အိမ်တွင်းမှ လက်ဝဲပညာပေးဇာတ်လမ်းတစ်ပုဒ် – ခရစ်တော်ကို စီစီပီမှ ငြင်းပယ်ခြင်းနှင့် ရှုတ်ချခြင်းနောက်ကွယ်က တကယ့် ရည်ရွယ်ချက်များ (အပိုင်း ၇/၈)

ကျေးဇူးတော်ခေတ်၌ သခင်ယေရှု လူ့ဇာတိဖြစ်လာခဲ့ချိန်တွင် သူသည် အပြင်ပန်းမှ လူသားတစ်ဦးနှင့် တူသော်လည်း ကားစင်တင်ခံရခြင်းနှင့် လူသားမျိုးနွယ်အားလုံးကို ရွေးနုတ်ခြင်း အမှုတော်ကို သူ လုပ်ဆောင်ခဲ့သည်။ နောက်ဆုံးသော ကာလတွင် လူသားမျိုးနွယ်ကို သန့်စင်စေပြီး ကယ်တင်ဖို့ သမ္မာတရားအားလုံးကို ဖော်ပြခဲ့ပြီး ဘုရားအိမ်တော်မှ အစပြုသော တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်ခဲ့သည်။ ဤအရာက သခင်ယေရှုနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်တို့နှစ်ဦးလုံးသည် လူ့ဇာတိ၌ရှိသော ခရစ်တော်ဖြစ်ပြီး ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်သည်ကို ပြသပါသည်။ သို့သော် စီစီပီသည် ခရစ်တော်ကို ငြင်းပယ်ပြီး ရှုတ်ချဖို့ ၎င်း၏ အစွမ်းရှိသမျှ လုပ်ဆောင်နေသည်။ ၎င်း၏ အန္တရာယ်ရှိသော ရည်ရွယ်ချက်မှာ အဘယ်နည်း။Read More »

Advertisements

(အိမ်တွင်းမှ လက်ဝဲပညာပေးဇာတ်လမ်းတစ်ပုဒ်) အပိုင်း (၇)

Myanmar Subtitle Christian movie (အိမ်တွင်းမှ လက်ဝဲပညာပေးဇာတ်လမ်းတစ်ပုဒ်) အပိုင်း (၇)

သခင်ယေရှု၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မရှိပါဘဲနှင့် ယုံကြည်သူများ သို့မဟုတ် သခင့်နောက်လိုက်သူများ တစ်ဦးတစ်လေမျှ ရှိခဲ့လိမ့်မည်မဟုတ်သည်ကို သခင့်ကို ယုံကြည်သူတိုင်းက သိရှိကြပါသည်။ ထို့ထက်ပင်ပို၍ ခရစ်ယာန်ဘာသာသည် ဘယ်သောအခါမျှ ဖြစ်တည်လာလိမ့်မည်မဟုတ်ပေ။ တမန်တော်များ အဘယ်မျှ ပါရမီရှိခဲ့ကြပါစေ၊ အသင်းတော်ကို သူတို့ ဖန်တီးနိုင်ခဲ့ကြမည်မဟုတ်ပါ။ ထို့အတူ၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်သည် နောက်ဆုံးသော ကာလ၏ ခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်ကြောင့် လုံးဝ ဖြစ်တည်လာခဲ့ခြင်း ဖြစ်သည်။ ယင်းမှာ အနန္တတန်ခိုးရှင် ဘုရားသခင်က သမ္မာတရားများကို ဖော်ပြခဲ့ပြီး လူတို့က သူ၏ အသံတော်ကြားပြီးနောက်တွင် ဘုရားသခင်ဆီသို့ ပြန်လာခဲ့ကြသောကြောင့် ဖြစ်သည်။ သို့သော် တရုတ်ကွန်မြူနစ်ပါတီက ယင်းမှာ လူသား အဖွဲ့အစည်းသာဖြစ်သည်ဟု ဆိုရင်း အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို အသရေဖျက်လေသည်။ သူတို့တွင် မည်သည့် အန္တရာယ်ရှိသော ရည်ရွယ်ချက် ရှိနေပါသနည်း။

များပြားသောအကြံပြုချက်များ

အရှေ့အရပ်မှ လျှပ်ပြက်ခြင်း– ကယ်တင်ခြင်း၏ အလင်း

Myanmar movie 2019 | တရုတ်ပြည်မှ ဘာသာရေးဖိစီးနှိပ်စက်မှု ၅ (ကျရှုံးလုဆဲဆဲမှာ ပြန်လည်ရှင်သန်ခြင်း)

မေလ၂၈ ရက်က ဖြစ်ပွားခဲ့သော ဇောင်ယွမ်အမှု၏ နောက်ကွယ်မှကြိုးကိုင်ခဲ့သူက တရုတ်ကွန်မြူနစ်ပါတီ ဖြစ်သည်

၂၀၁၄ ခုနှစ်တွင် တရုတ်ကွန်မြူနစ်ပါတီသည် ရှန်းဒုံဒေသတွင် ဖြစ်ပေါ်ခဲ့သော နာမည်ဆိုးဖြင့်ကျော်ကြားသည့် မေလ ၂၈ ဇောင်ယွမ်အရေးအခင်းကို မဟုတ်မမှန်ဇာတ်လမ်းဆင်ပြီး အိမ်တွင်းအသင်းတော်များ ဖိနှိပ်ချုပ်ချယ်ခြင်းအတွက် လူထုခံယူချက်အခြေခံသဘောတရားများကို ဖန်တီးခဲ့ပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ရှုတ်ချပြီး အသရေဖျက်ရန်အတွက် မမှန်ကန်သော အယူဝါဒများကို ကမ္ဘာအနှံ ဖြန့်ခဲ့ပါသည်။ ရလဒ်အနေဖြင့် အမှန်တရားကိုမသိသော သူအချို့သည် တရုတ်ကွန်မြူနစ်ပါတီ၏မဟုတ်မှန်သော အယူဝါဒများတွင် လှည့်စားခံလိုက်ရသည်။ ဤအစီအစဉ်တွင် ဒီအမှုနှင့် သက်ဆိုင်သော တရုတ်ကွန်မြူနစ်ပါတီ ၏ လိမ်ညာမှုများအပေါ် သံသယများ တစ်ခုပြီးတစ်ခု ဖော်ထုတ်မည်ဖြစ်ပြီး သင့်ကို ဖြစ်ရပ်မှန်များရှင်းလင်းပေးကာ ရှန်းဒုံဇောင်ယွမ်အရေးအခင်း၏ နောက်ကွယ်ကအဖြစ်မှန်ကို ကမ္ဘာကသိရန် လုံးလုံးလျားလျား ဖော်ထုတ်ပါသည်။

အသိပညာမျာ:

အနန္တတန်ခိုးရှင် ဘုရားသခင်– ငြိမ်သက်ခြင်း အရှင်