၁။ တစ်စုံတစ်ဦးသည် ခရစ်တော်၏ ဘုရားသဘာဝအနှစ်သာရကို မည်သို့သိနိုင်မည်နည်း။

ကျေးဇူးတော်, ခရစ်တော်, ယုံကြည်ခြင်း, ယေရှု, သမ္မာတရား

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

ယေရှုက၊ ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။…” “ငါဟောပြောသောစကားကို ကိုယ်အလိုအလျောက် ငါဟောပြောသည်မဟုတ်။ ငါပြုသောအမှုတို့ကား၊ ငါ၌ တည်နေတော်မူသော ခမည်းတော်သည် ပြုတော်မူ၏။ ငါသည် ခမည်းတော်၌ ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကို၎င်း ယုံကြလော။ ငါ့ စကားကို မယုံလျှင်၊ ငါ့အမှုတို့ကိုထောက်၍ ယုံကြလော့။” (ရှင်ယောဟန် ၁၄:၆၊၁၀-၁၁)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ထိုသို့သောအရာကို လေ့လာရန် မခက်ခဲပါ။ သို့သော် ငါတို့ တစ်ဦးချင်းစီသည် ဤသမ္မာတရားကို သိရန် လိုအပ်သည်၊ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းဖြစ်သော သူသည် ဘုရားသခင်၏ အနှစ်သာရကို တင်ဆောင်ထားမည်ဖြစ်ပြီး ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းဖြစ်သော သူသည် ဘုရားသခင်၏ ထုတ်ဖော်ပြသမှုကို ခံယူထားမည် ဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိအဖြစ်ကို ခံယူသည့်အတွက် ဘုရားသခင် လုပ်ရမည့်အလုပ်ကို လုပ်မည်ဖြစ်သည်၊ ဘုရားသခင်သည် လူ့ဇာတိအဖြစ်ကို ခံယူသည့်အတွက် ဘုရားသခင်၏ ဖြစ်ခြင်းကို ထုတ်ဖော်ပြသမည်၊ ထို့ပြင် လူသားတို့ဆီသို့ သမ္မာတရားကို သယ်ဆောင်လာမည်၊ လူသားတို့အပေါ် အသက်ကို အပ်နှင်းမည်၊ လူသားတို့အား လမ်းခရီးကို ပြမည် ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ မပါဝင်သည့် အသွေးအသားသည် လူ့ဇာတိကို ခံယူသော ဘုရားသခင် မဟုတ်သည်မှာ သေချာပါသည်၊ သံသယဖြစ်ဖွယ်ရာ မရှိပါ။ ဘုရားသခင် ခံယူထားသော လူ့ဇာတိ ဟုတ် မဟုတ် စူးစမ်းရန်အတွက် လူသားတို့သည် သူ ဖော်ထုတ်ပြသသည့် စိတ်သဘောထားနှင့် သူပြောဆိုသည့် စကားများမှ စိစစ်ဆုံးဖြတ်ရပေမည်။ ဆိုလိုသည်မှာ ဘုရားသခင် ခံယူထားသော လူ့ဇာတိ ဟုတ် မဟုတ်၊ မှန်ကန်သော လမ်းခရီး ဟုတ်မဟုတ်ကို သူ၏ အနှစ်သာရကိုကြည့်၍ ဆုံးဖြတ်ရမည်။ ထို့အတွက်ကြောင့် လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာ ဟုတ် မဟုတ် ဆုံးဖြတ်ရန်မှာ[က] သူ၏ အပြင်ပန်း ပုံသဏ္ဌာန်ထက် သူ၏ အနှစ်သာရ (သူ၏ အလုပ်၊ သူ၏ စကား၊ သူ၏ စိတ်သဘာထားနှင့် အခြားသော အရာများ များစွာ) ကို ဂရုပြုရမည်မှာ အဓိကသော့ချက်ဖြစ်သည်။ အကယ်၍ လူတို့သည် ဘုရားသခင်၏ အပြင်ပန်း ပုံသဏ္ဌာန်ကိုသာ ကြည့်ပြီး ဘုရားသခင်၏ အနှစ်သာရကို မကြည့်ပါက ယင်းသည် လူသားတို့၏ မသိနားမလည်ခြင်းနှင့် နုံအခြင်းကို ပြနေသည်။Read More »

Advertisements

၂။ ကယ်တင်ခံရခြင်းနှင့် ကယ်တင်ခြင်းတို့၏ ပဓာနကျသော ကွဲပြားမှုမှာ အဘယ်နည်း။

ကယ်တင်ခြင်း, နာခံခြင်း, ယေရှု, သမ္မာတရား, ဧဝံဂေလိ

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“ငါအမှန်အကန်ဆို သည်ကား၊ ဒုစရိုက်ကို ပြုသမျှသောသူတို့သည် ဒုစရိုက်ကျွန်ဖြစ်၏။ ကျွန်သည်ကား အိမ်၌ အစဉ်အမြဲနေသည်မဟုတ်။ သားမူကား အစဉ်အမြဲနေ၏။” (ရှင်ယောဟန် ၈:၃၃-၃၅)

“သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။” (ရှင်မဿဲခရစ်ဝင် ၇:၂၁)

“ငါသည်သန့်ရှင်းသောကြောင့် သင်တို့သည် သန့်ရှင်းခြင်း ရှိရကြမည်။” (ဝတ်ပြုရာကျမ်း ၁၁: ၄၅- ၄၆)

“လ္လင်တော်ရှေ့၌၎င်း၊ သတ္တဝါလေးပါးနှင့် အသက်ကြီးသူတို့ရှေ့၌၎င်း၊ သူတို့သည် အသစ်သော သီချင်းကို ဆိုကြ၏။ မြေကြီးမှရွေးနှုတ်သောသူ တသိန်းလေးသောင်းလေးထောင်မှတပါး၊ အဘယ်သူမျှ ထို သီချင်းကို သင်၍မရနိုင်။ ထိုသူတို့သည် ကညာဖြစ်၍မေထုန်အမှုနှင့် မညစ်ညူးသော သူဖြစ်ကြ၏။ သိုးသငယ် သွားလေ ရာရာအရပ်သို့ နောက်တော်၌ လိုက်သောသူဖြစ်ကြ၏။ လူတို့ အထဲကရွေးနှုတ်၍ ဘုရားသခင်နှင့် သိုးသငယ် အဘို့ အဦးသီးသော အသီးဖြစ်ကြ၏။ အပြစ်နှင့်ကင်းလွတ်ကြသည်ဖြစ်၍ သူတို့နှုတ်၌ မုသာမရှိ။” (ဗျာဒိတ်ကျမ်း ၁၄: ၃-၅)Read More »

၁။ ကယ်တင်ခံရသည် ဆိုသည်မှာအဘယ်နည်း။ ကယ်တင်ခြင်း ဆိုသည်မှာအဘယ်နည်း။

ကယ်တင်ခြင်း, ကျေးဇူးတော်, အသင်းတော်, အရှေ့အရပ်မှ လျှပ်ပြက်ခြင်း, သမ္မာတရား

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ –

“ယုံကြည်၍ ဗတ္တိဇံကိုခံသောသူသည် ကယ်တင်တော်မူခြင်းသို့ ရောက်လတံ့။ မယုံကြည်သောသူမူကား အပြစ်စီရင်ခြင်းကို ခံရလတံ့။” (မာကု ၁၆:၁၆)

“ဤခွက်ကား ပဋိညာဉ်တရားသစ်နှင့်ဆိုင်၍ လူများတို့၏အပြစ်ကိုလွတ်စေခြင်းငှါ သွန်းသော ငါ၏ အသွေးဖြစ်၏။” (ရှင်မဿဲ ၂၆:၂၈)

“သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။” (ရှင်မဿဲ ၇:၂၁)Read More »

၃။ ဘုရားသခင်၏တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အမှု၏ အရေးပါမှု

ခရစ်တော်, ဘုရားသခင်, သမ္မာတရား, အသက်, ဧဝံဂေလိ

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ –

နောက်ဆုံးသောကာလ၏ အမှုသည် အရာအားလုံးတို့ကို ၎င်းတို့၏ အမျိုးအစားအလိုက် ပိုင်းခြားရန်၊ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ကို အပြီးသတ်ရန်ဖြစ်သည်၊ အကြောင်းမှာ အချိန်သည် နီးလာပြီး ဘုရားသခင်၏ နေ့ရက်သည် ရောက်လာခဲ့ပြီ ဖြစ်သောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် သူ့နိုင်ငံတော်သို့ ဝင်လာသူ၊ အဆုံးတိုင် သူ့ကို သစ္စာရှိသူများအားလုံးကို ဘုရားသခင် ကိုယ်တိုင်၏ ခေတ်အတွင်းသို့ ဆောင်ယူခဲ့၏။ သို့သော် ဘုရားသခင် ကိုယ်တိုင်၏ ခေတ်သို့ ရောက်လာသည့်တိုင် ဘုရားသခင် ပြုမည့်အမှုသည် လူ၏ လုပ်ဆောင်ချက်များကို စောင့်ကြည့်ရန်၊ သို့မဟုတ် လူ၏ အသက်တာထဲသို့ ဝင်ရောက်၍ စုံစမ်းမှုပြုရန် မဟုတ်ပေ။ သို့သော် သူ၏ ပုန်ကန်မှုကို တရားစီရင်ရန် ဖြစ်ရာ ဘုရားသခင်သည် သူ၏ပလ္လင်ရှေ့သို့ ရောက်လာသူတိုင်းတို့အား သန့်စင်ပေးလိမ့်မည်။ ယနေ့ချိန်ထိ ဘုရားသခင်၏ ခြေလှမ်းများအတိုင်း လိုက်လျှောက်ခဲ့သူ အားလုံးတို့သည် ဘုရားသခင်၏ ပလ္လင်ရှေ့သို့ လာရောက်ကြသူများ ဖြစ်ကြသည့်အတွက် ဘုရားသခင်အမှု၏ နောက်ဆုံးအဆင့်ကို လက်ခံသောလူတိုင်းသည် ဘုရားသခင်၏ သန့်စင်ပေးမှုကို ခံရာဝတ္ထုများ ဖြစ်ကြသည်။ တစ်နည်းအားဖြင့် ဘုရားသခင်အမှု၏ နောက်ဆုံး အဆင့်ကို လက်ခံသောသူတိုင်းသည် ဘုရားသခင် တရားစီရင်ခြင်း ခံရာဝတ္ထုများဖြစ်၏။Read More »

၁။ ဘုရားသခင့်နှုတ်ကပတ်တော် အမှု၏ အရေးပါမှု

၁။ ဘုရားသခင့်နှုတ်ကပတ်တော် အမှု၏ အရေးပါမှု

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ –

နိုင်ငံတော်ခေတ်တွင် ဘုရားသခင်သည် ခေတ်သစ်တစ်ခုကို အစပျိုးရန်၊ သူအလုပ် လုပ်သည့် နည်းလမ်းများကို ပြောင်းလဲရန်နှင့် ခေတ်တစ်ခေတ်လုံးအတွက် အလုပ်လုပ်ရန် သူ၏ နှုတ်ကပတ်တော်ကို အသုံးပြုသည်။ ဤသည်မှာ နှုတ်ကပတ်တော်ခေတ်၌ ဘုရားသခင် အလုပ်လုပ်ရာတွင် အသုံးပြုသည့် နိယာမဖြစ်သည်။ လူ့ဇာတိ၌ ပေါ်လာသော နှုတ်ကပတ်တော်ဖြစ်သည့် ဘုရားသခင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် ချီးမွမ်းအံ့သြဖွယ် ကောင်းသောအရာကို အမှန်တကယ် မြင်နိုင်စွမ်းရှိစေလျက် ရှုထောင့်အမျိုးမျိုးမှ စကားပြောရန်အလို့ငှာ လူဇာတိကိုခံယူခဲ့သည်။ လူကို သိမ်းပိုက်ရန်၊ စုံလင်စေရန်၊ သုတ်သင်ဖယ်ရှားရန်အတွက် သူချမှတ်ထားသည့် ရည်မှန်းချက်ပန်းတိုင်များ ပိုမိုကောင်းမွန်စွာ ထမြောက်အောင်မြင်စေရန်အလို့ငှာ ထိုသို့သောအလုပ်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ နှုတ်ကပတ်တော်ခေတ်၌ အလုပ်လုပ်ရန် နှုတ်ကပတ်တော်ကို အသုံးပြုရခြင်း၏ စစ်မှန်သော အဓိပ္ပာယ်ဖြစ်သည်။ နှုတ်ကပတ်တော်အားဖြင့် လူသည် ဘုရားသခင်၏အလုပ်၊ ဘုရားသခင်၏ စိတ်သဘောထား၊ လူ၏ အနှစ်သာရနှင့် လူသည် မည်သည့်အရာထဲ ဝင်ရောက်သင့်သည်တို့ကို သိလာသည်။ နှုတ်ကပတ်တော်ခေတ်၌ ဘုရားသခင်လုပ်ရန် ဆန္ဒရှိသော အလုပ်အားလုံးကို ဘုရားသခင်သည် နှုတ်ကပတ်တော်အားဖြင့် အထမြောက်စေခဲ့သည်။ နှုတ်ကပတ်တော်အားဖြင့် လူကို ထုတ်ဖော်ခဲ့သည်၊ သုတ်သင်ဖယ်ရှားခဲ့သည်၊ စမ်းသပ်ခဲ့သည်။ လူသည် နှုတ်ကပတ်တော်ကို မြင်ခဲ့ပြီးဖြစ်သည်၊ ကြားခဲ့ပြီးဖြစ်သည်၊ နှုတ်ကပတ်တော် တည်ရှိကြောင်း သိလာခဲ့သည်။ ရလဒ်အနေနှင့် လူက ဘုရားသခင် တည်ရှိကြောင်းကို ယုံသည်၊ ဘုရားသခင်၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာကို ယုံသည်၊ ဘုရားသခင်၏ နှလုံးသားထဲရှိ လူအပေါ်ထားသောမေတ္တာနှင့် လူကို ကယ်တင်လိုသည့် ဆန္ဒကိုလည်း ယုံသည်။ “နှုတ်ကပတ်တော်”ဟူသည့် စကားလုံးသည် ရိုးရိုး သာမန်စကားလုံးတစ်လုံးသာ ဖြစ်သော်လည်း ဘုရားသခင်၏ နှုတ်တော်ထွက်စကားသည် လူဇာတိကိုခံယူပြီး စကြဝဠာ တစ်ခုလုံးကို လှုပ်ခါစေခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် လူ၏နှလုံးသား၊ လူ၏ အယူအဆ၊ စိတ်သဘောထား အဟောင်းနှင့် တစ်လောကလုံး၏ အသွင်ဟောင်းကို အသွင်သဏ္ဌာန်ပြောင်းလဲစေသည်။ ခေတ်အဆက်ဆက်၌ ယနေ့၏ ဘုရားသခင်သာလျှင် ထိုသို့ အလုပ်လုပ်ပြီး သူသာလျှင် လူကို စကားပြော၍ ကယ်တင်သည်။ ထိုအချိန်မှစ၍ လူသည် နှုတ်ကပတ်တော်၏ ဦးဆောင်လမ်းပြမှုအောက်တွင် နှုတ်ကပတ်တော်၏ ထိန်းကျောင်းမှုနှင့် ပံ့ပိုးကူညီမှုတို့ကို ခံယူပြီးအသက်ရှင်သည်။ သူတို့သည် နှုတ်ကပတ်တော်၏ ကမ္ဘာ၌ အသက်ရှင်ကြသည်၊ ဘုရားသခင် နှုတ်ကပတ်တော်၏ ကျိန်ခြင်းများ၊ ကောင်းချီးမင်္ဂလာများ အတွင်း၌ အသက်ရှင်ကြသည်။ ထိုအပြင် နှုတ်ကပတ်တော်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုအောက်တွင် အသက်ရှင်ကြသည်။ ဤနှုတ်ကပတ်တော်များနှင့် အလုပ်သည် လူ၏ ကယ်တင်ခြင်းအကျိုးအတွက်၊ ဘုရားသခင်၏အလို ထမြောက်အောင်မြင်စေဖို့အတွက်၊ ဖန်ဆင်းခြင်းအဟောင်း လောက၏ မူလသွင်ပြင်ကို ပြောင်းလဲဖို့အတွက် ဖြစ်သည်။ ဘုရားသခင်သည် လောကကို နှုတ်ကပတ်တော်ဖြင့် ဖန်ဆင်းခဲ့သည်၊ စကြဝဠာအနှံ့တွင် လူတို့ကို နှုတ်ကပတ်တော်ဖြင့် ဦးဆောင်ခဲ့ပြီး နှုတ်ကပတ်တော်နှင့်ပင် လူတို့ကို သိမ်းပိုက်၍ ကယ်တင်ခဲ့သည်။ နောက်ဆုံးတွင် ဘုရားသခင်သည် အိုဟောင်းသော လောကတစ်ခုလုံးကို အဆုံးသတ်ရန် နှုတ်ကပတ်တော်ကို အသုံးပြုမည် ဖြစ်သည်။ ထို့နောက်တွင်မှ ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်သည် လုံးလုံးလျားလျား ပြီးမြောက်မည် ဖြစ်သည်။ နိုင်ငံတော်ခေတ် တစ်လျှောက်လုံးတွင် ဘုရားသခင်သည် သူ့အလုပ်ကို လုပ်ရန်နှင့် သူ့အလုပ်မှ အကျိုးကျေးဇူးများကိုရရှိရန် နှုတ်ကပတ်တော်ကို အသုံးပြုသည်။ သူသည် အံ့ဖွယ်အရာများကို လုပ်ဆောင်ခြင်းမရှိသကဲ့သို့ နိမိတ်လက္ခဏာများကိုလည်း ပြသခြင်းမရှိပါ။ သူ့အလုပ်ကို နှုတ်ကပတ်တော်အားဖြင့်သာ လုပ်သည်။ နှုတ်ကပတ်တော်ကြောင့် လူသည် အာဟာရကို ရရှိပြီး ထောက်ပံ့ကူညီမှုကို ရရှိသည်။ နှုတ်ကပတ်တော်ကြောင့် လူသည် အသိပညာနှင့် စစ်မှန်သောအတွေ့အကြုံကို ရရှိသည်။Read More »

၂။ ဘုရားသခင်ကို အဘယ်ကြောင့် မတူညီသော အမည်နာမများဖြင့် မတူညီသော ခေတ်ကာလများ၌ ခေါ်ကြသနည်း။

ကယ်တင်ခြင်း, ခရစ်တော်, ဘုရားသခင်, ယေရှု, ယေဟောဝါ

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ –

ဘုရားသခင်သည် ကိုယ်တိုင်ကိုယ်ကျ သူ၏ ကိုယ်ပိုင် အလုပ်ကို လုပ်ဆောင်သော ခေတ်တိုင်းတွင် သူသည် သူလုပ်ဆောင်ရန် ရည်ရွယ်သော အလုပ်ကို အချုပ်အားဖြင့် ဖော်ပြနိုင်ရန် ထိုခေတ်နှင့် ကိုက်ညီသော နာမတော်ကို အသုံးပြုသည်။ ထိုခေတ်တွင် သူ၏ စိတ်သဘောထားကို ကိုယ်စားပြုရန် သူသည် သီးသန့် နာမတော်ဖြစ်သော၊ ယာယီ ထင်ရှားမှုကို ပိုင်ဆိုင်သော နာမတော်ကို အသုံးပြုသည်။ ယင်းသည် ဘုရားသခင် က သူ၏ ကိုယ်ပိုင် စိတ်သဘောထားကို ဖော်ပြရန် လူသားတို့၏ ဘာသာစကားကို အသုံးပြုခြင်းဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)” မှRead More »

၁။ ဘုရားသခင်သည် အဘယ်ကြောင့် အမည်နာမများကို ခံယူသနည်း၊ ထို့အပြင် အမည်နာမတစ်ခုသည် ဘုရားသခင်၏အလုံးစုံကို ကိုယ်စားပြုနိုင်သလော။

ကျေးဇူးတော်, ဘုရားသခင်, ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ, ယေရှု, ဝိညာဉ်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ –

ဘုရား သခင်တွင် မူလအစက အမည်နာမ မရှိကြောင်း သင်သိသင့်သည်။ သူသည် လုပ်ဆောင်ရန် အလုပ်ရှိပြီး လူသားမျိုးနွယ်ကို စီမံခန့်ခွဲရသည့်အတွက် သူသည် အမည်နာမ တစ်ခု၊ သို့မဟုတ် နှစ်ခု၊ သို့မဟုတ် အမည်နာမများစွာကို ယူခဲ့ရခြင်းသာ ဖြစ်သည်။ သူ့ကို မည်သည့်အမည်နာမဖြင့် ခေါ်ခေါ်—ဤအရာကို သူကိုယ်တိုင် လွတ်လပ်စွာ ရွေးချယ်ခဲ့ခြင်း မဟုတ်လော။ သူ၏ ဖန်ဆင်းခံများထဲမှ တစ်ဦးဖြစ်သည့် သင်က ဆုံးဖြတ်ပေးရန် သူသင့်ကို လိုအပ်သလော။ ဘုရားသခင် အခေါ်ခံရသည့် အမည်နာမသည် လူသား၏ ဘာသာစကားဖြင့် လူကနားလည်နိုင်စွမ်း ရှိသည့်အရာနှင့် ညီထွေအောင်ပေးသည့် အမည်ဖြစ်သော်လည်း၊ ဤအမည်နာမသည် လူက ခြုံငုံနိုင်သည့် အရာမဟုတ်ပေ။Read More »

၃။ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်ခြင်းဖြင့်သာ ကယ်တင်ခြင်းသို့ ရောက်နိုင်သည်

ဆုတောင်း, ထာဝရအသက်, ယုံကြည်ခြင်း, ယေရှု, သမ္မာတရား

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ –

ယေရှုက ဤလူ့လောကသို့ လာသောအခါ သူသည် ပညတ်တော်ခေတ်ကို အဆုံးသတ်ပြီး ကျေးဇူးတော်ခေတ်သို့ ရောက်စေခဲ့သည်။ နောက်ဆုံးသော ကာလတွင် ဘုရားသခင်သည် နောက်တစ်ကြိမ် လူ့ဇာတိအဖြစ်ကို ခံယူပြီး ဤတစ်ကြိမ် လူ့ဇာတိအဖြစ် ကြွလာချိန်တွင် ကျေးဇူးတော်ခေတ်ကို ချုပ်ငြိမ်းစေကာ နိုင်ငံတော်ခေတ်သို့ ရောက်စေမည်။ ဘုရားသခင်၏ လူ့ဇာတိအဖြစ် ဒုတိယအကြိမ် ကြွလာခြင်းကို လက်ခံသောသူ အပေါင်းတို့သည် နိုင်ငံတော်ခေတ်သို့ ဦးဆောင်ခေါ်ယူသွားခြင်းကို ခံယူရမည် ဖြစ်ပြီး ဘုရားသခင်၏ ဦးဆောင်မှုကို ကိုယ်တိုင်ကိုယ်ကျ လက်ခံနိုင်လိမ့်မည်။ ယေရှုသည် လူသားတို့ အကြားတွင် အလုပ်များစွာ လုပ်ခဲ့သော်လည်း သူသည် လူသားမျိုးနွယ် အားလုံးအတွက် ရွေးနုတ်ကယ်တင်ခြင်းကိုသာ ပြီးမြောက်စေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်ခဲ့သည်။ သို့သော် လူသားတို့၏ ယိုယွင်းပျက်စီးသော စိတ်သဘောထားကို ပယ်ရှင်းမပေးခဲ့ပါ။ စာတန်၏ လွှမ်းမိုးမှုမှ လူသားများကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုကို အပြစ်ဖြေရာယဇ်အဖြစ် လူသားတို့၏ အပြစ်များကို ယူဆောင်သွားရန် လိုအပ်သည်သာမက စာတန် ယိုယွင်းဖျက်ဆီးခဲ့သော လူသားတို့၏ စိတ်သဘောထားကို လုံးဝပယ်ရှင်းရန် ဘုရားသခင်၏ ပိုကြီးမြတ်သော အမှုလည်း လိုအပ်သည်။ ထို့ကြောင့် လူသားတို့သည် မိမိတို့အပြစ်ကို ခွင့်လွှတ်ခြင်း ခံရပြီးနောက် ဘုရားသခင်သည် လူသားတို့ကို ခေတ်သစ်တစ်ခုဆီသို့ ဦးဆောင်ခေါ်သွားရန် လူ့ဇာတိအဖြစ် ပြန် ကြွလာခဲ့ပြီး ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအလုပ်ကို စတင်ခဲ့ကာ ထိုအလုပ်သည် လူသားတို့အား ပိုမိုကြီးမြတ်သော နယ်ပယ်တစ်ခုဆီသို့ ဆောင်ကြဉ်းခဲ့သည်။ သူ၏ အုပ်စိုးမှုကို နာခံသူအားလုံးသည် ပိုမြင့်သော သမ္မာတရားနှင့် ပိုကြီးမြတ်သော ကောင်းချီးများကို ခံစားရလိမ့်မည်။ သူတို့သည် အလင်းတွင် အမှန်တကယ် နေထိုင်ရမည်ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကိုလည်း ရလိမ့်မည်။Read More »

၂။ အနန္တတန်ခိုးရှင်ဘုရားသခင်မှာ တဖန်ပြန်ကြွလာသော သခင်ယေရှု ဖြစ်သည်

ကယ်တင်ခြင်း, ကျေးဇူးတော်, အနန္တတန်ခိုးရှင် ဘုရားသခင်, သခင်ယေရှု, သမ္မာတရား

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ –

ယေဟောဝါ၏ အမှုပြီးသည့်နောက်တွင် ယေရှုသည် မိမိ၏အလုပ်ကို လုပ်ဆောင်ရန် လူသားများ ကြားထဲသို့ လူသားအဖြစ် ကြွလာခဲ့သည်။ သူ၏ အလုပ်ကို သီးသန့်လုပ်ဆောင်ခြင်း မဟုတ်ပါ၊ သို့သော် ယေဟောဝါ၏ အလုပ်ပေါ်တွင် အခြေခံထားခြင်းဖြစ်သည်။ ပညတ်တော်ခေတ်ကို ဘုရားသခင် အဆုံးသတ်ပြီးနောက် ခေတ်သစ်တစ်ခုအတွက် လုပ်ဆောင်ရမည့် အလုပ်ဖြစ်သည်။ ထိုနည်းတူ ယေရှု၏အမှု ပြီးမြောက် ပြီးနောက် ဘုရားသခင်သည် နောက်ခေတ်အတွက် သူ၏ အလုပ်ကို ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်၏ စီမံအုပ်ချုပ်မှု တစ်ခုလုံးသည် ရှေ့သို့ ဆက်လက်လုပ်ဆောင်မြဲ ဖြစ်သော ကြောင့်တည်း။ Read More »

၁။ အနန္တတန်ခိုးရှင်ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အုပ်စိုးသော စစ်မှန်သောဘုရားသခင်တစ်ဆူဖြစ်သည်

ခရစ်တော်, ဘုရားသခင်, ယေရှု, ဝိညာဉ်တော်, အရှေ့အရပ်မှ လျှပ်ပြက်ခြင်း

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ –

ဤလောကကြီးသည် အနန္တတန်ခိုးရှင်၏ စိတ်ကူးနှင့်အတူ သူ၏ မျက်မှောက်တော်အောက်၌ပင် လျှင်မြန်စွာ ပြောင်းလဲနေပါသည်။ လူသားတို့မကြားဖူးသော ကိစ္စတို့သည် လျှင်မြန်စွာဖြစ်ပွား ပေါ်ပေါက်လျက်ရှိပေသည်။ ယခုတိုင် လူသားတို့ အမြဲပိုင်ဆိုင်သောအရာတို့သည်မထင်မှတ်ပဲ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ကြသည်။ အနန္တတန်ခိုးရှင်၏ နာမ်တရားစွမ်းအင် အဘယ်သို့ဖြစ်သည်ကို လူသားတို့က သိမှတ်နိုင်ခြင်းမရှိသေး။ ဂဃနဏ သဘောမပေါက်ကြပဲ သူ၏အသက်တန်ခိုးတော်ကြီးမားမှုနှင့် နက်ရှိုင်းမှုအတိုင်းအတာတို့ကို မည်သူကမှ မခံစားနိုင်ကြသေး။ သူ၏ နာမ်တရားစွမ်းအင်မှာ လူသားတို့မသိရှိနိုင်သည်များကို သိရှိနိုင်စွမ်းရှိသည်။ သူသည် တစ်ဆူတည်းသော ဘုရားသခင်ဖြစ်တော်မူပြီး ကြီးမြတ်စွာတည်လျက်ရှိ၍ ယခုတိုင် လူသားတို့ကိုကယ်လျက် ရှိနေသော်လည်း လူသားတို့၏ ငြင်းပယ်မှုကိုခံရတော်မူ၏။ ဘုရားသည် သေခြင်းနှင့် အသက်ရှင်ခြင်း၏ အနက်ကို သိတော်မူ၏။ ထို့ပြင်သူဖန်ဆင်းခဲ့သောလူသားတို့အတွက် အသက်ရှင်ရန် စည်းမျဉ်းများကို သိတော်မူလေ၏။ သူသည် လူသားတို့တည်ရှိမှု၏ အခြေခံဖြစ်ကာ လူသားတို့ အသက်ပြန်ရရန် ရွေးနှုတ်သူလည်း ဖြစ်တော်မူ၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အနန္တတန်ခိုးရှင်၏ သက်ပြင်းချညည်းညူသံ” မှRead More »