Myanmar Gospel Song “ကောင်းကင်နိုင်ငံတော်သီချင်း- ဘုရားသခင်ရဲ့နိုင်ငံတော် မြေကြီးပေါ် ရောက်လာ” ခပ်သိမ်းသော လူတို့သည် ဘုရားသခင်အားဖြင့် နှိုးဆော်ခံရကြသည် – အသားပေးချက် ၄

အလွန်စိတ်လှုပ်ရှားစရာကောင်းသော နိုင်ငံတော် သီချင်းသည် လူတို့ကြား ဘုရားသခင် ကြွရောက်ခြင်းကို စကြဝဠာတစ်ခွင်လုံးဆီ ကြေငြာရင်း ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။ ဘုရားသခင်၏ နိုင်ငံတော် တည်လေပြီ။ လူအားလုံး ရွှင်မြူးကြသည်။ အရာခပ်သိမ်း ဝမ်းမြောက်ကြသည်။ ကောင်းကင်တစ်ခုလုံးက အရာရာတိုင်းသည် ပျော်ရွှင်မြူးထူးသံဖြင့် ပြည့်နှက်လေသည်။ အဘယ်မျှ ညို့ယူဖမ်းစားသော ဝင့်ကြွားခြင်း မြင်ကွင်းများ ဖြစ်လိုက်ပါသနည်း။

နာကျင်မှုတွင် အသက်ရှင်ပြီး စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းကို နှစ်ထောင်ပေါင်းများစွာ ကြံ့ကြံ့ခံခဲ့သူ လူကြားတွင်၊ အဘယ်သူသည် ဘုရားသခင်၏ ကြွရောက်ခြင်းကို မတောင့်တ၊ မတမ်းတဘဲ ရှိသနည်း။ ခေတ်ကာလတစ်လျှောက် ဘုရားသခင်၏ ယုံကြည်သူများနှင့် နောက်လိုက် မည်မျှသည် စာတန်၏ လွှမ်းမိုးမှုအောက်တွင်၊ ဆင်းရဲဒုက္ခ၊ အခက်အခဲ၊ နှိပ်စက်ညှင်းပန်းမှုနှင့် ဖယ်ကြဉ်ခြင်းကို ခံခဲ့ရပါသနည်း။ ကောင်းကင်နိုင်ငံတော် မကြာခင် ကြွလာတော့မည်ကို မည်သူ မမျှော်လင့်ဘဲနေသနည်း။ လူသားမျိုးနွယ်၏ ဝမ်းမြောက်ခြင်းနှင့် ဝမ်းနည်းခြင်းတို့ကို မြည်းစမ်းရင်းဖြင့်၊ သမ္မာတရားနှင့် ဖြောင့်မတ်ခြင်းက လူကြားတွင် တန်ခိုးအာဏာကိုင်စွဲသည်ကို လူသားမျိုးနွယ်ထဲက မည်သူက ဆန္ဒမရှိဖြစ်ပါသနည်း။

Read More »

သန့်ရှင်းသောဝိညာဉ်တော်သည် အခြေခံသဘောတရားအရ အလုပ်လုပ်သည်

ဆုတောင်း, ယုံကြည်ခြင်း, ဝိညာဉ်တော်, သက်သေခံချက်, အသက်

ကင်ရှပ်တင်၊ ရှန်ဒေါင်စီရင်စု

အချိန်အတော်ကြာသည်အထိ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအား ကျွန်မဖတ်သည့်အချိန်တိုင်း၊ ကျွန်မသည် အလင်းကို မခံစားရပေ။ ကျွန်မမှာ ထိုအကြောင်းအရာအတွက် အလေးအနက်ပြန်လှန်သုံးသပ် ခဲ့ခြင်းမရှိ ့သော်လည်း ဘုရားသခင်အား ဆက်လက်၍သာ ဆုတောင်းနေခဲ့ပြီး၊ သူ့အား ကျွန်မကို ဉာဏ်အလင်းပေးဖို့ရန် တောင်းလျှောက်နေခဲ့သည်။ သို့သော်လည်း ထို့နောက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မဖတ်ရှုသော အချိန်တွင်၊ ကျွန်မထံ၌ ဉာဏ်အလင်း ရရှိခြင်း မရှိသေးပေ။ ထို့ကြောင့် ကျွန်မသည် “ဘုရားသခင်အတွက် လူသားတစ်ဦးစီတိုင်းအား ဉာဏ်အလင်းပေးသော အချိန်ရှိသည်၊ ထို့ကြောင့် ၎င်းကို အလောတကြီး ကြိုးစားလုပ်ဆောင်ရာတွင် အသုံးမဝင်” ဟုတွေးတော မိခဲ့သည်။ ထို့နောက်၊ အဆောတလျင်မပြုပဲ ဖြည်းဖြည်းချင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီး၊ စိတ်ရှည်စွာဖြင့် ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းကို စောင့်ဆိုင်းနေခဲ့သည်။Read More »

Myanmar Praise And Worship 2019 (နှလုံးသားအပြည့်အဝဖြင့် ဘုရားကို ချီးမွမ်းခြင်း)

ဘုရားကို အာရုံပြုကာ၊ ဆုတောင်း-ကျမ်းစာဖတ်ကာ၊
မိတ်သဟာယဖွဲ့ကြတာ
တရားမှတ်၊ တွေးဆကာ ဘုရားကို ရှာကြတာ
ဘုရားရဲ့နှုတ်ကပတ်တော်တွေ ကျင့်သုံးကြသည်၊
သမ္မာတရားကို သိကာ ချိုမြမှု ခံစားရသည်
ဖောက်ပြန်ပျက်စီးမှုမှ လွတ်မြောက်ကာ
ဘုရားရဲ့စစ်မှန်တဲ့အချစ်ကို မြည်းစမ်းကြသည်
အသင်းတော်အသက်တာဟာ ကြီးမြတ်ပါသည်၊
ချီးမွမ်းခြင်းပုံစံအများအပြားရှိတာ
ဘုရားကို ချီးမွမ်းဖို့ ကျွန်ုပ်တို့ မကခုန် သီချင်းမဆိုပဲ မနေနိုင်တာ
ကျွန်ုပ်တို့ ချီးမွမ်းခြင်းတွင် စည်းမျဉ်း၊ ထိန်းချုပ်မှုများ မရှိပါ
ရိုးသားစွာ ချီးမွမ်းခြင်းက ကျွန်ုပ်တို့ကို အမြဲ ပျော်ရွှင်စေတာ
ဘုရားရဲ့မျက်မှောက်၌ အသက်တာက
စစ်မှန်တဲ့ ပျော်ရွှင်ခြင်း ယူဆောင်လာတာ
ကျွန်ပ်တို့ ဘုရားကို ထာဝရ ချစ်ကာ နာခံပါမည်
ဘုရား ကယ်တင်ခြင်းရဲ့ကြီးမြတ်မှုကို မြင်ရလို့
ဘုရားသခင်ကို နှလုံးသားအပြည့်အဝဖြင့် ချီးမွမ်းကြ
ကျွန်ုပ်တို့ သမ္မာတရားကို မိတ်သဟာယဖွဲ့ကာ၊
သန့်ရှင်းသောဝိညာဉ်တော်ရဲ့အမှုတော်ကို ခံစားကြသည်
အတွေ့အကြုံများ မျှဝေကာ၊Read More »

ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ကျွန်မကို နာမကျန်းဖြစ်ခြင်း စမ်းသပ်မှုတစ်လျှောက် လမ်းပြတော်မူခဲ့သည်

ကယ်တင်ခြင်း, ခရစ်ယာန်, အသက်, ဆုတောင်း,

ရီမင်း ဟူးဘေးပြည်နယ်

သခင်နှင့် ပြန်လည်ဆုံစည်းရသည်ကို ကျွန်မ ဝမ်းမြောက်သည်

ယခုနှစ်တွင် ကျွန်မ ၇၈ နှစ်ရှိပြီ ဖြစ်သည်၊ ပြီးလျှင် ကျွန်မသည် အမြဲတမ်း ခေါင်းကိုက်ခြင်းနှင့် ဆီးချိုရောဂါ ဝေဒနာတို့ကို ခံစားခဲ့ရပါသည်။ ၂၀၀၅ ခုနှစ်တွင် သခင့်ကို စတင် ယုံကြည်ခဲ့ပြီးနောက်၊ နှစ်ပေါင်းများစွာ ဖိစီးခဲ့သည့် နာမကျန်းဖြစ်ခြင်းသည် သက်သာခဲ့သည်၊ ကျွန်မက ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို သိမြင်လာပြီး၊ သခင်ကို ကျွန်မ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါသည်။ နောက်နှစ်နှစ်အကြာတွင် ဆွေမျိုးတစ်ယောက်က နောက်ဆုံးသောကာလမှ ဘုရားသခင်၏ အမှုတော်ကို ကျွန်မကို ဟောပြောခဲ့ပြီး သခင်ယေရှုက လူ့ဇာတိခံယူသည့် အနန္တတန်ခိုးရှင်ဘုရားသခင်အဖြစ် ပြန်ကြွလာပြီး ဖြစ်ကြောင်း သူက ပြောခဲ့သည်။ အနန္တတန်ခိုးရှင်ဘုရားသခင်က ယခုအခါတွင် သခင်ယေရှု၏ ရွေးနှုတ်ခြင်းအမှုတော်ဆိုင်ရာ အခြေခံအုတ်မြစ်ပေါ်တွင် ပိုမိုသစ်လွင်သော၊ ပိုမြင့်မားသော အမှုတော်အဆင့်တစ်ခုကို ပြုနေကြောင်းနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်သည် လူများကို တရားစီရင်ရန် နှင့် ပြစ်တင်ဆုံးမရန်၊ ကျွန်မတို့ ဖောက်ပြန်ပျက်စီးခြင်းကို သန့်စင်ရန် သမ္မာတရားကို အသုံးပြုနေခဲ့ပြီး၊ ဘုရားသခင်က အဆုံးသတ်တွင် ကယ်တင်ခြင်း ရရှိသူများကို သူ၏ နိုင်ငံတော်ထဲသို့ ဦးဆောင်သွားမည် ဖြစ်ကြောင်းတို့ကို သူက ပြောခဲ့သည်။ ကျွန်မက ထိုသတင်းကို ကြားရသည်မှာ စိတ်လှုပ်ရှားခဲ့ပြီး၊ မိမိဘာသာ “ ငါ့တစ်သက်မှာ သခင့်ကို အမှန်တကယ် ကြိုဆိုရလိမ့်မယ်လို့ တစ်ခါမှ စိတ်မကူးခဲ့ဖူးဘူး။ အနာဂတ်မှာသာ ငါက သူ့နိုင်ငံတော်ထဲကိုဘုရားသခင်ရဲ႕ ဦးဆောင်တာခံရနိုင်တယ်ဆိုရင်၊ အဲဒါက တကယ်ကို အံ့သြစရာကောင်းမှာပဲ” ဟု တွေးမိခဲ့သည်။ ဤအချက်ကိုတွေးရင်းဖြင့် ကျွန်မနှလုံးသားသည် မဖော်ပြနိုင်သည့် ဝမ်းမြောက်ခြင်းဖြင့် ပြည့်နှက်လာခဲ့ပြီး၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ကယ်တင်ခြင်းတို့အတွက် ကျွန်မ ကျေးဇူးတင်ခဲ့ပါသည်။ ကာလတစ်ခုကြာ ရှာဖွေကာ စုံစမ်းစစ်ဆေးပြီးနောက်တွင် အနန္တတန်ခိုးရှင်ဘုရားသခင်သည် ပြန်ကြွလာသည့် သခင်ယေရှုဖြစ် ကြောင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းမှ ကျွန်မ သေချာလာခဲ့သည်၊ ထို့နောက်မကြာမီပင် ကျွန်မက အသင်းတော် အသက်တာကို အသက်ရှင်နေထိုင်ပြီး၊ အသင်းတော်အတွင်း၌ ကျွန်မတာဝန်ကို ထမ်းဆောင်ဖို့ လုပ်နိုင်သမျှ အားလုံး လုပ်ဆောင်ခဲ့သည်။Read More »

၅။ ဘုရားသခင်နှင့် မှန်ကန်သော ဆက်ဆံရေးတစ်ခု မည်သို့ တည်ဆောက်နိုင်မည်နည်း။

၅။ ဘုရားသခင်နှင့် မှန်ကန်သော ဆက်ဆံရေးတစ်ခု မည်သို့ တည်ဆောက်နိုင်မည်နည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လူများက ဘုရားသခင်ကို ယုံကြည်ကြ၏၊ ဘုရားသခင်ကို ချစ်ကြ၏၊ ထို့ပြင် ဘုရားသခင်၏ဝိညာဉ်တော်ကို မိမိတို့၏စိတ်နှလုံးနှင့် တို့ထိခြင်းအားဖြင့် ဘုရားသခင်အား ကျေနပ်စေကြ၏၊ ထိုသို့ဖြင့် သူ၏ကျေနပ်အားရမှုကို ရရှိကြသည်၊ ထို့ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သူတို့စိတ်နှလုံးထိတွေ့မှုရှိသည့်အချိန်တွင်၊ သူတို့သည် ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် စေ့ဆော်မှုကိုခံရကြ၏။ အကယ်၍ သင်သည် မှန်ကန်သောဝိညာဉ်ရေးအသက်တာကို ရယူလိုပြီး ဘုရားသခင်နှင့် မှန်ကန်သောဆက်ဆံရေးကို တည်ဆောက်လိုလျှင် သင့်စိတ်နှလုံးကို သူ့ထံ ဦးစွာအပ်နှံရမည်ဖြစ်ကာ သူ့၏ရှေ့မှောက်၌ သင့်စိတ်နှလုံးကို ငြိမ်သက်စေရမည်ဖြစ်သည်။ ဘုရားသခင်ထံသို့ သင့်စိတ်နှလုံးကို ပုံအပ်ပြီးမှသာ သင့်အနေဖြင့် မှန်ကန်သောဝိညာဉ်ရေး အသက်တာတစ်ခုကို တဖြည်းဖြည်း ကြီးထွားစေနိုင်သည်။ အကယ်၍ လူတို့သည် ဘုရားသခင်ကို ယုံကြည်ရာ၌ မိမိတို့၏စိတ်နှလုံးကို သူ့အား အပ်နှံခြင်းမရှိပါက၊ သူတို့၏စိတ်နှလုံးသည် ဘုရားသခင်ထံ၌ မရှိပါက၊ သူ၏ဝန်ထုပ်ကို မိမိတို့ဝန်ထုပ်သဖွယ် သဘောမထားဘဲနေပါက သူတို့လုပ်ဆောင်မှုဟူသမျှသည် ဘုရားသခင်ကို လိမ်လည်လှည့်စားနေခြင်းဖြစ်ပြီး ထိုအရာအားလုံးသည် ဘာသာရေးလိုက်စားသောသူတို့၏ အကျင့်ပင်ဖြစ်သည်။ ယင်းက ဘုရားသခင်၏ ချီးမွမ်းမှုကို မရနိုင်ပေ။Read More »

၃။ ကယ်တင်ခြင်းရှရှိဖို့ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို မည်သို့ တွေ့ကြုံသင့်သနည်း။

၃။ ကယ်တင်ခြင်းရှရှိဖို့ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို မည်သို့ တွေ့ကြုံသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်အား ယုံကြည်ရာ၌ ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းခြင်းကို အချုပ်ဆိုရလျှင်၊ ထိုအရာမှာ သမ္မာတရားအား ကြိုးစားလိုက်လျှောက်ခြင်း လမ်းကြောင်းအတိုင်း လျှောက်လှမ်းခြင်းဖြစ်သည်၊ ယင်းသည် မိမိကိုယ်ကို အမှန်တကယ်သိကျွမ်းခြင်းနှင့် မိမိ၏ စိတ်နေသဘောထားကို ပြောင်းလဲခြင်းလည်း ဖြစ်လေသည်။ ပေတရု၏လမ်းကြောင်းအတိုင်း သွားမှသာလျှင် လူတစ်ဦးသည် ဘုရားသခင်အားဖြင့် စုံလင်အောင်ပြုလုပ်ပေးမှုခံရခြင်း လမ်းကြောင်းအတိုင်း သွားနေလိမ့်မည်ဖြစ်သည်။ လူတစ်ဦးသည် ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်းနှင့် ယင်းအား လက်တွေ့လုပ်ဆောင်နည်းကို အထူးသဖြင့် ရှင်းလင်းစွာ နားလည်ရမည်။ ပထမဦးစွာ လူတစ်ဦးသည် သူ၏ ရည်ရွယ်ချက်များ၊ မလျော်ကန်သော လေ့လာလိုက်စားမှုများနှင့် သူ၏မိသားစုနှင့် လူ့ဇာတိအရာအားလုံးကိုပင် လျစ်လျူရှုထားရမည်။ သူသည် စိတ်နှလုံးအကြွင်းမဲ့ သစ္စာစောင့်သိရမည်၊ တစ်နည်းဆိုသော် ဘုရားသခင်၏ နှုတ်ကပတ်တော်၌ သူ့ကိုယ်သူ လုံးလုံးလျားလျား နစ်မြှုပ်ထားရမည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ခြင်းအပေါ် အာရုံစိုက်ပြီး သမ္မာတရားကို ရှာဖွေခြင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်ကို သူ၏ နှုတ်ကပတ်တော်များထဲ၌ ရှာဖွေခြင်းတို့အပေါ် အာရုံစိုက်ကာ အရာခပ်သိမ်း၌ ဘုရားသခင်၏ အလိုတော်ကို သဘောပေါက်နားလည်ရန်အလို့ငှာ ကြိုးစားရမည် ဖြစ်သည်။ ဤသည်မှာ လက်တွေ့ကျင့်သုံးခြင်း၏ အခြေခံအကျဆုံးနှင့် အလွန်အရေးပါဆုံးသော နည်းလမ်းဖြစ်သည်။ ဤသည်မှာ ယေရှုကိုမြင်ပြီးနောက် ပေတရုလုပ်ခဲ့သောအရာ ဖြစ်ခဲ့သည်၊ ထို့ပြင် ဤနည်းအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းဖြင့်သာ လူတစ်ဦးသည် အကောင်းဆုံးရလဒ်များကို ရယူနိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စိတ်နှလုံးအကြွင်းမဲ့ ဆည်းကပ်ခြင်းတွင် အဓိကအားဖြင့် သမ္မာတရားကို ရှာဖွေခြင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်ကို သူ၏ နှုတ်ကပတ်တော်များထဲ၌ ရှာဖွေခြင်း၊ ဘုရားသခင်၏ အလိုတော်ကို နားလည်သဘောပေါက်ခြင်း၌ အာရုံထားခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ သာ၍များသော သမ္မာတရားကို နားလည်ခြင်းနှင့် ရရှိခြင်းတို့ ပါဝင်သည်။ သူ၏ နှုတ်ကပတ်တော်များကို ဖတ်ရှုစဉ် ပေတရုသည် ဓမ္မအတွေးအခေါ်ဆိုင်ရာအသိပညာ ရရှိခြင်းအပေါ် အာရုံစိုက်ဖို့ မဆိုထားနှင့်၊ သူသည် သြဝါဒများကို နားလည်ခြင်းအပေါ်၌ပင် အာရုံမစိုက်ခဲ့ချေ။ ယင်းအစား သူသည် သမ္မာတရားကို နားလည်ခြင်းနှင့် ဘုရားသခင်၏ အလိုတော်ကို နားလည်သဘောပေါက်ခြင်းအပေါ် အာရုံစိုက်ခဲ့သကဲ့သို့ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ နှစ်လိုဖွယ်ကောင်းခြင်းကို နားလည်ခြင်းအပေါ် အာရုံထားခဲ့သည်။ ပေတရုသည် လူသား၏ အမျိုးမျိုးသော ယိုယွင်းပျက်စီးသည့် အခြေအနေများအပြင် လူသား၏ ယိုယွင်းပျက်စီးသော သဘောသဘာဝနှင့် တကယ့်ချို့ယွင်းချက်များကို ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ နားလည်ရန်လည်း ကြိုးစားအားထုတ်ရင်း၊ ထိုသို့ဖြင့် ဘုရားသခင်ကို စိတ်ကျေနပ်စေရန်အလို့ငှာ လူသားအပေါ် ဘုရားသခင်၏ တောင်းဆိုချက်များနှင့်ယှဥ်သော ကဏ္ဍအားလုံးကို ဖြည့်ဆည်းပေးခဲ့သည်။ ပေတရု၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လိုက်နာခဲ့သည့် မှန်ကန်သော လက်တွေ့ကျင့်ဆောင်ချက်များစွာ ရှိခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏ အလိုတော်နှင့် အကိုက်ညီဆုံးပင်ဖြစ်ပြီး ဘုရားသခင်၏ အလုပ်ကို ကြုံတွေ့စဥ် လူတစ်ဦးက ပူးပေါင်းဆောင်ရွက်နိုင်သည့် အကောင်းဆုံးသောနည်းလမ်းပင် ဖြစ်ခဲ့သည်။ ပေတရုသည် ဘုရားသခင်ထံမှ ရာချီသောစမ်းသပ်မှုများကို တွေ့ကြုံနေရစဉ် လူသားအပေါ် ဘုရားသခင်၏ တရားစီရင်မှုနှင့်ဆိုင်သည့် နှုတ်ကပတ်တော်အားလုံး၊ လူသားအကြောင်း ဘုရားသခင်၏ ထုတ်ဖော်ခြင်းနှင့်ဆိုင်သည့် နှုတ်ကပတ်တော်အားလုံး၊ ထို့ပြင် လူသားအပေါ် ကိုယ်တော်၏ တောင်းဆိုချက်များနှင့်ဆိုင်သည့် နှုတ်ကပတ်တော်အားလုံးတို့နှင့်ယှဉ်လျက် သူ့ကိုယ်သူ တင်းကြပ်စွာ ဆန်းစစ်ခဲ့ပြီး ထိုနှုတ်ကပတ်တော်များ၏ ဆိုလိုရင်းကို နားလည်သဘောပေါက်ရန် ကြိုးပမ်းခဲ့သည်။ သူသည် ယေရှုက သူ့အားပြောခဲ့သည့် နှုတ်ကပတ်တော်အားလုံးကို ဆင်ခြင်တွေးဆပြီး အာဂုံဆောင်ထားရန် အသည်းအသန်ကြိုးစားခဲပြီး အလွန်ကောင်းမွန်သော ရလဒ်များကို ရရှိခဲ့သည်။ ဤသို့ လက်တွေ့လုပ်ဆောင်ခြင်းပုံစံအားဖြင့် သူသည် ဘုရားသခင်၏နှုတ်ကပတ်တော်များမှ သူ့ကိုယ်သူသိနားလည်ခြင်းကို ရရှိရန် စွမ်းဆောင်နိုင်ခဲ့သည်၊ လူသား၏ ဖောက်ပြန်ပျက်စီးသည့် အခြေအနေမျိုးစုံတို့ကို သူသိနားလည်လာခဲ့ရုံသာမက လူသား၏ အနှစ်သာရ၊ သဘာဝဗီဇနှင့် အမျိုးမျိုးသော အားနည်းချက်မျိုးစုံတို့ကိုလည်း သိနားလည်လာခဲ့သည်။ ဤသည်မှာ မိမိကိုယ်ကို အမှန်တကယ် သိနားလည်ခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ပေတရုသည် မိမိကိုယ်ကိုယ် စစ်မှန်သော သိနားလည်ခြင်းကို ရရှိခဲ့သည်သာမက ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲ၌ ဖော်ပြခဲ့သောအရာများဖြစ်သည့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား၊ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်း၊ ဘုရားသခင်၏ အမှုအတွက် သူ၏ အလိုတော်၊ လူသားမျိုးနွယ်အပေါ် သူ၏ တောင်းဆိုချက်များစသည့် ဤနှုတ်ကပတ်တော်များမှ ဘုရားသခင်ကို လုံးလုံးလျားလျား သူ သိလာခဲ့သည်။ သူသည် ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အနှစ်သာရကို သိလာခဲ့သည်၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကိုလည်းကောင်း၊ ဘုရားသခင်၏ ချစ်လိုဖွယ်ကောင်းခြင်းနှင့် လူသားအတွက် ဘုရားသခင်၏ တောင်းဆိုချက်များကိုလည်းကောင်း သိနားလည်လာခဲ့သည်။ ဘုရားသခင်သည် ယနေ့စကားပြောသကဲ့သို့ ထိုအချိန်က များစွာ မပြောခဲ့သော်ငြားလည်း ဤကဏ္ဍများတွင် ပေတရုအထဲ၌ ရလဒ်များကို ရရှိခဲ့သည်။ ဤသည်မှာ ရှားပါး၍ အဖိုးတန်သောအရာ ဖြစ်ခဲ့လေသည်။Read More »

ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ဆင်းရဲဒုက္ခက ဘုရားသခင်ကို သာ၍ပင် ချစ်စေခဲ့သည်

ခရစ်ယာန်, ဆုတောင်း, နာခံခြင်း, နောက်ဆုံးသောကာလ, ဧဝံဂေလိ

လျူကျန်၊ ရှန်တုံစီရင်စု

ကျွန်မ နာမည် လျူကျန်ဖြစ်ပါသည်။ ကျွန်မ အသက် ၇၈ ရှိပြီဖြစ်ပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်ထဲတွင် ကျွန်မသည် သာမန်ခရစ်ယာန်တစ်ဦးသာ ဖြစ်ပါသည်။ ကျေးလက်တောရွာတစ်ရွာမှ လောကအမြင်တွင် မထူးခြားသော အသက်အရွယ်ကြီးနေသော အမျိုးသမီးတစ်ဦးဖြစ်သူ ကျွန်မကို ရွေးချယ်ခြင်းအတွက် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်မ ကျေးဇူးတင်ပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံပြီးနောက်၊ ဘုရားသခင်ထံ နေ့စဉ် ဆုတောင်းပါသည်။ ဘုရားနှုတ်ကပတ်တော်များ ဖတ်ရွတ်ခြင်းကို နားထောင်ပါသည်။ ဝတ်ပြုစည်းဝေးပွဲများသို့ သွားပြီး၊ ညီအစ်ကို မောင်နှမများနှင့်အတူ မိတ်သဟာယ ပြုပါသည်။ တဖြည်းဖြည်းနှင့် သမ္မာတရားအချို့ကို ကျွန်မ စတင်နားလည်လာပြီး၊ အချို့သော အမှုအရာတို့နှင့်ပတ်သက်၍ ရှင်းလင်းသော သဘောပေါက်ခြင်းတစ်ခု စတင် ရရှိလာခဲ့သည်။ ကျွန်မ ဝမ်းမြောက်မှုနှင့်ပြည့်ဝသည်ဟု ခံစားရပြီး၊ ယခင်က လုံးဝ မတွေ့ကြုံခဲ့ရသည့် ပျော်ရွှင်မှုတစ်ခုဖြင့် ကျွန်မ အသက်ရှင်ခဲ့သည်။ ကျွန်မက အသက်အရွယ်အိုမင်းကာ လမ်းလျှောက်ရ ခက်ခဲသောကြောင့်၊ အသင်းတော် ဝတ်ပြုအစည်းအဝေးများကို တက်ရောက်ဖို့ အိမ်မှ ထွက်မသွားနိုင်ခဲ့ပါ။ ထို့ကြောင့် ကျွန်မကို အလေးထားမှုဖြင့် ညီအစ်ကို မောင်နှမများက ကျွန်မ အိမ်တွင် ဝတ်ပြုအစည်းအဝေးများ ကျင်းပခဲ့ကြသည်။ ဆောင်းရာသီ၏ ချမ်းအေးမှုကြောင့် ဖြစ်စေ၊ နွေ၏ အပူကြောင့်ဖြစ်စေ ဝတ်ပြုအစည်းအဝေးတစ်ခုကိုမျှ သူတို့ ဘယ်သောအခါမျှ မလွတ်စေခဲ့ပါ။ အဘွားအိုတစ်ယောက်ဖြစ်လင့်ကစား ကျွန်မထံသို့ လာရောက်လည်ပတ်၍ ဂရုစိုက်ပေးခြင်းကို လေ၊ မိုးနှင့် နှင်းတို့သည်လည်း သူတို့ကို ဘယ်သောအခါမျှ မဟန့်တားနိုင်ခဲ့ပါ။ အထူးသဖြင့် ဘုရားနှုတ်ကပတ်တော်များကို ကျွန်မတို့ ဖတ်ရှုကြသည့်အခါ၊ ကျွန်မ နားမလည်သည့်အရာ တစ်ခုတလေရှိခဲ့လျှင်၊ ထိုအကြောင်းအရာကို သူတို့က ကျွန်မအား စိတ်ရှည်လက်ရှည် အမြဲ မိတ်သဟာယပြုပေးခဲ့ကြ၊ ကျွန်မကို မသိကျိုးကျွန်ပြုခြင်း သို့မဟုတ် အထင်သေးခြင်း လုံးဝမရှိကြပါ။ ဤအဖြစ်ကြောင့် ကျွန်မ အလွန်အမင်း စိတ်လှုပ်ရှားခဲ့ရပါသည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကြောင့်မဟုတ်လျှင်၊ ထိုသို့သော စိတ်ရှည်ခြင်းနှင့် ချစ်ခင်ခြင်းတို့ကို ကျွန်မအတွက် ဘယ်သူက ပြသခဲ့လိမ့်မည်နည်း။ ကျွန်မ၏ ညီအစ်ကို မောင်နှမများနှင့် အပြန်အလှန် ဆက်ဆံမှုများတွင်၊ သူတို့က သာမန်အရပ်သားများနှင့် အလွန်ကွဲပြားကြသည်ကို ကျွန်မ တွေ့ခဲ့ရသည်။ သူတို့ အသက်ရှင်နေထိုင်သည်မှာ သည်းခံခြင်းနှင့် ချစ်ခြင်းမေတ္တာဖြစ်ပြီး၊ သူတို့၏ စိတ်နှလုံးများကို ဖွင့်ဟနိုင်ကြသလို၊ သူတို့ကြားတွင် မည်သည့် အတားအဆီး မည်သည့်ကွာဝေးမှုမျှ မရှိဘဲ၊ အချင်းချင်း ရိုးသားမှုဖြင့် ဆက်ဆံနိုင်ကြလေသည်။ သူတို့က မိသားစုတစ်စုကဲ့သို့ နီးစပ်ကြပြီး၊ ဤအရာကကျွန်မကို အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်နှင့်ပတ်သက်၍ သေချာမှုကို ပို၍ပင် ခံစားမိစေခဲ့သည်။ သမ္မာတရားများကို ကျွန်မ ပို၍ နားလည်လာသည်နှင့်အမျှ၊ ဖန်ဆင်းခံတစ်ဦးအနေဖြင့် ကျွန်မ၏ တာဝန်အား ဖြည့်ဆည်းသင့်ကြောင်း ကျွန်မ နားလည်ခဲ့သည်။ ထို့ကြောင့် တာဝန်များယူချင်ကြောင်း အသင်းတော်ကို ကျွန်မ ပြောခဲ့ပါသည်။ သို့သော် ကျွန်မ၏ အသက်အရွယ်သည် တာဝန်အများစုကို ထမ်းဆောင်ခြင်း ကျွန်မကို ကျွန်မ၏ အသက်အရွယ်က ဟန့်တားထားသောကြောင့်၊ အိမ်တွင် ဧည့်ခံခြင်းတာဝန်များကိုသာ အသင်းတော်က ကျွန်မကို သတ်မှတ်ပေးခဲ့သည်။ ကျွန်မ၏ တတ်စွမ်းနိုင်မှုများအပေါ် အခြေခံပြီး ကျွန်မကို တာဝန်တစ်ခု သတ်မှတ်ပေးခြင်းအတွက် ဘုရားသခင်ကို ကျေးဇူးတင်မိကာ၊ ကျွန်မ လက်ခံခဲ့ပါသည်။ ဤသို့ဖြင့် ကျွန်မသည် ကျွန်မ၏ ညီအစ်ကို မောင်နှမများနှင့် အလွန်အဆင်ပြေခဲ့ပြီး၊ ခန္ဓာနှင့် စိတ်တွင် ကြီးမားသည့် သက်သာရာရခြင်းအသိတစ်ခုကို ကျွန်မ ခံစားခဲ့ရသည်။ ကျွန်မ ခံစားနေခဲ့ရသည့် ရောဂါအချို့လည်း စတင် သက်သာလာခဲ့သည်။ ထို့ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင်ကို သူ၏ ကျေးဇူးတော်နှင့် ကရုဏာတော်အတွက် ကျွန်မ သာ၍ပင် ကျေးဇူးတင်ခဲ့ပါသည်။Read More »

ကောင်းမွန်သည့် ဘာသာတရားဆိုသည်မှာ အဘယ်နည်း။ ဆိုးယုတ်သည့် အစွန်းရောက်ဝါဒဆိုသည်မှာ အဘယ်နည်း။

ကယ်တင်ခြင်း, ကောင်းကင်နိုင်ငံတော်, ခရစ်ယာန်, ဆုတောင်း, နောက်ဆုံးသောကာလ

ဖန်လောင် (အယူဝါဒရိုက်သွင်းသည့် ဌာနချုပ်၏ လက်ထောက်ဒါရိုက်တာ)- မင်းတို့ကြည့်လိုက်တာက အစွန်းရောက်ဝါဒတွေက ဘာတွေလဲဆိုတာ ပြတဲ့ ဥပဒေ ပညာပေးဗီဒီယိုပဲ။ ဗဟိုအစိုးရက အဓိပ္ပါယ်ဖွင့်ဆိုပေးထားပြီး ဝိသေသငါးချက်ကို ဖော်ပြပေးထားတယ်၊ ဒါပေမဲ့ ဒီအချက်တွေကို ဆွေးနွေးရတာတော့ စိန်ခေါ်မှုတစ်ခုပဲ နားလည်ဖို့ ခက်ခဲလိမ့်မယ်။ ရှင်းရှင်းလင်းလင်းနဲ့ ပြည့်ပြည့်စုံစုံဖြစ်အောင် ကြိုးစားပြီး ရှင်းပြမယ်။ နိုင်ငံ့ခေါင်းဆောင်တွေက ခရစ်ယာန်ဘာသာနဲ့ ကတ်သလစ်ဘာသာကို အစွန်းရောက်ဝါဒအဖြစ် သတ်မှတ်ပြီး သမ္မာကျမ်းစာကို အစွန်းရောက်စာအုပ်အဖြစ် သတ်မှတ်လိုက်ပြီ။ ဒါအများအားဖြင့် လက်ခံထားကြတဲ့ အချက်တွေပဲ။ ဗဟိုအစိုးရက ခရစ်ယာန်အိမ်တွင်းအသင်းတော်တွေကို အထူးသဖြင့် အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကို အစွန်းရောက်ဝါဒအဖြစ် ဘာကြောင့်သတ်မှတ်လိုက်သလဲ ဆိုတာကို ကျွန်တော် သုတေသနလုပ်ထားတဲ့အဖြေကတော့ ဘုရားသခင်က အရာအားလုံးကိုဖန်ဆင်းတယ်လို့ သက်သေခံတဲ့သူတွေ၊ ဘုရားသခင်က ဖန်ဆင်းရှင်ဖြစ်ပြီး လူသားမျိုးနွယ်ကို ဖန်ဆင်းတယ်လို့ သက်သေခံတဲ့သူတွေ၊ ဘုရားသခင်က အရာအားလုံးအပေါ်အစိုးရပြီး စကြဝဠာအရှင်သခင်အဖြစ် အရာအားလုံးကို ထိန်းချုပ်တယ်လို့ သက်သေခံတဲ့သူတွေ၊ ကျွန်တော်တို့ကို ဘုရားသခင်ကို ကြောက်ရွံ့ပြီး ကိုးကွယ်စေချင်တဲ့သူတွေအားလုံးဟာ အစွန်းရောက်ဝါဒီတွေဖြစ်တယ်လို့ သတ်မှတ်လိုက်လို့ပဲ။ ဘုရားသခင်ရဲ့ သန့်ရှင်းခြင်း ဖြောင့်မတ်ခြင်း မေတ္တာတော်နဲ့ ကယ်တင်ခြင်းကို သက်သေခံတဲ့သူတွေ စာတန်ကို လူသားမျိုးနွယ်ကို ဖျက်ဆီးနေသူအဖြစ် ကျိန်ဆဲတဲ့သူတွေ၊ အထူးသဖြင့် ကွန်မြူနစ်ပါတီကို တိုက်ရိုက်တိုက်ခိုက်ပြီး ကျိန်ဆဲတဲ့သူတွေအားလုံးကို အစွန်းရောက်ဝါဒီတွေအဖြစ် သတ်မှတ်တယ်။ သခင်ယေရှုပြန်လာပြီလို့ သက်သေခံတဲ့သူတွေ၊ လူ့ဇာတိခံယူတဲ့ ခရစ်တော်အကြောင်း သက်သေခံတဲ့သူတွေ၊ သာမန်လူသားတစ်ယောက်ရဲ့ ဆောင်ရွက်ချက်တွေကို ကယ်တင်ရှင်ရဲ့ အမှုတော်အဖြစ် ချဲ့ကားပြောဆိုနေတဲ့သူတွေ၊ ခရစ်တော်ရဲ့စကားတွေဟာ ပကတိအမှန်တရားပါလို့ လူသိရှင်ကြား ကြေညာပြီး သက်သေခံတဲ့သူတွေ၊ ကွန်မြူနစ်ပါတီကို ယုံကြည်မယ့်အစား ဘုရားသခင်ကို လက်ခံဖို့ ကိုးကွယ်ယုံကြည်ဖို့ သူများတွေကို အားပေးအားမြှောက် လုပ်တဲ့သူတွေအားလုံးကို အစွန်းရောက်ဝါဒီတွေလို့ သတ်မှတ်တယ်။ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဟာ အရာအားလုံးရဲ့အထက်က အမှန်တရားဖြစ်တယ်၊ သမ္မာကျမ်းစာဟာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဖြစ်ပြီး “ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ပေါ်လာ၏” ဆိုတာဟာ သမ္မာတရားလို့ သက်သေခံပြီး ကွန်မြူနစ်ပါတီရဲ့ ယုံကြည်ချက်ဖြစ်တဲ့ မာ့က်စ်-လီနင်ဝါဒကို ကျိန်ဆဲတဲ့သူတွေ အားလုံးကိုRead More »

ခရစ်ယာန်သီချင်း | လူတို့၏ ဟစ်ခေါ်သံကြောင့် ဘုရားသူတို့ လိုအပ်ချက်ကို ဖြည့်ဆည်း

ခရစ်ယာန် ဓမ္မသီချင်း, ဆုတောင်း, အသက်

Myanmar Christian Song | လူတို့၏ ဟစ်ခေါ်သံကြောင့် ဘုရားသူတို့ လိုအပ်ချက်ကို ဖြည့်ဆည်း


လူကိုဘုရား ဖန်ဆင်းပြီးနောက်
သူ့ ဝိညာဉ် နှင်းအပ်ခဲ့တယ်
သူတို့ သူ့ကို မဟစ်ခေါ်ခဲ့ရင်
သူတို့ သူ့ ဝိညာဉ်နှင့် ဝေးကွာပြီး
ကောင်းကင် အသံကို
မြေကြီးပေါ်မှ ကြားတော့မည်မဟုတ်။
လူတို့ ဟစ်ခေါ်ခြင်းကြောင့်
လိုအပ်ချက် ဘုရားပေးသည်
အစမှာတော့ သူတို့ ထဲ မကိန်းဝပ်
ဒါပေမယ့်လည်း ထောက်ပံ့ကာစောင်မ
အတွင်းခွန်အားများကြောင့် ကြံ့ခိုင်ခြင်းရကာ
စာတန်သူ့စိတ်ကြိုက် ဒီမှာ မသွေးဆောင်ဝံ့တော့

Read More »

ကျွန်ုပ်သည် ခရစ်တော်ကို ဖူးမျှော်ရန် မထိုက်တန်ပါ

ကောင်းကင်ဘုံ, ဆုတောင်း, သမ္မာတရား

ဟွမ်ဘောင် လျောင်နင်းပြည်နယ်၊ ဒါလီယန်မြို့

ကျွန်ုပ်သည် အနန္တတန်ခိုးရှင် ဘုရားသခင်ကို စတင် သက်ဝင် ယုံကြည်သည်မှစ၍ ခရစ်တော်၏ ဒေသနာတော်များကို ကိုယ်တိုင်နားနှင့် ကြားခွင့်ရပြီး ကိုယ်တော်၏ သာသနာပြုခြင်းကို ကိုယ်တိုင်ခံယူ ရရှိခဲ့သည့် ညီအစ်ကို မောင်နှစ်မများကို အစဉ် လေးစားအားကျမိသည်။ ကျွန်ုပ်၏ စိတ်နှလုံးသားထဲတွင် ကျွန်ုပ်သည် နောင်တစ်ချိန် တစ်နေ့နေ့တွင် ခရစ်တော်၏ ဒေသနာတော်များကို ကိုယ်တိုင် နာကြားခွင့်ရခဲ့ပါက အဘယ်မျှလောက် ကောင်းလိုက်မည်နည်း၊ အကယ်၍သာ ကိုယ်တော်ရှင်ကို ကိုယ်တိုင် ဖူးမျှော်ခွင့်ရခဲ့ပါက အတိုင်းထက်အလွန် ဖြစ်မည်ဟု တွေးခဲ့မိပါသည်။ သို့ရာတွင် ယခုတစ်လော ကိုယ်တော်၏ မိတ်ဿဟာယဖွဲ့ ဆွေးနွေးချက်များကို ကြားနာခြင်းမှတစ်ဆင့် ကျွန်ုပ်သည် ခရစ်တော်ကို ဖူးမျှော်ရန် မထိုက်တန်ဟု စိတ်နှလုံးထဲတွင် နက်နက်ရှိုင်းရှိုင်း ခံစားလာရသည်။Read More »