Myanmar Gospel Movie (ဒီလောက် သာယာလိုက်တဲ့ အသံ) ဘုရားသခင်ရဲ့လုပ်ဆောင်မှုတွေ နှုတ်ကပတ်တော်တွေဟာ သမ္မာကျမ်းစာအပြင် မရှိတော့ဘူးလား – အပိုင်း (၃)

ဘာသာရေးအသိုင်းအဝိုင်းကလူအများစုဟာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်အားလုံး သမ္မာကျမ်းစာထဲမှာပဲရှိပြီး သမ္မာကျမ်းစာကလွဲပြီး တခြားနေရာတွေမှာ ဘုရားသခင်ရဲ့လုပ်ဆောင်မှုတွေနှုတ်ကပတ်တော်တွေမရှိဘူးလို့ ယုံကြည်နေကြပါတယ်။ ကိုယ်တော် ပြန်ကြွလာခြင်းနဲ့ ပတ်သက်တဲ့ သူ့ရဲ့စကားတော်တွေကို သမ္မာကျမ်းစာပြင်ပမှာ သူတို့ မရှာဖွေခဲ့ကြပါဘူး။ သူတို့ဒီလိုအတွေးတွေနဲ့ သခင်ပြန်လာတဲ့အခါ ခရီးဦးကြိုပြုနိုင်ပါ့မလား။ ဘုရားသခင်ကို သမ္မာကျမ်းစာထဲမှာပဲ စကားတွေမိန့်ကြားဖို့ ကန့်သတ်လို့ရနိုင်ပါသလား။ သမ္မာကျမ်းစာမှာ ဆိုထားပါတယ် “ယေရှုပြုတော်မူသော အခြားအမှုအရာအများ ရှိ သေး၏။ ထိုအမှုအရာရှိသမျှတို့ကို အသီးအခြားရေးထားလျှင်၊ မြေကြီးမဆံ့နိုင်အောင် ကျမ်းစာများပြားလိမ့်မည် ဟု ထင်မှတ်ခြင်းရှိ၏” (ရှင်ယောဟန် ၂၁:၂၅ )။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေမှာ “သမ္မာကျမ်းစာထဲတွင် မှတ်သားထားသည်များ အားလုံးသည် အကန့်အသတ်ရှိပြီး၊ ဘုရားသခင်၏ လုပ်ဆောင်မှု အားလုံးကို ကိုယ်စားမပြုနိုင်ပေ။“ဟု မိန့်ဆိုခဲ့ပါတယ်။ (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) မှ

Read More »

သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်နှင့် စာတန်၏အမှု

ဆုတောင်း, ယုံကြည်ခြင်း, သမ္မာတရား, အသင်းတော်, ဧဝံဂေလိတရား

သင်သည် ဝိညာဉ်နှင့် ပတ်သက်ပြီး မည်ကဲ့သို့သော အသေးစိတ် အချက်များကို နားလည်ထားသနည်း။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူ၏အတွင်းတွင် မည်ကဲ့သို့ အလုပ်လုပ်ပါသနည်း။ စာတန်သည် လူ့အတွင်း တွင် မည်ကဲ့သို့ အလုပ်လုပ်ပါသနည်း။ ဤအမှု၏ ထင်ရှားပြသခြင်းများမှာ အဘယ်နည်း။ တစ်စုံတစ်ရာ သင့် အပေါ် ဖြစ်ပွားလာပါက ယင်းအရာသည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လာခြင်းလော၊ သင်သည် ထို အရာကို နာခံသင့်သလော၊ ငြင်းပယ်သင့်သလော။ လူတို့၏ အမှန် လက်တွေ့ကျင့်ဆောာင်မှုသည် လူသား၏ အလိုဆန္ဒကို သာ ထွက်ပေါ်စေပြီး ယင်းအရာသည် သန့်ရှင်းသော ဝိညာဥ်တော်ထံမှ လာသည်ဟု လူများမှ အမြဲပင် ယုံကြည် ကြသည်။ တစ်ချို့မှာ နတ်ဆိုးဝိညာဉ်များမှ လာသော်လည်း၊ လူများက ၎င်းတို့ကို သန့်ရှင်းသော ဝိညာဉ်တော်မှ အစပြုသည်ဟု ယခုတိုင် ထင်တတ်ကြ၏၊ တစ်ခါတစ်ရံတွင် သန့်ရှင်းသော ဝိညာဉ်တော်သည် လူတို့၏ အတွင်း တွင် လမ်းညွှန်မှုပေးသည့်တိုင် လူတို့မှာ ၎င်းလမ်းညွှန်ချက်က စာတန်ထံမှ လာခြင်းဟု ကြောက်တတ်ကြ၍ နာခံရန် မ၀ံ့ရဲကြပေ။ အမှန်တွင်တော့ ထိုအရာများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း ဖြစ်နေ၏။ ဤသို့ဖြင့် ကွဲခြားခြင်းမရှိလျှင် ထိုကဲ့သို့သော အတွေ့အကြုံများ သင့်ထံ၌ အမှန် ဖြစ်ပျက်လာသော အခါ တွေ့ကြုံခံစားနိုင်ရန် နည်းလမ်းမရှိတော့ပေ၊ ကွဲခြားခြင်း မရှိလျှင် အသက်ရရန်လည်း နည်းလမ်း မရှိပေ။ သန့်ရှင်းသော ဝိညာဉ်တော်သည် မည်ကဲ့သို့ အမှုကို ပြုသနည်း။ နတ်ဆိုးဝိညာဉ်များက မည်ကဲ့သို့ အလုပ်လုပ် ကြသနည်း။ လူဆန္ဒမှ မည်သည့်အရာ လာတတ်သနည်း။ သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းညွှန်မှုနှင့် ဉာဏ် အလင်းဖွင့်ပြခြင်းမှ မည်သည့်အရာ ထွက်ပေါ်လာသနည်း။ အကယ်၍ သင်သည် လူ၏အတွင်းတွင် သန့်ရှင်းသော ဝိညာဉ်တော်ပြသော အမှု၏ စည်းမျဥ်းများကို နားလည်လျှင် သင်၏ နေ့စဥ် အသက်တာထဲနှင့် သင်၏ အမှန် တကယ် အတွေ့အကြုံများ အတောအတွင်း သင်၏ အသိပညာနှင့် ကွဲခြားမှုကို သင်သည် ကြီးထွားအောင် လုပ်ဆောင် နိုင်လိမ့်မည် ဖြစ်သည်။ သင်သည် ဘုရားသခင်ကို သိရှိလာကာ၊ စာတန်ကို နားလည်ပြီး ထိုးထွင်းသိမြင်နိုင်လာလိမ့်မည်၊ သင်၏ လိုက်ခြင်း သို့မဟုတ် နာခံမှု၌ သင်သည် စိတ်ရှုပ်ထွေးမှု လိမ့်မည်မဟုတ်၊ သင်သည် အတွေးများ ရှင်းလင်းသောသူ ဖြစ်လာပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို နာခံသောသူလည်း ဖြစ်လာပေမည်။

Read More »

Myanmar Christian Song With Lyrics (မှန်ကန်သော ဆုတောင်းခြင်းအမှုကို ဆောင်ရွက်နည်း)

Myanmar Christian Song With Lyrics (မှန်ကန်သော ဆုတောင်းခြင်းအမှုကို ဆောင်ရွက်နည်း)


ဆုတောင်းနေစဉ် ဘုရားရှေ့တော်၌ သင့်စိတ်နှလုံး အေးချမ်း ရမည်၊
သင့်နှလုံးသား စစ်မှန်ရမည်။
ဆုတောင်းသောအခါ ဘုရားနှင့် စစ်မှန်သော ရင်းနှီးမှုရှိပါ။
နားဝင်ချိုသောစကားများဖြင့် ဘုရားကို မလှည့်ဖြားနဲ့။
ဘုရားရှေ့တော်၌ သင့်စိတ်နှလုံး ငြိမ်ဝပ်ခြင်း ရှိလိမ့်မည်။
သင့်အတွက် စီမံထားသော ပတ်ဝန်းကျင်၌
သင့်ကိုယ်သင် သိမြင်၍ သင့်ကိုယ်သင် မုန်းလိမ့်မည်။
သင့်ကိုယ်သင် မုန်း၍ သင့်ကိုယ်သင် ပစ်ပယ်လိမ့်မည်။
ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေး ရှိ၍
ဘုရားသခင်ကို အမှန်တကယ်
ချစ်မြတ်နိုးနိုင်သူတစ်ဦး ဖြစ်လာလိမ့်မည်။

Read More »

အာဗြဟံအတွက် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာ

ကယ်တင်ခြင်း, ဆုတောင်း, နောက်ဆုံးသောကာလ, ဧဝံဂေလိတရား

ကမ္ဘာဦးကျမ်း ၂၂:၁၆-၁၈ သင်သည် ဤအမှုကို ပြုပြီး သင်၏သား၊ တစ်ဦးတည်းသောသားကို ထိန်ဝှက်မထားသည့်အတွက်ကြောင့် ကောင်းကြီးမင်္ဂလာဖြင့် သင့်ကို ငါကောင်းကြီးပေးမည်၊ တိုးပွားများပြားခြင်း၌ သင်၏ အမျိုးအနွယ်ကို မိုးကောင်းကင် ကြယ်များကဲ့သို့လည်းကောင်း၊ ပင်လယ်ကမ်းခြေပေါ်မှ သဲလုံးနှင့်အမျှလည်းကောင်း ငါတိုးပွားများပြားစေမည်။ သင်၏ အမျိုးအနွယ်သည် သူ့ရန်သူတို့၏ တံခါးတို့ကို အပိုင်ရလိမ့်မည်၊ မြေကြီးပေါ်ရှိ တိုင်းနိုင်ငံတို့သည် သင်၏အမျိုးအနွယ်အားဖြင့် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်။ သင်သည် ငါ၏စကားသံကို နာခံသောကြောင့် ငါသည် ကိုယ့်ကိုယ်ကိုယ် ကျိန်ဆိုပြီဟု ယေဟောဝါ မိန့်တော်မူ၏။

ဤအရာသည် အာဗြဟံအတွက် ဘုရားသခင်၏ ပြီးပြည့်စုံသည့် ကောင်းချီးမင်္ဂလာ ဖြစ်သည်။ တိုတောင်းသော်လည်း ပါဝင်သည့်အကြောင်းအရာက ကြွယ်ဝသည်။ အာဗြဟံအတွက် ဘုရားသခင်၏ လက်ဆောင်အတွက် အကြောင်းရင်း၊ နောက်ခံနှင့် အာဗြဟံကို ဘုရားသခင် မည်သည့်အရာပေးသည်ဟူသည့်အရာများ ပါဝင်သည်။ ၎င်းသည် ဤနှုတ်ကပတ်တော်များကို ဘုရားသခင် မိန့်မြွက်သည့် ပျော်ရွင်ခြင်း၊ စိတ်လှုပ်ရှားခြင်းတို့နှင့် ပြည့်လျှမ်းနေပြီး သူ၏နှုတ်ကပတ်တော်များကို နားထောင်နိုင်သည့်သူများကို ရယူလိုသော သူ့တောင့်တမှု၏ အရေးတကြီးဖြစ်မှုနှင့်လည်း ပြည့်လျှမ်းနေသည်။ ဤနေရာမှာ သူ၏နှုတ်ကပတ်တော်များကို နာခံပြီး သူ၏အမိန့်များကို လိုက်လျှောက်သူတို့အပေါ် ဘုရားသခင်၏ ချစ်ခင်မှုနှင့် ကြင်နာမှုကို တွေ့ရသည်။ ထိုနည်းတူပင် လူများကို ရယူဖို့ သူပေးသည့် အဖိုးအခ၊ သူတို့ကို ရခြင်းငှာ ထားသည့် ဂရုစိုက်မှုနှင့် အတွေးများကို ငါတို့တွေ့ရသည်။ ထို့အပြင် “ငါသည် ကိုယ့်ကိုယ်ကိုယ် ကျိန်ဆိုပြီ” ဟူသော နှုတ်ကပတ်တော်များပါဝင်သည့် ကျမ်းပိုဒ်သည် သူ၏စီမံခန့်ခွဲမှု အစီအစဉ် နောက်ကွယ်က သူ၏အမှု၌ ဘုရားသခင် တစ်ဦးတည်း ခံရသော ပြင်းထန်သည့် နာကျင်မှု၊ ခါးသီးမှုနှင့် ပတ်သက်၍ အားကောင်းသော အသိတရားကို ပေးသည်။ ဤအရာက စဉ်းစားမိအောင် စေ့ဆော်ပေးသော ကျမ်းပိုဒ်ဖြစ်ပြီး နောင်လာသည့် သူများအတွက် ထူးခြားသည့် အရေးပါမှုရှိပြီး အနှံ့အစပ် သက်ရောက်မှုရှိသည့် ကျမ်းပိုဒ်တစ်ခုဖြစ်ဖြစ်သည်။

Read More »

၁) ဘုရားသခင်၏အမှုတော်နှင့် လူသား၏လုပ်ဆောင်မှုကြားတွင် အဓိကကျသည့် ကွဲပြားမှုများက အဘယ်အရာများ ဖြစ်သနည်း။

ကျေးဇူးတော်, ခရစ်တော်, ဆုတောင်း, သမ္မာကျမ်းစာ, ဧဝံဂေလိ

၈။ ဘုရားသခင်၏အမှုတော်နှင့် လူသား၏လုပ်ဆောင်မှုကြား ကွဲပြားမှုများ

၁) ဘုရားသခင်၏အမှုတော်နှင့် လူသား၏လုပ်ဆောင်မှုကြားတွင် အဓိကကျသည့် ကွဲပြားမှုများက အဘယ်အရာများ ဖြစ်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင် ကိုယ်တော်တိုင်၏ အလုပ်တွင် လူသားမျိုးနွယ် အားလုံး၏အလုပ် ပါဝင်ပြီး ယင်းသည် ခေတ်ကာလတစ်ခုလုံး၏ အလုပ်ကိုလည်း ကိုယ်စားပြုသည်။ တစ်နည်းအားဖြင့်ဆိုရလျှင် ဘုရားသခင်၏ ကိုယ်ပိုင်အလုပ်သည် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်အားလုံး၏ လှုပ်ရှားမှုနှင့် လားရာကို ကိုယ်စားပြုချိန်တွင် တမန်တော်များ၏ အလုပ်သည် ဘုရားသခင်၏ ကိုယ်ပိုင်အလုပ်နောက်သို့လိုက်ပြီး ခေတ်ကာလကို မဦးဆောင်သကဲ့သို့ ခေတ်တစ်ခေတ်လုံးမှ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်လားရာကိုလည်း ကိုယ်စားမပြုပေ။ သူတို့သည် စီမံခန့်ခွဲမှုအလုပ် လုံးဝမပါဝင်သော လူတို့လုပ်သင့်သည့် အလုပ်ကိုသာ လုပ်သည်။ ဘုရားသခင်၏ ကိုယ်ပိုင်အလုပ်သည် စီမံခန့်ခွဲမှုအလုပ်အတွင်းရှိ စီမံကိန်းဖြစ်သည်။ လူသား၏ အလုပ်သည် အသုံးပြုခြင်းခံရသော လူသားတို့၏ တာဝန်သာဖြစ်ပြီး စီမံခန့်ခွဲမှုအလုပ်နှင့် ဆက်နွှယ်ပတ်သက်မှု မရှိပေ။ အထက်ပါ အလုပ်နှစ်ခုစလုံးသည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ဖြစ်သော်လည်း အလုပ်၏ မတူညီသော ကိုယ်ပိုင်လက္ခဏာများနှင့် ကိုယ်စားပြုမှုများကြောင့် ဘုရားသခင်၏ ကိုယ်ပိုင်အလုပ်နှင့် လူသား၏ ကိုယ်ပိုင်အလုပ်ကြားတွင် ရှင်းလင်းပြီး ခြေခြေမြစ်မြစ်ရှိသော ကွဲပြားမှုများရှိလေသည်။ ထို့အပြင် မတူညီသော ကိုယ်ပိုင်လက္ခဏာများရှိသည့် အလုပ်ရည်ရွယ်ချက်များအပေါ်တွင် သန့်ရှင်းသော ဝိညာဉ်တော်က လုပ်ဆောင်သော အလုပ်၏ အတိုင်းအတာသည်လည်း ကွဲပြားသေးသည်။ ယင်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်၏ နိယာမများနှင့် နယ်ပယ်တို့ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ်” မှ

Read More »

ဘုရားသခင်အတွက် စစ်မှန်သောချစ်ခြင်းသည် အလိုအလျောက် ဖြစ်သည်

genuine-love-for-God-is-spontaneous

လူအားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် စစ်ဆေးခြင်းကို ခံကြရသည်။ လူ့ဇာတိ ခံယူသော ဘုရားသခင်ကြောင့်သာမဟုတ်ပါက လူသားမျိုးနွယ်သည် ထိုကဲ့သို့ဒုက္ခခံစားရဖို့ ကောင်းချီးခံရမည် မဟုတ်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်၏ စမ်းသပ်ခြင်းကို လက်ခံနိုင်သော သူများသည် ကောင်းချီးခံစားရသော သူများဖြစ်သည်ဟုလည်း ပြော၍ရသည်။ လူများ၏ နဂိုအရည်အသွေး၊ သူတို့၏ အပြုအမူနှင့် ဘုရားသခင်အပေါ် သူတို့၏ သဘောထားများကို အခြေခံကြည့်ပါက သူတို့သည် ဤကဲ့သို့သော စစ်ဆေးခြင်းကို လက်ခံရရှိဖို့ မထိုက်တန်ကြပေ။ ဘုရားသခင်က သူတို့ကို မြှင့်တင်ခဲ့သည့်အတွက်ကြောင့် ထိုသူတို့သည် ဤကောင်းချီးကို ခံစားရခြင်းဖြစ်သည်။ လူတွေက မိမိတို့မှာ ဘုရားသခင်၏ မျက်နှာကို မြင်ရရန် သို့မဟုတ် သူ၏နှုတ်ကပတ်တော်များကို ကြားရရန် မထိုက်တန်ကြပါဟု ပြောလေ့ရှိကြသည်။ ယနေ့ လူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ စစ်ဆေးခြင်းကို ရရှိကြခြင်းမှာ ဘုရားသခင်၏ မြှင့်တင်ခြင်းသက်သက်နှင့် သူ့၏ ကရုဏာသက်သက်ကြောင့် ဖြစ်သည်။ ဤသည်မှာ နောက်ဆုံးသော ကာလ၌ အသက်ရှင်နေထိုင်ကြသော လူတစ်ဦးချင်းစီတိုင်း၏ ကောင်းချီးဖြစ်၏။ ဤသည်ကို သင်တို့ကိုယ်တိုင် တွေ့ကြုံဖူးသလော။ လူများသည် မည်သည့်ရှုထောင့်များမှ ဒုက္ခခံရပြီး အခက်အခဲများ ရှိမည်ဆိုခြင်းကို ဘုရားသခင်က ကြိုတင်သတ်မှတ်ထားခြင်းဖြစ်ပြီး လူတို့ကိုယ်တိုင်၏ လိုအပ်ချက်များကို အခြေခံထားခြင်း မဟုတ်ပေ။ ဤအချက်က လုံးဝ မှန်ကန်သည်။ ယုံကြည်သူတိုင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ စမ်းသပ်မှုကို တွေ့ကြုံနိုင်စွမ်းနှင့် သူ့နှုတ်ကပတ်တော်အတွင်း၌ ဒုက္ခခံစားကြနိုင်စွမ်းကို ပိုင်ဆိုင်ကြရမည်။ ဤသည်မှာ သင်တို့ ရှင်းရှင်းလင်းလင်းမြင်နိုင်သောအရာ ဖြစ်သလော။ ထို့ကြောင့် သင်ကြုံတွေ့ခဲ့ရသော ဆင်းရဲဒုက္ခနှင့် ယနေ့ကောင်းချီးများကို ဖလှယ်လိုက်ခြင်း ဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်အတွက် ဒုက္ခမခံပါက သူ၏ချီးမွမ်းမှုကို မရရှိနိုင်ပေ။ သင်သည် ယခင်က မကျေမနပ် ညည်းညူခဲ့နိုင်သည်၊ သို့သော် သင်သည် မည်မျှပင် ညည်းညူပြောဆိုခဲ့ပါစေ ဘုရားသခင်က သင်နှင့်ပတ်သက်၍ ထိုအကြောင်းကို သတိရမည် မဟုတ်ပေ။ ယနေ့သည် ရောက်လာလေပြီ၊ ယမန်နေ့က ကိစ္စများကို ပြန်ကြည့်ဖို့ရန် အကြောင်းမရှိချေ။

Read More »

Myanmar Gospel Movie (ဒီလောက် သာယာလိုက်တဲ့ အသံ) သခင်ယေရှုပြန်လာမည့်ပရောဖက်ပြုချက်ဟာ ဘယ်လိုမျိုးမှန်လာမှာလဲ – အပိုင်း (၁)

      ဘာသာရေးအသိုင်းအဝိုင်းက လူတော်တော်များများဟာ သခင်မိုးတိမ်ကိုစီးပြီး ကြွလာမယ်ဆိုတဲ့ ပရောဖက်ပြုချက်ကို စွဲကိုင်ထားကြပြီး သူတို့ကို ကောင်းကင်နိုင်ငံဆီ ချီဆောင်ဖို့ ကိုယ်တော်က အဲဒီနည်းလမ်းအတိုင်း ကြွလာမှာကို စောင့်ဆိုင်းနေကြပေမယ့် လှို့ဝှက်စွာ သခင်လာမယ့်အကြောင်းကို သတိမထားမိကြပါဘူး။ “အသံတော်ကား၊ သူခိုးကဲ့သို့ ငါလာ၏။” (ဗျာဒိတ်ကျမ်း၁၆:၁၆) “သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှါ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။” (ရှင်မဿဲ ၂၅:၆) ဒါဆိုသခင်ပြန် ကြွလာမယ်ဆိုတဲ ပရောဖက်ပြုချက်ဟာ မည်သို့အမှန်စင်စစ်ဖြစ်လာမလဲ?ကျွနု်ပ်တို့ရော ပညာရှိသတို့သမီးကဲ့သို့ သခင်ပြန် ကြွလာမည်ကိုကြိုဆိုဖို့ ဘယ်လိုလုပ်ရမလဲ။

Read More »

၁) ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် လူ့ဇာတိခံယူပြီး အမှုတော်လုပ်ဆောင်ရန် လူသားအဖြစ်ပေါ်ထွန်းမည်ဟု သခင်ယေရှု ကိုယ်တော်တိုင်က ပရောဖက်ပြုခဲ့သည်။

ကျေးဇူးတော်, ခရစ်တော်, ဆုတောင်း, ပရောဖက်ပြု, ဘုရားသခင်၏ အသံတော်

၁။ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းနှင့်ပတ်သက်သည့် သမ္မာတရားများ

၁) ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် လူ့ဇာတိခံယူပြီး အမှုတော်လုပ်ဆောင်ရန် လူသားအဖြစ်ပေါ်ထွန်းမည်ဟု သခင်ယေရှု ကိုယ်တော်တိုင်က ပရောဖက်ပြုခဲ့သည်။
ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည် ကြွလာလိမ့်မည်။” (လု ၁၂:၄၀)

“လူသားသည် ကြွလာသောအခါ နောဧလက်ထက်၌ ဖြစ်သကဲ့သို့ ဖြစ်လိမ့်မည်။” (မ ၂၄:၃၇)Read More »

Myanmar Gospel Skit (အမွန္ဆိုတာ အမွား မဟုတ္နိုင္ပါ) How to Discern the True Christ and False Christs

ကယ်တင်ခြင်း

သခင်ယေရှုက “ငါသည် အလျင်အမြန် လာမည်” (ဗျာဒိတ် ၂၂:၁၂) ဟုဆိုခဲ့သည်။ နောက်ဆုံးသောကာလသည် သခင်၏ ပြန်လာခြင်းကို လက်ခံဖို့ရန် အရေးကြီးဆုံးသော အချိန်ဖြစ်သည်။ ဘာသာရေးဂိုဏ်းခွဲမှ ယုံကြည်သူ ကျန်းဟောင်အန်းသည် ဇနီးဖြစ်သူက သခင် ပြန်ကြွနေပြီဟူ၍ သက်သေခံသည်ကို ကြားရသောအခါ၊ သူက ရှာဖွေစူးစမ်းချင်သည်။ သို့ရာတွင် သူ၏ အသင်းတော်မှ သင်းအုပ်ဖြစ်သူက သူ့အား ဟန့်တားရန် အကြိမ်ကြိမ် ကြိုးစားလေသည်။ “အကြောင်းမူကား၊ ခရစ်တော်၏အယောင်ကို ဆောင်သောသူနှင့် မိစာၦပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသော နိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို ပြကြလိမ့်မည်။” (မဿဲ ၂၄:၂၄) ဟူသော သမ္မာကျမ်းစာပိုဒ်ကို ဟောပြော၍၊ သခင် ပြန်လာခြင်းအကြောင်း ဟောပြောသူတိုင်းသည် အတုအယောင်ဖြစ်သည်ဟု ပြောဆိုသောကြောင့်၊ ကျန်းဟောင်အန်းအား စိတ်ရှုပ်ထွေးစေခဲ့သည်။ သူ့ဇနီး၏ မိတ်သဟာယမှတစ်ဆင့်၊ ခရစ်တော်အစစ်အမှန်နှင့် ခရစ်တော်အတုအယောင်တို့ကို ခွဲခြားခြင်းနှင့်ဆိုင်သော သမ္မာတရား၏ လက္ခဏာသွင်ပြင်တို့ကို သူ နားလည်နိုင်လာပြီး၊ နောက်ဆုံးတွင် စိတ်ရှုပ်ထွေးမှုမှ သူ့ကိုယ်သူ ရုန်းထွက်လေသည်။ ယခု ဟာသပြဇာတ်တို ‘အမှန်ဆိုတာ အမှား မဟုတ်နိုင်ပါ’ ကို ကျေးဇူးပြု၍ ခံစားကြည့်ကြပါ။

Read More »

Myanmar Gospel Dance song (နိုင်ငံတော်၌ အသစ်ပြုပြင်သော အသက်တာအတွက် ချီးမွမ်းပါ)

ဘုရား၏အသံကို ကြား၊ အိမ်တော်ကို ကျွန်ုပ်တို့ ပြန်ခဲ့ပြီ
ပွဲတော် တက်ရောက် နှုတ်ကပတ်တော်ကို စားသုံးကြသည်
ဝမ်းနည်းခြင်းများကို နှုတ်ဆက်၊ အသက်တာသစ်တွင် အသက်ရှင်
နှုတ်ကပတ်တော် နေ့ရက်စဉ်တိုင်း ကျွန်ုပ်တို့နဲ့ အတူရှိနေ၊
နှုတ်ကပတ်တော်၌ ကျွန်ုပ်တို့ ဝမ်းမြောက်
သမ္မာတရားအား သိကျွမ်းဝေမျှဆွေးနွေးကာ
ကျွန်ုပ်တို့ နှလုံးသားများ ဝမ်းမြောက်
နှုတ်ကပတ်တော်ကို ဆင်ခြင်အောက်မေ့၊
ကျွန်ုပ်တို့ကို သန့်ရှင်းသောဝိညာဉ်တော် ဉာဏ်အလင်းပေး
သမ္မာတရားကို သိ၊လွတ်မြောက်ခြင်းရှိ သောကြောင့်
ကျွန်ုပ်တို့နှလုံးသားများ ကြည်နူးဝမ်းမြောက်မှုရှိ
မလိုမုန်းထားမှုများကင်းဝေး၊
ဘုရား၏မေတ္တာ၌ ကျွန်ုပ်တို့ အသက်ရှင်သည်
အချင်းချင်း မြတ်နိုးချစ်ခင်၊ ကျွန်ုပ်တို့ကြား စိမ်းကားမှုမရှိ
ဘုရား၏စိတ်နှလုံးကို ကျွန်ုပ်တို့ နားလည်၊ အဆိုးမြင်မှုများ မရှိတော့ပီ
နှုတ်ကပတ်တော်၌ အသက်ရှင်ရင်း
ဘုရား၏အလှကို ကျွန်ုပ်တို့ မြင်တွေ့
ဘုရား၏လမ်းပြမှုကြောင့် အလင်းလမ်းကို ကျွန်ုပ်တို့ လိုက်ကြသည်
ဘုရားသခင်အား ချီးမွမ်းသီချင်းများ ကျွန်ုပ်တို့ သီဆိုကြ
ကျွန်ုပ်တို့ ကခုန်ကြသည်
အသစ်သောအသက်တာကို ချီးမွမ်းကြ
ဘုရား၏နိုင်ငံတော်၌ ကျွန်ုပ်တို့ ပျော်မွေ့ကြသည်
ဘုရားသခင် ကျွန်ုပ်တို့ကို အပြည့်အဝကယ်တင်
သူ၏လူမျိုးများ ဖြစ်လာကြပြီ
သူ၏ပလ္လင်ရှေ့ ချီဆောင်ခံရခြင်းမှာ
အနှိုင်းမဲ့ ဝမ်းမြောက်ခြင်းပင်

Read More »