မည်သည့်အခါမျှ မပျောက်ကွယ်နိုင်သည့် အသက်စွမ်းအား

အသက်, ခရစ်ယာန်, ဆုတောင်း, ယုံကြည်ခြင်း, အသင်းတော်

ဒွန်မေး၊ ဟေနန်ပြည်နယ်

ကျွန်မသည် ပုံမှန်ဖြစ်ရိုးဖြစ်စဉ် ဘဝတစ်ခုဖြင့် အသက်ရှင်နေထိုင်ခဲ့သည် သာမန်လူတစ်ယောက်သာ ဖြစ်သည်။ အလင်းရောင်ကို တမ်းတသည့် လူများစွာကဲ့သို့၊ ကျွန်မ၏ အသက်တာ ပို၍အဓိပ္ပာယ်ရှိနိုင်စေရန် လူသားတည်ရှိမှု၏ စစ်မှန်သော အဓိပ္ပာယ်ကို ရှာဖွေရန် နည်းလမ်းများစွာကို ကျွန်မ ကြိုးစားခဲ့ပါသည်။ အဆုံးတွင် ကျွန်မ၏ အားထုတ်ကြိုးပမ်းမှုများအားလုံး အချည်းနှီးဖြစ်ခဲ့ရလေသည်။ သို့သော် နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ အမှုတော်ကို လက်ခံဖို့ ကံကောင်းထောက်မပြီးနောက်၊ ကျွန်မ၏ အသက်တာတွင် အံ့ချီးဖွယ် အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သည်။ ၎င်းက ကျွန်မ၏ အသက်တာကို ပို၍အဓိပ္ပာယ်ရှိစေခဲ့ပြီး၊ ဘုရားသခင်သည်သာ လူများ၏ ဝိညာဉ်များနှင့် အသက်များ၏ စစ်မှန်သော ပံ့ပိုးသူ ဖြစ်ကြောင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များသာ လူသား အသက်တာ၏ စစ်မှန်သော အဓိပ္ပာယ်ပါဝင်ကြောင်း တို့ကို ကျွန်မ နားလည်သဘောပေါက်လာခဲ့သည်။ ကျွန်မသည် အသက်တာတွင် မှန်ကန်သော လမ်းကြောင်းကို နောက်ဆုံးတွင် ရှာတွေ့ခဲ့သည့်အတွက် ဝမ်းမြောက်ခဲ့သည်။ သို့သော်လည်း တစ်ရက်၌ ကျွန်မ၏ တာဝန်ကို ထမ်းဆောင်နေစဉ်တွင်၊ ကျွန်မသည် တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ တရားမဝင် ဖမ်းဆီးခြင်းကိုခံရပြီး၊ လူမဆန်စွာ နှိပ်စက် ခံခဲ့ရသည်။ ထို့နောက် ကျွန်မသည် မိမိ၏အသက်တာခရီးလမ်းထဲတွင် ထာဝရ စွဲထင်ကျန်နေမည့် ဘဝအတွေ့အကြုံ တစ်ခုကို ကြုံခဲ့ရပါသည်။Read More »

ဒုက္ခများသောအချိန်တွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်က ကျွန်မကို အားပေးမှုဖြင့် ထောက်ပံ့ခဲ့သည်

ကျေးဇူးတော်, ခရစ်တော်, ချီးမွမ်းခြင်း, ဆုတောင်း, ယုံကြည်ခြင်း

ချန်းဟူးရီ၊ ကျန်းစုပြည်နယ်

ကျွန်မသည် တရုတ်ပြည်၌ သာမန်မိသားစုတစ်စုမှ ကြီးပြင်းလာခဲ့သည်။ ကျွန်မ၏ ဖခင်က စစ်တပ်ထဲမှဖြစ်ပြီး၊ ကျွန်မ ငယ်ရွယ်စဉ်က သူ၏ ပုံသွင်းခံရပြီး၊ သြဇာလွှမ်းမိုး ခံရသောကြောင့် စစ်သားတစ်ယောက်၏ ဘဝပေးတာဝန် နှင့် ဝတ္တရားတို့သည် မိခင်နိုင်ငံကို အမှုထမ်းရန်၊ တရုတ်ကွန်မြူနစ်ပါတီနှင့် ပြည်သူတို့၏ ကိုယ်စား အမိန့်များနာခံပြီး၊ ကိုယ်ကျိုးမငဲ့စွာ အမှုထမ်းရန်တို့ဖြစ်သည်ဟု ယုံကြည်လာခဲ့သည်။ ကျွန်မကိုယ်တိုင်လည်း စစ်သားတစ်ယောက် ဖြစ်လာရန်နှင့် ကျွန်မ အဖေ၏ ခြေလှမ်းအတိုင်း လိုက်လျှောက်ရန် သံန္နိဌာန်ချလာခဲ့သည်။ သို့သော်လည်း အချိန်ကုန်လာပြီး၊ အချို့သော အဖြစ်အပျက်များ ဖြစ်ပျက်လာခဲ့သည်နှင့်အညီ ကျွန်မ၏ ဘဝ လမ်းကြောင်းနှင့် ကျွန်မ၏ လိုက်စားမှုများနှင့် ပတ်သက်သည့် ခံယူချက်များ တဖြည်းဖြည်းချင်း ပြောင်းလဲသွားခဲ့သည်။ ၁၉၈၃ ခုနှစ်တွင် ကျွန်မသည် သခင်ယေရှု၏ ဧဝံဂေလိတရားကို ကြားခဲ့သည်။ ကျွန်မကဲ့သို့ ငယ်ရွယ်စဉ်က ဘုရားမဲ့ဝါဒနှင့် တရုတ်ကွန်မြူနစ်ဝါဒ အတွေးအမြင်စနစ်တို့အားဖြင့် အဆိပ်ခတ်ခံခဲ့ရသည့် လူတစ်ယောက်ကို သခင်ယေရှု၏ ချစ်ခြင်းမေတ္တာဖြင့် နက်ရှိုင်းစွာ တို့ထိခံရခွင့်ပေးသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အထူးလမ်းပြမှု ဖြစ်ခဲ့ပါသည်။ ဧဝံဂေလိတရားကိုကြားလျက် ဘုရားသခင်ကို ယုံကြည်ခြင်း ဘဝတစ်ခုပေါ်တွင် ကျွန်မစတင်ခဲ့သည်၊ ကျွန်မ အသင်းတော်ကို စတင်တက်ရောက်ခဲ့သည်၊ ဆုတောင်းခဲ့သည်၊ ပြီးလျှင် သခင့်ကို ချီးမွမ်းခြင်း ဓမ္မသီချင်းများ သီဆိုခဲ့သည်။ ဤဘဝအသစ်သည် ကျွန်မကို ကြီးမားသော တည်ငြိမ်အေးချမ်းမှုကို ဆောင်ကျဉ်းပေးခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် ပြန်ကြွလာသည့် သခင်ယေရှုဖြစ်သည့် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နောက်ဆုံးသောကာလ ဧဝံဂေလိတရားကို လက်ခံခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မနားမနေ ဖတ်ရှုခြင်းနှင့် ကျွန်မ၏ ညီအစ်ကိုမောင်နှမများနှင့် တွေ့ဆုံခြင်းနှင့် မိတ်သဟာယပြုခြင်းတို့မှတစ်ဆင့် သမ္မာတရားများစွာကို ကျွန်မ နားလည်သဘောပေါက်ခဲ့ပြီး၊ လူသားမျိုးနွယ်ကို ကယ်တင်ရန် ဘုရားသခင်၏ အရေးပေါ် ရည်ရွယ်ချက်ကိုလည်း သိခဲ့ရသည်။ ဘုရားသခင်သည် ကျွန်မတို့ တစ်ယောက်ချင်းစီကို ကြီးမားသော မွေးရာပါတာဝန်တစ်ခုနှင့် တာဝန်တို့ကို ပေးအပ်ခဲ့သောကြောင့်၊ ကျွန်မသည် ဧဝံဂေလိတရား ဖြန့်ဝေခြင်း အလုပ်ကို စိတ်ပါလက်ပါ လုပ်ဆောင်ခဲ့သည်။ လူများစွာတို့က ဘုရားသခင်ရှေ့တော်မှောက်သို့ လာရောက်ပြီး၊ ဘုရားသခင်၏ ကောင်းကြီး မင်္ဂလာများနှင့် ကယ်တင်ခြင်းတို့ကို လက်ခံရရှိသည်ကို ကျွန်မကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံရသည့်အခါတွင်၊ ကျွန်မ၏ ယုံကြည်မှု ပို၍ပင် ခိုင်မာလာခဲ့သည်။Read More »