Myanmar Christian Song (လူသားမျိုးနွယ်အပေါ် ဘုရား၏သနားခြင်း)


သနားခြင်းကို အလွန် ချစ်ခင်မြတ်နိုးခြင်းဟု အဓိပ္ပာယ်ဖွင့်နိုင်၊
သနားခြင်းကို မြတ်နိုးခြင်း၊ ကွယ်ကာခြင်းဟုလည်း ဆိုနိုင်၊
သနားခြင်းသည် မနာကျင်စေလို ခြင်းဟု အဓိပ္ပာယ်ရနိုင်၊
သနားခြင်းသည် နူးညံ့သိမ်မွေ့ခြင်းဟု အဓိပ္ပာယ်ရနိုင်၊
ဖန်ဆင်းရှင်သာ လူသားအပေါ် သနားကြင်နာ၊
ဖန်ဆင်းရှင် သူတို့ပေါ် အဆုံးမဲ့ချစ်ခြင်းမျိုး ထားရှိ၊
ဖန်ဆင်းရှင်သာ လူသားအပေါ် ကရုဏာကို ပေးအပ်၊
သူ၏ဖန်ဆင်းသောအရာအားလုံးကို ချစ်ခင်မြတ်နိုးတတ်၊
သနားခြင်းက သိမ်မွေ့သော မေတ္တာနှင့်ချစ်ခြင်းကို ဖော်ပြနိုင်၊
သနားခြင်းကို မစွန့်လွှတ်လိုခြင်းဟု အနက်ဖွင့်နိုင်၊
သနားခြင်းသည် လူသားအပေါ် ထားရှိသော
ဘုရား၏ကရုဏာနှင့်သည်းခံခြင်းပင်၊
ဒီစကားများ ဘုရားရဲ့စိတ်ထားနှင့်နှလုံးသားကို ဖော်ပြ၊
ဖန်ဆင်းရှင်သာ လူသားအပေါ် သနားကြင်နာ၊
ဖန်ဆင်းရှင် သူတို့ပေါ် အဆုံးမဲ့ချစ်ခြင်းမျိုး ထားရှိ၊
ဖန်ဆင်းရှင်သာ လူသားအပေါ် ကရုဏာကို ပေးအပ်၊
သူ၏ဖန်ဆင်းသောအရာအားလုံးကို ချစ်ခင်မြတ်နိုးတတ်၊

Read More »

Advertisements

Myanmar Gospel Song (သခင် ယေရှုကို အတုယူကြစေ)

Myanmar Gospel Song (သခင် ယေရှုကို အတုယူကြစေ)


ယေရှုသည် ဘုရား၏အလိုတော်ကို ပြည့်စုံစေ ခဲ့၊
လူသားအားလုံးရွေးနှုတ်ကယ်တင်ခြင်းကို ပြည့်စုံစေခဲ့၊
ဘုရား၏ ဆန္ဒကိုစောင့်ရှောက်နိုင်သဖြင့်၊
တစ်ကိုယ်ခေါင်းဆန်သော ရည်ရွယ်ချက်၊စီမံမှုမရှိ
ဘုရားရဲ့အစီအမံကို သူ အဓိကဗဟိုမှာထား
ကောင်းကင်အဖဘုရားထံ သူဆုတောင်းခဲ့
ကောင်းကင်ဘုံအဖဘုရားရဲ့အလိုတော်ကို
ရှာဖွေ၍ သူ အမြဲဆုတောင်း
သင်သည် ယေရှုကဲ့သို့ ဘုရားကို အလုံးစုံပုံအပ်ပြီး
ဇာတိစရိုက်ကို ကျောခိုင်းပါက
ဘုရားသည်သူ့ ကိုအစေခံနိုင်ရန်
သင့်အားအရေးကြီးသောတာဝန်များ ပေးအပ်လိမ့်မည်

Read More »

ခရစ်ယာန်သီချင်း (ဘုရား၏ဆင်းကြွခြင်းကို ဘယ်သူမျှ သတိမပြုမိ)

I
လူ့သား၏ဘဝသည် မပြောင်းမလဲ ဆက်လက်ရှိနေ
လူသား၏နှလုံးသားလည်း ထိုနည်းအတိုင်းပင်
ထုံးစံအတိုင်း နေ့ရက်တို့ ကုန်ဆုံး
ဘုရားသည် ကျွန်ုပ်တို့ထဲ၌ နေထိုင်အသက်ရှင်
မထင်ရှားသော နောက်လိုက်တစ်ဦးလို၊ သာမန်ယုံကြည်သူ တစ်ဦးလို
မိမိကိုယ်ပိုင် ရည်မှန်းချက် ပန်းတိုင်များနှင့်
သာမန်လူသားတို့၌ မရှိသော ဘုရားသဘာဝ သူ့မှာရှိသည်
ထိုဘုရားသဘာဝကို ဘယ်သူမျှ သတိမပြုမိခဲ့၊
လူနှင့်သူ၏ သဘောသဘာဝတို့၏ ခြားနားမှုကို လည်း မသိခဲ့
ဘုရား၏ဆင်းကြွခြင်းကို ဘယ်သူမျှ သတိမပြုမိ၊
သူ၏ကြွလာခြင်းကို ဘယ်သူမျှ မကြိုဆို
ထို့အပြင် သူလုပ်ဆောင်မည့်
ခပ်သိမ်းသောအရာတို့ကိုလည်း ဘယ်သူမျှ မသိ
သူသည် ကျွန်ုပ်တို့ အမြင်တွင် မထင်ရှားသော
နောက်လိုက်တစ်ဦးသာဖြစ်၍ ကျွန်ုပ်တို့ ကြောက်ရွံ့စရာမလို၊
ကန့်သတ်မှုမရှိဘဲ သူနှင့်တွဲ၍ အသက်ရှင်ကြသည်
ကျွန်ုပ်တို့လုပ်ဆောင်မှုများကို သူစောင့်ကြည့်
ကျွန်ုပ်တို့အတွေးများကို လည်းသူမြင်

Read More »

Myanmar Gospel song (ခရစ်တော်ရဲ့အမှုတော်နဲ့ဖော်ပြချက်သည် သူ့ပင်ကိုသဘာဝကို အတည်ပြု)

I
ခရစ်တော်ရဲ့ ပင်ကိုသဘာဝကို
သူ့အမှုတော်နှင့် ဖွင့်ပြချက်များက အတည်ပြု
နှလုံးသားစစ်နဲ့ ယုံကြည်သူကို သူ စုံလင်စေ
ကောင်းကင်ဘုံ ဘုရားသခင်ကို သူ ကိုးကွယ်၊
အဖရဲ့အလိုတော်ကို ရှာဖွေ
၎င်းအချက်အားလုံး သူ့သဘာဝ၏ အတည်ပြုချက်များပင်
သူ့ပင်ကို သဘာဝ၏ ဖွင့်ပြချက်များပင်
သူ၏ဖွင့်ပြချက်များသည် တုပထားခြင်းမဟုတ်ပါ
နှစ်ပေါင်းများစွာ လူတို့၏ သင်ယူလေ့လာခြင်းမှမဟုတ်
သူ့ကိုယ်သူ လေ့လာရရှိသည်မဟုတ််ပါ၊ မွေးရာပါပင်ကို ဖြစ်တာ

Read More »

ခရစ်ယာန်ဓမ္မသီချင်း (ဘုရားသခင် လူသားကို ကယ်တင် လို့သူလုံးဝ ကယ်တင်မယ်) Lyrics

ခရစ်ယာန်ဓမ္မသီချင်း (ဘုရားသခင် လူသားကို ကယ်တင် လို့သူလုံးဝ ကယ်တင်မယ်) Lyrics

ဘုရား လူသားကို ဖန်ဆင်းလို့ သူ ဦးဆောင်လမ်းပြကာ
လူတွေကို ကယ်တင်လို့ သူ့ကို လုံးဝကယ်တင် ရရှိမယ်
ဘုရား ဦးဆောင်လို့ လူသားတို့ပန်းတိုင်မှန်ကို တာဝန်သူခံလိမ့်မယ်
ဘုရားကပဲ လူကို ဖန်ဆင်း၊ စီမံ လို့
လူသားတို့ဘဝရှေ့ရေးနှင့်ကံကြမ္မာကို တာဝန်သူခံလိမ့်မယ်
ဒါ ဖန်ဆင်းရှင်ဆောင်ရွက်သော အမှုသာ
လူသားမျိုးနွယ်၏ အလားအလာကို ဖယ်ရှားရင်
အောင်မြင်ခြင်း ရနိုင်သော်လည်း
အဆုံးသတ်မှာ ဘုရားပြင်ဆင်တဲ့ ပန်းတိုင်
အမှန် လူသားတွေ ရောက်ရမယ်အမှန်
ဘုရားက လူကိုလုပ်တဲ့အတွက် လူမှာ ပန်းတိုင်တစ်ခုရှိတယ်။Read More »

ဧဝံဂေလိ ဂီတ (ကောင်းသောအနာဂတ်အတွက် လူသားများ ဘုရားကို ကိုးကွယ်ရမည်) The Salvation of God

Myanmar hymn song (ကောင်းသောအနာဂတ်အတွက် လူသားများ ဘုရားကို ကိုးကွယ်ရမည်) The Salvation of God

I
ဒီကမ္ဘာကြီးနှင့်လူတွေကို ဘုရား ရှင် ဖန်ဆင်းခဲ့
သူဟာ ရှေးဟောင်းဂရိယဉ်ကျေးမှုတို့ကို စီမံခဲ့ သော သူ
သက်ရှိ များ အားလုံးနှင့် အရာခပ်သိမ်းကို ဘုရား ရှင် ဖန်ဆင်းခဲ့
ခေတ်အဆက်ဆက်ရှိ လူ့အဖွဲ့အစည်းအားလုံးကို စီမံခဲ့သူ
ဘုရား ရှင် သာ လူတို့အား နှစ်သိမ့်ပေးသူ
နေ့ညမပြတ် သူတို့အား စောင့်ရှောက် သူ
လူသားများ မြင်သမျှ ဖြစ်ထွန်းမှု တိုးတက်မှုအလုံးစုံသည်
ဘုရား၏ အခွင့်အာဏာတော် ကြောင့် ဖြစ်လာသည်
ကုန်လွန်ပြီးသော ဖြစ်လတ္တံ့သော အရာများ အားလုံးသည်
ဘုရား၏ စီမံမှုအောက်တွင်ရှိ

Read More »

Myanmar Christian Song (ဘုရားအမှုတော်၏ ရည်ရွယ်ချက်ပန်းတိုင်)

 Myanmar Christian Song (ဘုရားအမှုတော်၏ ရည်ရွယ်ချက်ပန်းတိုင်)

I
ဘုရားရဲ့အမှုတော်များစွာထဲမှာ
စစ်မှန်သောကိုယ်တွေ့ ရှိသူတိုင်း ဘုရားကို ချစ်ကြောက်ကြသည်
ဘုရားရဲ့စစ်ကြောခြင်းနှင့်ဆုံးမခြင်းက
လူသားတို့ကို သူ့စိတ်သဘောထားအား တွေ့မြင်စေ
စိတ်နှလုံးသား၌ဘုရားကို ချစ်ကြောက်စေ
ဘုရားကို ချစ်ကြောက်နာခံရမည်
ဘုရားရဲ့ဖြစ်ခြင်းနှင့်စိတ်သဘောထားသည်
ဖန်ဆင်းခံလူသားများနဲ့ ( ခြားနားပြီး )
ဖန်ဆင်းခံလူသားများအထက်မှာ ရှိ
ဘုရားဟာ ဖန်ဆင်းခံမဟုတ်၊
ဘုရားသာ ချစ်ကြောက်ခြင်း၊ နာခံခြင်းနှင့် ထိုက်တန်၊
လူသားများ နှင့်မထိုက်တန်

Read More »

Myanmar hymn song (အရာရာ ဘုရားနိယာမနဲ့အုပ်စိုးမှုအတိုင်း ရှင်သန်)

Myanmar hymn song (အရာရာ ဘုရားနိယာမနဲ့အုပ်စိုးမှုအတိုင်း ရှင်သန်)

I
နှစ်ထောင်ချီ ကုန်လွန်
ဘုရားပေးသော အလင်းနဲ့လေထုကိုလူသားများ ရရှိခံစားဆဲ
ဘုရားကိုယ်တိုင် မှုတ်သွင်းသော ဇီဝအသက်နဲ့
လူသားတို့ အသက်ရှင်နေဆဲ
ဘုရားဖန်ဆင်းသော လက်ရာ ပင်လယ်ငါးများ၊
ကျေးငှက် နှင့် ပန်းမန်များ၊
ပိုး မွှားများနဲ့ လူသားများ သာယာနေဆဲ
ဘုရားပေးသော အရာအားလုံးတို့၌ လူသားများ ပျော်မွေ့
နေ့နဲ့ည ရယ် အလှည့်ကျပြောင်းလဲလျက်ရှိ
ရာသီဥတုတွေ ပုံမှန် လှည့် ပတ် ဆဲ
မိုးပေါ်ပျံသော ဘဲငန်းများ ဆောင်းခါ ထွက်ခွာ၍
နွေမှာ ရောက်လာကြ
ရေမှာ ကူးခပ်နေသော ငါးများ သူတို့နေထိုင်ရာ
မြစ်နဲ့အင်းအိုင်တွေက လုံးဝ မခွာ
နွေအချိန်များတွင် မြေ ပြင် ပေါ်ရှိ ပုစဉ်းရင်ကွဲလေးများ
ရွှင်မြူးစွာ ဟစ်အော်ကြ
ဆောင်းရာသီ မြက်ခင်းတွေကြားက
ပုရစ်တွေ လေညင်းနဲ့အတူ တေးဆို ကြ
ဘဲငန်းများ က အုပ်စုဖွဲ့ကာ သိမ်းငှက်များ က တစ်ကိုယ်တည်းနေ
သမင်တွေ မြက်ပင်၊ ပန်း ပင် နဲ့ မကွဲမကွာရှိစဉ်
ခြင်္သေ့တွေ က အစာရှာ
ခပ်သိမ်းသောအရာများ၌ သက်ရှိသတ္တဝါတိုင်း
ထပ်ခါခါ ရောက်လာလိုက်၊ ထွက်သွားလိုက်

Read More »

Myanmar Gospel Song (အပြစ်စီရင်ခြင်းနှင့် ဘုရားဆင်းကြွလာ) Jesus Christ Has Come Back

Myanmar Gospel Song (အပြစ်စီရင်ခြင်းနှင့် ဘုရားဆင်းကြွလာ) Jesus Christ Has Come Back

I
အို .. ကြီးမားလှတဲ့ နဂါးနီရဲ ့နိုင်ငံသို့ သက်ဆင်းနေစဉ်
ဘုရားမျက်နှာတော် ဤ လောကဘက်သို့ လှည့် ၍
လောက စတင်တုန်လှုပ်
သူ၏ အပြစ်စီရင်ခြင်း၊ သူလွှတ်သောကပ်ဘေးတို့နှင့် ကင်းလွတ်ရာ
တစ်နေရာများရှိသလား
သူ သည် သွားလေရာ ကြဲခဲ့သည် ကပ်ဘေးမျိုးစေ့
ဒါပေမဲ့ ထိုမှ ကယ်တင်ခြင်းပေးကာ ချစ်မေတ္တာကို ပြနေတယ်
လူအပေါင်းတို့ သူ့အား သိကျွမ်းပြီးတွေ့မြင်၊
ချစ်ကြောက် ဖို့ ဘုရားဆန္ဒရှိလို့
လူတွေမမြင်တာကြာခဲ့တဲ့ ဘုရား အခုတော့ တကယ့်အစစ်အမှန်

Read More »

ဧဝံဂေလိ ဂီတ | လမ်းမှန်ရှာဖွေဖို့အတွက် လမ်းစဉ်များ

Myanmar Gospel Song | လမ်းမှန်ရှာဖွေဖို့အတွက် လမ်းစဉ်များ

I
ဘယ်အခြေခံလမ်းစဉ်များ လမ်းမှန်ကို ညွှန်ပြလဲ
ဝိညာဉ်တော်ရဲ့လုပ်ဆောင်မှု ပါမပါ၊
အမှန်တရား ဖော်ပြခြင်းရှိမရှိ ကြည့်ရှုပါ
သက်သေပြခံရသူနဲ့ ယူဆောင်လာသောအရာကို ဆန်းစစ်
ဘုရားကို ယုံကြည်ခြင်းဟာ ဝိညာဉ်တော်ကို ယုံကြည်ခြင်းပါပဲ
လူ့ဇာတိခံဘုရားကို ယုံကြည်ခြင်းသည်….
ထိုသူဟာ ဝိညာဉ်တော်ရဲ့ရုပ်သွင်ဖြစ်၏၊
ထိုသူဟာ လူ့ဇာတိခံယူသော ဘုရားရဲ့ဝိညာဉ်တော်ဖြစ်၏၊
ထိုသူဟာ လူ့အဖြစ်ခံယူသော နှုတ်ကပတ်တော်ဖြစ်၏
ဟူသောအချက်များကို ယုံကြည်ခြင်းဖြစ်သည်

Read More »