ယခုကျွန်တော်တို့၏ အပြစ်များကို ခွင့်လွှတ်ခံရပြီးသည့်နောက် ကျွန်တော်တို့ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်ပြီလား

ကောင်းကင် နိုင်ငံတော်, ကျေးဇူးတော်, ခရစ်ယာန်, သမ္မာကျမ်းစာ, ဆုတောင်း

ဟီးဂျွန်း ဆီချွမ်းမြို့

၂၀၁၈ခုနှစ် သြဂုတ်လ ၅ရက်နေ့ တနင်္ဂနွေနေ့။ တိမ်ထူသည်

ယနေ့ အစည်းအဝေးပြီးနောက် အစ်ကိုတစ်ယောက်က ကျွန်တော့်ကို လာရောက်ရှာဖွေရာ၊ သူ့မျက်နှာက စိုးရိမ်ပူပန်မှုဖြင့် ပြည့်နှက်နေသည်။ သူက လူများအနေဖြင့် သန့်စင်ခံရန် ဘုရားသခင်က အလိုရှိကြောင်း၊ သို့သော်လည်း သူသည် မကြာခဏ အမှုမဲ့အမှတ်မဲ့ အပြစ်ကျူးလွန်မိကြောင်း နှင့် သူက အမြဲတမ်း ဤကဲ့သို့ အပြစ်၌ အသက်ရှင်နေထိုင်နေပါက၊ သခင်ပြန်ကြွလာသည့်အချိန်တွင် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်ပါမည်လား ဟု ပြောခဲ့သည်။ သခင်ယေရှုက ကားတိုင်တင်ခံရပြီး၊ ကျွန်တော်တို့၏ အပြစ်များအားလုံးကို သူ့ပေါ်သို့ယူတော်မူခဲ့ကာ၊ သူ့အသက်ဖြင့် ပေးဆပ်မှုများပြုခဲ့ကြောင်း ကျွန်တော် သူ့ကို ပြောခဲ့သည်။ သခင်ယေရှုကို ကျွန်တော်တို့၏ ယုံကြည်ခြင်းကြောင့် ကျွန်တော်တို့၏ အပြစ်များလွှတ်ခြင်းခံရသည့်အကြောင်း နှင့် သခင်သည် ကျွန်တော်တို့ကို အပြစ်သားများအဖြစ် နောက်ထပ် မမြင်တော့ကြောင်း၊ ပြီးလျှင် ကျွန်တော်တို့က အရာအားလုံးကို စွန့်လွှတ်ပြီး၊ မိမိကိုယ်ကို အသုံးခံကာ၊ သခင့်အတွက် ကြိုးစားလုပ်ဆောင်ပြီး၊ အဆုံးအထိ သည်းခံသမျှ ကာလပတ်လုံး သခင်ပြန်ကြွလာသည့်အချိန်တွင် ကျွန်တော်တို့က ကောင်းကင်နိုင်ငံတော်ထဲသို့ ချီဆောင်ခံရ လိမ့်မည်ဖြစ်ကြောင်းတို့ကို ကျွန်တော် ပြောခဲ့သည်။ ကျွန်တော် ဤသို့ပြောသည်ကို ထိုအစ်ကိုက ကြားပြီးနောက်၊ သူလိုချင်သည့် အဖြေကိုမရသည့် အသွင်ပေါက်နေခဲ့ပြီး အတော်အတန် စိတ်ပျက်သည့် ပုံစံဖြင့် ထွက်သွားခဲ့သည်။ သူထွက်သွားသည်ကို ကျွန်တော်ကြည့်ရင်း ကျွန်တော့်မှာ အလွန်ခက်ခဲရှုပ်ထွေးသော စိတ်ခံစားချက်အချို့ကို ခံစားခဲ့ရသည်။ အမှန်ပြောရပါလျှင် ကျွန်တော်ရော ဤအစ်ကိုကဲ့သို့ပင် ထိုကဲ့သို့သော စိုးရိမ်ပူပန်မှု မရှိခဲ့ပါသလား။ ကျွန်တော်က သခင့်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့သော်လည်း၊ မကြာခဏ အပြစ်၏ ချည်နှောင်ခြင်းခံရပုံနှင့် နေ့ပိုင်းတွင် အပြစ်ကျူးလွန်ပြီး၊ ညပိုင်းတွင် ဝန်ခံသည့် အနေအထားတစ်ခု၌ အသက်ရှင်နေထိုင်ခဲ့ပုံတို့ကို တွေးရင်းဖြင့် ကျွန်တော်သည်လည်း ထိုနည်းလမ်းဖြင့် ဆက်ပြီး အသက်ရှင်နေထိုင်လိုစိတ်မရှိခဲ့ပါ။ သို့သော်လည်း ကျွန်တော်က အမှန်တကယ်ပင် အပြစ်ကို မအောင်နိုင်သောကြောင့် သခင့်ကို မကြာခဏ ဆုတောင်းပြီး၊ ကျွန်တော့်နှုတ်ကပတ်တော် ဖတ်ရှုခြင်းကို အားဖြည့်ခဲ့ပါသည်။ သို့သော် ကျွန်တော့်အပြစ်များနှင့်ဆိုင်သော ပြဿနာများကို လုံးဝ မဖြေရှင်းခဲ့ပါ။ သခင်က သန့်ရှင်းသောကြောင့် ကျွန်တော့်ကဲ့သို့ အပြစ်ဖြင့် အလွန်အမင်း ပြည့်နှက်နေသည့် လူမျိုးကို ကိုယ်တော်က လက်ခံပါ့မလား။Read More »

Advertisements

သန့်စင်ခြင်းဆီသို့ လမ်း

ဆုတောင်း, ခရစ်ယာန်, သမ္မာကျမ်းစာ, သမ္မာတရား, အသင်းတော်

ခရစ်စ်တိုဖာ ဖိလစ်ပိုင်

ကျွန်တော့်အမည်ကတော့ ခရစ်စ်တိုဖာ ဖြစ်ပါသည်၊ ကျွန်တော်သည် ဖိလစ်ပိုင်ရှိ အိမ်အသင်းတော် တစ်ခု၏ သင်းအုပ်ဆရာတစ်ယောက် ဖြစ်ပါသည်။ ၁၉၈၇ ခုနှစ်မှာ ကျွန်တော်က ဗိတ္တိဇံကို ခံယူပြီး၊ သခင်ယေရှုဆီကို ပြန်လာခဲ့ကာ၊ ထို့နောက် သခင့်ကျေးဇူးတော်အားဖြင့် ၁၉၉၆ ခုနှစ်၌ ကျွန်တော်သည် ဒေသန္တာရအသင်းတော်တစ်ခု၏ သင်းအုပ်ဆရာတစ်ယောက် ဖြစ်လာခဲ့သည်။ ထိုအချိန်က ကျွန်တော်သည် ဖိလစ်ပိုင်နိုင်ငံတဝိုက်မှ နေရာများစွာ၌ အလုပ်လုပ်ပြီး၊ တရားဟောကြားနေခဲ့ရုံသာမကပဲ၊ ဟောင်ကောင်နှင့် မလေးရှားတို့ကဲ့သို့ နေရာမျိုးများတွင်လည်း တရားဟောကြားခဲ့သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် နှင့် လမ်းပြမှုတို့မှတစ်ဆင့် ကျွန်တော်သည် သခင့်အတွက် ကျွန်တော့်အလုပ်တွင် မကုန်ခန်းနိုင်သော အင်အားများရှိခဲ့ပြီး၊ ကျွန်တော့် တရားဒေသနာများအတွက် မဆုံးနိုင်သည့် လှုံ့ဆော်အားပေးမှုရှိသည်ဟု ခံစားခဲ့ ရသည်။ ကျွန်တော်က အပျက်သဘောဆောင်ပြီး အားနည်း နေသည့် ညီအစ်ကိုမောင်နှမများကို ထောက်ပံ့မှုများ မကြာခဏ ပေးခဲ့သည်။ တစ်ခါတစ်ရံတွင် ၎င်းတို့၏ မယုံကြည်သူ မိသားစုဝင်များက ကျွန်တော့်ကို ဖော်ရွေမှု မရှိသည့်အခါတွင်၊ ကျွန်တော်သည် သည်းခံစိတ်ရှည်နိုင်စွမ်းရှိဆဲဖြစ်သည့်အပြင်၊ သခင့်ကို ယုံကြည်မှု မပျောက်ဆုံးသွားပဲနှင့် သခင်က သူတို့ကို ပြောင်းလဲနိုင်သည်ဟု ယုံကြည်ခဲ့သည်။ ထို့ကြောင့် ကျွန်တော်က ယုံကြည်သူတစ်ယောက် ဖြစ်လာပြီးကတည်းက ကြီးမားစွာ ပြောင်းလဲခဲ့သည်ဟု ခံစားခဲ့ရသည်။ သို့သော်လည်း ၂၀၁၁ ခုနှစ်မှ စတင်ကာ၊ ကျွန်တော်သည် ယခင်ကလောက် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ခံစားနိုင်စွမ်း မရှိတော့ပါ။ ကျွန်တော့် ဒေသနာများအတွက် ဉာဏ်အလင်းရ ခြင်းအသစ်ကို တဖြည်းဖြည်း ဆုံးရှုံးလာကာ၊ အပြစ်၌ အသက်ရှင်နေထိုင်ခြင်းမှ လွတ်မြောက်ရန် ခွန်အားလည်း ချို့တဲ့ခဲ့ရသည်။ ကျွန်တော့် ဇနီးနှင့် သမီးတို့ ကျွန်တော် မနှစ်သက်သည့် အရာများ ပြုလုပ်နေသည်ကို မြင်သည့် အခါတွင် ကျွန်တော့်မှာ စိတ်မဆိုးပဲ မနေနိုင်သည့်အပြင်၊ သူတို့ကို ဒေါသဖြင့် ဆူပူမိခဲ့သည်။ ဤသည်မှာ သခင့်အလိုတော်ကို စောင့်ထိန်းနေခြင်းမဟုတ်သည်ကို သိခဲ့သော်လည်း မကြာခဏဆိုသလို ကျွန်တော် ကိုယ့်ကိုယ်ကို မထိန်းနိုင်ခဲ့ပါ။ ဤသည်မှာ အထူးသဖြင့် ကျွန်တော့်အတွက် စိတ်သောကရောက်စေခဲ့သည်။ အပြစ် ကျူးလွန်ခြင်း နှင့် ပြီးနောက် ဝန်ခံခြင်း အသက်တာမှ မိမိကိုယ်ကို ရုန်းထွက်လွတ်မြောက်နိုင်ရန်၊ ကျွန်တော်က သမ္မာကျမ်းစာဖတ်ခြင်း၊ အစာရှောင်ခြင်း နှင့် ဆုတောင်း ခြင်းတို့တွင် ပို၍ အားထုတ်ကြိုးပမ်းခဲ့ပြီး၊ ဤအရာကို အတူတကွ ရှာဖွေပြီး လေ့လာစုံစမ်းနိုင်ရန် ဝိညာဉ်ရေးရာ သင်းအုပ်ဆရာများကို နေရာတိုင်းတွင် ရှာခဲ့သည်။ သို့သော်လည်း ကျွန်တော့် အားထုတ် ကြိုးပမ်းမှုများ အားလုံးသည် အရာမထင်ဖြစ်ခဲ့သည်၊ ကျွန်တော့်၏ အပြစ်ရှိသော အသက်တာနှင့် ကျွန်တော့် ဝိညာဉ်ထဲမှ အမှောင်ထုသည် မည်သည့်ပြောင်းလဲခြင်းမျှ မရှိခဲ့ပါ။Read More »

တိုက်ပွဲတစ်ခု

ယုံကြည်ခြင်း, သက်သေခံချက်, ဆုတောင်း, သမ္မာကျမ်းစာ, သမ္မာတရား

ကျွန်တော် နာမည် ဇန်ဟွေ ဖြစ်ပြီး၊ ကျွန်တော်တို့ မိသားစုတစ်စုလုံးသည် သခင်ယေရှု၌ ၁၉၉၃ ခုနှစ်တွင် စတင်ယုံကြည်လာခဲ့ကြပါသည်။ ကျွန်တော်သည် စိတ်အားထက်သန်သော ရှာဖွေသူ တစ်ယောက် ဖြစ်သောကြောင့် လျင်မြန်စွာပင် တရားဟောဆရာတစ်ယောက် ဖြစ်လာခဲ့သည်။ ကျွန်တော်သည် အသင်းတော်အမျိုးမျိုးထံသို့ အလုပ်လုပ်ရန် နှင့် တရားဟောရန် မကြာခဏ သွားခဲ့သည်။ နှစ်အနည်းငယ် ကြာပြီးနောက်တွင် ကျွန်တော့် အလုပ်မှထွက်ခဲ့ပြီး၊ သခင့်ကို အချိန်ပြည့်အစေခံခဲ့သည်။ သို့သော်လည်း အမည်မသိ အကြောင်းအချို့ကြောင့် ကျွန်တော့် ညီအစ်ကိုမောင်နှမများ၏ ယုံကြည်မှု နှင့် ချစ်ခြင်းမေတ္တာတို့သည် တဖြည်းဖြည်းချင်း အေးစက်လာခဲ့ကာ၊ လုပ်ဖော်ကိုင်ဖက်များ အကြားတွင် မစ္ဆရိယစိတ်များနှင့် ကြမ်းတမ်းသည့် သဘောထားကွဲလွဲမှုများ ကြီးထွားလာခဲ့ပါသည်။ ကျွန်တော့် ဝိညာဉ်သည်လည်း ညှိုနွမ်းနေသည်ဟု ခံစားခဲ့ရကာ၊ တရားဟောကြားရန် မည်သည့်အရာမျှ မရှိခဲ့တော့ပါ။ ၂၀၀၅ ခုနှစ်တွင် ကျွန်တော့် ဇနီး ကင်ဆာရောဂါဖြစ်ပွားပြီး မကြာမီပင် ကွယ်လွန်သွားခဲ့ပါသည်။ ဤသည်မှာ ကျွန်တော့်အတွက် ကြီးမားသည့် ထိခိုက်မှုဖြစ်ပြီး၊ ကျွန်တော် ပို၍ပင် အားနည်းလာခဲ့သည်။ တစ်နေ့တွင် ကျွန်တော့် ဝမ်းကွဲမောင်နှမတစ်ဦးနေအိမ်၌ နေထိုင်ရန် သွားရောက်ခဲ့ပြီး ထိုနေအိမ်တွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နိုင်ငံတော်အကြောင်း ဧဝံဂေလိသတင်းကောင်းကို ဟောကြားသော ညီအစ်မနှစ်ယောက် နှင့် တွေ့ဆုံခဲ့သည်။ မိတ်သဟာယပြုကာ၊ စကားရည်လုပြီး ရက်အနည်းငယ်ကြားပြီးနောက်ပိုင်း၊ ကျွန်တော်သည် သခင်ယေရှုပြန်ကြွလာပြီ ဖြစ်ကြောင်း၊ ကိုယ်တော်သည် လူ့ဇာတိအားဖြင့် အနန္တတန်ခိုးရှင်ဘုရားသခင် ဖြစ်ကြောင်း ကို အမှန်တကယ် ယုံကြည်လာခဲ့သည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များအား ဖတ်ရှုခြင်းမှတစ်ဆင့်၊ ကျွန်တော့် ဆာလောင် မွတ်သိပ်နေသည့် နှလုံးသားသည် ရေလောင်းခြင်းနှင့် ထောက်ပံ့ခြင်းတို့ကို ခံခဲ့ရကာ၊ ကျွန်တော်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်၏ ချိုမြိန်မှုကို အရသာခံစားခဲ့၍ ကျွန်တော် ယခင်က တစ်ခါမျှ နားမလည်ခဲ့ဖူးသည့် သမ္မာတရားများစွာ နှင့် နက်နဲမှုများစွာတို့ကို နားလည်သဘောပေါက်လာခဲ့သည်။ သို့သော်လည်း သခင်နှင့် ပြန်လည်ဆုံစည်းရခြင်းကို နက်ရှိုင်းစွာ ပျော်မွေ့နေစဉ်တွင်၊ စာတန်၏ စုံစမ်းနှောင့်ယှက်မှုများနှင့် တိုက်ခိုက်မှုများက ကျွန်တော့်ထံသို့ ဖြည်းဖြည်းချင်း နီးကပ်လာခဲ့ပါသည်။Read More »

အလည်လွန်သည့် နှလုံးသားတစ်ခု အိမ်ပြန်လာသည်

ကယ်တင်ခြင်း, ခရစ်ယာန်, အသက်, သမ္မာတရား, အသင်းတော်

နိုဗို ဖိလစ်ပိုင်

ကျွန်တော့်နာမည်က နိုဗိုဖြစ်ပြီး၊ ကျွန်တော်က ဖိလစ်ပိုင်ကပါ။ ကျွန်တော်ငယ်စဉ်ကတည်းက ကျွန်တော့်အမေ၏ ဘုရားသခင်ကို ယုံကြည်မှုအတိုင်း နောက်လိုက်ခဲ့ပြီး၊ အသင်းတော်မှာ ဒေသနာတော်များအား ကျွန်တော့် မောင်နှမ များနှင့် သွားနားထောင်ခဲ့သည်။ ကျွန်တော့်က သခင့်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့သော်လည်း၊ မည်သည့်ပြောင်းလဲမှုကိုမျှ ကြုံရခဲ့ခြင်းမရှိပဲနှင့်၊ မယုံကြည်သူတစ်ယောက်နှင့် တူသည်ဟု ခံစားခဲ့ရပါသည်။ကျွန်တော့်နှလုံးသားတွင်း၌ ငွေမည်သို့ပိုရှာရမည့်အကြောင်း၊ ကျွန်တော့် နေ့ရက်များကို သက်တောင့်သက်သာဖြင့် မည်သို့ကုန်လွန်စေမည့်အကြောင်းနှင့် ကောင်းမွန်သည့် ဘဝတစ်ခုကို မည်သို့ပျော်မွေ့မည့် အကြောင်းတို့ကိုသာ အဆက်မပြတ် စဉ်းစားနေခဲ့သည်။ ထို့ထက်ပိုပြီးလျှင်၊ ကျွန်တော့် မိတ်ဆွေများနှင့် တစ်ချိန်လုံး အပြင်ထွက် သောက်စားပြီး၊ ငွေအနည်းငယ် အပိုအလျှံရှိသည်နှင့် လောင်းကစားသွားလုပ်ပါတော့သည်။ ဤအရာများကို လုပ်ဆောင်ခြင်းသည် သခင့်အလိုတော်နှင့် ဆန့်ကျင်နေကြောင်းကို ကျွန်တော် သိခဲ့သော်လည်း၊ ကျွန်တော်က သခင့်ကို မကြာခဏ ဆုတောင်းပြီး၊ ကျွန်တော့် အပြစ်များအတွက် ဝန်ခံခဲ့သည့်အပြင်၊ ထိုနေ့မှစပြီး ထိုအကျင့်ဆိုးများကို စွန့်လွှတ်ကာ၊ လုံးဝ အပြစ်အကျူးလွန်တော့မည့် အကြောင်းကို ကိုယ်တော့်ထံတွင် ပြတ်သားစွာ စိတ်ပိုင်းဖြတ်ခဲ့ပါသည်။ သို့သော်လည်း ကျွန်တော့် မိတ်ဆွေများ၏ မြှောက်ပင့်ခယမှုနှင့် ဆွဲဆောင်မှုတို့ဖြင့် ကျွန်တော်သည် ကိုယ့်ကိုကိုယ် တကယ်ကို ထိန်းချုပ်နိုင်ခြင်းမရှိခဲ့ပါ။ ထို့အပြင် ကျွန်တော်သည် ပို၍ပို၍ အကျင့်ပျက်သောသူ ဖြစ်လာကာ၊ ကျွန်တော့် နှလုံးသားသည် ဘုရားသခင်နှင့် ဝေးသည်ထက်ဝေးလာခဲ့သည်မှာ၊ ကျွန်တော့် ဆုတောင်းချက်များတွင် ရိုးသားမှု လုံးဝ မရှိတော့ပါ။ သီတင်းပတ်တိုင်း ကျွန်တော်က ရိုးရှင်းသော ဆုတောင်းခြင်းများကို ပြီးစလွယ် ဆိုခဲ့သည်။ သခင်ပြန်ကြွလာသည့်အချိန်တွင် ကိုယ်တော်က လူတစ်ယောက်ချင်းစီကို သူတို့၏ လုပ်ရပ်များနှင့် အမူအကျင့်များပေါ်တွင် အခြေခံပြီး သူတို့ ကောင်းကင်ဘုံသို့ တက်မည် သို့မဟုတ် ငရဲသို့ဆင်းမည်ကို တရားစီရင်မည် ဖြစ်ကြောင်း သိခဲ့သည်နှင့်အညီ တစ်ခါတစ်ရံတွင် ကျွန်တော်က အမှန်တကယ် စိတ်ပျက်မှုကို ခံစားခဲ့ရသည်။ ကျွန်တော်သည် ကိုယ်ကျင့်တရားပျက်လွန်းသောကြောင့် ဘုရားသခင်က ကျွန်တော့်ကို ထပ်မံခွင့်လွှတ်မည်မဟုတ်ဟုလည်း ခံစားခဲ့ရသည်။ နောက်ပိုင်းတွင် ကျွန်တော် အိမ်ထောင်ပြုပြီး၊ သားသမီးများ ရရှိလာခဲ့သည့်အပြင်၊ ကျွန်တော်တွေးသမျှမှာ ကျွန်တော့်ဇနီးနှင့် ကျွန်တော့် သားသမီးများအကြောင်းသာ ဖြစ်ခဲ့သည်။ ကျွန်တော်၏ ယုံကြည်မှုကို ကျွန်တော် မေ့ထားလိုက်သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ကျွန်တော့် သားသမီးများအတွက် ပိုမိုကောင်းမွန်သည့် အနာဂတ်တစ်ခု ထောက်ပံ့ပေးရန် နှင့် ချမ်းသာလာရန် ကျွန်တော့် ဆန္ဒကို ပြည့်မြောက်စေရန်၊ ကျွန်တော်က နိုင်ငံခြားသို့သွားရောက်ရန် ဆုံးဖြတ်ခဲ့သည်မှာ ကျွန်တော် ထိုင်ဝမ်သို့ ရောက်ရှိလာခြင်း အကြောင်းအရင်းပင် ဖြစ်ပါသည်။ အလုပ်တစ်ခုရရှိပြီးသော်လည်း ကျွန်တော်သည် ဘဝနေထိုင်မှုပုံစံ အပြောင်းအလဲများ မပြုလုပ်ခဲ့သေးပါ။ ကျွန်တော့် အားလပ်ချိန်တွင် ကျွန်တော်သည် သောက်စားရန် နှင့် ကာရာအိုကေ သီဆိုရန်အတွက် လုပ်ဖော်ကိုင်ဖက်များဖြင့် သွားလေ့ရှိပြီး၊ မြူးထူးပျော်ရွှင်သည့် ဘဝတစ်ခုဖြင့် အသက်ရှင်နေထိုင်နေခဲ့သည်။ ကျွန်တော်သည် ဘုရားသခင်ကို ကျွန်တော်၏ ယုံကြည်ခြင်းအား ချောင်ထိုးပြီးမေ့ထားလိုက်သည်မှာ ကြာခဲ့ပြီဖြစ်သည်။Read More »

ဘုရားသခင်သည် ကျွန်မဘေးတွင် ရှိသည်

ကယ်တင်ခြင်း, ကျေးဇူးတော်, ဆုတောင်းခြင်း, သမ္မာတရား, အသင်းတော်

ကျွန်မသည် ခရစ်ယာန် မိသားစုတစ်စုတွင် မွေးဖွားလာခဲ့ပြီး၊ ကျွန်မအသက် ၁ နှစ်သား အရွယ်တွင် ကျွန်မ အမေက အနန္တတန်ခိုးရှင်ဘုရားသခင် ဖြစ်သော ပြန်ကြွလာသည့်သခင်ယေရှု ၏ အမှုတော်အသစ်ကို လက်ခံခဲ့သော်လည်း ကျွန်မအဖွားက ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့သည်။ ကျွန်မ ငယ်စဉ်က အဖွား မကြာမကြာ ပြောလေ့ရှိသော စကားများဖြစ်သည့် “သမီးနေမကောင်းတာ ဒါမှမဟုတ် အိမ်စာမလုပ်နိုင်တာမျိုးဖြစ်ရင်၊ သခင်ယေရှုကိုသာ ဆုတောင်းလိုက်။ ကိုယ်တော်က သမီးကို ဉာဏ်ရည်နဲ့ ဉာဏ်ပညာတို့ပေးလိမ့်မယ်၊ သမီးလုံခြုံမှုအတွက် ကိုယ်တော်က စောင့်ရှောက် လိမ့်မယ်”ဆိုသည်ကို အမှတ်ရမိပါသည်။ ကျွန်မ အမေကမူ ကျွန်မကို “ဘုရားသခင်က ဒီကမ္ဘာလောကကို ဖန်ဆင်းတော်မူပြီး လူသားတွေကို ဖန်ဆင်းခဲ့တယ်။ ကိုယ်တော်က အမေတို့ဘေးမှာ အမြဲတမ်း ရှိတယ်။ သမီးလေး ပြဿနာတစ်စုံတစ်ခုတွေ့တဲ့အချိန် အနန္တတန်ခိုးရှင်ဘုရားသခင်ကို ဆုတောင်းဖို့ သတိရပါ။ ကိုယ်တော်က သမီးကို ဂရုစိုက်ပြီး၊ ကာကွယ်လိမ့်မယ်” ဟု မကြာခဏပြောလေ့ရှိပါသည်။ ဤမတူညီသည့် အသံနှစ်ခုသည် ကျွန်မနားထဲတွင် အဆက်မပြတ် မြည်နေသည်။ တစ်ခါက ကျွန်မအမေကို မသေချာစွာဖြင့် “အဖွားက သမီးကို သခင်ယေရှုဆီမှာ ဆုတောင်းစေချင်တယ်၊ ပြီးတော့ အမေက သမီးကို အနန္တတန်ခိုးရှင်ဘုရားသခင် ဆီမှာ ဆုတောင်းစေချင်တယ်။ သမီးဘယ်သူ့စကားကို နားထောင်သင့်လဲ” ဟု မေးခဲ့ရာ အမေက “တကယ်တော့ သခင်ယေရှုနဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်တို့က ဘုရားတစ်ပါးတည်းပါ သမီးရယ်။ ခေတ်တွေ ကွဲပြားကုန်လို့ ဘုရားသခင်ယူခဲ့တဲ့ နာမတော်တွေ နဲ့ ဘုရားသခင်ပြုတော်မူတဲ့ အမှုတော်တွေက မတူကြတာပါ။ သခင်ယေရှုက ကျေးဇူးတော်ခေတ်ရဲ့ အမှုတော်ကို ပြုပြီးတော့ အနန္တတန်ခိုးရှင်ဘုရားသခင်က နိုင်ငံတော်ခေတ်ရဲ့ အမှုတော်ကို ပြုတယ်လေ။ ကိုယ်တော်က ခေတ်တိုင်းမှာ ကိုယ်တော်အမှုတော်ပြုတဲ့နည်းလမ်းကို ပြောင်းလဲလေ့ရှိပြီး သူ့နာမတော် ကိုလည်း ပြောင်းတယ်လေ။ ဒါပေမဲ့ ကိုယ်တော့် နာမတော်နဲ့ အမှုတော်တွေ ဘယ်လိုပဲပြောင်းပါစေ၊ ကိုယ်တော့် အနှစ်သာရကတော့ မပြောင်းလဲပါဘူး။ ဒီနေ့မှာ သမီးက ကျောင်းသွားဖို့ အနီရောင်ဝတ်ထားပြီး၊ မနက်ဖြန် စားသောက်ဆိုင်သွားဖို့ အပြာရောင်ဝတ် သလိုမျိုးပဲ၊ သမီးက မတူတဲ့ အဝတ်ကို ဝတ်ထားပြီး၊ မတူတဲ့ နေရာသွား၊ ပြီးတော့ မတူတဲ့ အလုပ်တွေလုပ်နေပေမဲ့လည်း သမီးကသမီးပဲလေ။ ဒါပေမဲ့ ဘုရားသခင်ရဲ့ ခေတ်သစ် ရောက်လာတဲ့အချိန်မှာ အမေတို့က ကိုယ်တော်ရဲ့ အမှုတော်အသစ်အတိုင်း လိုက်နိုင်ရမယ်။ ဒါ့ကြောင့် အမေတို့က အခု အနန္တတန်ခိုးရှင်ဘုရားသခင်ကို ဆုတောင်းသင့်တာပေါ့” ဟု ပြောခဲ့သည်။ အမေ့ရှင်းလင်းချက်ကို ကြားသော်လည်း၊ ကျွန်မ နှလုံးသားထဲတွင် စိတ်ရှုပ်ထွေးနေ ဆဲဖြစ်ကာ၊ အနန္တတန်ခိုးရှင်ဘုရားသခင်၏ အမှုတော်အသစ်အပေါ် သံသယဖြစ်သည့် စိတ်နေ သဘောထားမျိုး အနည်းငယ် ရှိနေဆဲဖြစ်သည်။Read More »

မတူညီသောနည်းလမ်းဖြင့် ကယ်တင်ခံရခြင်း

မတူညီသောနည်းလမ်းဖြင့် ကယ်တင်ခံရခြင်း

ဟွမ်လင်း၊ တရုတ်ပြည်

ကျွန်မသည် ပင်တေကုတ္တေအသင်းတော်တွင် သာမာန်ယုံကြည်သူတစ်ဦးဖြစ်ခဲ့ဖူးပါသည်။ ပြီးနောက် ကျွန်မသည် သခင့်ကို စတင်ယုံကြည်ပြီးကတည်းကလည်း တစ်ခါဖူးမျှ အစည်းအဝေး မပျက်ကွက်ခဲ့ပါ။ အထူးသဖြင့် ယခုအချိန်သည် နောက်ဆုံးသောကာလအချိန် ဖြစ်ပြီး၊ သခင်ပြန်ကြွလာမည့်အကြောင်း သမ္မာကျမ်းစာထဲမှ ပရောဖက်ပြုခြင်းများသည် အခြေခံအားဖြင့် ပြည့်စုံခဲ့ပြီ ဖြစ်ပါသည်။ သခင်သည် မကြာမီ ပြန်ကြွလာတော့မည် ဖြစ်သောကြောင့် ကျွန်မသည် သခင်နှင့် တွေ့ရန် ကျွန်မ၏ အခွင့်ကို မလွတ်ရစေရန် အစည်းအဝေးများကို ပို၍ စိတ်အားထက်သန်စွာ တက်ရောက်ခဲ့ပြီး၊ ကိုယ်တော် ပြန်ကြွလာမည်ကို တက်ကြွစွာ မျှော်လင့်လျက်ရှိပါသည်။Read More »

ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ကျွန်ုပ်၏ ခွန်အားဖြစ်သည်

သက်သေခံချက်, ယုံကြည်ခြင်း, သမ္မာကျမ်းစာ, သမ္မာတရား, အသင်းတော်

ဂျင်းနီယန် ကနေဒါနိုင်ငံ

ကျွန်မသည် ကျွန်မမိသားစု၏ သခင်၌ ယုံကြည်မှုကို ကလေးအရွယ်ကတည်းက လိုက်လျှောက်ခဲ့ပြီး၊ မကြာခဏ ဆိုသကဲ့သို့ သမ္မာကျမ်းစာကို ဖတ်ရှုကာ၊ အစည်းအဝေးများ တက်ရောက်ခဲ့သည်။ ကျွန်မ အိမ်ထောင်ကျခဲ့ပြီးနောက်၊ သခင်ယေရှု၏ ဧဝံဂေလိသတင်းကောင်းကို ကျွန်မ ယောက္ခမကို လက်ဆင့်ကမ်းပေးခဲ့ပြီး နောက်ပိုင်းတွင် ကျွန်မ ယောက္ခမသည် သခင်၌ စတင်ယုံကြည်လာ၍ အရေးကိစ္စများဖြစ်သည့်အခါတွင် သို့မဟုတ် အမှုအရာများကို သူမ၏ စိတ်ကူးပေါက်ရာ လုံးလုံးလျားလျား လုပ်ဆောင်သည့်အခါတွင် သူမသည် ဒေါသထွက်ခြင်း မရှိတော့သကဲ့သို့၊ ကျွန်မတို့ မိသားစုထဲမှ ပေါင်းသင်းဆက်ဆံရေးများသည် စတင် တိုးတက်လာခဲ့ပါသည်။ ကျွန်မခင်ပွန်းသည် သူ့မိခင်၏ ပြောင်းလဲမှုကို တွေ့မြင်သောကြောင့် သူလည်း ၂၀၁၅ ခုနှစ်တွင် သခင်၌ စတင်ယုံကြည်လာပြီး၊ ကျွန်မနှင့် အသင်းတော်သို့ အပတ်စဉ် သွားရောက်ခဲ့ပါသည်။ သခင်၏ ဧဝံဂေလိတရားတော်ကို လက်ခံပြီးနောက် ကျွန်မမိသားစုသည် ငြိမ်သက်ခြင်းရှိနေခဲ့သည်ကို ကျွန်မတွေ့မြင်ခဲ့ရသည့်အချိန်တွင်၊ ဤသည်မှာ သခင်၏ ကျေးဇူးတော်ဖြစ်ကြောင်း သိရှိခဲ့ပြီးလျှင်၊ ကျွန်မ နှလုံးသား၏နက်ရှိုင်းသည့် နေရာမှနေ သခင့်ကို ကျေးဇူးတင်ရှိခဲ့ပါသည်။Read More »