပါက မည်သည့်တိုင်းနိုင်ငံမဆို၏ တိုးတက်ခြင်းနှင့် ကျဆုံးခြင်းတို့မှာ ဘုရားသခင်၏ အကြံအစည်တော်များအရ ဖြစ်ကြောင်းကို သင် အသေအချာ ယုံကြည်ပါလိမ့်မည်။ ဘုရားသခင် တစ်ပါးတည်းသာလျှင် တိုင်းနိုင်ငံတို့၏ ကံကြမ္မာကိုသိပြီး ဘုရားသခင်သည်သာ ဤလူသားတို့၏ ဦးတည်ရာလမ်းကြောင်းကို ထိန်းချုပ်ထားသည်။ အကယ်၍ လူသားတို့က ကံကြမ္မာကောင်းကို ပိုင်ဆိုင်လိုလျှင်၊ တိုင်းနိုင်ငံတစ်ခုက ကံကြမ္မာကောင်းကို ပိုင်ဆိုင်လိုလျှင်၊ လူသားများသည် ဘုရားသခင်ရှေ့တွင် ပျပ်ဝပ်ကိုးကွယ်လျက် နောင်တတရားဖြင့် အပြစ်များကို ဝန်ချတောင်းပန်ရမည် သို့မဟုတ်ပါက လူသားများ၏ ကံကြမ္မာနှင့် ခရီးပန်းတိုင်မှာ ကပ်ဘေးထဲ၌ မလွှဲမရှောင်သာ လမ်းဆုံးလိမ့်မည် ဖြစ်ပေသည်။”

ဆက်သွယ်မှုများ

ခရစ်တော်၏ဂုဏ်ဒြပ်မှာ ကောင်းကင်ဘုံ၌ ရှိတော်မူသော အဖဘုရားသခင်၏ အလိုတော်ကိုဆောင်ခြင်း ဖြစ်သည်