အရှေ့ရပ်မှ လျှပ်ပြက်ခြင်း၏ ဇာစ်မြစ်မှာ အဘယ်နည်း

ကယ်တင်ခြင်း, ခရစ်တော်, ဆုတောင်းခြင်း, အသင်းတော်, ဧဝံဂေလိ

ယခု ကျွန်ုပ်တို့ နောက်ဆုံးသော ကာလတွင် ရောက်ရှိနေပြီဖြစ်သည်။ သခင်၏ ပြန်ကြွလာခြင်းနှင့်ဆိုင်သည့် ပရောဖက်ပြုချက်များ အခြေခံကျကျ ပြည့်စုံပြီဖြစ်ပြီး ဘာသာတရားကိုင်းရှိုင်းသော အထောင်အသောင်း ယုံကြည်သူများသည် သခင်ယေရှု၏ ပြန်ကြွလာခြင်းကို ပြင်းပြစွာ မျှော်လင့်နေကြ၏။ သို့သော် တစ်ချိန်တည်းတွင်၊ အရှေ့ရပ်မှ လျှပ်ပြက်ခြင်းက သခင်ယေရှု ပြန်ကြွလာနှင့်ပြီ၊ ယင်းမှာ နောက်ဆုံးသော ကာလ လူ့ဇာတိခံယူခြင်းဖြစ်သည့် အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်ပြီး၊ ဘုရားအိမ်တော်မှ အစပြုသည့် သူ၏ တရားစီရင်ခြင်း အမှုတော်ကို သူ လုပ်ဆောင်ပြီးနှင့်ပြီဟု ပွင့်ပွင့်လင်းလင်း သက်သေခံလေသည်။ အရှေ့ရပ်မှ လျှက်ပြက်ခြင်း ပေါ်ထွက်ခြင်းသည် ဘာသာရေးလောကတစ်ခုလုံးအပြင် ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ပြီး သမ္မာတရားကို ဆာငတ်သူအားလုံးကို တုန်လှုပ်သွားစေခဲ့သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်တို့ကို ရှာဖွေခြင်းနှင့် လေ့လာဆန်းစစ်ခြင်းမှတဆင့်၊ လူများစွာတို့သည် အနန္တတန်ခိုးရှင် ဘုရားသခင်မှာ ပြန်ကြွလာသည့် သခင်ယေရှုဖြစ်သည်ဟု အတည်ပြုခဲ့ကြပြီး တစ်ယောက်ပြီးတစ်ယောက် အနန္တတန်ခိုးရှင် ဘုရားသခင် ရှေ့မှောက်သို့ လာကြလေသည်။ ဤအရာက ဘာသာရေးလောက၏ သင်းအုပ်ဆရာများနှင့် အကြီးအကဲများအပြင်၊ စီစီပီအစိုးရကို ချောက်ချားသွားစေခဲ့သည်။ သူတို့သည် ကောလဟလများစွာကို လုပ်ကြံဖန်တီးရင်းနှင့် အရှေ့ရပ်မှ လျှပ်ပြက်ခြင်းကို မိစ္ဆာအယူဝါဒအဖြစ် ရက်ရက်စက်စက် ရှုတ်ချကာ သွားပုပ်လေလွင့်ပြောဆိုရင်း၊ အရှေ့ရပ်မှ လျှပ်ပြက်ခြင်းကို ဖိနှိပ်ဖို့ရန်နှင့် တရားမဝင်ကြောင်းကြေငြာဖို့ရန် အတူတကွ ပေါင်းကြံခဲ့ကြသည်။ နောက်ဆုံးသော ကာလ အနန္တတန်ခိုးရှင် ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်တို့ကို ရှာဖွေပြီး လေ့လာဆန်းစစ်လိုသည့် စစ်မှန်သည့် ယုံကြည်သူများကို တားဆီးဖို့နှင့် နှောင့်ယှက်ဖို့ရန် သူတို့ တတ်နိုင်သမျှ လုပ်ဆောင်ကြလေသည်။ သခင်ယေရှုကို ရက်စက်စွာ ဖိနှိပ်ဖို့ ဂျူးဘာသာရေးလောကကိုယ်၌က ရောမအစိုးရနှင့် ပူးပေါင်းခြင်းတည်းဟူသော သမိုင်းဆိုင်ရာ အဖြစ်ဆိုးက တစ်ဖန် ဖြစ်ပျက်လျက်ရှိသည်။ အရှေ့ရပ်မှ လျှပ်ပြက်ခြင်းက သခင်ယေရှု၏ ပြန်ကြွလာခြင်း ဟုတ် မဟုတ်၊ ဘုရားသခင်၏ အမှုတော် ဟုတ် မဟုတ်နှင့်ပတ်သက်ပြီး အမြင်များက ခြားနားကြသည်။ လူအချို့က ၎င်းတို့၏ ငြင်းပယ်ခြင်းနှင့် ရှုတ်ချခြင်းတို့တွင် ဘာသာရေးလောက၏ သင်းအုပ်ဆရာများနှင့် အကြီးအကဲများနှင့်အတူ လိုက်သွားကြသော်လည်း၊ အရှေ့ရပ်မှ လျှပ်ပြက်ခြင်းသည် “လျှပ်စစ်သည် အရှေ့မှပြက်၍အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော် မူလတံ့။” (ရှင်မဿဲခရစ်ဝင် ၂၄:၂၇) ဟူသည့် သမ္မာကျမ်းစာထဲက သခင်ယေရှု၏ ပရောဖက်ပြုချက်နှင့် ဆက်စပ်သလို ယင်းမှာ နောက်ဆုံးသောကာလ လူသား၏ ကြွလာခြင်းနှင့် ဆက်နွယ်မှုရှိသည်ဟု ယုံကြည်ကြသူအချို့လည်း ရှိလေသည်။ သို့ဆိုလျှင်၊ အရှေ့ရပ်မှ လျှပ်ပြက်ခြင်း၏ ဇာစ်မြစ်မှာ အမှန်တကယ် မည်သည့်အရာနည်း။ ထိုအရာက ဘုရားသခင်၏ အမှုတော်ဖြစ်ပါသလား၊ မည်သို့သော နက်နဲမှုများကို ထိုအရာက ကိုင်စွဲထားပါသနည်း။

Read More »