၂) ဘုရားသခင်အမှုတော်တစ်ဆင့်ချင်းစီနှင့် ကိုယ်တော်၏နာမတော်အကြား ဆယ်နွှယ်မှု

ခရစ်တော်, ဆုတောင်း, နောက်ဆုံးသောကာလ, ယေရှု, ဧဝံဂေလိတရား

(၁) ပညတ်တော်ခေတ်တွင် ယေဟောဝါဟူသော အမည်နာမကို ဘုရားသခင် ယူခြင်း၏ အဓိပ္ပါယ်

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“တဖန်ဘုရားသခင်က၊ သင်တို့ဘိုးဘေးများ၏ ဘုရားသခင်၊ အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားတည်းဟူသော ထာဝရဘုရားသည်၊ ငါ့ကို သင်တို့ရှိရာသို့ စေလွှတ်တော်မူပြီဟု ဣသရေလ အမျိုးသားတို့အား ပြောရမည်။ ထိုအမည်သည် အစဉ် ငါ့အမည်ဖြစ်၏။ လူမျိုးအစဉ်အဆက်မပြတ် ငါ့ဘွဲ့နာမ ဖြစ်၏။” (ထွ ၃:၁၅)Read More »

၁) မတူညီသည့် ခေတ်ကာလများတွင် ဘုရားသခင်၌ အဘယ်ကြောင့် မတူညီသည့် အမည်နာမတော်များ ရှိသနည်း။ ဘုရားသခင်၏ နာမတော်များ၏ အဓိပ္ပာယ်များမှာ အဘယ်နည်း။

ကျေးဇူးတော်, ယေရှု, ယေဟောဝါ, ဝိညာဉ်တော်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

“ကျွန်ုပ်တို့နှင့် အတူရှိသော ဘုရားသခင်” ဟူသည့် ယေရှု၏နာမတော်သည် ဘုရားသခင်၏ စိတ်သဘောထားတစ်ခုလုံးကို ကိုယ်စားပြုနိုင်သလော။ ယင်းနာမသည် ဘုရားသခင်ကို ရှင်းလင်းစွာ ဖော်ပြနိုင်သလော။ ဘုရားသခင်သည် သူ၏ စိတ်သဘောထားကို ပြောင်းလဲနိုင်ခြင်း မရှိသောကြောင့် ဘုရားသခင်ကို ယေရှုဟုသာ ခေါ်ဆိုရမည်ဖြစ်ပြီး အခြားနာမတော်မရှိနိုင်ဟု လူသည်ဆိုလျှင် ယင်းစကားလုံးများသည် ဘုရားသခင်ကို ပြစ်မှားပြောဆိုခြင်း အစစ်အမှန် ဖြစ်လိမ့်မည်။ ကျွန်ုပ်တို့နှင့် အတူရှိသော ဘုရားသခင်ဟူသည့် ယေရှုနာမတော်တစ်ခုတည်းသာ သူ၏အလုံးစုံကို ကိုယ်စားပြုနိုင်သည်ဟု သင်ယုံကြည်ပါသလော။ ဘုရားသခင်ကို နာမတော် အများအပြားဖြင့် ခေါ်ဆိုနိုင်သော်လည်း ယင်းနာမတော်များအကြားတွင် ဘုရားသခင်၏ အလုံးစုံကို အချုပ်အားဖြင့် ဖော်ပြနိုင်သောနာမ တစ်ခုမျှမရှိပေ၊ ဘုရားသခင်ကို အပြည့်အဝ ကိုယ်စားပြုနိုင်သောနာမ တစ်ခုမျှ မရှိပေ။ သို့ဖြစ်သောကြောင့် ဘုရားသခင်တွင် နာမတော် အများအပြားရှိသော်လည်း၊ ဘုရားသခင်၏ စိတ်သဘောထားမှာ ကြွယ်ဝလွန်းကာ သူ့ကိုနားလည်နိုင်သော လူသား၏ သိခြင်းစွမ်းရည်ကို ကျော်လွန်နေသောကြောင့် ယင်းနာမတော် အများအပြားသည် ဘုရားသခင်၏ စိတ်သဘောထားကို အပြည့်အဝ ရှင်းလင်စွာ ဖော်ပြနိုင်ခြင်း မရှိပေ။ လူသားမျိုးနွယ်၏ ဘာသာစကားကို အသုံးပြုပြီး ဘုရားသခင်ကို အပြည့်အဝ အချုပ်အားဖြင့် ဖော်ပြနိုင်ရန် လူသားတွင် နည်းလမ်း မရှိပေ။ လူသားမျိုးနွယ်တို့တွင် ဘုရားသခင်၏ စိတ်သဘောထားနှင့်ပတ်သက်၍ သူတို့သိသမျှကို အချုပ်အားဖြင့် ဖော်ပြနိုင်ရန် ကြီးမြတ်သော၊ ဂုဏ်ရှိသော၊ အံ့သြဖွယ်ဖြစ်သော၊ ဉာဏ်မမီနိုင်သော၊ မြင့်မြတ်သော၊ သန့်ရှင်းသော၊ ဖြောင့်မတ်သော၊ ဉာဏ်ပညာရှိသော၊ စသဖြင့်၊ အကန့်အသတ်ရှိသော ဝေါဟာရများသာ ရှိသည်။ စကားလုံးများ များပြားလှသည်။ ယင်းအကန့်အသတ်ရှိသော ဝေါဟာရသည် လူက မျက်မြင်တွေ့ခဲ့သော ဘုရားသခင်၏ စိတ်သဘောထား အနည်းငယ်ကို ဖော်ပြရန် မဖြစ်နိုင်ပေ။ အချိန်ကြာလာသည်နှင့်အမျှ အခြားသူ အများအပြားကလည်း သူတို့၏ စိတ်နှလုံးများတွင် ပြင်းပြလာမှုကို ပိုမိုဖော်ပြနိုင်ရန် စကားလုံးများကို ဖြည့်စွက်ခဲ့ကြသည်။ ဘုရားသခင်သည် ကြီးမြတ်လွန်းသည်။ ဘုရားသခင်သည် အလွန်သန့်ရှင်းသည်။ Read More »

နောင်တလမ်းနှင့် ထာဝရအသက်လမ်းတို့အကြား ခြားနားမှုများ

နောင်တလမ်းနှင့် ထာဝရအသက်လမ်းတို့အကြား ခြားနားမှုများ

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“ငါ့စကားကို ကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသား တို့ကို ကယ်တင်အံ့သောငှါငါလာ၏။ ငါ့ကိုပယ်၍ ငါ့စကားကို နာမခံသောသူအား အပြစ်စီရင်သော သူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။” (ယော ၁၂:၄၇-၄၈)

“သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်အဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြ လိမ့်မည်။” (ယော ၁၆:၁၂-၁၃)

“သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။” (မ ၇:၂၁)Read More »

နောက်ဆုံးသောကာလတွင် ဘုရားသခင်ဖော်ပြသော သမ္မာတရားများသည် ထာဝရအသက်လမ်း ဖြစ်သည်

ကယ်တင်ခြင်း, ထာဝရအသက်, ယုံကြည်ခြင်း, ယေရှု, သမ္မာတရား

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်အဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြ လိမ့်မည်။” (ယော ၁၆:၁၂-၁၃)

“ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူ မည်သည် ကား ကြားပါစေ။ အောင်မြင်သော သူကို ဒုတိယသေခြင်းသည် မညှဉ်းဆဲရ။” (ဗျာ ၂:၁၁)

“တဖန်၊ ကျောက်သလင်းကဲ့သို့ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ ပလ္လင်တော်ထဲက ထွက် သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အား ပြလေ၏။ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ် နှစ်မျိုးကို သီးတတ်၏။ မိမိအသီးကိုလည်း လတိုင်းပေ တတ်၏။ အရွက်သည်လည်းလူအမျိုးမျိုး တို့၏ အနာ ရောဂါငြိမ်းစရာတို့ဖြစ်၏။” (ဗျာ ၂၂:၁-၂)Read More »

ကျေးဇူးတော်ကာလတွင် သခင်ယေရှုမှ ဖြန့်ခဲ့သော သတင်းစကားမှာ နောင်တတရားအတွက် လမ်းခရီးတစ်ခုသာဖြစ်သည်

ကယ်တင်ရှင်, ယုံကြည်ခြင်း, ယေရှု, ရွေးနှုတ်ခြင်း, သမ္မာကျမ်းစာ

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ။” (မ ၄:၁၇)

“ဤခွက်ကား ပဋိညာဉ်တရားသစ်နှင့်ဆိုင်၍ လူများတို့၏အပြစ်ကိုလွတ်စေခြင်းငှါ သွန်းသော ငါ၏ အသွေးဖြစ်၏။” (မ ၂၆:၂၈)

“ထိုအခါ ကျမ်းစာကို နားလည်စေခြင်းငှါ တပည့်တော်တို့၏ ဉာဏ်ကို ဖွင့်တော်မူလျှင်၊ ဤသို့ ကျမ်းစာလာ၏။ ဤသို့ ခရစ်တော်သည် အသေခံ၍ သုံးရက်မြောက်သောနေ့၌ သေခြင်းမှ ထမြောက်ရမည်။ ခရစ်တော်၏ အခွင့်အားဖြင့် နောင်တတရားနှင့် အပြစ်လွှတ်ခြင်းတရားကို ယေရုရှလင်မြို့မှစသော လူမျိုးတကာတို့အား ဟောပြောရမည်။” (လု ၂၄:၄၅-၄၇)Read More »

စစ်မှန်သော ချီဆောင်ခြင်းဆိုသည်မှာ အဘယ်နည်း။

စစ်မှန်သော ချီဆောင်ခြင်းဆိုသည်မှာ အဘယ်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှါ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်၊… အသင့်ရှိသော သတို့ သမီးတို့သည် လုလင်နှင့်အတူ ပွဲသို့ဝင်ကြပြီးလျှင် တံခါးကိုပိတ်ထား၏။” (ရှင်မဿဲခရစ်ဝင် ၂၅:၆၊၁၀)

“ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။” (ဗျာဒိတ်ကျမ်း ၃:၂၀)

“သိုးသငယ်၏ မင်္ဂလာဆောင်ပွဲသို့ ခေါ်ဘိတ်ခြင်းကို ခံရသောသူတို့သည် မင်္ဂလာရှိကြ၏ဟု ရေးထားလော့ဟူ၍၎င်း။” (ဗျာဒိတ်ကျမ်း ၁၉:၉)Read More »

ချီဆောင်ခြင်းသည် လူ၏အယူအဆများနှင့် စိတ်ကူးအပေါ် မဟုတ်ဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်များပေါ်တွင် အခြေခံရမည်။

ခရစ်ယာန်, ဆုတောင်း, ထာဝရအသက်, ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ, အသက်

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“သင်တို့ဆုတောင်းရမည်မှာ ကောင်းကင်ဘုံ၌ရှိတော်မူသောအကျွန်ုပ်တို့အဘ ကိုယ်တော်၏ နာမတော်အား ရိုသေလေးမြတ်ခြင်း ရှိပါစေသော။ နိုင်ငံတော်တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော။” (ရှင်မဿဲ ၆:၉-၁၀)

“သန့်ရှင်းသောမြို့တည်းဟူသော ယေရုရှလင်မြို့ သစ်သည် မိမိခင်ပွန်းဘို့ တန်ဆာဆင်သော မင်္ဂလာ ဆောင်သတို့သမီးကဲ့သို့ ပြင်ဆင်လျက်၊ ဘုရားသခင် အထံတော်၊ ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို ငါမြင်၏။ ကောင်းကင်မှကြီးသော အသံကား၊ ဘုရား သခင်၏ တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူ ကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် သူတို့နှင့်အတူရှိနေ၍ သူတို့၏ ဘုရားသခင် ဖြစ်တော်မူ မည်။” (ဗျာဒိတ်ကျမ်း ၂၁:၂-၃)

“လောကီ နိုင်ငံသည် ငါတို့အရှင်၏ နိုင်ငံဖြစ်လေပြီ။ ထိုအရှင်၏ ခရစ်တော်နိုင်ငံဖြစ်လေပြီ။ သူသည်လည်း ကမ္ဘာ အဆက်ဆက် စိုးစံတော်မူမည်ဟု ပြောဆိုကြ ၏။” (ဗျာဒိတ်ကျမ်း ၁၁:၁၅)

“ကောင်းကင်ဘုံကဆင်းသက်၍ ကောင်းကင်ဘုံ၌ရှိနေသော လူသားမှတပါးအဘယ်သူမျှ ကောင်းကင် ဘုံသို့ မတက်ပြီ။” (ရှင်ယောဟန်ခရစ်ဝင် ၃:၁၃)Read More »

၆။ ဖောက်ပြန်ပျက်ဆီးသည့် လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တယ်ခြင်းကို ပို၍လိုအပ်သည်ဟု အဘယ်ကြောင့်ဆိုသနည်း။

ခရစ်တော်, ဘုရားသခင်, ယေရှု, ဝိညာဉ်တော်, သမ္မာတရား

(ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲမှ လက်ရွေးစင် ကျမ်းပိုဒ်)

ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဘုရားသခင် လူ့ဇာတိခံယူခဲ့သည့် အကြောင်းမှာ သူ့အမှု၏အပြုခံအရာသည် စာတန်၏ဝိညာဉ် သို့မဟုတ် လက်ဆုပ်လက်ကိုင်မပြနိုင်သော အရာမဟုတ်ဘဲ စာတန်၏ဖျက်ဆီးခြင်းကို ခံရသော ဇာတိခန္ဓာနှင့်လူ ဖြစ်သောကြောင့်ဖြစ်သည်။ လူ့ဇာတိခန္ဓာသည် ဖျက်ဆီးခြင်းကိုခံခဲ့ရသည့်အတွက် ဘုရားသခင်သည် ဇာတိခန္ဓာနှင့် လူသားကို သူ့အမှု၏ အပြုခံအရာဖြစ်စေခဲ့ခြင်းပင် ဖြစ်တော့သည်။ ထို့အပြင် လူသားသည် ဖျက်ဆီးခြင်းခံရသည့် အရာဖြစ်သဖြင့် ဘုရားသခင်သည်လူသားကို သူ့ကယ်တင်ခြင်း၏ အဆင့်အားလုံးတောက်လျှောက်တွင် သူ့အမှု၏ တစ်ခုတည်းသော အပြုခံအရာဖြစ်စေခဲ့သည်။ လူသားသည် အသွေးနှင့်အသားနှင့် သေမျိုးဖြစ်ပြီး ဘုရားသခင်သည် လူသားကို ကယ်တင်နိုင်သော တစ်ဦးတည်းသောသူဖြစ်သည်။ ဤနည်းဖြင့် ဘုရားသခင်သည် သူ၏အမှုကို ဆောင်ရွက်ရန်အတွက် လူကဲ့သို့တူညီသော ဂုဏ်ဒြပ်များကို ပိုင်ဆိုင်သည့် လူ့ဇာတိကိုခံယူရန်ဖြစ်လာသည်။ သို့မှသာ သူ၏အမှုတွင် ပို၍ကောင်းသော အကျိုးသက်ရောက်မှုများကို ရနိုင်ပေလိမ့်မည်။ ဘုရားသခင်သည် သူ၏အမှုကို တိကျစွာဆောင်ရွက်ရန် လူ့ဇာတိခံယူရမည်၊ အကြောင်းမှာ လူသားသည် ဇာတိခန္ဓာနှင့်ဖြစ်ကာ အပြစ်ကို အောင်နိုင်ရန် သို့မဟုတ် ဇာတိပကတိမှ မိမိကိုယ်ကို ရုပ်သိမ်းရန် မစွမ်းသောကြောင့်ဖြစ်သည်။ လူ့ဇာတိခံယူသော ဘုရားသခင်၏ အနှစ်သာရနှင့် သွင်ပြင်လက္ခဏာသည် လူသား၏အနှစ်သာရ၊ သွင်ပြင်လက္ခဏာတို့နှင့် ကြီးမားသော ကွာခြားမှု ရှိသော်လည်း သူ၏အဆင်းသဏ္ဌာန်သည် လူနှင့်ဆင်တူပြီး၊ သာမန်လူတစ်ယောက်၏ အဆင်းသဏ္ဌာန်၊ သာမန်လူတစ်ယောက်၏ ဘဝကိုနေထိုင်၍ သူ့ကိုမြင်သောသူများသည် သာမန်လူတစ်ယောက်နှင့် သူ၏ ကွဲပြားမှုကို သိနိုင်မည်မဟုတ်ပေ။ ဤသာမန်အဆင်းသဏ္ဌာန်နှင့် သာမန်လူ့သဘာဝတို့သည် သာမန်လူတို့အကြားတွင် သူ၏ ဘုရားသဘာဝအမှုကို လုပ်ဆောင်ရန် လုံလောက်ပါသည်။ သူ၏ဇာတိခန္ဓာသည် သူ့အား သာမန်လူ့သဘာဝတွင် သူ၏အမှုကို ဆောင်ရွက်နိုင်စေပြီး၊ လူတို့ကြားတွင် သူ၏ အမှုလုပ်ဆောင်ခြင်းကို ကူညီပေးသည်။ ထို့အပြင် သူ၏ သာမန်လူ့သဘာဝသည် လူသားတို့အကြား ကယ်တင်ခြင်းအမှုကို ဆောင်ရွက်နိုင်ရန်လည်း အကူအညီပေးသည်။ သူ၏သာမန်လူ့သဘာဝသည် လူတို့ကြား များစွာသော အုတ်အော်သောင်းနင်းကို ဖြစ်စေခဲ့သော်လည်း ထိုအုတ်အော်သောင်းနင်းဖြစ်မှုသည် သူ့အမှု၏ ပုံမှန် အကျိုးသက်ရောက်မှုများအပေါ် ထိခိုက်ခြင်းမရှိပေ။ အကျဉ်းချုပ်ဆိုရသော် သူ့သာမန်ဇာတိခန္ဓာ၏ အမှုသည် လူသားအတွက် အကြီးမြတ်ဆုံးသော အကျိုးအမြတ်ကို ပေးသည်။ လူအများစုသည် သူ၏သာမန်လူ့သဘာဝကို လက်မခံသော်လည်း သူ၏အမှုသည် အကျိုးသက်ရောက်နိုင်ဆဲဖြစ်ပြီး၊ သူ၏သာမန်လူ့သဘာဝကြောင့် ဤအကျိုးသက်ရောက်မှုများကို ရရှိခြင်းဖြစ်သည်။ ဤအတွက် ယုံမှားဖွယ်ရာမရှိ။ ဇာတိခန္ဓာရှိ သူ၏အမှုမှတဆင့် ဘုရားသခင်၏ သာမန်လူ့သဘာဝနှင့်ပတ်သက်၍ လူသားတို့ကြား၌ရှိနေသော အယူအဆများထက် လူသားတို့သည် ဆယ်ဆ၊ သို့မဟုတ် အဆတစ်ရာ ပိုသောအရာတို့ကို လက်ခံရရှိပါသည်။ ထိုအယူအဆများအားလုံးသည်လည်း နောက်ဆုံး၌ ဘုရားသခင့် အမှုတော်၏ ၀ါးမြိုခြင်းကို ခံရလိမ့်မည်။ သူ့အမှုကရရှိသော အကျိုးသက်ရောက်မှုများ၊ ဆိုလိုသည်မှာ ဘုရားသခင်နှင့်ပတ်သက်၍ လူ၏အသိပညာသည် ဘုရားသခင်နှင့် ပတ်သက်သော လူသား၏အယူအဆများထက် သာလွန် များပြားလာမည်။ ဇာတိခန္ဓာနှင့် သူလုပ်ဆောင်ခဲ့သောအမှုတို့ကို စိတ်ကူးရန် သို့မဟုတ် တိုင်းတာရန် နည်းလမ်းမရှိပေ။ အကြောင်းမှာ သူ၏ဇာတိခန္ဓာသည် လူသား၏ဇာတိခန္ဓာနှင့် တူညီမှုမရှိခြင်းကြောင့်ဖြစ်သည်။ အပြင်ဘက် ပုံပန်းသဏ္ဌာန်သည် ဆင်တူသော်လည်း၊ အနှစ်သာရခြင်း မတူညီပေ။ ဘုရားသခင်၏ ဇာတိခန္ဓာသည် လူတို့ကြားတွင် ဘုရားသခင်နှင့်ပတ်သက်သော အယူအဆများစွာကို ဖြစ်ပေါ်စေသည်။ သို့ရာတွင် သူ၏ဇာတိခန္ဓာသည် လူသားကို အသိပညာများစွာ ရရှိလာစေရန်လည်း ခွင့်ပြုနိုင်ပြီး၊ ထိုသို့တူညီသော အပြင်ပန်းသဏ္ဌာန် ပိုင်ဆိုင်ထားသည့် လူတို့ကိုပင် သိမ်းပိုက်နိုင်သည်။ အကြောင်းမှာ သူသည် သာမန်လူသားတစ်ယောက်သာမဟုတ်ဘဲ၊ လူသား၏အပြင်ပန်းသဏ္ဌာန်ရှိသော ဘုရားသခင်ဖြစ်ပြီး၊ မည်သူမျှ သူ့ကို အပြည့်အဝသဘောပေါက်ခြင်း သို့မဟုတ် နားလည်နိုင်ခြင်း ရှိနိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။ မျက်စိဖြင့်မမြင်ရ၊ လက်ဆုပ်လက်ကိုင်လည်းမပြနိုင်သော ဘုရားသခင်ကို အားလုံးက ချစ်ပြီး ကြိုဆိုကြသည်။ အကယ်၍ ဘုရားသခင်သည် လူတို့မမြင်နိုင်သော ဝိညာဉ်တော်တစ်ပါးသာဖြစ်ပါက လူသားတို့အနေဖြင့် ဘုရားသခင်ကို ယုံကြည်ရန် အလွန်လွယ်ကူပါသည်။ လူသားသည် မိမိ၏စိတ်ကူးစိတ်သန်းကို ဇက်ကုန်လွှတ်နိုင်ပြီး၊ မိမိကိုယ်ကို ကျေနပ်စေရန်နှင့် ပျော်ရွှင်အောင်ပြုရန် မိမိနှစ်သက်သည့် မည်သည့်ပုံရိပ်ကိုမဆို ဘုရားသခင်၏ ပုံရိပ်အဖြစ် ရွေးချယ်နိုင်သည်။ ဤနည်းအားဖြင့် ဤဘုရားသခင်က ပြုလုပ်ရန် အလိုအရှိဆုံး အရာဖြစ်သော မိမိ၏ ကိုယ်ပိုင်ဘုရားသခင်ကို စိတ်အကျေနပ်ဆုံးဖြစ်စေသည့် မည်သည့်အရာကိုမဆို လူသည် သိက္ခာစောင့်စည်းမှု မရှိဘဲနှင့် ပြုလုပ်ကောင်း ပြုလုပ်နိုင်လိမ့်မည်။ ထို့အပြင် လူသားသည် သူ့ထက်ပို၍ ဘုရားသခင်ကို ပို၍သစ္စာရှိသူ၊ ပို၍ဆပ်ကပ်နိုင်သူ တစ်ဦးမျှမရှိ၊ အခြားသူအားလုံးသည် တစ်ပါးအမျိုးသား ခွေးများဖြစ်ပြီး၊ ဘုရားသခင်အပေါ် သစ္စာမရှိသောသူများဖြစ်သည်ဟု ယုံကြည်သည်။ ဤအရာသည် မိမိတို့၏ ဘုရားသခင်ကို ယုံကြည်မှုမှာ မရေမရာ ဖြစ်ပြီး အယူဝါဒအပေါ် အခြေခံထားသည့်သူများက ရှာဖွေသည့်အရာဟု ဆိုနိုင်သည်။ သူတို့ရှာဖွေသောအရာသည် အားလုံးအတူတူသာဖြစ်ပြီး ကွာခြားမှု အနည်းငယ်သာရှိသည်။ သူတို့၏ စိတ်ကူးများထဲမှ ဘုရားသခင်၏ ပုံရိပ်များသည် မတူညီကြခြင်းသာဖြစ်ပြီး သူတို့၏ အနှစ်သာရမှာမူ အကယ်စင်စစ် အတူတူပင်ဖြစ်သည်။Read More »