ဘုရားသခင်၏ အမှုတော် အဆင့်သုံးဆင့်သည် လူတို့ကိုကယ်တင်ခြင်းနှင့် စုံလင်စေခြင်းအတွက် မည်ကဲ့သို့ တဖြည်းဖြည်း နက်နဲလာသနည်း။

ဆုတောင်း, ဘုရားသခင်, ယုံကြည်ခြင်း, ရွေးနှုတ်ခြင်း, သခင်ယေရှု

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ –

ဘုရားသခင်၏ စီမံခန့်ခွဲမှု တစ်ခုလုံးကို အဆင့်သုံးဆင့်ဖြင့် ပိုင်းခြားထားသည်၊ အဆင့်တစ်ခုစီတွင်၊ လူသားအပေါ် သင့်လျော်သည့် သတ်မှတ်ချက်များကို ချမှတ်ထားခဲ့သည်။ ထို့အပြင် ခေတ်များ ပြီးဆုံးပြီး တိုးတက်လာသည်နှင့်အမျှ လူသားမျိုးနွယ် အားလုံးအပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များက သာ၍ပင် မြင့်မားလာသည်။ ထို့အတွက်ကြောင့်၊ တစ်ဆင့်ချင်းစီသွားခြင်းဖြင့်၊ ဘုရားသခင်၏ ဤစီမံခန့်ခွဲမှုအလုပ်က အထွတ်အထိပ်သို့ ရောက်ရှိလာသည်မှာ လူသားသည် “ လူ့ဇာတိထဲတွင် နှုတ်ကပတ်တော်၏ ပေါ်ထွန်းလာခြင်း” ဆိုသည့်အချက်ကို ရှုမြင်လာသည်အထိဖြစ်ပြီး၊ ဤနည်းလမ်းအားဖြင့် လူသားများအပေါ် သတ်မှတ်ချက်များက သာ၍ပင် မြင့်မားလာကာ၊ လူသား၏ သက်သေခံရန် သတ်မှတ်ချက်များကလည်း သာ၍ပင် မြင့်မားလာသည်။… ယခင်က၊ လူသားသည် ပညတ်တော်များ၊ ဥပဒေသများနှင့်အညီ လိုက်နာရန်လိုအပ်ခဲ့ပြီး၊ စိတ်ရှည်သည်းခံပြီး စိတ်နှိမ့်ချရန်လည်း လိုအပ်ခဲ့သည်။ ယနေ့တွင်၊ လူသားသည် ဘုရားသခင်၏ စီစဉ်မှု အားလုံးကို လိုက်နာရန်လိုအပ်ပြီး၊ ဘုရားသခင်၏ ချစ်မေတ္တာ အထွတ်အထိပ်ကို လယ်ဝယ်ရှိထားရန်နှင့် ဆင်းရဲဒုက္ခအလယ် ရောက်ရှိစဉ်တွင် ဘုရားသခင်ကို ဆက်လက်ချစ်မြတ်နိုးရန် အဆုံးစွန် လိုအပ်သည်။ သူ၏ စီမံခန့်ခွဲမှု တစ်ခုလုံးတွင်၊ ဤအဆင့်သုံးဆင့်မှာ ဘုရားသခင်က လူသားအပေါ် ပြဋ္ဌာန်းထားသော တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်စေသည့် သတ်မှတ်ချက်များဖြစ်သည်။ ဘုရားသခင်၏ အမှုအဆင့်တစ်ဆင့်စီသည် ယခင်ကထက် ပိုနက်နဲလာပြီး၊ အဆင့်တစ်ဆင့်စီတွင် လူသားအပေါ် သတ်မှတ်ချက်များက ယခင်ကထက်ပို၍ လေးနက်လာသည်။ ဤနည်းအားဖြင့်၊ ဘုရားသခင်၏ စီမံခန့်ခွဲမှု တစ်ခုလုံးက တဖြည်းဖြည်းနှင့် ပုံစံကျလာသည်။ ယင်းမှာ လူသားအပေါ် သတ်မှတ်ချက်များသည် ခါတိုင်းထက် မြင့်မားနေပြီး လူသား၏ စိတ်သဘောထားသည် ဘုရားသခင် အလိုတော်ရှိသော စံညွှန်းများနှင့် သာ၍ နီးစပ်လာသောကြောင့် အတိအကျဖြစ်သည်။ ထို့နောက်တွင်သာ လူသားမျိုးနွယ် တစ်ရပ်လုံးသည် စာတန်၏ လွှမ်းမိုးမှုမှ တစ်ဖြည်းဖြည်း ခွဲခွာလာပြီး၊ ဘုရားသခင်၏ အလုပ်သည် ပြီးပြည့်စုံသော အဆုံးသို့ရောက်သောအခါ လူသားမျိုးနွယ် တစ်ရပ်လုံးသည် စာတန်၏ လွှမ်းမိုးမှုမှ ကယ်တင်ပြီးဖြစ်လိမ့်မည်။Read More »

Advertisements

ဘုရားသခင်၏ အမှုတော် အဆင့်သုံးဆင့်မှ တစ်ခုချင်းစီအကြား ဆက်နွှယ်မှု။

ကျေးဇူးတော်, ခရစ်ယာန်ဘာသာ, ယေရှု, ရွေးနှုတ်ခြင်း, အသက်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ –

ယေဟောဝါ၏ အလုပ်မှစ၍ ယေရှု၏ အလုပ်တိုင်အောင်နှင့် ယေရှု၏ အလုပ်မှစ၍ ယခုလက်ရှိအဆင့်ထိ၊ ဤအဆင့်သုံးဆင့်သည် ဘုရားသခင် စီမံခန့်ခွဲမှု အစမှအဆုံးကို အဆက်မပြတ် အကျုံးဝင်စေသည်။ ယင်းတို့အားလုံးသည် ဝိညာဉ်တော် တစ်ပါးတည်း၏ လုပ်ဆောင်မှုပင်ဖြစ်သည်။ ကမ္ဘာကြီးကို စတင်ဖန်ဆင်းကတည်းက၊ ဘုရားသခင်သည် လူသားကို စီမံခန့်ခွဲလျက် ရှိနေသည်။ သူသည် အစနှင့် အဆုံးဖြစ်သည်၊ သူသည် အဦးဆုံးသော သူနှင့် နောက်ဆုံးသောသူလည်း ဖြစ်သည့်အပြင်၊ သူသည် ခေတ်တစ်ခုကို အစပြုခဲ့သူဖြစ်ပြီး၊ ခေတ်ကို အဆုံးသတ်သူလည်း ဖြစ်သည်။ မတူညီသည့် ခေတ်များနှင့် မတူညီသည့် နေရာများမှ အလုပ်အဆင့် သုံးဆင့်သည် ဝိညာဉ်တော် တစ်ပါးတည်း၏ အလုပ်ဖြစ်သည်မှာ မှားယွင်းဖွယ်မရှိပေ။ ဤအဆင့်သုံးဆင့်ကို ခွဲခြားသူအပေါင်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်ရန် ရပ်တည်သူများပင်ဖြစ်သည်။Read More »

ဘုရားသခင်၏ အမှုတော် အဆင့်သုံးဆင့်မှ တစ်ခုစီ၏ အရေးပါမှုနှင့် ရည်ရွယ်ချက်ကို သိရှိခြင်း

ခရစ်တော်, ဘုရားသခင်, ယေရှု, ယေဟောဝါ, ဧဝံဂေလိ

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ –

ဣသရေလလူမျိုးတို့အပေါ် ယေဟောဝါဆောင်ရွက်ခဲ့သောအမှုသည် လောကီနှင့်ဆိုင်သည့် ဘုရားသခင်၏ မူလနေရာဖြစ်သော လူသားမျိုးနွယ်အကြား၌ ဖြစ်ပေါ်ခဲ့ပြီး ယင်းနေရာမှာ သူရှိနေခဲ့သည့် အထွတ်အမြတ်ထားသော နေရာလည်းဖြစ်သည်။ ယေဟောဝါသည် သူ၏အမှုကို ဣသရေလလူမျိုးတို့အတွက် ကန့်သတ်ထားသည်။ ကနဦးတွင် ဣသရေလပြင်ပ၌ သူအမှုမပြုခဲ့ပေ၊ ထိုအစား သူ၏အမှုနယ်ပယ်ကို ကန့်သတ်ရန်အလို့ငှာ သင့်လျော်မည်ဟု သူမြင်သည့် လူမျိုးတစ်မျိုးကို ရွေးချယ်ခဲ့သည်။ ဣသရေလနိုင်ငံမှာ အာဒံနှင့်ဧဝတို့ကို ဘုရားသခင် ဖန်ဆင်းခဲ့သော နေရာဖြစ်ပြီး ထိုနေရာရှိ မြေမှုန့်မှတစ်ဆင့် လူသားကို ယေဟောဝါ ဖန်ဆင်းခဲ့သည်၊ ထိုနေရာမှာ ကမ္ဘာမြေကြီးပေါ်ရှိ သူ့အမှု၏ အရင်းခံနေရာ ဖြစ်လာခဲ့သည်။ နောဧ၏သားစဉ်မြေးဆက်များနှင့် အာဒံ၏သားစဉ်မြေးဆက်များဖြစ်ကြသော ဣသရေလလူမျိုးများသည် ဤကမ္ဘာပေါ်ရှိ ယေဟောဝါအမှု၏ လူသား အခြေခံအုတ်မြစ်ဖြစ်သည်။Read More »

ဘုရားသခင်၏ လူသားမျိုးနွယ်ကို စီမံခန့်ခွဲသည့် အမှုတော် အဆင့်သုံးဆင့်၏ ရည်ရွယ်ချက်ကို နားလည်လော့

ကယ်တင်ခြင်း, ကရုဏာ, သက်သေခံချက်, သမ္မာတရား, အသက်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ –

နှစ်ပေါင်းခြောက်ထောင်ကျော်ကြာမြင့်သောအကြံအစည်တော်ဖြစ်သည့် ငါ၏စီမံခွဲခန့်တော်မူခြင်း အစီအစဉ်၌ အဆင့်သုံးခု (သို့) ကာလသုံးပိုင်းပါရှိသည်။ ယင်းတို့မှာ အစအဦး၌ဖြစ်သော ပညတ်တော် ကာလ၊ ကျေးဇူးတော်ကာလ(ရွေးနှုတ်ခြင်းကာလဟူ၍လည်းခေါ်ဆိုသည်။) နှင့် နောက်ဆုံးသောနေ့ ရက်များ၏နိုင်ငံတော်ကာလ တို့ဖြစ်ကြသည်။ အဆိုပါကာလသုံးပိုင်းရှိ ငါ၏အမှုတော်တွင် ပါဝင်သော အရာများသည် ကာလတစ်ခုချင်းစီ၏ သဘောသဘာဝများအရ ခြားနားမှုများရှိနေသည်။ သို့သော် အဆင့်တိုင်း၌လူသား၏ လိုအပ်မှုများအရ (သို့) ပိုမိုတိကျစွာဆိုရပါက စာတန်မာရ်နတ်အား ငါဆင်နွဲ သည့် စစ်ပွဲ၌ စာတန်ကျင့်သုံးသည့်လှည့်စားမှုများနှင့်လျော်ညီစွာ ဆောင်ရွက်ပြီးစီးလျက်ရှိသည်။ ငါလုပ်ဆောင်သော အလုပ်၏ရည်ရွယ်ချက်မှာ စာတန်မာရ်နတ်အား ချေမှုန်းရန်၊ ငါ၏ပညတ်တော်နှင့် အရာခပ်သိမ်းအားသိမြင်တော်မူခြင်းအား ထင်ရှားစွာမြင်တွေ့ကြစေရန်၊ စာတန်၏လှည့်စားမှုမှန်သမျှ အား ဖော်ထုတ်ရန်နှင့် ထိုသို့အားဖြင့် စာတန်၏ထိမ်းချုပ်မှုအောက်တွင် ရှိနေသည့် လူသားမျိုး နွယ်တစ်ရပ်လုံးအား ရွေးနှုတ်ကယ်တင်ရန်ဖြစ်သည်။ ၎င်းသည်ငါ၏ပညာတော်နှင့် အရာခပ်သိမ်း အား သိမြင်တော်မူခြင်းအား ဖော်ထုတ်ပြသရန်နှင့် စာတန်မာရ်နတ်၏ ဆိုးရွားသည့် သွင်ပြင် လက္ခဏာအား တချိန်တည်းဖော်ထုတ်ရန်ဖြစ်သည်။ ထို့အပြင် ကောင်းမြတ်ခြင်းနှင့်ဆိုးညစ်ခြင်းတို့ကို ငါဖန်ဆင်းတော် မူသောသူများခွဲခြားတတ်စေရန်သင်ကြားပေးခြင်း၊ငါသည်အရာခပ်သိမ်းတို့အား အုပ်စိုးတော်မူသောသူ ဖြစ်ကြောင်းသိစေရန်၊စာတန်သည်လူသားမျိုးနွယ်၏ရန်သူဖြစ်ကြောင်း ရှင်းလင်းစွာမြင်တွေ့ စေနိုင်ရန်၊ အနိမ့်ဆုံးသောအရာထက် နိမ့်ကျသောသောသူဖြစ်ကြောင်း သိစေရန်၊ ဆိုးညစ်သောသူဖြစ်ကြောင်း သိစေရန်၊ကောင်းသောအရာနှင့်ဆိုးသောအရာတို့၏ခြားနားမှု၊ သမ္မာတရားနှင့် မှားယွင်းခြင်းတို့၏ ခြားနားမှု၊ သန့်ရှင်းခြင်းနှင့်ညစ်ညူးခြင်းတို့၏ခြားနားမှု၊ ကြီးမြတ်သောအရာနှင့်ဂုဏ်သိက္ခာကင်းမဲ့ခြင်း တို့၏ခြားနားမှုအားသေချာတိကျစွာပြောဆိုနိုင်စေရန်အတွက်ဖြစ်သည်။ ထိုနည်းအားဖြင့် ဂရုမမူလျက် ရှိနေကြသော လူသားမျိုးနွယ်အား ငါသည်လူသားမျိုးနွယ်ကို ပျက်စီးစေသောသူမဟုတ်ကြောင်း၊ ဖန်ဆင်းခြင်း၏အရှင်သခင်ဖြစ်သောငါတစ်ပါးတည်းသာလျင် လူသားမျိုးနွယ်အားကယ်တင်နိုင်ကြောင်း၊ ငါသာလျင်လူသားများ၏ ပျော်ရွှင်ခြင်းအား ပေးအပ်နိုင်သောသူဖြစ်ကြောင်းနှင့် လူသားများသည် ငါ့အား အရာခပ်သိမ်းအားအုပ်စိုးသောသူအဖြစ် သိစေရန်နှင့် စာတန်မာရ်နတ်သည် ငါဖန်ဆင်းထားခဲ့သောသူ၊ နောက်ပိုင်းတွင်ငါ့အားပုန်ကန်၍ဆန့်ကျင်ဘက်ပြုသောသူဖြစ်ကြောင်း လူသားများ သက်သေခံနိုင် လာကြစေရန်ဖြစ်သည်။ နှစ်ပေါင်းခြောက်ထောင်ကြာမြင့်သော ငါ၏အစီအစဉ်အား အောက်ပါ အကျိုးရလဒ်များရရှိစေရန်အလို့ငှာ အဆင့်သုံးဆင့်ဖြင့်ခွဲခြားသတ်မှတ်ထားသည်။ ယင်းတို့မှာ ငါဖန်ဆင်းသောအရာများသည် ငါ၏သက်သေခံများဖြစ်လာကြစေရန်၊ ငါ၏အလိုတော်အား နားလည်စေရန်နှင့် ငါသည်သမ္မာတရားဖြစ်တော်မူကြောင်း သိလာကြစေရန်ဖြစ်သည်။Read More »

New Myanmar Christian Song (ဘုရားရဲ့ အောင်နိုင်မှုသင်္ကေတများ)

New Myanmar Christian Song (ဘုရားရဲ့ အောင်နိုင်မှုသင်္ကေတများ)


လူတို့ကို နဂိုပုံစံအတိုင်းပြန်ဖြစ်စေတယ်
သူတို့တာဝန် သူတို့ကျေပွန်ပြီး ကိုယ့်နေရာမှာကိုယ်နေ
ဘုရားရဲ့အစီအစဉ်အားလုံးကို နာခံမယ်
ဘုရားသည် သူ့ကိုကိုးကွယ်တဲ့သူတွေကို ကမ္ဘာပေါ်မှာ ထားမယ်
သူ့ကိုကိုးကွယ်တဲ့ တိုင်းပြည်ကိုလည်း ကမ္ဘာမှာ တည်ဆောက်မယ်
သူ့ကိုကိုးကွယ်တဲ့ တိုင်းပြည်ကိုလည်း ကမ္ဘာမှာ တည်ဆောက်မယ်
ကမ္ဘာပေါ်မှာ ထာဝရအောင်နိုင်ခြင်းကို ရရှိမယ်
သူ့ကိုဆန့်ကျင်သူများ ထာဝရပျက်စီးမယ်
ဒါ လူတို့ကို ဖန်ဆင်းချိန်တုန်းက
မူလ ရည်ရွယ်ချက်အတိုင်း ပြန်ဖြစ်စေမယ်
အားလုံးကို ဖန်ဆင်းချိန်တုန်းက ရည်ရွယ်ချက် အတိုင်း ပြန်ဖြစ်စေမယ်
ကမ္ဘာပေါ်မှာ သူ့အာဏာကို ပြန်ရရှိမယ်
အရာအားလုံးပေါ်၊ ရန်သူအားလုံးထဲမှာ ဘုရားအာဏာ
ဒါဟာဘုရားရဲ့ အကြွင်းမဲ့အောင်နိုင်မှုရဲ့ သင်္ကေတပါ
ဒါဟာဘုရားရဲ့ အကြွင်းမဲ့အောင်နိုင်မှုရဲ့ သင်္ကေတပါ

Read More »

ခရစ်ယာန်သီချင်း (ဘုရား၏စီမံခန့်ခွဲမှုအလုပ် လူသားများအား ရွေးနုတ်ကယ်တင်ဖို့) ခရစ်တော် ကချစ်ခြင်းဖြစ်သည်

ကိုယ်တော့်မေတ္တာနှင့်ကရုဏာ
သူ့စီမံဆောင်ရွက်မှုထဲ စိမ့်ဝင်ပျံ့နှံ့
အစမှအဆုံး အသေးစိတ်ထိ

လူတွေ သူ့ကြင်နာမှု ခံစားစား၊ မခံစားစား
ဆောင်ရွက်စရာများ မမောမပန်း သူဆက်လက်လုပ်ဆောင်
လူတွေ သူ့စီမံချက်ကို နားလည်လည်၊ မလည်လည်
ဘုရားအလုပ်သည် လူတိုင်းခံစားသိနိုင်သည့် ထောက်ပံ့ကူညီမှုပေး
ဘုရား၏စီမံဆောင်ရွက်မှု အကြံအစည်သည်
လူသားများ နတ်ဆိုးပိုင်နက်မှ ဆွဲခေါ်ရန်
မာရ်နတ်ပျက်စီးခံရသူများနှင့်
သူ့အလိုတော်ဆန့်ကျင်သူများကို မပစ်ပယ်ရန်
ကိုယ်တော့်မေတ္တာနှင့်ကရုဏာ
သူ့စီမံဆောင်ရွက်မှုထဲ စိမ့်ဝင်ပျံ့နှံ့
အစမှအဆုံး အသေးစိတ်ထိRead More »

Myanmar Christian Song (ဘုရားသခင် လူသားကို ကယ်တင် လို့သူလုံး၀ ကယ်တင်မယ်) The Selfless Love of God

နှုတ်ကပတ်တော် ဓမ္မသီချင်း
ဘုရားသခင် လူသားကို ကယ်တင် လို့သူလုံး၀ ကယ်တင်မယ်
ဘုရား လူသားကို ဖန်ဆင်းလို့ သူ ဦးဆောင်လမ်းပြကာ
လူတွေကို ကယ်တင်လို့ သူ့ကို လုံးဝကယ်တင် ရရှိမယ်
ဘုရား ဦးဆောင်လို့ လူသားတို့ပန်းတိုင်မှန်ကို တာ၀န်သူခံလိမ့်မယ်
ဘုရားကပဲ လူကို ဖန်ဆင်း၊ စီမံ လို့
လူသားတို့ဘဝရှေ့ရေးနှင့်ကံကြမ္မာကို တာဝန်သူခံလိမ့်မယ်
ဒါ ဖန်ဆင်းရှင်ဆောင်ရွက်သော အမှုသာ
လူသားမျိုးနွယ်၏ အလားအလာကို ဖယ်ရှားရင်
အောင်မြင်ခြင်း ရနိုင်သော်လည်း
အဆုံးသတ်မှာ ဘုရားပြင်ဆင်တဲ့ ပန်းတိုင်
အမှန် လူသားတွေ ရောက်ရမယ်အမှန်
ဘုရားက လူကိုလုပ်တဲ့အတွက် လူမှာ ပန်းတိုင်တစ်ခုရှိတယ်။
ဒါကြောင့် လူ့ကံကြမ္မာ စိတ်ချရRead More »