Myanmar Gospel Movie (ဒီလောက် သာယာလိုက်တဲ့ အသံ) သခင်ယေရှုပြန်ရောက်လာပြီဆိုတာ ဘယ်လိုသေချာနိုင်မလဲ – အပိုင်း (၂)

အသင်းတော်တွေမှာ စတင်ခြောက်ကပ်လာကတည်းက သန့်ရှင်းသောဝိညာဉ်တော်ရဲ့လုပ်ဆောင်မှုနဲ့ သခင့်မျက်မှောက်တော် မရှိတော့တာကို ညီအစ်ကို မောင်နှမတွေ ခံစားခဲ့ရတယ်။ ပြီးတော့ သူတို့အားလုံး သခင့်ရဲ့ ပြန်ကြွလာခြင်းကို တောင့်တနေကြတယ်။ ဒါပေမယ့် သခင်ယေရှုပြန်လာပြီဆိုတဲ့သတင်းကိုကြားတဲ့အခါ အဲဒါဟာ အမှန်ဖြစ်ကြောင်းဘယ်လိုသေချာအောင်လုပ်မလဲ။

အရှေ့အရပ်မှ လျှပ်ပြက်ခြင်း၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ ပေါ်ပေါက်လာခြင်း နှင့် လုပ်ဆောင်မှု၊ သခင်ယေရှုဘုရား၏ ဒုတိယအကြိမ်ကြွလာခြင်း၊ နောက်ဆုံးသောကာလရှိ ခရစ်တော်တို့ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ဖြစ်သည့် အရှေ့အရပ်မှ လျှပ်စီးကို ဖန်တီးခဲ့ပါသည်။ နောက်ဆုံးသောကာလများတွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ လုပ်ဆောင်မှုများကိုလက်ခံသည့်သူများအားလုံး နှင့် ဘုရားသခင်၏နှုတ်ကပတ်တော်ဖြင့် သိမ်းပိုက်စိုးမိုးပြီး ကယ်တင်ခြင်းခံရသောသူများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကိုယ်တော်ကိုယ်တိုင် အားလုံးကိုတည်ထောင်ခြင်းဖြစ်ပြီး သိုးထိန်းကဲ့သို့သူကိုယ်တိုင်ဦးဆောင်ခဲ့သည်။ လူသားတဦးအားဖြင့် ဖန်တီးခဲ့ခြင်း လုံးဝမဟုတ်ပါ။ ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်။ ဘုရားသခင်၏ သိုးများသည် ဘုရားသခင်၏ အသံကိုကြားပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်နေသရွေ့ ဘုရားသခင်သည် ပေါ်ထွန်းခဲ့ကြောင်း သင်သိရှိရလိမ့်မည်။

Read More »

၄။ မှန်ကန်သော ဆုတောင်းချက်ဆိုသည်မှာ အဘယ်နည်း။

ဆုတောင်းခြင်း, တရားစီရင်သောနေ့များ, ယုံကြည်ခြင်း, သန့်ရှင်း

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

အမှန်တကယ် ဆုတောင်းတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ။ အမှန်တကယ် ဆုတောင်းတယ်ဆိုတာ သင့်နှလုံးသားထဲက စကားတွေကို ဘုရားကို ပြောခြင်းကို ပြောတာပါ၊ ဘုရားရဲ့ အလိုက ဘာလဲဆိုတာကိုသိ၊ ဘုရားရဲ့ နှုတ်ထွက်စကားတွေ အပေါ်မှာလည်း အခြေပြုပြီး ဘုရားနဲ့ ရင်းရင်းနှီးနှီး စကားပြောဆိုခြင်းကို ပြောတာ ဖြစ်တယ်။ အမှန်တကယ် ဆုတောင်းတယ်ဆိုတာ အထူးသဖြင့် ဘုရားနဲ့ နီးကပ်နေသလို ခံစားရခြင်း၊ ဘုရားက သင့်ရှေ့မှာ ရှိနေသလို ခံစားရခြင်း၊ သင့်မှာ သူ့ကို ပြောစရာတစ်ခုခု ရှိနေတယ်လို့ ခံစားရခြင်း၊ သင့်ရဲ့ နှလုံးသားထဲက အလင်းရောင် ဖြာထွက်နေသလို ခံစားရခြင်း၊ ဘုရားက ထူးထူးခြားခြား နှစ်လိုဖွယ် ကောင်းတယ်လို့ ခံစားရခြင်းကို ဆိုလိုတယ်။ သင်ဟာ အထူးသဖြင့် စိတ်ထဲမှာ နှိုးကြွခြင်းကို ခံစားရမယ်။ သင့်ရဲ့ စကားလုံးတွေကို ကြားပြီးနောက်မှာ သင့်ညီအစ်ကို မောင်နှမတွေဟာ အားရကျေနပ်မှုကို ခံစားရမယ်။ သင်ပြောတဲ့ စကားလုံးတွေက သူတို့ နှလုံးသားထဲမှာရှိတဲ့ စကားလုံး၊ သူတို့ပြောချင်နေတဲ့ စကားလုံးတွေ ဖြစ်နေတာကို ခံစားရပြီး သင်ပြောသမျှဟာ သူတို့ပြောချင်နေတဲ့ အရာကို ကိုယ်စား ပြုနေတယ်လို့ ခံစားရမယ်။ အမှန်တကယ် ဆုတောင်းတယ်ဆိုတာ ဒါကို ဆိုလိုပါတယ်။ သင်ဟာ အမှန်တကယ် ဆုတောင်းပြီးတဲ့အခါမှာ သင့်ရဲ့နှလုံးသားမှာ ငြိမ်သက်ခြင်း၊ အားရကျေနပ်ခြင်းကို ခံစားရမယ်။ ဘုရားကို ချစ်နိုင်စွမ်း တိုးလာပြီး သင်ဟာ သင့်ဘဝတစ်ခုလုံးက ဘယ်အရာမှ ဘုရားကို ချစ်ခြင်းထက်ပိုပြီး ထိုက်တန်ခြင်း၊ အရေးပါခြင်း မရှိတာကို ခံစားရလိမ့်မယ်။ အဲဒီအရာတွေ အားလုံးက သင့်ရဲ့ဆုတောင်းခြင်း ထိရောက်တယ် ဆိုတာကို သက်သေပြလိမ့်မယ်။Read More »

၅။ နှစ်ကြိမ်တိုင် လူဇာတိခံယူခြင်းသည် လူဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို ပြည့်စုံစေသည်

ကောင်းကင်နိုင်ငံတော်, ခရစ်တော်, ဆုတောင်းခြင်း, နောက်ဆုံးသောကာလ, ယေရှု

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ပထမဆုံး လူ့ဇာတိခံယူခြင်းသည် လူသားကို အပြစ်မှရွေးနုတ်ရန်ဖြစ်သည်၊ ယေရှု၏ ဇာတိခန္ဓာမှတစ်ဆင့် လူသားကို ရွေးနုတ်ရန်ဖြစ်သည်၊ ဆိုလိုသည်မှာ သူသည် လက်ဝါးကပ်တိုင်မှ လူကို ကယ်တင်ခဲ့သည်၊ သို့သော်လည်း ဖောက်ပြန်ပျက်စီးနေသော စာတန်စိတ်သဘောထားသည် လူ့အတွင်းတွင် ကျန်ရှိနေဆဲ ဖြစ်သည်။ ဒုတိယ လူ့ဇာတိခံယူခြင်းသည် အပြစ်ဖြေရာ ယဇ်အဖြစ် အစေခံရန် မဟုတ်တော့ဘဲ အပြစ်မှ ရွေးနုတ်ခံထားရသူတို့ကို အပြည့်အဝ ကယ်တင်ရန် ဖြစ်သည်။ ယင်းကိုလုပ်ဆောင်ခြင်းမှာ ခွင့်လွှတ်ခြင်းခံရသူတို့ကို သူတို့၏အပြစ်များမှ ကယ်ဆယ်ပေးပြီး အလုံးစုံ သန့်ရှင်းစေရန်ဖြစ်ကာ၊ စိတ်သဘောထား၌ ပြောင်းလဲမှုကို ရရှိစေခြင်းဖြင့် စာတန်၏ အမိုက်အမှောင် လွှမ်းမိုးမှုမှ လွတ်မြောက်ပြီး ဘုရားသခင်၏ ပလ္လင်ရှေ့သို့ ပြန်လာစေရန်ဖြစ်သည်။ ဤနည်းအားဖြင့်သာ လူသားသည် လုံးလုံးလျားလျား သန့်ရှင်းစင်ကြယ်စေခြင်း ခံရနိုင်သည်။ ပညတ်တော်ခေတ် ပြီးဆုံးပြီးသည့်နောက်တွင် ကျေးဇူးတော်ခေတ်၏ အစနှင့်အတူ ဘုရားသခင်သည် ကယ်တင်ခြင်း အလုပ်ကို စတင်ခဲ့သည်၊ ထိုအလုပ်သည် ဘုရားသခင်က လူသားမျိုးနွယ်၏ ပုန်ကန်မှုအတွက် သူတို့ကို တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းဖြင့် လူသားမျိုးနွယ်ကို အလုံးစုံ သန့်စင်စေမည့်အချိန်ဖြစ်သည့် နောက်ဆုံးသောကာလအထိ ဆက်လက်တည်ရှိသည်။ ထိုအခါမှသာလျှင် ဘုရားသခင်သည် သူ၏ကယ်တင်ခြင်း အလုပ်ကို အဆုံးသတ်ပြီး အနားယူခြင်းထဲသို့ ဝင်ရောက်လိမ့်မည်။ သို့ဖြစ်ရာ အလုပ်အဆင့်သုံးဆင့်တွင် ဘုရားသခင်သည် နှစ်ကြိမ်သာလျှင် လူ့ဇာတိခံယူပြီး လူသားတို့ကြားတွင် သူ၏အလုပ်ကို ကိုယ်တိုင်ထမ်းဆောင်ခဲ့သည်။ ဤသို့ဖြစ်ရခြင်းမှာ အလုပ်အဆင့်သုံးဆင့်တွင် တစ်ဆင့်သည်သာလျှင် လူသားတို့ကို သူတို့၏အသက်တာများ၌ လမ်းပြရန်ဖြစ်ပြီး ကျန်နှစ်ဆင့်တွင်မူ ကယ်တင်ခြင်းအလုပ် ပါဝင်သောကြောင့်ဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိကို ခံယူသည့်အခါမှသာလျှင် သူသည် လူသားနှင့်အတူ နေထိုင်နိုင်ပြီး ကမ္ဘာလောက၏ ဆင်းရဲဒုက္ခကို တွေ့ကြုံနိုင်ကာ သာမန်ဇာတိခန္ဓာထဲတွင် အသက်ရှင်နိုင်သည်။ ဤနည်းလမ်းအားဖြင့်သာ လူတို့ကို ဖန်ဆင်းခံသတ္တဝါများအနေဖြင့် သူတို့လိုအပ်သည့် လက်တွေ့ကျသော နှုတ်ကပတ်တော်ကို သူထောက်ပံ့ပေးနိုင်သည်။ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းအားဖြင့် လူသားသည် လူ့ဇာတိကို ခံယူသော ဘုရားသခင်ကြောင့်သာ အလုံးစုံသော ကယ်တင်ခြင်းကို ဘုရားသခင်ထံမှ ရရှိခြင်းဖြစ်ပြီး သူ၏ဆုတောင်းခြင်းများ အဖြေပေးခံရသည့်အနေဖြင့် ကောင်းကင်ဘုံမှ တိုက်ရိုက်ရရှိခြင်း မဟုတ်ပေ။ အကြောင်းမှာ ဇာတိပကတိဖြစ်သည့် လူသားသည် ဘုရားသခင်၏ ဝိညာဉ်တော်ကို ချဉ်းကပ်ရန်မဆိုထားနှင့် ဘုရားသခင်၏ ဝိညာဉ်တော်ကို မြင့်တွေ့ရန်ပင် မဖြစ်နိုင်သောကြောင့်ဖြစ်ပေသည်။ လူသားအနေဖြင့် ထိတွေ့ဆက်ဆံနိုင်သည့်အရာမှာ ဘုရားသခင်၏ လူ့ဇာတိခံယူထားသော ဇာတိခန္ဓာကိုသာဖြစ်ပြီး ဤနည်းအားဖြင့်သာလျှင် လူသားသည် နှုတ်ကပတ်တော်အားလုံးနှင့် သမ္မာတရားအားလုံးကို နားလည်သဘောပေါက်နိုင်ကာ အလုံးစုံသော ကယ်တင်ခြင်းကို ရရှိနိုင်သည်။ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းသည် လူသား၏အပြစ်များကို ဖယ်ရှားရန်နှင့် လူသားကို အလုံးစုံ သန့်စင်စေရန် လုံလောက်လိမ့်မည်။ သို့ဖြစ်ရာ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းနှင့်အတူ လူ့ဇာတိတွင်ရှိသော ဘုရားသခင်၏အလုပ်တစ်ရပ်လုံးသည် အဆုံးပိုင်းသို့ ရောက်သွားလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းနှင့်ဆိုင်သော အရေးပါမှုသည် ပြည့်စုံသွားလိမ့်မည်။ ထို့နောက်တွင်မူ လူ့ဇာတိထဲရှိ ဘုရားသခင်၏အလုပ်သည် အလုံးစုံ အဆုံးသတ်ပြီး ဖြစ်ပေလိမ့်မည်။ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းပြီးနောက်တွင် သူသည် သူ၏အလုပ်အတွက် လူ့ဇာတိကို တတိယအကြိမ်ခံယူမည် မဟုတ်ပေ။ အကြောင်းမှာ သူ၏စီမံခန့်ခွဲမှုတစ်ရပ်လုံးသည် အဆုံးသတ်ပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်တည်း။ နောက်ဆုံးသောကာလတွင် လူ့ဇာတိခံယူခြင်းသည် သူရွေးချယ်ထားသော လူတို့ကို အပြည့်အဝ ရယူပြီးဖြစ်လိမ့်မည် ဖြစ်ပြီး၊ နောက်ဆုံးသော ကာလရှိ လူအားလုံးတို့သည် သူတို့၏ အမျိုးအစားအလိုက် ခွဲခြားခြင်း ခံကြရပြီးဖြစ်ပေလိမ့်မည်။ သူသည် ကယ်တင်ခြင်းအလုပ်ကို ဆက်လက်လုပ်ဆောင်တော့မည် မဟုတ်သကဲ့သို့ မည်သည့်အလုပ်ကို လုပ်ဆောင်ရန်အတွက်မျှ လူ့ဇာတိထံသို့ ပြန်လာလိမ့်မည် မဟုတ်ပေ။Read More »

ဘုရားသခင်၏မိခင်ကဲ့သို့သောနှလုံးသားကို မည်သူသိနိုင်မည်နည်း

ကျေးဇူးတော်, သမ္မာတရား, အသင်းတော်

ချင်ရှင်း ဂျန်ဂျိုးမြို့၊ ဟဲနန်းမြို့နယ်

ယခင်က ကျွန်မသည် ဘုရားသခင်၏ လူသားမျိုးနွယ်ကို ကယ်တင်ခြင်း အမှုတော်ကို နားမလည်ခဲ့ပါ။ တစ်စုံတစ်ယောက်က သူ့၏အလုပ်၌ ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်သည်ဖြစ်စေ၊ သို့မဟုတ် အသင်းတော်လုပ်ငန်းကို ထိခိုက်စေသည့် အပြစ်ကို ကျူးလွန်သည်ဖြစ်စေ၊ သူသည် တန်ပြန်ခံရခြင်း (သို့) တာဝန်မှရပ်ဆိုင်းခံရခြင်း (သို့) အပြစ်ဒဏ်ပေးခံရခြင်းများကို ရင်ဆိုင်ရမည်ဟု ကျွန်မ ထင်မြင်ခဲ့ပါသည်။ ယင်းမှာ ဘုရားသခင်၏ဖြောင့်မတ်ခြင်း ဖြစ်ပါသည်။ ကျွန်မသည် ထိုသို့ မမှန်ကန်သော နားလည်မှုမျိုးအပြင်၊ ကျွန်မ၏ အလုပ်တွင် အမှားကျူးလွန်မိပြီး အလုပ်ပြုတ်မည်ကိုကြောက်ရွံ့မိခြင်းများကြောင့် “ပါးနပ်သောနည်းလမ်း” တစ်ခုကို စဉ်းစားခဲ့မိပါသည်။ ကျွန်မသည် အမှားတစ်ခုခုကျူးလွန်မိသည့်အခါတိုင်း၊ ပထမဦးစွာ ခေါင်းဆောင်များ မသိစေဖို့ မိမိအတတ်နိုင်ဆုံး ကြိုးစားထားပြီး၊ မိမိဘာသာ ဖြေရှင်းရန် လျင်မြန်စွာ ကြိုးစားကာ၊ အမှန်အတိုင်း ဖြစ်စေရန် ကျွန်မ၏ အစွမ်းရှိသမျှ ဆောင်ရွက်ပါသည်။ ထို့နောက် ယင်းမှာ ကျွန်မအလုပ်မြဲနေစေဖို့ ကျွန်မကို အထောက်အကူ မဖြစ်စေပါသလား။ ထို့ကြောင့် အလုပ်အတွက် အစီရင်ခံစာပေးရသည့်အချိန်တိုင်း ကြီးသည့်အမှုကို ငယ်စေကာ၊ ငယ်သည့်အမှုကို ပပျောက်စေခဲ့ပါသည်။ တစ်ခါတစ်ရံတွင် ကျွန်မ မတုန်မလှုပ်ဖြစ်နေခဲ့ပါက၊ ခေါင်းဆောင်များက ကျွန်မအား မစွမ်းဆောင်နိုင်သူဟု တွေးထင်ပြီး၊ ကျွန်မကို အသုံးမပြုတော့မည်ကို ကြောက်လန့်ရင်း၊ ခေါင်းဆောင်များ ရှေ့တွင် အတတ်နိုင်ဆုံး ဖုံးကွယ်လိုက်ပြီး၊ ကျွန်မသည် အလွန်တက်ကြွကာ၊ အပြုသဘောဆောင်သူ အဖြစ် ဟန်ဆောင်ခဲ့ပါသည်။ ထိုသို့နှင့်ပင် ကျွန်မ လုပ်သမျှ အရာတိုင်းတွင် ဘုရားသခင်နှင့် ခေါင်းဆောင်များ မသိရစေရန် အလွန်ဂရုတစိုက်နှင့် သတိထားနေရပါသည်။Read More »

Myanmar Gospel Movie(စောင့်လို့နေ)ပညာသတိရှိသော သတို့သမီး သခင်ဘုရားကို ကြိုကြတယ်။

သခင်ဘုရား ပြန်ကြွလာတဲ့အခါ တိမ်တိုက်ကို စီးပြီး ဆင်းကြွလာလိမ့်မယ်၊ ဒါမှမဟုတ် သူခိုးလိုမျိုး တိတ်တဆိတ် လျှို့ဝှက်ပြီး လာမှာလား? မှားယွင်းတဲ့ ခရစ်တော်ရဲ့ မှားယွင်းတဲ့ လမ်းပြမှုခံရမှာ သိပ်ကြောက်နေသလား၊ ဒါကြောင့်လဲ သူ့ကို ရှာဖွေကြည့်ဖို့ ငြင်းဆန်နေတာ၊ဒါမှမဟုတ် ပညာရှိ သတို့သမီးတွေလို ဘုရားသခင့် အသံတော်ကို သေချာဂရုစိုက် နားထောင်သူဖြစ်မလား၊ သူလာတဲ့အချိန် သူ့ကို ကြိုဆိုနိင်ဖို့ ဘယ်လို “စောင့်ကြည့် စောင့်နေမယ်” မလဲ။

Read More »

၁။ တရားစီရင်ခြင်းဆိုသည်မှာ အဘယ်နည်း။

ကယ်တင်ခြင်း, ခရစ်တော်, နောက်ဆုံးသောကာလ, ယေရှု, သမ္မာတရား

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ ကိုယ်ပိုင်အမှုဖြစ်၏။ ထို့ကြောင့် ယင်းအား ဘုရားသခင် ကိုယ်တိုင် သဘာဝအတိုင်းပင် ဆောင်ရွက်ပြီးသင့်ပေသည်။ သူ့အစား၊ လူသားက အစားထိုး၍ ဆောင်ရွက် မပေးနိုင်။ အကြောင်းမှာ တရားစီရင်ခြင်းသည် သမ္မာတရားအားဖြင့် လူသားမျိုးနွယ်ကို သိမ်းပိုက်အောင်နိုင်ခြင်း အကြောင်းဖြစ်သည်။ လူသားတို့အကြား ထိုအလုပ်ကို လုပ်ရန် ဘုရားသခင်သည် လူ့ဇာတိခံ ပုံသဏ္ဍာန်ဖြင့် ပေါ်နေဆဲဖြစ်သည်မှာ မေးစရာမလိုချေ။ ဆိုလိုသည်မှာ၊ နောက်ဆုံးသောကာလတွင် ခရစ်တော်သည် သမ္မာတရားကို အသုံးပြု၍ ကမ္ဘာတဝှမ်းရှိ လူတို့ကို သွန်သင်ကာ သမ္မာတရား အလုံးစုံကို သူတို့အား သိစေလိမ့်မည်။ ယင်းကား ဘုရားသခင်၏ တရားစီရင်ခြင်းအမှုတည်း။Read More »

၂။ လူ့ဇာတိခံယူသောဘုရားသခင်၏ အရေးပါပုံ

ခရစ်တော်, နောက်ဆုံးသောကာလ, ဘုရားသခင်, သမ္မာတရား, ဧဝံဂေလိတရား

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဤဇာတိခန္ဓာသည် လူသားမျိုးနွယ်အတွက် အလွန်အရေးကြီးသည်၊ အကြောင်းမှာ သူသည် လူသားဖြစ်သည့်အပြင် ဘုရားသခင်လည်း သာ၍ဖြစ်သောကြောင့် ဖြစ်သည်၊ ထို့အပြင် သူ့အနေဖြင့် ဇာတိခန္ဓာရှိသော မည်သည့်သာမန်လူသားကမျှ မပြုလုပ်နိုင်သည့် အမှုကိုလုပ်ဆောင်နိုင်ပြီး ကမ္ဘာကြီးပေါ်တွင် သူနှင့်အတူနေထိုင်သော ဖောက်ပြန်ပျက်စီးနေသည့် လူသားကို ကယ်တင်နိုင်ခြင်းကြောင့်ဖြစ်သည်။ သူသည် လူသားနှင့် ပုံစံတူသော်လည်း လူ့ဇာတိခံယူသည့် ဘုရားသခင်သည် တန်ဖိုးရှိသည့် မည်သည့်လူသားထက်မဆို လူသားမျိုးနွယ်အတွက် ပို၍အရေးကြီးသည်၊ အကြောင်းမှာ ဘုရားသခင်၏ဝိညာဉ်တော် မလုပ်ဆောင်နိုင်သော အမှုကို သူလုပ်ဆောင်နိုင်သောကြောင့်ဖြစ်ပြီး၊ ဘုရားသခင်ကိုယ်တော်တိုင်ကို ဘုရားသခင်၏ ဝိညာဉ်တော်ထက် ပို၍သက်သေခံနိုင်စွမ်းရှိကာ၊ ဘုရားသခင်၏ဝိညာဉ်တော်ထက် လူသားမျိုးနွယ်ကို အပြည့်အဝ ရယူနိုင်စွမ်းရှိသောကြောင့်ဖြစ်သည်။ ရလဒ်အနေဖြင့် ဤဇာတိခန္ဓာသည် ရိုးရိုးသာမန်ဖြစ်သော်လည်း လူသားမျိုးနွယ်အတွက် သူ၏ထောက်ပံ့ကူညီမှုနှင့် လူသားမျိုးနွယ်တည်ရှိမှုအတွက် သူ၏အရေးပါမှုတို့သည် သူ့ကို လွန်ကဲစွာ တန်ဖိုးရှိစေပြီး၊ ဤဇာတိခန္ဓာ၏ စစ်မှန်သောတန်ဖိုးနှင့် အရေးပါမှုကို မည်သည့်လူသားကမျှ တိုင်းတာ၍ မရနိုင်ပေ။ ဤဇာတိခန္ဓာသည် စာတန်ကို တိုက်ရိုက် မဖျက်ဆီးနိုင်သော်လည်း သူ့အနေဖြင့် လူသားကို သိမ်းပိုက်ရန်၊ စာတန်ကို ချေမှုန်းရန်၊ သူ့အုပ်စိုးမှုအောက်တွင် စာတန်ကို အပြည့်အဝနာခံလာအောင်ပြုရန် သူ၏အမှုကို အသုံးပြုနိုင်သည်။ ဘုရားသခင်သည် လူ့ဇာတိခံယူခဲ့သောကြောင့် သူသည် စာတန်ကို နှိမ်နင်းနိုင်ကာ လူသားမျိုးနွယ်ကို ကယ်တင်နိုင်ခြင်းဖြစ်သည်။ သူသည် စာတန်ကို တိုက်ရိုက်မဖျက်ဆီးပေ၊ သို့သော် စာတန်က ဖျက်ဆီးခဲ့သော လူသားတို့ကို သိမ်းပိုက်ရန်အတွက် အမှုဆောင်ရန် လူ့ဇာတိခဲ့ယူခဲ့ခြင်းဖြစ်သည်။ ဤနည်းဖြင့် သူသည် ဖန်ဆင်းခံများအကြားတွင် မိမိကိုယ်ကိုအတွက် ပို၍ကောင်းသော သက်သေကိုခံနိုင်ပြီး ဖောက်ပြန်ပျက်စီးနေသော လူတို့ကို ပို၍ကယ်တင်နိုင်ပေသည်။ လူ့ဇာတိခံယူသည့် ဘုရားသခင်၏ စာတန်ကို နှိမ်နင်းခြင်းသည် ဘုရားသခင်၏ ဝိညာဉ်တော်က စာတန်ကို တိုက်ရိုက်ဖျက်ဆီးသည်ထက် ပို၍ကြီးမားသော သက်သေကိုခံနိုင်ကာ ပို၍ဆွဲဆောင်မှုရှိသည်။ ဇာတိခန္ဓာရှိသည့် ဘုရားသခင်သည် ဖန်ဆင်းရှင်ကို သိခြင်းအရာ၌ လူသားတို့ကို ပို၍ကောင်းစွာ ကူညီနိုင်ပြီး၊ ဖန်ဆင်းခံများအကြားတွင် မိမိကိုယ်ကိုအတွက် ပို၍ကောင်းသော သက်သေကို ခံနိုင်လေသည်။Read More »

ကျွန်ုပ်သည် ခရစ်တော်ကို ဖူးမျှော်ရန် မထိုက်တန်ပါ

ကောင်းကင်ဘုံ, ဆုတောင်း, သမ္မာတရား

ဟွမ်ဘောင် လျောင်နင်းပြည်နယ်၊ ဒါလီယန်မြို့

ကျွန်ုပ်သည် အနန္တတန်ခိုးရှင် ဘုရားသခင်ကို စတင် သက်ဝင် ယုံကြည်သည်မှစ၍ ခရစ်တော်၏ ဒေသနာတော်များကို ကိုယ်တိုင်နားနှင့် ကြားခွင့်ရပြီး ကိုယ်တော်၏ သာသနာပြုခြင်းကို ကိုယ်တိုင်ခံယူ ရရှိခဲ့သည့် ညီအစ်ကို မောင်နှစ်မများကို အစဉ် လေးစားအားကျမိသည်။ ကျွန်ုပ်၏ စိတ်နှလုံးသားထဲတွင် ကျွန်ုပ်သည် နောင်တစ်ချိန် တစ်နေ့နေ့တွင် ခရစ်တော်၏ ဒေသနာတော်များကို ကိုယ်တိုင် နာကြားခွင့်ရခဲ့ပါက အဘယ်မျှလောက် ကောင်းလိုက်မည်နည်း၊ အကယ်၍သာ ကိုယ်တော်ရှင်ကို ကိုယ်တိုင် ဖူးမျှော်ခွင့်ရခဲ့ပါက အတိုင်းထက်အလွန် ဖြစ်မည်ဟု တွေးခဲ့မိပါသည်။ သို့ရာတွင် ယခုတစ်လော ကိုယ်တော်၏ မိတ်ဿဟာယဖွဲ့ ဆွေးနွေးချက်များကို ကြားနာခြင်းမှတစ်ဆင့် ကျွန်ုပ်သည် ခရစ်တော်ကို ဖူးမျှော်ရန် မထိုက်တန်ဟု စိတ်နှလုံးထဲတွင် နက်နက်ရှိုင်းရှိုင်း ခံစားလာရသည်။Read More »

၁။ လူ့ဇာတိခံယူခြင်းဆိုသည်မှာ အဘယ်နည်း။ လူ့ဇာတိခံယူခြင်း၏ အနှစ်သာရမှာ အဘယ်နည်း။

ကယ်တင်ခြင်း, ခရစ်တော်, ဆုတောင်း, သခင်ယေရှု, သမ္မာတရား

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လူ့ဇာတိခံယူခြင်း၏ အဓိပ္ပာယ်မှာ ဘုရားသခင်သည် လူ့ဇာတိတွင် ပေါ်ထွန်းပြီး၊ သူ၏ ဖန်ဆင်းခံ လူသားအကြားထဲတွင် အလုပ်လုပ်ရန် လူ့ဇာတိပုံသဏ္ဌာန်ကိုဆောင်လျက် ကြွဆင်းလာခြင်းကို ဆိုလိုသည်။ ထို့ကြောင့် ဘုရားသခင်အဖို့ လူ့ဇာတိခံယူရန်မှာ ရှေးဦးစွာ သူသည် ဇာတိခန္ဓာ ဖြစ်လာရမည်၊ သာမန်လူ့သဘာဝနှင့် ဇာတိခန္ဓာ ဖြစ်လာရမည်၊ ဤအရာမှာ အခြေခံအကျဆုံးသော မရှိမဖြစ်လိုအပ်ချက်ဖြစ်သည်။ အမှန်တွင်တော့ ဘုရားသခင် လူ့ဇာတိခံယူခြင်း၏ သွယ်ဝိုက်သော အနက်အဓိပ္ပာယ်မှာ ဘုရားသခင်သည် လူ့ဇာတိထဲတွင် အသက်ရှင်၍ အလုပ်လုပ်ခြင်းပင် ဖြစ်ပြီး၊ ဘုရားသခင်သည် သူ၏ ပကတိသဘာဝ၌ လူ့ဇာတိခံယူခြင်း၊ လူသားတစ်ယောက် ဖြစ်လာခြင်းပင်ဖြစ်သည်။ သူ၏ လူ့ဇာတိခံအသက်တာနှင့် အလုပ်ကို အဆင့်နှစ်ဆင့် ခွဲခြား၍ရသည်။ ပထမအဆင့်မှာ သူ၏ အမှုတော်ကို မထမ်းဆောင်ခင် နေထိုင်ရှင်သန်ခဲ့သော အသက်တာဖြစ်သည်။ သူသည် သာမန်လူသားမိသားစု၊ အကြွင်းမဲ့ သာမန်လူ့သဘာဝဖြင့် လူ့ဘဝ၏ သာမန်ကိုယ်ကျင့်တရားများ၊ ပညတ်တရားများကို လိုက်နာရင်း၊ သာမန်လူသား လိုအပ်ချက်များနှင့် (အစားအစာ၊ အဝတ်အထည်၊ နေထိုင်စရာ၊ အိပ်ခြင်း) သာမန်လူသားအားနည်းချက်များနှင့် သာမန်လူသား စိတ်ခံစားမှုများနှင့် နေထိုင်ခဲ့သည်။ တစ်နည်းအားဖြင့်ဆိုရလျှင်၊ ဤပထမအဆင့် အတောအတွင်း သူသည် ဘုရား၏သဘောသဘာဝ မဟုတ်၊ အကြွင်းမဲ့ သာမန် လူ့သဘာဝ၌ သာမန်လူသား၏ လုပ်ငန်းဆောင်တာများ အားလုံးကို ပါဝင်လုပ်ဆောင်ရင်း အသက်ရှင်နေထိုင်သည်။ ဒုတိယအဆင့်မှာ သူ၏ အမှုတော် စတင်ထမ်းဆောင်ပြီးနောက် အသက်ရှင် နေထိုင်သည့် အသက်တာပင်ဖြစ်သည်။ သူသည် သဘာဝလွန်ဖြစ်သည့် အပြင်လက္ခဏာ ဘာမျှမပြဘဲ သာမန်လူ့ခန္ဓာ အပြင်ပန်းသဏ္ဌာန်ဖြင့် သာမန် လူ့သဘာဝထဲတွင် ကျိန်းဝပ်နေသေးသည်။ သို့သော်လည်း သူသည် သူ၏အမှုတော်အတွက်သက်သက်သာ အသက်ရှင်ပြီး၊ ထိုအချိန်အတောအတွင်း သူ၏သာမန်လူ့သဘာဝမှာ ဘုရားသဘောသဘာဝ၏ သာမန်အလုပ်အတွက် အပြည့်အဝ အစေခံရင်း အသက်ရှင်သည်၊ အဘယ်ကြောင့်ဆိုသော် သူ၏ သာမန်လူ့သဘာဝသည် ထိုအချိန်သို့ရောက်သောအခါ အမှုတော်ဆောင်နိုင်စွမ်းရှိသည့် အနေအထားအထိ ရင့်ကျက်လာပြီ ဖြစ်သောကြောင့်ဖြစ်သည်။ Read More »

၂) ဘုရားသခင်အမှုတော်တစ်ဆင့်ချင်းစီနှင့် ကိုယ်တော်၏နာမတော်အကြား ဆယ်နွှယ်မှု

ခရစ်တော်, ဆုတောင်း, နောက်ဆုံးသောကာလ, ယေရှု, ဧဝံဂေလိတရား

(၁) ပညတ်တော်ခေတ်တွင် ယေဟောဝါဟူသော အမည်နာမကို ဘုရားသခင် ယူခြင်း၏ အဓိပ္ပါယ်

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“တဖန်ဘုရားသခင်က၊ သင်တို့ဘိုးဘေးများ၏ ဘုရားသခင်၊ အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားတည်းဟူသော ထာဝရဘုရားသည်၊ ငါ့ကို သင်တို့ရှိရာသို့ စေလွှတ်တော်မူပြီဟု ဣသရေလ အမျိုးသားတို့အား ပြောရမည်။ ထိုအမည်သည် အစဉ် ငါ့အမည်ဖြစ်၏။ လူမျိုးအစဉ်အဆက်မပြတ် ငါ့ဘွဲ့နာမ ဖြစ်၏။” (ထွ ၃:၁၅)Read More »