ဆုတောင်းခြင်း၏ တန်ခိုး- ကားမတော်တဆမှုတွင် နိမိတ်လက္ခဏာတစ်ခုကို သူမ မျက်မြင် ကြုံလိုက်ရသည်

ဂျော ဂျီဟန် တရုတ်ပြည်

ကျွန်မတို့ ဘဝတစ်လျှောက် ခရီးသွားစဉ်၊ ကျွန်မတို့ တစ်ယောက်တိုင်းသည် ကျွန်မတို့၏ မှတ်ဉာဏ်တွင် ကမ္မည်းထိုးထားပြီး၊ လုံးဝ မေ့လိမ့်မည် မဟုတ်သော ထူးခြားသော အဖြစ်အပျက်အချို့ကို တွေ့ကြုံခံစား ရပါလိမ့်မည်။ ကျွန်မကို အနက်ရှိုင်းဆုံးသော ခံစားချက်ဖြင့် ကျန်နေရစ်စေခဲ့သည့် အတွေ့အကြုံမှာ ကျွန်မခင်ပွန်း ကားမတော်တဆတိုက်မှုတွင် ပါဝင်ပြီး မည်သူတစ်ဦး တစ်ယောက်ကမျှ သူ နာလံထူနိုင်မည်၊ မထူနိုင်မည်ကို မသိသည့်အချိန်ဖြစ်သည်၊ ပြီးလျှင် ထိုနောက်ပိုင်းရက်များ အတွင်းတွင် ကျွန်မမည်သည့်အရာကို လုပ်ဆောင်ရ မှန်းမသိပဲနှင့် ခွန်အားလည်း တစ်စက်မျှ မရှိတော့ပါ။ သို့သော်လည်း ကျွန်မအတွက် ကွဲပြားသည်မှာ၊ ဘုရားသခင်က ကျွန်မနှင့် အတူရှိနေခဲ့ပြီး၊ ကျွန်မက ဘုရားသခင်၏ လမ်းပြမှုရရှိခဲ့သောကြောင့် ကျွန်မတွင် ပံ့ပိုးမှုတစ်ခုရှိနေခဲ့သည်၊ ပြီးလျှင် ဘုရားသခင်ကို ဆုတောင်းခြင်းနှင့် ကိုယ်တော့်ကို မှီခိုခြင်းတို့မှတစ်ဆင့်၊ ကျွန်မ၏ မျှော်လင့်ချက် ပျက်သုဉ်းခြင်းအလယ်တွင် အံ့ဖွယ်နမိတ်လက္ခဏာတစ်ခုကို မျက်မြင်တွေ့ခဲ့ရသည်။ ထိုဆိုးဝါးသည့် အချိန်တွင် ကျွန်မ ပို၍ ရရှိသည့်အရာမှာ ဘုရားသခင်၏ သြဇာအာဏာနှင့် အချုပ်အခြာတို့ကို နားလည်သဘောပေါက်လာခြင်းနှင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို စစ်မှန်သော အသိအမှတ်ပြုခြင်း တို့ဖြစ်ပါသည်။

ချီးမွမ်းခြင်း, ဆုတောင်းခြင်း, ထာဝရအသက်, ယုံကြည်ခြင်း, ခရစ်ယာန်Read More »

ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ သဘာဝမှာ အဘယ်နည်း

ကယ်တင်ခြင်း, ချီးမွမ်းခြင်း, ဆုတောင်းခြင်း, ယုံကြည်ခြင်း, သမ္မာတရား

ရှီကြူ၊ ဟေလုံကျန်း ပြည်နယ်

ဘုရားနှုတ်ကပတ်တော်များက- “အကယ်၍ သင်သည် ငါ့အားအစဉ်အမြဲသစ္စာရှိ၍ ငါ့အပေါ်မေတ္တာထားသော်လည်း သည်းထန်စွာဖျားနာခြင်း၊ ဘဝတွင်ဆင်းရဲခြင်း၊ မိတ်ဆွေများနှင့် ဆွေမျိုးသားချင်းများ၏ ပစ်ပယ်မှုကို ခံရခြင်းနှင့် ဘဝအကြောင်းမလှခြင်း စသည့်ဒဏ် အမျိုးမျိုးကို ခံစားခဲ့ရသော် ငါ့အားသစွာရှိခြင်းနှင့် ချစ် ခြင်း ဆက်လက်၍ မြဲမည်လော။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဆိုးရွားလှသော ပြဿနာ- သစ္စာဖောက်ခြင်း (၂)”) ဟု ပြောပါသည်။ လူသားအပေါ် ဘုရားသခင် ရှိသည့် ဤတောင်းဆိုချက်ကို ကျွန်မ ဖတ်ရှုသည့်အခါတိုင်းတွင်၊ ပြောမပြတ်တတ်အောင် ဝမ်းနည်းမှုကို ကျွန်မ ခံစားရပြီး၊ “အို ဘုရားရှင်။ ကိုယ်တော့်ကို သစ္စာရှိပြီး ချစ်တဲ့သူတွေကို ဘယ်လိုဖြစ်ပြီး အဲဒီလို ကံဆိုးခြင်းကို ကြုံခွင့်ပေးနိုင်ရတာလဲ။ အရင်က အထက်မှ ညီအစ်ကိုက ‘လူသားအပေါ် ဘုရားသခင်ရဲ့ နောက်ဆုံးတောင်းဆိုချက်က ချစ်ခြင်းနဲ့ ရိုးသားခြင်းဖြစ်တယ်’ လို့ ပြောပြီး မိတ်သဟာယပြုပေးခဲ့တယ်။ ဒါကို ကျွန်မတို့ ဘယ်လို နားလည်ရပါ့မလဲ” ဟု တွေးမိပါသည်။ ဤစကားလုံးများက ကျွန်မကို အမြဲ အကြံအိုက်စေခဲ့သည်။Read More »

နောင်တလမ်းနှင့် ထာဝရအသက်လမ်းတို့အကြား ခြားနားမှုများ

နောင်တလမ်းနှင့် ထာဝရအသက်လမ်းတို့အကြား ခြားနားမှုများ

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“ငါ့စကားကို ကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသား တို့ကို ကယ်တင်အံ့သောငှါငါလာ၏။ ငါ့ကိုပယ်၍ ငါ့စကားကို နာမခံသောသူအား အပြစ်စီရင်သော သူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။” (ယော ၁၂:၄၇-၄၈)

“သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်အဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြ လိမ့်မည်။” (ယော ၁၆:၁၂-၁၃)

“သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။” (မ ၇:၂၁)Read More »

ဝိညာဉ်ရေးရာ တိုက်ပွဲတွင် စုံစမ်းသွေးဆောင်ခြင်းကို အောင်နိုင်ရန် နည်းလမ်း ၃ သွယ်

ခရစ်ယာန်, ဆုတောင်းခြင်း, ထာဝရအသက်, ယုံကြည်ခြင်း, သက်သေခံချက်များ

ဂျင်းရှင်း တောင်ကိုးရီးယား

ညီအစ်ကိုမောင်နှမတို့

သခင့်ထံ၌ ငြိမ်သက်ခြင်းရှိကြပါစေ။ ဝိညာဉ်ရေးရာ တိုက်ပွဲများသည် တစ်ခါတရံမှ ဖြစ်ခြင်းမဟုတ်ဘဲ ကျွန်မတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် နောက်တော်သို့ လိုက်ခြင်း အချိန်ကာလတစ်လျှောက်လုံး ဖြစ်ပေါ်လိမ့်မည်။ ငွေ၊ အဆင့်အတန်း၊ နာမည်နှင့်ပတ်သက်သည့် စုံစမ်းသွေးဆောင်ခြင်းများ၊ အမျိုးသားနှင့်အမျိုးသမီးကြားရှိ စုံစမ်းသွေးဆောင်ခြင်းများရှိကြပြီး မယုံကြည်သူများ၏ အသရေဖျက်ခြင်း၊ ချစ်ခင် နှစ်သက်ရသောသူများထံမှ အတားအဆီးနှင့် ချုပ်ချယ်မှုတို့အပြင် ဆိုးယုတ်သော အစိုးရ၏ လိုက်လံဖမ်းဆီးပြီး ဖိနှိပ်ခံရခြင်းတို့ရှိကြသည်။ တစ်ခါတစ်ရံတွင် လုံးလုံး မမျှော်လင့်ထားသည့် ဘေးဒုက္ခက ကျွန်မတို့ အပေါ် ကျရောက်လာသည်။ သမ္မာကျမ်းစာထဲတွင် “ သမ္မာသတိရှိလျက် မအိပ်ဘဲစောင့်နေကြလော့။ သင်တို့၏ ရန်သူတည်းဟူသော မာရ်နတ်သည်၊ ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကို မျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက်ရှိ၏။” (၁ ရှင်ပေတရု ၅:၈) ဟု ပြောထားပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်က “ကမ္ဘာမြေကြီးပေါ်တွင် ဝိညာဉ်ဆိုးများ အမျိုးမျိုးတို့သည် နားခိုရန်နေရာကို မပြီးနိုင်မဆုံးနိုင် ရှာဖွေချောင်းမြောင်းလျက် ရှိကြပြီး လူသေအလောင်း များကို စားကြရန် မရပ်နိုင်မနားနိုင်ပင် လိုက်လံရှာဖွေနေကြသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ အခန်း ၁၀” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်မျာ) ဟု မိန့်တော်မူထားသည်။ ကျွန်မတို့ နံဘေးတွင် စာတန်မရှိသည့် အခိုက်အတန့် တစ်ခုတစ်လေမျှပင် မရှိပါ၊ ကျွန်မတို့က အဆုံးသတ်တွင် ကျွန်မတို့သည် အဆုံးသတ်တွင် စာတန်အားဖြင့် တစ်ကိုယ်လုံး ဝါးမျိုခြင်းကိုခံရ စေရန်အတွက် ကျွန်မတို့အား မကောင်းမှုအတွင်းသို့နှစ်မြုပ်စေရန်၊ ဘေးအန္တရာယ် အတွင်းသို့ကျရောက်ပြီး ကျွန်မတို့ကိုယ်ကျွန်မတို့ ဘုရားသခင်ထံမှ ဝေးကွာစေဖို့ ပြုလုပ်ရန်၊ ဘုရားသခင်ကို သစ္စာဖောက်ရန်အတွက် ကြိုးစားလျက် စာတန်သည် ကျွန်မတို့အား သွေးဆောင်ရန်၊ စမ်းသပ်ပြီး ဖိနှိပ်ရန် မည်သည့် လူ၊ ဖြစ်ရပ် သို့မဟုတ် အကြောင်းအရာတို့ကို မဆိုအသုံးပြုရန်အတွက် ကြိုးစားတွေးတောလျက်ရှိသည်။ ကျွန်မတို့က သမ္မာတရားမရှိလျှင်၊ ထိုးထွင်းသိမြင်မှုလည်း မရှိပါ၊ ကျွန်မတို့က ဝိညာဉ်ရေးရာ တိုက်ပွဲကို ရှင်းလင်းစွာ မမြင်တွေ့နိုင်ပါက၊ ကျွန်မတို့ ဘုရားသခင်၏ နှုတ်ကပတ်တော်တွင် ခိုင်မာစွာ မနေနိုင်ပါက၊ ကျွန်မတို့သည် ဇာတိပကတိ၏ အကျိုးခံစားမှုများနှင့် နှစ်သက်မှုများနောက်သို့ လိုက်နိုင်ခြေရှိမည်ဖြစ်သည်၊ စာတန်၏ ကွန်ရက်ထဲ ကျရောက်ပြီး၊ ကျွန်မတို့ သက်သေခံချက်များကို ဆုံးရှုံးလိမ့်မည်။ ခရစ်ယာန်များအနေဖြင့် စာတန်၏ လှည့်စားမှုများကို သတိပြုမိရန် နည်းလမ်းကို သင်ယူခြင်းသည် အရေးကြီးသည်။ ထို့ကြောင့် ကျွန်မတို့က ဝိညာဉ်ရေးရာ တိုက်ပွဲအလယ်တွင် စာတန်၏ လှည့်စားမှုကို ထိုးဖောက်မြင်နိုင်ပြီး၊ ဘုရားသခင်အတွက် သက်သေခံနိုင်ရန် မိမိတို့ကိုယ်ကို မည်သို့ လုပ်ဆောင်မည်နည်း။ ကျွန်မအနေဖြင့် စာတန်၏ စုံစမ်းသွေးဆောင်ခြင်းအပေါ် အောင်ပွဲခံနိုင်ရန်အတွက် လက်တွေ့လုပ်ဆောင်ခြင်းဆိုင်ရာ လမ်းကြောင်းသုံးသွယ် ကို သင်နှင့် မိတ်သဟာယ အချို့ဝေငှလိုပါသည်။Read More »

ခရစ်ယာန်သီချင်း | ဘုရားရဲ့ ကောင်းချီးအပေါ်ထားတဲ့ ယောဘရဲ့ သဘောထား

ကရုဏာ, ခရစ်ယာန်သီချင်း, ဆုတောင်းခြင်း, ရိုသေ ကိုင်းရှိုင်းခြင်း

myanmar christian song | ဘုရားရဲ့ ကောင်းချီးအပေါ်ထားတဲ့ ယောဘရဲ့ သဘောထား


ယောဘဟာ သူလက်ထဲပိုင်သမျှ
သူ့ ကြိုးပမ်းမှုမဟုတ်ဘဲ ဘုရားပေးခဲ့တာကိုယုံခဲ့တယ်။
ကောင်းချီးတွေကို အခွင့်ကောင်းယူစရာလို့ မမြင်ဘဲ
သူ လိုက်နာရမယ့် လမ်းစဉ်ကို သူ့ဘဝရဲ့
လမ်းညွှန်ချက်လို ဆုပ်ကိုင်ထားတယ်
ယောဘဟာ ဘယ်တုန်းကမှဘုရားပေးတဲ့
ကောင်းချီးကြောင့် အပျော်မလွန်ခဲ့ပါ။
ရရှိခဲ့တဲ့ ကောင်းချီးတွေကြောင့် ဘုရားရဲ့ နည်းလမ်းနဲ့
ဘုရား ရဲ့ ကျေးဇူးတော်ကို လည်းမမေ့ခဲ့ပါ

Read More »

ခရစ်ယာန်သီချင်း | ဘုရားရဲ့ ရင်းနှီးသူသာ သူ့ကိုဆက်ကပ်ဖို့ ထိုက်တန်

ကျေးဇူးတော်, ခရစ်ယာန်, ဆုတောင်းခြင်း, ဓမ္မသီချင်း, သခင်ကို ချစ်ခြင်း

ခရစ်ယာန်သီချင်း | ဘုရားရဲ့ ရင်းနှီးသူသာ သူ့ကိုဆက်ကပ်ဖို့ ထိုက်တန်


ဘုရားကိုဆက်ကပ် တဲ့သူဟာ သူ့ရဲ့ရင်းနှီးသူဖြစ်ရမယ်
ဘုရားကချစ်တဲ့သူ၊ ဘုရားကိုသစ္စာရှိတဲ့သူ။
လူအရှေ့ မှာဖြစ်ဖြစ် နောက်ကွယ်မှာဖြစ်ဖြစ် ဆက် ကပ်တဲ့အခါ
ဘုရားရဲ့ ဝမ်းမြောက်မှုကို ရယူနိုင်ပြီး
ဘုရား အ ရှေ့မှာ မြဲမြဲရပ်တည်နိုင်မယ်။
သူများတွေသင့်ကို ဘယ်လိုပဲဆက်ဆံ
သင့်လမ်းသင်လျှောက်ပြီး
သင့်ဒုက္ခတွေကို ဘုရားဆီအပ်နှံမယ်။
ဒါဟာ ဘုရားရဲ့ ရင်းနှီးသူပါ
ဒါဟာ ဘုရားရဲ့ ရင်းနှီးသူပါ
ဘုရားရဲ့ ရင်းနှီးသူဟာဘုရားယုံနိုင်သူ
သူတို့ဟာ ဘုရားရဲ့ပူပန်မှုနဲ့ အလိုတော်ကို ခံစားတတ်တယ်။
နာကျင်ပြီး အားနည်းပေမယ့် တောင့်ခံနိုင်တယ်
ကိုယ့်အကြိုက်ကိုစွန့်ပြီး ဘုရားကိုကျေနပ်စေတယ်၊ ကျေနပ်စေတယ်

Read More »

Myanmar Worship Song 2018 (တမ်းတခြင်းအနှစ် နှစ်ထောင်) The Savior, Lord Jesus, Has Appeared

မိတ်ဆက်ခြင်း
Myanmar Worship Song 2018 (တမ်းတခြင်းအနှစ် နှစ်ထောင်) The Savior, Lord Jesus, Has Appeared

လူ့ဇာတိခံယူသောဘုရား ဘာသာရေးလောကကိုရိုက်ခတ်ပြီ၊
ဘာသာရေးစနစ်ကိုမှောက်လှန်၍၊
ဘုရား၏ပေါ်ထွန်းခြင်းကိုတောင့်တသောသူများ၏
စိတ်ဝိညာဉ်များကိုလှုပ်ရှားစေပြီ။
ဤသည်ကိုမအံ့သြသောသူရှိသလား?
ဘုရားရှင်ကိုမတွေ့မြင်ချင်သောသူရှိသလား?
လူသားများကြားဘုရား သခင်သည်နှစ်များစွာ
ရောက်ရှိသော်လည်း လူသားက သတိမထားမိကြပါ။
ယနေ့၊ဘုရားရှင်ကိုယ်တိုင်ပေါ်လာပြီလူသားနှင့်
သူ၏အချစ်ဟောင်းကိုပြန်လည်ရှင်စေဖို့။
Read More »