အခန်း သုံး ဘုရားသခင် အလုပ်၏ အဆင့်သုံးဆင့်နှင့် ပတ်သက်သည့် သမ္မာတရားများကို သင်သိရမ

ကရုဏာ, ကျေးဇူးတော်, ခရစ်တော်, ဧဝံဂေလိတရား

အခန်း သုံး ဘုရားသခင် အလုပ်၏ အဆင့်သုံးဆင့်နှင့် ပတ်သက်သည့် သမ္မာတရားများကို သင်သိရမ
    ၂။ ဘုရားသခင့်အမှု၏ အဆင့်သုံးဆင့်၏ ရည်မှန်းချက်

    ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်ဖြစ်သော ငါ၏စီမံခန့်ခွဲမှုအစီအစဉ် တစ်ရပ်လုံးတွင် အဆင့်သုံးဆင့်၊ သို့မဟုတ် ခေတ်သုံးခေတ် ပါဝင်သည်၊ အစအဦး၏ ပညတ်တော်ခေတ်၊ (ရွေးနုတ်ခြင်းခေတ်လည်းဖြစ်သော) ကျေးဇူးတော်ခေတ်နှင့် နောက်ဆုံးသောကာလ၏ နိုင်ငံတော်ခေတ်တို့ဖြစ်လေသည်။ ဤခေတ်သုံးခေတ်တို့မှ ငါ၏အမှုသည် ခေတ်တစ်ခုစီ၏သဘာဝနှင့်အညီ အကြောင်းအရာကွဲပြား၏၊ သို့ရာတွင် အဆင့်တစ်ခုစီတိုင်း၌ ဤအမှုသည် လူသား၏လိုအပ်ချက်များနှင့် လိုက်လျောညီထွေရှိသည်၊ သို့တည်းမဟုတ် ပို၍အတိအကျဆိုသော် စာတန်နှင့် ငါဆင်နွှဲသည့် စစ်ပွဲတွင် သူအသုံးပြုသည့် လှည့်ကွက်များနှင့်အညီ ဤအမှုကို လုပ်ဆောင်ခြင်းဖြစ်သည်။ ငါ့အမှု၏ ရည်ရွယ်ချက်မှာ စာတန်ကို အနိုင်ယူရန်၊ ငါ၏ဉာဏ်ပညာနှင့် အနန္တတန်ခိုးကို ထင်ရှားစေရန်နှင့် စာတန်၏ လှည့်ကွက်များအားလုံးကို ဖော်ထုတ်ပြရန်ဖြစ်ပြီး၊ ဤနည်းအားဖြင့် စာတန်၏အုပ်စိုးမှုအောက်တွင် နေထိုင်ကြသည့် လူသားမျိုးနွယ်တစ်ရပ်လုံးကို ကယ်တင်ရန်ဖြစ်သည်။ ယင်းသည် ငါ၏ဉာဏ်ပညာနှင့် အနန္တတန်ခိုးကို ပြသရန်နှင့် စာတန်၏ မခံမရပ်နိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းခြင်းကို ထုတ်ဖော်ပြရန်ဖြစ်၏၊ ယင်းထက်ပို၍ပင် ဖန်ဆင်းခံသက်ရှိတို့အနေဖြင့် ကောင်းမှုနှင့် မကောင်းမှုကြား ခွဲခြားသိမြင်စေရန်၊ ငါသည် အရာအားလုံးတို့၏ အုပ်စိုးသူဖြစ်ကြောင်းကို သိကြစေရန်၊ စာတန်သည် လူသားတို့၏ ရန်သူ၊ အကျင့်ပျက်ယိုယွင်းသော နတ်ဆိုးဖြစ်ကြောင်းကို ရှင်းလင်းစွာ မြင်စေရန်ဖြစ်ပြီး၊ ၎င်းတို့အနေဖြင့် ကောင်းမှုနှင့် မကောင်းမှုကြား၊ သမ္မာတရားနှင့် မုသားကြား၊ သန့်ရှင်းခြင်းနှင့် ညစ်ညမ်းခြင်းကြား၊ ကြီးမြတ်သောအရာနှင့် ယုတ်ညံ့သောအရာကြား ခြားနားမှုကို အကြွင်းမဲ့ သေချာမှုဖြင့် သိကြစေရန် ဖြစ်သည်။ သို့မှသာ မသိနားမလည်သော လူသားတို့သည် ၎င်းတို့ကို ဖောက်ပြန်ပျက်စီးစေသည်မှာ ငါမဟုတ်ကြောင်းကိုလည်းကောင်း၊ ဖန်ဆင်းရှင်ဖြစ်သော ငါကသာ လူသားတို့ကို ကယ်တင်နိုင်ပြီး လူတို့မွေ့လျော်ခံစားနိုင်သောအရာတို့ကို လူတို့အပေါ် အပ်နှင်းနိုင်ကြောင်းကိုလည်းကောင်း၊ ငါ့အတွက် သက်သေခံနိုင်လာကြလိမ့်မည်၊ ထို့ပြင် ငါသည် အရာအားလုံးတို့၏ အုပ်စိုးသူဖြစ်ကာ၊ စာတန်မူကား ငါက ဖန်ဆင်းခဲ့ပြီး နောက်ပိုင်းတွင် ငါ့ကိုဆန့်ကျင်ခဲ့သော သတ္တဝါများထဲမှ တစ်ယောက်မျှသာ ဖြစ်ကြောင်းကို ၎င်းတို့သိလာကြလိမ့်မည်။ ငါ၏အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်ကို အဆင့်သုံးဆင့် ပိုင်းခြားထားပြီး၊ ငါသည် ဤသို့လုပ်ဆောင်ရခြင်းမှာ ဖန်ဆင်းခံသတ္တဝါတို့ကို ငါ့အတွက် သက်သေခံနိုင်စေခြင်းဟူသည့် အကျိုးရလဒ်ကို ရရှိစေရန်၊ ငါ၏အလိုတော်ကို နားလည်သဘောပေါက်ကြစေရန်နှင့် ငါသည် သမ္မာတရားဖြစ်ကြောင်းကို သိကြစေရန်ဖြစ်သည်။Read More »

စစ်မှန်သော ခရစ်တော်နှင့် ခရစ်တော်၏ အယောင်ကိုဆောင်သောသူတို့ကြား ခွဲခြားသိမြင်ရန် ကျွန်မ သင်ယူခဲ့ပြီး သခင်ယေရှု၏ ပြန်ကြွလာခြင်းကို ဝမ်းမြောက်စွာ ကြိုဆိုခဲ့သည်

ကရုဏာ, ကောင်းကင်နိုင်ငံတော်, ကျေးဇူးတော်, ခရစ်ယာန်

ရှန်းဝမ်၊ မလေးရှား

အယ်ဒီတာ့ မှတ်စု– ယခု ကျွန်ုပ်တို့သည် သခင်၏ ပြန်ကြွလာခြင်းနှင့်ဆိုင်သော အရေးကြီးသည့် အချိန်တွင် ရောက်ရှိနေကြသည်။ ယုံကြည်သူအချို့သည် သင်းအုပ်ဆရာများနှင့် အကြီးအကဲများ ပြောသည့်အရာကို ယုံကြည်ကြသောကြောင့် ခရစ်တော်၏ အယောင်ကိုဆောင်သောသူများ၏ လှည့်ဖြားခြင်းခံရမည်ကို ကြောက်ရွံ့ကြပြီး တစ်စုံတစ်ဦးက သခင်ပြန်ကြွလာပြီဟု သက်သေခံနေသည်ကို ကြားသည့်အချိန်တွင်ပင် လမ်းခရီးကို ရှာဖွေဖို့ရန် မဝံ့မရဲဖြစ်နေသေးသည်အထိ သတိထားနေကြပြီး မတုန်မလှုပ် ဖြစ်လာကြလေသည်။ သို့ဆိုလျှင် တစ်ဦးတစ်ယောက်သည် သခင်၏ ပြန်ကြွလာခြင်းကို မည်သို့ ကြိုဆိုပြီး တစ်ချိန်တည်းမှာပင် ခရစ်တော်၏ အယောင်ဆောင်သောသူတို့ကို သတိထားနိုင်မည်နည်း။ ညီအစ်မ ရှန်းဝမ်က အဖြေကို တွေ့ရှိထားပါသည်။ ထို့ကြောင့် သူမ၏ အတွေ့အကြုံကို အတူတကွ တစ်ချက်လေ့လာလိုက်ကြပါစို့။

ခရစ်တော်၏ အယောင်ကို ဆောင်သောသူများသည် နောက်ဆုံးသောကာလတွင် ပေါ်ထွက်ပြီဖြစ်သောကြောင့် သင်းအုပ်ဆရာက အခြားအသင်းတော်မှ တရားဒေသနာများကို နားထောင်ခွင့်မပေးခဲ့ပါ
ကလေးဘဝကတည်းက သခင့်ကို ကျွန်မ ယုံကြည်ခဲ့ပါသည်။ ယင်းသို့ဖြင့် ကျွန်မ၏ အမေ(သင်းထောက်တစ်ဦးနှင့် ဥပုသ်စာဖြေကျောင်းဆရာမတစ်ဦးဖြစ်ခဲ့သူ) နောက် ကျွန်မ လိုက်ခဲ့သည်။ ဝတ်ပြုအစည်းအဝေးများကို မကြာခဏ ကျွန်မ တက်လေ့ရှိပြီး သူမနှင့်အတူ ကျမ်းစာ ဖတ်ခဲ့ကာ ကျွန်မ အသက်ရလာသည်နှင့်အမျှ ကလေးသူငယ် အဖွဲ့မှ ဂျူနီယာအဖွဲ့သို့ ကျွန်မ ပြောင်းတက်ခဲ့သည်။

Read More »

ဘုရားသခင်၏မိခင်ကဲ့သို့သောနှလုံးသားကို မည်သူသိနိုင်မည်နည်း

ကျေးဇူးတော်, သမ္မာတရား, အသင်းတော်

ချင်ရှင်း ဂျန်ဂျိုးမြို့၊ ဟဲနန်းမြို့နယ်

ယခင်က ကျွန်မသည် ဘုရားသခင်၏ လူသားမျိုးနွယ်ကို ကယ်တင်ခြင်း အမှုတော်ကို နားမလည်ခဲ့ပါ။ တစ်စုံတစ်ယောက်က သူ့၏အလုပ်၌ ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်သည်ဖြစ်စေ၊ သို့မဟုတ် အသင်းတော်လုပ်ငန်းကို ထိခိုက်စေသည့် အပြစ်ကို ကျူးလွန်သည်ဖြစ်စေ၊ သူသည် တန်ပြန်ခံရခြင်း (သို့) တာဝန်မှရပ်ဆိုင်းခံရခြင်း (သို့) အပြစ်ဒဏ်ပေးခံရခြင်းများကို ရင်ဆိုင်ရမည်ဟု ကျွန်မ ထင်မြင်ခဲ့ပါသည်။ ယင်းမှာ ဘုရားသခင်၏ဖြောင့်မတ်ခြင်း ဖြစ်ပါသည်။ ကျွန်မသည် ထိုသို့ မမှန်ကန်သော နားလည်မှုမျိုးအပြင်၊ ကျွန်မ၏ အလုပ်တွင် အမှားကျူးလွန်မိပြီး အလုပ်ပြုတ်မည်ကိုကြောက်ရွံ့မိခြင်းများကြောင့် “ပါးနပ်သောနည်းလမ်း” တစ်ခုကို စဉ်းစားခဲ့မိပါသည်။ ကျွန်မသည် အမှားတစ်ခုခုကျူးလွန်မိသည့်အခါတိုင်း၊ ပထမဦးစွာ ခေါင်းဆောင်များ မသိစေဖို့ မိမိအတတ်နိုင်ဆုံး ကြိုးစားထားပြီး၊ မိမိဘာသာ ဖြေရှင်းရန် လျင်မြန်စွာ ကြိုးစားကာ၊ အမှန်အတိုင်း ဖြစ်စေရန် ကျွန်မ၏ အစွမ်းရှိသမျှ ဆောင်ရွက်ပါသည်။ ထို့နောက် ယင်းမှာ ကျွန်မအလုပ်မြဲနေစေဖို့ ကျွန်မကို အထောက်အကူ မဖြစ်စေပါသလား။ ထို့ကြောင့် အလုပ်အတွက် အစီရင်ခံစာပေးရသည့်အချိန်တိုင်း ကြီးသည့်အမှုကို ငယ်စေကာ၊ ငယ်သည့်အမှုကို ပပျောက်စေခဲ့ပါသည်။ တစ်ခါတစ်ရံတွင် ကျွန်မ မတုန်မလှုပ်ဖြစ်နေခဲ့ပါက၊ ခေါင်းဆောင်များက ကျွန်မအား မစွမ်းဆောင်နိုင်သူဟု တွေးထင်ပြီး၊ ကျွန်မကို အသုံးမပြုတော့မည်ကို ကြောက်လန့်ရင်း၊ ခေါင်းဆောင်များ ရှေ့တွင် အတတ်နိုင်ဆုံး ဖုံးကွယ်လိုက်ပြီး၊ ကျွန်မသည် အလွန်တက်ကြွကာ၊ အပြုသဘောဆောင်သူ အဖြစ် ဟန်ဆောင်ခဲ့ပါသည်။ ထိုသို့နှင့်ပင် ကျွန်မ လုပ်သမျှ အရာတိုင်းတွင် ဘုရားသခင်နှင့် ခေါင်းဆောင်များ မသိရစေရန် အလွန်ဂရုတစိုက်နှင့် သတိထားနေရပါသည်။Read More »

၃။ လူ့ဇာတိခံဘုရားသခင်၏ အမှုတော်နှင့် ဝိညာဉ်တော်၏ အမှုတော်ကြား ကွဲပြားခြားနားမှု

ကရုဏာ, နောက်ဆုံးသောကာလ, ယေရှု, သန့်ရှင်း, ဧဝံဂေလိတရား

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်၏ လူကိုကယ်တင်ခြင်းမှာ ဝိညာဉ်တော်နှင့် ဝိညာဉ်တော်၏ ကိုယ်ပိုင်လက္ခဏာဆိုင်ရာ နည်းလမ်းကို တိုက်ရိုက်အသုံးပြုပြီး လုပ်ဆောင်ခဲ့ခြင်း မဟုတ်ပေ၊ အကြောင်းမှာ သူ၏ဝိညာဉ်တော်ကို လူသားသည် ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည် ချဉ်းကပ်နိုင်ခြင်း မရှိသောကြောင့်ဖြစ်သည်။ သူ့အနေဖြင့် ဝိညာဉ်တော်၏အမြင်ကို တိုက်ရိုက်အသုံးပြု၍ လူသားကို ကယ်တင်ရန် ကြိုးပမ်းခဲ့ပါက လူသားသည် သူ၏ကယ်တင်ခြင်းကို လက်ခံရရှိနိုင်မည် မဟုတ်ပေ။ အကယ်၍ ဘုရားသခင်သည် ဖန်ဆင်းခံထားရသော လူသားတစ်ဦး၏ ပြင်ပပုံသဏ္ဌာန်ကိုသာ မယူတင် မဝတ်ဆင်ခဲ့ပါက လူတို့သည် ဤကယ်တင်ခြင်းကို ရရှိနိုင်မည်မဟုတ်ပေ။ အကြောင်းမှာ မည်သူတစ်ဦးတစ်ယောက်ကမျှ ယေဟောဝါ၏ တိမ်တိုက်အနီးသို့ မသွားနိုင်ကြသကဲ့သို့ပင် လူသည် သူ့ကို ချဉ်းကပ်ခြင်း မပြုနိုင်သောကြောင့် ဖြစ်သည်။ ဖန်ဆင်းခံလူသားတစ်ဦး ဖြစ်လာခြင်းအားဖြင့်သာလျှင်၊ ဆိုလိုသည်မှာ သူ၏ နှုတ်ကပတ်တော်များကို သူခံယူတော့မည်ဖြစ်သော ဇာတိခန္ဓာအထဲသို့ ထည့်သွင်းခြင်းအားဖြင့်သာလျှင်၊ သူ့နောက်လိုက်သော သူအားလုံးထဲသို့ သူသည် နှုတ်ကပတ်တော်၏ အလုပ်ကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်နိုင်မည်။ သို့မှသာလျှင် လူသည် သူ၏နှုတ်ကပတ်တော်ကို ကိုယ်တိုင်ကိုယ်ကျ ကြားနိုင်မြင်နိုင်မည်၊ သူ၏နှုတ်ကပတ်တော်ကို ရရှိနိုင်မည်ဖြစ်ပြီး ဤသို့အားဖြင့် အပြည့်အဝ ကယ်တင်ခြင်းကို ခံရနိုင်ပေမည်။ အကယ်၍ ဘုရားသခင်သည် လူ့ဇာတိကို မခံယူခဲ့ပါက အသွေးအသားရှိသော မည်သည့်လူသားကမျှ ယင်းသို့ ကြီးမြတ်သော ကယ်တင်ခြင်းကို ရရှိနိုင်လိမ့်မည် မဟုတ်သကဲ့သို့ မည်သည့်လူသားတစ်ဦးတစ်ယောက်ကမျှ ကယ်တင်ခြင်း ခံရမည်မဟုတ်ပေ။ ဘုရားသခင်၏ ဝိညာဉ်တော်သည် လူအများကြားတွင် တိုက်ရိုက် အလုပ်လုပ်ခဲ့ပါက လူအားလုံးသည် ပြင်းစွာဒဏ်ပေးခံရလိမ့်မည်ဖြစ်သည်၊ သို့မဟုတ်ပါက ဘုရားသခင်နှင့် ထိတွေ့ဆက်ဆံရန် နည်းလမ်းမရှိသောကြောင့် သူတို့သည် စာတန်၏ ဖမ်းဆီးချုပ်ထားခြင်းကို အပြည့်အဝ ခံခဲ့ရလိမ့်မည်။Read More »

ခရစ်ယာန်သီချင်း | ဘုရားသခင်သည် သူ၏ စိတ်သဘောထားအလုံးစုံကို လူသားတို့ကို ဖွင့်ပြခဲ့ပြီ

ခရစ်ယာန်သီချင်း | ဘုရားသခင်သည် သူ၏ စိတ်သဘောထားအလုံးစုံကို လူသားတို့ကို ဖွင့်ပြခဲ့ပြီ

Myanmar Christian Song | ဘုရားသခင်သည် သူ၏ စိတ်သဘောထားအလုံးစုံကို လူသားတို့ကို ဖွင့်ပြခဲ့ပြီ


ကမ္ဘာကိုဖန်ဆင်း ကတည်းက ဘုရားသခင်၏
ဝိညာဉ်သည် ကြီးမားသောအမှု အမြဲ သူ ပြုလုပ်ခဲ့သည်။
သူသည် ကွဲပြား သော တိုင်းနိုင်ငံများ နှင့်
အို…ခေတ်အဆက်ဆက် ကွဲပြားသောအမှု ပြုသည်
သူ၏ ကွဲပြား သော စိတ်သဘောထားကို
ခေတ်တစ်ခုစီရှိ လူများသည် မြင်တွေ့ကြရပြီး
လူများမြင်ဖို့ သူ့ပင်ကိုသဘာဝကို ဖော်ထုတ် ခဲ့သည်
သူ၏ ကွဲပြား သော စိတ်သဘောထားကို
ခေတ်တစ်ခုစီရှိ လူများမြင်တွေ့ရန် သူ၏
ကွဲပြားသောအမှုတော်များမှ တစ်ဆင့် ပြသခဲ့သည်။
အို…သူသည် ဘုရားဖြစ်ပြီး ကရုဏာတော်၊ ချစ်ခြင်း၊
ကြင်နာခြင်းနှင့် ပြည့်
အို…သူသည် လူ့အပြစ်အတွက် ပေးဆပ်သူနှင့်
အို…လမ်းပြသောသူ
သို့သော် သူသည် လူအပေါ် စစ်ကြောစီရင်ခြင်း၊ ကျိန်သင့်စေခြင်းနှင့်
ဆုံးမခြင်းအမှု ကို ပြုသည်။

Read More »

ဧဝံဂေလိ ဂီတ | အစွန်းအထင်းမရှိ ဖြူစင်သောမေတ္တာ

ကရုဏာ, ကျေးဇူးတော်, ဧဝံဂေလိ

Myanmar Gospel Song | အစွန်းအထင်းမရှိ ဖြူစင်သောမေတ္တာ


ချစ်ခြင်းမေတ္တာဆိုတာ အစွန်းအထင်းမရှိ ဖြူစင်တဲ့ စိတ်ခံစားမှု မို့
သင့်နှလုံးသားဖြင့် ချစ်ခင်၊ ခံစား၊ ကရုဏာ ထားပါ
ချစ်ခြင်းမေတ္တာသည် အတားအဆီးနှင့်
အခြေနေ အကွာအဝေးတို့အပေါ် သတ်မှတ်ချက်မထားဘူး
သင့်နှလုံးသားဖြင့် ချစ်ခင်၊ ခံစား၊ ကရုဏာ ထားပါ
သင်၌ မေတ္တာရှိလျှင် လှည့်ဖြားခြင်း၊ ညည်းတွားခြင်း တို့မရှိ
ပစ်ပယ်ခြင်း တစ်စုံတစ်ရာကို ပြန်ရရန် မျှော်ကိုးခြင်းတို့မရှိ
သင်၌ မေတ္တာရှိလျှင် သင်အနစ်နာခံတတ်မည်၊
အခက်အခဲကို လက်ခံတတ် ပြီး ဘုရားနှင့်
တစ်လုံးတစ်ဝတည်းဖြစ်လိမ့်မည်

Read More »

Best Myanmar Christian song | အစွန်းအထင်းမရှိ ဖြူစင်သောမေတ္တ


ချစ်ခြင်းမေတ္တာဆိုတာ အစွန်းအထင်းမရှိ ဖြူစင်တဲ့ စိတ်ခံစားမှု မို့
သင့်နှလုံးသားဖြင့် ချစ်ခင်၊ ခံစား၊ ကရုဏာ ထားပါ
ချစ်ခြင်းမေတ္တာသည် အတားအဆီးနှင့်
အခြေနေ အကွာအဝေးတို့အပေါ် သတ်မှတ်ချက်မထားဘူး
သင့်နှလုံးသားဖြင့် ချစ်ခင်၊ ခံစား၊ ကရုဏာ ထားပါ
သင်၌ မေတ္တာရှိလျှင် လှည့်ဖြားခြင်း၊ ညည်းတွားခြင်း တို့မရှိ
ပစ်ပယ်ခြင်း တစ်စုံတစ်ရာကို ပြန်ရရန် မျှော်ကိုးခြင်းတို့မရှိ
သင်၌ မေတ္တာရှိလျှင် သင်အနစ်နာခံတတ်မည်၊
အခက်အခဲကို လက်ခံတတ် ပြီး ဘုရားနှင့်
တစ်လုံးတစ်ဝတည်းဖြစ်လိမ့်မည်

Read More »

Myanmar Christian Song (လူသားမျိုးနွယ်အပေါ် ဘုရား၏သနားခြင်း)


သနားခြင်းကို အလွန် ချစ်ခင်မြတ်နိုးခြင်းဟု အဓိပ္ပာယ်ဖွင့်နိုင်၊
သနားခြင်းကို မြတ်နိုးခြင်း၊ ကွယ်ကာခြင်းဟုလည်း ဆိုနိုင်၊
သနားခြင်းသည် မနာကျင်စေလို ခြင်းဟု အဓိပ္ပာယ်ရနိုင်၊
သနားခြင်းသည် နူးညံ့သိမ်မွေ့ခြင်းဟု အဓိပ္ပာယ်ရနိုင်၊
ဖန်ဆင်းရှင်သာ လူသားအပေါ် သနားကြင်နာ၊
ဖန်ဆင်းရှင် သူတို့ပေါ် အဆုံးမဲ့ချစ်ခြင်းမျိုး ထားရှိ၊
ဖန်ဆင်းရှင်သာ လူသားအပေါ် ကရုဏာကို ပေးအပ်၊
သူ၏ဖန်ဆင်းသောအရာအားလုံးကို ချစ်ခင်မြတ်နိုးတတ်၊
သနားခြင်းက သိမ်မွေ့သော မေတ္တာနှင့်ချစ်ခြင်းကို ဖော်ပြနိုင်၊
သနားခြင်းကို မစွန့်လွှတ်လိုခြင်းဟု အနက်ဖွင့်နိုင်၊
သနားခြင်းသည် လူသားအပေါ် ထားရှိသော
ဘုရား၏ကရုဏာနှင့်သည်းခံခြင်းပင်၊
ဒီစကားများ ဘုရားရဲ့စိတ်ထားနှင့်နှလုံးသားကို ဖော်ပြ၊
ဖန်ဆင်းရှင်သာ လူသားအပေါ် သနားကြင်နာ၊
ဖန်ဆင်းရှင် သူတို့ပေါ် အဆုံးမဲ့ချစ်ခြင်းမျိုး ထားရှိ၊
ဖန်ဆင်းရှင်သာ လူသားအပေါ် ကရုဏာကို ပေးအပ်၊
သူ၏ဖန်ဆင်းသောအရာအားလုံးကို ချစ်ခင်မြတ်နိုးတတ်၊

Read More »

ဘုရားသခင်၏ လူသားမျိုးနွယ်ကို စီမံခန့်ခွဲသည့် အမှုတော် အဆင့်သုံးဆင့်၏ ရည်ရွယ်ချက်ကို နားလည်လော့

ကယ်တင်ခြင်း, ကရုဏာ, သက်သေခံချက်, သမ္မာတရား, အသက်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ –

နှစ်ပေါင်းခြောက်ထောင်ကျော်ကြာမြင့်သောအကြံအစည်တော်ဖြစ်သည့် ငါ၏စီမံခွဲခန့်တော်မူခြင်း အစီအစဉ်၌ အဆင့်သုံးခု (သို့) ကာလသုံးပိုင်းပါရှိသည်။ ယင်းတို့မှာ အစအဦး၌ဖြစ်သော ပညတ်တော် ကာလ၊ ကျေးဇူးတော်ကာလ(ရွေးနှုတ်ခြင်းကာလဟူ၍လည်းခေါ်ဆိုသည်။) နှင့် နောက်ဆုံးသောနေ့ ရက်များ၏နိုင်ငံတော်ကာလ တို့ဖြစ်ကြသည်။ အဆိုပါကာလသုံးပိုင်းရှိ ငါ၏အမှုတော်တွင် ပါဝင်သော အရာများသည် ကာလတစ်ခုချင်းစီ၏ သဘောသဘာဝများအရ ခြားနားမှုများရှိနေသည်။ သို့သော် အဆင့်တိုင်း၌လူသား၏ လိုအပ်မှုများအရ (သို့) ပိုမိုတိကျစွာဆိုရပါက စာတန်မာရ်နတ်အား ငါဆင်နွဲ သည့် စစ်ပွဲ၌ စာတန်ကျင့်သုံးသည့်လှည့်စားမှုများနှင့်လျော်ညီစွာ ဆောင်ရွက်ပြီးစီးလျက်ရှိသည်။ ငါလုပ်ဆောင်သော အလုပ်၏ရည်ရွယ်ချက်မှာ စာတန်မာရ်နတ်အား ချေမှုန်းရန်၊ ငါ၏ပညတ်တော်နှင့် အရာခပ်သိမ်းအားသိမြင်တော်မူခြင်းအား ထင်ရှားစွာမြင်တွေ့ကြစေရန်၊ စာတန်၏လှည့်စားမှုမှန်သမျှ အား ဖော်ထုတ်ရန်နှင့် ထိုသို့အားဖြင့် စာတန်၏ထိမ်းချုပ်မှုအောက်တွင် ရှိနေသည့် လူသားမျိုး နွယ်တစ်ရပ်လုံးအား ရွေးနှုတ်ကယ်တင်ရန်ဖြစ်သည်။ ၎င်းသည်ငါ၏ပညာတော်နှင့် အရာခပ်သိမ်း အား သိမြင်တော်မူခြင်းအား ဖော်ထုတ်ပြသရန်နှင့် စာတန်မာရ်နတ်၏ ဆိုးရွားသည့် သွင်ပြင် လက္ခဏာအား တချိန်တည်းဖော်ထုတ်ရန်ဖြစ်သည်။ ထို့အပြင် ကောင်းမြတ်ခြင်းနှင့်ဆိုးညစ်ခြင်းတို့ကို ငါဖန်ဆင်းတော် မူသောသူများခွဲခြားတတ်စေရန်သင်ကြားပေးခြင်း၊ငါသည်အရာခပ်သိမ်းတို့အား အုပ်စိုးတော်မူသောသူ ဖြစ်ကြောင်းသိစေရန်၊စာတန်သည်လူသားမျိုးနွယ်၏ရန်သူဖြစ်ကြောင်း ရှင်းလင်းစွာမြင်တွေ့ စေနိုင်ရန်၊ အနိမ့်ဆုံးသောအရာထက် နိမ့်ကျသောသောသူဖြစ်ကြောင်း သိစေရန်၊ ဆိုးညစ်သောသူဖြစ်ကြောင်း သိစေရန်၊ကောင်းသောအရာနှင့်ဆိုးသောအရာတို့၏ခြားနားမှု၊ သမ္မာတရားနှင့် မှားယွင်းခြင်းတို့၏ ခြားနားမှု၊ သန့်ရှင်းခြင်းနှင့်ညစ်ညူးခြင်းတို့၏ခြားနားမှု၊ ကြီးမြတ်သောအရာနှင့်ဂုဏ်သိက္ခာကင်းမဲ့ခြင်း တို့၏ခြားနားမှုအားသေချာတိကျစွာပြောဆိုနိုင်စေရန်အတွက်ဖြစ်သည်။ ထိုနည်းအားဖြင့် ဂရုမမူလျက် ရှိနေကြသော လူသားမျိုးနွယ်အား ငါသည်လူသားမျိုးနွယ်ကို ပျက်စီးစေသောသူမဟုတ်ကြောင်း၊ ဖန်ဆင်းခြင်း၏အရှင်သခင်ဖြစ်သောငါတစ်ပါးတည်းသာလျင် လူသားမျိုးနွယ်အားကယ်တင်နိုင်ကြောင်း၊ ငါသာလျင်လူသားများ၏ ပျော်ရွှင်ခြင်းအား ပေးအပ်နိုင်သောသူဖြစ်ကြောင်းနှင့် လူသားများသည် ငါ့အား အရာခပ်သိမ်းအားအုပ်စိုးသောသူအဖြစ် သိစေရန်နှင့် စာတန်မာရ်နတ်သည် ငါဖန်ဆင်းထားခဲ့သောသူ၊ နောက်ပိုင်းတွင်ငါ့အားပုန်ကန်၍ဆန့်ကျင်ဘက်ပြုသောသူဖြစ်ကြောင်း လူသားများ သက်သေခံနိုင် လာကြစေရန်ဖြစ်သည်။ နှစ်ပေါင်းခြောက်ထောင်ကြာမြင့်သော ငါ၏အစီအစဉ်အား အောက်ပါ အကျိုးရလဒ်များရရှိစေရန်အလို့ငှာ အဆင့်သုံးဆင့်ဖြင့်ခွဲခြားသတ်မှတ်ထားသည်။ ယင်းတို့မှာ ငါဖန်ဆင်းသောအရာများသည် ငါ၏သက်သေခံများဖြစ်လာကြစေရန်၊ ငါ၏အလိုတော်အား နားလည်စေရန်နှင့် ငါသည်သမ္မာတရားဖြစ်တော်မူကြောင်း သိလာကြစေရန်ဖြစ်သည်။Read More »

ခရစ်ယာန်သီချင်း | ဘုရားရဲ့ ကောင်းချီးအပေါ်ထားတဲ့ ယောဘရဲ့ သဘောထား

ကရုဏာ, ခရစ်ယာန်သီချင်း, ဆုတောင်းခြင်း, ရိုသေ ကိုင်းရှိုင်းခြင်း

myanmar christian song | ဘုရားရဲ့ ကောင်းချီးအပေါ်ထားတဲ့ ယောဘရဲ့ သဘောထား


ယောဘဟာ သူလက်ထဲပိုင်သမျှ
သူ့ ကြိုးပမ်းမှုမဟုတ်ဘဲ ဘုရားပေးခဲ့တာကိုယုံခဲ့တယ်။
ကောင်းချီးတွေကို အခွင့်ကောင်းယူစရာလို့ မမြင်ဘဲ
သူ လိုက်နာရမယ့် လမ်းစဉ်ကို သူ့ဘဝရဲ့
လမ်းညွှန်ချက်လို ဆုပ်ကိုင်ထားတယ်
ယောဘဟာ ဘယ်တုန်းကမှဘုရားပေးတဲ့
ကောင်းချီးကြောင့် အပျော်မလွန်ခဲ့ပါ။
ရရှိခဲ့တဲ့ ကောင်းချီးတွေကြောင့် ဘုရားရဲ့ နည်းလမ်းနဲ့
ဘုရား ရဲ့ ကျေးဇူးတော်ကို လည်းမမေ့ခဲ့ပါ

Read More »