နိုင်ငံတော်ကာလတွင် ဘုရားသခင်သည် အဘယ်ကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟူသည့် အမည်နာမခံယူသနည်း။

ကယ်တင်ရှင်, ခရစ်တော်, ရွေးနှုတ်ခြင်း, သခင်ယေရှု, အသင်းတော်

အနန္တတန်ခိုးရှင်ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် တဖန်ကြွလာသော သခင်ယေရှုဖြစ်သဖြင့်၊ နောက်ဆုံးသောကာလတွင် စီရင်ခြင်းအမှုကိုဆောင်ရွက်ရန် သခင်ယေရှုကြွလာသည့်အခါ အဘယ်ကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟု ခေါ်သည်ကို များစွာသောလူတို့ နားမလည်ကြပေ။ သူသည် အဘယ်ကြောင့် သခင်ယေရှုဟု ဆက်လက် အခေါ်မခံသနည်း။ တကယ်တမ်းမူ ဘုရားသခင်သည် အမှုတစ်ဆင့်ကို ဆောင်ရွက်တိုင်း အမည်သစ်တစ်ခု ရှိသည်။ ၎င်းအမည်သစ်မှာ ဘုရားသခင်ကိုယ်တိုင် အမှုနှင့် ကိုက်ညီသည်အတိုင်း ခံယူခြင်းဖြစ်၏။ လူတို့မှ ၎င်းတို့နှစ်သက်သည်အတိုင်း သူ့ကို ခေါ်ခြင်းမဟုတ်။ အမှု၏အဆင့်တိုင်းတွင် ဘုရားသခင်ခံယူသော အမည်နာမ၏အခြေခံမှာ ကျမ်းစာတွင်ရှိသည်။ တဖန်ပြန်ကြွလာသော နောက်ဆုံးသောကာလ သခင်ယေရှု၏အမည်ကို ကျမ်းစာတွင် ရှေးမဆွက ကြိုတင်ဟောကြားထားခဲ့၏။ ဟေရှာယပြောသည်မှာ “တပါးအမျိုးသားတို့သည် သင်၏ဖြောင့်မတ်ခြင်းကို၎င်း၊ ရှင်ဘုရင်အပေါင်းတို့သည် သင်၏ ဘုန်းအသရေကို၎င်း မြင်ရကြလိမ့်မည်။ ထာဝရဘုရား၏ နှုတ်တော်ထွက်နာမသစ်ဖြင့် သင့်ကိုခေါ်ကြလိမ့်မည်။” (ဟေရှာယ ၆၂:၂)။ ဗျာဒိတ်ကျမ်းတွင်လည်း ဟောကြားထား သည်မှာ “ဖိလဒေလဖိမြို့၌ရှိသော အသင်းတော်၏တမန်ကို ဤသို့ရေး၍ မှာလိုက်လော့။ …. အကြင်သူသည် အောင်မြင်၏။ ထိုသူကို ငါသည် ငါ၏ဘုရားသခင် ဗိမာန်တော်၌ တိုင်ဖြစ်စေမည်။ နောင်တဖန်သူသည် ပြင်သို့မရွေ့ရ။ ငါ၏ဘုရားသခင် နာမတော်ကို၎င်း၊ ငါ၏ဘုရားသခင့် အထံတော်မှထွက်၍၊ ကောင်းကင်ဘုံမှ ဆင်းသက်သော ယေရုရှလင်မြို့သစ်တည်းဟူသော၊ ငါ၏ဘုရားသခင်မြို့တော်၏ နာမကို၎င်း၊ ငါ၏ နာမသစ်ကို၎င်း၊ ထိုသူတို့အပေါ်၌ ငါသည်အက္ခရာတင်မည်။” (ဗျာဒိတ် ၃:၇၊ ၁၂)။ “ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏ဟု အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ် ရှိတော်မူသော ထာဝရအရှင် ဘုရားသခင် မိန့်တော်မူ၏။” (ဗျာဒိတ် ၁:၈)။ “တဖန်တုံ၊ ဟာလေလုယ၊ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရအရှင်၊ ငါတို့ဘုရားသခင်သည် စိုးစံတော်မူ၏ . . .ဟု စည်းဝေးသောသူအများတို့၏အသံ၊ သမုဒ္ဒရာသံ၊ ပြင်းစွာသောမိုဃ်းကြိုးသံကဲ့သို့ ငါကြား၏။” (ဗျာဒိတ် ၁၉:၆)။ နိုင်ငံတော်ကာလ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နာမသည် ဗျာဒိတ်ကျမ်း၏ ရှေးမဆွက ဟောကြားချက်များကို လုံးဝ ဖြည့်ဆည်းပေးခြင်းဖြစ်၏။ ခေတ်တစ်ခေတ်စီတွင် ဘုရားသခင်ခံယူသော နာမသည် လေးနက်သော အဓိပ္ပါယ်ရှိ၍ ထိုကာလရှိ ဘုရားသခင်၏အမှုနှင့် အနီးကပ် ဆက်စပ်လျှက် ရှိ၏။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် ဤအကြောင်းနှင့် ဆက်စပ်နေသည့် နက်နဲသော အရာတို့ကို ဖော်ပြ၍ အောက်ပါကဲ့သို့ ပြော၏။ “ခေတ်တစ်ခုစီတိုင်းတွင်၊ ဘုရားသခင် သည် အလုပ်သစ်ကို လုပ်ဆောင်ပြီး အမည်သစ် ခေါ်ဆိုခံရသည်။ မတူသော ခေတ်များတွင် တူညီသော အလုပ်ကို သူ့မှာ မည်သို့လျှင် လုပ်နိုင်မည်နည်း။ အဘယ်သို့လျှင် အဟောင်းကို ဆုပ်ကိုင်ထားနိုင်မည်နည်း။ ယေရှု အမည်နာမကို ရွေးနှုတ်ခြင်းအလုပ် လုပ်ရန်အတွက် ယူထားခြင်းဖြစ်ရာ၊ နောက်ဆုံးသော ကာလတွင် သူပြန်လည် ကြွလာသောအခါ ထိုအမည်ကိုဘဲ ခေါ်နေဆဲ ဖြစ်မည်လား။ သူသည် ရွေးနှုတ်ခြင်းအလုပ်ကို လုပ်နေဆဲ ဖြစ်မည်လား။ မတူညီသော ခေတ်များတွင် မတူညီသော နာမတော်များဖြင့် ခေါ်ဆိုခြင်း ခံကြရ သော်လည်း အဘယ်သို့လျှင် ယေဟောဝါနှင့် ယေရှုသည် တစ်လုံးတစ်ဝတည်း ဖြစ်သနည်း။ ယင်းသို့ ခေါ်ဆိုခံရခြင်းမှာ သူတို့အလုပ်၏ ခေတ်များ မတူညီခြင်းကြောင့် မဟုတ်သလော။ အမည်တစ်ခုတည်းက ဘုရားသခင်ကို လုံးလုံးလျားလျား ကိုယ်စားမပြုနိုင်ဘူးလား။ သို့ဖြစ်လျှင် ဘုရားသခင်ကို မတူညီသော ခေတ်တစ်ခေတ်တွင် မတူသော အမည်တစ်ခုဖြင့် ခေါ်ဆိုရလိမ့်မည်ဖြစ်ပြီး၊ ခေတ်ကို ပြောင်းလဲရန်နှင့် ကိုယ်စားပြုရန် အမည်နာမကို အသုံးပြုရမည်။ အကြောင်းမှာ မည်သည့် အမည်တစ်ခုကမျှ ဘုရားသခင် ကိုယ်တော်တိုင်ကို အပြည့်အဝ ကိုယ်စားမပြုနိုင်ဘဲ အမည်တစ်ခုချင်းသည် သက်ဆိုင်ရာ ခေတ်တွင် ဘုရားသခင် စိတ်သဘောထား၏ ယာယီ ရှုထောင့်ကိုသာလျှင် ကိုယ်စားပြုနိုင်သောကြောင့် ဖြစ်သည်။ ယင်းအမည် လုပ်ရမည့်အလုပ် အားလုံးမှာ သူ၏ အလုပ်ကို ကိုယ်စားပြုရန်ဖြစ်သည်။ သို့ဖြစ်ရာ ဘုရားသခင် သည် ခေတ်တစ်ခုလုံးကို ကိုယ်စားပြုရန် သူ၏ စိတ်သဘောထားနှင့် လိုက်လျောညီထွေ ရှိစေမည့် မည်သည့် နာမတော်ကို မဆို ရွေးချယ်နိုင်သည်။ ယေဟောဝါ၏ခေတ် ဖြစ်သည်ဖြစ်စေ၊ သို့မဟုတ် ယေရှု၏ ခေတ် ဖြစ်သည်ဖြစ်စေ၊ ခေတ်တစ်ခုချင်းသည် အမည်နာမတစ်ခုဖြင့် ကိုယ်စားပြုခြင်းခံရသည်။”“ဘုရားသခင် အလုပ်၏ ရူပါရုံ (၃)” နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ။Read More »

Advertisements

တရုတ်နိုင်ငံတွင် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နိုင်ငံတော် ဧဝံဂေလိတရား ဖြန့်ဝေခြင်း

ခရစ်ယာန်, ဆုတောင်း, ပရောဖက်ပြုချက်, ယုံကြည်ခြင်း, အသင်းတော်

၁၉၉၅ ခုနှစ်တွင် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နိုင်ငံတော်ဧဝံဂေလိတရားတော်ကို သက်သေခံခြင်းအမှုသည် တရုတ်ပြည်မတွင် စနစ်တကျစတင်ခဲ့၏။ ဘုရားသခင်အပေါ် ကျွန်ုပ်တို့ ကျေးဇူးတင်ရှိခြင်းနှင့် ကျွန်ုပ်တို့၏ စစ်မှန်သည့်မေတ္တာတို့ဖြင့် ကျွန်ုပ်တို့သည် အနန္တတန်ခိုးရှင်ဘုရားသခင် ပေါ်ထွန်းခြင်းနှင့် အနန္တတန်ခိုးရှင်ဘုရားသခင်၏ အမှုတို့ကို ဂိုဏ်းဂဏအမျိုးမျိုးနှင့် ဂိုဏ်းကွဲအမျိုးမျိုးရှိ ညီအစ်ကိုမောင်နှမများထံ သက်သေခံခဲ့ပါသည်။ ၎င်းတို့၏ခေါင်းဆောင်များထံမှ အစွန်းရောက်ခုခံမှုနှင့် အသရေဖျက်မှုတို့ခံရမည်ဟု ကျွန်ုပ်တို့ မျှော်လင့်မထားခဲ့မိပါ။ ကျွန်ုပ်တို့သည် စိတ်အားထက်သန်စွာဖြင့် ဆုတောင်းရန်နှင့် ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ အမှုပြုရန် တောင်းခံရေးအတွက်သာ အနန္တတန်ခိုးရှင်ဘုရားသခင် ထံတော်ရှေ့ လာနိုင်ကြပါသည်။ ၁၉၉၇ ခုနှစ်မှစ၍ သန့်ရှင်းသောဝိညာဉ်တော်၏ ကြီးကျယ်လှသော အမှုကို ကျွန်ုပ်တို့တွေ့ခဲ့ရပါသည်။ နေရာအမျိုးမျိုးရှိ အသင်းတော်များ၏အဖွဲ့ဝင်ဦးရေ အလျင်အမြန်တိုးပွားခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် နိမိတ်လက္ခဏာနှင့် အံ့သြဖွယ်ရာများစွာ ဖြစ်ပေါ်ခဲ့ပြီး ဂိုဏ်းဂဏအမျိုးမျိုးနှင့် ဂိုဏ်းကွဲအမျိုးမျိုးမှ လူများစွာတို့သည် ဘုရားသခင်၏ ဗျာဒိတ်များကို လက်ခံရရှိခြင်း သို့မဟုတ် ထိုနိမိတ်လက္ခဏာနှင့် အံ့သြဖွယ်ရာများကို တွေ့ခဲ့ရခြင်းကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ပြန်လာခဲ့ကြ၏။ အကယ်၍ သန့်ရှင်းသောဝိညာဉ်တော်က အမှုမပြုခဲ့ပါက လူသားအနေဖြင့် အဘယ်အရာကို လုပ်ဆောင်နိုင်မည်နည်း။ ထို့ကြောင့် ကျွန်ုပ်တို့ အသိတရားရသွားသည်မှာ၊ ကျွန်ုပ်တို့သည် သမ္မာတရားအချို့ကို နားလည်သော်လည်း ကျွန်ုပ်တို့၏ လူသားခွန်အားနှင့်သာ အနန္တတန်ခိုးရှင်ဘုရားသခင်အတွက် သက်သေမခံနိုင်ကြပါ။ ဂိုဏ်းဂဏအမျိုးမျိုးနှင့် ဂိုဏ်းကွဲအမျိုးမျိုးမှလူများ အနန္တတန်ခိုးရှင်ဘုရားသခင်ကို လက်ခံပြီးနောက် ထိုသူတို့သည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်တွင် စားသောက်ခြင်းနှင့် မွေ့လျော်ခြင်းဖြင့် ၎င်းတို့၏နှလုံးသားများတွင် အနန္တတန်ခိုးရှင်ဘုရားသခင်ကို တဖြည်းဖြည်း သေချာသွားခဲ့ကြကာ အချိန်အနည်းငယ်ကြာပြီးနောက် ၎င်းတို့တွင် စစ်မှန်သောယုံကြည်ခြင်းနှင့် နာခံမှုတို့ ဖြစ်ပေါ်လာ၏။ ထို့ကြောင့် ဂိုဏ်းဂဏတိုင်းနှင့် ဂိုဏ်းကွဲတိုင်းမှလူတို့သည် ပလ္လင်တော်ရှေ့သို့ ချီမခြင်းခံခဲ့ရပြီး ၎င်းတို့စိတ်ကူးယဉ်ခဲ့သကဲ့သို့ “သခင်နှင့် မိုးကောင်းကင်တွင်ဆုံစည်း” ရန် မျှော်မှန်းမထားတော့ပေ။Read More »

အနန္တတန်ခိုးရှင် ဘုရားသခင်၏အသင်းတော် မည်သို့ပေါ်ပေါက်လာသနည်း။

ကယ်တင်ခြင်း, ကောင်းကင်နိုင်ငံတော်, ချီဆောင်ခြင်း, ထာဝရအသက်, အသင်းတော်

ခရစ်ယာန် အသင်းတော်များကဲ့သို့ပင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်မှာ ဘုရားသခင်၏အမှုသည် ဇာတိပကတိခံယူသည့်အတွက် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်၏။ သခင်ယေရှု ရုပ်သွင်နှင့် အမှုတို့ ဇာတိပကတိ ခံယူသည့်အတွက်ကြောင့် ခရစ်ယာန် အသင်းတော်များ ပေါ်ပေါက်လာ၏။ ထို့အပြင် နောက်ဆုံးသောကာလတွင် လူ့ဇာတိခံယူသော အနန္တတန်ခိုးရှင် ဘုရားသခင်၏ ရုပ်သွင်နှင့် အမှုတို့ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် ပေါ်ပေါက်လာခြင်းဖြစ်၏။ ထို့ကြောင့် ဘုရားသခင်၏ ရုပ်သွင်နှင့် အမှုတို့ ဇာတိပကတိ ခံယူသဖြင့် ခေတ်ကာလအဆက်ဆက်ရှိ အသင်းတော်များ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ဘုရားသခင် လူ့ဇာတိခံယူခြင်း အဆင့်တိုင်း၏ အမှုသည် သမ္မာတရားများစွာကို ဖော်ပြကာ၊ ဘုရားသခင်ဖော်ပြသော သမ္မာတရားများကြောင့် များစွာသော လူတို့သည် ဘုရားသခင်ကို လက်ခံ၍ ဘုရားသခင်နောက် လိုက်လာကြရာမှ အသင်းတော်များ ပေါ်ပေါက်လာ၏။ ဘုရားသခင်၏အမှုကို လက်ခံ၍ ဘုရားသခင်နောက်သို့ လိုက်သော သူများကြောင့် အသင်းတော်များ ဖွဲ့စည်းခဲ့သည်ကို ဤသည်မှ တွေ့နိုင်၏။ ဘုရားသခင် ရွေးချယ်သူတို့ ဤသို့အတူတကွ စုရုံးခြင်းကို အသင်းတော်ဟု ခေါ်၏။ လွန်ခဲ့သော အနှစ်နှစ်ထောင်က လူ့ဇာတိခံယူသော သခင်ယေရှု၏ ရုပ်သွင်နှင့် အမှုတို့ကြောင့် ခရစ်ယာန် အသင်းတော်များ ပေါ်ထွက်လာ၏။ သခင်ယေရှု ဟောကြားသည်မှာ “ထိုအခါမှစ၍ ယေရှုက၊ နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီဟူသော တရားကို ဟောစပြုတော်မူ၏။” (မဿဲ ၄:၁၇)။ ထို့နောက် သူသည် ရွေးနုတ်ခြင်းအမှု ဆောင်ရွက်၍ ကျေးဇူးတော်ကာလရှိ လူတို့ လက်တွေ့ကျင့်သုံးကာ ဆောင်ရွက်ရမည့် သမ္မာတရားများကို ထုတ်ဖော်ပြောဆို၏။ ထိုအခါ များစွာသောလူတို့ သခင်ဘုရားကို စတင်ယုံကြည်ကာ နောက်သို့ လိုက်ကြသဖြင့် ထိုအချိန်က အသင်းတော်များ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ ၎င်းနောက်တွင် နိုင်ငံခပ်သိမ်း၊ နယ်မြေခပ်သိမ်းသို့ သခင်ယေရှု၏ ဧဝံဂေလိတရား ပျံ့နှံ့သွား၍၊ နောက်ဆုံးသောကာလအထိ ကမ္ဘာဆုံးတိုင်အောင် ပျံ့နှံသွားကာ ခရစ်ယာန်အသင်းတော်များ နိုင်ငံတိုင်းတွင် ပေါ်ထွက်လာခဲ့၏။ ၎င်းတို့မှာ ကျေးဇူးတော်ကာလ၏ အသင်းတော်များဖြစ်၏။ နောက်ဆုံးသောကာလ၏ နောက်ဆုံးအဆင့်များတွင် လူ့ဇာတိခံယူသော အနန္တတန်ခိုးရှင် ဘုရားသခင်သည် တရုတ်ပြည်မတွင် ပေါ်ထွက်လာကာ အမှုထမ်းဆောင်၏။ Read More »

အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်၏ ရည်မှန်းချက်များက မည်သည်တို့နည်း

ယုံကြည်ခြင်း, ခရစ်ယာန်ဘာသာ, ခရစ်ယာန်, သမ္မာတရား, အသင်းတော်

အနန္တတန်ခိုးရှင် ဘုရားသခင်၏အသင်းတော်သည် သမ္မာကျမ်းစာပါ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် အနန္တတန်ခိုးရှင် ဘုရားသခင်မှ ဖော်ပြသော နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နှင့် လုံးဝကိုက်ညီစွာ ၎င်း၏ ယုံကြည်သူများကို ရေလောင်းကာ ထိန်းကျောင်းပါသည်။ ထိုသို့ပြုခြင်းမှာ ယုံကြည်သူတိုင်း သည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်၏ ထိန်းကျောင်းမှု၊ ကျွေးမွေးထားမှု၊ ရေလောင်းမှုနှင့် လမ်းပြမှုအောက်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ရှိ ခပ်သိမ်းသော သမ္မာတရားတို့ကို နားလည်၍ အသက်တာနှင့် တန်ဖိုးထားမှုများအတွက် မှန်ကန်သည့် အမြင်ရှိရန်၊ မှန်ကန်သည့် ရည်မှန်းချက်များရှိရန်၊ ဘုရားသခင်၏ လမ်းခရီးနောက် လိုက်လျှောက်ရန်၊ ဘုရားသခင်ပေးအပ်သည့် တာဝန်များကို စွဲကိုင်ထားရန်နှင့် လောက၏ အလင်းနှင့် လောက၏ဆားတို့ ဖြစ်ခြင်းအားဖြင့် ဘုရားသခင်၏ ဘုန်းအာနုဘော်ကို ထင်ရှားစေကာ ဘုရားသခင်၏ ချီးမွမ်းခြင်းခံရ၍ ဘုရားသခင်၏ကတိများကို အမွေခံထိုက်သူ ဖြစ်စေရန် ဖြစ်သည်။Read More »

အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်၏ အခြေခံယုံကြည်ချက်များ

ခရစ်ယာန်, ခရစ်ယာန်ဘာသာ, သမ္မာကျမ်းစာ, သမ္မာတရား

(၁) အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်၏ သက်ဝင်ယုံကြည်မှုဝါဒများ

ခရစ်ယာန်ဘာသာ၏ သက်ဝင်ယုံကြည်မှုဝါဒများ၏ အရင်းခံမှာ သမ္မာကျမ်းစာဖြစ်၍ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်၏ သက်ဝင်ယုံကြည်မှုဝါဒများ၏ အရင်းခံမှာ ပညတ်တော်ကာလ၊ ကျေးဇူးတော်ကာလနှင့် နိုင်ငံတော်ကာလအမှုတို့တွင် ဖန်ဆင်းချိန်မှစ၍ ဘုရားသခင်မှ ဖော်ပြခဲ့သော ခပ်သိမ်းသောသမ္မာတရားဖြစ်၏။ ဆိုလိုသည်မှာ ဓမ္မဟောင်းကျမ်း၊ ဓမ္မသစ်ကျမ်းနှင့် နောက်ဆုံးသောကာလ တဖန်ပြန်ကြွလာသော သခင်ယေရှု၊ အနန္တတန်ခိုးရှင် ဘုရားသခင်၊ ဖော်ပြခဲ့သော နိုင်ငံတော်ကာလ သမ္မာကျမ်းစာ — နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ — တို့သည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်၏ အခြေခံယုံကြည်ချက်များနှင့် သက်ဝင်ယုံကြည်မှုဝါဒများ၏ အရင်းခံဖြစ်သည်။ ဓမ္မဟောင်းကျမ်းတွင် ယေဟောဝါဘုရားသခင်၏ ဥပဒေများနှင့် ပညတ်များ ချမှတ်သည့်အမှုနှင့် ပညတ်တော်ကာလတွင် လူသား၏ဘဝကို လမ်းပြသည့် အမှုတို့ကို မှတ်တမ်းတင်ထားပါသည်။ ဓမ္မသစ်ကျမ်းတွင် ကျေးဇူးတော်ကာလ သခင်ယေရှုမှ အကောင်အထည်ဖော်သည့် ရွေးနုတ်ခြင်းအမှုကို မှတ်တမ်းတင်ထား၍ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ သည် နိုင်ငံတော်ကာလ အနန္တတန်ခိုးရှင် ဘုရားသခင်မှ ဖော်ပြခဲ့သော လူသားမျိုးနွယ်အပေါ် သန့်စင်ခြင်းနှင့် ကယ်တင်ခြင်းအတွက် ခပ်သိမ်းသော သမ္မာတရားအပြင် နောက်ဆုံးသောကာလ ဘုရားသခင်၏ စီရင်ခြင်းအမှု အကြောင်းဖြစ်၏။ စစ်မှန်သော သမ္မာကျမ်းစာသည် အမှု၏ ဤအဆင့် သုံးဆင့်စလုံးတွင် ဘုရားသခင်၏ ခပ်သိမ်းသော မြွက်ဆိုချက်များ ဖြစ်၍ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်၏ အခြေခံယုံကြည်ချက်များမှာ ဤအမှုအဆင့် သုံးဆင့်တွင် ဘုရားသခင်၏ ခပ်သိမ်းသော မြွက်ဆိုချက်များဖြစ်ကြ၏။ ဆိုလိုသည်မှာ ဤအမှုအဆင့် သုံးဆင့်တွင် ဘုရားသခင်မှ ဖော်ပြခဲ့သည့် ခပ်သိမ်းသော သမ္မာတရားများ ဖြစ်၏။ ဤသန့်ရှင်းသော သမ္မာကျမ်းစာ သုံးခုစလုံးသည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်၏ အခြေခံယုံကြည်ချက်များနှင့် သက်ဝင်ယုံကြည်မှုဝါဒများ ဖြစ်ကြသည်။Read More »

အနန္တတန်ခိုးရှင် ဘုရားသခင်နှင့် သခင်ယေရှုတို့သည် တစ်ဆူတည်းသော ဘုရားသခင်လော။

ဆုတောင်း, ယေရှု, ဝိညာဉ်တော်, သခင်ယေရှု, သမ္မာတရား

လူသားသည် စာတန်၏ ဖျက်ဆီးခြင်းကို ခံရသည့်အခါ ဘုရားသခင်သည် လူသား မျိုးနွယ်ကို ကယ်တင်ရန် စီမံခန့်ခွဲမှု အစီအစဉ်တစ်ရပ်ကို စတင်ခဲ့၏။ လူသားမျိုးနွယ်ကို ကယ်တင်ရန် ဘုရားသခင်သည် အမှုအဆင့် သုံးဆင့်ကို ဆောင်ရွက်ခဲ့၏။ ပညတ်တော် ကာလတွင် ယေဟောဝါ ဘုရားသခင်သည် ပညတ်တော်များကို ထုတ်ပြန်လျှက် လူသား မျိုးနွယ်၏ဘဝကို လမ်းပြကာ လူသားတို့အား ဘုရားသခင်ကို ကိုးကွယ်ရမည် ဖြစ်ကြောင်းနှင့် အပြစ်ဟူသည် မည်သည့်အရာ ဖြစ်ကြောင်းတို့ကို အသိပေးခဲ့၏။ သို့ရာတွင် ပညတ်တော်ကာလ၏ နောက်ဆုံးအဆင့်များ ရောက်လာသည့်အခါ လူသားမျိုးနွယ်၏ ပျက်စီးမှုသည် ပိုမိုပြင်းထန်လာကာ လူတို့သည် ပညတ်များကို မကြာခဏ ချိုးဖောက်လျှက် ယေဟောဝါကို ပြစ်မှားခဲ့ကြ၏။ ထိုသူတို့သည် ၎င်းတို့၏ ချိုးဖောက်မှုများကြောင့် ပြစ်တင် ရှုတ်ချခံရခြင်းနှင့် အသတ်ခံရခြင်း အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရ၏။ ထို့ကြောင့် လူသားမျိုးနွယ်၏ လိုအပ်ချက်ကို ဖြည့်ဆည်းသည့် အနေဖြင့် ကျေးဇူးတော်ကာလတွင် ဘုရားသခင်သည် လူသားအသွင်ခံယူလျှက် သခင်ယေရှု ဖြစ်လာ၏။ လူသားမျိုးနွယ်အတွက် သူသည် လက်ဝါး ကပ်တိုင်တွင် သံမှိုဆွဲရိုက်ခံရကာ လူသားကို အပြစ်မှ ကယ်နုတ်ခဲ့၍ လူတို့အား ဘုရားသခင် ရှေ့မှောက်လာကာ ဘုရားသခင်ကို ဆုတောင်းခြင်း၊ အပြစ်ဝန်ခံခြင်းနှင့် နောင်တရခြင်း၊ အပြစ်များအတွက် ခွင့်လွှတ်ခံရခြင်းနှင့် ဘုရားသခင်၏ကျေးဇူးနှင့် ကောင်းချီးမင်္ဂလာများ၏ ကြွယ်ဝမှုအောက်တွင် နေထိုင်ခြင်းများ ပြုလုပ်နိုင်စေခဲ့၏။ သို့ရာတွင် လူတို့၏ အပြစ်များသောသဘာဝကို ဖြေရှင်းရန်လိုသေးလျှက် ထိုသူတို့သည် မကြာခဏ အပြစ် ကျူးလွန်ခဲ့၍ ဘုရားသခင်ကို ဆန့်ကျင်ခဲ့သဖြင့် နိုင်ငံတော်ကာလတွင် ဘုရားသခင်သည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နာမကိုခံယူကာ တဖန်ပြန်၍ ဇာတိပကတိခံယူခဲ့သည်။ ဤသည်မှာ သခင်ယေရှု၏ ရွေးနုတ်ခြင်း၊ လူသားမျိုးနွယ်၏ အပြစ်များသော သဘာဝကို ဖျောက်ဖျက်ခြင်း၊ ဘုရားသခင်အပေါ် လူသားမျိုးနွယ်မှ နာခံမှုမရှိခြင်းနှင့် ဆန့်ကျင်ခြင်းတို့ကို ရပ်စဲစေခြင်း၊ လူသားတို့ ဘုရားသခင်ကို အမှန်စင်စစ် လိုက်နာကာ ကိုးကွယ်ခြင်းနှင့် အဆုံးတွင် သာယာလှပသော ခရီးလမ်းဆုံးသို့ ရောက်ရှိစေခြင်းစသည့် သခင်ယေရှု၏အမှုကို အခြေခံလျှက် ကယ်တင်ခြင်းနှင့် သန့်စင်ခြင်းတို့အတွက် သမ္မာတရားခပ်သိမ်းကို ထုတ်ဖော် ပြောဆိုရန် ဖြစ်သည်။ ပညတ်တော်ကာလ၊ ကျေးဇူးတော်ကာလနှင့် နိုင်ငံတော်ကာလတို့တွင် ဆောင်ရွက်ခဲ့သော ဘုရားသခင်၏အမှုတို့သည် ကွဲပြား၍ ခံယူခဲ့သော နာမတော်များနှင့် ဖော်ပြခဲ့သော စိတ်နေသဘောထားတို့ ကွဲပြားသော်လည်း သူ၏အမှု၏ အနှစ်သာရနှင့် ရည်မှန်းချက်တို့မှာ အတူတူပင်ဖြစ်သည်။ ၎င်းတို့အားလုံးမှာ လူသားကို ကယ်တင်ရန်ဖြစ်ကာ အမှုအားလုံးကို ဘုရားသခင်ကိုယ်တိုင်က ဆောင်ရွက်ခြင်းပင်ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောကြားသည့်အတိုင်း “ယေဟောဝါ၏ အလုပ်မှစ၍ ယေရှု၏ အလုပ်တိုင်အောင်နှင့် ယေရှု၏ အလုပ်မှစ၍ ယခုလက်ရှိအဆင့်ထိ၊ ဤအဆင့်သုံးဆင့်သည် ဘုရားသခင် စီမံခန့်ခွဲမှု အစမှအဆုံးကို အဆက်မပြတ် အကျုံးဝင်စေသည်။ ယင်းတို့အားလုံးသည် ဝိညာဉ်တော် တစ်ပါးတည်း၏ လုပ်ဆောင်မှုပင်ဖြစ်သည်။ ကမ္ဘာကြီးကို စတင်ဖန်ဆင်းကတည်းက၊ ဘုရားသခင်သည် လူသားကို စီမံခန့်ခွဲလျက် ရှိနေသည်။ သူသည် အစနှင့် အဆုံးဖြစ်သည်၊ သူသည် အဦးဆုံးသော သူနှင့် နောက်ဆုံးသောသူလည်း ဖြစ်သည့်အပြင်၊ သူသည် ခေတ်တစ်ခုကို အစပြုခဲ့သူဖြစ်ပြီး၊ ခေတ်ကို အဆုံးသတ်သူလည်း ဖြစ်သည်။ မတူညီသည့် ခေတ်များနှင့် မတူညီသည့် နေရာများမှ အလုပ်အဆင့် သုံးဆင့်သည် ဝိညာဉ်တော် တစ်ပါးတည်း၏ အလုပ်ဖြစ်သည်မှာ မှားယွင်းဖွယ်မရှိပေ။ ဤအဆင့်သုံးဆင့်ကို ခွဲခြားသူအပေါင်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်ရန် ရပ်တည်သူများပင်ဖြစ်သည်။”“ဘုရားသခင် အလုပ်၏ ရူပါရုံ (၃)”နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ။Read More »