အမှုတော်နှင့် ဝင်ရောက်ခြင်း (၂)

ကျေးဇူးတော်, ခရစ်တော်, ယုံကြည်ခြင်း, အသက်

     သင်တို့၏ အလုပ်နှင့် ဝင်ရောက်မှုသည် အလွန်အားနည်းလေသည်၊ လူသည် အလုပ်ကို တန်ဖိုးမထား၊ ဝင်ရောက်မှုကိုဆိုလျှင် သာ၍ပင် ဂရုမစိုက်ကြ။ လူသည် ထိုသို့ဖြစ်နေခြင်းကို သူတို့ ဝင်ရောက်သင့်သည်ဟူသည်နှင့်ပတ်သတ်သောသင်ခန်းစာများအဖြစ် မသတ်မှတ်ကြပေ။ ထို့ကြောင့် သူတို့၏ ဝိညာဉ်ရေးရာ အတွေ့အကြုံ၌ သူတို့မြင်သည့် အရာအားလုံးနီးပါးက ကောင်းကင်ထက်က ရဲတိုက်များသာ ဖြစ်သည်။ အလုပ်၌ သင်တို့၏ အတွေ့အကြုံနှင့် ပတ်သက်လျှင် သင်တို့ကို များများစားစား မတောင်းဆိုပါ၊ သို့သော် ဘုရားသခင်က စုံလင်အောင် ပြုလုပ်ပေးသည်ကို ခံရမည့်သူများ အနေနှင့် သင်တို့သည် ဘုရားသခင်အတွက် အလုပ်လုပ်ခြင်းနှင့်ဆိုင်သော သင်၏သင်ခန်းစာများကို သင်ယူသင့်သည်၊ သိပ်မကြာခင်မှာပင် ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီနိုင်ဖို့အတွက် ဖြစ်သည်။ ခေတ်အဆက်ဆက်တွင် ဘုရားသခင်အတွက် အလုပ်လုပ်ခဲ့ကြသူများကို အမှုဆောင်များ သို့မဟုတ် တမန်တော်များဟု ခေါ်ကြပြီး ထိုအခေါ်အဝေါ်သည် ဘုရားသခင် အသုံးပြုခဲ့သည့် လူအနည်းငယ်ကို ရည်ညွှန်းသည့် အခေါ်အဝေါ် ဖြစ်သည်။ သို့သော် ယနေ့ ငါပြောသည့် အလုပ်သည် ထိုအမှုဆောင်များ သို့မဟုတ် တမန်တော်များကိုသာ မရည်ညွှန်းပေ၊ ဘုရားသခင် စုံလင်အောင် ပြုလုပ်ပေးမည့် သူများအားလုံးကို ရည်ရွယ်ပြီး ပြောသော အလုပ်ဖြစ်သည်။ ထိုအလုပ်ကို စိတ်သိပ်မဝင်စားသောသူ အများအပြားရှိကောင်းရှိမည် ဖြစ်သည်၊ သို့သော်လည်း ဝင်ရောက်မှုနှင့်ဆိုင်သော အကျိုးအတွက် ထိုအမှန်တရားအကြောင်းကို ဆွေးနွေးလျှင် အကောင်းဆုံး ဖြစ်မည် ဖြစ်သည်။

Read More »

အခန်း သုံး ဘုရားသခင် အလုပ်၏ အဆင့်သုံးဆင့်နှင့် ပတ်သက်သည့် သမ္မာတရားများကို သင်သိရမ

ကရုဏာ, ကျေးဇူးတော်, ခရစ်တော်, ဧဝံဂေလိတရား

အခန်း သုံး ဘုရားသခင် အလုပ်၏ အဆင့်သုံးဆင့်နှင့် ပတ်သက်သည့် သမ္မာတရားများကို သင်သိရမ
    ၂။ ဘုရားသခင့်အမှု၏ အဆင့်သုံးဆင့်၏ ရည်မှန်းချက်

    ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်ဖြစ်သော ငါ၏စီမံခန့်ခွဲမှုအစီအစဉ် တစ်ရပ်လုံးတွင် အဆင့်သုံးဆင့်၊ သို့မဟုတ် ခေတ်သုံးခေတ် ပါဝင်သည်၊ အစအဦး၏ ပညတ်တော်ခေတ်၊ (ရွေးနုတ်ခြင်းခေတ်လည်းဖြစ်သော) ကျေးဇူးတော်ခေတ်နှင့် နောက်ဆုံးသောကာလ၏ နိုင်ငံတော်ခေတ်တို့ဖြစ်လေသည်။ ဤခေတ်သုံးခေတ်တို့မှ ငါ၏အမှုသည် ခေတ်တစ်ခုစီ၏သဘာဝနှင့်အညီ အကြောင်းအရာကွဲပြား၏၊ သို့ရာတွင် အဆင့်တစ်ခုစီတိုင်း၌ ဤအမှုသည် လူသား၏လိုအပ်ချက်များနှင့် လိုက်လျောညီထွေရှိသည်၊ သို့တည်းမဟုတ် ပို၍အတိအကျဆိုသော် စာတန်နှင့် ငါဆင်နွှဲသည့် စစ်ပွဲတွင် သူအသုံးပြုသည့် လှည့်ကွက်များနှင့်အညီ ဤအမှုကို လုပ်ဆောင်ခြင်းဖြစ်သည်။ ငါ့အမှု၏ ရည်ရွယ်ချက်မှာ စာတန်ကို အနိုင်ယူရန်၊ ငါ၏ဉာဏ်ပညာနှင့် အနန္တတန်ခိုးကို ထင်ရှားစေရန်နှင့် စာတန်၏ လှည့်ကွက်များအားလုံးကို ဖော်ထုတ်ပြရန်ဖြစ်ပြီး၊ ဤနည်းအားဖြင့် စာတန်၏အုပ်စိုးမှုအောက်တွင် နေထိုင်ကြသည့် လူသားမျိုးနွယ်တစ်ရပ်လုံးကို ကယ်တင်ရန်ဖြစ်သည်။ ယင်းသည် ငါ၏ဉာဏ်ပညာနှင့် အနန္တတန်ခိုးကို ပြသရန်နှင့် စာတန်၏ မခံမရပ်နိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းခြင်းကို ထုတ်ဖော်ပြရန်ဖြစ်၏၊ ယင်းထက်ပို၍ပင် ဖန်ဆင်းခံသက်ရှိတို့အနေဖြင့် ကောင်းမှုနှင့် မကောင်းမှုကြား ခွဲခြားသိမြင်စေရန်၊ ငါသည် အရာအားလုံးတို့၏ အုပ်စိုးသူဖြစ်ကြောင်းကို သိကြစေရန်၊ စာတန်သည် လူသားတို့၏ ရန်သူ၊ အကျင့်ပျက်ယိုယွင်းသော နတ်ဆိုးဖြစ်ကြောင်းကို ရှင်းလင်းစွာ မြင်စေရန်ဖြစ်ပြီး၊ ၎င်းတို့အနေဖြင့် ကောင်းမှုနှင့် မကောင်းမှုကြား၊ သမ္မာတရားနှင့် မုသားကြား၊ သန့်ရှင်းခြင်းနှင့် ညစ်ညမ်းခြင်းကြား၊ ကြီးမြတ်သောအရာနှင့် ယုတ်ညံ့သောအရာကြား ခြားနားမှုကို အကြွင်းမဲ့ သေချာမှုဖြင့် သိကြစေရန် ဖြစ်သည်။ သို့မှသာ မသိနားမလည်သော လူသားတို့သည် ၎င်းတို့ကို ဖောက်ပြန်ပျက်စီးစေသည်မှာ ငါမဟုတ်ကြောင်းကိုလည်းကောင်း၊ ဖန်ဆင်းရှင်ဖြစ်သော ငါကသာ လူသားတို့ကို ကယ်တင်နိုင်ပြီး လူတို့မွေ့လျော်ခံစားနိုင်သောအရာတို့ကို လူတို့အပေါ် အပ်နှင်းနိုင်ကြောင်းကိုလည်းကောင်း၊ ငါ့အတွက် သက်သေခံနိုင်လာကြလိမ့်မည်၊ ထို့ပြင် ငါသည် အရာအားလုံးတို့၏ အုပ်စိုးသူဖြစ်ကာ၊ စာတန်မူကား ငါက ဖန်ဆင်းခဲ့ပြီး နောက်ပိုင်းတွင် ငါ့ကိုဆန့်ကျင်ခဲ့သော သတ္တဝါများထဲမှ တစ်ယောက်မျှသာ ဖြစ်ကြောင်းကို ၎င်းတို့သိလာကြလိမ့်မည်။ ငါ၏အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်ကို အဆင့်သုံးဆင့် ပိုင်းခြားထားပြီး၊ ငါသည် ဤသို့လုပ်ဆောင်ရခြင်းမှာ ဖန်ဆင်းခံသတ္တဝါတို့ကို ငါ့အတွက် သက်သေခံနိုင်စေခြင်းဟူသည့် အကျိုးရလဒ်ကို ရရှိစေရန်၊ ငါ၏အလိုတော်ကို နားလည်သဘောပေါက်ကြစေရန်နှင့် ငါသည် သမ္မာတရားဖြစ်ကြောင်းကို သိကြစေရန်ဖြစ်သည်။Read More »

၁) ဘုရားသခင်၏အမှုတော်နှင့် လူသား၏လုပ်ဆောင်မှုကြားတွင် အဓိကကျသည့် ကွဲပြားမှုများက အဘယ်အရာများ ဖြစ်သနည်း။

ကျေးဇူးတော်, ခရစ်တော်, ဆုတောင်း, သမ္မာကျမ်းစာ, ဧဝံဂေလိ

၈။ ဘုရားသခင်၏အမှုတော်နှင့် လူသား၏လုပ်ဆောင်မှုကြား ကွဲပြားမှုများ

၁) ဘုရားသခင်၏အမှုတော်နှင့် လူသား၏လုပ်ဆောင်မှုကြားတွင် အဓိကကျသည့် ကွဲပြားမှုများက အဘယ်အရာများ ဖြစ်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင် ကိုယ်တော်တိုင်၏ အလုပ်တွင် လူသားမျိုးနွယ် အားလုံး၏အလုပ် ပါဝင်ပြီး ယင်းသည် ခေတ်ကာလတစ်ခုလုံး၏ အလုပ်ကိုလည်း ကိုယ်စားပြုသည်။ တစ်နည်းအားဖြင့်ဆိုရလျှင် ဘုရားသခင်၏ ကိုယ်ပိုင်အလုပ်သည် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်အားလုံး၏ လှုပ်ရှားမှုနှင့် လားရာကို ကိုယ်စားပြုချိန်တွင် တမန်တော်များ၏ အလုပ်သည် ဘုရားသခင်၏ ကိုယ်ပိုင်အလုပ်နောက်သို့လိုက်ပြီး ခေတ်ကာလကို မဦးဆောင်သကဲ့သို့ ခေတ်တစ်ခေတ်လုံးမှ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်လားရာကိုလည်း ကိုယ်စားမပြုပေ။ သူတို့သည် စီမံခန့်ခွဲမှုအလုပ် လုံးဝမပါဝင်သော လူတို့လုပ်သင့်သည့် အလုပ်ကိုသာ လုပ်သည်။ ဘုရားသခင်၏ ကိုယ်ပိုင်အလုပ်သည် စီမံခန့်ခွဲမှုအလုပ်အတွင်းရှိ စီမံကိန်းဖြစ်သည်။ လူသား၏ အလုပ်သည် အသုံးပြုခြင်းခံရသော လူသားတို့၏ တာဝန်သာဖြစ်ပြီး စီမံခန့်ခွဲမှုအလုပ်နှင့် ဆက်နွှယ်ပတ်သက်မှု မရှိပေ။ အထက်ပါ အလုပ်နှစ်ခုစလုံးသည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ဖြစ်သော်လည်း အလုပ်၏ မတူညီသော ကိုယ်ပိုင်လက္ခဏာများနှင့် ကိုယ်စားပြုမှုများကြောင့် ဘုရားသခင်၏ ကိုယ်ပိုင်အလုပ်နှင့် လူသား၏ ကိုယ်ပိုင်အလုပ်ကြားတွင် ရှင်းလင်းပြီး ခြေခြေမြစ်မြစ်ရှိသော ကွဲပြားမှုများရှိလေသည်။ ထို့အပြင် မတူညီသော ကိုယ်ပိုင်လက္ခဏာများရှိသည့် အလုပ်ရည်ရွယ်ချက်များအပေါ်တွင် သန့်ရှင်းသော ဝိညာဉ်တော်က လုပ်ဆောင်သော အလုပ်၏ အတိုင်းအတာသည်လည်း ကွဲပြားသေးသည်။ ယင်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်၏ နိယာမများနှင့် နယ်ပယ်တို့ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ်” မှ

Read More »

Myanmar Christian Movie 2020 (မှန်ကန်သော ကိုးကွယ်ခြင်း၏ နက်နဲသောအရာ – နောက်ဆက်တွဲဇာတ်လမ်း)

         လင်ပိုအန်းဟာ သခင့်ကို ဆယ်စုနှစ်များစွာ ယုံကြည်လာခဲ့တဲ့ တရားဟောဆရာကြီး တစ်ယောက်ဖြစ်ပါတယ်။ သူဟာ နောက်ဆုံးသောကာလရဲ့ခရစ်တော်ဖြစ်တဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ကို လက်ခံပြီးကတည်းက၊ အန္တိခရစ်တွေဖြစ်ကြတဲ့ သင်းအုပ်တွေ၊ အကြီးအကဲတွေက သူ့ကို ဘာသာရေးအသိုင်းအဝိုင်းကနေ ဖယ်ကြဉ်၊ နှင်ထုတ်ခဲ့ကြတယ်။ လင်ပိုအန်းဟာ တိုက်ခိုက်တာတွေ၊ ပြစ်ဒဏ်ချခံရတာတွေ၊ အမှုဆင်ခံရတာတွေ ကြုံပေမယ့်၊ ကြောက်ရွံ့ပြီး နောက်မဆုတ်ခဲ့ပါဘူး။ သူ့ယုံကြည်စိတ်က ပိုပြီးခိုင်မာလာတဲ့အပြင်၊ ဘာသာရေးလောကရဲ့သင်းအုပ်တွေ၊ အကြီးအကဲတွေဟာ သူတော်ကောင်းယောင် ဆောင်နေကြတယ်ဆိုတာကို နောက်ဆုံးမှာ နားလည်လာခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ခရစ်တော်ကသာ သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ဖြစ်တယ်၊ ခရစ်တော်ကသာ လူတွေကို ကယ်တင်နိုင်၊ သန့်စင်နိုင်၊ စုံလင်စေနိုင်တယ်ဆိုတာတွေကို သိလာခဲ့တယ်။ ဒါတွေကြောင့် သူ့အနေနဲ့ ဘုရားသခင်အတွက် စစ်မှန်တဲ့သက်သေခံသူတစ်ယောက် ဖြစ်လာနိုင်ဖို့အတွက်၊ ခရစ်တော်နောက်လိုက်ဖို့၊ သက်သေခံဖို့၊ သမ္မာတရားကိုရှာရာမှာ အစွမ်းကုန်ကြိုးစားဖို့နဲ့ သူ့စိတ်သဘောထားကို ပြောင်းလဲအောင် ကြိုးစားဖို့အတွက်ပဲ စိတ်ပိုင်းဖြတ်လိုက်တယ်။ တရုတ်ကွန်မြူနစ်ပါတီအစိုးရက လင်ပိုအန်းဟာ ထောင်က လွတ်လာပြီး မပြောင်းလဲသေးတာတွေ၊ သူ့ယုံကြည်မှုကို နည်းနည်းမှ မစွန့်လွှတ်ထားတဲ့အပြင်၊ အရှေ့အရပ်မှလျှပ်ပြက်ခြင်းကိုတောင် ယုံကြည်လာတာတွေ၊ နေရာအနှံ့သွားပြီး သခင်ယေရှု ပြန်လာပြီဖြစ်ကြောင်း၊ သူဟာ အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်ကြောင်း သက်သေခံတာတွေကို တွေ့ရှိလာကြတယ်။ ဒါကြောင့် စီစီပီအစိုးရက သူ့ကို အလိုရှိသူအဖြစ် သတ်မှတ်ပြီး၊ နေရာအနှံ့ လိုက်ဖမ်းခဲ့ကြတယ်။ လင်ပိုအန်းဟာ သူ့မိသားစုကိုလည်း စွန့်ခွာခဲ့ရပါတယ်။ သူက ရောက်တဲ့နေရာတိုင်းမှာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို သက်သေခံခဲ့တာကြောင့်၊ စစ်မှန်ပြီး စိတ်နှလုံးကောင်းရှိတဲ့ ယုံကြည်သူတော်တော်များများကို ဘုရားသခင်ဆီ လမ်းပြနိုင်ခဲ့ပါတယ်။ ယခု ဗီဒီယိုဟာ လင်ပိုအန်းတစ်ယောက် ဧဝံဂေလိတရား ဖြန့်ဝေတာတွေ၊ ဘုရားသခင်အတွက် သက်သေခံတာတွေအကြောင်း ဖြစ်ရပ်မှန်ဇာတ်လမ်း ဖြစ်ပါတယ်။

Read More »

Myanmar Gospel Crosstalk 2020 (သမ္မာကျမ်းအပြင်ဘက် ထွက်ခြင်း)

      ရှန့်ယန်သည် အိမ်တွင်းအသင်းတော်တစ်ခုတွင် အလုပ်လုပ်ပြီး တခြားသော ယုံကြည်သူများစွာကဲ့သို့ သူကလည်း ဘုရား၏ နှုတ်ကပတ်တော်များနှင့် အမှုတော် အားလုံးမှာ သမ္မာကျမ်းထဲတွင် ရှိသည်၊ သခင့်ကို ယုံကြည်ခြင်းမှာ သမ္မာကျမ်းကို ယုံကြည်ခြင်းဖြစ်သည်၊ သမ္မာကျမ်းက သခင့်ကို ကိုယ်စားပြုသည်၊ ထို့ပြင် သမ္မာကျမ်းအား လိုက်နာကျင့်သုံးလျှင် သူ့အနေဖြင့် ကောင်းကင်နိုင်ငံသို့ ဝင်ရပြီး ထာဝရအသက်ကို ရလိမ့်မည် ဟုထင်လေသည်။ သို့သော် ညီအစ်ကိုကျန်ယီက ဤအမြင်ကို သံသယရှိ၍၊ ၎င်းတို့နှစ်ယောက်သား ဟာသမြောက်စွာ ဆွေးနွေးငြင်းခုံတော့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော် အားလုံးသည် သမ္မာကျမ်းတွင် အမှန်ပင် ရှိသလော၊ သမ္မာကျမ်းသည် သခင့်အား အမှန်ပင် ကိုယ်စားပြုသလော၊ သမ္မာကျမ်းကို ကိုင်စွဲခြင်းအားဖြင့် ကျွနု်ပ်တို့သည် ကောင်းကင်နိုင်ငံသို့ ဝင်ရောက်၍ ထာဝရအသက်ကို ရနိုင်သလော။ ယင်းအဖြေတို့ကို ရှာဖွေလိုလျှင် ယခု ဟာသပြဇာတ်တို ‘သမ္မာကျမ်းအပြင်ဘက် ထွက်ခြင်း’ ကို ကျေးဇူးပြု၍ ကြည့်ရှုပါ။

Read More »

ဘုရားသခင့်အမှု၏ အဆင့်သုံးဆင့်ကို သိခြင်းမှာ ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်ဟု အဘယ်ကြောင့် အဆိုရှိသနည်း။

ကယ်တင်ခြင်း, ကျေးဇူးတော်, ဘုရားသခင်၏ အသံတော်, ယေရှုခရစ်တော်, ဝိညာဉ်တော်

အခန်း သုံး ဘုရားသခင် အလုပ်၏ အဆင့်သုံးဆင့်နှင့် ပတ်သက်သည့် သမ္မာတရားများကို သင်သိရမ

၅။ ဘုရားသခင့်အမှု၏ အဆင့်သုံးဆင့်ကို သိခြင်းမှာ ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်ဟု အဘယ်ကြောင့် အဆိုရှိသနည်း။

(ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲမှ လက်ရွေးစင် ကျမ်းပိုဒ်)

ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်

လူသားမျိုးနွယ်အား စီမံခန့်ခွဲခြင်းအမှုကို အဆင့်သုံးဆင့်ခွဲထား၏။ ဆိုလိုသည်မှာ လူသားမျိုးနွယ်အား ကယ်တင်ခြင်းအမှုကို အဆင့်သုံးဆင့် ခွဲထားခြင်းဖြစ်သည်။ ဤအဆင့်သုံးဆင့်တွင် ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းအမှု မပါဘဲ၊ ထိုအဆင့်တို့မှာ ပညတ်တော်ခေတ်၊ ကျေးဇူးတော်ခေတ်နှင့် နိုင်ငံတော်ခေတ်အမှု၏ အဆင့်သုံးဆင့်တို့ဖြစ်ကြ၏။ ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းအမှုသည် လူသားမျိုးနွယ်တစ်ရပ်လုံးကို ထုတ်လုပ်ခြင်းအမှုဖြစ်၏။ ထိုအမှုမှာ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု မဟုတ်ဘဲ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှုနှင့် လုံးဝဆက်စပ်ခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာမြေကြီးကို ဖန်ဆင်းချိန်၌ လူသားသည် စာတန်၏ ဖျက်ဆီးခြင်းကို မခံရသေးသဖြင့် လူသားမျိုးနွယ်အား ကယ်တင်ခြင်းအမှုကို ဆောင်ရွက်ရန် မလိုအပ်ခဲ့ပေ။ လူသားမျိုးနွယ်သည် စာတန်၏ ဖျက်ဆီးခံရသည့်အခါတွင်မှ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု စတင်ခဲ့သည်။ ထို့ကြောင့် လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း အမှုသည်လည်း လူသားမျိုးနွယ်အနေနှင့် ဖျက်ဆီးခံရပြီးသည့်အခါတွင်မှ စတင်ခဲ့သည်။ တစ်နည်းအားဖြင့်ဆိုလျှင် ဘုရားသခင်၏ လူသားအပေါ်စီမံခန့်ခွဲခြင်းသည် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု၏ ရလဒ်အဖြစ် စတင်ခဲ့ခြင်းဖြစ်ပြီး၊ ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းအမှုမှ ပေါ်ပေါက်လာခြင်း မဟုတ်ပေ။ လူသားမျိုးနွယ်က ဖောက်ပြန်သည့် စိတ်နေသဘောထားကို ရရှိခဲ့ပြီးနောက်မှသာ စီမံခန့်ခွဲသည့်အမှု ဖြစ်ပေါ်လာသည်။ ထို့ကြောင့် လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်းအမှုတွင် အဆင့်လေးဆင့်၊ သို့မဟုတ် ခေတ်လေးခေတ်အစား အပိုင်းသုံးပိုင်း ပါရှိသည်။ ဤသည်သာလျှင် ဘုရားသခင်၏ လူသားအပေါ် စီမံခန့်ခွဲခြင်းအမှုကို မှန်ကန်စွာ ရည်ညွှန်းသည့်နည်းဖြစ်သည်။ နောက်ဆုံးသောခေတ်ပြီးဆုံးချိန်တွင် လူသားမျိုးနွယ်အပေါ် စီမံခန့်ခွဲခြင်းအမှုသည် ပြည့်စုံစွာ ပြီးဆုံးခဲ့ပြီး ဖြစ်လိမ့်မည်။ စီမံခန့်ခွဲခြင်းအမှု ပြီးဆုံးခြင်းသည် လူသားမျိုးနွယ်အားလုံးကို ကယ်တင်သည့်အမှု လုံးဝပြီးဆုံးသွားကာ လူသားမျိုးနွယ်သည် ၎င်း၏ခရီးလမ်းဆုံးသို့ ရောက်ခဲ့ပြီးဖြစ်သည်ဟု ဆိုလို၏။ လူသားမျိုးနွယ်အားလုံးကို ကယ်တင်သည့်အမှု မရှိပါက လူသားမျိုးနွယ်ကို စီမံခန့်ခွဲသည့်အမှု ရှိမည်မဟုတ်ပါ။ အမှု၏ အဆင့်သုံးဆင့်သည်လည်း ရှိမည်မဟုတ်ပါ။ အတိအကျအားဖြင့် ဤသည်မှာ လူသားမျိုးနွယ်၏ စာရိတ္တပျက်ပြားမှုကြောင့်နှင့် လူသားမျိုးနွယ်သည် ကယ်တင်ခြင်းကို အရေးတကြီး လိုအပ်နေသောကြောင့် ယေဟောဝါသည် ကမ္ဘာမြေကြီးအား ဖန်ဆင်းခြင်းကို အဆုံးသတ်ခဲ့ကာ ပညတ်တော်ခေတ်၏ အမှုကို စတင်ခဲ့၏။ ထိုအခါတွင်မှ လူသားမျိုးနွယ်ကို စီမံခန့်ခွဲသည့်အမှု စတင်ခဲ့၏။ ထိုအခါတွင်မှ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု စတင်ခဲ့၏ဟု ဆိုလိုခြင်းဖြစ်သည်။ “လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း” ဟူသည်မှာ ကမ္ဘာမြေကြီးပေါ်တွင် အသစ်ဖန်ဆင်းထားသည့် လူသားမျိုးနွယ် (ဆိုလိုသည်မှာ ဖျက်ဆီးမခံရသေးသည့် လူသားမျိုးနွယ်) ၏အသက်တာကို လမ်းပြခြင်းဟု မဆိုလိုပါ။ စင်စစ်အားဖြင့် ယင်းမှာ စာတန်၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသော လူသားမျိုးနွယ်ကို ကယ်တင်ခြင်းဖြစ်၏။ တစ်နည်းအားဖြင့်ဆိုသော် ဖောက်ပြန်နေသော ဤလူသားမျိုးနွယ်ကို ပြောင်းလဲရန်ဖြစ်၏။ ဤသည်မှာ လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှုတွင် ကမ္ဘာမြေကြီးကို ဖန်ဆင်းသည့်အမှုမပါပေ။ ထို့ကြောင့် လူသားမျိုးနွယ်ကို စီမံခန့်ခွဲသည့်အမှုတွင် ကမ္ဘာမြေကြီးကို ဖန်ဆင်းသည့်အမှု မပါဝင်ဘဲ ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းအမှုမှ သီးခြားဖြစ်သော အမှုအဆင့်သုံးဆင့်သာ ပါဝင်၏။ လူသားမျိုးနွယ်အား စီမံခန့်ခွဲခြင်းအမှုကို နားလည်ရန် အမှု၏အဆင့်သုံးဆင့်နှင့်ဆိုင်သည့် နောက်ခံသမိုင်းကို သိရှိရန်လိုအပ်သည်၊ ဤသည်မှာ ကယ်တင်ခံရရန် လူတိုင်းသိရမည့်အရာဖြစ်၏။ ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါများအနေဖြင့် လူသားကို ဘုရားသခင်က ဖန်ဆင်းထားကြောင်းကို သင်တို့သိသင့်၍ လူသားမျိုးနွယ်၏ ဖောက်ပြန်ခြင်း အရင်းအမြစ်ကို သိသင့်သည့်အပြင် လူသား၏ ကယ်တင်ခြင်း လုပ်ငန်းစဉ်ကို သိသင့်သည်။ ဘုရားသခင်ထံမှ မျက်နှာသာရရှိရေးအတွက် အယူဝါဒနှင့်အညီ မည်သို့ပြုမူရမည်ကိုသာ သင်တို့သိ၍ လူသားမျိုးနွယ်ကို ဘုရားသခင်က မည်သို့ကယ်တင်သည်ကိုဖြစ်စေ၊ လူသားမျိုးနွယ် ဖောက်ပြန်ခြင်း၏ အရင်းအမြစ်ကိုဖြစ်စေ၊ အရိပ်အမြွက်မျှပင် မသိပါက ဤသည်မှာ ဘုရားသခင်၏ဖန်ဆင်းခံသတ္တဝါအနေနှင့် သင်တို့တွင် ကင်းမဲ့နေသည့်အရာဖြစ်၏။ သင်သည် ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအမှုဆိုင်ရာ ပိုမိုကျယ်ပြန့်သော နယ်ပယ်အကြောင်းကို မသိဘဲနေလျက် လက်တွေ့ကျင့်သုံးနိုင်သည့် သမ္မာတရားများကို နားလည်ခြင်းဖြင့် ကျေနပ်၍သာ မနေသင့်ပါ၊ ဤသို့ဖြစ်ပါက သင်သည် တယူသန်ဆန်လွန်း၏။ အမှုအဆင့်သုံးဆင့်သည် လူသားအပေါ် ဘုရားသခင်စီမံခန့်ခွဲမှု၏ အတွင်းဇာတ်လမ်း၊ စကြဝဠာတစ်ခုလုံး၏ ဧဝံဂေလိတရားရောက်ရှိခြင်း၊ လူသားမျိုးနွယ် အားလုံးအကြား အကြီးမားဆုံးသော နက်နဲမှုနှင့် ဧဝံဂေလိတရား ဖြန့်ဝေခြင်း၏ အခြေခံလည်းဖြစ်၏။ သင်သည် သင့်အသက်တာနှင့် သက်ဆိုင်သည့် လွယ်ကူရိုးရှင်းသော သမ္မာတရားများအား နားလည်ရေးကိုသာ အဓိကထား၍ နက်နဲမှုများနှင့် ရူပါရုံများအနက် အကြီးမြတ်ဆုံး ဤအကြောင်းကို ဘာမျှမသိပါက သင်၏အသက်တာသည် ကြည့်ဖို့မှလွဲ၍ မည်သည့်အတွက်မျှ မကောင်းသော ချွတ်ယွင်းနေသည့် ထုတ်ကုန်ပစ္စည်းတစ်ခုနှင့် တူနေသည် မဟုတ်ပါလော။

Read More »

၁) ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် လူ့ဇာတိခံယူပြီး အမှုတော်လုပ်ဆောင်ရန် လူသားအဖြစ်ပေါ်ထွန်းမည်ဟု သခင်ယေရှု ကိုယ်တော်တိုင်က ပရောဖက်ပြုခဲ့သည်။

ကျေးဇူးတော်, ခရစ်တော်, ဆုတောင်း, ပရောဖက်ပြု, ဘုရားသခင်၏ အသံတော်

၁။ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းနှင့်ပတ်သက်သည့် သမ္မာတရားများ

၁) ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် လူ့ဇာတိခံယူပြီး အမှုတော်လုပ်ဆောင်ရန် လူသားအဖြစ်ပေါ်ထွန်းမည်ဟု သခင်ယေရှု ကိုယ်တော်တိုင်က ပရောဖက်ပြုခဲ့သည်။
ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည် ကြွလာလိမ့်မည်။” (လု ၁၂:၄၀)

“လူသားသည် ကြွလာသောအခါ နောဧလက်ထက်၌ ဖြစ်သကဲ့သို့ ဖြစ်လိမ့်မည်။” (မ ၂၄:၃၇)Read More »

စစ်မှန်သော ခရစ်တော်နှင့် ခရစ်တော်၏ အယောင်ကိုဆောင်သောသူတို့ကြား ခွဲခြားသိမြင်ရန် ကျွန်မ သင်ယူခဲ့ပြီး သခင်ယေရှု၏ ပြန်ကြွလာခြင်းကို ဝမ်းမြောက်စွာ ကြိုဆိုခဲ့သည်

ကရုဏာ, ကောင်းကင်နိုင်ငံတော်, ကျေးဇူးတော်, ခရစ်ယာန်

ရှန်းဝမ်၊ မလေးရှား

အယ်ဒီတာ့ မှတ်စု– ယခု ကျွန်ုပ်တို့သည် သခင်၏ ပြန်ကြွလာခြင်းနှင့်ဆိုင်သော အရေးကြီးသည့် အချိန်တွင် ရောက်ရှိနေကြသည်။ ယုံကြည်သူအချို့သည် သင်းအုပ်ဆရာများနှင့် အကြီးအကဲများ ပြောသည့်အရာကို ယုံကြည်ကြသောကြောင့် ခရစ်တော်၏ အယောင်ကိုဆောင်သောသူများ၏ လှည့်ဖြားခြင်းခံရမည်ကို ကြောက်ရွံ့ကြပြီး တစ်စုံတစ်ဦးက သခင်ပြန်ကြွလာပြီဟု သက်သေခံနေသည်ကို ကြားသည့်အချိန်တွင်ပင် လမ်းခရီးကို ရှာဖွေဖို့ရန် မဝံ့မရဲဖြစ်နေသေးသည်အထိ သတိထားနေကြပြီး မတုန်မလှုပ် ဖြစ်လာကြလေသည်။ သို့ဆိုလျှင် တစ်ဦးတစ်ယောက်သည် သခင်၏ ပြန်ကြွလာခြင်းကို မည်သို့ ကြိုဆိုပြီး တစ်ချိန်တည်းမှာပင် ခရစ်တော်၏ အယောင်ဆောင်သောသူတို့ကို သတိထားနိုင်မည်နည်း။ ညီအစ်မ ရှန်းဝမ်က အဖြေကို တွေ့ရှိထားပါသည်။ ထို့ကြောင့် သူမ၏ အတွေ့အကြုံကို အတူတကွ တစ်ချက်လေ့လာလိုက်ကြပါစို့။

ခရစ်တော်၏ အယောင်ကို ဆောင်သောသူများသည် နောက်ဆုံးသောကာလတွင် ပေါ်ထွက်ပြီဖြစ်သောကြောင့် သင်းအုပ်ဆရာက အခြားအသင်းတော်မှ တရားဒေသနာများကို နားထောင်ခွင့်မပေးခဲ့ပါ
ကလေးဘဝကတည်းက သခင့်ကို ကျွန်မ ယုံကြည်ခဲ့ပါသည်။ ယင်းသို့ဖြင့် ကျွန်မ၏ အမေ(သင်းထောက်တစ်ဦးနှင့် ဥပုသ်စာဖြေကျောင်းဆရာမတစ်ဦးဖြစ်ခဲ့သူ) နောက် ကျွန်မ လိုက်ခဲ့သည်။ ဝတ်ပြုအစည်းအဝေးများကို မကြာခဏ ကျွန်မ တက်လေ့ရှိပြီး သူမနှင့်အတူ ကျမ်းစာ ဖတ်ခဲ့ကာ ကျွန်မ အသက်ရလာသည်နှင့်အမျှ ကလေးသူငယ် အဖွဲ့မှ ဂျူနီယာအဖွဲ့သို့ ကျွန်မ ပြောင်းတက်ခဲ့သည်။

Read More »

၃) ဘုရားသခင်၏ နာမတော် ပြောင်းလဲကောင်း ပြောင်းလဲနိုင်သည်၊ သို့သော် ကိုယ်တော်၏ အနှစ်သာရကား ဘယ်သောအခါမျှ မပြောင်းလဲပါ။

God-s-name-3

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်သည် မပြောင်းလဲနိုင်ဘူး ပြောသူများရှိသည်။ ယင်းမှာ မှန်သော်လည်း ယင်းမှာ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အနှစ်သာရ မပြောင်းလဲနိုင်ခြင်းကို ဆိုလိုသည်။ ကိုယ်တော်၏ နာမတော်နှင့် အလုပ်ကို ပြောင်းလဲခြင်း သည် သူ၏ အနှစ်သာရ ပြောင်းလဲသွားပြီဟု သက်သေမခံပေ။ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်သည် အစဉ်အမြဲ ဘုရားသခင်ဖြစ်ပြီး ယင်းသည် မည်သည့်အခါမှ မပြောင်းလဲပေ။ အကယ်၍ သင်က ဘုရားသခင် ၏ အလုပ်သည် ပြောင်းလဲခြင်းမရှိဟု ဆိုပါက၊ သူသည် သူ၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ကို အပြီးသတ်နိုင်စွမ်း ရှိပါမည်လော။ ဘုရားသခင်သည် ထာဝရ ပြောင်းလဲခြင်းမရှိကြောင်း သင်သိသော်လည်း ဘုရားသခင်သည် အစဉ်အမြဲ အသစ်ဖြစ်ပြီး မည်သည့်အခါမျှ မဟောင်းနွမ်းသည်ကို သင်သိပါသလော။ ဘုရားသခင်၏ အလုပ်သည် မပြောင်းလဲပါက သူသည် လူသားမျိုးနွယ်ကို ယနေ့အချိန်အထိ လမ်း တစ်လျှောက်လုံး ဦးဆောင်နိုင်ခဲ့ပါမည်လော။ ဘုရားသခင်သည် မပြောင်းလဲနိုင်ဟု ဆိုလျှင် ကိုယ်တော်သည် အဘယ်ကြောင့် ခေတ်နှစ်ခေတ်၏ အလုပ်ကို ပြီးစီးအောင် လုပ်ခဲ့နိုင်သနည်း။ သူ၏ အလုပ်သည် ရှေ့သို့ ရွေ့လျားရန် မည်သည့်အခါမျှ ရပ်တန့်ခြင်းမရှိ၊ သူ၏ စိတ်သဘောထားသည် လူသားအား တဖြည်းဖြည်း ဖွင့်လှစ်ပြသနေပြီး ယင်းပြသမှုသည် သူ၏ ပင်ကိုစိတ်သဘောထားဖြစ်သည်ဟု ဆိုရပေမည်။ အစဦးတွင် ဘုရားသခင်၏ စိတ်သဘောထားကို လူသားထံမှ ဖုံးကွယ်ထားခဲ့သည်။ သူသည် လူသားအား သူ၏ စိတ်သဘောထားကို မည်သည့်အခါမျှ ပွင့်လင်းစွာ ထုတ်ဖော်ခဲ့ခြင်းမရှိဘဲ၊ လူသည် သူ့အကြောင်းကို ရိုးရှင်းစွာပင် မသိနားမလည်ခဲ့ပေ။ သို့ဖြစ်သောကြောင့် သူသည် သူ၏ စိတ်သဘောထားကို လူသားကို တဖြည်းဖြည်း ထုတ်ဖော်ပြသရန် သူ၏ အလုပ်ကို အသုံးပြုခဲ့သည်။ သို့သော်လည်း ထိုသို့ လုပ်ဆောင်ခြင်း ကြောင့် ဘုရားသခင်၏ စိတ်သဘောထားသည် ခေတ်တိုင်းတွင် ပြောင်းလဲနေသည်ဟု မဆိုလိုပေ။ ယင်းမှာ သူ၏ အလိုတော်သည် အစဉ်အမြဲ ပြောင်းလဲ နေခြင်းကြောင့် ဘုရားသခင်၏ စိတ်သဘောထားသည် အစဉ်အမြဲ ပြောင်းလဲနေခြင်းဟု မဆိုလိုပေ။ ယင်းအစား သူ့အလုပ်၏ ခေတ်များ မတူညီသောကြောင့် ဘုရားသခင်သည် သူ၏ပင်ကို စိတ်သဘောထားကို လုံးလုံးလျားလျား တစ်ဆင့်ပြီးတဆင့် ယူဆောင်ပြီး ယင်းကို လူသားအား ဖော်ထုတ်ပြသသောကြောင့် လူသားသည် သူ့ကို သိလာနိုင်သည်။ သို့သော်လည်း ယင်းသည် ဘုရားသခင်တွင် မူလက မည်သည့် စိတ်သဘောထားမျှ မရှိ သို့မဟုတ် ခေတ်များ ကျော်ဖြတ် လာသည်နှင့် အမျှ သူ၏ စိတ်သဘောထားသည် တဖြည်းဖြည်း ပြောင်းလဲလာသည်ကို သက်သေပြသည်ဟု မဆိုလိုပေ။ ယင်းသို့နားလည်မှုမှာ မှားယွင်းမှုဖြစ်သည်။ ဘုရားသခင်သည် သူ၏ ပင်ကိုနှင့် သီးခြား စိတ်သဘောထားကို—သူ၏ ဖြစ်ခြင်းကို—လူသားအား ခေတ်များ ကျော်ဖြတ်လာသည်နှင့်အမျှ ထုတ်ဖော် ပြသသည်။ ခေတ်တစ်ခေတ်၏ အလုပ်သည် ဘုရားသခင်၏ စိတ်သဘောထား အလုံးစုံကို ဖော်ပြနိုင်ခြင်း မရှိပေ။ သို့ဖြစ်ရာ နှုတ်ကပတ်တော်ဖြစ်သော “ဘုရားသခင်သည် အစဉ်အမြဲ အသစ်ဖြစ်ပြီး မည်သည့်အခါမျှ ဟောင်းနွမ်းခြင်းမရှိ” ဆိုသည်မှာ သူ၏ အလုပ်ကို ရည်ညွှန်းပြီး နှုတ်ကပတ်တော်ဖြစ်သော “ဘုရားသခင်သည် ပြောင်းလဲခြင်းမရှိ” ဆိုသည်မှာ ဘုရားသခင်၏ ပင်ကိုဖြစ်သော အရာအားလုံးနှင့် ဖြစ်ခြင်းကို ရည်ညွှန်းသည်။ မည်သို့ပင်ဖြစ်စေ သင်သည် နှစ်ခြောက်ထောင်အလုပ်ကို နေရာတစ်ခုအပေါ်တွင် မပြုလုပ်နိုင် သို့မဟုတ် သေဆုံးနေသော စကားလုံးများဖြင့် ယင်းကို ပုံဖော်ခြင်းမပြုနိုင်ပေ။ ယင်းမှာ လူသား၏ တုံးအမှုဖြစ်သည်။ ဘုရားသခင်သည် လူသား ထင်မြင်သကဲ့သို့ ရိုးရှင်းခြင်း မရှိဘဲ မည်သည့် ခေတ်တစ်ခုတွင်မဆို သူ၏ အလုပ်သည် တရစ်ဝဲဝဲ စွဲကျန်ရစ်ခြင်း မရှိပေ။ ဥပမာအားဖြင့် ယေဟောဝါသည် ဘုရားသခင်၏ နာမတော် အဖြစ် အစဉ်အမြဲ ရပ်တည်မနေနိုင်ပေ။ ဘုရားသခင်သည်ယေရှုနာမတော်အောက်တွင် သူ၏ အလုပ်ကို လုပ်နိုင်သေးသည်။ ယင်းမှာ ဘုရားသခင်၏ အလုပ်သည် အစဉ်အမြဲ ရှေ့သို့ တိုးတက်ခြင်းဖြင့် ရွေ့လျား နေသည့် လက္ခဏာ ဖြစ်သည်။

Read More »

Myanmar Gospel Movie (ဒီလောက် သာယာလိုက်တဲ့ အသံ) သခင်ယေရှုပြန်ရောက်လာပြီဆိုတာ ဘယ်လိုသေချာနိုင်မလဲ – အပိုင်း (၂)

အသင်းတော်တွေမှာ စတင်ခြောက်ကပ်လာကတည်းက သန့်ရှင်းသောဝိညာဉ်တော်ရဲ့လုပ်ဆောင်မှုနဲ့ သခင့်မျက်မှောက်တော် မရှိတော့တာကို ညီအစ်ကို မောင်နှမတွေ ခံစားခဲ့ရတယ်။ ပြီးတော့ သူတို့အားလုံး သခင့်ရဲ့ ပြန်ကြွလာခြင်းကို တောင့်တနေကြတယ်။ ဒါပေမယ့် သခင်ယေရှုပြန်လာပြီဆိုတဲ့သတင်းကိုကြားတဲ့အခါ အဲဒါဟာ အမှန်ဖြစ်ကြောင်းဘယ်လိုသေချာအောင်လုပ်မလဲ။

အရှေ့အရပ်မှ လျှပ်ပြက်ခြင်း၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ ပေါ်ပေါက်လာခြင်း နှင့် လုပ်ဆောင်မှု၊ သခင်ယေရှုဘုရား၏ ဒုတိယအကြိမ်ကြွလာခြင်း၊ နောက်ဆုံးသောကာလရှိ ခရစ်တော်တို့ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ဖြစ်သည့် အရှေ့အရပ်မှ လျှပ်စီးကို ဖန်တီးခဲ့ပါသည်။ နောက်ဆုံးသောကာလများတွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ လုပ်ဆောင်မှုများကိုလက်ခံသည့်သူများအားလုံး နှင့် ဘုရားသခင်၏နှုတ်ကပတ်တော်ဖြင့် သိမ်းပိုက်စိုးမိုးပြီး ကယ်တင်ခြင်းခံရသောသူများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကိုယ်တော်ကိုယ်တိုင် အားလုံးကိုတည်ထောင်ခြင်းဖြစ်ပြီး သိုးထိန်းကဲ့သို့သူကိုယ်တိုင်ဦးဆောင်ခဲ့သည်။ လူသားတဦးအားဖြင့် ဖန်တီးခဲ့ခြင်း လုံးဝမဟုတ်ပါ။ ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်။ ဘုရားသခင်၏ သိုးများသည် ဘုရားသခင်၏ အသံကိုကြားပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်နေသရွေ့ ဘုရားသခင်သည် ပေါ်ထွန်းခဲ့ကြောင်း သင်သိရှိရလိမ့်မည်။

Read More »