ခရစ်တော်ကို စီစီပီ၏ ငြင်းကွယ်ခြင်း နှင့် ရှုတ်ချခြင်း နောက်ကွယ်မှ စစ်မှန်သည့် ရည်မှန်းချက်

ခရစ်ယာန်, ခရစ်ယာန်ဘာသာ, နောက်ဆုံးသောကာလ, သမ္မာတရား

ဖန်လောင် (အယူဝါဒရိုက်သွင်းသည့် ဌာနချုပ်၏ လက်ထောက်ဒါရိုက်တာ)- အနန္တတန်ခိုးရှင်ဘုရားသခင်က နောက်ဆုံးသောကာလမှာ ပေါ်ထွန်းတဲ့ ဘုရားသခင်ဖြစ်တယ်၊ သမ္မာတရားဖြစ်တယ်လို့ ပြောတယ်နော်။ ဘုရားသခင်က ဒီလောကကိုဖန်ဆင်းပြီး စိုးပိုင်တယ်လို့လည်း ပြောတယ်။ သမိုင်းတလျှောက်မှာ လူသားတွေကို လမ်းပြကယ်တင်ခဲ့တယ်လို့လည်း ပြောတယ်။ ခင်ဗျားရဲ့ယုံကြည်မှုတွေကို ချက်ကျလက်ကျ သက်သေပြလို့ ရလား။ ကွန်မြူနစ်ပါတီဝင်ကျွန်တော်တို့တွေက ဘာသာမဲ့တွေ ဘုရားသခင်ရဲ့ပညတ်တော်ကိုရော ဘုရားသခင်ရှိတယ်ဆိုတာကိုပါ နည်းနည်းလေးမှ လက်မခံဘူး။ ခင်ဗျားတို့ယုံကြည်တဲ့ လူ့ဇာတိခံယူတဲ့ ဘုရားသခင်ကိုဆို ပိုတောင်လက်မခံဘူး။ ခရစ်ယာန်တွေယုံကြည်တဲ့ ယေရှုဆိုတာ လူသားဖြစ်ကြောင်း ရှင်းနေတာပဲ။ သူ့မှာ မိဘတွေ၊ မွေးချင်းတွေရှိတယ်။ ခရစ်ယာန်ဘာသာကတော့ သူ့ကို တစ်ဆူတည်းသောဘုရားအဖြစ် ကိုးကွယ်ဖို့ နားချကြတယ်။ တော်တော်အဓိပ္ပါယ်မရှိတာပဲ အနန္တတန်ခိုးရှင်ဘုရားသခင်ဆိုတာ ယေရှုလိုပဲ၊ ခင်ဗျားတို့ ကျွန်တော်တို့လို သာမန်လူပဲ။ သူက လူ့ဇာတိခံယူတဲ့ဘုရားသခင်ပါလို့ ခင်ဗျားတို့က ဘာကြောင့်ယုံရတာလဲ။ ပြီးတော့ နောက်ဆုံးသောကာလရဲ့ ကယ်တင်ရှင် ခရစ်တော်အဖြစ် ဘာကြောင့်လက်ခံရတာလဲ။ ဒါ ရူးမိုက်တာပဲ။ ဒါတွေအကုန်လုံး စိတ်ကူးယဉ် သက်သက်ပဲ။ ဘုရားသခင်ဆိုတာမရှိဘူး။ နောက်ပြီး လူ့ဇာတိခံယူတဲ့ဘုရားသခင်ဆိုတာ မရှိဘူး။ ကျွန်တော်ထပ်ပြောမယ် ဘုရားသခင်က လူအဖြစ်ကြွဆင်းလာတယ်လို့ ခင်ဗျားပြော တယ်နော်။ ခင်ဗျား ဘာနဲ့သက်သေပြ မလဲ။ ခင်ဗျားတို့ယုံကြည်မှုက ဘာအပေါ်မှာအခြေခံထားတာလဲဆိုတာ ကျွန်တော့်ကိုရှင်းပြနိုင်ကြရဲ့လား။Read More »