Best Burmese Movie 2019 (ကိုယ်ပိုင်မူ ၃ ခုသုံးအသင်းတော်ဟာ ကျွန်ုပ်၏အရိပ်အာဝါသဖြစ်တယ်)

နိုင်ငံတော်ကာလမှာ ဘုရားသခင်၏အမူတော် ဘယ်လိုဆက်လက်လုပ်ဆောင်သနည်း သူ့လိုချင်တဲ့အကျိုးသက်ရောက်မူ အဘယ်နည်း?

“နိုင်ငံတော်ခေတ် တစ်လျှောက်လုံးတွင် ဘုရားသခင်သည် သူ့အလုပ်ကို လုပ်ရန်နှင့် သူ့အလုပ်မှ အကျိုးကျေးဇူးများကိုရရှိရန် နှုတ်ကပတ်တော်ကို အသုံးပြုသည်။ သူသည် အံ့ဖွယ်အရာများကို လုပ်ဆောင်ခြင်းမရှိသကဲ့သို့ နိမိတ်လက္ခဏာများကိုလည်း ပြသခြင်းမရှိပါ။ သူ့အလုပ်ကို နှုတ်ကပတ်တော်အားဖြင့်သာ လုပ်သည်။”(နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည်) မှ

Read More »

Full Myanmar Movie – ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းမွန်ပါသည်

လူအများတို့ ထင်ကြသည်မှာ “ပိုက်ဆံသည်အမြင့်မားဆုံး”“ပိုက်ဆံသည် အရာအားလုံးကို မတတ်စွမ်းနိုင်သော်လည်း ပိုက်ဆံမရှိလျှင် မည်သည့်အရာကိုမျှ မတတ်စွမ်းနိုင်ပါ”ပိုက်ဆံရှိမှ ပျော်ရွှင်မည်။ဒါဆိုရင် ပိုက်ဆံရှိတဲ့သူတွေ တကယ်ပဲ ပျော်ရွှင်မှုရှိသလား။«ဘုရားသခင်ကိုယုံကြည်ခြင်းသည် ကောင်းမွန်ပါသည်»ရုပ်ရှင်ထဲရှိ ဇာတ်ကောင်သည် ဘဝရှင်သန်ဖို့ရန်အတွက် ငွေများချေးကာ နိုင်ငံခြားထွက်ပြီး ကြိုးပမ်းခဲ့သည်။သို့သော် သူရှာသောပိုက်ဆံများတဖြည်းဖြည်း များလာသောအချိန်တွင် အနာရောဂါတစ်ခုဖြစ်ခြင်းကြောင့် တစ်သက်လုံး ခြေလက်အင်္ဂါသေခြင်း ဖြစ်တော့မလို့ပဲ၊ဤသို့ ရောဂါဝေဒနာများကို ခံစားရပြီးနောက်တွင် သူမသည် ပျော်ရွှင်မှုကို မည်သို့ရှာဖွေတွေ့ရှိခဲ့သနည်း။ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းမွန်ပါသည်ဟုလည်း သူမသည် မည်သို့သဘောပေါက်ခဲ့သနည်း။

Read More »

Myanmar Gospel Movie(စောင့်လို့နေ)ပညာသတိရှိသော သတို့သမီး သခင်ဘုရားကို ကြိုကြတယ်။

သခင်ဘုရား ပြန်ကြွလာတဲ့အခါ တိမ်တိုက်ကို စီးပြီး ဆင်းကြွလာလိမ့်မယ်၊ ဒါမှမဟုတ် သူခိုးလိုမျိုး တိတ်တဆိတ် လျှို့ဝှက်ပြီး လာမှာလား? မှားယွင်းတဲ့ ခရစ်တော်ရဲ့ မှားယွင်းတဲ့ လမ်းပြမှုခံရမှာ သိပ်ကြောက်နေသလား၊ ဒါကြောင့်လဲ သူ့ကို ရှာဖွေကြည့်ဖို့ ငြင်းဆန်နေတာ၊ဒါမှမဟုတ် ပညာရှိ သတို့သမီးတွေလို ဘုရားသခင့် အသံတော်ကို သေချာဂရုစိုက် နားထောင်သူဖြစ်မလား၊ သူလာတဲ့အချိန် သူ့ကို ကြိုဆိုနိင်ဖို့ ဘယ်လို “စောင့်ကြည့် စောင့်နေမယ်” မလဲ။

Read More »

Myanmar movie (မိခင်တစ်ယောက်၏ မေတ္တာ) | God Showed Me the Correct Way to Educate My Child

ရုပ်ရှင်ထဲမှဇာတ်ဆောင် ဝငျဟှေး သည် မိခင်အများစုနှင့်တူသည်။သားသမီးသည်ကျောင်းကောင်းကောင်းတက်၍တက္ကသိုလ်ဖြေဆိုအောင်မြင်မှသာ ဘဝကိုပြောင်းလဲနိုင်သောတစ်ခုတည်းသောလမ်းဖြစ်ပြီး ပညာသာလျှင်သားသမီးများအတွက်လှပတဲ့အနာဂတ်ကိုပေးနိုင်မည်ဖြစ်သည်ဟုထင်ခဲ့သည်။သမီးမှာကောင်းမွန်တဲ့ရှေ့ရေးပိုင်ဆိုင်နိုင်ရန် ဝငျဟှေး သည်အလုပ်များနုတ်ထွက်၍တောင် သမီးနှင့်တူတူတက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် အဖော်ပြုပေးသည်။သို့သော် သူမ၏ဖိအားများလှသောသွန်သင်မှုသည် သမီးအားစိတ်ပျက်စေပြီ လမ်းဆုံးကိုလျှောက်စေခဲ့ပြီး အသက်ဆုံးရှုံးရန်အနည်းငယ်သာလိုခဲ့သည်။ဤအကြောင်းကိစ္စပြီးသည့်နောက် ဝငျဟှေး သည်အလွန်နောင်တရခဲ့သည်။မိမိလုပ်ဆောင်သည့်အရာသည်သမီးအတွက်ကောင်းဖို့ရန်သာရည်ရွယ်ခဲ့သော်လည်း သမီးအတွက်နာကြင်ခြင်းဝမ်းနည်းခြင်းတွေသာဖြစ်စေခဲ့သည်။သူမသည် အဘယ်ကြောင့်ဤကဲ့သို့ဖြစ်သည်ကိုနားမလည်ခဲ့ပါ။ထိုသို့ဆိုလျှင် မည်သို့လုပ်ဆောင်မှသာ သားသမီးများလိုအပ်သောချစ်ခြင်းဖြစ်လာမည်နည်း။ခရစ်ယာန်ရုပ်ရှင်ဗီဒီယို ဝငျဟှေး သည် သားသမီးများကို မည်သို့သွန်သင်ဆုံးမရမည်ကို နားလည်စေမည်ဖြစ်သည်။

Read More »

Myanmar Gospel Movie (ပြောင်းလဲခြင်းအခါသမယ) Revealing the Mysteries of the Bible

ကောင်းကင်နိုင်ငံတော်ဆီသို့ ချီဆောင်ခံရရန် ဘုရားသခင်၏အလိုတော်ကို ကျွန်ုပ်တို့ မည်သို့ဆောင်ရွက်သင့်သနည်း။

များစွာသော ညီအစ်ကိုမောင်နှမတို့ ထင်ကြသည်မှာ ကိုယ်တော်ကိုယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်ရှိပြီး၊ ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းကိုရရှိပြီ။ အပြစ်များကို ကျူးလွန်နေတတ်သေးသော်လည်း ကိုယ်တော်သည် ကျွန်ုပ်တို့၏အပြစ်များကို ခွင့်လွတ်ထားပြီးဖြစ်သည်။ သို့ဖြစ်၍ ကိုယ်တော်ပြန်ကြွလာချိန်တွင် ကျွန်ုပ်တို့၏သဏ္ဍာန်ကို ခဏတာအတွင်းတွင် သန့်စင်ပေးပြီး ကောင်းကင်နိုင်ငံတော်သို့ချီဆောင်ခြင်းကို ရရှိမှာဖြစ်ပါတယ်။ သို့သော် အချို့သော ညီအစ်ကိုမောင်နှမတို့က မေးကြသည်မှာ — သခင်ယေရှုကပြောသည် “သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။” (ရှင်မဿဲခရစ်ဝင် – ရး၂၁) ကိုယ်တော်၏သွန်သင်ချက်ကို လိုက်နာပြီး ဘုရားသခင်၏အလိုကိုဆောင်သောသူ ဖြစ်မှသာလျှင် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်မည်ဖြစ်သည်။ ယင်းက သခင်ယေရှုသတ်မှတ်ထားသော ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်မည့် တစ်ခုတည်းသော စံညွှန်းဖြစ်သည်။ ကျွန်ုပ်တို့သည် ကိုယ်တော်ကိုယုံကြည်ခဲ့သည်မှာ နှစ်ပေါင်းမနည်းတော့ပါ။ သို့သော်လည်း အမြဲတစေလိမ်လည်ကာ အပြစ်များကိုကျူးလွန်ပြီး ကိုယ်တော်၏သွန်သင်ချက်များကို ပြစ်မှားနေဆဲပင်ဖြစ်သည်။ မည်သည့်အခါမျှ ဘုရားသခင်၏အလိုတော်ကို ဆောင်နေခြင်းလည်းမဟုတ်ပေ။ ဤသို့သောသူသည် တကယ်ပဲ ကောင်းကင်နိုင်ငံတော်သို့ ချီဆောင်ခြင်းကိုရရှိနိုင်ပါသလား။ သို့ဖြစ်ကာ ဘယ်ယူဆချက်က ဘုရားသခင်၏အလိုတော်နှင့် ကိုက်ညီသလဲ။ မည်သို့မှသာလျှင် ကျွန်ုပ်တို့သည် ကောင်းကင်နိုင်ငံတော်သို့ ချီဆောင်းခြင်းကိုရရှိမည်နည်း။ (ပြောင်းလဲခြင်းအခါသာမယ ) ကိုကြည့်ရှုပါ။ ကောင်းကင်နိုင်ငံတော်သို့ချီဆောင်ခြင်း ရရှိနိုင်မည့် နည်းလမ်းကို ကျွန်ုပ်တို့အား ဖော်ထုတ်ပေးမှာဖြစ်ပါတယ်။

Read More »

【Live】 Best Burmese Christian Movie (ဒီလောကျသာယာလိုကျတဲ့ အသံ) ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို သင် ကြားဖူးပါသလား။

သင်သည် သခင်ပြန်ကြွလာမည်ဟု စောင့်ဆိုင်းရင်း ကောင်းကင်ထက်သို့ မျှော်ကြည့်နေဆဲဲလား။ သခင်ယေရှု ပြောခဲ့သည်မှာ – “သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှါ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်၊” – (ရှင်မဿဲခရစ်ဝင် ၂၅:၆)၊ပညာရှိသော အပျိုကညာတို့သည် ဘုရားသခင့်အသံကိုအသိအမှတ်ပြုပြီး၊ သိုးသငယ်၏ပွဲတော်သို့တက်ရောက်နိုင်ကြသည်။ ယနေ့ ဘုရားသခင်ပြောသည် – “ဤသည်မှာ သန့်ရှင်းသော တံပိုးမှုတ်သံပေတည်း။ နားစိုက်ထောင်ကြလော့။ အလွန် သာယာနာပျော်ဖွယ်ကောင်းသော ထိုအသံသည် ပလ္လင်မှ ထွက်ပေါ်လာသော အသံ ဖြစ်၍၊ အချိန်ကျရောက်ပြီ ဖြစ်ကြောင်း၊ နောက်ဆုံးသောအဆုံးသတ် ရောက်လာပြီဖြစ်ကြောင်းကို တိုင်းနိုင်ငံနှင့် လူအပေါင်းတို့အား အသိပေးလျက်ရှိ၏။ ငါ၏ စီမံခန့်ခွဲမှုအစီအစဉ်မှာ ပြီးမြောက်ပြီဖြစ်သည်။ ငါ၏ နိုင်ငံတော်သည် ကမ္ဘာမြေကြီးပေါ်တွင် ထင်ရှားစွာ ပေါ်ထွန်းလေပြီ။ မြေကြီးပေါ်မှ နိုင်ငံများသည် ငါ ဘုရားသခင်၏ နိုင်ငံတော် ဖြစ်လာခဲ့လေပြီ။ ”ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို သင် ကြားဖူးပါသလား။သခင့်၏ဒုတိယအကြိမ် ပြန်ကြွလာခြင်းကိုကြိုဆိုပြီး၊ သခင့်ခြေရာတော်နောက်သို့ သင် လိုက်လျှောက်လိုပါသလား။ (ဒီလောကျသာယာလိုကျတဲ့ အသံ) ရုပ်ရှင်မှ သင့်အား ပျော်ရွှင်အံ့ဩဖွယ်ရာများ ပေးစွမ်းပါလိမ့်မည်။

 

Read More »

【Live】ခရစ်ယာန်ဘာသာ ရုပ်ရှင် | ကျွန်တော့်သခင် ဘယ်သူလဲ


လောင်ကျင်းကျုံဟာ တရုတ်ပြည်က အိမ်တွင်းအသင်းတော်တစ်ခုရဲ့ အကြီးအကဲတစ်ဦးဖြစ်ပါတယ်။ သူဟာ အနှစ်သုံးဆယ်ကျော်လောက် ယုံကြည်သူတစ်ဦးဖြစ်ခဲ့ပြီး “သမ္မာကျမ်းစာသည် ဘုရားသခင် မှုတ်သွင်းတော်မူခြင်းဖြစ်တယ်”၊ “သမ္မာကျမ်းစာသည် ဘုရားသခင်ကို ကိုယ်စားပြုတယ်၊ ဘုရားသခင်ကို ယုံကြည်တာဟာ သမ္မာကျမ်းစာကို ယုံကြည်ခြင်းပဲ၊ သမ္မာကျမ်းစာကို ယုံကြည်ခြင်းဟာ ဘုရားသခင်ကို ယုံကြည်ခြင်းပဲ” ဆိုတာကို စွဲစွဲမြဲမြဲဆုပ်ကိုင်ထားသူတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့နှလုံးသားထဲမှာ၊ သမ္မာကျမ်းစာဟာ ပဓာနပါပဲ။ သမ္မာကျမ်းစာအပေါ် သူ့ရဲ့ချစ်မြတ်နိုးမှုနဲ့ မျက်စိမှိတ်ယုံကြည်မှုတို့ကြောင့်၊ နောက်ဆုံးသောကာလထဲက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့အမှုတော်ကို မရှာဖွေ မလေ့လာခဲ့ဘူး။ တစ်ရက်မှာတော့၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို အွန်လိုင်းပေါ်ကနေ ဖတ်နေတဲ့ ယုံကြည်သူတွေကို တားဆီးပိတ်ပင်ခဲ့ရာကနေ၊ အနန္တတန်ခိုးရှင် ဘုရားသခင်အသင်းတော်က တရားဟောဆရာတွေနဲ့ ကြုံဆုံဖို့ အခွင့်အရေးရခဲ့ပါတယ်။ သမ္မာတရားနဲ့ ပတ်သက်ပြီး အခြေအတင် ဆွေးနွေးခဲ့ပြီးနောက်၊ သမ္မာကျမ်းစာနဲ့ ဘုရားသခင်ရဲ့ ကြားထဲက ဆက်နွယ်မှုကို သူရှင်းရှင်းလင်းလင်း မြင်လာနိုင်မှာလား။ သမ္မာကျမ်းစာကနေ ဖယ်ခွာပြီး ခရစ်တော်ဟာ သမ္မာတရား၊ လမ်းခရီးနဲ့ အသက် ဖြစ်တယ်ဆိုတာကို သူနားလည်နိုင်ခဲ့လား။ ဘုရားသခင့်ရှေ့ကို သူချီဆောင်သွားခြင်းခံရမှာလား။Read More »

【Live】ခရစ်ယာန်ကဗီဒီယို (ကျော့ကွင်းကို ထိုးဖောက်ကျော်လွန်ခြင်း) ကိုယ်တော်နှင့်အတူ ပွဲသဘင်သို့ ဝင်ရောက်ခြင်း

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ-“ဘုရားသခင်၏အလင်း၏ လမ်းပြပို့ဆောင်မှု အောက်တွင် သင်တို့သည် အမှောင်ထု စွမ်းအားများ၏ ချည်နှောင် ညှစ်ချည်ထားမှုကို ဧကန် ချိုးဖျက်နိုင်လိမ့်မည်။ သင်တို့အား လမ်းပြနေသော အလင်းကို အမှောင်ထု၏ အလယ်တွင် သင်တို့သည် အမှန်ပင် ဆုံးရှုံးလိမ့်မည် မဟုတ်။ သင်တို့သည် ဖန်ဆင်းခြင်းအားလုံး၏ သခင် အမှန်ပင် ဖြစ်လိမ့်မည်။ သင်တို့သည် စာတန်၏ ရှေ့မှောက်တွင် အောင်နိုင်သူတစ်ယောက် အမှန်ပင် ဖြစ်လိမ့်မည်။ အဆင်းနီသော မဟာနဂါးကြီး၏ နိုင်ငံကျရှုံးချိန်တွင် သင်တို့သည် ဘုရားသခင်၏ အောင်မြင်ခြင်းအား သက်သေခံရန် မြောက်မြား လှစွာသော လူအုပ်ကြီး၏ အလယ်တွင် မတ်မတ်ရပ်နေလိမ့်မည်။

လွန်ခဲ့ပြီးသောအချိန်တွင်၊ သူမ၏ စိတ်ကို တရုတ်ကွန်မြုနစ် မကောင်းဆိုးရွား များ၏ ကောလဟလ များ နှင့် အန္တိခရစ်များ၏ ဘာသာရေး အသိုင်းအဝိုင်းများက ပင့်ကူအိမ်တွင် ပိတ်မိနေသကဲ့သို့ ပိတ်မိစေပြီး၊ ထို့ကြောင့်ပင် သူမသည် စစ်မှန်သောလမ်းကို မရှာဖွေ၊ မလေ့လာ ရဲပေ။ ယခုတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော် သမ္မာတရား နှင့် အချက်အလက်များ အားဖြင့် သခင်ယေရှု ၏ ဒုတိယအကြိမ် ကြွလာခြင်းကို ကြိုဆိုဖို့ရန်၊ သူမသည် ကောလဟလများကို ဖေါက်ထွင်းမြင်ခဲ့ပြီး၊ စာတန်၏ ကျော့ကွင်းကို ထိုးဖောက်ကျော်လွန်ခဲ့သည်။

 

Read More »

【Live】Myanmar Subtitle Christian movie | မှန်ကန်သော ကိုးကွယ်ခြင်း၏ နက်နဲသောအရာ

 

လင်ပိုအန်းဟာ တရုတ်နိုင်ငံမှာရှိတဲ့ အိမ်တွင်းဘုရားကျောင်းတစ်ခုမှာ သင်းထောက်တစ်ယောက်ဖြစ်ပါတယ်။ သခင်ယေရှုခရစ်တော်အကြောင်း သိနားလည်ခွင့်ရခြင်း၊ ကိုးကွယ်ခွင့်ရခြင်းအပေါ် သူ့ဘဝတစ်လျှောက်လုံး လောကမှာ တခြားအရာတွေအားလုံးထက် တန်ဖိုးထားခဲ့သူဖြစ်ပြီး၊ သခင်အတွက် ဆင်းရဲဒုက္ခခံရခြင်းကိုလည်း ဂုဏ်ယူခဲ့သူတစ်ယောက်ပါ။ ကံကြမ္မာက ဖန်တီးလာတဲ့တစ်ရက်မှာတော့ သူဟာ တရားဟောပြောဖို့သွားရင်း၊ တုန်လှုပ်စရာသတင်းတချို့ကို ကြားလိုက်ရတယ်။ သခင်ယေရှုဟာ လူ့ဇာတိခံပြီး ပြန်လည်ကြွရောက်နေပြီတဲ့လေ။ ကိုယ်တော်ဟာ နောက်ဆုံးသောကာလရဲ့ခရစ်တော်..အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်တယ်တဲ့။ လင်ပိုအန်းဟာ နားမလည်နိုင်ဖြစ်ခဲ့ရတယ်။ သခင် ပြန် ကြွလာမယ်ဆိုရင်၊ ကောင်းကင်ထက်ကနေ ကြွလာရမှာလေ။ ဒါကြောင့် ကိုယ်တော်ဟာ ဘာကြောင့် လူ့ဇာတိခံပြီး၊ အမှုတော်ကို လျှို့ဝှက်ဆောင်ရွက်ရတာလဲ။ ဘုရားသခင်ရဲ့လူ့ဇာတိခံခြင်း နောက်ကွယ်မှာ ဘယ်လိုနက်နဲမှုတွေရှိနေလဲ။ သခင် ပြန်လည်ကြွရောက်နေပြီဆိုရင်၊ ကျွနု်ပ်တို့တွေဟာ ဘာကြောင့် ချီဆောင်ခြင်းမခံရသေးတာလဲ။ ဒီလိုနဲ့ လင်ပိုအန်းအပါအဝင် သူ့မိတ်ဆွေတွေနဲ့အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ရဲ့တရားဟောဆရာတွေဟာ အပြင်းအထန်ဆွေးနွေးမိကြတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန် ကြွလာခြင်းလား၊ လူ့ဇာတိခံတဲ့ ဘုရားသခင် ပေါ်ထွန်းခြင်းလားဆိုတာတွေပေါ့။ သူတို့တတွေဟာ နောက်ဆုံးမှာ ဒါတွေကို နားလည်သွားကြမှာလား။Read More »

【Live】ခရစ်ယာန်ဘာသာ ရုပ်ရှင် – ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းမွန်ပါသည်

【Live】Myanmar Subtitle Christian movie | ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းမွန်ပါသည်

ကျွန်တော်တို့ ဆင်းရဲတဲ့ဘဝမှာ အသက်ရှင်နေထိုင်ရတဲ့အခါ၊ ပိုမိုကောင်းမွန်တဲ့ ဘဝမှာနေထိုင်နိုင်ဖို့နှင့် ဆင်းရဲတဲ့ဘဝကို အဆုံးသတ်ဖို့ ဝင်ငွေပိုမိုရရှိရန် မျှော်လင့်ရင်း ကျွန်တော်တို့အားလုံး ပင်လယ်ရပ်ခြားမှာ အလုပ်လုပ်လိုကြတယ်။ ပိုပြီးငွေရှာနိုင်ဖို့အတွက် Ding Ruilin နှင့် သူမရဲ့ခင်ပွန်းဟာ ပြည်ပမှာ ကြိုးကြိုးစားစားအလုပ်လုပ်ဖို့ ငွေချေးငှားတယ်။ မမျှော်လင့်ဘဲ သူမ နေမကောင်းဖြစ်တယ်။ ဆေးရုံထဲမှာရှိတဲ့ ခုတင်ပေါ်မှာ လဲလျောင်းတဲ့အခါ သူမ စပြီး တန်ပြန်စဉ်းစားမိတာက ငွေကြေးနှင့်ကျော်ကြားဖို့အတွက် ငါတို့အသက်ကို ပူဇော်ထိုက်သလား၊ ငွေကြေးက ငါတို့ရဲ့အနတ္တနှင့်နာကျင်မှုကို ဖယ်ရှားပစ်နိုင်လို့လား၊ လွယ်ကူတဲ့ဘဝတစ်ခုကို ဘယ်လိုနေထိုင်ရမလဲ…ဒါနဲ့ သူမဟာ ဘယ်သူမှမဖယ်ရှားနိုင်တဲ့ သူမရဲ့ဖုန်းပေါ်က ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို အများကြီးဖတ်တယ်။ နောက်ဆုံးတော့ သူမဟာ ဘယ်လိုလိုက်လျှောက်ဖို့ အရေးကြီးဆုံးအရာဖြစ်တယ်ဆိုတာ နားလည်ကာ သူ့နှလုံးသားထဲထိ ဖြန့်ချိရောက်လာပါတယ်။ ဘုရားသခင့် နှုတ်ကပတ်တော်များရဲ့ လမ်းညွှန်မှုအရ နောက်ဆုံးမှာတော့ ပျော်ရွှင်တဲ့ဘဝတစ်ခုကို သူမ ရှာတွေ့ပါတော့သည်။Read More »