ကယ်တင်ခြင်းခံရမှုကို အနည်းငယ်သဘောပေါက်နားလည်လာခြင်း

ခရစ်ယာန်, ဆုတောင်း, ယုံကြည်ခြင်း, သမ္မာတရား,

လင်ဇင်း၊ ရှန်ဒေါင်ပြည်နယ်

ခရစ်ယာန်တစ်ဦးဖြစ်လာပြီးနောက် အရာအားလုံးကိုဘေးဖယ်၍ ဘုရားသခင်အတွက် မိမိကိုယ်ကို အသုံးချကာ၊ အသင်းတော်အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်၍ မည်သည့် ဒုက္ခဆင်းရဲ သို့မဟုတ် နာကျင်မှုကို ခံစားရသည်ဖြစ်စေ ကျွန်မ၏ တာဝန်ကို မစွန့်လွှတ် သို့မဟုတ် ဘုရားသခင်ကို သစ္စာမဖောက်သရွေ့ ဘုရားသခင်ကို အဆုံးအထိလိုက် လျှောက်နိုင်လျှင် ဘုရားသခင်ကို သဘောကျ ကျေနပ်စေမည့်သူတစ်ဦးဖြစ်လာလိမ့်မည်ဟု ကျွန်မအမြဲတစေ ယုံကြည်ခဲ့ပါသည်။ ကျွန်မသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိကာ ဆက်လက်ရှင်သန်နေ နိုင်လိမ့်မည်ဟုတွေးထင်ခဲ့ပါသည်။ ထို့ကြောင့် ကျွန်မ၏ မိသားစုနှင့် အသွေးအသားပျော်ရွှင်မှုများကိုစွန့်လွှတ်ပြီး၊ ဘုရားကျောင်းတွင် နေ့တိုင်း သွားလာလှုပ်ရှားပြီး အလုပ်များနေခဲ့ပါသည်။ ယင်းသည်ဘုရားသခင်၏ ကယ်တင်ခြင်း လမ်းကြောင်းကို ကျွန်မလျှောက်နှင့်နေပြီးဖြစ်ကာ ကျွန်မလုပ်ရမည့်အရာအားလုံးမှာ အဆုံးထိတိုင်အောင် သူနှင့်လျှောက်လှမ်းရန်သာဖြစ်ကြောင်းကို ယုံကြည်လာခဲ့ပုံဖြစ်ပါသည်။Read More »

Advertisements

စာတန်၏ ချည်နှောင်ခြင်းများကို လွှတ်ချခြင်းသည် လွတ်မြောက်ခြင်းဖြစ်သည်

စာတန်၏ ချည်နှောင်ခြင်းများကို လွှတ်ချခြင်းသည် လွတ်မြောက်ခြင်းဖြစ်သည်

မိုမို ဟီပိန်းမြို့၊ အန်ဟွိုင်ဒေသ

ကျွန်မ ဘုရားသခင်ကို မယုံကြည်မီက မည်သည့်အရာကိုပြုသည်ဖြစ်စေ နောက်မှာကျန်ခဲ့ခြင်း မျိုး မည်သည့်အခါမျှ မဖြစ်လိုပါ။ ကျွန်မက အားလုံးထက်သာနေသရွေ့ မည်သည့် အခက်အခဲမျိုးကိုမဆို လက်ခံရန် ဆန္ဒရှိပါသည်။ ကျွန်မ ဘုရားသခင်ကို ယုံကြည်လက်ခံပြီးနောက်တွင် ကျွန်မ၏ သဘောထားက ထိုအတိုင်းသာဖြစ်ခဲ့ပါသည်။ အဘယ့်ကြောင့်ဆိုသော်”အနာမခံရင် အသာမစံရ ဘူး”ဆိုသည့် စကားပုံကို ကျွန်မ ခိုင်မာစွာယုံကြည်ခဲ့ပြီးလျှင် ကျွန်မ၏ ထိုစိတ်သဘောထားကို ကျွန်မ၏ တွန်းအားအတွက် သက်သေအနေဖြင့် မြင်ခဲ့သောကြောင့်ဖြစ်ပါသည်။ ဘုရားသခင်က ကျွန်မအား သမ္မာတရားကိုဖွင့်ပြသည့်အခါတွင် နောက်ဆုံး၌ ကျွန်မသည် စာတန်ချည်နှောင်မှု အောက်တွင် အသက်ရှင်နေထိုင်နေကြောင်း၊ သူ့၏ အုပ်စိုးမှု အောက်တွင် နေထိုင်နေကြောင်း ကျွန်မ သိမြင်ခဲ့ရသည်။Read More »

ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဟာ ကျွန်မကို နိုးထစေခဲ့ပြီ

ကယ်တင်ခြင်း, ဆုတောင်း, သက်သေခံချက်များ, သမ္မာတရား, အသင်းတော်

မြောင်ရှောင်၊ ရှန်တုန်းစီရင်စု

မဟာပလ္လင်ဖြူမှ ထွက်ပြေးနေသော သစ္စာဖောက်နှင့် ရုပ်သေးရုပ်တစ်ရုပ် ဖြစ်နေချေပြီဟု ငါပြောမည်” ဆိုတဲ့ ဘုရားသခင်ရဲ့နှုတ်ထွက်စကားတွေက ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်မြတ်ကိုလက်ခံပြီး နောက်ကြောင်း ပြန်လှည့်သွားတဲ့သူတွေကို ရည်ညွှန်းပြောဆိုခဲ့တာပဲလို့ အရင်က ကျွန်မအမြဲ စဉ်းစားခန်းဖွင့်နေကျ ဖြစ်ခဲ့ပါတယ်။ ကျွန်မအတွက်တော့၊ သူတို့တွေဟာ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းရဲ့ နာကျင်မှုဒဏ်ကို မတွေ့ကြုံ မခံစားချင်တဲ့သူတွေပဲလို့ ထင်ပါတယ်။ အဲဒါကြောင့် အကြောင်းအမျိုးအမျိုးကြောင့် နောက်ကြောင်းလှည့်ပြန်ကြတဲ့ ညီအစ်ကို မောင်နှမတွေကို ကျွန်မတွေ့မိတိုင်း သူတို့တွေဟာ ဘုရားသခင်ရဲ့ အပြစ်ဒဏ်ပေးခြင်းခံရမယ့်၊ ပလ္လင်ဖြူကြီးဆီကနေထွက်ပြေးလာတဲ့ နောက်ထပ် ရုပ်သေးရုပ်တွေနဲ့ သစ္စာဖောက်ဖျက်သူတွေပဲလို့ တွေးမိရင်း ကျွန်မရဲ့စိတ်နှလုံးထဲမှာ သူတို့အပေါ် ရွံရှာစက်ဆုပ်မှုတွေနဲ့ ပြည့်လာတယ်။ အဲဒီလိုမျိုးအဖြစ်နဲ့ကြုံတွေ့ခဲ့တိုင်း ဘုရားသခင်ရဲ့ တရားစီရင်ခြင်းကို ခံယူတဲ့အချိန်မှာ ကျွန်မ ကောင်းမွန်စွာပြုမူနေထိုင်ပြီး ဘုရားသခင်ရဲ့ကယ်တင်ခြင်းကို လက်ခံရရှိဖို့ရာ မဝေးတော့ဘူးလို့ ခံစားခဲ့ရတယ်။Read More »

အခြားလူများနှင့် အတူ အလုပ်လုပ်ဖို့ ကျွန်မ သင်ယူခဲ့သည်

ခရစ်ယာန်, ဆုတောင်း, သမ္မာတရား, အသင်းတော်, ဧဝံဂေလိ

လီဟန်၊ ကျင်းရှီစီရင်စု

ဘုရားသခင်၏ ကျေးဇူးတော်မှ တစ်ဆင့် အသင်းတော်ခေါင်းဆောင်တာဝန်ကို ကျွန်မ ယူခဲ့ပါသည်။ ထိုအချိန်က ကျွန်မ အလွန်စိတ်အားထက်သန်ပြီး ဘုရားသခင်ရှေ့တွင် ကျွန်မ စိတ်ပိုင်းဖြတ်ချက်တစ်ခုချခဲ့သည်။ ဘာကိုပဲ ကျွန်မ ကြုံတွေ့ပါစေ ကျွန်မရဲ့ တာဝန်ဝတ္တရားတွေကို မစွန့်လွှတ်ဘူး။ ကျွန်မ တစ်ခြားအစ်မနဲ့ ကောင်းကောင်းအလုပ်လုပ်မယ်။ သမ္မာတရားနောက်ကို ကြိုးစားလိုက်လျှောက်တဲ့ သူတစ်ယောက်ဖြစ်မယ် ဟူ၍ ဖြစ်သည်။ သို့သော် ကျွန်မက စိတ်ပိုင်းဖြတ်ချက် ချခြင်းသက်သက်သာ ဖြစ်ပြီး လက်တွဲညီသောအလုပ်ဆက်ဆံရေး၏စစ်မှန်မှုထဲသို့ မည်သို့ ဝင်ရောက်ရမည်ကို မသိခဲ့ပါ။ ကျွန်မ နှင့် အတူအလုပ်လုပ်နေသော အစ်မ နှင့် ပထမဆုံး အသင်းတော်ကိစ္စရပ်များကို စီစဉ်သောအချိန်တွင်၊ ကျွန်မတို့တွင် မတူညီသော အမြင်များ ရှိသောအခါ ကျွန်မ၏အဖော်ကို ကျွန်မ အပြစ်မတင်မိဖို ကျွန်မ၏နှလုံးသား နှင့် ဝိညာဉ်ကို ကာကွယ်ဖို့တောင်းဆိုရင်း ဘုရားသခင်ကို သတိရှိရှိ ဆုတောင်းပါသည်။ သို့သော် ကျွန်မ၏အဖော် နှင့် ပဋိပက္ခတွေမဖြစ်အောင် ကျွန်မ၏ အပြုအမူများကို ထိန်းချုပ်သောနေရာ၌သာ ကျွန်မ အာရုံစိုက်နေခဲ့သည်။ ထို့ကြောင့် ကျွန်မ သမ္မာတရားထဲကို မဝင်ရောက်ခဲ့ပါ။ ထို့ကြောင့် အချိန်ကြာလာသည် နှင့်အမျှ အစ်မ နှင့် ပိုပိုပြီး သဘောမတိုက်ဆိုင်မှုများ ရှိလာသည်။ တစ်ခါတွင်ကျွန်မသည် အစ်မတစ်ယောက်ကို ယုံကြည်သူသစ်များအား ရေလောင်းသောရာထူး တိုးပေးချင်ခဲ့၏။ ကျွန်မ နှင့် အတူအလုပ်လုပ်နေသောအစ်မက ယင်းအစ်မက မကောင်းပါဟု ပြောသည်။ သင့်တော်သည့်လူကို ကျွန်မလဲပြီးနောက်တွင် သူက ဒါ မကောင်းဘူးဟု ပြောနေဆဲပင် ဖြစ်သည်။ ကျွန်မ ချက်ချင်းစိတ်တိုပြီး စိတ်ဆိုးဆိုး နှင့် “ ဘယ်သူကမှ မကောင်းဘူး။ နင်ပဲ ကောင်းတယ်” ဟု ပြောလိုက်သည်။ သို့ဖြစ်၍ ဤကိစ္စကို လုံးဝ ထပ်မပြောတော့ပါ။ သူက ထိုအကြောင်းကိုမေးသောအခါ ကျွန်မ စိတ်တိုတို နှင့်၊ “ နင်ကြိုက်တဲ့သူကိုရွေး၊ ငါ ဂရုမစိုက်ဘူး” ဟု ပြောလိုက်သည်။ နောက်ပိုင်းတွင် သူဘာပဲပြောပြော သဘောထားကွဲလွဲမှုရှိခဲ့လျှင် ကျွန်မ ဘာမှမပြောတော့ပါ။ ပဋိပက္ခဖြစ်ခြင်းများကို ရှောင်နိုင်မည်ဟု တွေးထင်ရင်း ကျွန်မ ရေငုံနှုတ်ပိတ်နေလိုက်သည်။ တစ်ခါတစ်လေမှာ ချုပ်တည်းရခြင်းက မခံနိုင်အောင်ဖြစ်လာသည်။ ထို့ကြောင့် ကျွန်မ မှားသွားခဲ့ပြီဟု ခံစားရင်း တစ်နေရာရာ၌ ပုန်းကာ ငို ကြွေးခဲ့သည်။ နင်က မလုပ်နိုင်ဘူးလား။ ဒါဆိုရင် နင့်ဖာသာလုပ်လေ။ ပြီးရင် နင် ကိုယ့်ကိုယ်ကိုယ် အရူးလုပ်နေတာကို ကြည့်မယ် ဟုပင် ကျွန်မစဉ်းစားခဲ့သည်။ နောက်ပိုင်း တစ်ခါတွင် အထက်ခေါင်းဆောင်က ကျွန်မ ကိုင်တွယ်ဖြေရှင်းရမည့် တာဝန်တစ်ခု ပေးခဲ့သည်။ ကိစ္စတစ်ခုလုံးကို ကျွန်မကိုယ်တိုင် ဆုံးဖြတ်ပြီး စီစဉ်ရသည်။ ယင်းနှင့် ပတ်သက်၍ ကျွန်မ အတော်ကျေနပ်သလို ခံစားခဲ့ရသည်။ ကျွန်မနှင့်အတူလုပ်နေသောအစ်မက ကျွန်မကို ချီးကျူးပြီး နှစ်သိမ့်မည်ဟု ထင်ခဲ့သည်။ မျှော်လင့်မထားပဲ ကျွန်မ၏အဖော်က ရေအေးတစ်လုံးနှင့် ကျွန်မကို လောင်းချလိုက်သကဲ့သို့ ငြင်းလိုက်ပြီး၊ “ ဒါက လုပ်ဖို့ တကယ်ကို မှန်ကန်တဲ့ နည်းလမ်းမဟုတ်ဘူး” ဟု ပြောလိုက်လေသည်။ ဤအရာက ကျွန်မကို တကယ်ဒေါသထွက်စေပါသည်။ ရှင် တကယ့်အခြေအနေကို နားမလည်ပဲနဲ့ လုံးဝ ငြင်းပယ်လိုက်တယ်။ ဒါတော်တော် ဘဝင်မြင့်တာပဲ ဟု ကျွန်မ တွေးလိုက်သည်။ ဤသို့ဖြင့် ကျွန်မတို့၏ အမြင်များကို ကိုင်စွဲထားပြီး မည်သူမျှ အချင်းချင်း လက်ခံပေးဖို့ ဆန္ဒမရှိကြပါ။ နောက်ပိုင်းတွင် ဘုရားသခင်၏နှုတ်ကပတ်တော် ဆွေးနွေးမှုများကိုပင် ကျွန်မ နားမထောင်တော့ပါ။ ယင်းကို ကျွန်မ စဉ်းစားလေလေ၊ သူမှားသည်ဟု ကျွန်မ ခံစားရလေလေဖြစ်သည်။ သူ့၏ စီနီယာဖြစ်ခြင်းကို အခွင့်ကောင်းယူပြီး ကျွန်မကို တမင်သက်သက် အခက်တွေ့စေသည်မှာ သူဖြစ်သည်။ ကျွန်မ သူ့ကို အထပ်ထပ်သည်းခံခဲ့သော်လည်း သူ ကျွန်မကို ဤသို့ ဆံဆက်လျက်ပင်ရှိသေးသည်ကိုလည်း တွေးမိပါသည်။ ကျွန်မ စဉ်းစားကြည့်လေလေ ကျွန်မ မှားခဲ့သည်ဟု ခံစားရလေလေ ဖြစ်သည်မှာ အမှောင်ထဲမှာ ကျွန်မ လုံးဝကျန်ရစ်ခဲ့ပြီး သန့်ရှင်းသောဝိညာဉ်တော်ရဲ့လုပ်ဆောင်မှု ပျောက်ဆုံးသွားခဲ့သည်အထိ ဖြစ်သည်။ ထိုအချိန်မှစပြီး ကျွန်မ သူနှင့်အလုပ်လုပ်ဖို့ ဆန္ဒမရှိခဲ့ပါ။ ကျွန်မ အနေနှင့် ဒီကိစ္စက ကိုင်တွယ်ဖို့ ခက်တဲ့အတွက် ကျွန်မ ဒီကိစ္စကနေ ပုန်းပဲနေလိုက်တော့မယ်ဟု စဉ်းစားခဲ့သည်။ ထိုအချိန်က ဤအခြေအနေမျိုးက အတော်အန္တရာယ်ရှိသည်ကိုလည်း ကျွန်မ သိပါသည်။ ဆိုးဝါးသောအရာ တစ်စုံတစ်ခု လုပ်မိခြင်းကို ရှောင်ကြဉ်ဖို့ တာဝန်တွေကို အမြန်ဆုံးလဲလိုက်ဖို တောင်းခံလျှင် ပိုကောင်းမည်ဟု ကျွန်မ တွေးမိသည်။ ထိုကြောင့် နှုတ်ထွက်စာကိုရေးဖို့ ကျွန်မ၏ သိပ်အရေးမပါသော ဝိညာဉ်အသက်တာ နှင့် အရည်အချင်းမပြည့်မှီမှုတို့ကို ဆင်ခြေအဖြစ်အသုံးချခဲ့သည်။ မကြာမီမှာပင် အထက်ခေါင်းဆောင်မှ ရှုံးနိမ့်ခြင်း နှင့် နှုတ်ထွက်ခြင်းကို ဝန်ခံခြင်းနှင့် ဆိုင်သည့် အခြေခံစည်းမျဉ်းများ နှင့် လူတို့ကို ကယ်တင်ဖို့ ဘုရားသခင် လုပ်ဆောင်သော ကြီးမြတ်သည့် စာနာထောက်ထားမှုအကြောင်းကို ဝေမျှခဲ့ပါသည်။ သို့သော် ကျွန်မ၏ နှလုံးသားက မာကျောနေပြီး ပျော့ပြောင်းမသွားပါ။Read More »