ဘာသာရေးအသိုင်းအဝိုင်းကလူအများစုဟာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်အားလုံး သမ္မာကျမ်းစာထဲမှာပဲရှိပြီး သမ္မာကျမ်းစာကလွဲပြီး တခြားနေရာတွေမှာ ဘုရားသခင်ရဲ့လုပ်ဆောင်မှုတွေနှုတ်ကပတ်တော်တွေမရှိဘူးလို့ ယုံကြည်နေကြပါတယ်။ ကိုယ်တော် ပြန်ကြွလာခြင်းနဲ့ ပတ်သက်တဲ့ သူ့ရဲ့စကားတော်တွေကို သမ္မာကျမ်းစာပြင်ပမှာ သူတို့ မရှာဖွေခဲ့ကြပါဘူး။ သူတို့ဒီလိုအတွေးတွေနဲ့ သခင်ပြန်လာတဲ့အခါ ခရီးဦးကြိုပြုနိုင်ပါ့မလား။ ဘုရားသခင်ကို သမ္မာကျမ်းစာထဲမှာပဲ စကားတွေမိန့်ကြားဖို့ ကန့်သတ်လို့ရနိုင်ပါသလား။ သမ္မာကျမ်းစာမှာ ဆိုထားပါတယ် “ယေရှုပြုတော်မူသော အခြားအမှုအရာအများ ရှိ သေး၏။ ထိုအမှုအရာရှိသမျှတို့ကို အသီးအခြားရေးထားလျှင်၊ မြေကြီးမဆံ့နိုင်အောင် ကျမ်းစာများပြားလိမ့်မည် ဟု ထင်မှတ်ခြင်းရှိ၏” (ရှင်ယောဟန် ၂၁:၂၅ )။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေမှာ “သမ္မာကျမ်းစာထဲတွင် မှတ်သားထားသည်များ အားလုံးသည် အကန့်အသတ်ရှိပြီး၊ ဘုရားသခင်၏ လုပ်ဆောင်မှု အားလုံးကို ကိုယ်စားမပြုနိုင်ပေ။“ဟု မိန့်ဆိုခဲ့ပါတယ်။ (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) မှ
Category: ရုပ်ရှင်ဇာတ်လမ်းတိုများ
အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်-ရုပ်ရှင်ဇာတ်လမ်းတိုများ
Myanmar Gospel Movie (ဒီလောက် သာယာလိုက်တဲ့ အသံ) အပြစ်တွေကို လွှတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းက တကယ်ပဲ ကောင်းကင်နိုင်ငံကိုသွားဖို့လက်မှတ်လား – အပိုင်း (၄)
ဘာသာရေးအသိုင်းအဝိုင်းကလူတော်တော်များများက သူတို့ဟာဘုရားသခင်ကိုယုံကြည်ပြီးတဲ့နောက်သူတို့အပြစ်တွေကိုဝန်ခံပြီးနောင်တရခဲ့တဲ့အတွက် သူတို့ဟာခွင့်လွှတ်ခံရပြီး ကျေးဇူးတော်အားဖြင့် ကယ်တင်ခံရပြီ။ သခင်ပြန်လာတဲ့အခါ သူတို့ကိုတိုက်ရိုက်ကောင်းကင်နိုင်ငံတော်ဆီ ခေါ်ဆောင်မှာဖြစ်ပြီး ကိုယ်တော်က သန့်စင်ခြင်းနဲ့ ကယ်တင်ခြင်းကို မလုပ်နိုင်ကောင်းပါဘူးလို့ ထင်ကြတယ်။ ဒီအမြင်ဟာ ဘုရားသခင့်အမှုတော်ရဲ့ စစ်မှန်မှုနဲ့ ကိုက်ညီပါရဲ့လား။ သမ္မာကျမ်းစာထဲမှာ ပြောထားပါတယ်။ “သန့်ရှင်းခြင်းပါရမီမရှိလျှင်၊ အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ။” (ဟေဗြဲ ၁၂:၁၄) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေမှာ “သင်သည် ဘုရားသခင်ထံတွင် သင်၏ ယုံကြည်ခြင်းတွင် အဆင့်တခု ပျောက်ဆုံး နေသည်။ သင်သည် ရွေးနှုတ်ခြင်း ခံရရုံသာ ရှိသေးသည်၊ သို့သော် သင်သည် မပြောင်းလဲသေး။ သင်သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီရန် လိုသေးသောကြောင့် ဘုရားသခင်သည် သင့်ကို ပြောင်းလဲရန်နှင့် သန့်စင်စေရန် အလုပ်တို့ကို ကိုယ်တိုင် လုပ်ရမည်။ သင်သည် အကယ်၍ ကယ်နှုတ်ခြင်းကို ခံရရုံသာဖြစ်ပါက သင်သည် သန့်ရှင်းခြင်းကို ရယူရန် စွမ်းဆောင်နိုင်လိမ့်မည် မဟုတ်ပေ။ ပြောင်းလဲခြင်းနှင့် ပြည့်စုံခြင်း၏ အဓိကအဆင့်ဖြစ်သော လူကို စီမံခန့်ခွဲသည့် ဘုရားသခင်၏ အလုပ်တွင် အဆင့်တစ်ဆင့်ကို လွတ်သွားခဲ့သည့်အတွက် ဤနည်းလမ်းအားဖြင့် သင်သည် ဘုရားသခင်၏ ကောင်းမြတ်သော ကောင်းချီးများကို ဝေမျှရန် အရည်အသွေး ပြည့်မီလိမ့်မည် မဟုတ်ပေ။” လို့ မိန့်ဆိုထားပါတယ်။ (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) မှ
Myanmar Gospel Movie (ဒီလောက် သာယာလိုက်တဲ့ အသံ) သခင်ယေရှုပြန်လာမည့်ပရောဖက်ပြုချက်ဟာ ဘယ်လိုမျိုးမှန်လာမှာလဲ – အပိုင်း (၁)
ဘာသာရေးအသိုင်းအဝိုင်းက လူတော်တော်များများဟာ သခင်မိုးတိမ်ကိုစီးပြီး ကြွလာမယ်ဆိုတဲ့ ပရောဖက်ပြုချက်ကို စွဲကိုင်ထားကြပြီး သူတို့ကို ကောင်းကင်နိုင်ငံဆီ ချီဆောင်ဖို့ ကိုယ်တော်က အဲဒီနည်းလမ်းအတိုင်း ကြွလာမှာကို စောင့်ဆိုင်းနေကြပေမယ့် လှို့ဝှက်စွာ သခင်လာမယ့်အကြောင်းကို သတိမထားမိကြပါဘူး။ “အသံတော်ကား၊ သူခိုးကဲ့သို့ ငါလာ၏။” (ဗျာဒိတ်ကျမ်း၁၆:၁၆) “သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှါ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။” (ရှင်မဿဲ ၂၅:၆) ဒါဆိုသခင်ပြန် ကြွလာမယ်ဆိုတဲ ပရောဖက်ပြုချက်ဟာ မည်သို့အမှန်စင်စစ်ဖြစ်လာမလဲ?ကျွနု်ပ်တို့ရော ပညာရှိသတို့သမီးကဲ့သို့ သခင်ပြန် ကြွလာမည်ကိုကြိုဆိုဖို့ ဘယ်လိုလုပ်ရမလဲ။
Myanmar Movie (နားခိုရာအိမ် ဘယ်မှာလဲ) ဘုရားသခင်သာ လူသားမျိုးနွယ်ကို ကယ်တင်နိုင်ပြီး ကျွန်ုပ်တို့ကို နာကျင်မှုမှ လွတ်မြောက်စေနိုင်သည် အပိုင်း (၁)
လူ့ဘဝတွင် အဘယ်ကြောင့် ဆင်းရဲဒုက္ခ ရှိသနည်း။ များစွာသောသူတို့သည် ဤအရာဖြင့် လုံးပန်းကြသော်လည်း ဘယ်သောအခါမျှ အဖြေ မတွေ့နိုင်ကြပေ။ ဝန်ယာ နှင့် သူမ၏ မိသားစုတို့သည် လူသား ဆက်ဆံရေးများ၏ အဆိုးအကောင်း ပြောင်းလဲမှု တို့ကို အပြည့်အဝ မြည်းစမ်းရင်း ကြိုမမြင်ရသည့် အပြောင်းအလဲတစ်ခုကို အခြေအနေများ၌ ကြုံကြရလေသည်။ နောက်ဆုံးတွင်၊ လူတို့၏ ဘဝများထဲက ဆင်းရဲဒုက္ခ၏ အရင်းအမြစ်ကို အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ရှာတွေ့ကြပြီး သူတို့၏ နာကျင်မှုကို စွန့်ပစ်ပြီး စစ်မှန်သည့် ပျော်ရွှင်မှု မည်သို့ရရှိမည်ကို နားလည်လာကြသည်။ နားခိုရာအိမ် ဘယ်မှာလဲ ဟူသည့် ခရစ်ယာန် ရုပ်ရှင်မှဖြစ်သော ဘုရားသခင်သာ လူသားမျိုးနွယ်ကို ကယ်တင်နိုင်ပြီး ကျွန်ုပ်တို့ကို နာကျင်မှုမှ လွှတ်မြောက်နိုင်စေနိုင်သည်ဟူသည့် ဤဗွီဒီယိုအပိုင်းက အဖြေကိုရဖို့ မိတ်ဆွေကို ကူညီပါလိမ့်မည်။
Myanmar Gospel Movie (ဒီလောက် သာယာလိုက်တဲ့ အသံ) သခင်ယေရှုပြန်ရောက်လာပြီဆိုတာ ဘယ်လိုသေချာနိုင်မလဲ – အပိုင်း (၂)
အသင်းတော်တွေမှာ စတင်ခြောက်ကပ်လာကတည်းက သန့်ရှင်းသောဝိညာဉ်တော်ရဲ့လုပ်ဆောင်မှုနဲ့ သခင့်မျက်မှောက်တော် မရှိတော့တာကို ညီအစ်ကို မောင်နှမတွေ ခံစားခဲ့ရတယ်။ ပြီးတော့ သူတို့အားလုံး သခင့်ရဲ့ ပြန်ကြွလာခြင်းကို တောင့်တနေကြတယ်။ ဒါပေမယ့် သခင်ယေရှုပြန်လာပြီဆိုတဲ့သတင်းကိုကြားတဲ့အခါ အဲဒါဟာ အမှန်ဖြစ်ကြောင်းဘယ်လိုသေချာအောင်လုပ်မလဲ။
အရှေ့အရပ်မှ လျှပ်ပြက်ခြင်း၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ ပေါ်ပေါက်လာခြင်း နှင့် လုပ်ဆောင်မှု၊ သခင်ယေရှုဘုရား၏ ဒုတိယအကြိမ်ကြွလာခြင်း၊ နောက်ဆုံးသောကာလရှိ ခရစ်တော်တို့ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ဖြစ်သည့် အရှေ့အရပ်မှ လျှပ်စီးကို ဖန်တီးခဲ့ပါသည်။ နောက်ဆုံးသောကာလများတွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ လုပ်ဆောင်မှုများကိုလက်ခံသည့်သူများအားလုံး နှင့် ဘုရားသခင်၏နှုတ်ကပတ်တော်ဖြင့် သိမ်းပိုက်စိုးမိုးပြီး ကယ်တင်ခြင်းခံရသောသူများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကိုယ်တော်ကိုယ်တိုင် အားလုံးကိုတည်ထောင်ခြင်းဖြစ်ပြီး သိုးထိန်းကဲ့သို့သူကိုယ်တိုင်ဦးဆောင်ခဲ့သည်။ လူသားတဦးအားဖြင့် ဖန်တီးခဲ့ခြင်း လုံးဝမဟုတ်ပါ။ ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်။ ဘုရားသခင်၏ သိုးများသည် ဘုရားသခင်၏ အသံကိုကြားပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်နေသရွေ့ ဘုရားသခင်သည် ပေါ်ထွန်းခဲ့ကြောင်း သင်သိရှိရလိမ့်မည်။
【Live】ဧဝံဂေလိရုပ်ရှင် | ကယ်တင်ခံရခြင်းနဲ့ စစ်မှန်တဲ့ကယ်တင်ခြင်းတို့ကြား ခွဲခြားနည်း။
ညီအစ်ကို မောင်နှမတို့ မင်္ဂလာပါ၊ ကျွန်တော်တို့ရဲ့ အစီအစဉ်ကနေ ကြိုဆိုပါတယ်။ ဒီထုတ်လွှင့်မှုရဲ့ ခေါင်းစဉ်ကတော့ ကယ်တင်ခံရခြင်းနဲ့ စစ်မှန်တဲ့ ကယ်တင်ခြင်းတို့ကြား ခွဲခြားနည်းပဲဖြစ်ပါတယ်။
အနှစ်နှစ်ထောင်ကြာ၊ သခင့်ကို ယုံကြည်သူများစွာက သခင့်ကို ယုံကြည်ခြင်းကနေတဆင့် သူတို့ရဲ့ အပြစ်တွေ ဖြေလွှတ်ခံရတဲ့သူတွေဟာ ကိုယ်တော်ရဲ့ ကျေးဇူးတော်အောက်မှာရှိပြီး ကယ်တင်ခံရကြတယ်၊ ပြီးတော့ နှိမ့်ချခြင်းနဲ့ သည်းခံခြင်းတွေကို ကျွန်တော်တို့ ကျင့်သုံးနိုင်ရင်၊ ကျွန်တော်တို့ရဲ့ ကားတိုင်ကိုထမ်းပြီး အဲဒီလို ကောင်းမြတ်တဲ့ လုပ်ရပ်များစွာကို ပြသနိုင်ရင် ဒါက ကျွန်တော်တို့ဟာ ပြောင်းလဲမှုတစ်ခုကို ကြုံပြီးပြီလို့ ဆိုလိုတယ်ဆိုပြီး ယုံကြည်ခဲ့ကြတယ်။သူတို့က ဒီလိုနည်းလမ်းနဲ့ ကျွန်တော်တို့ အမြဲရှာဖွေနိုင်ရင် နောက်ဆုံးမှာ ကောင်းကင်နိုင်ငံတော်ထဲကို ကျွန်တော်တို့ ချီဆောင်ခံရနိုင်တယ်လို့လည်း ယုံကြည်ကြတယ်။အမှန်တရားတွေက တကယ် ဒီလိုပဲလား သခင့်ကို ယုံကြည်ပြီးတဲ့နောက် ကောင်းတဲ့လုပ်ရပ်တစ်ချို့ကို ကျွန်တော်တို့ ပြနိုင်ပေမယ့်လည်း၊ ကျွန်တော်တို့ မကြာခဏ အပြစ်ပြုမိကြသလို အပြစ်ရဲ့ချည်နှောင်တာ ခံရတယ်လေ ဒါက စစ်မှန်တဲ့ ကယ်တင်ခြင်းကို ကျွန်တော်တို့ရပြီးပြီလို့ ဆိုလိုသလား။ ဒါဆိုရင် ကယ်တင်ခံရခြင်းဆိုတာ ဘာဖြစ်ပြီး စစ်မှန်တဲ့ ကယ်တင်ခြင်းက ဘာများလဲ။ ကယ်တင်ခံရခြင်းနဲ့ စစ်မှန်တဲ့ ကယ်တင်ခြင်းတို့ကြား ခြားနားမှု အတိအကျက ဘာလဲ။Read More »
(သေစေနိုင်သည့် မသိမြင်မှု) စစ်မှန်သည့်လမ်းအား စူးစမ်းရှာဖွေရာတွင် မည်သူ၏ စကားများအား အလေးပေးသင့်သနည်း
ဘုရားသခင်၏ပေါ်ထွန်းခြင်းအား တောင့်တကြသည့်၊ သခင့်၌ စစ်မှန်သည့် ယုံကြည်သူများသည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို ဖတ်ရှုပြီးဖြစ်ကာ ထိုနှုတ်ကပတ်တော်တို့သည် သမ္မာတရားဖြစ်ပြီး ဘုရားသခင်၏အသံတော်ဖြစ်ကြောင်းကို အားလုံးအသိအမှတ်ပြုကြပြီး စစ်မှန်သည့်လမ်းကို ရှာဖွေလေ့လာစူးစမ်းရန် ဆန္ဒရှိနေကြသည်။ သို့ရာတွင် အချို့မှာ မေ ၂၈ ရက်နေ့၊ ကျောင်ယွမ်၊ ရှန်ဒုံအမှုကြောင့်၊ တရုတ်ကွန်မြူနစ်ပါတီဘုရားမဲ့အစိုးရ၊ သင်းအုပ်ဆရာများနှင့် ဘာသာရေးလောကအကြီးအကဲများ ဖြန့်သည့် အလိမ်အညာများကို ယုံကြည်ကြသောကြောင့် ဘုရားသခင်၏ အမှုတော်ကို သံသယဝင်ပြီး စစ်မှန်သည့်လမ်းကိုရှာဖွေခြင်းအား စွန့်လွှတ်လိုကြသည်။ ဤနေရာတွင် တကယ့်ပြဿနာမှာ မည်သည့်အရာနည်း။ ရှန်ဒုံ ကျောင်ယွမ်အမှုသည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့်အမှုတော်တို့နှင့် ဆက်စပ်နေပါသလား။ စစ်မှန်သည့်လမ်းကို စူးစမ်းရှာဖွေရာတွင် မည်သူ၏ စကားကို ခရစ်ယာန်များ အမှန်တကယ် အလေးပေးသင့်ပါသနည်း။
အကြံပြုခရစ်ယာန်ရုပ်ရှင်
Myanmar Movie 2019 တရုတ်ပြည်မှ ဘာသာရေးဖိစီးနှိပ်စက်မှု ၅ (ကျရှုံးလုဆဲဆဲမှာ ပြန်လည်ရှင်သန်ခြင်း)
သင်းအုပ်ဆရာများနှင့် အကြီးအကဲများသည် အဘယ်ကြောင့် အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို ပြစ်ဒဏ်ချမှတ်ကြသနည်း
အဘယ့်ကြောင့် သင်းအုပ်ဆရာများနှင့် ဘာသာရေးလောကမှ အကြီးအကဲများ သည် အနန္တတန်ခိုးရှင် ဘုရားသခင်အား ဆန့်ကျင်ပြီး၊ ပြစ်ဒဏ်ချ မှတ်ကြသနည်း။ အဘယ်ကြောင့်ဆိုသော် သူတို့သည် လူ့ဇာတိခံ အနန္တတန်ခိုးရှင် ဘုရားသခင်ဖော်ပြသော သမ္မာတရားအား မုန်းတီးကာ ရန်လိုကြပြီး လက်မခံနိုင်ခြင်းကြခြင်းကြောင့်ဖြစ်သည်။ ဤသည်မှာ ခရစ်တော်ကို သူတို့ ငြင်းပယ်၊ ပြစ်ဒဏ်ချမှတ်ပြီး ဆန့်ကျင်ကြသည့် အကြောင်းရင်းဖြစ်သည်။ ဤအရာကသမ္မာတရားကို မုန်းတီးသော သူတို့တွင်ရှိသည့် ဆိုးယုတ်သည့်အနှစ်သာရကို ထုတ်ဖော် ပြသသည်။ ခရစ်တော် ဖော်ပြသော သမ္မာတရားသည် အလွန်တရာ တန်ခိုးကြီးမားပြီး၊ သြဇာအာဏာရှိပေသည်။ ၎င်းသည် လူသားမျိုးနွယ်အား နိုးထစေနိုင်ပြီး၊ ကယ်တင်နိုင်သကဲ့သို့ လူတို့အား စာတန်၏ စွမ်းအားများမှ ထွက်ပြေးလွတ်မြောက်ကာ ဘုရားသခင်ထံ ပြန်လှည့်လာစေနိုင်သည်။ ထို့ကြောင့်ပင်၊ သူတို့၏ ကိုယ်ပိုင်ကျော်ကြားမှုများ၊ အကျိုးအမြတ်များနှင့် ဂုဏ်အဆင့်အတန်းများကို ကာကွယ်ရန်အတွက်၊ ဘာသာရေးလောကမှ ခေါင်းဆောင်များ သည်၊ ခရစ်တော်အား နောက်တကြိမ်၊ကားတိုင်တင် သံရိုက်စီရင်ကြခြင်းဖြစ်သည်။ ဤအရာများ သည် မှန်ကန်သော အချက်အလက် ဖြစ်ပြီး ဘုရားသခင်အား အစေခံသော်လည်း၊ တပြိုင်နက်ထဲ ခုခံနေသော ဘာသာရေး ခေါင်းဆောင်များ၏ အနှစ်သာရပင်ဖြစ်သည်။
ခရစ်ယာန်ဧဝံဂေလိရုပ်ရှင်များကို အခမဲ့ကြည့်ရှုခြင်း
Myanmar Christian Movie တရုတ်ပြည်မှ ဘာသာရေးဖိစီးနှိပ်စက်မှု ၅ (ကျရှုံးလုဆဲဆဲမှာ ပြန်လည်ရှင်သန်ခြင်း)
Myanmar Gospel Movie (နားခိုရာအိမ် ဘယ်မှာလဲ ) God Gave Me a Happy Family
တရုတ်ကွန်မြူနစ်ပါတီသည် အဘယ်ကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို ညဉ်းပန်းနှိပ်စက်ကြသနည်း
တရုတ်ကွန်မြုနစ်ပါတီ သည် သမ္မာတရားနှင့် ဘုရားသခင်အား အမှန်တကယ် မုန်းသော ဆိုးယုတ်သော အစိုးရ ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် သည်သာ၊ သမ္မာတရားကို ဖေါ်ပြနိုင်သည့် ဤလောက၌ တစ်ခုတည်းသော မျက်မြင်ထင်ရှားဖြစ်နေသော အရာ ဖြစ်ကြောင်း ၎င်းတို့သိသည်။ အနန္တတန်ခိုးရှင် ဘုရားသခင် သည် နောက်ဆုံးသောကာလ၏ ကယ်တင်ခြင်းအမှုတော်ကို ဆောင်ရွက်နေဆဲဖြစ်သည်။ အကယ်၍ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်သည် လူများကြားတွင်ပြန့်နှံ့ နေလျှင်၊သမ္မာတရားကို ချစ်မြတ်နိုးသော လူတိုင်း ၊ အနန္တတန်ခိုးရှင် ဘုရားသခင် ထံ ပြန်လာမည်ဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီ ၏ ဆိုးယုတ်သော မျက်နှာသည်၊ ၎င်း၏ မျက်နှာအမှန်ဖြစ်ပြီး၊ သမ္မာတရား ကိုမုန်းတီးပြီး၊ ဘုရားသခင်အား ခုခံတော်လှန်နေခြင်းသည် ထုတ်ဖော်ခံရမည်ဖြစ်သည်။ ထိုနောက် လူသားမျိုးနွယ်တစ်ခုလုံး သည် တရုတ်ကွန်မြုနစ်ပါတီအား ကျောခိုင်းစွန့်ခွာသွားလိမ့်မည်။ ၎င်းသည် တရုတ်ပြည် တွင် ခြေကုပ် ယူနိုင်လိမ့်မည် မဟုတ်တော့ပေ။ ၎င်းသည် လောကီနိုင်ငံသားတို့အား ဆက်လက်ပြီး မပျက်ဆီးစေနိုင်သလို ထောင်ချောက်မဆင်နိုင်တော့ပေ။ ထို့ကြောင့်ပင် တရုတ်ကွန်မြူနစ်ပါတီ သည် အနန္တတန်ခိုးရှင် ဘုရားသခင်အား မုန်းတီး ပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်အား ထိတ်ထိတ်ပျာပျာ ညှဉ်းဆဲ နေခြင်းဖြစ်သည်။
ခရစ်ယာန်ဧဝံဂေလိရုပ်ရှင်များကို အခမဲ့ကြည့်ရှုခြင်း
Myanmar Gospel Movie (နားခိုရာအိမ် ဘယ်မှာလဲ ) God Gave Me a Happy Family
Myanmar Movie 2019 တရုတ်ပြည်မှ ဘာသာရေးဖိစီးနှိပ်စက်မှု ၅ (ကျရှုံးလုဆဲဆဲမှာ ပြန်လည်ရှင်သန်ခြင်း)
Myanmar Gospel Movie Clip 5 (နောက်ဆုံးသောကာလ၌ တရားစီရင်ခြင်းကို ကြုံရခြင်းနှင့် စာတန်၏ကျော့ကွင်းကို ထိုးဖောက်ကျော်လွန်ခြင်း)
သမ္မာကျမ်းစာ၌ဆိုသည်ကား“ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာ စစ်ကြော စီရင်ရသော အချိန်ရှိပြီ။” (၁ပေ ၄:၁၇) နောက်ဆုံးသောကာလ၌ အနန္တတန်ခိုးရှင်ဘုရားသခင်မှ လူကို သန့်စင်စေပြီး ကယ်တင်သော သမ္မာတရားအားလုံးကို ဖော်ပြပြီး သူ၏ ဖြောင့်မတ်ပြီး ကြီးကျယ် ခမ်းနားကာ ချိုးဖောက်မရနိုင်သော စိတ်သဘောထားကို ကျွနု်ပ်တို့အား ပြသလေသည်။ လူသည် စာတန်၏စွမ်းအားမှ ထွက်ပြေးလွတ်မြောက်ပြီး ဘုရားသခင်ထံအမှန်တကယ်လှည့်ပြန်လာနိုင်ရန်အလို့ငှာ လူကို ကယ်တင်ဖို့ရန် နောက်ဆုံးသောကာလ၌ ဘုရားသခင်သည် တရားစီရင်ခြင်း အမှုတော်ကို ဆောင်ရွက်ခြင်းဖြစ်သည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော်ကို လက်ခံသော ဘုရားသခင်ရွေးကောက်ထားသည့် လူများအားလုံးသည် သင်းအုပ်ဆရာများနှင့် အကြီးအကဲများ၏ ဘုရားသခင်အတွက်အစေခံခြင်းက အမှန်တကယ်တွင် ဘုရားသခင်ကို အာခံသည့်အကြောင်း အချက်အလက်ကျကျ အမှန်တရားကို ရှင်းလင်းစွာ မြင်ကြပြီး ၊ သူတို့၏ သူတော်ကောင်းယောင်ဆောင်ခြင်းနှင့် သမ္မာတရားမုန်းသော အန္တိခရစ် သဘာဝများကို တဖြည်းဖြည်း ရှင်းလင်းစွာ မြင်လာကြသည်၊ ထို့ကြောင့် သူတို့သည် သင်းအုပ်ဆရာများနှင့် အကြီးအကဲများ၏ ရှုပ်ထွေးစေခြင်း၊ ထိန်းချုပ်ခြင်းများမှ ထွက်ပြေးလွတ်မြောက်ကြသည်။ ဘုရားသခင် ရွေးကောက်ထားသော လူများ၏ ခရစ်တော်ပလ္လင်ရှေ့တွင် တရားစီရင်ခြင်း အတွေ့အကြုံများနှင့်ဆိုင်သော သက်သေခံချက်များကို နားထောင်ခြင်းဖြင့် နောက်ဆုံးသောကာလ၌ ဘုရားသခင်၏တရားစီရင်ခြင်းအမှုတော်ကို သိနားလည်လာပါလိမ့်မည်။
ခရစ်ယာန်ရုပ်ရှင်များကို အခမဲ့ကြည့်ရှုခြင်း
Myanmar New Movie 2019 တရုတ်ပြည်မှ ဘာသာရေးဖိစီးနှိပ်စက်မှု ၅ (ကျရှုံးလုဆဲဆဲမှာ ပြန်လည်ရှင်သန်ခြင်း)