ဘုရားသခင်၏ ပြောဆိုသံ | ဘုရားသခင်ကို သိခြင်းသည် ကိုယ်တော်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းဆီသို့ သွားရာလမ်းဖြစ်၏

အနန္တတန်ခိုးရှင်ဘုရားသခင်ပြောသည်- “‘ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း’ နှင့် ဘုရားသခင်ကို သိခြင်းတို့သည် မြောက်မြားစွာသောကြိုးမျှင် တို့ဖြင့် ခွဲခြား၍မရနိုင်အောင် ဆက်သွယ်ထားပါသည်။ ထို့ပြင် ယင်းတို့နှစ်ခုအကြား ဆက်သွယ်မှုမှာ ကိုယ်တိုင်သက်သေပြနေခြင်းဖြစ်သည်။ အကယ်၍ လူတစ်ယောက်သည် မကောင်းမှုကို ရှောင်ကြဉ်လိုပါက ထိုသူသည် ဦးစွာ ဘုရားသခင်ကို အမှန်တကယ် ကြောက်ရွံ့ရမည်။ အကယ်၍ လူတစ်ယောက်သည် ဘုရားသခင်ကို အမှန်တကယ် ကြောက်ရွံ့လိုပါက ထိုသူသည် ဦးစွာ ဘုရားသခင်အကြောင်း အသိပညာအမှန် ရှိရမည်။ အကယ်၍ လူတစ်ယောက်သည် ဘုရားသခင်အကြောင်း အသိပညာအမှန် ရှိလိုပါက ထိုသူသည် ဦးစွာ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် တွေ့ကြုံရပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အစစ်အမှန်တရားကို မွေ့လျော်ကာ၊ ဘုရားသခင်၏ ကျိုးနွံအောင် ဆုံးမခြင်းနှင့် စည်းကမ်း၊ ပြစ်ဒဏ်ခတ်ခြင်းနှင့် တရားစီရင်ခြင်း တို့ကို တွေ့ကြုံရပါလိမ့်မည်။ အကယ်၍ လူတစ်ယောက်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် တွေ့ကြုံလိုပါက ထိုသူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဦးစွာ တေ့တေ့ဆိုင်ဆိုင် ဆုံရမည်။ ဘုရားသခင်နှင့် တေ့တေ့ဆိုင်ဆိုင် ဆုံရမည်။ ထို့နောက် လူသားများ၊ အဖြစ်အပျက်များနှင့် အရာဝတ္ထုများပါဝင်သော ပတ်ဝန်းကျင် အမျိုးမျိုးတို့အကြောင်း ရေးထားသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံရန်၊ အခွင့်အရေးများပေးပါရန် ဘုရားသခင်အား တောင်းပန်ရမည်။ အကယ်၍ လူတစ်ယောက်သည် ဘုရားသခင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် တေ့တေ့ဆိုင်ဆိုင် ကြုံတွေ့ချင်ပါလျှင် ဦးစွာ ထိုသူသည် ရိုးရှင်းသော၊ ဖြောင့်မတ်သော နှလုံးသား၊ သမ္မာတရားကို လက်ခံရန် အဆင်သင့်ဖြစ်မှု၊ ဒုက္ခများကို သည်းညည်းခံနိုင်သည့် စိတ်ဆန္ဒ၊ မကောင်းမှုကို ရှောင်ကြဉ်ရန် ဆုံးဖြတ်ချက်နှင့် သတ္တိ၊ စစ်မှန်သော ဖန်ဆင်းခံလူသား ဖြစ်လာရန်ဟူသော ပြင်းပြသည့် ရည်မှန်းချက်တို့ကို ပိုင်ဆိုင်ရပါမည်။… ဤနည်းအားဖြင့် ရှေ့သို့ တစ်လှမ်းချင်း လှမ်းခြင်းဖြင့် ဘုရားသခင်နှင့် ပို၍နီးကပ် လာပါလိမ့်မည်။ သင့်နှလုံးသားသည် ပို၍ သန့်စင်လာပါ လိမ့်မည်။ ထို့ပြင် သင့်အသက်တာနှင့် ရှင်သန်ခြင်း တန်ဖိုးများသည် ဘုရားသခင်အကြောင်း သင့်အသိပညာတို့နှင့်အတူ ပို၍အဓိပ္ပာယ် ရှိလာမည်ဖြစ်ပြီး ပို၍ပင် တောက်ပ အရောင်လက်လာ လိမ့်မည်။”

ဆက်သွယ်မှုများ ခရစ်ယာန် တရားဒေသနာ

Advertisements

ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားများ စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု နိမိတ်ပြနေသည့် မိုးချုန်းသံ ခုနစ်ချက် – ကောက်နုတ်ချက်

အနန္တတန်ခိုးရှင်ဘုရားက ပြောသည် “အရှေ့တိုင်း၏ အလင်း တဖြည်းဖြည်း ဖြူသွားသည့် အခါမှ ကမ္ဘာတဝန်းရှိအမှောင်သည် အလင်းသို့ စတင်ပြောင်းလဲကာ ငါသည်လွန်ခဲ့သော ကာလများစွာတွင် ဣသရေလပြည်မှ ထွက်သွား၍ အရှေ့တိုင်းတွင် အသစ်တစ်ဖန် ပေါ်ထွက်လာနေသည်ကို တွေ့ရှိကြမည် ဖြစ်သည်။ ဣသရေလပြည်သို့ တစ်ချိန်ကဆင်းသက်ပြီး နောင်တွင် ၎င်းမှထွက်ခွာလာခဲ့ခြင်းကြောင့် ငါသည် ဣသရေလပြည်တွင် ထပ်မံမွေးဖွားခြင်း မပြုနိုင်ပါ။ အကြောင်းမူကား ငါ၏အမှုသည် စကြာဝဠာတစ်ခုလုံးကို လမ်းပြခြင်း ဖြစ်သည့်အပြင် အရှေ့တိုင်းမှ အနောက်တိုင်းသို့ ဖြောင့်တန်းလျက် လျှပ်ပြက်သောကြောင့် ဖြစ်သည်။ ၎င်းအကြောင်းရင်းကြောင့် ငါသည် အရှေ့တိုင်းသို့ ဆင်းသက်ခဲ့ကာ ခါနာန်ပြည်ကို အရှေ့တိုင်း သားများထံ ယူဆောင်ခဲ့ခြင်းဖြစ်သည်။ ငါသည် တစ်ကမ္ဘာလုံးရှိ လူသားများကို ခါနာန်ပြည်သို့ ခေါ်ဆောင် လိုသဖြင့် စကြာဝဠာ တစ်ခုလုံးကို ထိန်းချုပ်နိုင်ခြင်းငှာ ခါနာန်ပြည်တွင် ငါသည် ဖွင့်ဟခြင်းများ ဆက်လက် ပြုလုပ်သည်။ ယခုအချိန်တွင် ခါနာန်ပြည်မှလွဲ၍ မြေပြင်တစ်ခုလုံး အလင်းမရှိပါ။ ထို့အပြင် လူသားအားလုံး ဆာလောင်မှုနှင့် အအေးတို့ကြောင့် ပျက်စီးနေ၏။ ငါသည် ငါ၏ဘုန်းတန်ခိုးကို ဣသရေလတို့ကို ပေးပြီးနောက် ပြန်ယူလိုက်၏။ ထို့နောက် ဣသရေလအမျိုးတို့အား အရှေ့တိုင်းသို့ ခေါ်ဆောင်ခဲ့ပြီး လူသား အားလုံးကို အရှေ့တိုင်းသို့ ခေါ်ဆောင်ခဲ့၏။ ၎င်းတို့အားလုံး အလင်းနှင့် ပြန်လည်ပူးပေါင်း၍ ပေါင်းသင်းကာ၊ ရှာဖွေခြင်း မပြုတော့ရန်အလို့ငှာ ငါသည် အလင်းထံ ခေါ်ဆောင်လာခဲ့သည်။ ”

များပြားသောအကြံပြုချက်များ ဧဝံဂေလိတရားတော်

သခင်ယေရှု၏ ရွေးနှုတ်ခြင်းဆိုင်ရာ အဓိပ္ပါယ် အစစ်အမှန်ကို သင်သိပါသလား

နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ (သုံးပါးတစ်ဆူ တည်ရှိပါသလောာ) အပိုင်း နှစ်

အနန္တတန်ခိုးရှင်ဘုရားသခင်ပြောသည်- “ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်ဟူသည့် ဤအယူအဆသည် လုံးဝအဓိပ္ပာယ်မရှိသော အရာပင်ဖြစ်သည်။ ယင်းသည် ဘုရားသခင်အား ပိုင်းစိတ်ကာ သူ့အား တစ်ဦးချင်းစီတွင် ဂုဏ်ပုဒ်နှင့် ဝိညာဉ်တော်ရှိသော ပုဂ္ဂိုလ်သုံးပါးအဖြစ်သို့ ခွဲခြမ်းပစ်သည်၊ ဤတွင် သူသည် အဘယ်နည်းနှင့် ဝိညာဉ်တော်တစ်ပါးနှင့် ဘုရားသခင်တစ်ဆူတည်းအဖြစ် ဆက်ရှိနေနိုင်မည်နည်း။ ငါ့ကိုပြောပါ၊ ကောင်းကင်၊ မြေကြီးနှင့် ထိုအထဲမှ အရာများအားလုံးကို ဖန်ဆင်းခဲ့သည်မှာ ခမည်းတော်လော၊ သားတော်လော၊ သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်ပင်လော။ ယင်းတို့ကို သူတို့အားလုံး အတူတကွ ဖန်ဆင်းခဲ့သည်ဟု အချို့က ပြောကြသည်။ ဤသို့ဆိုလျှင် လူသားမျိုးနွယ်အား မည်သူက ရွေးနှုတ်ခဲ့သနည်း။ ထိုသူမှာ သန့်ရှင်းသော ဝိညာဉ်တော်လော၊ သားတော်လော၊ သို့တည်းမဟုတ် ခမည်းတော်လော။ လူသား မျိုးနွယ်အား ရွေးနှုတ်ခဲ့သူမှာ သားတော်ပင်ဖြစ်သည်ဟု အချို့က ဆိုကြသည်။ ဤသို့ဆိုလျှင် အနှစ်သာရအရတွင်ကား သားတော်သည် အဘယ်သူဖြစ်သနည်း။ သူသည် ဘုရားသခင် ဝိညာဉ်တော်၏ လူ့ဇာတိခံယူခြင်းပင် မဟုတ်ပေလော။ ဖန်ဆင်းခံလူတစ်ဦး၏ ရှုမြင်ပုံအရ အဆိုပါလူ့ဇာတိခံယူသူသည် ကောင်းကင်ဘုံမှ ဘုရားသခင်ကို ခမည်းတော်ဟူသော အမည်ဖြင့် ခေါ်ဆိုသည်။ ယေရှုသည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေ တည်၍ မွေးဖွားခဲ့သည်ကို သင်သတိမပြုမိသလော။ သူ၏အတွင်းတွင် သန့်ရှင်းသော ဝိညာဉ်တော်ပင် ဖြစ်သည်၊ သင်မည်သို့ပင် ဆိုသည်ဖြစ်စေ၊ သူသည် ကောင်းကင်ဘုံမှ ခမည်းတော်နှင့် တစ်လုံးတစ်ဝတည်းပင် ဖြစ်နေသေးသည်၊ အကြောင်းမှာသူသည် ဘုရားသခင်ဝိညာဉ်တော်၏ လူ့ဇာတိခံယူခြင်းပင် ဖြစ်သောကြောင့် ဖြစ်သည်။ ဤသားတော်ဟူသော စိတ်ကူးအကြံသည် တကယ်ပင် မမှန်ကန်ပါ။ ယင်းသည် အလုပ်အားလုံးကို ဆောင်ရွက်သော ဝိညာဉ်တော် တစ်ပါးတည်းသာ ဖြစ်သည်၊ ဘုရားသခင် ကိုယ်တိုင်သာလျှင်၊ ဆိုလိုသည်မှာ၊ ဘုရားသခင်၏ ဝိညာဉ်တော်သာလျှင် သူ၏အလုပ်အား ဆောင်ရွက်သူဖြစ်သည်။”Read More »

ဘုရားသခင်၏ ပြောဆိုသံ | လူ့ဇာတိခံယူထားသော ဘုရားသခင်နှင့် ဘုရားအသုံးပြုသောလူတို့ကြား ပဓာနကျသည့် ကွာခြားချက်

လူ့သဘာဝအတွင်း အလုပ်လုပ်သော သူတို့သည် ဘုရားသခင်၏ အသုံးပြုခြင်းခံရသော လူများဖြစ်သော်လည်း၊ ဘုရား၏ သဘောသဘာဝအတွင်း အလုပ်လုပ်သောသူမှာ ဘုရားသခင်ကို ကိုယ်စားပြု၏။ ဆိုလိုသည်မှာ၊ လူ့ဇာတိခံယူထားသော ဘုရားသခင်သည် ဘုရားသခင်၏ အသုံးပြုခြင်းခံရသော လူတို့နှင့် ခိုင်ခိုင်မာမာ ကွာခြားပေသည်။ လူ့ဇာတိခံယူထားသော ဘုရားသခင်သည် ဘုရားသဘောသဘာဝ၏အမှုကို လုပ်ဆောင်နိုင်ပြီး ဘုရားသခင်၏ အသုံးပြုခြင်းခံရသော လူတို့ကမူ မလုပ်ဆောင်နိုင်ကြပါ။ ခေတ်ကာလအသီးသီး၏အစတွင်၊ ဘုရားသခင်၏ဝိညာဉ်တော်သည် ခေတ်သစ်ကို အစပြုဖို့ရန်နှင့် လူကို အသစ်သောအစပြုရာအတွင်းသို့ ရောက်စေဖို့ ကိုယ်တိုင်ကိုယ်ကျ မိန့်မြွက်သည်။ သူ၏မိန့်မြွက်ခြင်း ပြီးဆုံးသောအခါ၊ ဤသည်မှာ သူ၏ဘုရားသဘောသဘာဝအတွင်းရှိ အမှုတော်ပြီးမြောက်ပြီဟူသည့် လက္ခဏာဖြစ်သည်။ ယင်းနောက်တွင်၊ လူအားလုံးတို့သည် မိမိတို့၏ အသက်တာအတွေ့အကြုံများအတွင်းသို့ ဝင်ရောက်ရန် ဘုရားသခင်၏ အသုံးပြုခြင်းခံရသောသူတို့၏ ဦးဆောင်မှုကို လိုက်နာကြလေသည်။ ထိုနည်းတူစွာ ဤသည်မှာ ဘုရားသခင်က လူကို ခေတ်သစ်အတွင်းသို့ ခေါ်ဆောင်ပြီး အယောက်တိုင်းကို အသစ်သောအစပြုရာတစ်ခု ပေးတော်မူသည့် အဆင့်လည်း ဖြစ်သည်။ ဤသို့ဖြင့်၊ ဇာတိခန္ဓာ၌ ဘုရားသခင်၏အမှုတော် အဆုံးသတ်ခဲ့၏။

များပြားသောအကြံပြုချက်များ ဧဝံဂေလိတရားတော်

ချီဆောင်ခြင်း ဆိုသည် မှာ အဘယ်နည်း

နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ (သုံးပါးတစ်ဆူ တည်ရှိပါသလော – အပိုင်း တစ်)

အနန္တတန်ခိုးရှင်ဘုရားသခင်ပြောသည်- “ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်ဟူသည့် ဤအယူအဆသည် လုံးဝအဓိပ္ပာယ်မရှိသော အရာပင်ဖြစ်သည်။ ယင်းသည် ဘုရားသခင်အား ပိုင်းစိတ်ကာ သူ့အား တစ်ဦးချင်းစီတွင် ဂုဏ်ပုဒ်နှင့် ဝိညာဉ်တော်ရှိသော ပုဂ္ဂိုလ်သုံးပါးအဖြစ်သို့ ခွဲခြမ်းပစ်သည်၊ ဤတွင် သူသည် အဘယ်နည်းနှင့် ဝိညာဉ်တော်တစ်ပါးနှင့် ဘုရားသခင်တစ်ဆူတည်းအဖြစ် ဆက်ရှိနေနိုင်မည်နည်း။ ငါ့ကိုပြောပါ၊ ကောင်းကင်၊ မြေကြီးနှင့် ထိုအထဲမှ အရာများအားလုံးကို ဖန်ဆင်းခဲ့သည်မှာ ခမည်းတော်လော၊ သားတော်လော၊ သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်ပင်လော။ ယင်းတို့ကို သူတို့အားလုံး အတူတကွ ဖန်ဆင်းခဲ့သည်ဟု အချို့က ပြောကြသည်။ ဤသို့ဆိုလျှင် လူသားမျိုးနွယ်အား မည်သူက ရွေးနှုတ်ခဲ့သနည်း။ ထိုသူမှာ သန့်ရှင်းသော ဝိညာဉ်တော်လော၊ သားတော်လော၊ သို့တည်းမဟုတ် ခမည်းတော်လော။ လူသား မျိုးနွယ်အား ရွေးနှုတ်ခဲ့သူမှာ သားတော်ပင်ဖြစ်သည်ဟု အချို့က ဆိုကြသည်။ ဤသို့ဆိုလျှင် အနှစ်သာရအရတွင်ကား သားတော်သည် အဘယ်သူဖြစ်သနည်း။ သူသည် ဘုရားသခင် ဝိညာဉ်တော်၏ လူ့ဇာတိခံယူခြင်းပင် မဟုတ်ပေလော။ ဖန်ဆင်းခံလူတစ်ဦး၏ ရှုမြင်ပုံအရ အဆိုပါလူ့ဇာတိခံယူသူသည် ကောင်းကင်ဘုံမှ ဘုရားသခင်ကို ခမည်းတော်ဟူသော အမည်ဖြင့် ခေါ်ဆိုသည်။ ယေရှုသည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေ တည်၍ မွေးဖွားခဲ့သည်ကို သင်သတိမပြုမိသလော။ သူ၏အတွင်းတွင် သန့်ရှင်းသော ဝိညာဉ်တော်ပင် ဖြစ်သည်၊ သင်မည်သို့ပင် ဆိုသည်ဖြစ်စေ၊ သူသည် ကောင်းကင်ဘုံမှ ခမည်းတော်နှင့် တစ်လုံးတစ်ဝတည်းပင် ဖြစ်နေသေးသည်၊ အကြောင်းမှာသူသည် ဘုရားသခင်ဝိညာဉ်တော်၏ လူ့ဇာတိခံယူခြင်းပင် ဖြစ်သောကြောင့် ဖြစ်သည်။ ဤသားတော်ဟူသော စိတ်ကူးအကြံသည် တကယ်ပင် မမှန်ကန်ပါ။ ယင်းသည် အလုပ်အားလုံးကို ဆောင်ရွက်သော ဝိညာဉ်တော် တစ်ပါးတည်းသာ ဖြစ်သည်၊ ဘုရားသခင် ကိုယ်တိုင်သာလျှင်၊ ဆိုလိုသည်မှာ၊ ဘုရားသခင်၏ ဝိညာဉ်တော်သာလျှင် သူ၏အလုပ်အား ဆောင်ရွက်သူဖြစ်သည်။”

ခရစ်ယာန်ရုပ်ရှင်ကိုဝေမျှခြင်း

Myanmar New Movie 2019 တရုတ်ပြည်မှ ဘာသာရေးဖိစီးနှိပ်စက်မှု ၅ (ကျရှုံးလုဆဲဆဲမှာ ပြန်လည်ရှင်သန်ခြင်း)

ဘုရားသခင်၏ ပြောဆိုသံ (သင်သည် ခရစ်တော်နှင့် သဟဇာတဖြစ်ရေးအတွက် လမ်းခရီးကို ရှာဖွေသင့်သည်) ပထမပိုင်း

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်- “ဖျက်ဆီးခြင်းခံရသော လူတို့အားလုံးသည် စာတန်၏ထောင်ချောက်တွင် နေကြ၏။ ၎င်းတို့သည် ဇာတိပကတိ၌ နေကြ၏။ အတ္တဆန်သော လိုအင်ဆန္ဒများဖြင့် နေကြကာ ၎င်းတို့အကြားတွင် ငါနှင့်သဟဇာတဖြစ်သူ တစ်ဦးမျှ မရှိပေ။ ငါနှင့် သဟဇာတဖြစ်သည်ဟု ဆိုသူများရှိကြသော်လည်း ၎င်းတို့အားလုံးသည် မရေရာသော ရုပ်တုဆင်းတုများကို ကိုးကွယ်ကြ၏။ ၎င်းတို့သည် ငါ၏နာမအား သန့်ရှင်းသည်ဟု အသိအမှတ်ပြုကြသော်လည်း ငါနှင့်ဆန့်ကျင်သောလမ်းတွင် လျှောက်လှမ်းကြသည့်အပြင် ၎င်းတို့၏စကားလုံးများသည် ဝင့်ဝါမှု၊ မိမိကိုယ်ကို ယုံကြည်မှုများနှင့် ပြည့်နှက်လျက် ရှိ၏။ အဘယ်ကြောင့်ဆိုသော် အရင်းခံအားဖြင့် ၎င်းတို့အားလုံးသည် ငါ့အပေါ်ဆန့်ကျင်ကြလျက် ငါနှင့် သဟဇာတမဖြစ်ကြသောကြောင့် ဖြစ်၏။ ၎င်းတို့သည် သမ္မာကျမ်းစာထဲတွင် ငါ၏တစ်စွန်းတစ်စလက္ခဏာများကို နေ့စဉ်ရှာဖွေကာ၊ အလျဉ်းသင့်ရာ “သင့်တော်သည့်” ကျမ်းပိုဒ်များကို တွေ့ရှိကြလျက် အတောမသတ်ဖတ်ကြကာ ကျမ်းပိုဒ်များအဖြစ် ရွတ်ဆိုကြ၏။ ထိုသူတို့သည် ငါနှင့် မည်သို့ သဟဇာတဖြစ်ရမည်ကို မသိကြပေ။ ငါနှင့်မသင့်မြတ်ခြင်းသည် မည်သည့်အဓိပ္ပာယ်ရှိကြောင်း မသိကြပေ။ ထို့အပြင် ကျမ်းပိုဒ်များကို မျက်ကန်းတောတိုး ဖတ်ရုံသာဖတ်ကြ၏။ ကျမ်းစာအတွင်း၌ ၎င်းတို့မမြင်ဖူးသော၊ မြင်နိုင်စွမ်းမရှိသော မရေရာသည့်ဘုရားသခင် တစ်ပါးကို ၎င်းတို့ ဘောင်ခတ်ထားကာ ၎င်းတို့အားသည့်အချိန်၌ ထုတ်၍ကြည့်ကြ၏။ ၎င်းတို့သည် သမ္မာကျမ်းစာ အတိုင်းအတာအတွင်း၌သာ ငါ၏ဖြစ်တည်မှုကို ယုံကြည်ကြ၏။ ၎င်းတို့အတွက် ငါသည် သမ္မာကျမ်းစာနှင့် အတူတူပင်ဖြစ်၏၊ သမ္မာကျမ်းစာမရှိဘဲ ငါသည်မရှိနိုင်၊ ထို့အပြင် ငါမရှိဘဲ သမ္မာကျမ်းစာမရှိနိုင်ပေ။ ၎င်းတို့သည် ငါ၏ဖြစ်တည်မှု သို့မဟုတ် လုပ်ဆောင်ချက်များကို လုံးဝဂရုမစိုက်ကြသော်လည်း သမ္မာကျမ်းစာ၏စကားလုံးတိုင်းကို အလွန်အကျွံ အထူးဂရုပြုကာ မြှုပ်နှံကြ၏။ ထို့အပြင် သမ္မာကျမ်းစာမှ ကြိုတင်ဟောကြားခြင်း မရှိပါက ငါသည် မည်သည့်အရာကိုမျှ မလုပ်သင့်ဟု ၎င်းတို့အများအပြားက ယုံကြည်ကြသည်။ ၎င်းတို့သည် သမ္မာကျမ်းစာအပေါ် အလွန်အကျွံ အရေးပေးကြ၏။ ၎င်းတို့သည် ငါပြောသည့်နှုတ်ကပတ်တော်တိုင်းကို တိုင်းတာရန် သမ္မာကျမ်းစာမှ ကျမ်းပိုဒ်များကို အသုံးပြု၍ ငါ့ကို ပြစ်တင်ရှုတ်ချသည့်အတိုင်းအတာအထိ စကားလုံးများနှင့် ထုတ်ဖော်ချက်များကို အရေးကြီးလွန်းသည်ဟု မြင်ကြသည်ဟု ဆိုနိုင်၏။ ၎င်းတို့ရှာဖွေနေသည်မှာ ငါနှင့်သဟဇာတဖြစ်ရန် လမ်းခရီးသော်လည်းကောင်း၊ သမ္မာတရားနှင့် သဟဇာတဖြစ်ရန် လမ်းခရီးသော်လည်းကောင်း မဟုတ်ဘဲ သမ္မာကျမ်းစာ၏စကားလုံးများနှင့် သဟဇာတဖြစ်ရန် လမ်းခရီးဖြစ်၍၊ သမ္မာကျမ်းစာနှင့် ကိုက်ညီခြင်းမရှိသည့် အရာတစ်ခုခုသည် ခြွင်းချက်မရှိ ငါ၏အမှုမဟုတ်ဟု ၎င်းတို့ ယုံကြည်သည်။ ထိုကဲ့သို့သောလူတို့သည် ဖာရိရှဲများထံမှ တာဝန်ကျေသည့် ဆင်းသက်လာသူများ မဟုတ်ပေဘူးလော။ ယုဒ ဖာရရှဲတို့သည် ယေရှုကို ပြစ်တင်ရှုတ်ချရန် မောရှေ၏ပညတ်ကို အသုံးပြုခဲ့ကြ၏။ ၎င်းတို့သည် ထိုကာလက ယေရှုနှင့် သဟဇာတဖြစ်ရန် ကြိုးပမ်းခြင်း မပြုကြသော်လည်း၊ အဆုံးတွင် အပြစ်မဲ့သောယေရှုကို ဓမ္မဟောင်းကျမ်း၏ ပညတ်တော်ကို မလိုက်နာခြင်း၊ မေရှိယ မဟုတ်ခြင်းတို့ဖြင့် တရားစွဲဆိုပြီးနောက်၊ ကားတိုင်၌ရိုက်ထားသည့် အတိုင်းအတာအထိ ပညတ်တရားကို ဝီရိယရှိစွာ အတိအကျလိုက်နာ၏။ ၎င်းတို့၏အနှစ်သာရကား အဘယ်နည်း။ ၎င်းတို့သည် သမ္မာတရားနှင့် သဟဇာတရှိသည့် လမ်းခရီးကို ရှာဖွေခဲ့ခြင်း မပြုခဲ့သည် မဟုတ်သလော။”

များပြားသောအကြံပြုချက်များ

ချီဆောင်ခြင်း ဆိုသည် မှာ အဘယ်နည်း

ဆုတောင်းခြင်းအကျင့်နှင့် ပတ်သက်၍

ဘုရားသခင်၏ ပြောဆိုသံ | ပြီးပြည့်စုံလင်စေခြင်း ခံရပြီးသော သူတို့ဆီသို့ ကတိတော်များ

အနန္တတန်ခိုးရှင်ဘုရားသခင်ပြောသည်- “ဘုရားသခင်အားဖြင့် ပြီးပြည့်စုံလင်လတံ့သော သူတို့သည် သူ၏ ကောင်းချီးမင်္ဂလာများနှင့် အမွေအနှစ်ကို ရရှိမည့်သူများ ဖြစ်ကြ၏။ ဆိုလိုသည်မှာ သူတို့က ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကို ခံယူကြကာ၊ ထိုအရာသည် သူတို့အထဲတွင် ရှိသောအရာများ ဖြစ်လာ၏။ ဘုရားသခင်၏ နှုတ်ကပတ်တော် အားလုံးသည် သူတို့၏အထဲတွင် ပြုပြင်ပုံသွင်းသည်။ ဘုရားသခင်၏ ဖြစ်ခြင်းမှာ မည်သို့ပင်ဖြစ်ပါစေ၊ သူဖြစ်သည့်အတိုင်းကို သင်တို့သည် တိတိကျကျ ရရှိနိုင်သည်။ ထိုသို့ သမ္မာတရားနှင့်အတူ အသက်ရှင်ကြသည်။ ဤလူမျိုးသည်ပင်လျှင် ဘုရားသခင် စုံလင်စေသူ၊ ရရှိသောသူဖြစ်၏။”

ခရစ်ယာန်ရုပ်ရှင်ကိုဝေမျှခြင်း

Myanmar New Movie 2019 တရုတ်ပြည်မှ ဘာသာရေးဖိစီးနှိပ်စက်မှု ၅ (ကျရှုံးလုဆဲဆဲမှာ ပြန်လည်ရှင်သန်ခြင်း)

ခရစ်တော်၏ဖော်ပြချက်များ (သင်၏အနာဂတ်သာသနာပြုလုပ်ငန်းကို မည်သို့အာရုံစိုက်၍ လုပ်ဆောင်သင့်သနည်း)

အနန္တတန်ခိုးရှင်ဘုရားက ပြောသည် “ဘုရားသခင်၏စိတ်နှလုံးသည် မည်မျှ စိုးရိမ်ပူပန်၍ ဝမ်းနည်းပူဆွေးနေမည်ကို သင်တွေးမိပါလော။ ဘုရားသခင်သည် သူ့လက်ဖြင့်ကိုယ်တိုင်ဖန်ဆင်းခဲ့သော အပြစ်မဲ့လူသားများ ဤမျှညှဉ်းဆဲမှုဒဏ် ခံစားရနေသည်ကို မြင်ရန် ခံနိုင်ရည် မည်သို့ ရှိနိုင်မည်နည်း။ တကယ်တမ်းမူ လူသားမျိုးနွယ်မှာ အဆိပ်ခတ်ခံခဲ့ရသည့် ကံဆိုးသူများဖြစ်ပေသည်။ ဤနေ့အထိ ထိုသူတို့ အသက်ရှင်ကျန်ရစ် နေသော်လည်း ၎င်းတို့သည် မာရ်နတ်၏ အဆိပ်ခတ်ခြင်းကို ခံခဲ့ရသည်မှာ နှစ်ပေါင်းကြာမြင့်ပြီဟု မည်သူက တွေးခဲ့မိနိုင်မည်နည်း။ သင်သည်လည်း အဆိပ်ခတ်ခံရသူများထဲမှ တစ်ယောက်ဟူသည်ကို မေ့နေပြီလော။ ဘုရားသခင်ကို ချစ်ခင်လေးစားသမှုဖြင့် ထိုအသက်ရှင်ကျန်ရစ်သူများကို သင်ကယ်တင်ဖို့ ကြိုးစားလိုစိတ် မရှိပေဘူးလော။ လူသားမျိုးနွယ်အား သူ၏သွေးသားသဖွယ်ချစ်ခင်သည့် ဘုရားသခင်၏ကျေးဇူးကို ပြန်လည်ပေးဆပ်ရန် သင်၏ ကြိုးစားအားထုတ်မှုမှန်သမျှကို အသုံးမချလိုဘူးလော။ သင်၏အံ့မခန်းထူးကဲလှတဲ့ဘဝကို နေထိုင်နိုင်ရန်အတွက် ဘုရားသခင်၏အသုံးပြုခြင်းကို သင်မည်သို့အဓိပ္ပါယ်ကောက်ယူသနည်း။ ဘာသာတရားကိုင်းရှိုင်း၍ ဘုရားသခင်၏အမှုတော်ကို ထမ်းဆောင်သူတစ်ယောက်အဖြစ် အဓိပ္ပာယ်ရှိသောဘဝတွင် နေထိုင်သွားရန် သန္နိဌာန်နှင့် မိမိကိုယ်ကိုယ်ယုံကြည်စိတ် သင့်တွင်အမှန်တကယ်ရှိပါသလား။”

ခရစ်ယာန်ဂီတကိုနားထောင်ခြင်း

Myanmar hymn songs | ဘုရားရဲ့ချစ်ခြင်းမေတ္တာကို အဘယ်ဖန်ဆင်းခြင်းသတ္တဝါမှ မပိုင်ဆိုင်

ဘုရားသခင်၏ဖော်ပြချက်များ (နောက်ဆုံးသောကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်)

အနန္တတန်ခိုးရှင်ဘုရားက ပြောသည် “နောက်ဆုံးသော ကာလ၏ ခရစ်တော်သည် အသက် ယူဆောင်လာ၍ အဓွန့်ရှည်စွာ တည်တံ့ကာ ထာဝရ တည်ရှိသော သမ္မာတရား၏ လမ်းခရီးကို ယူဆောင်လာ၏။ ဤသမ္မာတရားသည် လူသား အသက်ရရှိမည့် လမ်းကြောင်းဖြစ်၍ လူသားက ဘုရားသခင်ကို သိမည့် တစ်ခုတည်းသော လမ်းကြောင်းနှင့် ဘုရားသခင်က ခွင့်ပြုမည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်၏။ နောက်ဆုံးသောကာလတွင် ခရစ်တော်က ပေးသည့် အသက်၏ လမ်းခရီးကို သင်မရှာပါက သင်သည် ယေရှု၏ အတည်ပြုမှု မည်သည့်အခါမျှ ရမည်မဟုတ်ဘဲ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုဝင်ရန် မည်သည့်အခါမျှ အရည်အချင်းမီမည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် သင်သည် သမိုင်း၏ ရုပ်သေး အကျဉ်းသားပါ ဖြစ်သောကြောင့် ဖြစ်၏။ စည်းမျဉ်းစည်းကမ်းများ၊ စာများဖြင့် ထိန်းချုပ်ခံနေရသူများနှင့် သမိုင်း၏ ထိတ်တုံးခတ်ခံနေရ သူများသည် မည်သည့်အခါမျှ အသက်ကို ရရှိနိုင်စွမ်းမည် မဟုတ်ဘဲ မည်သည့်အခါမျှ ထာဝရအသက်၏ လမ်းခရီးကို ရနိုင်မည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့အားလုံးသည် ပလ္လင်မှ စီးဆင်းသည့် အသက်ရေ ဖြစ်မည့်အစား နှစ်ပေါင်းထောင်ပေါင်းများစွာ တစ်နေရာတည်းတွင် ရှိနေသော နောက်ကျိသည့် ရေများ ဖြစ်ကြသောကြောင့် ဖြစ်၏။”

အကြံပြုခရစ်ယာန်ဓမ္မသီချင်း

ခရစ်ယာန်ဓမ္မသီချင်း | ဘုရားရဲ့ချစ်ခြင်းမေတ္တာကို အဘယ်ဖန်ဆင်းခြင်းသတ္တဝါမှ မပိုင်ဆိုင်

 

ဘုရားသခင်၏ ပြောဆိုသံး (အမည်နာမများနှင့် သွင်ပြင်လက္ခဏာနှင့် ပတ်သက်၍)

ယေရှုသည် ဘုရားသခင်၏ ဝိညာဉ်တော်ကို ကိုယ်စားပြုပြီး ဘုရားသခင်၏ ဝိညာဉ်တော်က တိုက်ရိုက်အလုပ်လုပ်ခဲ့သည်။ သူသည် ခေတ်သစ်၏အလုပ်ကို လုပ်ခဲ့သည်၊ ယင်းအလုပ်များကို ယခင်က မည်သူမျှ မလုပ်ခဲ့ဖူးသေးပေ။ သူသည် အသစ်သောလမ်းကို ဖွင့်ခဲ့သည်။ သူသည် ယေဟောဝါကို ကိုယ်စားပြုခဲ့ပြီး သူသည် ဘုရားသခင် ကိုယ်တိုင်ကို ကိုယ်စားပြုခဲ့သည်။ ပေတရု၊ ပေါလုနှင့် ဒါဝိဒ်တို့သည် သူတို့ကို မည်သို့ပင်ခေါ်သည်ဖြစ်စေ သူတို့သည် ဘုရားသခင်ဖန်ဆင်းထားသော သတ္တဝါတစ်ခု၏ သွင်ပြင်လက္ခဏာကိုသာ ကိုယ်စားပြုသည်၊ ထို့ပြင် သူတို့ကို ယေရှု သို့မဟုတ် ယေဟောဝါက စေလွှတ်သည်။ ထို့ကြောင့် သူတို့သည် မည်မျှအလုပ်လုပ်သည် ဖြစ်စေ၊ သူတို့သည် မည်မျှသော တန်ခိုးများကို ပြသခဲ့သည်ဖြစ်စေ၊ သူတို့သည် ဘုရားသခင်ဖန်ဆင်းသော သတ္တဝါများသာဖြစ်ပြီး ဘုရားသခင်၏ ဝိညာဉ်တော်ကို ကိုယ်စားမပြုနိုင်ကြပေ။ သူတို့သည် ဘုရားသခင်၏ နာမတော်၌ သို့မဟုတ် ဘုရားသခင်၏ စေလွှတ်ခြင်း၌ အလုပ်လုပ်ကြသည်။ ထို့အပြင် သူတို့သည် ယေရှု သို့မဟုတ် ယေဟောဝါစတင်ခဲ့သောခေတ်တွင် အလုပ်လုပ်ပြီး သူတို့လုပ်သော အလုပ်သည် သီးခြားမဟုတ်ပေ။ အဆုံးတွင် သူတို့သည် ဘုရားသခင်က ဖန်ဆင်းသော သတ္တဝါများသာဖြစ်သည်။Read More »