ဘုရားသခင်၏ စကားတော် | စစ်ဆေးခြင်းကိုကြုံတွေ့မှသာလျှင် လူသားများသည် ဘုရားသခင်ကို အမှန်တကယ်ချစ်နိုင်

ဘုရားသခင်၏ စကားတော် | စစ်ဆေးခြင်းကိုကြုံတွေ့မှသာလျှင် လူသားများသည် ဘုရားသခင်ကို အမှန်တကယ်ချစ်နိုင်

လူသားများသည် စစ်ဆေးစဉ်အတွင်း ဘုရားသခင်ကို အဘယ်သို့ချစ်သင့်သနည်း။ စစ်ဆေးခြင်းကို ကြုံတွေ့ ရင်း စစ်ဆေးစဉ်အတွင်း လူများသည် ဘုရားသခင်ကို အမှန်တကယ် ချီးမွမ်းရန် နှင့် အဘယ်မျှသူတို့ လိုအပ်မှုရှိသနည်းဆိုသည်ကို မြင်ရန် တတ်စွမ်းနိုင်သည်။ သင်၏ စစ်ဆေးခြင်း ကြီးမားလေလေ သင်သည် ဇာတိပကတိကို ကျောခိုင်းရန် တတ်စွမ်း နိုင်လေလေပင်။ သူတို့ ၏ စစ်ဆေးခြင်း ကြီးမားလေလေ ဘုရားသခင်ပေါ် လူများ၏ ချစ်ခြင်းပိုတိုးလေလေပင်။ ဤသည်ကို သင် နားလည်သင့်သည်။ အဘယ်ကြောင့် လူများသည် စစ်ဆေးခြင်းခံရမည်နည်း။ အဘယ်အကျိုးသက်ရောက်မှုကို ရရှိရန် ထိုအရာက ရည်ရွယ်သနည်း။ လူ၌ ဘုရားသခင့် စစ်ဆေးခြင်း အမှု၏ အရေးပါမှုမှာ အဘယ်အရာရှိသနည်း။ အကယ်၍ သင်သည် ဘုရားသခင်ကို မှန်ကန်စွာ ရှာဖွေလျှင်၊ အတိုင်းအတာတစ်ခုအထိသူ၏ စစ်ဆေးခြင်းကို ကြုံတွေ့ခံစားလျှင် ဤအရာသည် အလွန် ကောင်းသည်၊ ဤအရာမှာ အရေးကြီးဆုံး လိုအပ်မူဖြစ်သည်ဟု သင် ခံစားလိမ့်မည်။ လူသားသည် စစ်ဆေးစဉ်အတွင်း ဘုရားသခင်ကို မည်သို့ ချစ်သင့်သနည်း။ သူ၏ စစ်ဆေး ခြင်းကို လက်ခံ၍ ဘုရားသခင်ကို ချစ်ရန် သန္နိဌာန် ကို အသုံးပြုခြင်းဖြင့် စစ်ဆေးစဉ်အတွင်း သင်သည် အတွင်းပိုင်းတွင် ဓားတစ်လက်က သင့်နှလုံးသားကို မွှေနှောက်သကဲ့သို့ ငြင်းပန်းနှိပ်စက်ခံရသော်လည်း သင်သည် သင့်နှလုံးသားကို အသုံးပြုခြင်းဖြင့် ဘုရားသခင်ကို ကျေနပ်စေရန် ဆန္ဒရှိမည်။ ဤသည်ကား သူ့ကို ချစ်ခြင်းဖြစ်ပြီး သင်သည် ဇာတိပကတိကို ဂရုစိုက်ရန် ဆန္ဒရှိမည်မဟုတ်ပေ။ ဤအရာသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို လက်တွေ့လုပ်ဆောင်ခြင်း အဓိပ္ပာယ်ပင်ဖြစ်သည်။ သင်သည် အတွင်းပိုင်းကို နာကျင်စေပြီး သင်၏ နာကျင်ခံစားမူသည် အတိုင်းအတာတစ်ခုထိ ရောက်ခဲ့သော်လည်း ဘုရားသခင်၏ ရှေ့မှောက်ကို လာရန် ဆန္ဒရှိဆဲဖြစ်ပြီး အိုး ဘုရားသခင် ကျွန်ုပ်သည် ကိုယ်တော်ကို မစွန့်ပစ်နိုင်ပါ။ ကျွန်ုပ်အထဲတွင် မှောင်မိုက် ခြင်းရှိသော်လည်း ကိုယ်တော်ကို ကျေနပ်စေရန် ဆန္ဒရှိပါသည်။ ကိုယ်တော်သည် ကျွနုပ်၏ နှလုံးသားကို သိပါသည်။ ကိုယ်တော်သည် ကိုယ်တော်၏ ချစ်ခြင်းမေတ္တာကို ကျွန်ုပ်အထဲတွင် ပို၍မြှုပ်နှံလိမ့်မည်ဟု ဆုတောင်းသည်။ ဤအရာသည် စစ်ဆေးစဉ်အတွင်း လက်တွေ့လုပ်ဆောင်မူဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို အခြေခံ အုတ်မြစ်အဖြစ် အသုံးပြုလျှင် စစ်ဆေးခြင်းသည် သင့်ကို ဘုရားသခင်ထံ ပိုနီးစပ်အောင် ဆောင်ကျဉ်း သွားနိုင်ပြီး ဘုရားသခင်နှင့် ပို၍ရင်းနှီးအောင် သင့်ကို လုပ်ပေးနိုင်သည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သည့်အတွက် သင်၏နှလုံးသားကို ဘုရားသခင်ရှေ့မှောက်တွင် အပ်နှင်းရမည်။ အကယ်၍ သင်သည် သင်၏နှလုံးသားကို ဘုရားသခင် ရှေ့မှောက်တွင် ပေးပြီး ချခင်းထားလျှင် စစ်ဆေးစဉ်အတွင်း ဘုရားသခင်ကို ငြင်းပယ်ရန်၊ သို့မဟုတ် ဘုရားသခင်ကို စွန့်ပစ်ရန်မှာ သင့်အတွက် မဖြစ်နိုင်ပေ။ ဤနည်းအားဖြင့်၊ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ပို၍နီးစပ်လာမည်၊ ပို၍ပုံမှန်ဖြစ်လာမည်။Read More »

ခရစ်ယာန်သီချင်း | ဘုရားသည် လူကို အတတ်နိုင်ဆုံး ကယ်နိုင်လောက်သည်အထိ ကယ်တင်လိုသည်

ကယ်တင်ခြင်း, ကရုဏာ, ဓမ္မသီချင်း, နာခံခြင်း, ဘုရားသခင်

I
ဘုရားသခင်၏ ကယ်တင်ခြင်းအမှုလုပ်ဆောင်နေစဉ်
သူသည် ကယ်တင်နိုင်သမျှသောသူတို့ကို ကယ်တင်လိမ့်မည်၊
ကယ်တင်နိုင်သမျှသောသူတို့အား ကယ်တင်တော်မူသည်။
မည်သူကိုမျှပစ်ပယ်မည်မဟုတ်ပေ။
သို့သော် မိမိစိတ်သဘောထားကို
ပြောင်းလဲနိုင်စွမ်းမရှိသောသူများ
သို့မဟုတ် ဘုရားသခင်အား အကြွင်းမဲ့မနာခံနိုင်သောသူများမှာ
ဒဏ်ခတ်ခြင်းခံကြရမည်။
နှုတ်ကပတ်တော်၏ လွှမ်းမိုးမှုကို လက်ခံသောသူများအားလုံး
ကယ်တင်ခြင်းအခွင့်လမ်းများစွာရရှိကြမည်။
ဘုရားသခင်၏ ကယ်တင်ခြင်းက သူ၏အဆုံးစွန်
ညှာတာထောက်ထားခြင်း၊ သည်းခံခြင်းတို့ကို ဖော်ပြမည်။
လူတို့သည်လမ်းမှားမှပြန်လည့်လာလျှင်၊
နောင်တရလျှင်၊ ဘုရားသည်ကယ်တင်ခြင်းရဖို့
အခွင့်ပေးတော်မူမည်။

Read More »

ဘုရားသခင်၏ အသံတော် | သင်သည် ဘုရားသခင်ကို ယုံကြည်သူစစ်စစ် ဖြစ်သလော

 

ဘုရားသခင်၏ အသံတော် | သင်သည် ဘုရားသခင်ကို ယုံကြည်သူစစ်စစ် ဖြစ်သလော

ဘုရားသခင်ကို သင်ယုံကြည်သည်မှာ တစ်နှစ်၊ သို့မဟုတ် နှစ်နှစ်ကျော် ရှိကောင်း ရှိလိမ့်မည်။ သင့်ဘဝတွင် ထိုနှစ်ကာလများအတွင်း၌ အခက်အခဲများစွာကို သည်းခံကောင်း သည်းခံခဲ့ရလိမ့်မည်။ သို့မဟုတ် အခက်အခဲများစွာကို သည်းညည်းမခံခဲ့ရဘဲ၊ ကျေးဇူးတော်များစွာကို ရရှိကောင်း ရရှိခဲ့လိမ့်မည်။ သင်သည် အခက်အခဲနှင့် ကောင်းချီးမင်္ဂလာ တစ်စုံတစ်ခုကိုမျှ မတွေ့ကြုံခဲ့ရသည်လည်း ဖြစ်နိုင်ပြီး၊ ထိုအစား အတော်အတန်သာမန်ကျသော ဘဝဖြင့်သာ အသက်ရှင်နေထိုင်ခဲ့သည်လည်း ဖြစ်နိုင်သည်။ မည်သို့ပင်ဆိုစေကာမူ သင်သည် ဘုရားသခင်၏ နောက်လိုက်တစ်ဦး ဖြစ်နေဆဲ ဖြစ်သောကြောင့် ဘုရားသခင်နောက်သို့ လိုက်ခြင်းအကြောင်း ပြောဆိုဆွေးနွေးကြပါစို့။ သို့ရာတွင် ဘုရားသခင်၏နှုတ်ကပတ်တော်သည် ဘုရားသခင်ကို အသိအမှတ်ပြုပြီး ဘုရားသခင်နောက်သို့ လိုက်သောသူအားလုံးအတွက်သာ ရည်ညွှန်းထားခြင်းဖြစ်ကြောင်း ဤစာကို ဖတ်သောသူအားလုံးကို ငါပြန်လည်သတိပေးလိုသည်၊ သူ၏နှုတ်ကပတ်တော်မှာ သူ့ကို အသိအမှတ်ပြုသောသူများ၊ သို့မဟုတ် အသိအမှတ်ပြုခြင်းမရှိသောသူများ အပါအဝင် လူအယောက်ချင်းစီတိုင်းအတွက် ရည်ရွယ်ထားခြင်း မဟုတ်ပေ။ အကယ်၍ ဘုရားသခင်သည် မြောက်မြားစွာသောလူထုထံသို့၊ ကမ္ဘာပေါ်ရှိ လူအားလုံးထံသို့ စကားပြောနေခြင်းဖြစ်သည်ဟု သင်ယုံကြည်ပါက ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင့်အပေါ်၌ အကျိုးသက်ရောက်မှုရှိမည် မဟုတ်ပေ။ ထို့ကြောင့် သင်သည် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို စိတ်စွဲလမ်းကာနေသင့်ပြီး၊ နှုတ်ကပတ်တော်၏ အာဏာစက်ပြင်ပတွင် မနေသင့်ပေ။ မည်သို့ပင်ဖြစ်စေ၊ ငါတို့အိမ်၌ ဖြစ်ပျက်နေသည့် အရာများအကြောင်း ပြောကြပါစို့။Read More »

ဘုရားသခင်၏ စကားတော် | သင်သည်ဘုရားသခင်ကိုဝတ်ပြုဆည်းကပ်ခြင်းအစဉ်ပြုသင့်သည်

ဘုရားသခင်၏ စကားတော် | သင်သည်ဘုရားသခင်ကိုဝတ်ပြုဆည်းကပ်ခြင်းအစဉ်ပြုသင့်သည်

သန့်ရှင်းသောဝိညာဉ်တော်သည် ယခုအသင်းတော်တွင်း၌ မည်သို့လုပ်ဆောင်လျက်ရှိ ပါသနည်း။ သင်နားလည်သဘောပေါက်ပါသလား။ ညီအကိုမောင်နှမတို့၏ အကြီးဆုံးသော အခက်အခဲများမှာအဘယ်နည်း။ သူတို့ထံတွင်မည်သည့်အရာအကင်းမဲ့ဆုံးနည်း။ လက်ရှိ တွင် စုံစမ်းစစ်ကြောခြင်းတို့အလယ်တွင် အဆိုးမြင်သောသူအချို့ရှိပြီး၊ အချို့သည် တည်းတွားကာပင်နေကာ၊ အချို့တို့သည် ဘုရားသခင်သူတို့နှင့် စကားပြောဆိုခြင်း မရှိတော့သဖြင့် အရှေ့သို့ဆက်၍ရွေ့လျားခြင်းမရှိတော့ပေ။ လူတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်ကန်သောလမ်းကြောင်းပေါ်သို့မဝင်ခဲ့ကြသေးပေ။ သူတို့သည် တသီး တသန့်နေထိုင်နိုင်ခြင်းမရှိ၊ သူတို့၏ကိုယ်ပိုင်ဝိညာဉ်ရေးရာအသက်တာကို ထိန်းသိမ်းထား နိုင်ခြင်းမရှိကြပေ။ နောက်တော်လိုက်လျှောက်ရာတွင် အင်နှင့်အားနှင့် လိုက်ပါကာ ဘုရားသခင်စကားမြွက်ဆိုချိန်တွင် လိုက်နာရန်ဆန္ဒရှိကြသောသူအချို့တို့ရှိသည်။ သို့ရာ တွင် ဘုရားသခင်မိန့်မြွတ်ဆိုမှုမရှိသည့်အချိန်တွင် သူတို့သည် ရှေ့သို့ဆက်တိုးခြင်း မရှိကြတော့ပေ။ လူတို့သည် သူတို့၏နှလုံးသားများထဲတွင် ဘုရားသခင်၏အလိုတော်ကို နားလည်နိုင်ခြင်းမရှိကြသေးပေ။ ဘုရားသခင်အတွက် အလိုအလျောက်ဖြစ်ပေါ်သော ချစ်ခြင်းမေတ္တာမရှိသေးပေ။ ယခင်ကဘုရားသခင်နောက်သို့သူတို့လိုက်ကြခြင်းမှာ သူတို့ကို တွန်းအားပေးခံရသောကြောင့်ဖြစ်ပါသည်။ ယခုအခါတွင် ဘုရားသခင်၏ အမှုတော်အပေါ်တွင် ပင်ပန်းငြီးငွေ့နေသူအချို့ရှိသည်။ သူတို့သည်အန္တရာယ်တွင်း သို့ကျရောက်နေသည်မဟုတ်ပါလား။ များစွာသောလူတို့သည် လုပ်နိုင်ရုံအဆင့်တွင်သာ ရှိနေကြသည်။ သူတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များ ကိုမှီဝဲစားသောက်၍ ဘုရားသခင်ထံဆုတောင်းကြသော်လည်း စိတ်တစ်ဝက်သာပါကြသည်။ တစ်ချိန်က သူတို့ရှိခဲ့ဖူးသောစိတ်တက်ကြွမှုမျိုးမရှိကြတော့ပေ။ လူအများစုသည် ဘုရားသခင်၏ စစ်ဆေးခြင်းနှင့် စုံလင်စေခြင်းအမှုအပေါ်တွင် စိတ်ဝင်စားမှုမရှိကြပေ။ သူတို့သည် ထိုသို့သော စိတ်အတွင်းတက်ကြွမှုမျိုးမရှိခဲ့ဖူးသည့်နှယ်ဖြစ်ကာ အပြစ်များမှ အနိုင်ယူခြင်းခံရချိန်တွင် ဘုရားသခင်အပေါ်တွင် ကျေးဇူးကြွေးရှိနေသည်ကို သူတို့သည် မခံစားမိပေ။ သူတို့ကို သူတို့နောင်တရခြင်းလည်းမရှိပေ။ သူတို့သည် သမ္မာတရားနောက်လိုက်ခြင်း သို့မဟုတ် အသင်းတော်ကို စွန့်ခွာခြင်းမပြုကြပေ။ သူတို့သည် ယာယီပျော်ရွှင်မှုကိုသာရှာဖွေကြသည်။ ဤသည်မှာ အရူးသွပ်ဆုံးသော မိုက်မဲသူမျိုးဖြစ်သည်။ အချိန်ကျရောက်လာလျှင် သူတို့အားလုံး မောင်းထုတ်ပစ်ခြင်း ခံရမည်ဖြစ်ပြီး၊ တစ်ဦးတစ်ယောက်မှ ကယ်တင်ခြင်းခံရလိမ့်မည်မဟုတ်ပေ။ တစ်စုံ တစ်ယောက်သည် တစ်ကြိမ်တစ်ခါကယ်တင်ခြင်းခံရဖူးရုံဖြင့် အမြဲတမ်းကယ်တင်ခြင်း ခံရမည်ဟုသင်ထင်ပါသလား။ ဤသည်မှာ လူတို့ကို အရူးလုပ်ရန် ကြိုးစားခြင်းသာ ဖြစ်သည်။ အသက်တာအတွင်းသို့ဝင်ရောက်ရန် ရှာဖွေခြင်းမရှိသူများသည် ပြစ်တင်ဆုံးမ ခြင်း ကို ခံရပါလိမ့်မည်။ လူအများစုသည် ရူပါရုံများဖြင့် အသက်တာတွင်းသို့ဝင်ရောက်ရန် သို့မဟုတ် သမ္မာတရားကို လက်တွေ့ကျင့်ဆောင်ရန်လုံးဝစိတ်ဝင်စားမှုမရှိပေ။ သူတို့သည် အတွင်းသို့ဝင်ရောက်ရန်ရှာဖွေခြင်းမရှိသလို သူတို့သည် ပို၍နက်ရှိုင်းစွာ ဝင်ရောက်ရန် လိုက်လျှောက်ခြင်းအမှန်မရှိပေ။ သူတို့ကိုယ်သူတို့ဖျက်ဆီးနေခြင်းပင်မဟုတ်ပါလား။ ယခု လက်ရှိတွင် အခြေအနေပို၍ကောင်းလာသောလူအချို့ရှိနေပါသည်။ သန့်ရှင်းသော ဝိညာဉ်တော်အလုပ်လုပ်လေလေ သူတို့ကိုယ်သူတို့ယုံကြည်မှုရှိလေလေ ဖြစ်ပြီး၊ သူတို့ထံတွင်အတွေ့အကြုံရှိလေလေ သူတို့သည်ဘုရားသခင့်အမှုတော်၏ လေးနက် သိမ်မွေ့သောဆန်းကြယ်မှုကို ပို၍ခံစားလာနိုင်လေလေဖြစ်သည်။ သူတို့သည် ပို၍ နက်ရှိုင်းစွာဝင်ရောက်လေလေ ပို၍နားလည်လာလေလေဖြစ်သည်။ ဘုရားသခင့် ချစ်ခြင်းမေတ္တာကြီးမားသည်ကိုသူတို့ခံစားရပြီး၊ စိတ်အတွင်း၌ တည်ငြိမ်မှုနှင့် ဉာဏ်အလင်း တို့ကိုခံစားရပါသည်။ သူတို့သည်ဘုရားသခင့်အမှုတော်ကိုနားလည်မှုရှိကြသည်။ ဤသူတို့သည် သန့်ရှင်းသောဝိညာဉ်တော်သူတို့အတွင်းတွင်လုပ်ဆောင်နေသူ များ ဖြစ်သည်။ အချို့က “ဘုရားသခင်ဆီက အသစ်သောစကားတော်များမရှိပေမယ့် သမ္မာတရားကို ပိုပြီးနက်ရှိုင်းစွာ ငါရှာဖွေဖို့လိုတယ်၊ ငါ့လက်တွေ့အတွေ့အကြုံမှာ အရာအားလုံးနဲ့ပတ်သတ်လို့ ငါစိတ်အားထက်သန်သင့်ပြီး ဘုရားသခင့် နှုတ်ကပတ်စကားတော်ရဲ့ အမှန်တရားထဲကို ဝင်ရာက်သင့်တယ်” ဟု ပြောကြသည်။ ဤသို့သော လူမျိုးတွင် သန့်ရှင်းသောဝိညာဉ်တော်၏အမှုတော်ရှိပါသည်။ ဘုရားသခင် သည် သူ၏လက်ခံသဘောတူမှုကိုမပြ၊ လူတစ်ဦးစီထံမှပုန်းရှောင်၍ စကားလုံးတစ်လုံးမှ မြွက်ဆိုခြင်းမရှိပဲ၊ လူတို့သည် စိတ်အတွင်းပိုင်းစစ်ဆေးခြင်းကိုတွေ့ကြုံရသည့် အချိန်များ ရှိသော်ငြားလည်း ဘုရားသခင်သည် လူတို့ကို လုံးဝထားရစ်ခဲ့ခြင်းမဟုတ်ပေ။ အကယ်၍ လူတစ်ဦးသည် သူတို့လုပ်ဆောင်သင့်သောသမ္မာတရားကိုထိန်းသိမ်း ထားနိုင်ခြင်းမရှိလျှင် သူတို့ထံတွင် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုရှိလိမ့်မည် မဟုတ်ပေ။ စစ်ဆေးခြင်းကာလအတွင်းတွင် ဘုရားသခင်သည် ကိုယ်ထင်မပြသဖြင့် အကယ်၍သင်သည် မိမိကိုယ်ကိုယုံကြည်မှုမရှိပဲ တုန်လှုပ်နေပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုကြုံတွေ့ခံစားရသည့်အပေါ်တွင် အာရုံစိုက်မှုမရှိလျှင် ဤအချင်းအရာသည် ဘုရားသခင်၏အမှုတော်မှ ထွက်ပြေးခြင်းပင်ဖြစ်သည်။ နောက်ပိုင်းတွင် သင့်ကို မောင်းထုတ်ခြင်းခံရပါလိမ့်မည်။ ဘုရားသခင်၏နှုတ်ထွက်စကားများအတွင်းသို့ ဝင်ရောက် ရန် ရှာဖွေခြင်းမရှိသောသူများသည် ဘုရားသခင်အတွက်သက်သေ အဖြစ်ရပ်တည် နိုင်စွမ်းရှိမည်မဟုတ်ပေ။ ဘုရားသခင်အတွက် သက်သေခံနိုင်ပြီး၊ သူ၏ အလိုတော်ကို ကျေနပ်စေနိုင်သောသူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ရှာဖွေရန်သူ တို့၏တက်ကြွသောစိတ်ဆန္ဒအပေါ်တွင် လုံးလုံးလျားလျား မှီခိုအားထားမှုရှိကြသည်။ လူတို့အပေါ်တွင် လုပ်ဆောင်သောဘုရားသခင်၏အမှုတော်သည် လူတို့ကို သမ္မာတရားကိုရရှိစေရန် အဓိကအားဖြင့် ခွင့်ပြုကာ၊ သင့်အား အသက်တာကို ရှာဖွေစေခြင်းသည် သင့်ကို စုံလင်စေရန်အလို့ငှါဖြစ်ပြီး ဘုရားသခင်၏အသုံးပြုမှုအတွက် သင့်ကို သင့်တော်မှုရှိအောင်ပြုလုပ်ခြင်းသာဖြစ်သည်။ ယခုသင် ရှာဖွေလုပ်ဆောင်နေသောအရာအားလုံးသည် လျို့ဝှက်ဆန်းကြယ်မှုများကိုကြားနာခြင်း၊ ဘုရားသခင်၏နှုတ်ထွက်စကားတော်များကို နားထောင်ခြင်း၊ သင့်မျက်လုံးများကို အစာကျွေးခြင်း၊ အသစ်တစ်စုံတစ်ရာကိုကြည့်ခြင်း သို့မဟုတ် ဦးတည်ရာမည်သည်ဖြစ်သည်ကိုကြည့်ခြင်း နှင့် သင့် သိချင်စိတ်ကို ကျေနပ်စေခြင်းတို့သာ ပင်ဖြစ်သည်။ အကယ်၍ဤသို့သောရည်ရွယ်ချက်များသည် သင့်နှလုံးသားထဲတွင်ရှိနေပါက ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည့်မှီစေရန်နည်းလမ်း သင့်ထံတွင်မရှိပေ။ သမ္မာတရားကို လိုက်လံရှာဖွေခြင်းမရှိသောသူများသည် အဆုံးခန်း တိုင်အောင်နောက်လိုက်နိုင်စွမ်းမရှိပေ။ ယခုလက်ရှိတွင် ဘုရားသခင်သည် ဘာကိုမျှ မပြုလုပ်နေခြင်းမဟုတ်ပါ—လူတို့ကသာလျှင် ဘုရားသခင်၏အမှုတော်အပေါ်တွင် ငြီးငွေ့ ပင်ပန်းကြပြီးပူးပေါင်းပါဝင်မှုမရှိခြင်းဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာစကားများကိုသာကြားလိုကြပြီး၊ ဘုရားသခင်၏တရားစီရင်မှုနှင့် ဆုံးမ အပြစ်ပေးသည့်စကားတော်တို့ကိုကြားလိုသောဆန္ဒမရှိကြပေ။ ဤအတွက်အကြောင်းရင်း မှာအဘယ်နည်း။ ဤသို့ဖြစ်ရခြင်းမှာ ကောင်းချီးမင်္ဂလာများကိုရလိုသည့် လူသားတို့၏ ဆန္ဒများကိုဖြည့်ဆည်းခြင်းမခံခဲ့ရပဲ၊ သူတို့သည် အဆိုးမြင်ကာ အားနည်းနေကြခြင်း ကြောင့်ဖြစ်သည်။ ဘုရားသခင်သည် လူတို့ကိုသူ့နောက်လိုက်ရန်အတွက် တမင် ခွင့်မပြုထားခြင်းမဟုတ်ပေ။ ဘုရားသခင်သည်လူသားမျိုးနွယ်တို့ကိုထိုးနှက်မှုများ ကိုတမင် သက်သက်ပေးအပ်နေခြင်းလည်းမဟုတ်ပေ။ လူတို့သည် အဆိုးမြင်ကာ အားနည်း နေရခြင်းမှာ သူတို့၏ရည်ရွယ်ချက်များသည် သင့်လျော်မှုမရှိခြင်းကြောင့်သာဖြစ်သည်။ ဘုရားသခင်သည် လူကို အသက်ပေးသော ဘုရားဖြစ်ပြီး သူသည် လူသားကို သေခြင်းသို့မခေါ်ဆောင်နိုင်ပေ။ လူသားတို့၏ အဆိုးမြင်မှု၊ အားနည်းချက် နှင့် နောက်ဆုတ်ခြင်းတို့အားလုံးတို့သည် သူတို့ဟာသူတို့ ဖြစ်ပေါ်လာစေသည့်အရာဖြစ်သည်။Read More »

ဧဝံဂေလိ ဂီတ | စိတ်ထားပြောင်းလဲမှုများသည် သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လုပ်ဆောင်မှုနှင့် ဆက်စပ်နေသည်

ကျေးဇူးတော်, ဓမ္မသီချင်း, ဘုရားသခင်ကို ချစ်ခြင်း, ယုံကြည်ခြင်း, ဝိညာဉ်တော်


သန့်ရှင်းသော ဝိညာဉ်တော်ရဲ့အလုပ်နှင့်ရှိနေခြင်းက
သင် ရိုးသားစွာရှာ မရှာ ဆုံး ဖြတ်တာ
အခြားသူများကို စီရင်ခြင်းမဟုတ်… သူတို့ အမြင်တွေ လည်း မဟုတ်
အဲဒါထက် သင့်ရိုးဖြောင့်မှုကို ဆုံးဖြတ်တာ
အချိန်နှင့်အမျှ…ဝိညာဉ်တော်ရဲ့အလုပ်
သင့်ကိုပြောင်း လဲ စေတယ်…ဘုရားကိုလည်းသိစေတယ်
သန့်ရှင်းသောဝိညာဉ်တော်၏အမှုတော်ဖြင့်
သင့်စိတ်ထားပြောင်းလဲ လိမ့်မယ်
ယုံကြည်ခြင်းအ ပေါ် သင့်အမြင် ရှင်းလာလိမ့်မယ်
ဘုရားနောက် ဘယ်လောက်ကြာကြာ သင်လိုက်ခဲ့ပါစေ၊
ထိုသို့သော ပြောင်းလဲခြင်းက
သန့်ရှင်းသော ဝိညာဉ်တော်လုပ်ဆောင်နေကြောင်း ပြသ

Read More »

ခရစ်တော်၏ဂုဏ်ဒြပ်မှာ ကောင်းကင်ဘုံ၌ ရှိတော်မူသော ခမည်းတော်၏ အလိုတော်ကို ဆောင်ခြင်းဖြစ်သည်

ခရစ်တော်, နာခံခြင်း, ဘုရားသခင်, ယေရှု, သမ္မာတရား

လူ့ဇာတိခံယူသော ဘုရားသခင်ကို ခရစ်တော်ဟုခေါ်ပြီး ခရစ်တော်သည် ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် ဖုံးလွှမ်းထားသည့် ဇာတိခန္ဓာဖြစ်သည်။ ယင်းဇာတိခန္ဓာမှာ အသွေးအသားတို့ဖြင့် တည်ဆောက်ထားသည့် မည်သည့် လူသားတစ်ဦးတစ်ယောက်နှင့်မျှ မတူညီပေ။ ဤသို့ကွဲပြားခြားနားရခြင်းမှာ ခရစ်တော်သည် အသွေးအသားဖြင့် တည်ဆောက်ထားခြင်း မဟုတ်ဘဲ ဝိညာဉ်တော်၏ လူ့ဇာတိခံယူခြင်း ဖြစ်သောကြောင့်ဖြစ်သည်။ သူ၌ သာမန်လူ့သဘာဝနှင့် ပြီးပြည့်စုံသော ဘုရားသဘောသဘာဝ နှစ်မျိုးလုံးရှိသည်။ သူ၏ ဘုရားသဘောသဘာဝကို မည်သည့်လူသားမျှ ပိုင်ဆိုင်ထားခြင်းမရှိ။ သူ၏ဘုရားသဘောသဘာဝအားဖြင့်လည်း ဘုရားသခင်ကိုယ်တော်တိုင်၏ အလုပ်ကို လုပ်ဆောင်နေသည့် အတောအတွင်း သာမန်လူ့သဘာဝအတိုင်း အသွေးအသားဖြင့် သာမန်လှုပ်ရှားမှု အားလုံးတို့ကို ဆက်လက်လုပ်ဆောင်နေသည်။ လူ့သဘာဝဖြစ်စေ သို့မဟုတ် ဘုရားသဘောသဘာဝဖြစ်စေ နှစ်မျိုးစလုံးသည် ကောင်းကင်ဘုံ၌ ရှိတော်မူသော ခမည်းတော်၏ အလိုတော်အတိုင်း နာခံလုပ်ဆောင်သည်။ ခရစ်တော်၏ဂုဏ်ဒြပ်မှာ ဝိညာဉ်တော်ဖြစ်သည်၊ ဆိုလိုသည်မှာ ဘုရားသဘောသဘာဝ ဖြစ်သည်။ ထို့ကြောင့် သူ၏ဂုဏ်ဒြပ်မှာ ဘုရားသခင် ကိုယ်တော်တိုင်ပင် ဖြစ်သည်၊ ယင်းဂုဏ်ဒြပ်မှာ သူ၏အလုပ်ကို နှောင့်ယှက်လိမ့်မည်မဟုတ်၊ သူ့အနေဖြင့် သူ၏အလုပ်ကို ဖျက်ဆီးမည့် မည်သည့်အမှုမျိုးကိုမျှ လုပ်ဆောင်လိမ့်မည် မဟုတ်၊ ထို့ပြင် သူ၏အလိုတော်ကို ဆန့်ကျင်ဖက်ပြုမည့် မည်သည့်စကားလုံးကိုမျှ သူမိန့်မြွက်လိမ့်မည် မဟုတ်ပါ။ ထို့ကြောင့် လူ့ဇာတိခံယူသော ဘုရားသခင်သည် သူ၏ကိုယ်ပိုင်စီမံခန့်ခွဲမှုကို အနှောင့်အယှက် ဖြစ်စေသည့် မည်သည့်အလုပ်ကိုမဆို ဘယ်သောအခါမျှ လုံးဝ လုပ်ဆောင်လိမ့်မည် မဟုတ်ပါ။ ဤသည်မှာ လူသားအားလုံး နားလည် သဘောပေါက်သင့်သည့်အရာ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်၏ အနှစ်သာရမှာ လူသားတို့ကို ကယ်တင်ရန်နှင့် ဘုရားသခင်၏ ကိုယ်ပိုင်စီမံခန့်ခွဲမှု အဖို့အလို့ငှာ ဖြစ်သည်။ ထိုနည်းတူစွာ ခရစ်တော်၏ အလုပ်မှာ လူသားတို့ကို ကယ်တင်ရန်နှင့် ဘုရားသခင်၏ အလိုတော်အဖို့အလို့ငှာ ဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိခံယူသောကြောင့် သူသည် သူ၏ဇာတိခန္ဓာအတွင်း သူ၏အနှစ်သာရကို ရုပ်အကောင်အထည်ပေါ်စေသဖြင့် သူ၏ဇာတိခန္ဓာသည် သူ၏အလုပ်ကို ဆောင်ရွက်ရန် လုံလောက်၏။ ထို့ကြောင့် လူ့ဇာတိခံယူသည့် အတောအတွင်း ဘုရားသခင့် ဝိညာဉ်တော်၏ အလုပ်အားလုံးကို ခရစ်တော်၏ အလုပ်ဖြင့် အစားထိုးလိုက်သည်၊ ထို့ပြင် လူ့ဇာတိခံယူသည့်အချိန် တစ်လျှောက်လုံးတွင် အလုပ်အားလုံး၏ အဓိကအချက်အချာ၌ ခရစ်တော်၏အလုပ် ရှိပေသည်။ ထိုအလုပ်သည် အခြားသော ခေတ်အဆက်ဆက်မှ မည်သည့်အလုပ်မျိုးနှင့်မျှ ရောယှက်နေ၍ မရပါ။ ဘုရားသခင်သည် လူ့ဇာတိခံယူသောကြောင့် သူ့ဇာတိခန္ဓာ၏ ကိုယ်ပိုင်လက္ခဏာနှင့်အညီ အလုပ်လုပ်သည်၊ လူ့ဇာတိကို သူခံယူသည့်အတွက် သူလုပ်သင့်လုပ်ထိုက်သောအလုပ်ကို ဇာတိခန္ဓာဖြင့် လုပ်ဆောင်ပြီးစီးသည်။ ဘုရားသခင်၏ ဝိညာဉ်တော်ဖြစ်စေ သို့မဟုတ် ခရစ်တော်ပင်ဖြစ်စေ၊ နှစ်မျိုးစလုံးမှာ ဘုရားသခင် ကိုယ်တော်တိုင်ပင်ဖြစ်ပြီး သူလုပ်သင့်လုပ်ထိုက်သော အလုပ်ကို သူလုပ်ဆောင်ပြီး သူဖော်ဆောင်သင့်သော အမှုတော်ကိုလည်း သူဖော်ဆောင်သည်။Read More »

ခရစ်ယာန်သီချင်း | ဘုရားအမှုတော်၏ ရည်ရွယ်ချက်ပန်းတိုင်

result-God-s-work-aims-to-achieve

I
ဘုရားရဲ့အမှုတော်များစွာထဲမှာ
စစ်မှန်သောကိုယ်တွေ့ ရှိသူတိုင်း ဘုရားကို ချစ်ကြောက်ကြသည်
ဘုရားရဲ့စစ်ကြောခြင်းနှင့်ဆုံးမခြင်းက
လူသားတို့ကို သူ့စိတ်သဘောထားအား တွေ့မြင်စေ
စိတ်နှလုံးသား၌ဘုရားကို ချစ်ကြောက်စေ
ဘုရားကို ချစ်ကြောက်နာခံရမည်
ဘုရားရဲ့ဖြစ်ခြင်းနှင့်စိတ်သဘောထားသည်
ဖန်ဆင်းခံလူသားများနဲ့ ( ခြားနားပြီး )
ဖန်ဆင်းခံလူသားများအထက်မှာ ရှိ
ဘုရားဟာ ဖန်ဆင်းခံမဟုတ်၊
ဘုရားသာ ချစ်ကြောက်ခြင်း၊ နာခံခြင်းနှင့် ထိုက်တန်၊
လူသားများ နှင့်မထိုက်တန်

Read More »

အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် | မိမိတို့၏ တာဝန်ထမ်းဆောင်ကြသူတို့ တစ်ဦးတစ်ယောက်စီတိုင်း အပေါ်တွင်

ခရစ်ယာန်ဘာသာ, နာခံခြင်း, သမ္မာတရား, အသက်, အသင်းတော်

လက်ရှိ ခေတ်ရေစီးကြောင်းထဲတွင် ဘုရားသခင်ကို စစ်မှန်စွာ ချစ်မြတ်နိုးသော လူတစ်ဦး တစ်ယောက်စီတိုင်း၌ သူ၏ စုံလင်စေခြင်းကို ရရှိရန် အခွင့်အလမ်းရှိသည်။ အသက်ငယ်သည်ဖြစ်စေ၊ အသက်ကြီးသည်ဖြစ်စေ စသည်တို့နှင့် မသက်ဆိုင်ပဲ သူတို့သည် သူတို့၏ စိတ်နှလုံးကို ဘုရားသခင်ထံ နာခံခြင်းနှင့် အလေးအမြတ်ထားခြင်းတို့ကို ထိန်းသိမ်းထားသည်နှင့်အမျှ သူ၏ စုံလင်စေခြင်းကို ခံစား ရနိုင်သည်။ ဘုရားသခင်သည် လူသားတို့ကို သူတို့၏ မတူညီသော လုပ်ငန်းဆောင်တာများ အပေါ်မူတည်၍ စုံလင်စေသည်။ သင်၏ အစွမ်းရှိသ၍ ဘုရားသခင်၏ လုပ်ငန်းများအပေါ်တွင် သင့်ကိုယ်သင် ဆက်ကပ်ထား သည်နှင့်အမျှ သင်သည် သူ၏ စုံလင်စေခြင်းကို ရရှိနိုင်သည်။ လက်ရှိတွင် သင်တို့ တစ်ဦးတစ်ယောက်မျှ စုံလင်ခြင်း မရှိကြ။ တစ်ခါတစ်ရံတွင် သင်တို့သည် လုပ်ငန်းဆောင်တာတစ်မျိုးကို လုပ်ဆောင်နိုင်စွမ်းရှိပြီး တစ်ခါတစ်ရံတွင် လုပ်ငန်းဆောင်တာ နှစ်မျိုးကို ထမ်းရွက်နိုင်သည်။ သင်တို့၏ အစွမ်းရှိသမျှ ဆက်ကပ်သည်နှင့်အမျှ ဘုရားသခင်အတွက် သင်တို့ကိုယ်သင်တို့ အသုံးခံသည်နှင့်အမျှ သင်တို့ကို ဘုရားသခင် သည် စုံလင်စေပါလိမ့်မည်။Read More »

ဘုရားသခင်၏ စကားတော် | ပညတ်တော်ခေတ်မှ အမှုတော်

ဘုရားသခင်၏ စကားတော် | ပညတ်တော်ခေတ်မှ အမှုတော်

ဣသရေလလူမျိုးတို့အပေါ် ယေဟောဝါဆောင်ရွက်ခဲ့သောအမှုသည် လောကီနှင့်ဆိုင်သည့် ဘုရားသခင်၏ မူလနေရာဖြစ်သော လူသားမျိုးနွယ်အကြား၌ ဖြစ်ပေါ်ခဲ့ပြီး ယင်းနေရာမှာ သူရှိနေခဲ့သည့် အထွတ်အမြတ်ထားသော နေရာလည်းဖြစ်သည်။ ယေဟောဝါသည် သူ၏အမှုကို ဣသရေလလူမျိုးတို့အတွက် ကန့်သတ်ထားသည်။ ကနဦးတွင် ဣသရေလပြင်ပ၌ သူအမှုမပြုခဲ့ပေ၊ ထိုအစား သူ၏အမှုနယ်ပယ်ကို ကန့်သတ်ရန်အလို့ငှာ သင့်လျော်မည်ဟု သူမြင်သည့် လူမျိုးတစ်မျိုးကို ရွေးချယ်ခဲ့သည်။ ဣသရေလနိုင်ငံမှာ အာဒံနှင့်ဧဝတို့ကို ဘုရားသခင် ဖန်ဆင်းခဲ့သော နေရာဖြစ်ပြီး ထိုနေရာရှိ မြေမှုန့်မှတစ်ဆင့် လူသားကို ယေဟောဝါ ဖန်ဆင်းခဲ့သည်၊ ထိုနေရာမှာ ကမ္ဘာမြေကြီးပေါ်ရှိ သူ့အမှု၏ အရင်းခံနေရာ ဖြစ်လာခဲ့သည်။ နောဧ၏သားစဉ်မြေးဆက်များနှင့် အာဒံ၏သားစဉ်မြေးဆက်များဖြစ်ကြသော ဣသရေလလူမျိုးများသည် ဤကမ္ဘာပေါ်ရှိ ယေဟောဝါအမှု၏ လူသား အခြေခံအုတ်မြစ်ဖြစ်သည်။Read More »

ဘုရားသခင်ကို သိခြင်းသည် ကိုယ်တော်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းဆီသို့ သွားရာလမ်းဖြစ်၏

နာခံခြင်း, ခရစ်ယာန်, ဘုရားသခင်ကို သိခြင်း, ယုံကြည်ခြင်း, သမ္မာတရား

ဘုရားသခင်ကို ယုံကြည်ခြင်း၌ ဘဝအသစ်တဖန်မွေးဖွားခြင်းကို သင်တို့ အယောက်စီတိုင်း စူးစမ်းခြင်းဖြင့် မြင်နိုင်သည်များမှာ ဘုရားသခင်နောက်လိုက်ခြင်းဖြစ်စဉ်တွင်၊ သင်ဘုရားသခင်ကို အမှန်တကယ် နားလည်သည်၊ အမှန်တကယ် သဘောပေါက်သည်၊ အမှန်တကယ် သိလာသည်ဖြစ်စေ၊ လူအမျိုးမျိုးအထွေထွေအပေါ်တွင် ဘုရားသခင်ထားရှိသော သဘောထားကို သင်အမှန်တကယ် သိသည်ဖြစ်စေ၊ သင့်အပေါ်တွင် ဘုရားသခင် မည်ကဲ့သို့ အလုပ်လုပ်နေကြောင်းနှင့် သင့်လုပ်ဆောင်မှု တစ်ခုချင်းကို ဘုရားသခင် မည်သို့ သတ်မှတ်သည်တို့ကို သင်အမှန်တကယ် နားလည်သည်ဖြစ်စေ စသည်တို့ ဖြစ်သည်။ သင့်တိုးတက်မှု၏ ဦးတည်ရာကို လမ်းညွှန်ပေးလျက်၊ သင့်ဘဝကြမ္မာကို စီမံလျက်၊ သင့်လိုအပ်ချက်များကို ပံ့ပိုးလျက်၊ သင့်အပါး၌ရှိသော ဤဘုရားသခင်ကို နောက်ဆုံးအကြိမ် ဆန်းစစ်ခြင်းတွင် သင်မည်မျှ နားလည်ပြီး သင်မည်မျှ အမှန်တကယ် သိပါသနည်း။ နေ့စဉ်နေ့တိုင်း သင့်အတွက် ကိုယ်တော်အလုပ်လုပ်လျက် ရှိသည်ကို သင်သိပါသလော။ ကိုယ်တော်၏ နေ့စဉ်လုပ်ဆောင်မှုတို့ အခြေခံသော နိယာမများနှင့် ရည်ရွယ်ချက်များကို သင်သိပါသလော။ သင့်ကို ကိုယ်တော်မည်သို့ လမ်းပြသည်ကို သင်သိပါသလော။ ကိုယ်တော်သည် သင့်အား မည်သည့် နည်းစနစ်များဖြင့် ထောက်ပံ့နေသည်ကို သင်သိပါသလော။ သင့်အား ကိုယ်တော် ရှေ့ဆောင်လမ်းပြနေသော နည်းလမ်းများကို သင်သိပါသလော။ ဘုရားသခင် သင့်ထံမှ မည်သည်ကို ရယူလိုသည်၊ သင့်ထံတွင် မည်သည့်အရာကို ပြီးမြောက်အောင်မြင်လိုသည်ကို သင်သိပါသလော။ သင်ပြုမူသော နည်းလမ်းအမျိုးမျိုးတို့အပေါ် ကိုယ်တော်မည်သို့ သဘောထားသည်ကို သင်သိပါသလော။ သင်သည် ဘုရားသခင် ချစ်သောသူတစ်ယောက် ဖြစ်မဖြစ်ကို သင်သိပါသလော။ ကိုယ်တော်၏ ဝမ်းမြောက်မှု၊ အမျက်တော်၊ ဝမ်းနည်းမှုနှင့် နှစ်သက်မှု၊ ယင်းတို့၏နောက်ကွယ်ရှိ စိတ်ကူးများနှင့် အကြံအစည်များ၊ ကိုယ်တော်၏အနှစ်သာရတို့၏ မူလရင်းမြစ်ကို သင်သိပါသလော။ နောက်ဆုံး အနေဖြင့် သင်ယုံကြည်သော ဤဘုရားသခင်မှာ မည်သည်ကဲ့သို့သော ဘုရားသခင်ဖြစ်ကြောင်း သင်သိပါသလော။ ဤမေးခွန်းများနှင့် အခြားသော မေးခွန်းများတို့သည် သင်ဘယ်တုန်းကမျှ နားမလည်ခဲ့သည့် သို့မဟုတ် မစဉ်းစားခဲ့သည့် အရာများ ဖြစ်နေပါသလော။ ဘုရားသခင်ကို ယုံကြည်ခြင်းနောက်သို့ သင်လိုက်လျှောက်ရာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အမှန်တကယ် ကျေးဇူးတင်ပြီး တွေ့ကြုံခံစားခြင်းဖြင့် ကိုယ်တော်အပေါ် သင်နားလည်မှု လွဲနေခြင်းများကို ရှင်းလင်းပြီးပါပြီလော။ ဘုရားသခင်၏ စည်းကမ်းများနှင့် ဆုံးမခြင်းတို့ကို ရရှိပြီးနောက်တွင် စစ်မှန်သော နာခံခြင်းနှင့် အရေးစိုက်ခြင်းတို့ကို သင်ပြုပါပြီလော။ ဘုရားသခင်၏ ပြစ်ဒဏ်ခတ်ခြင်းနှင့် အပြစ်စီရင်ခြင်းတို့လုပ်စဉ်တွင် လူသားတို့၏ ပုန်ကန်လိုစိတ်နှင့် စာတန်ကဲ့သို့ ဆိုးယုတ်သည့် စိတ်သဘောသဘာဝတို့ကို သိမြင်လာပြီး၊ ဘုရားသခင်၏ မြင့်မြတ်ခြင်းအကြောင်း အနည်းငယ်မျှလောက် နားလည်မှု ရရှိပြီးပါ၏လော။ ကိုယ်တော်၏ နှုတ်ကပတ်တော်တို့၏ လမ်းညွှန်မှုနှင့် ဉာဏ်အလင်းရခြင်းတို့ဖြင့် အသက်တာအတွက် အမြင်အသစ်ကို စတင်ရရှိပြီ လော။ ဘုရားသခင်ထံမှလာသော စမ်းသပ်စုံစမ်းခြင်းအမှုထဲတွင် လူသားတို့၏ ပြစ်မှုများအပေါ် ကိုယ်တော်သည်းမခံနိုင်မှုနှင့် သင့်ထံမှ ကိုယ်တော် တောင်းဆိုသောအရာနှင့် သင့်အား မည်သို့ ကယ်တင်နေပုံတို့ကို သင်မခံစားမိဘူးလော။ ဘုရားသခင်အပေါ် နားလည်မှုလွဲခြင်းဆိုသည်မှာ မည်သည့်အရာဆိုသည်ကို သင်မသိပါက၊ သို့မဟုတ် ဤနားလည်မှု လွဲခြင်းကို မည်သို့ ရှင်းလင်းရမှန်း သင်မသိပါက၊ သင်သည် ဘုရားသခင်နှင့် စစ်မှန်သည့် ဆက်ဆံရေးမရှိသည့်အပြင် ကိုယ်တော်ကို မည်သည့်အခါမျှ နားလည်ခြင်း မရှိခဲ့ဟု ပြောနိုင်ပါသည်။ သို့မဟုတ် ကိုယ်တော်ကို သင်မည်သည့်အခါမျှ နားလည်လိုစိတ် မရှိခဲ့ဟု ပြောနိုင်ပါသည်။ အကယ်၍သင်သည် ဘုရားသခင်၏ စည်းကမ်းနှင့် ပြစ်ဒဏ်ခတ်ခြင်းတို့မှာ မည်သည့်အရာမှန်း သင်မသိပါမူ နာခံခြင်းနှင့် ဂရုစိုက်ခြင်းတို့မှာ မည်သည့်အရာကို ဆိုသည်မှန်း သင်မသိခဲ့ကြောင်း၊ သို့မဟုတ် ဘုရားသခင်အား သင်အမှန်တကယ် နာခံခဲ့ခြင်း သို့မဟုတ် ဂရုစိုက်ခြင်း မည်သည့်အခါကမျှ မရှိခဲ့ကြောင်း သေချာလှပါသည်။ အကယ်၍ သင်သည် မည်သည့်အခါကမျှ ဘုရားသခင်၏ ပြစ်ဒဏ်ပေးခြင်းနှင့် တရားစီရင်ခြင်းကို ခံခဲ့ရခြင်းမရှိခဲ့ပါက၊ ကိုယ်တော်၏ ကြီးမြတ်ခြင်းမှာ ဘာလဲဆိုသည်ကို သင်မသိမှာသေချာသည်။ ထို့ပြင် လူသားတို့၏ ပုန်ကန်ခြင်းမှာ မည်သည်ဆိုသည်ကိုလည်း သင်ရှင်းလင်းစွာ မသိမှာသေချာသည်။ အကယ်၍ သင့်မှာ အသက်တာအပေါ် မှန်ကန်သည့် အမြင် သို့မဟုတ် မှန်ကန်သည့် ရည်မှန်းချက် မည်သည့်အခါကမျှ အမှန်တကယ် မရှိခဲ့ပါလျှင်၊ သို့သော်လည်း သင့်အနာဂတ် အသက်တာလမ်းအပေါ် စိတ်ရှုပ်ထွေးခြင်း၊ ဆုံးဖြတ်ချက်မကျခြင်းတို့ ဖြစ်လျက် ရှိနေသေးပါလျှင် ရှေ့သို့ဆက်လျှောက်ရန် ချီတုံချတုံဖြစ်သည့် အခြေအနေသို့ပင် ရောက်ရှိနေပါလျှင်၊ ဘုရားသခင်၏ ဉာဏ်အလင်းရခြင်းနှင့် လမ်းညွှန်ခြင်းတို့ကို သင်မည်သည့်အခါကမျှ မရရှိကြောင်း သေချာပါသည်။ ထို့ပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် သင်မည်သည့်အခါကမျှ ထောက်ပံ့ခံရခြင်း၊ ဖြည့်တင်းပေးခံရခြင်းတို့ အမှန်တကယ်မရှိ ဟူ၍လည်း ပြောနိုင်ပါသည်။ အကယ်၍ ဘုရားသခင်၏ စမ်းသပ်စုံစမ်းခြင်းအမှုကို သင်မခံရသေးပါက လူသားတို့ ပြစ်မှုများအတွက် ဘုရားသခင်၏ သည်းမခံနိုင်မှုကိုလည်း သင်အသေအချာ မသိ ဆိုသည်ကို ပြောစရာပင်မလို၊ အဆုံးတွင် သင့်ထံမှ ဘုရားသခင် လိုချင်သည့် အရာကိုလည်း သင်နားလည်မည်မဟုတ်။ ထို့ပြင် လူသားတို့အပေါ် ကိုယ်တော်၏ စီမံခန့်ခွဲမှုနှင့် ကယ်တင်ခြင်းအလုပ် တို့ကိုလည်း သာ၍နားလည်မည် မဟုတ်ချေ။ လူတစ်ယောက်သည် ဘုရားသခင်ကို နှစ်ပေါင်းမည်မျှကြာအောင် ယုံကြည်စေကာမူ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို တွေ့ကြုံခံစားဖူးခြင်း၊ သိမြင်နားလည်ခြင်း မည်သည့်အခါမျှ မရှိခဲ့ပါလျှင် သေချာသည်မှာ ထိုသူသည် ကယ်တင်ခြင်းလမ်းသို့ လျှောက်လှမ်းနေခြင်း မဟုတ်ပေ။ ဘုရားသခင်အပေါ် ၎င်း၏ယုံကြည်ခြင်းသည် အမှန်တကယ် အနှစ်မပါသည့် ယုံကြည်ခြင်းဖြစ်သည်မှာ သေချာပါသည်။ ဘုရားသခင်နှင့် စပ်ဆိုင်သည့် အသိပညာတို့မှာလည်း သုညဖြစ်နေသည်မှာ သေချာပါသည်။ ဘုရားသခင်ကို ရိုသေလေးမြတ်ခြင်းမှာ ဘာလဲဆိုသည်ကို သူမသိကြောင်းကို ပြောရန်ပင်မလိုပါချေ။Read More »