အာဗြဟံအတွက် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာ

ကယ်တင်ခြင်း, ဆုတောင်း, နောက်ဆုံးသောကာလ, ဧဝံဂေလိတရား

ကမ္ဘာဦးကျမ်း ၂၂:၁၆-၁၈ သင်သည် ဤအမှုကို ပြုပြီး သင်၏သား၊ တစ်ဦးတည်းသောသားကို ထိန်ဝှက်မထားသည့်အတွက်ကြောင့် ကောင်းကြီးမင်္ဂလာဖြင့် သင့်ကို ငါကောင်းကြီးပေးမည်၊ တိုးပွားများပြားခြင်း၌ သင်၏ အမျိုးအနွယ်ကို မိုးကောင်းကင် ကြယ်များကဲ့သို့လည်းကောင်း၊ ပင်လယ်ကမ်းခြေပေါ်မှ သဲလုံးနှင့်အမျှလည်းကောင်း ငါတိုးပွားများပြားစေမည်။ သင်၏ အမျိုးအနွယ်သည် သူ့ရန်သူတို့၏ တံခါးတို့ကို အပိုင်ရလိမ့်မည်၊ မြေကြီးပေါ်ရှိ တိုင်းနိုင်ငံတို့သည် သင်၏အမျိုးအနွယ်အားဖြင့် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်။ သင်သည် ငါ၏စကားသံကို နာခံသောကြောင့် ငါသည် ကိုယ့်ကိုယ်ကိုယ် ကျိန်ဆိုပြီဟု ယေဟောဝါ မိန့်တော်မူ၏။

ဤအရာသည် အာဗြဟံအတွက် ဘုရားသခင်၏ ပြီးပြည့်စုံသည့် ကောင်းချီးမင်္ဂလာ ဖြစ်သည်။ တိုတောင်းသော်လည်း ပါဝင်သည့်အကြောင်းအရာက ကြွယ်ဝသည်။ အာဗြဟံအတွက် ဘုရားသခင်၏ လက်ဆောင်အတွက် အကြောင်းရင်း၊ နောက်ခံနှင့် အာဗြဟံကို ဘုရားသခင် မည်သည့်အရာပေးသည်ဟူသည့်အရာများ ပါဝင်သည်။ ၎င်းသည် ဤနှုတ်ကပတ်တော်များကို ဘုရားသခင် မိန့်မြွက်သည့် ပျော်ရွင်ခြင်း၊ စိတ်လှုပ်ရှားခြင်းတို့နှင့် ပြည့်လျှမ်းနေပြီး သူ၏နှုတ်ကပတ်တော်များကို နားထောင်နိုင်သည့်သူများကို ရယူလိုသော သူ့တောင့်တမှု၏ အရေးတကြီးဖြစ်မှုနှင့်လည်း ပြည့်လျှမ်းနေသည်။ ဤနေရာမှာ သူ၏နှုတ်ကပတ်တော်များကို နာခံပြီး သူ၏အမိန့်များကို လိုက်လျှောက်သူတို့အပေါ် ဘုရားသခင်၏ ချစ်ခင်မှုနှင့် ကြင်နာမှုကို တွေ့ရသည်။ ထိုနည်းတူပင် လူများကို ရယူဖို့ သူပေးသည့် အဖိုးအခ၊ သူတို့ကို ရခြင်းငှာ ထားသည့် ဂရုစိုက်မှုနှင့် အတွေးများကို ငါတို့တွေ့ရသည်။ ထို့အပြင် “ငါသည် ကိုယ့်ကိုယ်ကိုယ် ကျိန်ဆိုပြီ” ဟူသော နှုတ်ကပတ်တော်များပါဝင်သည့် ကျမ်းပိုဒ်သည် သူ၏စီမံခန့်ခွဲမှု အစီအစဉ် နောက်ကွယ်က သူ၏အမှု၌ ဘုရားသခင် တစ်ဦးတည်း ခံရသော ပြင်းထန်သည့် နာကျင်မှု၊ ခါးသီးမှုနှင့် ပတ်သက်၍ အားကောင်းသော အသိတရားကို ပေးသည်။ ဤအရာက စဉ်းစားမိအောင် စေ့ဆော်ပေးသော ကျမ်းပိုဒ်ဖြစ်ပြီး နောင်လာသည့် သူများအတွက် ထူးခြားသည့် အရေးပါမှုရှိပြီး အနှံ့အစပ် သက်ရောက်မှုရှိသည့် ကျမ်းပိုဒ်တစ်ခုဖြစ်ဖြစ်သည်။

Read More »