ဘုရားသခင်၏ စကားတော် | ကယ်တင်ရှင်သည် “ဖြူသောမိုးတိမ်” အားစီးလျက် ကြွလာခဲ့ပြီးဖြစ်သည်

ကယ်တင်ရှင်သည်, ခရစ်တော်, ဆုတောင်း, ယေရှု, ဝိညာဉ်တော်

လူသားတို့သည် ကယ်တင်ရှင်ကြွလာခြင်းကို တွေ့မြင်နိုင်ရန်အတွက် နှစ်ထောင်ပေါင်းများစွာ တောင့်တခဲ့ကြသည်။ ကယ်တင်ရှင် ယေရှုကို နှစ်ထောင်ပေါင်းများစွာတိုင် တမ်းတ စောင့်မျှော်နေကြသူများ အကြားတွင် လူသားတို့သည် ယေရှု ဖြူသောမိုးတိမ်စီးလျက် ဆင်းသက်လာသည်ကို ကိုယ်တိုင်ရှုမြင်ရန် တောင့်တခဲ့ကြသည်။ လူသားတို့သည် ကယ်တင်ရှင် ပြန်လာပြီး လူတို့နှင့် ပြန်လည် ပေါင်းစည်းနိုင်ရန် တောင့်တခဲ့ကြသည်၊ ဆိုလိုသည်မှာ နှစ်ထောင်ပေါင်း များစွာကြာအောင် လူတို့နှင့် ကွဲကွာနေခဲ့သည့် ကယ်တင်ရှင် ယေရှုကို လူသားထံသို့ ပြန်လာစေရန်ဖြစ်သည်။ ထို့နောက် ယုဒလူမျိုးများ အကြားတွင် သူပြုလုပ်ခဲ့သည့် ရွေးနုတ် ကယ်တင်ခြင်းအမှုကို ပြန်လည်၍ ဆောင်ရွက်မည်၊ လူသားတို့အပေါ် မေတ္တာဂရုဏာ ကြီးမားစွာဖြင့် ချစ်မြတ်နိုးမည်၊ လူသားတို့၏ အပြစ်များကို ခွင့်လွှတ်မည်၊ လူသား၏အပြစ်များကိုခံမည့်အပြင် လူသား၏အကျင့်သီလ ပျက်ပြားမှု အားလုံးကို ခေါင်းခံတာဝန်ယူ၍ လူသားအား ထိုအပြစ်များမှ လွတ်မြောက်စေမည်ဟု လူသားကမျှော်လင့်သည်။ ၎င်းတို့က ကယ်တင်ရှင် ယေရှုအား ယခင်အတိုင်း ချစ်မြတ်နိုးဖွယ်၊ နှစ်သက်ဖွယ်၊ ကြည်ညို လေးစားဖွယ်ကောင်းသော၊ လူသားအပေါ် မည်သည့်အခါမျှ အမျက်ဒေါသမရှိ၊ အပြစ်ဆိုခြင်း မရှိသော ကယ်တင်ရှင်အဖြစ် ရှိနေစေလိုကြသည်။ ဤကယ်တင်ရှင်သည် လူသား၏ အပြစ်အားလုံးကို ခါးဆီးခံပေးပြီး ခွင့်လွှတ်ပေးသူဖြစ်ကာ လူသားအတွက် လက်ဝါးကပ်တိုင်ပေါ်တွင် နောက်တစ်ကြိမ် အသက်ပင် ပေးခဲ့သူဖြစ်သည်။ ယေရှု ခွဲခွာသွားပြီးနောက် သူ၏ နောက်လိုက် တပည့် များနှင့် သူ၏အမည် နာမကြောင့် ကယ်တင်ခြင်းခံရသည့် သန့်ရှင်းသူအားလုံးတို့က သူ့အား အလွန့်အလွန် အောက်မေ့တမ်းတပြီး စောင့်မျှော်နေကြသည်။ ကျေးဇူးတော်ခေတ်၌ ယေရှုခရစ်တော်၏ ကျေးဇူးကြောင့် ကယ်တင်ခြင်းခံခဲ့ရသော သူအပေါင်းတို့သည် နောက်ဆုံးသောကာလ၏ ဝမ်းမြောက်ဖွယ်ရာ နေ့ဖြစ်သော၊ ကယ်တင်ရှင်ယေရှု ဖြူသော မိုးတိမ်စီးလျက် လူသားများအကြား ပေါ်ပေါက်လာမည့်အချိန်အား တမ်းတလျက် ရှိနေကြသည်။ မှန်ပါ၏၊ ဤသည်မှာ ယနေ့ ကယ်တင်ရှင် ယေရှု၏ နာမကို လက်ခံသူအားလုံး၏ စုပေါင်းဆန္ဒလည်းဖြစ်ပါသည်။ စကြဝဠာ တစ်လျှောက်လုံးရှိ ကယ်တင်ရှင်ယေရှု၏ ကယ်တင်ခြင်း အကြောင်းကို သိသူအားလုံးတို့သည် ယေရှုကမ္ဘာမြေပေါ်တွင် ရှိစဉ်အခါက “ငါထွက်ခွာသွားသကဲ့သို့ပင် တဖန်ပြန်လည် ရောက်ရှိလာလိမ့်မည်” ဟု ပြောဆိုခဲ့သည့်စကားကို ဖြည့်ဆည်းပေးရန်အတွက် ယေရှုခရစ်တော် ရုတ်တရက် ကြွလာဖို့ အလွန့်အလွန် တမ်းတလျက်ရှိကြသည်။ လက်ဝါးကပ်တိုင်တွင် အဆုံးစီရင်ခံရကာ ရှင်ပြန်ထမြောက်ခဲ့ပြီး နောက်ပိုင်းတွင် ယေရှုသည် ဖြူသော မိုးတိမ်စီးလျက် ကောင်းကင်ဘုံသို့ ပြန်သွားခဲ့ပြီး အမြင့်ဆုံးသော ဘုရား၏ လက်ယာလက် နေရာကို ယူခဲ့သည်ဟု လူသားက ယုံကြည်သည်။ လူသားက ယင်းကို အလားတူပင် ထင်မြင်သည်၊ ယေရှုသည် နှစ်ထောင်ပေါင်းများစွာတိုင် သူ့အား အလွန့်အလွန် တောင့်တနေခဲ့ကြသူများအကြား ဖြူသောမိုးတိမ် (ဤမိုးတိမ်မှာ ယေရှု ကောင်းကင်ဘုံသို့ ပြန်စဉ်အခါက စီးနင်းသွားခဲ့သည့် မိုးတိမ်ကိုဆိုလိုပါသည်) စီးလျက် တဖန်ပြန်လည် ဆင်းသက်လာလိမ့်မည်၊ ယုဒလူမျိုးများ၏ ပုံသဏ္ဌာန်နှင့် အဝတ်အစားများကို ဝတ်စားထားလိမ့်မည်။ လူသားများအရှေ့တွင် ပေါ်လာပြီးနောက် သူသည် လူသားများကို အစားအစာများ ပေးသနားမည်၊ လူသားများအတွက် အသက်ရေများ တသွင်သွင်စီးဆင်းစေလိမ့်မည်၊ ကျေးဇူးတော်နှင့် ချစ်ခြင်းမေတ္တာ အပြည့်အဝဖြင့် လူသားတို့အကြားတွင် အမှန်တကယ် နေထိုင်သွားလိမ့်မည်၊ အစရှိသဖြင့် ဖြစ်၏။ သို့သော်လည်း ကယ်တင်ရှင် ယေရှုက ယင်းသို့ မပြုလုပ်ခဲ့ပါ၊ လူသားများ ထင်မြင်ထားခဲ့သည်နှင့် ဆန့်ကျင်ဘက်ကို သူပြုလုပ်ခဲ့သည်။ သူ၏ပြန်အလာကို တောင့်တနေခဲ့ကြသူများအကြားတွင် သူပေါ်မလာခဲ့ပါ၊ ဖြူသော မိုးတိမ်ကို စီးနင်းလျက် လူသားအားလုံးထံသို့လည်း သူပေါ်လာခဲ့ခြင်း မရှိခဲ့ပါ။ ဘုရားသခင်သည် ရောက်ရှိနေခဲ့ပြီး ဖြစ်သော်လည်း လူသားမှာ သူ့အားမသိရှိဘဲ သူ၏ ဆိုက်ရောက်မှုကို ဆက်လက်၍ မသိဘဲနေဆဲပင်ဖြစ်သည်။ လူသားမှာ ရည်ရွယ်ချက် ကင်းမဲ့စွာဖြင့်သာ သူ့ကို စောင့်မျှော်နေသည်၊ “ဖြူသောမိုးတိမ်” ပေါ် (သူ၏ ဝိညာဉ်၊ နှုတ်ကပတ်တော်များနှင့် သူ၏ပင်ကိုစိတ်သဘောထားနှင့် ဖြစ်တည်မှုအားလုံးဖြစ်သော ထိုမိုးတိမ်) မှ ဘုရားသခင် ဆင်းသက်လာခဲ့ပြီးဖြစ်သည်ကို မသိရှိပေ၊ နောက်ဆုံးသောကာလတွင် သူပြုမည့် အောင်နိုင်သူများအုပ်စုထဲတွင် ယခုရှိနေပါသည်။ ဤသည်ကို လူသား မသိရှိပေ။ သန့်ရှင်းသော ကယ်တင်ရှင် ယေရှုသည် လူသားတို့အပေါ် ချစ်ခြင်းမေတ္တာတရားတို့နှင့် ပြည့်နှက်နေ သော်လည်း အညစ်အကြေးများနှင့် မသန့်စင်သောဝိညာဉ်များ နေရာယူထားသည့် “ဗိမာန်တော်များ” တွင် သူအဘယ်သို့ အမှုပြုနိုင်မည်နည်း။ လူသားတို့က သူ၏ကြွလာခြင်းကို စောင့်စားလျက် ရှိနေသော် လည်း မတရားသော သူ၏အသားကိုစားသူ၊ မတရားသောသူ၏ သွေးကိုသောက်သူ၊ မတရားသောသူ၏ အဝတ် အစားများကို ဝတ်ဆင်သူ၊ သူ့အားယုံကြည်သော်လည်း သူ့အားမသိသောသူ၊ ဘုရားသခင်အား အမြဲတစေ ခြိမ်းခြောက် အကျပ်ကိုင် သူများရှေ့တွင် အဘယ်သို့ ပေါ်လာနိုင်မည်နည်း။ ကယ်တင်ရှင် ယေရှုသည် ချစ်ခြင်းမေတ္တာ၊ ဂရုဏာတော်များဖြင့် ပြည့်နှက်လျက်ရှိပြီး ရွေးနုတ်ခြင်းနှင့် ပြည့်စုံသည့် အပြစ်ဖြေရာယဇ် အဖြစ်သာ လူသားတို့ သိရှိထားသည်။ သို့ရာတွင် ထိုသူသည် ဖြောင့်မတ်မှု၊ ဘုန်းအာနုဘော်၊ အမျက်ဒေါသ၊ တရားစီရင်မှု၊ အခွင့်အာဏာနှင့် ဂုဏ်သိက္ခာ ပြည့်ဝခြင်းတို့ဖြင့် ပြည့်လျှံနေသော ဘုရားသခင်ကိုယ်တိုင် ဖြစ်ကြောင်းကိုမူ လူသားတို့ တွေးတောမိခြင်းမရှိပေ။ ထို့ကြောင့်ပင် ရွေးနှုတ်သူပြန်အလာကို လူသား စိတ်အား ထက်သန်စွာ တောင့်တ စောင့်မျှော်နေသော်လည်း၊ ထိုလူသား၏ ဆုတောင်းချက်များကို ကောင်းကင်မှပင် တုန်လှုပ် သွားသော်လည်း ကယ်တင်ရှင်ယေရှုသည် သူ့အားယုံကြည်သော်လည်း သူ့အားမသိကျွမ်းသူများ ထံတွင် ပေါ်လာမည် မဟုတ်ပေ။Read More »

Advertisements

ဘုရားသခင်၏ အသံတော် | ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ရန်မှာ အလွန်အရေးကြီးပေ၏

ခရစ်တော်, စိတ်နေသဘောထား, ယုံကြည်ခြင်း, သမ္မာတရား, အသက်

သင်တို့စွမ်းဆောင်ရရှိရန် ငါမျှော်လင့်ထားသည့်အရာများ မြောက်မြားစွာရှိ၏၊ သို့သော်လည်း သင်တို့၏လုပ်ရပ်များအားလုံးနှင့် သင်တို့၏အသက်တာနှင့်ဆိုင်သော အရာခပ်သိမ်းတို့သည် ငါတောင်းဆိုသောအရာကို ဖြည့်ဆည်းရန် တတ်စွမ်းနိုင်သည်ကား မဟုတ်ချေ၊ ထို့ကြောင့် ငါ့အနေဖြင့် လိုရင်းကို တဲ့တိုးပြောရန်နှင့် ငါ၏အလိုကို သင်တို့အား ရှင်းပြရန်သာ ရှိတော့သည်။ သင်တို့၏ ချင့်ချိန်နိုင်စွမ်းသည် နုံချာပြီး သင်တို့၏ သဘောပေါက်မှုသည်လည်း အလားတူပင် နုံချာသည်ကို ထောက်ရှုသော် သင်တို့အနေဖြင့် ငါ၏စိတ်နေသဘောထားနှင့် အနှစ်သာရတို့အကြောင်းကို လုံးဝနီးပါး မသိဘဲလျက် ရှိနေကြသောကြောင့် ၎င်းတို့အကြောင်းကို သင်တို့အား ငါအသိပေးရန်မှာ အလောသုံးဆယ်ကိစ္စတစ်ရပ်ပင် ဖြစ်တော့၏။ သင့်အနေဖြင့် ယခင်က မည်မျှပင် နားလည်ခဲ့သည်ဖြစ်စေ၊ ဤကိစ္စရပ်များကို နားလည်ရန် သင်၌ ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ၎င်းတို့အကြောင်းကို သင်တို့အား ငါသည် အသေးစိတ် ရှင်းပြရပေဦးမည်။ ဤကိစ္စရပ်များသည် သင်တို့အတွက် လုံးဝအစိမ်းသက်သက်ဖြစ်နေသည်ကား မဟုတ်ချေ၊ သို့သော်လည်း ၎င်းတို့အထဲတွင် ပါဝင်သော အဓိပ္ပာယ်နှင့်ပတ်သက်၍မူ သင်တို့၌ နားလည်မှုများစွာ၊ အကျွမ်းဝင်ခြင်းများစွာ ကင်းမဲ့နေသည်။ သင်တို့ထဲမှ လူအတော်များများ၌ ရေးရေးနားလည်မှုအချို့သာ ရှိကြပြီး ထိုနားလည်မှုမှာလည်း တစ်ဝက်တစ်ပျက်ဖြစ်ကာ မစုံလင်ပေ။ သင်တို့အနေဖြင့် သမ္မာတရားကို ပိုမိုကောင်းမွန်စွာ လက်တွေ့ကျင့်သုံးနိုင်ရန်၊ ငါ၏နှုတ်ကပတ်တော်များကို ပိုမိုကောင်းမွန်စွာ လက်တွေ့ကျင့်သုံးနိုင်ရန် အကူအညီဖြစ်စိမ့်သောငှာ ပထမဦးဆုံး ဤကိစ္စရပ်များကို သင်တို့သိမှဖြစ်မည်ဟု ငါထင်သည်။ သို့မဟုတ်ပါက သင်တို့၏ ယုံကြည်ခြင်းသည် မရေမရာ၊ အယောင်ဆောင်အဖြစ် ရှိနေဦးမည်ဖြစ်ပြီး ဘာသာတရား၏ အဆောင်ယောင်များနှင့် ပြည့်နေဦးမည်ဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ စိတ်နေသဘောထားကို နားမလည်ပါက သူ့အတွက် သင်လုပ်ဆောင်သင့်သည့် အလုပ်ကို လုပ်ရန်မှာ သင့်အတွက် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ ဘုရားသခင်၏ အနှစ်သာရကို သင်မသိပါက သူ့အပေါ် ရိုသေလေးမြတ်ခြင်းနှင့် ကြောက်ရွံ့ခြင်းတို့ သင်၌ရှိရန်မှာ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ၊ ထိုအရာများအစား အလေးမထားသော ဝတ်ကျေတမ်းကျေပြုမူမှုနှင့် မလိမ့်တပတ် ပြုမူမှုတို့သာ ရှိမည်ဖြစ်သည့်အပြင် ဘုရားသခင်အပေါ် ပြုပြင်၍မရသော စော်ကားမှုသာရှိပေလိမ့်မည်။ ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ခြင်းမှာ အကယ်ပင် အရေးကြီးသော်လည်း၊ ထို့ပြင် ဘုရားသခင်၏ အနှစ်သာရကို သိခြင်းအား လျစ်လျူရှု၍ မရသော်လည်း ဤကိစ္စရပ်များကို မည်သူမျှ စေ့စေ့စပ်စပ် မဆန်းစစ်ဖူးကြ၊ သို့မဟုတ် နှိုက်နှိုက်ချွတ်ချွတ် မစူးစမ်းဖူးကြပေ။ သင်တို့အားလုံးသည် ငါထုတ်ပြန်ထားသော စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ထုတ်ဖယ်ခဲ့ကြပြီး ဖြစ်သည်ကို ထင်ထင်ရှားရှားမြင်ရသည်။ အကယ်၍ သင်တို့သည် ဘုရားသခင်၏ စိတ်နေသဘောထားကို နားမလည်ကြပါက သင်တို့အနေဖြင့် သူ၏စိတ်နေသဘောထားကို ပုန်ကန်ပြစ်မှားမိကြရန် အလားအလာအလွန်များလိမ့်မည်။ သူ၏စိတ်နေသဘောထားကို ပုန်ကန်ပြစ်မှားခြင်းသည် ဘုရားသခင်ကိုယ်တိုင်၏ အမျက်ကို သွားဆွသည့်သဘောသက်ရောက်ပြီး ထိုသို့ဖြစ်လျှင် သင့်လုပ်ရပ်များ၏ နောက်ဆုံးအသီးအပွင့်သည် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်ခြင်းဖြစ်လိမ့်မည်။ ဘုရားသခင်၏ အနှစ်သာရကို သင်သိပါက သူ၏စိတ်နေသဘောထားကို သင်နားလည်နိုင်ကြောင်းကိုလည်း ယခုတွင် သင်သဘောပေါက်လောက်ပေပြီ၊ သူ၏စိတ်နေသဘောထားကို သင်နားလည်သောအခါ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကိုလည်း သင်နားလည်ပြီးသား ဖြစ်ပေလိမ့်မည်။ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များထဲ၌ ပါဝင်သောအရာ အများစုသည် ဘုရားသခင်၏ စိတ်နေသဘာထားအကြောင်း အချုပ်အားဖြင့် ပြောပြသည်ကို ပြောစရာပင်မလိုပေ၊ သို့သော်လည်း စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များထဲတွင် သူ၏စိတ်နေသဘောထား အလုံးစုံကို ဖော်ပြထားခြင်းကား မဟုတ်ချေ။ ထို့ကြောင့် ဘုရားသခင်၏ စိတ်နေသဘောထားအပေါ် သင်၏နားလည်ခြင်းကို တိုးတက်စေခြင်းအရာ၌ ဤသည်ထက်ပို၍ လုပ်ဆောင်ရမည်ဖြစ်သည်။Read More »

ဘုရားသခင်၏ စကားတော် | သမ္မာကျမ်းစာနှင့် ပတ်သက်ပြီး တင်ပြချက် (၄)

ဘုရားသခင်, ယေရှု, သမ္မာကျမ်းစာ, အသင်းတော်, ဧဝံဂေလိ

လူများစွာတို့သည် သမ္မာကျမ်းစာကို နားလည်နိုင်ပြီး အဓိပ္ပာယ် ဖွင့်ဆိုနိုင်လျှင် မှန်ကန်သည့် လမ်းခရီးကို ရှာတွေ့ခြင်းနှင့် အတူတူပင် ဖြစ်သည်ဟု ယုံကြည်ကြသည်။ သို့သော်လည်း လက်တွေ့မှာ အမှုအရာများသည် အမှန်ပင် အလွန် ရိုးရှင်းသလော။ သမ္မာကျမ်းစာသည် ဘုရားသခင် လုပ်ဆောင်မှု၏ သမိုင်းဝင် မှတ်တမ်းသက်သက်ဖြစ်ပြီး ဘုရားသခင်၏ ယခင်တုန်းက လုပ်ဆောင်မှု၏ အဆင့်နှစ်ဆင့်ဆိုင်ရာ သက်သေဖြစ်လျက်၊ ဘုရားသခင် လုပ်ဆောင်မှု၏ ရည်မှန်းချက်များကို သင်နားလည်ဖို့ ကမ်းလှမ်းချက် တစ်ခုမျှမပါဟူသည့် သမ္မာကျမ်းစာ၏ အရှိတရားကို မည်သူမျှ မသိရှိချေ။ သမ္မာကျမ်းစာကို ဖတ်ရှုခဲ့ဖူးသူတိုင်းက ၎င်းသည် ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ် အတောအတွင်း ဘုရားသခင်၏ လုပ်ဆောင်မှုကို မှတ်တမ်းတင်ထားခြင်းဖြစ်ကြောင်း သိကြသည်။ ဓမ္မဟောင်းကျမ်းသည် ဣသရေလ နိုင်ငံ၏ သမိုင်းနှင့် ဖန်ဆင်းမှု အချိန်မှစပြီး ပညတ်တော်ခေတ် ပြီးဆုံးသည်အထိ ယေဟောဝါ၏ လုပ်ဆောင်မှုကို မှတ်တမ်းတင်ထားသည်။ ဓမ္မသစ်ကျမ်းသည် ခရစ်ဝင်ကျမ်း လေးကျမ်းတွင်ပါသည့် ကမ္ဘာကြီးပေါ်မှ ယေရှု၏ လုပ်ဆောင်ချက်ကို လည်းကောင်း၊ ပေါလု၏ လုပ်ဆောင်ချက်ကို လည်းကောင်း ဖော်ပြထားရာ၊ ၎င်းတို့သည် သမိုင်း မှတ်တမ်းများ မဟုတ်ပေလော။ အတိတ်ကာလက အရာများကို ယနေ့ဆီ ယူဆောင်လာမှုက ၎င်းတို့ကို သမိုင်းလုပ်ပစ်သည်၊ ၎င်းတို့သည် မည်မျှပင် မှန်ကန်ပြီး လက်တွေ့ကျနေပါစေ၊ ၎င်းတို့သည် သမိုင်းဖြစ်နေတုန်းပင်ဖြစ်ပြီး၊ သမိုင်းဆိုသည်မှာ ပစ္စုပ္ပန်ကို ကိုယ်စားမပြုနိုင်ချေ။ အကြောင်းမှာ ဘုရားသခင်သည် သမိုင်းဆီ ပြန်မကြည့်၍ပင် ဖြစ်သည်။။ ထို့ကြောင့် သင်သည် သမ္မာကျမ်းစာကိုသာ နားလည်ပြီး၊ ဘုရားသခင်က ယနေ့ ဆောင်ရွက်လိုသည့် လုပ်ဆောင်မှုအကြောင်း ဘာမျှမသိဘူးဆိုလျှင်၊ ထို့အပြင် သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို မရှာကြံဘူး ဆိုလျှင်၊ သင်သည် ဘုရားသခင်အား ရှာဖွေမှုဆိုသည်မှာ အဘယ်အရာအား ဆိုလိုသည်ကို နားမလည်ပေ။ အကယ်၍ သမ္မာကျမ်းစာကို သင်ဖတ်ရှုသည်က ဣသရေလသမိုင်းကို လေ့လာရန်၊ ဘုရားသခင်၏ ကောင်ကင်နှင့် မြေကြီးအား ဖန်ဆင်းခဲ့ပုံသမိုင်းကို သုတေသနပြုရန်အတွက် ဆိုပါက၊ သင်သည် ဘုရားသခင်ကို မယုံကြည်ပေ။ သို့သော် ယနေ့တွင် သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး အသက်ကို လိုက်သောကြောင့်၊ ဘုရားသခင်၏ အသိပညာများကို လိုက်စားပြီး အသက်မရှိကြတော့သည့် စကားလုံးများနှင့် အယူဝါဒများကို သို့မဟုတ် သမိုင်းအား နားလည်မှုကို မလိုက်စားသောကြောင့်၊ သင်သည် ဘုရားသခင်၏ ယနေ့ အလိုတော်ကို ရှာဖွေရမည် ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်မှု၏ လမ်းညွှန်ချက်ကို ရှာကြံရမည်ဖြစ်သည်။ အကယ်၍ သင်သည် ရှေးဟောင်း ပညာရှင်ဖြစ်လျှင် သမ္မာကျမ်းစာကို ဖတ်ရှုနိုင်သည်၊ သို့သော် သင်သည် ထိုကဲ့သို့သောသူ မဟုတ်၊ သင်သည် ဘုရားသခင်ကို ယုံကြည်သောသူ တစ်ယောက် ဖြစ်သည်၊ သင့်အတွက် အကောင်းဆုံးမှာ ဘုရားသခင်၏ ယနေ့ အလိုတော်ကို ရှာကြံရန်ပင်ဖြစ်သည်။ သမ္မာကျမ်းစာကို ဖတ်ရှုခြင်းအားဖြင့်၊ အများဆုံးအနေနှင့် သင်သည် ဣသရေလ၏ သမိုင်းကို အနည်းငယ် နားလည်လာပြီး အာဗြဟံ၊ ဒါဝိဒ်နှင့် မောရှေတို့၏ ဘဝများကို သိလာလျက်၊ သူတို့က ယေဟောဝါကို ရိုသေလေးမြတ်ခဲ့ကြပုံ၊ ယေဟောဝါက သူ့ကို ဆန့်ကျင်ခဲ့ကြသူတို့အား မီးရှို့ပစ်ခဲ့ပုံနှင့် ထိုခေတ်ကာလမှ လူများနှင့် ယေဟောဝါတို့ စကားပြောဆိုခဲ့ပုံကို သိလာလိမ့်မည်။ အတိတ်ကာလတုန်းက ဘုရားသခင်၏ လုပ်ဆောင်မှု အကြောင်းကိုသာ သင်ရှာတွေ့လိမ့်မည်။ သမ္မာကျမ်းစာထဲက မှတ်တမ်းများသည် ဣသရေလ နိုင်ငံတွင် ခေတ်ဦးကာလလူများ ဘုရားသခင်အား မည်သို့ ရိုသေလေးမြတ်ခဲ့ကြပုံနှင့် ယေဟောဝါ၏ လမ်းညွှန်မှုအောက်၌ မည်သို့ နေထိုင်ခဲ့ကြပုံတို့နှင့် သက်ဆိုင်သည်။ ဣသရေလ လူမျိုးများသည် ဘုရားသခင်၏ ရွေးချယ်ခံ လူများ ဖြစ်ခဲ့ကြ၍၊ သင်သည် ဓမ္မဟောင်းကျမ်းထဲတွင် ဣသရေလ လူမျိုးများ အားလုံးက ယေဟောဝါအား သစ္စာရှိခဲ့ကြပုံ၊ ယေဟောဝါကို နာခံခဲ့ကြသူ အားလုံးတို့ကို သူက စောင့်မပေးလျက် ကောင်းချီးမင်္ဂလာ ပေးခဲ့ပုံကို မြင်တွေ့ရမည် ဖြစ်ပြီး၊ ဘုရားသခင်က ဣသရေလ နိုင်ငံတွင် အမှုပြုခဲ့စဉ် သူသည် ဂရုဏာနှင့် မေတ္တာတရားများဖြင့် ပြည့်နေခဲ့ပြီး လောင်သောမီးတောက်များ အားလုံးကို ပိုင်ဆိုင်ခဲ့လျက် ဣသရေလ လူမျိုးအားလုံး၊ အနိမ့်ဆုံးမှအစ စွမ်းပကား အရှိဆုံးအထိ၊ ယေဟောဝါကို ရိုသေလေးမြတ်ခဲ့ကြပုံကိုပါ မြင်ရမည်ဖြစ်သည်၊ ထိုသို့ကြောင့် တစ်နိုင်လုံးကို ဘုရားသခင်က ကောင်းချီးမင်္ဂလာ ပေးခဲ့ခြင်းဖြစ်သည်။ ဓမ္မဟောင်းကျမ်းထဲတွင် မှတ်တမ်းတင်ထားသည့် ဣသရေလ၏ သမိုင်းက ထိုသို့ရှိသည်။Read More »

ယခုကျွန်တော်တို့၏ အပြစ်များကို ခွင့်လွှတ်ခံရပြီးသည့်နောက် ကျွန်တော်တို့ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်ပြီလား

ကောင်းကင် နိုင်ငံတော်, ကျေးဇူးတော်, ခရစ်ယာန်, သမ္မာကျမ်းစာ, ဆုတောင်း

ဟီးဂျွန်း ဆီချွမ်းမြို့

၂၀၁၈ခုနှစ် သြဂုတ်လ ၅ရက်နေ့ တနင်္ဂနွေနေ့။ တိမ်ထူသည်

ယနေ့ အစည်းအဝေးပြီးနောက် အစ်ကိုတစ်ယောက်က ကျွန်တော့်ကို လာရောက်ရှာဖွေရာ၊ သူ့မျက်နှာက စိုးရိမ်ပူပန်မှုဖြင့် ပြည့်နှက်နေသည်။ သူက လူများအနေဖြင့် သန့်စင်ခံရန် ဘုရားသခင်က အလိုရှိကြောင်း၊ သို့သော်လည်း သူသည် မကြာခဏ အမှုမဲ့အမှတ်မဲ့ အပြစ်ကျူးလွန်မိကြောင်း နှင့် သူက အမြဲတမ်း ဤကဲ့သို့ အပြစ်၌ အသက်ရှင်နေထိုင်နေပါက၊ သခင်ပြန်ကြွလာသည့်အချိန်တွင် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်ပါမည်လား ဟု ပြောခဲ့သည်။ သခင်ယေရှုက ကားတိုင်တင်ခံရပြီး၊ ကျွန်တော်တို့၏ အပြစ်များအားလုံးကို သူ့ပေါ်သို့ယူတော်မူခဲ့ကာ၊ သူ့အသက်ဖြင့် ပေးဆပ်မှုများပြုခဲ့ကြောင်း ကျွန်တော် သူ့ကို ပြောခဲ့သည်။ သခင်ယေရှုကို ကျွန်တော်တို့၏ ယုံကြည်ခြင်းကြောင့် ကျွန်တော်တို့၏ အပြစ်များလွှတ်ခြင်းခံရသည့်အကြောင်း နှင့် သခင်သည် ကျွန်တော်တို့ကို အပြစ်သားများအဖြစ် နောက်ထပ် မမြင်တော့ကြောင်း၊ ပြီးလျှင် ကျွန်တော်တို့က အရာအားလုံးကို စွန့်လွှတ်ပြီး၊ မိမိကိုယ်ကို အသုံးခံကာ၊ သခင့်အတွက် ကြိုးစားလုပ်ဆောင်ပြီး၊ အဆုံးအထိ သည်းခံသမျှ ကာလပတ်လုံး သခင်ပြန်ကြွလာသည့်အချိန်တွင် ကျွန်တော်တို့က ကောင်းကင်နိုင်ငံတော်ထဲသို့ ချီဆောင်ခံရ လိမ့်မည်ဖြစ်ကြောင်းတို့ကို ကျွန်တော် ပြောခဲ့သည်။ ကျွန်တော် ဤသို့ပြောသည်ကို ထိုအစ်ကိုက ကြားပြီးနောက်၊ သူလိုချင်သည့် အဖြေကိုမရသည့် အသွင်ပေါက်နေခဲ့ပြီး အတော်အတန် စိတ်ပျက်သည့် ပုံစံဖြင့် ထွက်သွားခဲ့သည်။ သူထွက်သွားသည်ကို ကျွန်တော်ကြည့်ရင်း ကျွန်တော့်မှာ အလွန်ခက်ခဲရှုပ်ထွေးသော စိတ်ခံစားချက်အချို့ကို ခံစားခဲ့ရသည်။ အမှန်ပြောရပါလျှင် ကျွန်တော်ရော ဤအစ်ကိုကဲ့သို့ပင် ထိုကဲ့သို့သော စိုးရိမ်ပူပန်မှု မရှိခဲ့ပါသလား။ ကျွန်တော်က သခင့်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့သော်လည်း၊ မကြာခဏ အပြစ်၏ ချည်နှောင်ခြင်းခံရပုံနှင့် နေ့ပိုင်းတွင် အပြစ်ကျူးလွန်ပြီး၊ ညပိုင်းတွင် ဝန်ခံသည့် အနေအထားတစ်ခု၌ အသက်ရှင်နေထိုင်ခဲ့ပုံတို့ကို တွေးရင်းဖြင့် ကျွန်တော်သည်လည်း ထိုနည်းလမ်းဖြင့် ဆက်ပြီး အသက်ရှင်နေထိုင်လိုစိတ်မရှိခဲ့ပါ။ သို့သော်လည်း ကျွန်တော်က အမှန်တကယ်ပင် အပြစ်ကို မအောင်နိုင်သောကြောင့် သခင့်ကို မကြာခဏ ဆုတောင်းပြီး၊ ကျွန်တော့်နှုတ်ကပတ်တော် ဖတ်ရှုခြင်းကို အားဖြည့်ခဲ့ပါသည်။ သို့သော် ကျွန်တော့်အပြစ်များနှင့်ဆိုင်သော ပြဿနာများကို လုံးဝ မဖြေရှင်းခဲ့ပါ။ သခင်က သန့်ရှင်းသောကြောင့် ကျွန်တော့်ကဲ့သို့ အပြစ်ဖြင့် အလွန်အမင်း ပြည့်နှက်နေသည့် လူမျိုးကို ကိုယ်တော်က လက်ခံပါ့မလား။Read More »

၁။ တစ်စုံတစ်ဦးသည် ခရစ်တော်၏ ဘုရားသဘာဝအနှစ်သာရကို မည်သို့သိနိုင်မည်နည်း။

ကျေးဇူးတော်, ခရစ်တော်, ယုံကြည်ခြင်း, ယေရှု, သမ္မာတရား

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

ယေရှုက၊ ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။…” “ငါဟောပြောသောစကားကို ကိုယ်အလိုအလျောက် ငါဟောပြောသည်မဟုတ်။ ငါပြုသောအမှုတို့ကား၊ ငါ၌ တည်နေတော်မူသော ခမည်းတော်သည် ပြုတော်မူ၏။ ငါသည် ခမည်းတော်၌ ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကို၎င်း ယုံကြလော။ ငါ့ စကားကို မယုံလျှင်၊ ငါ့အမှုတို့ကိုထောက်၍ ယုံကြလော့။” (ရှင်ယောဟန် ၁၄:၆၊၁၀-၁၁)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ထိုသို့သောအရာကို လေ့လာရန် မခက်ခဲပါ။ သို့သော် ငါတို့ တစ်ဦးချင်းစီသည် ဤသမ္မာတရားကို သိရန် လိုအပ်သည်၊ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းဖြစ်သော သူသည် ဘုရားသခင်၏ အနှစ်သာရကို တင်ဆောင်ထားမည်ဖြစ်ပြီး ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းဖြစ်သော သူသည် ဘုရားသခင်၏ ထုတ်ဖော်ပြသမှုကို ခံယူထားမည် ဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိအဖြစ်ကို ခံယူသည့်အတွက် ဘုရားသခင် လုပ်ရမည့်အလုပ်ကို လုပ်မည်ဖြစ်သည်၊ ဘုရားသခင်သည် လူ့ဇာတိအဖြစ်ကို ခံယူသည့်အတွက် ဘုရားသခင်၏ ဖြစ်ခြင်းကို ထုတ်ဖော်ပြသမည်၊ ထို့ပြင် လူသားတို့ဆီသို့ သမ္မာတရားကို သယ်ဆောင်လာမည်၊ လူသားတို့အပေါ် အသက်ကို အပ်နှင်းမည်၊ လူသားတို့အား လမ်းခရီးကို ပြမည် ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ မပါဝင်သည့် အသွေးအသားသည် လူ့ဇာတိကို ခံယူသော ဘုရားသခင် မဟုတ်သည်မှာ သေချာပါသည်၊ သံသယဖြစ်ဖွယ်ရာ မရှိပါ။ ဘုရားသခင် ခံယူထားသော လူ့ဇာတိ ဟုတ် မဟုတ် စူးစမ်းရန်အတွက် လူသားတို့သည် သူ ဖော်ထုတ်ပြသသည့် စိတ်သဘောထားနှင့် သူပြောဆိုသည့် စကားများမှ စိစစ်ဆုံးဖြတ်ရပေမည်။ ဆိုလိုသည်မှာ ဘုရားသခင် ခံယူထားသော လူ့ဇာတိ ဟုတ် မဟုတ်၊ မှန်ကန်သော လမ်းခရီး ဟုတ်မဟုတ်ကို သူ၏ အနှစ်သာရကိုကြည့်၍ ဆုံးဖြတ်ရမည်။ ထို့အတွက်ကြောင့် လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာ ဟုတ် မဟုတ် ဆုံးဖြတ်ရန်မှာ[က] သူ၏ အပြင်ပန်း ပုံသဏ္ဌာန်ထက် သူ၏ အနှစ်သာရ (သူ၏ အလုပ်၊ သူ၏ စကား၊ သူ၏ စိတ်သဘာထားနှင့် အခြားသော အရာများ များစွာ) ကို ဂရုပြုရမည်မှာ အဓိကသော့ချက်ဖြစ်သည်။ အကယ်၍ လူတို့သည် ဘုရားသခင်၏ အပြင်ပန်း ပုံသဏ္ဌာန်ကိုသာ ကြည့်ပြီး ဘုရားသခင်၏ အနှစ်သာရကို မကြည့်ပါက ယင်းသည် လူသားတို့၏ မသိနားမလည်ခြင်းနှင့် နုံအခြင်းကို ပြနေသည်။Read More »

၂။ ကယ်တင်ခံရခြင်းနှင့် ကယ်တင်ခြင်းတို့၏ ပဓာနကျသော ကွဲပြားမှုမှာ အဘယ်နည်း။

ကယ်တင်ခြင်း, နာခံခြင်း, ယေရှု, သမ္မာတရား, ဧဝံဂေလိ

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“ငါအမှန်အကန်ဆို သည်ကား၊ ဒုစရိုက်ကို ပြုသမျှသောသူတို့သည် ဒုစရိုက်ကျွန်ဖြစ်၏။ ကျွန်သည်ကား အိမ်၌ အစဉ်အမြဲနေသည်မဟုတ်။ သားမူကား အစဉ်အမြဲနေ၏။” (ရှင်ယောဟန် ၈:၃၃-၃၅)

“သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။” (ရှင်မဿဲခရစ်ဝင် ၇:၂၁)

“ငါသည်သန့်ရှင်းသောကြောင့် သင်တို့သည် သန့်ရှင်းခြင်း ရှိရကြမည်။” (ဝတ်ပြုရာကျမ်း ၁၁: ၄၅- ၄၆)

“လ္လင်တော်ရှေ့၌၎င်း၊ သတ္တဝါလေးပါးနှင့် အသက်ကြီးသူတို့ရှေ့၌၎င်း၊ သူတို့သည် အသစ်သော သီချင်းကို ဆိုကြ၏။ မြေကြီးမှရွေးနှုတ်သောသူ တသိန်းလေးသောင်းလေးထောင်မှတပါး၊ အဘယ်သူမျှ ထို သီချင်းကို သင်၍မရနိုင်။ ထိုသူတို့သည် ကညာဖြစ်၍မေထုန်အမှုနှင့် မညစ်ညူးသော သူဖြစ်ကြ၏။ သိုးသငယ် သွားလေ ရာရာအရပ်သို့ နောက်တော်၌ လိုက်သောသူဖြစ်ကြ၏။ လူတို့ အထဲကရွေးနှုတ်၍ ဘုရားသခင်နှင့် သိုးသငယ် အဘို့ အဦးသီးသော အသီးဖြစ်ကြ၏။ အပြစ်နှင့်ကင်းလွတ်ကြသည်ဖြစ်၍ သူတို့နှုတ်၌ မုသာမရှိ။” (ဗျာဒိတ်ကျမ်း ၁၄: ၃-၅)Read More »

၁။ ကယ်တင်ခံရသည် ဆိုသည်မှာအဘယ်နည်း။ ကယ်တင်ခြင်း ဆိုသည်မှာအဘယ်နည်း။

ကယ်တင်ခြင်း, ကျေးဇူးတော်, အသင်းတော်, အရှေ့အရပ်မှ လျှပ်ပြက်ခြင်း, သမ္မာတရား

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ –

“ယုံကြည်၍ ဗတ္တိဇံကိုခံသောသူသည် ကယ်တင်တော်မူခြင်းသို့ ရောက်လတံ့။ မယုံကြည်သောသူမူကား အပြစ်စီရင်ခြင်းကို ခံရလတံ့။” (မာကု ၁၆:၁၆)

“ဤခွက်ကား ပဋိညာဉ်တရားသစ်နှင့်ဆိုင်၍ လူများတို့၏အပြစ်ကိုလွတ်စေခြင်းငှါ သွန်းသော ငါ၏ အသွေးဖြစ်၏။” (ရှင်မဿဲ ၂၆:၂၈)

“သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။” (ရှင်မဿဲ ၇:၂၁)Read More »

ဘုရားသခင်၏ စကားတော် | စုံလင်ခြင်းသို့ ရောက်သော သူများသာ အဓိပ္ပါယ်ရှိသော အသက်တာဖြင့် အသက်ရှင်နိုင်သည်

ဘုရားသခင်၏ စကားတော် | စုံလင်ခြင်းသို့ ရောက်သော သူများသာ အဓိပ္ပါယ်ရှိသော အသက်တာဖြင့် အသက်ရှင်နိုင်သည်

အမှန်အားဖြင့် ယခု လုပ်ဆောင်ပြီးသော အလုပ်မှာ လူတို့သည် စာတန်အား စွန့်လွှတ်ရန်၊ ၎င်းတို့၏ သဘာဝ အဟောင်းကို စွန့်လွှတ်ရန် ဖြစ်သည်။ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်း အားလုံးသည် လူသားမျိုးနွယ်၏ ဖေါက်ပြန်ပျက်စီးတတ်သော စိတ်သဘောထားကို ဖော်ထုတ်ရန် နှင့် အသက်၏ အနှစ်သာရကို လူတို့ နားလည်စေရန် ရည်ရွယ်ခြင်း ဖြစ်သည်။ ထပ်တလဲလဲ ဖြစ်သော အဆိုပါ တရားစီရင်ခြင်းများသည် လူတို့၏ စိတ်နှလုံးသား တစ်ခုလုံးကို ထိုးဖောက်ကြသည်။ တရားစီရင်ခြင်း အားလုံးသည် လူတို့၏ ကံကြမ္မာအပေါ် တိုက်ရိုက် အကျိုးသက်ရောက်ပြီး ၎င်းတို့၏ စိတ်နှလုံးကို ထိခိုက်နာကျင်စေရန် ရည်ရွယ်ခြင်း ဖြစ်သောကြောင့် ၎င်းတို့သည် ထို အရာများ အားလုံးကို လက်လွှတ်နိုင်ကာ အသက် အကြောင်း သိလာမည်၊ ညစ်ညူးသော ဤ ကမ္ဘာကြီး အကြောင်း သိလာမည်၊ ထို့အပြင် ဘုရားသခင်၏ ဉာဏ်ပညာ နှင့် ဘုန်းတော်ကြီးမြတ်ခြင်း အကြောင်းကိုလည်း သိလာပြီး စာတန်၏ ဖျက်စီးခြင်း ခံထားရသော ဤ လူသားတို့ အကြောင်း သိလာမည် ဖြစ်သည်။ ဤကဲ့သို့ ပြစ်တင်ဆုံးမခြင်း နှင့် တရားစီရင်ခြင်းမျိုး များလေ၊ လူ၏ စိတ်နှလုံးအား ပို၍ ထိခိုက်နာကျင်စေနိုင်လေ ဖြစ်ပြီး သူ၏ ဝိညာဉ်အား ပို၍ နှိုးထစေနိုင်လေ ဖြစ်သည်။ ဤကဲ့သို့ တရားစီရင်ခြင်းမျိုး၏ ရည်မှန်းချက်ပန်းတိုင်မှာ အလွန့်အလွန် ဖေါက်ပြန်ပျက်စီးနေပြီး အနက်ဆုံးအထိ လှည့်ဖြားခြင်း ခံထားရသော အဆိုပါ လူတို့၏ ဝိညာဉ်များအား နှိုးထပေးရန် ဖြစ်သည်။ လူ၌ ဝိညာဉ် မရှိ၊ တစ်နည်းအားဖြင့် ဆိုပါက သူ၏ ဝိညာဉ်သည် ကုန်လွန်ခဲ့သော အတိတ်တွင် သေဆုံးခဲ့ပြီး သူသည် ကောင်းကင်ဘုံ ရှိကြောင်း မသိ၊ ဘုရားသခင် ရှိကြောင်း မသိဘဲ သေခြင်းတရား၏ ချောက်နက်ကြီးထဲတွင် ရုန်းကန်နေမှန်း သူ မသိမည်မှာ ကျိန်းသေပါသည်၊ သူသည် ဤ ကမ္ဘာကြီးပေါ်ရှိ ဆိုးယုတ်သော လောကငရဲထဲတွင် အသက်ရှင်နေကြောင်း သူ မည်သို့ သိနိုင်မည်နည်း။ စာတန် ဖျက်ဆီးခြင်း ခံရသော သူ၏ ပုပ်တတ်သော ဤ အသေကောင်သည် သေမင်း၏ မရဏာနိုင်ငံသို့ ကျရောက်နေကြောင်း သူ မည်သို့ သိနိုင်မည်နည်း။ ကမ္ဘာမြေကြီးပေါ်ရှိ အရာခပ်သိမ်းသည် ပြုပြင်၍ မရနိုင်လောက်အောင် လူသားတို့၏ ဖြိုလဲဖျက်ဆီးခြင်းကို ခံနေရသည်မှာ ကြာပြီ ဖြစ်ကြောင်း သူ မည်သို့ သိနိုင်မည်နည်း။ ထို့အပြင် ဖန်ဆင်းရှင် ဘုရားသခင်သည် ကမ္ဘာမြေကြီးပေါ်သို့ ယနေ့ ကြွလာကာ ကယ်တင်နိုင်သည့် ဖေါက်ပြန်ပျက်စီးသော လူ တစ်စုကို ရှာဖွေနေကြောင်းကို သူ မည်သို့ သိနိုင်မည်နည်း။ လူတို့သည် ဖြစ်နိုင်သော စစ်ဆေးခြင်း နှင့် တရားစီရင်ခြင်း အားလုံးကို ကြုံခဲ့ပြီးလျှင်တောင်မှ သူ၏ လေးလံထုံထိုင်းသော အသိစိတ်သည် အနည်းငယ်မျှသာ နိုးကြားပြီး မတုံ့ပြန်တတ်သလောက် ဖြစ်နေသည်။ လူသားမျိုးနွယ်သည် အလွန် ကျဆင်းယိုယွင်းနေပါတကား။ ဤကဲ့သို့သော တရားစီရင်ခြင်းမျိုးသည် မိုးကောင်းကင်မှ ကျသော ရက်စက်ကြမ်းတမ်းသည့် မိုးသီးသဖွယ် ဖြစ်သော်လည်း ၎င်းသည် လူသားတို့အတွက် အကြီးမားဆုံးသော အကျိုး ဖြစ်သည်။ လူတို့အား ဤသို့ တရားမစီရင်ပါက ရလဒ် ရှိလာမည် မဟုတ်ဘဲ လူတို့အား ဒုက္ခဆင်းရဲ ချောက်နက်ထဲမှ ကယ်တင်ရန် လုံးဝ ဖြစ်နိုင်ခြေ ရှိမည် မဟုတ်ပါ။ အကယ်၍ ဤ အမှုကို မပြုပါက လူတို့၏ စိတ်နှလုံးသည် လွန်လေပြီးသော အတိတ် ကတည်းက သေဆုံးနေခဲ့ပြီး ၎င်းတို့၏ ဝိညာဉ်များသည်လည်း စာတန်၏ နင်းခြေမှုကို ခံနေရသည်မှာ အချိန် ကြာမြင့်နေပြီ ဖြစ်သောကြောင့် သူတို့သည် သေမင်း၏ မရဏာနိုင်ငံမှ ရုန်းထွက်ရန် အလွန် ခက်ခဲမည် ဖြစ်သည်။ ပျက်စီးဆုံးရှုံးခြင်း ချောက်နက်၏ တွင်းဆုံးအထိ နစ်မြှပ်နေသော သင်တို့ကို ကယ်တင်ရန် သင်တို့အား အစွမ်းကုန် ခေါ်ထုတ်ရန်၊ အစွမ်းကုန် တရားစီရင်ရန် လိုအပ်ပြီး ထိုသို့ ပြုသည့်အခါမှ သင်၏ ရေခဲသဖွယ် အေးစက်နေသော စိတ်နှလုံးကို နှိုးထနိုင်ပါလိမ့်မည်။Read More »

၃။ ဘုရားသခင်၏တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အမှု၏ အရေးပါမှု

ခရစ်တော်, ဘုရားသခင်, သမ္မာတရား, အသက်, ဧဝံဂေလိ

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ –

နောက်ဆုံးသောကာလ၏ အမှုသည် အရာအားလုံးတို့ကို ၎င်းတို့၏ အမျိုးအစားအလိုက် ပိုင်းခြားရန်၊ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ကို အပြီးသတ်ရန်ဖြစ်သည်၊ အကြောင်းမှာ အချိန်သည် နီးလာပြီး ဘုရားသခင်၏ နေ့ရက်သည် ရောက်လာခဲ့ပြီ ဖြစ်သောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် သူ့နိုင်ငံတော်သို့ ဝင်လာသူ၊ အဆုံးတိုင် သူ့ကို သစ္စာရှိသူများအားလုံးကို ဘုရားသခင် ကိုယ်တိုင်၏ ခေတ်အတွင်းသို့ ဆောင်ယူခဲ့၏။ သို့သော် ဘုရားသခင် ကိုယ်တိုင်၏ ခေတ်သို့ ရောက်လာသည့်တိုင် ဘုရားသခင် ပြုမည့်အမှုသည် လူ၏ လုပ်ဆောင်ချက်များကို စောင့်ကြည့်ရန်၊ သို့မဟုတ် လူ၏ အသက်တာထဲသို့ ဝင်ရောက်၍ စုံစမ်းမှုပြုရန် မဟုတ်ပေ။ သို့သော် သူ၏ ပုန်ကန်မှုကို တရားစီရင်ရန် ဖြစ်ရာ ဘုရားသခင်သည် သူ၏ပလ္လင်ရှေ့သို့ ရောက်လာသူတိုင်းတို့အား သန့်စင်ပေးလိမ့်မည်။ ယနေ့ချိန်ထိ ဘုရားသခင်၏ ခြေလှမ်းများအတိုင်း လိုက်လျှောက်ခဲ့သူ အားလုံးတို့သည် ဘုရားသခင်၏ ပလ္လင်ရှေ့သို့ လာရောက်ကြသူများ ဖြစ်ကြသည့်အတွက် ဘုရားသခင်အမှု၏ နောက်ဆုံးအဆင့်ကို လက်ခံသောလူတိုင်းသည် ဘုရားသခင်၏ သန့်စင်ပေးမှုကို ခံရာဝတ္ထုများ ဖြစ်ကြသည်။ တစ်နည်းအားဖြင့် ဘုရားသခင်အမှု၏ နောက်ဆုံး အဆင့်ကို လက်ခံသောသူတိုင်းသည် ဘုရားသခင် တရားစီရင်ခြင်း ခံရာဝတ္ထုများဖြစ်၏။Read More »

၁။ ဘုရားသခင့်နှုတ်ကပတ်တော် အမှု၏ အရေးပါမှု

၁။ ဘုရားသခင့်နှုတ်ကပတ်တော် အမှု၏ အရေးပါမှု

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ –

နိုင်ငံတော်ခေတ်တွင် ဘုရားသခင်သည် ခေတ်သစ်တစ်ခုကို အစပျိုးရန်၊ သူအလုပ် လုပ်သည့် နည်းလမ်းများကို ပြောင်းလဲရန်နှင့် ခေတ်တစ်ခေတ်လုံးအတွက် အလုပ်လုပ်ရန် သူ၏ နှုတ်ကပတ်တော်ကို အသုံးပြုသည်။ ဤသည်မှာ နှုတ်ကပတ်တော်ခေတ်၌ ဘုရားသခင် အလုပ်လုပ်ရာတွင် အသုံးပြုသည့် နိယာမဖြစ်သည်။ လူ့ဇာတိ၌ ပေါ်လာသော နှုတ်ကပတ်တော်ဖြစ်သည့် ဘုရားသခင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် ချီးမွမ်းအံ့သြဖွယ် ကောင်းသောအရာကို အမှန်တကယ် မြင်နိုင်စွမ်းရှိစေလျက် ရှုထောင့်အမျိုးမျိုးမှ စကားပြောရန်အလို့ငှာ လူဇာတိကိုခံယူခဲ့သည်။ လူကို သိမ်းပိုက်ရန်၊ စုံလင်စေရန်၊ သုတ်သင်ဖယ်ရှားရန်အတွက် သူချမှတ်ထားသည့် ရည်မှန်းချက်ပန်းတိုင်များ ပိုမိုကောင်းမွန်စွာ ထမြောက်အောင်မြင်စေရန်အလို့ငှာ ထိုသို့သောအလုပ်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ နှုတ်ကပတ်တော်ခေတ်၌ အလုပ်လုပ်ရန် နှုတ်ကပတ်တော်ကို အသုံးပြုရခြင်း၏ စစ်မှန်သော အဓိပ္ပာယ်ဖြစ်သည်။ နှုတ်ကပတ်တော်အားဖြင့် လူသည် ဘုရားသခင်၏အလုပ်၊ ဘုရားသခင်၏ စိတ်သဘောထား၊ လူ၏ အနှစ်သာရနှင့် လူသည် မည်သည့်အရာထဲ ဝင်ရောက်သင့်သည်တို့ကို သိလာသည်။ နှုတ်ကပတ်တော်ခေတ်၌ ဘုရားသခင်လုပ်ရန် ဆန္ဒရှိသော အလုပ်အားလုံးကို ဘုရားသခင်သည် နှုတ်ကပတ်တော်အားဖြင့် အထမြောက်စေခဲ့သည်။ နှုတ်ကပတ်တော်အားဖြင့် လူကို ထုတ်ဖော်ခဲ့သည်၊ သုတ်သင်ဖယ်ရှားခဲ့သည်၊ စမ်းသပ်ခဲ့သည်။ လူသည် နှုတ်ကပတ်တော်ကို မြင်ခဲ့ပြီးဖြစ်သည်၊ ကြားခဲ့ပြီးဖြစ်သည်၊ နှုတ်ကပတ်တော် တည်ရှိကြောင်း သိလာခဲ့သည်။ ရလဒ်အနေနှင့် လူက ဘုရားသခင် တည်ရှိကြောင်းကို ယုံသည်၊ ဘုရားသခင်၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာကို ယုံသည်၊ ဘုရားသခင်၏ နှလုံးသားထဲရှိ လူအပေါ်ထားသောမေတ္တာနှင့် လူကို ကယ်တင်လိုသည့် ဆန္ဒကိုလည်း ယုံသည်။ “နှုတ်ကပတ်တော်”ဟူသည့် စကားလုံးသည် ရိုးရိုး သာမန်စကားလုံးတစ်လုံးသာ ဖြစ်သော်လည်း ဘုရားသခင်၏ နှုတ်တော်ထွက်စကားသည် လူဇာတိကိုခံယူပြီး စကြဝဠာ တစ်ခုလုံးကို လှုပ်ခါစေခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် လူ၏နှလုံးသား၊ လူ၏ အယူအဆ၊ စိတ်သဘောထား အဟောင်းနှင့် တစ်လောကလုံး၏ အသွင်ဟောင်းကို အသွင်သဏ္ဌာန်ပြောင်းလဲစေသည်။ ခေတ်အဆက်ဆက်၌ ယနေ့၏ ဘုရားသခင်သာလျှင် ထိုသို့ အလုပ်လုပ်ပြီး သူသာလျှင် လူကို စကားပြော၍ ကယ်တင်သည်။ ထိုအချိန်မှစ၍ လူသည် နှုတ်ကပတ်တော်၏ ဦးဆောင်လမ်းပြမှုအောက်တွင် နှုတ်ကပတ်တော်၏ ထိန်းကျောင်းမှုနှင့် ပံ့ပိုးကူညီမှုတို့ကို ခံယူပြီးအသက်ရှင်သည်။ သူတို့သည် နှုတ်ကပတ်တော်၏ ကမ္ဘာ၌ အသက်ရှင်ကြသည်၊ ဘုရားသခင် နှုတ်ကပတ်တော်၏ ကျိန်ခြင်းများ၊ ကောင်းချီးမင်္ဂလာများ အတွင်း၌ အသက်ရှင်ကြသည်။ ထိုအပြင် နှုတ်ကပတ်တော်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုအောက်တွင် အသက်ရှင်ကြသည်။ ဤနှုတ်ကပတ်တော်များနှင့် အလုပ်သည် လူ၏ ကယ်တင်ခြင်းအကျိုးအတွက်၊ ဘုရားသခင်၏အလို ထမြောက်အောင်မြင်စေဖို့အတွက်၊ ဖန်ဆင်းခြင်းအဟောင်း လောက၏ မူလသွင်ပြင်ကို ပြောင်းလဲဖို့အတွက် ဖြစ်သည်။ ဘုရားသခင်သည် လောကကို နှုတ်ကပတ်တော်ဖြင့် ဖန်ဆင်းခဲ့သည်၊ စကြဝဠာအနှံ့တွင် လူတို့ကို နှုတ်ကပတ်တော်ဖြင့် ဦးဆောင်ခဲ့ပြီး နှုတ်ကပတ်တော်နှင့်ပင် လူတို့ကို သိမ်းပိုက်၍ ကယ်တင်ခဲ့သည်။ နောက်ဆုံးတွင် ဘုရားသခင်သည် အိုဟောင်းသော လောကတစ်ခုလုံးကို အဆုံးသတ်ရန် နှုတ်ကပတ်တော်ကို အသုံးပြုမည် ဖြစ်သည်။ ထို့နောက်တွင်မှ ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်သည် လုံးလုံးလျားလျား ပြီးမြောက်မည် ဖြစ်သည်။ နိုင်ငံတော်ခေတ် တစ်လျှောက်လုံးတွင် ဘုရားသခင်သည် သူ့အလုပ်ကို လုပ်ရန်နှင့် သူ့အလုပ်မှ အကျိုးကျေးဇူးများကိုရရှိရန် နှုတ်ကပတ်တော်ကို အသုံးပြုသည်။ သူသည် အံ့ဖွယ်အရာများကို လုပ်ဆောင်ခြင်းမရှိသကဲ့သို့ နိမိတ်လက္ခဏာများကိုလည်း ပြသခြင်းမရှိပါ။ သူ့အလုပ်ကို နှုတ်ကပတ်တော်အားဖြင့်သာ လုပ်သည်။ နှုတ်ကပတ်တော်ကြောင့် လူသည် အာဟာရကို ရရှိပြီး ထောက်ပံ့ကူညီမှုကို ရရှိသည်။ နှုတ်ကပတ်တော်ကြောင့် လူသည် အသိပညာနှင့် စစ်မှန်သောအတွေ့အကြုံကို ရရှိသည်။Read More »