၉။ ဘုရားကိုသိခြင်းလမ်းကို ကျွန်တော်မြင်သည်

ကယ်တင်ခြင်း, ဆုတောင်း, သက်သေခံချက်, သမ္မာတရား

ရှင်းကောင်း ၊ ရှန်ဇီ စီရင်စု

တစ်နေ့တွင် ဘုရားသခင်၏နူတ်ကပတ်တော်တွေထဲမှ အောက်ပါ စာပိုဒ်ကို ကျွန်တော် တွေ့ခဲ့ရသည်။ “ယေရှုကို ပေတရု သိလာသည့်အကြောင်း”- “ယေရှုနောက်ကိုလိုက်သည့် အချိန်မှာပင် ပေတရုသည် ယေရှု၏ စကားတော်များ၊ လုပ်ရပ်များ၊ လုပ်ရှားမှုများနှင့် ဖော်ပြပုံများဖြစ်သည့် ယေရှု၏ သက်တော်စဉ်အကြောင်းကို လေ့လာကာ နှလုံးသွင်းမှတ်သားလာခဲ့သည်။…ယေရှုနှင့် တွေ့ဆုံခဲ့သည့်အချိန်မှစ၍ ပေတရုက ယေရှု၏ စရိုက်လက္ခဏာတို့သည် သာမန်လူများနှင့် မတူခြားနားကြောင်းကိုလည်း သတိပြုမိခဲ့သည်။ သူသည် အမြဲတစေ တည်တည်ငြိမ်ငြိမ်ရှိပြီး အလောတကြီး မည်သည့်အခါမျှ မလုပ်ဆောင်ခဲ့သကဲ့သို့ မည်သည့်အခါမျှ ချဲ့ကားမပြောဘဲ ကိစ္စတစ်ခုခုကိုလည်း အရေးမကြီးလေဟန် မှေးမှိန်ပစ်ခြင်းမျိုး မလုပ်သည့်အပြင် မိမိဘဝကို သာမန်ဆန်ပြီး နှစ်လိုဖွယ်ကောင်းအောင် နေထိုင်ခဲ့သည်။ စကားပြောသည့်အခါတွင်လည်း ယေရှုသည် ရည်မွန်ပြီး ယဉ်ကျေးသိမ်မွေ့သကဲ့သို့ ပွင့်လင်းပြီး ရွှင်လန်းတက်ကြွသော်လည်း သဘောရိုးပြီး၊ မိမိအလုပ်ကို လုပ်သည့်အခါတွင်လည်း သူ့ဂုဏ်သိက္ခာကို မည်သည့်အခါမျှ မကျအောင် လုပ်ခဲ့သည်။ ယေရှုက တစ်ခါတစ်ရံ နှုတ်နည်းသော်လည်း အခြားအချိန်များတွင် ဆက်တိုက် စကားပြောဆိုတတ်ခြင်းကိုလည်း ပေတရုတွေ့ဖူးသည်။ တစ်ခါတစ်ရံ ကိုယ်တော် အလွန်ပျော်ရွှင်သည့် အခါမျိုး၌ ချိုးငှက်တစ်ကောင်ကဲ့သို့ လျင်မြန်သွက်လက် တက်ကြွနေသလို၊ ဝမ်းနည်းသည့်အခါ၌ ရာသီဥတုဒဏ် အဆက်မပြတ်ခံထားရသည့် ငှက်မိခင်ကဲ့သို့မျိုး စကားတစ်ခွန်းမျှ မပြောဘဲ နေသည့်အချိန်များလည်း ရှိခဲ့သည်။ ကိုယ်တော် ဒေါသထွက်သည့်အချိန်မျိုးတွင်မူ ရန်သူများကို ချေမှုန်းဖို့ ဆန္ဒစောနေသည့် ရဲရင့်သည့်စစ်သားပုံပေါက်နေသကဲ့သို့ တစ်ခါတစ်ရံတွင် ဟိန်းဟောက်နေသည့် ခြင်္သေ့တစ်ကောင်လိုမျိုးလည်း ဖြစ်နေတတ်သည်။ တစ်ခါတစ်ရံပြုံးပြီး တစ်ခါတစ်ရံ ကိုယ်တော်သည် ဆုတောင်းပြီး ငိုကြွေးနေတတ်သူဖြစ်သည်။ ယေရှု ဘယ်လိုပင် ဖြစ်နေပါစေ၊ ပေတရုသည် ကိုယ်တော့်အပေါ် လေးစားမှုများနှင့် အဆုံးမဲ့အချစ်များ ထားရှိမှုသည် ကြီးထွားလာနေခဲ့သည်။ ယေရှု၏ ကရုဏာ၊ ခွင့်လွှတ်မှုနှင့် စည်းကမ်းရှိမှုတို့သည် ပေတရုအား ယေရှုအပေါ် အမှန်တကယ် ချစ်လာစေသကဲ့သို့ ကိုယ်တော့်ကို စစ်မှန်စွာ ကြည်ညိုလျက် မျှော်လင့်တောင့်တနေစေသည်။ ယေရှု၏ ရယ်မောသံသည် ပေတရုကို ပျော်ရွှင်ခြင်းများနှင့် ပြည့်နှက်နေစေခဲ့သည်၊ ယေရှု၏ ဝမ်းနည်းမှုများသည် သူ့ကို ပူဆွေးခြင်းသို့ ရောက်စေခဲ့သည်၊ ယေရှု၏ အမျက်ဒေါသသည် သူ့ကို ကြောက်ရွံစေသည်။ ဟုတ်ပါသည်။ ပေတရုသည် ယေရှု၏အနားတွင် နှစ်အနည်းငယ်နေထိုင်ပြီးမှသာ ၎င်းတို့ကို တစ်ဖြည်းဖြည်း သိကျွမ်းလာခဲ့ခြင်းပင်ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) ဤစာပိုဒ်ကို ဖတ်ပြီးသည့်နောက် ကျွန်တော် စဉ်းစားမိသည်။ ပေတရုတွင် ဘုရားကိုသိခြင်း ဉာဏ်ပညာရှိသည်မှာ အံ့သြစရာမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် သခင်ယေရူဘေးတွင် နေ့ရော ညပါ ရှိနေခဲ့သည်။ သခင်ယေရူ၏ စကားလုံးတိုင်းနှင့် လှုပ်ရှားမှုတိုင်းကို သူကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရသည်။ ပြီးလျှင် ဘုရားသခင်၏ နှစ်သက်ဖွယ်ကောင်းခြင်း တော်တော်များများကို သူ ရှာဖွေတွေ့ရှိခဲ့ရသည်။ ထို့ကြောင့် သူသည် ဘုရားသခင်ကိုသိခြင်း ဉာဏ်ပညာကို ရရှိခဲ့သည်။ ယခုအချိန်သည်လည်း ဘုရားသခင်က လူ့ဇာတိခံယူပြီးလျှင် ကိုယ်တော်တိုင် လူသားတို့ ကမ္ဘာကို ဆင်းသက်လာပြီး လုပ်ဆောင်သော အချိန်ကာလဖြစ်ပါသည်။ အကယ်၍ ကျွန်တော်သာ ဘုရားသခင်နှင့် ထိတွေ့နိုင်ပြီး ပေတရုကဲ့သို့ သူနှင့် အတူတူ နေဖို့ အခွင့်အလမ်းကို ရခဲ့မည်ဆိုလျှင် ၊ ကျွန်တော် ဘုရားသခင်ကို ဒီထက်ပိုပြီး သိနိုင်မည် မဟုတ်လော။ ယခုတွင် ဘုရားသခင်၏ နူတ်ကပတ်တော်ကို ဖတ်နိုင်သော်လည်း ခရစ်တော်၏မျက်နှာကို မမြင်နိုင်သည်မှာ တော်တော်ဆိုးသည်။ ဤသို့ဆိုလျှင် ဘုရားသခင်ကို အမှန်တကယ်သိခြင်း ဉာဏ်ပညာကို ကျွန်တော် မည်သို့ရနိုင်မည်နည်း။Read More »

၂) ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ခေတ်များတစ်လျှောက်တွင် ဘုရားသခင် အသုံးပြုသည့် လူများ၏ သမ္မာတရားနှင့် ကိုက်ညီသည့် စကားများကြား ကွဲပြားမှုများမှာ အဘယ်နည်း။

ခရစ်တော်, ယုံကြည်ခြင်း, သခင်ယေရှု, သမ္မာကျမ်းစာ, သမ္မာတရား

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

သမ္မာတရားသည် ဘဝဆောင်ပုဒ်များ၏ အစစ်မှန်ဆုံးသောအရာဖြစ်ပြီး လူသားမျိုးနွယ်အားလုံးအကြား ထိုကဲ့သို့ဆောင်ပုဒ်များ၏ အမြင့်ဆုံးသောအရာဖြစ်သည်။ ယင်းမှာ ယင်းမှာ ဘုရားသခင်က လူသားအပေါ် တောင်းဆိုချက်ဖြစ်ပြီး ဘုရားသခင်ကိုယ်တိုင် လုပ်ဆောင်သည့်အမှု ဖြစ်သောကြောင့် ယင်းကို ဘဝ၏ ဆောင်ပုဒ်ဟုခေါ်ခြင်း ဖြစ်သည်။ ယင်းမှာ တစ်စုံတစ်ရာမှ ကောက်ချက်ချ ထားသော ဆောင်ပုဒ်တစ်ခု မဟုတ်သလို၊ ကြီးမြတ်သောပုဂ္ဂိုလ်တစ်ဦးထံမှ နာမည်ကျော်ကိုးကားချက်တစ်ခုလည်း မဟုတ်ပေ၊ ယင်းအစား၊ ၎င်းမှာ လူသားမျိုးနွယ်ဆီ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့၏ အရှင်သခင်ထံမှ မိန့်မြွက်ချက်ဖြစ်ပြီး၊ လူသားမှ ကောက်ချက်ချ ထားသော စကားလုံးအချို့မဟုတ်ဘဲ ဘုရားသခင်၏ ပင်ကိုအသက်ဖြစ်သည်။ ထို့ကြောင့်၊ ယင်းကို ဘဝဆောင်ပုဒ်အပေါင်း၏ အမြင့်ဆုံးဟု ခေါ်ခြင်းဖြစ်သည်။Read More »

မည်သည့်အခါမျှ မပျောက်ကွယ်နိုင်သည့် အသက်စွမ်းအား

အသက်, ခရစ်ယာန်, ဆုတောင်း, ယုံကြည်ခြင်း, အသင်းတော်

ဒွန်မေး၊ ဟေနန်စီရင်စု

ကျွန်မသည် ပုံမှန်ဖြစ်ရိုးဖြစ်စဉ် ဘဝတစ်ခုဖြင့် အသက်ရှင်နေထိုင်ခဲ့သည် သာမန်လူတစ်ယောက်သာ ဖြစ်သည်။ အလင်းရောင်ကို တမ်းတသည့် လူများစွာကဲ့သို့၊ ကျွန်မ၏ အသက်တာ ပို၍အဓိပ္ပာယ်ရှိနိုင်စေရန် လူသားတည်ရှိမှု၏ စစ်မှန်သော အဓိပ္ပာယ်ကို ရှာဖွေရန် နည်းလမ်းများစွာကို ကျွန်မ ကြိုးစားခဲ့ပါသည်။ အဆုံးတွင် ကျွန်မ၏ အားထုတ်ကြိုးပမ်းမှုများအားလုံး အချည်းနှီးဖြစ်ခဲ့ရလေသည်။ သို့သော် နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ အမှုတော်ကို လက်ခံဖို့ ကံကောင်းထောက်မပြီးနောက်၊ ကျွန်မ၏ အသက်တာတွင် အံ့ချီးဖွယ် အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သည်။ ၎င်းက ကျွန်မ၏ အသက်တာကို ပို၍အဓိပ္ပာယ်ရှိစေခဲ့ပြီး၊ ဘုရားသခင်သည်သာ လူများ၏ ဝိညာဉ်များနှင့် အသက်များ၏ စစ်မှန်သော ပံ့ပိုးသူ ဖြစ်ကြောင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များသာ လူသား အသက်တာ၏ စစ်မှန်သော အဓိပ္ပာယ်ပါဝင်ကြောင်း တို့ကို ကျွန်မ နားလည်သဘောပေါက်လာခဲ့သည်။ ကျွန်မသည် အသက်တာတွင် မှန်ကန်သော လမ်းကြောင်းကို နောက်ဆုံးတွင် ရှာတွေ့ခဲ့သည့်အတွက် ဝမ်းမြောက်ခဲ့သည်။ သို့သော်လည်း တစ်ရက်၌ ကျွန်မ၏ တာဝန်ကို ထမ်းဆောင်နေစဉ်တွင်၊ ကျွန်မသည် တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ တရားမဝင် ဖမ်းဆီးခြင်းကိုခံရပြီး၊ လူမဆန်စွာ နှိပ်စက် ခံခဲ့ရသည်။ ထို့နောက် ကျွန်မသည် မိမိ၏အသက်တာခရီးလမ်းထဲတွင် ထာဝရ စွဲထင်ကျန်နေမည့် ဘဝအတွေ့အကြုံ တစ်ခုကို ကြုံခဲ့ရပါသည်။Read More »

【Live】ခရစ်ယာန်ဘာသာ ရုပ်ရှင် | ကျွန်တော့်သခင် ဘယ်သူလဲ


လောင်ကျင်းကျုံဟာ တရုတ်ပြည်က အိမ်တွင်းအသင်းတော်တစ်ခုရဲ့ အကြီးအကဲတစ်ဦးဖြစ်ပါတယ်။ သူဟာ အနှစ်သုံးဆယ်ကျော်လောက် ယုံကြည်သူတစ်ဦးဖြစ်ခဲ့ပြီး “သမ္မာကျမ်းစာသည် ဘုရားသခင် မှုတ်သွင်းတော်မူခြင်းဖြစ်တယ်”၊ “သမ္မာကျမ်းစာသည် ဘုရားသခင်ကို ကိုယ်စားပြုတယ်၊ ဘုရားသခင်ကို ယုံကြည်တာဟာ သမ္မာကျမ်းစာကို ယုံကြည်ခြင်းပဲ၊ သမ္မာကျမ်းစာကို ယုံကြည်ခြင်းဟာ ဘုရားသခင်ကို ယုံကြည်ခြင်းပဲ” ဆိုတာကို စွဲစွဲမြဲမြဲဆုပ်ကိုင်ထားသူတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့နှလုံးသားထဲမှာ၊ သမ္မာကျမ်းစာဟာ ပဓာနပါပဲ။ သမ္မာကျမ်းစာအပေါ် သူ့ရဲ့ချစ်မြတ်နိုးမှုနဲ့ မျက်စိမှိတ်ယုံကြည်မှုတို့ကြောင့်၊ နောက်ဆုံးသောကာလထဲက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့အမှုတော်ကို မရှာဖွေ မလေ့လာခဲ့ဘူး။ တစ်ရက်မှာတော့၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို အွန်လိုင်းပေါ်ကနေ ဖတ်နေတဲ့ ယုံကြည်သူတွေကို တားဆီးပိတ်ပင်ခဲ့ရာကနေ၊ အနန္တတန်ခိုးရှင် ဘုရားသခင်အသင်းတော်က တရားဟောဆရာတွေနဲ့ ကြုံဆုံဖို့ အခွင့်အရေးရခဲ့ပါတယ်။ သမ္မာတရားနဲ့ ပတ်သက်ပြီး အခြေအတင် ဆွေးနွေးခဲ့ပြီးနောက်၊ သမ္မာကျမ်းစာနဲ့ ဘုရားသခင်ရဲ့ ကြားထဲက ဆက်နွယ်မှုကို သူရှင်းရှင်းလင်းလင်း မြင်လာနိုင်မှာလား။ သမ္မာကျမ်းစာကနေ ဖယ်ခွာပြီး ခရစ်တော်ဟာ သမ္မာတရား၊ လမ်းခရီးနဲ့ အသက် ဖြစ်တယ်ဆိုတာကို သူနားလည်နိုင်ခဲ့လား။ ဘုရားသခင့်ရှေ့ကို သူချီဆောင်သွားခြင်းခံရမှာလား။Read More »

Myanmar Christian Song (နောက်ဆုံးသောကာလ ခရစ်တော်ရဲ့အမှုတော်နဲ့ ပုံသဏ္ဍာန်ကို မည်သို့ သိရမလဲ)

Myanmar Christian Song (နောက်ဆုံးသောကာလ ခရစ်တော်ရဲ့အမှုတော်နဲ့ ပုံသဏ္ဍာန်ကို မည်သို့ သိရမလဲ)


ဘုရားရဲ့လူ့ဇာတိခံယူခြင်းဟာ
ဘုရားရဲ့သဘောသဘာဝနဲ့ဖွင့်ပြချက်ကို ကိုယ်စားပြုဖော်ပြ
သူ လူ့အဖြစ်ခံယူချိန် သူ မည်သူဆိုတာ ဖွင့်ပြရန်၊
လူဆီသို့ သမ္မာတရားဆောင်ယူရန်၊
အသက်ပေး၍လမ်းပြရန်
သူ့ကို ပေးအပ်သော အမှုတော်ကို ဆောင်ရွက်
ဘုရားရဲ့သဘောသဘာဝ မပါသော လူမှန်သမျှ
လူ့ဇာတိခံဘုရား ဧကန်မဟုတ်

Read More »

ဒုက္ခများသောအချိန်တွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်က ကျွန်မကို အားပေးမှုဖြင့် ထောက်ပံ့ခဲ့သည်

ကျေးဇူးတော်, ခရစ်တော်, ချီးမွမ်းခြင်း, ဆုတောင်း, ယုံကြည်ခြင်း

ချန်းဟူးရီ၊ ကျန်းစုစီရင်စု

ကျွန်မသည် တရုတ်ပြည်၌ သာမန်မိသားစုတစ်စုမှ ကြီးပြင်းလာခဲ့သည်။ ကျွန်မ၏ ဖခင်က စစ်တပ်ထဲမှဖြစ်ပြီး၊ ကျွန်မ ငယ်ရွယ်စဉ်က သူ၏ ပုံသွင်းခံရပြီး၊ သြဇာလွှမ်းမိုး ခံရသောကြောင့် စစ်သားတစ်ယောက်၏ ဘဝပေးတာဝန် နှင့် ဝတ္တရားတို့သည် မိခင်နိုင်ငံကို အမှုထမ်းရန်၊ တရုတ်ကွန်မြူနစ်ပါတီနှင့် ပြည်သူတို့၏ ကိုယ်စား အမိန့်များနာခံပြီး၊ ကိုယ်ကျိုးမငဲ့စွာ အမှုထမ်းရန်တို့ဖြစ်သည်ဟု ယုံကြည်လာခဲ့သည်။ ကျွန်မကိုယ်တိုင်လည်း စစ်သားတစ်ယောက် ဖြစ်လာရန်နှင့် ကျွန်မ အဖေ၏ ခြေလှမ်းအတိုင်း လိုက်လျှောက်ရန် သံန္နိဌာန်ချလာခဲ့သည်။ သို့သော်လည်း အချိန်ကုန်လာပြီး၊ အချို့သော အဖြစ်အပျက်များ ဖြစ်ပျက်လာခဲ့သည်နှင့်အညီ ကျွန်မ၏ ဘဝ လမ်းကြောင်းနှင့် ကျွန်မ၏ လိုက်စားမှုများနှင့် ပတ်သက်သည့် ခံယူချက်များ တဖြည်းဖြည်းချင်း ပြောင်းလဲသွားခဲ့သည်။ ၁၉၈၃ ခုနှစ်တွင် ကျွန်မသည် သခင်ယေရှု၏ ဧဝံဂေလိတရားကို ကြားခဲ့သည်။ ကျွန်မကဲ့သို့ ငယ်ရွယ်စဉ်က ဘုရားမဲ့ဝါဒနှင့် တရုတ်ကွန်မြူနစ်ဝါဒ အတွေးအမြင်စနစ်တို့အားဖြင့် အဆိပ်ခတ်ခံခဲ့ရသည့် လူတစ်ယောက်ကို သခင်ယေရှု၏ ချစ်ခြင်းမေတ္တာဖြင့် နက်ရှိုင်းစွာ တို့ထိခံရခွင့်ပေးသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အထူးလမ်းပြမှု ဖြစ်ခဲ့ပါသည်။ ဧဝံဂေလိတရားကိုကြားလျက် ဘုရားသခင်ကို ယုံကြည်ခြင်း ဘဝတစ်ခုပေါ်တွင် ကျွန်မစတင်ခဲ့သည်၊ ကျွန်မ အသင်းတော်ကို စတင်တက်ရောက်ခဲ့သည်၊ ဆုတောင်းခဲ့သည်၊ ပြီးလျှင် သခင့်ကို ချီးမွမ်းခြင်း ဓမ္မသီချင်းများ သီဆိုခဲ့သည်။ ဤဘဝအသစ်သည် ကျွန်မကို ကြီးမားသော တည်ငြိမ်အေးချမ်းမှုကို ဆောင်ကျဉ်းပေးခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် ပြန်ကြွလာသည့် သခင်ယေရှုဖြစ်သည့် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နောက်ဆုံးသောကာလ ဧဝံဂေလိတရားကို လက်ခံခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မနားမနေ ဖတ်ရှုခြင်းနှင့် ကျွန်မ၏ ညီအစ်ကိုမောင်နှမများနှင့် တွေ့ဆုံခြင်းနှင့် မိတ်သဟာယပြုခြင်းတို့မှတစ်ဆင့် သမ္မာတရားများစွာကို ကျွန်မ နားလည်သဘောပေါက်ခဲ့ပြီး၊ လူသားမျိုးနွယ်ကို ကယ်တင်ရန် ဘုရားသခင်၏ အရေးပေါ် ရည်ရွယ်ချက်ကိုလည်း သိခဲ့ရသည်။ ဘုရားသခင်သည် ကျွန်မတို့ တစ်ယောက်ချင်းစီကို ကြီးမားသော မွေးရာပါတာဝန်တစ်ခုနှင့် တာဝန်တို့ကို ပေးအပ်ခဲ့သောကြောင့်၊ ကျွန်မသည် ဧဝံဂေလိတရား ဖြန့်ဝေခြင်း အလုပ်ကို စိတ်ပါလက်ပါ လုပ်ဆောင်ခဲ့သည်။ လူများစွာတို့က ဘုရားသခင်ရှေ့တော်မှောက်သို့ လာရောက်ပြီး၊ ဘုရားသခင်၏ ကောင်းကြီး မင်္ဂလာများနှင့် ကယ်တင်ခြင်းတို့ကို လက်ခံရရှိသည်ကို ကျွန်မကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံရသည့်အခါတွင်၊ ကျွန်မ၏ ယုံကြည်မှု ပို၍ပင် ခိုင်မာလာခဲ့သည်။Read More »

ခရစ်ယာန်သီချင်း | လူ့ဇာတိ၌ လုပ်ဆောင်ခြင်းဖြင့်သာ လူသားတို့ကို ဘုရားသခင် ပိုင်ဆိုင်နိုင်

ခရစ်တော်, ဘုရားသခင်, ဝိညာဉ်တော်, သမ္မာတရား,

Myanmar Christian Song | လူ့ဇာတိ၌ လုပ်ဆောင်ခြင်းဖြင့်သာ လူသားတို့ကို ဘုရားသခင် ပိုင်ဆိုင်နိုင်

I
လက်တွေ့ကျသောဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့်
လူသား၏အားနည်းချက်နှင့်ပုန်ကန်မှုတွေကို စီရင် ထုတ်ဖော်သည်
ထိုအခါ လူတို့သည် သူတို့လိုအပ်သောအရာကို လက်ခံရရှိကြ၏
ဒီလူ့လောကသို့ ဘုရားရောက်ရှိကြောင်းကို သူတို့ တွေ့မြင်ကြသည်
လက်တွေ့ကျသော ဘုရားသခင်၏အမှုတော်ဟာ
လူသားအားလုံးကို စာတန်အုပ်စိုးမှုမှ ကယ်တင်ရန်၊
ညစ်ညမ်းမှု၊
စာတန်ဖျက်ဆီးခဲ့သောစိတ်ထားများမှ ကယ်တင်ရန် ရည်ရွယ်သည်
ဘုရားသခင်၏လက်ထဲရောက်ရှိခြင်းဆိုသည်မှာ သူ့ကို လူ၏
စံနမူနာအဖြစ် မှတ်ယူလိုက်လျှောက်ခြင်းပင်
လက်တွေ့ကျသော ဘုရားသခင်၏နောက်ကို လိုက်၊
သာမန်လူ့သဘာဝအတိုင်း ရှင်သန်၊
ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်အမိန့်တော်ကို စောင့်ထိန်း၊
သူပြောသောအရာကို အပြည့်အဝလိုက်နာပြီး
ဘုရားသခင် တောင်းဆိုသောအရာကို စွမ်းဆောင်လျှင်
ဘုရားသခင် ပိုင်ဆိုင်ခြင်း ခံရမည်

Read More »

ခရစ်ယာန်သီချင်း | လူ့ဇာတိခံယူခြင်း၏ အဓိပ္ပာယ်

ခရစ်ယာန်သီချင်း | လူ့ဇာတိခံယူခြင်း၏ အဓိပ္ပာယ်

Myanmar Christian Song | လူ့ဇာတိခံယူခြင်း၏ အဓိပ္ပာယ်


လူ့ဇာတိခံယူခြင်းဆိုတာ ဘုရားဝိညာဉ်၊
ဘုရား ကိုယ်တိုင် လူ့ဇာတိခံခြင်းဖြစ်။
လူ့ခန္ဓာဖြင့် အမှုတော်ဆောင်ခြင်းသည်
လူ့ခန္ဓာ၌ အကောင်ထည်ဖော်ပြီး၊
လူ့ခန္ဓာဖြင့် ဖွင့်ပြသော ဝိညာဉ်တော်၏ အမှုဖြစ်
လူ့ဇာတိခံသောဘုရား၏ သာသနာကို
ဘုရား ခန္ဓာမှအပ ဘယ်သူမှ မဖြည့်စွမ်းနိုင်
လူ့ဇာတိခံထားသော ဘုရား၏ ခန္ဓာ၊ သာမန်လူ့သဘာဝ သာ
အံ့ဖွယ် အမှုပြုနိုင်သည်
ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း အဓိပ္ပာယ် မှာ
သာမန်ဖြစ်သော ပုံမှန်လူတစ်ယောက် ဘုရား၏အမှုကို လုပ်ဆောင်၊
သူ၏ အံ့ဖွယ်အလုပ် လူတို့ထဲ၌ လုပ်ဆောင်ကာ
စာတန်ကို နှိမ်နင်းခြင်းဖြစ် သည်

Read More »

ဘုရားသခင်ကို အစေခံသော အချိန်တွင် လှည့်ကွက်အသစ်များ မရှာပါနှင့်

ခရစ်ယာန်, နာခံခြင်း, ယုံကြည်ခြင်း, အသက်, ဧဝံဂေလိ

ဟေးရီ၊ လျောင်နင်း စီရင်စု

မကြာသေးမီတွင် ကျွန်မ၏ညီအစ်ကို၊ မောင်နှမများမှ ကျွန်မအားအသင်းတော်ခေါင်းဆောင် တစ်ဦးအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြသည်။ ကျွန်မအလွန်ပင် ကျေးဇူးတင်ခဲ့ပြီး၊ ဘုရားသခင်၏ ကျေးဇူးကို ပြန်ဆပ်ရန် ကျွန်မ တာဝန်ကျေစွာထမ်းဆောင်ရမည် ဟု တွေးခဲ့သည်။ ကျွန်မသည် အသင်းတော်၏ ဧဝံဂေလိကဏ္ဍသည် ရလဒ်ကောင်းများ မထွက်သည်ကို မြင်တွေ့ခဲ့သည်။ ထို့ကြောင့် ကျွန်မနှင့်တကွ ကျွန်မ၏ ညီအစ်ကို၊ မောင်နှမများကပြသာနာကို ဖြေရှင်းရန် ခေါင်းချင်းဆိုင်ခဲ့ကြသည်။ ကြိုးစားလုပ်ဆောင်သည့် ကာလတစ်ခုကြာပြီးနောက်၊အသင်းတော်၏ ဧဝံဂေလိကဏ္ဍသည် အသက်မဲ့မြဲဖြစ်ပြီး ဧဝံဂေလိကဏ္ဍတွင် ပါဝင်နေသော ကျွန်မ၏ ညီအစ်ကို၊ မောင်နှမများသည်လည်း စမ်းသပ်မှုများထဲ၌ ရှင်သန်နေကြရသည်။ ဤသို့ အခြေအနေတွင် ကျွန်မဒီထက်ပို၍ ကျွန်မ ခံစားချက်ကို မမျိုသိပ်နိုင်တော့ပါ။ ဧဝံဂေလိ အလုပ် ပြန်လည်နိုးကြားလာအောင် ကျွန်မ မည်သို့လုပ်ဆောင်ရမည်နည်း။ ကျွန်မ ဦးနှောက် သုံးပြီးနောက် နောက်ဆုံးတွင် ကောင်းမွန်သည့် ဖြေရှင်းချက်တစ်ခုကို ကျွန်မ စဉ်းစားမိခဲ့သည်။ ဧဝံဂေလိအဖွဲ့အတွက် လစဉ် ဆုပေးပွဲကို ကျင်းပပေးပြီး တစ်ဦးချင်း ထူးချွန်သူများနှင့် စံပြတရားဟောဆရာများကို ရွေးချယ်ကာ ဘုရားသခင်အတွက် ဝိညာဉ်များစွာ ပြောင်းလဲစေသူကို ဆုပေး၍ ဝိညာဉ်အနည်းငယ်သာ ပြောင်းလဲစေသူကို သတိပေးဆုံးမမည် ဟူ၍ဖြစ်သည်။ ဤအရာသည် သူတို့ကို စိတ်အားထက်သန်စေရုံမျှမက အပျက်သဘောဆောင်ပြီး အားနည်းသော ညီအစ်ကို၊ မောင်နှမများကိုလည်း တွန်းအားပေးပေလိမ့်မည်။ ကျွန်မ ဤအရာကို စဉ်းစားသောအခါ၊ ကျွန်မ၏ လိမ္မာပါးနပ်သည့် လှုပ်ရှားမှုအတွက် အလွန်စိတ်လှုပ်ရှားခဲ့သည်။ “ဒီတစ်ခါတော့ ငါလူတိုင်းကို တကယ် အံ့သြသွားစေရမယ်” ဟု တွေးခဲ့သည်။Read More »

【Live】Myanmar Christian Movie | သခင်ယေရှုက ဘုရားသားတော်ဖြစ်ပါသလား သို့မဟုတ် ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်ပါသလား။

သမ္မာကျမ်းဆိုင်ရာ မှတ်တမ်းအရ၊ သခင်ယေရှုဟာ ဘုရားသခင်ရဲ့ ချစ်သားဖြစ်တယ်လို့ သန့်ရှင်းသော ဝိညာဉ်တော်က သက်သေခံပါတယ် ပြီးတော့ သခင်ယေရှုကလည်း ကောင်းကင်ဘုံက ဘုရားသခင်ကို “ဖခမည်းတော်”လို့ ခေါ်ခဲ့တယ် ဒီလိုနဲ့ လူများစွာက သခင်ယေရှုခရစ်တော်ဟာ ဘုရားရဲ့သားတော်ဖြစ်တယ်လို့ ယုံကြည်ခဲ့ကြသလိုကောင်းကင်ဘုံမှာ ခမည်းတော်ဘုရားရှိတယ်လို့လည်း ယုံကြည်ကြတယ် ဒါပေမယ့် သခင်ယေရှုက၊ “ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏။……ငါသည် ခမည်းတော်၌ ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည် …။” (ရှင်ယောဟန်ခရစ်ဝင် ၁၄:၉-၁၁) “ငါသည် ငါ့ခမည်းတော်နှင့် တလုံးတဝတည်းဖြစ်သည်။” (ရှင်ယောဟန်ခရစ်ဝင် ၁ဝ:၃၀) ဒီတော့ သခင်ယေရှုက ဘုရားသားတော်လား ဒါမှမဟုတ် ဘုရားသခင် ကိုယ်တော်တိုင်လား ဒီအစီအစဉ်က နက်နဲမှုကို မိတ်ဆွေထံ ထုတ်ဖော်ပြပေးမှာပါ။ ကျေးဇူးပြုပြီး ကြည့်ရှုခံစားလိုက်ပါ။

Read More »