Myanmar Worship 2020 (အို ဘုရားသခင်၊ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာနှင့် ကျွန်ုပ် အမှန်တကယ် မထိုက်တန်ပါ)


ကျွန်ုပ် ပြန်မတွေးဝံ့သည့် အရာများစွာ လုပ်ဆောင်ခဲ့သည်။
အချိန်များစွာ ကျွန်ုပ် ဖြုန်းခဲ့သည်။
နောင်တနှင့် အကြေွးတင်ရှိမှုခံစားချက် များစွာတို့က ကျွန်ုပ်၏ စိတ်နှလုံးထဲ ပြည့်လျှံလာသည်။
ဘုရားအတွက် မိမိကိုယ်ကိုယ် အသုံးခံရင်း ဒုက္ခခံစားသည့်အခါ ဆုလာဘ်များကို ကျွန်ုပ်အမြဲတောင်းဆိုခဲ့သည်။
ကောင်းချီးမင်္ဂလာများကို ရရှိဖို့ ကျွန်ုပ်၏ စိတ်ဆန္ဒက ပိတ်ပင်ခံရချိန်တွင်၊ ဘုရားကို စွန့်ခွာဖို့ ကျွန်ုပ်တွေးမိခဲ့၊
သို့သော် ကိုယ်တော်၏ ချစ်ခြင်းမေတ္တာက ကျွန်ုပ် စိတ်ထဲတွင် ပြက်ထင်နေဆဲဖြစ်ပြီး
မေ့ဖျောက်ဖို့ မတတ်နိုင်ခဲ့။
ဘုရား၏ နှုတ်ကပတ်တော်များက ဒုံးရင်းပြန်ဆိုက်ခြင်းနှင့်
အပျက်သဘောဆောင်ခြင်းမှ ဖြည်းဖြည်းချင်း ကျွန်ုပ်ကို ဦးဆောင်ရင်း ကျွန်ုပ်၏ စိတ်နှလုံးကို ရိုက်ခတ်ခဲ့သည်။
အန္တရာယ်က ခြိမ်းခြောက်သည့်အခါ၊ ကျွန်ုပ်စိုးရိမ်ကာ၊ ကြောက်ရွံ့ပြီး သူရဲဘောကြောင်ခဲ့သည်။
ကျွန်ုပ်အားနည်းကာ အပျက်သဘောဆောင်ပြီး၊ ဘုရားသခင်ကိုစွန့်ခွာဖို့ ကျွန်ုပ် တစ်ဖန်တွေးခဲ့သည်။
ကိုယ်တော်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်၏အရှက်ကိုကွယ်ဝှက်ရန်
နေရာမရှိဖြစ်စေလျက် သံလျှပ်တစ်စင်းကဲ့သို့ ကျွန်ုပ်၏ စိတ်နှလုံးကို ခွဲခဲ့သည်။

Read More »