ဘုရားသခင်၏ စကားတော် | ကယ်တင်ရှင်သည် “ဖြူသောမိုးတိမ်” အားစီးလျက် ကြွလာခဲ့ပြီးဖြစ်သည်

ကယ်တင်ရှင်သည်, ခရစ်တော်, ဆုတောင်း, ယေရှု, ဝိညာဉ်တော်

လူသားတို့သည် ကယ်တင်ရှင်ကြွလာခြင်းကို တွေ့မြင်နိုင်ရန်အတွက် နှစ်ထောင်ပေါင်းများစွာ တောင့်တခဲ့ကြသည်။ ကယ်တင်ရှင် ယေရှုကို နှစ်ထောင်ပေါင်းများစွာတိုင် တမ်းတ စောင့်မျှော်နေကြသူများ အကြားတွင် လူသားတို့သည် ယေရှု ဖြူသောမိုးတိမ်စီးလျက် ဆင်းသက်လာသည်ကို ကိုယ်တိုင်ရှုမြင်ရန် တောင့်တခဲ့ကြသည်။ လူသားတို့သည် ကယ်တင်ရှင် ပြန်လာပြီး လူတို့နှင့် ပြန်လည် ပေါင်းစည်းနိုင်ရန် တောင့်တခဲ့ကြသည်၊ ဆိုလိုသည်မှာ နှစ်ထောင်ပေါင်း များစွာကြာအောင် လူတို့နှင့် ကွဲကွာနေခဲ့သည့် ကယ်တင်ရှင် ယေရှုကို လူသားထံသို့ ပြန်လာစေရန်ဖြစ်သည်။ ထို့နောက် ယုဒလူမျိုးများ အကြားတွင် သူပြုလုပ်ခဲ့သည့် ရွေးနုတ် ကယ်တင်ခြင်းအမှုကို ပြန်လည်၍ ဆောင်ရွက်မည်၊ လူသားတို့အပေါ် မေတ္တာဂရုဏာ ကြီးမားစွာဖြင့် ချစ်မြတ်နိုးမည်၊ လူသားတို့၏ အပြစ်များကို ခွင့်လွှတ်မည်၊ လူသား၏အပြစ်များကိုခံမည့်အပြင် လူသား၏အကျင့်သီလ ပျက်ပြားမှု အားလုံးကို ခေါင်းခံတာဝန်ယူ၍ လူသားအား ထိုအပြစ်များမှ လွတ်မြောက်စေမည်ဟု လူသားကမျှော်လင့်သည်။ ၎င်းတို့က ကယ်တင်ရှင် ယေရှုအား ယခင်အတိုင်း ချစ်မြတ်နိုးဖွယ်၊ နှစ်သက်ဖွယ်၊ ကြည်ညို လေးစားဖွယ်ကောင်းသော၊ လူသားအပေါ် မည်သည့်အခါမျှ အမျက်ဒေါသမရှိ၊ အပြစ်ဆိုခြင်း မရှိသော ကယ်တင်ရှင်အဖြစ် ရှိနေစေလိုကြသည်။ ဤကယ်တင်ရှင်သည် လူသား၏ အပြစ်အားလုံးကို ခါးဆီးခံပေးပြီး ခွင့်လွှတ်ပေးသူဖြစ်ကာ လူသားအတွက် လက်ဝါးကပ်တိုင်ပေါ်တွင် နောက်တစ်ကြိမ် အသက်ပင် ပေးခဲ့သူဖြစ်သည်။ ယေရှု ခွဲခွာသွားပြီးနောက် သူ၏ နောက်လိုက် တပည့် များနှင့် သူ၏အမည် နာမကြောင့် ကယ်တင်ခြင်းခံရသည့် သန့်ရှင်းသူအားလုံးတို့က သူ့အား အလွန့်အလွန် အောက်မေ့တမ်းတပြီး စောင့်မျှော်နေကြသည်။ ကျေးဇူးတော်ခေတ်၌ ယေရှုခရစ်တော်၏ ကျေးဇူးကြောင့် ကယ်တင်ခြင်းခံခဲ့ရသော သူအပေါင်းတို့သည် နောက်ဆုံးသောကာလ၏ ဝမ်းမြောက်ဖွယ်ရာ နေ့ဖြစ်သော၊ ကယ်တင်ရှင်ယေရှု ဖြူသော မိုးတိမ်စီးလျက် လူသားများအကြား ပေါ်ပေါက်လာမည့်အချိန်အား တမ်းတလျက် ရှိနေကြသည်။ မှန်ပါ၏၊ ဤသည်မှာ ယနေ့ ကယ်တင်ရှင် ယေရှု၏ နာမကို လက်ခံသူအားလုံး၏ စုပေါင်းဆန္ဒလည်းဖြစ်ပါသည်။ စကြဝဠာ တစ်လျှောက်လုံးရှိ ကယ်တင်ရှင်ယေရှု၏ ကယ်တင်ခြင်း အကြောင်းကို သိသူအားလုံးတို့သည် ယေရှုကမ္ဘာမြေပေါ်တွင် ရှိစဉ်အခါက “ငါထွက်ခွာသွားသကဲ့သို့ပင် တဖန်ပြန်လည် ရောက်ရှိလာလိမ့်မည်” ဟု ပြောဆိုခဲ့သည့်စကားကို ဖြည့်ဆည်းပေးရန်အတွက် ယေရှုခရစ်တော် ရုတ်တရက် ကြွလာဖို့ အလွန့်အလွန် တမ်းတလျက်ရှိကြသည်။ လက်ဝါးကပ်တိုင်တွင် အဆုံးစီရင်ခံရကာ ရှင်ပြန်ထမြောက်ခဲ့ပြီး နောက်ပိုင်းတွင် ယေရှုသည် ဖြူသော မိုးတိမ်စီးလျက် ကောင်းကင်ဘုံသို့ ပြန်သွားခဲ့ပြီး အမြင့်ဆုံးသော ဘုရား၏ လက်ယာလက် နေရာကို ယူခဲ့သည်ဟု လူသားက ယုံကြည်သည်။ လူသားက ယင်းကို အလားတူပင် ထင်မြင်သည်၊ ယေရှုသည် နှစ်ထောင်ပေါင်းများစွာတိုင် သူ့အား အလွန့်အလွန် တောင့်တနေခဲ့ကြသူများအကြား ဖြူသောမိုးတိမ် (ဤမိုးတိမ်မှာ ယေရှု ကောင်းကင်ဘုံသို့ ပြန်စဉ်အခါက စီးနင်းသွားခဲ့သည့် မိုးတိမ်ကိုဆိုလိုပါသည်) စီးလျက် တဖန်ပြန်လည် ဆင်းသက်လာလိမ့်မည်၊ ယုဒလူမျိုးများ၏ ပုံသဏ္ဌာန်နှင့် အဝတ်အစားများကို ဝတ်စားထားလိမ့်မည်။ လူသားများအရှေ့တွင် ပေါ်လာပြီးနောက် သူသည် လူသားများကို အစားအစာများ ပေးသနားမည်၊ လူသားများအတွက် အသက်ရေများ တသွင်သွင်စီးဆင်းစေလိမ့်မည်၊ ကျေးဇူးတော်နှင့် ချစ်ခြင်းမေတ္တာ အပြည့်အဝဖြင့် လူသားတို့အကြားတွင် အမှန်တကယ် နေထိုင်သွားလိမ့်မည်၊ အစရှိသဖြင့် ဖြစ်၏။ သို့သော်လည်း ကယ်တင်ရှင် ယေရှုက ယင်းသို့ မပြုလုပ်ခဲ့ပါ၊ လူသားများ ထင်မြင်ထားခဲ့သည်နှင့် ဆန့်ကျင်ဘက်ကို သူပြုလုပ်ခဲ့သည်။ သူ၏ပြန်အလာကို တောင့်တနေခဲ့ကြသူများအကြားတွင် သူပေါ်မလာခဲ့ပါ၊ ဖြူသော မိုးတိမ်ကို စီးနင်းလျက် လူသားအားလုံးထံသို့လည်း သူပေါ်လာခဲ့ခြင်း မရှိခဲ့ပါ။ ဘုရားသခင်သည် ရောက်ရှိနေခဲ့ပြီး ဖြစ်သော်လည်း လူသားမှာ သူ့အားမသိရှိဘဲ သူ၏ ဆိုက်ရောက်မှုကို ဆက်လက်၍ မသိဘဲနေဆဲပင်ဖြစ်သည်။ လူသားမှာ ရည်ရွယ်ချက် ကင်းမဲ့စွာဖြင့်သာ သူ့ကို စောင့်မျှော်နေသည်၊ “ဖြူသောမိုးတိမ်” ပေါ် (သူ၏ ဝိညာဉ်၊ နှုတ်ကပတ်တော်များနှင့် သူ၏ပင်ကိုစိတ်သဘောထားနှင့် ဖြစ်တည်မှုအားလုံးဖြစ်သော ထိုမိုးတိမ်) မှ ဘုရားသခင် ဆင်းသက်လာခဲ့ပြီးဖြစ်သည်ကို မသိရှိပေ၊ နောက်ဆုံးသောကာလတွင် သူပြုမည့် အောင်နိုင်သူများအုပ်စုထဲတွင် ယခုရှိနေပါသည်။ ဤသည်ကို လူသား မသိရှိပေ။ သန့်ရှင်းသော ကယ်တင်ရှင် ယေရှုသည် လူသားတို့အပေါ် ချစ်ခြင်းမေတ္တာတရားတို့နှင့် ပြည့်နှက်နေ သော်လည်း အညစ်အကြေးများနှင့် မသန့်စင်သောဝိညာဉ်များ နေရာယူထားသည့် “ဗိမာန်တော်များ” တွင် သူအဘယ်သို့ အမှုပြုနိုင်မည်နည်း။ လူသားတို့က သူ၏ကြွလာခြင်းကို စောင့်စားလျက် ရှိနေသော် လည်း မတရားသော သူ၏အသားကိုစားသူ၊ မတရားသောသူ၏ သွေးကိုသောက်သူ၊ မတရားသောသူ၏ အဝတ် အစားများကို ဝတ်ဆင်သူ၊ သူ့အားယုံကြည်သော်လည်း သူ့အားမသိသောသူ၊ ဘုရားသခင်အား အမြဲတစေ ခြိမ်းခြောက် အကျပ်ကိုင် သူများရှေ့တွင် အဘယ်သို့ ပေါ်လာနိုင်မည်နည်း။ ကယ်တင်ရှင် ယေရှုသည် ချစ်ခြင်းမေတ္တာ၊ ဂရုဏာတော်များဖြင့် ပြည့်နှက်လျက်ရှိပြီး ရွေးနုတ်ခြင်းနှင့် ပြည့်စုံသည့် အပြစ်ဖြေရာယဇ် အဖြစ်သာ လူသားတို့ သိရှိထားသည်။ သို့ရာတွင် ထိုသူသည် ဖြောင့်မတ်မှု၊ ဘုန်းအာနုဘော်၊ အမျက်ဒေါသ၊ တရားစီရင်မှု၊ အခွင့်အာဏာနှင့် ဂုဏ်သိက္ခာ ပြည့်ဝခြင်းတို့ဖြင့် ပြည့်လျှံနေသော ဘုရားသခင်ကိုယ်တိုင် ဖြစ်ကြောင်းကိုမူ လူသားတို့ တွေးတောမိခြင်းမရှိပေ။ ထို့ကြောင့်ပင် ရွေးနှုတ်သူပြန်အလာကို လူသား စိတ်အား ထက်သန်စွာ တောင့်တ စောင့်မျှော်နေသော်လည်း၊ ထိုလူသား၏ ဆုတောင်းချက်များကို ကောင်းကင်မှပင် တုန်လှုပ် သွားသော်လည်း ကယ်တင်ရှင်ယေရှုသည် သူ့အားယုံကြည်သော်လည်း သူ့အားမသိကျွမ်းသူများ ထံတွင် ပေါ်လာမည် မဟုတ်ပေ။Read More »

နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ “ခေါ်ခြင်းခံရသူ များသော်လည်း ရွေးကောက်ခံရသူ နည်းပါး”

အနန္တတန်ခိုးရှင်ဘုရားက ပြောသည် “ငါ၏ စကားများကို နားထောင်စေရန် ကြိုတင်ခွဲခန့် မှတ်သားထားသည့်သူ အားလုံးတို့ကို ငါ့အိမ်သို့ ငါခေါ်မည်ဖြစ်ပြီး ငါ့စကားကို နာခံပြီး တောင့်တသောသူ အားလုံးတို့ကို ငါ၏ ပလ္လင်တော်ရှေ့မှောက်သို့ ခေါ်သွင်းကာ နေရာပေးမည်။ ငါ့စကားကို စွန့်ပယ်သောသူ၊ ငါ့ကို မနာခံ၊ မကျိုးနွံသောသူများနှင့် ငါ့အား ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ဖီဆန်သူ အားလုံးတို့ကို အခြား တစ်ဖက်တွင် နေရာချပြီး နောက်ဆုံးသော ပြစ်ဒဏ်စီရင်ခြင်းအတွက် စောင့်ဆိုင်းနေစေမည်။ လူသားအားလုံးတို့မှာ ယိုယွင်းပျက်စီးမှုထဲ၌ ကျင်လည်နေကြပြီး မကောင်းဆိုးဝါး လက်အောက်၌ သက်ရှင်နေကြသည်။ ထို့အတွက်ကြောင့် ငါ့နောက်သို့ လိုက်သောသူ အနည်းငယ်မျှသာလျှင် သမ္မာတရားကို အမှန်တကယ် လိုလားနှစ်သက်ကြသည်။ ဆိုလိုရင်းမှာ လူသားအများစုသည် ငါ့အား စစ်မှန်သော နှလုံးသား သို့မဟုတ် သမ္မာတရားဖြင့် ဝတ်မပြု မကိုးကွယ်ကြပေ၊ ထိုအစား အကျင့်စာရိတ္တပျက်ပြားမှု၊ ဆန့်ကျင်ဖီဆန်မှု၊ လိမ်ညာလှည့်ဖျားမှုများမှတစ်ဆင့် ငါ၏ ယုံကြည်စိတ်ချရမှုကို ရယူနိုင်ရန် ကြိုးစားနေကြသည်။ ဤအတွက် ကြောင့်ပင် “ခေါ်ခြင်းခံရသူ များပြားသော်လည်း ရွေးကောက်ခံရသူ နည်းပါး၏” ဟူ၍ ငါပြောခြင်းဖြစ်သည်။ ခေါ်ခြင်းခံရသူ အားလုံးတို့မှာ နက်ရှိုင်းစွာ ယိုယွင်းပျက်စီးနေကြပြီး ခေတ်ကာလ တစ်ခုတည်း၌ အသက်ရှင်နေကြသည်၊ သို့သော်လည်း ရွေးကောက်ခံရသူများမှာ သမ္မာတရားကို ယုံကြည်လျက် ဝန်ခံကြပြီး ယင်းသမ္မာတရားအတိုင်း လက်တွေ့လိုက်လျှောက် အသက်ရှင်ကြသည့် အုပ်စုဖြစ်သည်။ ယင်းလူသားများမှာ လူသားထု တစ်ရပ်လုံး၏ အလွန်သေးငယ်သည့် အစိတ်အပိုင်း တစ်ခုမျှသာရှိပြီး ထိုသူများအားဖြင့် ငါသည် သာ၍များသော ဘုန်းတော်ကို ရရှိမည်။”

အကြံပြုစာမျာ:

အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်– နိုင်ငံတော်၏ ဧဝံဂေလိသတင်း

Myanmar Gospel Movie (ဒီလောက်သာယာလိုက်တဲ့ အသံ) The Word and Voice of the Returned Lord Jesus

ဒေါင်ကျင်ရှင်းဟာ တရုတ်ပြည်က အိမ်တွင်းအသင်းတော်တစ်ခုက တရားဟောဆရာမတစ်ဦးဖြစ်ပါတယ်။ ဘုရားသခင်ကိုနှစ်ပေါင်း ၃ဝလောက်ယုံကြည်ခဲ့ပြီး သမ္မာတရားကိုချစ်မြတ်နိုးတဲ့အတွက် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို မကြာခဏဖတ်ပြီး နှုတ်ကပတ်တော်တွေရဲ့လမ်းညွှန်မှုကိုခံယူပါတယ်။ စိတ်အားထက်သန်စွာနဲ့ ဘုရားသခင်အတွက် ကိုယ့်ကိုကိုယ် အသုံးတော်ခံခဲ့ပါတယ်။ တရားဟောတဲ့အတွက်ကြောင့် တရုတ်ပြည်ကွန်မြူနစ်အစိုးရ ရဲတွေရဲ့ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး ရက်စက်မှုတွေ နှိပ်စက်မှုတွေကြံ့ကြံ့ခံရင်ဆိုင်ခဲ့ရတဲ့ ထောင်ကိုအပို့ခံလိုက်ရပါတယ်။ လူမဆန်တဲ့အကျဉ်းသားဘဝ ၇ နှစ်တာမှာ သူ့ကိုကြံ့ကြံ့ခံနိုင်အောင်လမ်းညွှန်ခဲ့တာကတော့ သခင့်ရဲ့နှုတ်ကပတ်တော်တွေပါပဲ။ ထောင်ကလွတ်လာတဲ့နောက်တော့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်တဲ့ ချန်ကွမ်ဟာ သူ့ကိုတွေ့ဖို့ရောက်လာခဲ့ပြီး အနန္တတန်ခိုးရှင်ဘုရားရဲ့နှုတ်ကပတ်တော်တွေကိုဖတ်ပြခဲ့ပြီး နောက်ဆုံးသောကာလမှာ ဘုရားသခင်ဟာ ပေါ်ထွန်းခဲ့ပြီဖြစ်ပြီး အမှုပြုနေတဲ့အကြောင်း သက်သေခံခဲ့ပါတယ်။ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ဆိုတဲ့စာအုပ်မိတ္တူကိုလည်းပေးခဲ့ပါတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ချို့ကိုဖတ်ပြီးတဲ့နောက်မှာတော့ ဒေါင်ကျင်ရှင်းဟာ အဲဒီနှုတ်ကပတ်တော်တွေက အာဏာနဲ့ပြည့်စုံပြီး ဘုရားသခင်ဆီကလာတဲ့ နှုတ်ကပတ်တော်တွေဆိုတာ ခံစားလိုက်ရပါတယ်။ သူဟာရှာဖွေလိုစိတ်တွေ တိုးပွားလာပါတယ်။ ဒေါင်ကျင်ရှင်းနဲ့ခင်ပွန်းဖြစ်သူဟာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ဆာလောင်မွတ်သိပ်စွာ အငမ်းမရ ဖတ်ကြည့်ပြီးတဲ့နောက်မှာ အားလုံးဟာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေဖြစ်ပြီး အမှန်တွေချည်းပဲဆိုတာသိလိုက်ရပါတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သူတို့နှစ်ပေါင်းများစွာ စောင့်နေခဲ့ရတဲ့ သခင်ယေရှုပြန်လာတာဖြစ်တယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဘုရားသခင်ပြန်လာတာကို ပျော်ရွှင်စွာကြိုဆိုနေတုန်းမှာပဲ ရဲမှူးဟာ သူတို့ကို တရားဆွေးနွေးပွဲတွေနဲ့အစည်းအဝေးတွေအပြင် တရားမဟောဖို့အတွက်ကိုပါလာရောက်သတိပေးပါတယ်။ သူတို့အနေနဲ့ အထူးသဖြင့် အရှေ့အရပ်မှ လျှပ်ပြက်ခြင်း အသင်းတော်အကြောင်းဟောပြောသူတွေကို အစီရင်ခံဖို့ သတိပေးခဲ့ပြီး ဒေါင်ကျင်ရှင်းကို စိုးရိမ်စေခဲ့ပါတယ်။ အဲဒါပြီးတဲ့နောက် ဒေါင်ကျင်ရှင်းဟာ ညီအစ်ကိုမောင်နှမတွေကို နောက်ဆုံးသောကာလမှာ ဘုရားသခင်ရဲ့လုပ်ဆောင်မှုတွေကိုကြည့်ဖို့ ဦးဆောင်နေတယ်လို့ သူတို့သင်းအုပ်ဆရာက သိတာနဲ့တပြိုင်နက် ကြားဝင်နှောင့်ယှက်ပြီး တားမြစ်ပိတ်ပင်ပါတော့တယ်။ စာတန်နတ်ဆိုးရဲ့အင်အားစုတွေဖြစ်တဲ့ စိတ်ရှုပ်ထွေးမှုတွေနဲ့ဖရိုဖရဲဖြစ်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပြီး ဒေါင်ကျင်ရှင်းဟာ ဆုတောင်းခြင်း၊ ရှာဖွေခြင်း၊ မိတ်သဟာယပြုခြင်းတို့အားဖြင့် ဘာသာရေးလောကရဲ့ သင်းအုပ်ဆရာတွေ အကြီးအကဲတွေရဲ့ သရုပ်အမှန်ကို ရှင်းရှင်းလင်းလင်း တွေ့နိုင်ခဲ့တယ်။ သူနောက်မဆုတ်ဘဲ ညီအစ်ကို မောင်နှမတွေကို လမ်းမှန်ကို စူးစမ်းရှာဖွေဖို့ ဆက်လက်ဦးဆောင်ပြီး အနန္တတန်ခိုးရှင်ဘုရားသခင်၏အသင်းတော်က လူတွေကို မိတ်သဟာယပြုပေးဖို့နဲ့ နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားရဲ့ အမှုတော်တွေကို သက်သေခံပေးဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အနန္တတန်ခိုးရှင်ဘုရားသခင်မြွက်ဆိုတဲ့ စကားတွေဟာ တကယ်ပဲ ဘုရားသခင်ရဲ့ အသံတော်ဖြစ်ပြီး သူဟာ ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းပဲဖြစ်တယ်ဆိုတာ အယောက်တိုင်း အသိအမှတ်ပြုမိကြပါတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေဟာ ဘယ်လောက်လှပလိုက်တဲ့ အသံလဲဆိုပြီး အားလုံးက နက်ရှိုင်းစွာ ခံစားကြရတယ်။

အကြံပြုစာမျာ: ကယ်တင်ရှင်သည် “ဖြူသောမိုးတိမ်” အားစီးလျက် ကြွလာခဲ့ပြီးဖြစ်သည်

Myanmar Documentary Trailer | Reflections on Disaster (အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ)


မူပိုင်ခွင့်ကိုပိုမိုသိလိုရန် The White House

မြင်ကွင်းများ ဓမ္မသီချင်းများ

Myanmar Christian Movie Trailer (ဒီလောက်သာယာလိုက်တဲ့ အသံ) The Word of the Holy Spirit

ဒေါင်ကျင်ရှင်းဟာ တရုတ်ပြည်က အိမ်တွင်းအသင်းတော်တစ်ခုက တရားဟောဆရာမတစ်ဦးဖြစ်ပါတယ်။ ဘုရားသခင်ကိုနှစ်ပေါင်း ၃ဝလောက်ယုံကြည်ခဲ့ပြီး သမ္မာတရားကိုချစ်မြတ်နိုးတဲ့အတွက် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို မကြာခဏဖတ်ပြီး နှုတ်ကပတ်တော်တွေရဲ့လမ်းညွှန်မှုကိုခံယူပါတယ်။ စိတ်အားထက်သန်စွာနဲ့ ဘုရားသခင်အတွက် ကိုယ့်ကိုကိုယ် အသုံးတော်ခံခဲ့ပါတယ်။ တရားဟောတဲ့အတွက်ကြောင့် တရုတ်ပြည်ကွန်မြူနစ်အစိုးရ ရဲတွေရဲ့ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး ရက်စက်မှုတွေ နှိပ်စက်မှုတွေကြံ့ကြံ့ခံရင်ဆိုင်ခဲ့ရတဲ့ ထောင်ကိုအပို့ခံလိုက်ရပါတယ်။ လူမဆန်တဲ့အကျဉ်းသားဘဝ ၇ နှစ်တာမှာ သူ့ကိုကြံ့ကြံ့ခံနိုင်အောင်လမ်းညွှန်ခဲ့တာကတော့ သခင့်ရဲ့နှုတ်ကပတ်တော်တွေပါပဲ။ ထောင်ကလွတ်လာတဲ့နောက်တော့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်တဲ့ ချန်ကွမ်ဟာ သူ့ကိုတွေ့ဖို့ရောက်လာခဲ့ပြီး အနန္တတန်ခိုးရှင်ဘုရားရဲ့နှုတ်ကပတ်တော်တွေကိုဖတ်ပြခဲ့ပြီး နောက်ဆုံးသောကာလမှာ ဘုရားသခင်ဟာ ပေါ်ထွန်းခဲ့ပြီဖြစ်ပြီး အမှုပြုနေတဲ့အကြောင်း သက်သေခံခဲ့ပါတယ်။ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ဆိုတဲ့စာအုပ်မိတ္တူကိုလည်းပေးခဲ့ပါတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ချို့ကိုဖတ်ပြီးတဲ့နောက်မှာတော့ ဒေါင်ကျင်ရှင်းဟာ အဲဒီနှုတ်ကပတ်တော်တွေက အာဏာနဲ့ပြည့်စုံပြီး ဘုရားသခင်ဆီကလာတဲ့ နှုတ်ကပတ်တော်တွေဆိုတာ ခံစားလိုက်ရပါတယ်။ သူဟာရှာဖွေလိုစိတ်တွေ တိုးပွားလာပါတယ်။ ဒေါင်ကျင်ရှင်းနဲ့ခင်ပွန်းဖြစ်သူဟာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ဆာလောင်မွတ်သိပ်စွာ အငမ်းမရ ဖတ်ကြည့်ပြီးတဲ့နောက်မှာ အားလုံးဟာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေဖြစ်ပြီး အမှန်တွေချည်းပဲဆိုတာသိလိုက်ရပါတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သူတို့နှစ်ပေါင်းများစွာ စောင့်နေခဲ့ရတဲ့ သခင်ယေရှုပြန်လာတာဖြစ်တယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဘုရားသခင်ပြန်လာတာကို ပျော်ရွှင်စွာကြိုဆိုနေတုန်းမှာပဲ ရဲမှူးဟာ သူတို့ကို တရားဆွေးနွေးပွဲတွေနဲ့အစည်းအဝေးတွေအပြင် တရားမဟောဖို့အတွက်ကိုပါလာရောက်သတိပေးပါတယ်။ သူတို့အနေနဲ့ အထူးသဖြင့် အရှေ့အရပ်မှ လျှပ်ပြက်ခြင်း အသင်းတော်အကြောင်းဟောပြောသူတွေကို အစီရင်ခံဖို့ သတိပေးခဲ့ပြီး ဒေါင်ကျင်ရှင်းကို စိုးရိမ်စေခဲ့ပါတယ်။ အဲဒါပြီးတဲ့နောက် ဒေါင်ကျင်ရှင်းဟာ ညီအစ်ကိုမောင်နှမတွေကို နောက်ဆုံးသောကာလမှာ ဘုရားသခင်ရဲ့လုပ်ဆောင်မှုတွေကိုကြည့်ဖို့ ဦးဆောင်နေတယ်လို့ သူတို့သင်းအုပ်ဆရာက သိတာနဲ့တပြိုင်နက် ကြားဝင်နှောင့်ယှက်ပြီး တားမြစ်ပိတ်ပင်ပါတော့တယ်။ စာတန်နတ်ဆိုးရဲ့အင်အားစုတွေဖြစ်တဲ့ စိတ်ရှုပ်ထွေးမှုတွေနဲ့ဖရိုဖရဲဖြစ်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပြီး ဒေါင်ကျင်ရှင်းဟာ ဆုတောင်းခြင်း၊ ရှာဖွေခြင်း၊ မိတ်သဟာယပြုခြင်းတို့အားဖြင့် ဘာသာရေးလောကရဲ့ သင်းအုပ်ဆရာတွေ အကြီးအကဲတွေရဲ့ သရုပ်အမှန်ကို ရှင်းရှင်းလင်းလင်း တွေ့နိုင်ခဲ့တယ်။ သူနောက်မဆုတ်ဘဲ ညီအစ်ကို မောင်နှမတွေကို လမ်းမှန်ကို စူးစမ်းရှာဖွေဖို့ ဆက်လက်ဦးဆောင်ပြီး အနန္တတန်ခိုးရှင်ဘုရားသခင်၏အသင်းတော်က လူတွေကို မိတ်သဟာယပြုပေးဖို့နဲ့ နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားရဲ့ အမှုတော်တွေကို သက်သေခံပေးဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အနန္တတန်ခိုးရှင်ဘုရားသခင်မြွက်ဆိုတဲ့ စကားတွေဟာ တကယ်ပဲ ဘုရားသခင်ရဲ့ အသံတော်ဖြစ်ပြီး သူဟာ ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းပဲဖြစ်တယ်ဆိုတာ အယောက်တိုင်း အသိအမှတ်ပြုမိကြပါတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေဟာ ဘယ်လောက်လှပလိုက်တဲ့ အသံလဲဆိုပြီး အားလုံးက နက်ရှိုင်းစွာ ခံစားကြရတယ်။

ဆက်သွယ်မှုများ သမ္မာကျမ်းစာနှင့် ပတ်သက်ပြီး တင်ပြချက် (၄)

Myanmar Gospel Movie (တံခါးကိုခေါက်နေခြင်း) Wise Virgins Meet the Return of the Lord

လွန်ခဲ့တဲ့နှစ်နှစ်ထောင်ခန့်က သခင်ယေရှုဟာ ယခုလို ပရောဖက်ပြုခဲ့ပါတယ်။ “သန်းခေါင်ယံ၌ ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြေွးကြော်လျှင်” (ရှင်မဿဲခရစ်ဝင် ၂၅:၆)။ “နား​ထောင်​လော့။ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်” (ဗျာဒိတ်ကျမ်း ၃:၂၀)။ လွန်ခဲ့တဲ့နှစ်နှစ်ထောင်လုံးလုံးမှာ ကိုယ်တော်ရှင်ကို ယုံကြည်သူတွေဟာ ကိုယ်တော်ရှင် တံခါးလာခေါက်မှာကို ဂရုတစိုက်နဲ့ စောင့်မျှော်ခဲ့ကြပါတယ်။ ဒါကြောင့် ကိုယ်တော်ရှင် ပြန်ကြွလာတဲ့အခါ လူသားရဲ့တံခါးကို ဘယ်လိုခေါက်မှာတဲ့လဲ။ နောက်ဆုံးသောကာလမှာ သခင်ယေရှုဟာ လူ့ဇာတိခံ အနန္တတန်ခိုးရှင်ဘုရားသခင်အဖြစ် ပြန်လည်ကြွရောက်နေပြီဖြစ်ပြီး၊ နောက်ဆုံးသောကာလရဲ့တရားစီရင်ခြင်းအမှုကို ဆောင်ရွက်နေတယ်လို့ လူတချို့က သက်သေခံထားကြတယ်။ ဒီသတင်းဟာ ဘာသာရေးလောကတစ်ခုလုံးကို တုန်လှုပ်သွားခဲ့တာပါ။ ယခု ဇာတ်လမ်းရဲ့ဇာတ်ကောင်ဖြစ်တဲ့ ယန်အိုက်ကွမ်းဟာ ကိုယ်တော်ရှင်ကို ဆယ်စုနှစ်ပေါင်းများစွာ ယုံကြည်ခဲ့သူဖြစ်ကာ၊ တရားဟောပြောခြင်းအလုပ်တွေကို အမြဲတစေတက်ကြွစွာပါဝင်ပြီး၊ ကိုယ်တော်ရှင် ပြန်ကြွလာခြင်းကို ကြိုဆိုဖို့စောင့်မျှော်နေခဲ့သူပါ။ တစ်နေ့မှာတော့ သူမရဲ့အိမ်တံခါးကို လူနှစ်ယောက်က တံခါးလာခေါက်ပြီး၊ သခင်ယေရှု ပြန်ကြွလာပြီဖြစ်ကြောင်း ပြောပြတဲ့အပြင်၊ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ယန်အိုက်ကွမ်းနဲ့ သူ့ခင်ပွန်းအတွက် ဝေမျှပါတယ်။ သူတို့ဇနီးမောင်နှံဟာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကြောင့် တော်တော့်ကို စိတ်လှုပ်ရှားသွားခဲ့ရတယ်။ ဒါပေမယ့်လည်း သင်းအုပ်ဆရာ၊ သင်းထောက်တွေရဲ့ယုတ္တိအမှားတွေ၊ လှည့်ဖြားမှုတွေနဲ့ ချုပ်ချယ်မှုတွေကို ခံထားရတဲ့ ယန်အိုက်ကွမ်းဟာ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ရဲ့သက်သေခံသူတွေကို သူမရဲ့အိမ်ကနေ နှင်ထုတ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သက်သေခံသူတွေဟာ ယန်အိုက်ကွမ်းတို့အိမ်တံခါးကို ကြိမ်ဖန်များစွာလာခေါက်ကြပြီး၊ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ဖတ်ပြရင်း၊ နောက်ဆုံးသောကာလ ဘုရားသခင်ရဲ့အမှုတော်ကို သက်သေခံတယ်။ ဒီအချိန်အတွင်းမှာလည်း သင်းအုပ်ဆရာက ယန်အိုက်ကွမ်းကို အကြိမ်ကြိမ်နှောင့်ယှက်တားဆီးခဲ့တဲ့အတွက် သူမဟာ ဆက်ပြီးဝေခွဲမရဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ကြားလိုက်ရတဲ့အတွက် သမ္မာတရားကို သိရှိနားလည်လာပြီး၊ သင်းအုပ်ဆရာနဲ့သင်းထောက်တွေ ဖြန့်ဝေထားတဲ့ ယုတ္တိအမှားတွေ၊ ကောလာဟာလတွေအပေါ် ချင့်ချိန်နိုင်စွမ်း ရှိလာခဲ့တယ်။ နောက်ဆုံးသောကာလ ကိုယ်တော်ရှင် ပြန်ကြွတဲ့အခါ လူတွေရဲ့တံခါးကို ဘယ်လိုခေါက်မယ်ဆိုတာနဲ့ ကိုယ်တော်ရှင်ကို ဘယ်လိုကြိုဆိုသင့်တယ်ဆိုတာကိုလည်း သူမဟာ နောက်ဆုံးမှာ နားလည်သွားခဲ့တယ်။ ဒီလိုရှုပ်ထွေးမှုတွေ ကင်းစင်သွားတဲ့အခါမှာတော့ ယန်အိုက်ကွမ်းဟာ ဘုရားရဲ့အသံတော်ကို နောက်ဆုံးမှာ ကြားနိုင်ခဲ့ပြီး၊ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်ကြွလာခြင်း အမှန်တကယ်ဖြစ်မှန်း အသိအမှတ်ပြုနိုင်ခဲ့ပါတယ်။Read More »

နိုင်ငံတော်ခေတ်တွင် ဘုရားသခင်သည် လူသားကို နှုတ်ကပတ်တော်အားဖြင့် စုံလင်စေ

 

I
ယခုခေတ်တွင် သင်တို့ကြား၌ ဤအရာများကို ဘုရား
ပြည့်စုံစေမည် – အားလုံး ဘုရား၏သမ္မာတရားကို ကျင့်သုံး၊
အားလုံး နှုတ်ကပတ်တော်နှင့် အသက်ရှင်နေထိုင်ပြီး
စိတ်နှလုံးသားများနဲ့ သူ့ကိုချစ်သည်
ဘုရား၏နှုတ်ကပတ်တော်သည် သူတို့ဘဝ၏မူလ အခြေခံဖြစ်သည်
ထိုသူအားလုံး၌ ဘုရားကို
ကြောက်ရွံ့တတ်သောနှလုံးသားများ ရှိသည်
နှုတ်ကပတ်တော်ကို လိုက်နာကျင့်သုံးခြင်းဖြင့်
သူတို့ ဘုရားသခင်နဲ့စိုးစံကြလိမ့်မည်
နှုတ်ကပတ်တော်သာ လူကို အသက်ပေးသည်
နှုတ်ကပတ်တော်သာ လူကို အလင်းသို့ ပို့ဆောင်ပြီး
လိုက်နာကျင့်သုံးရမည့်နည်းလမ်းကို ညွန်ပြပေးနိုင်သည်
ထိုအချက်ဟာ နိုင်ငံတော်ခေတ်တွင် ပိုမှန်ကန်သည်
နှုတ်ကပတ်တော်တွေက လူကို ထိန်းချုပ်သည်၊
နှုတ်ကပတ်တော်ဟာ အစားအစာနှင့်ခွန်အားဖြစ်သည်
ထိုနှုတ်ကပတ်တော်ကို သုံးဆောင်သောအခါ ကျန်းမာသည်၊
မသုံးဆောင်က သွားရမည့်လမ်းကို တွေ့မည်မဟုတ်
ကျမ်းစာ၌ ဆိုသည်ကား
လူသည် မုန့်အားဖြင့်သာ အသက်ရှင်သည်မဟုတ်
ဘုရားသခင်၏နှုတ်မှ လာသော နှုတ်ကပတ်တော်အားဖြ
င့် အသက်ရှင်သည်
ယခု ဘုရားသခင်သည် ထိုအရာကို သင်တို့၌ပြည့်စုံစေမည်Read More »

ဘုရားသခင်ကို ချစ်သောသူတို့သည် မင်္ဂလာရှိ၏

သမ္မာကျမ်းစာ, အသင်းတော်, ဘုရားသခင်, သမ္မာတရား, ဝိညာဉ်

 

I
ဘုရားကိုချစ်သောသူ ဘုရားရဲ့သက်သေခံနိုင်သူ
ဘုရားရဲ့ကောင်းချီးနဲ့ ကတိတော်များရှိ
ဘုရားကိုချစ်သောသူ ဘုရားရဲ့သားသမီး ယုံကြည်သူ
ဘုရားရဲ့ကောင်းချီး မျှဝေခံစားစေ
ထိုသူတို့ထာဝရအသက်ရှင်
ဘုရားအားအမှန်ချစ်သောသူတွေသာ
အဖိုးထိုက်ဆုံးအဓိပ္ပာယ်နဲ့ အသက်ရှင်
ထိုသူတို့သာဘုရား၌ အစစ်အမှန် ယုံကြည်သောသူများဖြစ်၍
ဘုရားအားချစ်သောသူ မင်္ဂလာရှိသောသူ
ဘုရားသခင်ကိုချစ်သူတို့
မြေကြီးစွန်းတိုင်အောင်လွတ်လပ်စွာ အရောက်သွားပြီး
ဘုရားအားချစ်သောသူသည် မင်္ဂလာရှိ၏
ဘုရားသခင်ရဲ့သက်သေအား စကြာဝဠာ အဆုံးထိတိုင် ဝေငှမယ်
ဘုရားအားချစ်သောသူ မင်္ဂလာရှိသောသူRead More »

ဘုရားသခင်ရဲ့ အမှုတော် အောင်မြင်မှုကိုချီးမွမ်းပါ

 

I
ဘုရားရဲ့ အမှုတော်မြတ်တွေ အရမ်းအပြောင်းအလဲမြန်တယ်။
ယုံရခက်တယ်၊ ယုတ္တိရှိတယ်။
ပတ်ဝန်းကျင်ကိုကြည့်လိုက်ပါ။ အရင်နဲ့မတူ
အားလုံး ဆန်းသစ်လှပနေပြီ
အရာရာပြန်လည်လန်းဆန်းလို့ ပြောင်းလဲနိုးကြွလာပြီ
ဘုရားရဲ့လူသားတွေ ချီးမွမ်းပြီ၊ ဝမ်းမြောက်ပြီ
ချီးမွမ်းတေးများ မိုးယံသို့လွင့်ပြန်ပြီ
ချီးမွမ်းကြ၊ ကြွေးကြော်ကြ၊ သီဆိုကြစို့
လူသားအားလုံး အားပါးတရ ဘုရားကိုချီးမွမ်းပြီ
ချီးမွမ်းကြ၊ ကြွေးကြော်ကြ၊ သီဆိုကြစို့
လူသားအားလုံး အားပါးတရ ဘုရားကိုချီးမွမ်းပြီ
ဘုရားရဲ့အံ့သြဖွယ် ဆောင်ရွက်ချက်ကို ချီးမွမ်းကြစို့
မကျရှုံးနိုင်တဲ့ ဉာဏ်ပညာကို ချီးမွမ်းကြစို့
ဘုရားရဲ့သမာဓိကို ချီးမွမ်းကြစို့
ဘုရားရဲ့သစ္စာစိတ်နှင့်ကြင်နာစိတ်ကို ချီးမွမ်းကြစို့
ဘုရားစကားကြောင့် တို့သန့်စင်ပြီး
အကျင့်ပျက် ပင်ကိုစရိုက်တွေ ပြောင်းလဲခဲ့ပြီ
ဘုရားရဲ့အမှုတော်တွေကို
သက်သေခံတဲ့ တာဝန်ကို ဂုဏ်ယူစွာလက်ခံခဲ့ပြီ။
ဘုရားသခင်ကို ချီးမွမ်းထောမနာပြုကြစို့
သူ့ကို ရင်ထဲကနေ ဝမ်းမြောက်ဝမ်းသာ ချီးမွမ်းကြစို့
ဘုရားသခင်ကို ချီးမွမ်းထောမနာပြုကြစို့
သူ့ကို ရင်ထဲကနေ ဝမ်းမြောက်ဝမ်းသာ ချီးမွမ်းကြစို့Read More »

ကမ္ဘာမြေကြီးရှိဘုရားသခင်ကို သိရှိနိုင်ပုံ

ကယ်တင်ရှင်သည်, ဆုတောင်း, ဘုရားသခင်, ယေရှု, ဧဝံဂေလိ စာအုပ်

သင်တို့အားလုံးသည်ဘုရားသခင်၏ရှေ့၌ ဆုလဒ်များရလျှင်၊ ဘုရားသခင်၏ အမြင်တွင် ဘုရားသခင် နှစ်သက်သောသူများ ဖြစ်လျှင် ဝမ်းမြောက်ကြ၏။ ဘုရားသခင်ကို စတင် ယုံကြည်လက်ခံပြီး သူတိုင်း ထိုသို့ ဆန္ဒရှိကြပါသည်၊ အဘယ်ကြောင့်ဆိုသော် လူသားသည် သာ၍ကောင်းသော အရာများကိုရရှိရန် စိတ်နှလုံးအကြွင်းမဲ့ ကြိုးစားတတ်ပြီး မည်သူကမျှ သူများ၏နောက်တွင် မကျန်ခဲ့လိုသောကြောင့် ဖြစ်သည်။ လူသားသည် ထိုသို့လုပ်လေ့ရှိသည်။ ထို့ကြောင့်ပင် သင်တို့အထဲမှ တော်တော် များများသည် ကောင်းကင်ဘုံ၌ ရှိသော ဘုရားသခင်၏ နှစ်သက်မှုကို ရရှိရန် စဉ်ဆက်မပြတ် ကြိုးစားကြခြင်းဖြစ်သည်။ သို့သော် အမှန်တရားတစ်ခုမှာ ဘုရားသခင်အပေါ်၌ ထားသော သင်တို့၏ သစ္စာနှင့် ရိုးသားမှုသည် သင်တို့ အပေါ် သင်တို့ ထားသော သစ္စာ၊ ရိုးသားမှုတို့နှင့် ယှဉ်လျှင် အလွန်ပင် နည်းလှသည်။ ငါအဘယ်ကြောင့် ဤသို့ ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် အပေါ်၌ထားရှိသော သင်တို့၏သစ္စာကို ငါလုံးဝအသိအမှတ် မပြုသောကြောင့် အပြင် သင်တို့၏ နှလုံးသားများအထဲ၌ ဘုရားသခင်တည်ရှိနေမှုကို ငါလက်မခံသောကြောင့်ဖြစ်သည်။ သင်တို့ကိုးကွယ်ကြသော မပီပြင်သော ဘုရားသခင်သည် တနည်းအားဖြင့် သင်တို့နှစ်သက်ကြသည့် ထိုဘုရားသခင်သည် လုံး၀မရှိ ဟု ငါပြောနေခြင်း ဖြစ်သည်။ ဤသို့ ငါသေသေချာချာ ပြောနိုင်သည်မှာ သင်တို့သည် စစ်မှန်သော ဘုရားသခင်နှင့် အလွန်ဝေးကွာနေသောကြောင့် ဖြစ်သည်။ သင်တို့၏နှလုံးသားများအထဲ၌ ရှိသော ရုပ်တုဆင်းတုကြောင့်သာ သင်တို့၌ သစ္စာရှိခြင်းဖြစ်ပြီး ငါ့ကိုမူ သင်တို့၏ မျက်စိထဲတွင် ကြီးမြတ်သော ဘုရားသခင်ဟုလည်း မမြင်၊ သေးငယ်သော ဘုရားသခင်ဟုလည်း မမြင်ကြ။ သင်တို့သည် ငါ့ကို စကားဖြင့်သာ အသိအမှတ်ပြု ကြသည်။ သင်တို့သည် ဘုရားသခင်နှင့် အလွန်ဝေးကွာနေသည်ဟု ငါပြောသည်မှာ သင်တို့သည် မပီပြင်သောဘုရားသခင် အနီး၌သာရှိပြီး စစ်မှန်သော ဘုရားသခင်နှင့်မူ အလွန်ဝေးနေ သည်ဟု ပြောခြင်းဖြစ်သည်။ “မကြီးမြတ်သော” ဟူသည့် စကားကို ငါပြောသည်မှာ “သင်တို့ ယနေ့ယုံကြည်သော ဘုရားသခင်သည် ကြီးကြီးမားမား အစွမ်းအစ မရှိသော လူတစ်ယောက်မျှသာ၊ သိပ်မမြင့်မြတ်သော လူတစ်ယောက်ဟု ထင်ရသည်” ဟူသည့် အဓိပ္ပါယ်ကို ရည်ညွှန်း၍ ပြောခြင်းဖြစ်ပြီး “မသေးငယ်သော” ဟူသည့် စကားကို ငါပြောသည်မှာ ဤလူသည် လေလာအောင်၊ မိုးရွာအောင် အမိန့်မပေးနိုင်သော်လည်း သူသည် ဘုရားသခင်၏ ဝိညာဉ်ကို ခေါ်ပြီး ကောင်းကင်နှင့် မြေကြီးတုန်လှုပ်စေသည့်အမှုကို ပြု နိုင် ခဲ့သည်၊ လူကို လုံးဝဥဿုံ ဝေခွဲမရ ဖြစ်စေခဲ့သည် ဟုဆိုလိုသည်။ အပြင်ပန်းမှကြည့်လျှင် သင်တို့သည် လောက၌ ခရစ်တော်ကို အလွန်နာခံကြသည်ဟု ထင်ရသော်လည်း တကယ့်တကယ်တမ်းတွင် သင်တို့သည် ခရစ်တော်ကို မယုံကြည်ကြ၊ ချစ်လည်း မချစ်ကြ။ ငါဆိုလိုသည်မှာ သင်တို့ ဧကန်အမှန် ယုံကြည်သောသူသည် သင်တို့ခံစားချက်များအထဲရှိ မပီပြင်သော ဘုရားသခင်သာ ဖြစ်သည်။ သင်တို့စစ်မှန်စွာ ချစ်သည်မှာ သင်တို့ နေ့ရော ညပါ သင်တို့ တောင့်တကြ သော်လည်း လူကိုယ်တိုင် မမြင်ဖူးသည့် မပီပြင်သော ဘုရားသခင်သာ ဖြစ်သည်။ ခရစ်တော်အပေါ်၌ထားသော သင်တို့၏ ယုံကြည်ခြင်းမှာမူ အလွန်နည်းပြီး သူ့အပေါ် သင်တို့၏အချက်မှာ ဘာမျှမဟုတ်ပေ။ ယုံကြည်ခြင်းဆိုရာ၌ ယုံကြည်မှုနှင့် စိတ်ချမှုကိုဆိုလို၍ ချစ်ခြင်းသည် မည်သည့်အခါမျှ ခွဲခွာခြင်းမရှိသည့် ကြည်ညိုခြင်းနှင့် နှစ်ထောင်းအားရ သဘောကျခြင်းကို ဆိုလိုသည်။ ယနေ့ခရစ်တော်အပေါ်၌ထားရှိသော သင်တို့၏ ယုံကြည်ခြင်းနှင့် ချစ်ခြင်းသည် များစွာ လိုအပ်နေ၏။ ယုံကြည်ခြင်းနှင့်ပတ်သက်၍ သူ့ကို သင်တို့ မည်သို့ယုံကြည်သနည်း။ ချစ်ခြင်းနှင့်ပတ်သက်၍ သူ့ကို သင်တို့ မည်သို့ ချစ်သနည်း။ သင်တို့သည် သူ၏ စိတ်သဘောထားကို လုံး၀နားမလည်ကြ၊ သူ၏အနှစ်သာရကို သာ၍ပင် မသိကြ။ သို့ဖြစ်လျှင် သင်တို့သည် သူ့ကို မည်သို့ ယုံကြည်ကြ သနည်း။ သူ့အပေါ် သင်တို့ယုံကြည်ကြောင်း အမှန်တရားသည် အဘယ်မှာနည်း။ သူ့ကို သင်တို့ မည်သို့ ချစ်သနည်း။ သူ့ကို သင်တို့ ချစ်ကြောင်း အမှန်တရားမှာ အဘယ်မှာနည်း။Read More »