အမှုတော်နှင့် ဝင်ရောက်ခြင်း (၂)

ကျေးဇူးတော်, ခရစ်တော်, ယုံကြည်ခြင်း, အသက်

     သင်တို့၏ အလုပ်နှင့် ဝင်ရောက်မှုသည် အလွန်အားနည်းလေသည်၊ လူသည် အလုပ်ကို တန်ဖိုးမထား၊ ဝင်ရောက်မှုကိုဆိုလျှင် သာ၍ပင် ဂရုမစိုက်ကြ။ လူသည် ထိုသို့ဖြစ်နေခြင်းကို သူတို့ ဝင်ရောက်သင့်သည်ဟူသည်နှင့်ပတ်သတ်သောသင်ခန်းစာများအဖြစ် မသတ်မှတ်ကြပေ။ ထို့ကြောင့် သူတို့၏ ဝိညာဉ်ရေးရာ အတွေ့အကြုံ၌ သူတို့မြင်သည့် အရာအားလုံးနီးပါးက ကောင်းကင်ထက်က ရဲတိုက်များသာ ဖြစ်သည်။ အလုပ်၌ သင်တို့၏ အတွေ့အကြုံနှင့် ပတ်သက်လျှင် သင်တို့ကို များများစားစား မတောင်းဆိုပါ၊ သို့သော် ဘုရားသခင်က စုံလင်အောင် ပြုလုပ်ပေးသည်ကို ခံရမည့်သူများ အနေနှင့် သင်တို့သည် ဘုရားသခင်အတွက် အလုပ်လုပ်ခြင်းနှင့်ဆိုင်သော သင်၏သင်ခန်းစာများကို သင်ယူသင့်သည်၊ သိပ်မကြာခင်မှာပင် ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီနိုင်ဖို့အတွက် ဖြစ်သည်။ ခေတ်အဆက်ဆက်တွင် ဘုရားသခင်အတွက် အလုပ်လုပ်ခဲ့ကြသူများကို အမှုဆောင်များ သို့မဟုတ် တမန်တော်များဟု ခေါ်ကြပြီး ထိုအခေါ်အဝေါ်သည် ဘုရားသခင် အသုံးပြုခဲ့သည့် လူအနည်းငယ်ကို ရည်ညွှန်းသည့် အခေါ်အဝေါ် ဖြစ်သည်။ သို့သော် ယနေ့ ငါပြောသည့် အလုပ်သည် ထိုအမှုဆောင်များ သို့မဟုတ် တမန်တော်များကိုသာ မရည်ညွှန်းပေ၊ ဘုရားသခင် စုံလင်အောင် ပြုလုပ်ပေးမည့် သူများအားလုံးကို ရည်ရွယ်ပြီး ပြောသော အလုပ်ဖြစ်သည်။ ထိုအလုပ်ကို စိတ်သိပ်မဝင်စားသောသူ အများအပြားရှိကောင်းရှိမည် ဖြစ်သည်၊ သို့သော်လည်း ဝင်ရောက်မှုနှင့်ဆိုင်သော အကျိုးအတွက် ထိုအမှန်တရားအကြောင်းကို ဆွေးနွေးလျှင် အကောင်းဆုံး ဖြစ်မည် ဖြစ်သည်။

Read More »