Myanmar Gospel Movie (ဒီလောက် သာယာလိုက်တဲ့ အသံ) အပြစ်တွေကို လွှတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းက တကယ်ပဲ ကောင်းကင်နိုင်ငံကိုသွားဖို့လက်မှတ်လား – အပိုင်း (၄)

ဘာသာရေးအသိုင်းအဝိုင်းကလူတော်တော်များများက သူတို့ဟာဘုရားသခင်ကိုယုံကြည်ပြီးတဲ့နောက်သူတို့အပြစ်တွေကိုဝန်ခံပြီးနောင်တရခဲ့တဲ့အတွက် သူတို့ဟာခွင့်လွှတ်ခံရပြီး ကျေးဇူးတော်အားဖြင့် ကယ်တင်ခံရပြီ။ သခင်ပြန်လာတဲ့အခါ သူတို့ကိုတိုက်ရိုက်ကောင်းကင်နိုင်ငံတော်ဆီ ခေါ်ဆောင်မှာဖြစ်ပြီး ကိုယ်တော်က သန့်စင်ခြင်းနဲ့ ကယ်တင်ခြင်းကို မလုပ်နိုင်ကောင်းပါဘူးလို့ ထင်ကြတယ်။ ဒီအမြင်ဟာ ဘုရားသခင့်အမှုတော်ရဲ့ စစ်မှန်မှုနဲ့ ကိုက်ညီပါရဲ့လား။ သမ္မာကျမ်းစာထဲမှာ ပြောထားပါတယ်။ “သန့်ရှင်းခြင်းပါရမီမရှိလျှင်၊ အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ။” (ဟေဗြဲ ၁၂:၁၄) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေမှာ “သင်သည် ဘုရားသခင်ထံတွင် သင်၏ ယုံကြည်ခြင်းတွင် အဆင့်တခု ပျောက်ဆုံး နေသည်။ သင်သည် ရွေးနှုတ်ခြင်း ခံရရုံသာ ရှိသေးသည်၊ သို့သော် သင်သည် မပြောင်းလဲသေး။ သင်သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီရန် လိုသေးသောကြောင့် ဘုရားသခင်သည် သင့်ကို ပြောင်းလဲရန်နှင့် သန့်စင်စေရန် အလုပ်တို့ကို ကိုယ်တိုင် လုပ်ရမည်။ သင်သည် အကယ်၍ ကယ်နှုတ်ခြင်းကို ခံရရုံသာဖြစ်ပါက သင်သည် သန့်ရှင်းခြင်းကို ရယူရန် စွမ်းဆောင်နိုင်လိမ့်မည် မဟုတ်ပေ။ ပြောင်းလဲခြင်းနှင့် ပြည့်စုံခြင်း၏ အဓိကအဆင့်ဖြစ်သော လူကို စီမံခန့်ခွဲသည့် ဘုရားသခင်၏ အလုပ်တွင် အဆင့်တစ်ဆင့်ကို လွတ်သွားခဲ့သည့်အတွက် ဤနည်းလမ်းအားဖြင့် သင်သည် ဘုရားသခင်၏ ကောင်းမြတ်သော ကောင်းချီးများကို ဝေမျှရန် အရည်အသွေး ပြည့်မီလိမ့်မည် မဟုတ်ပေ။” လို့ မိန့်ဆိုထားပါတယ်။ (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) မှ

အရှေ့အရပ်မှ လျှပ်ပြက်ခြင်း၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ ပေါ်ပေါက်လာခြင်း နှင့် လုပ်ဆောင်မှု၊ သခင်ယေရှုဘုရား၏ ဒုတိယအကြိမ်ကြွလာခြင်း၊ နောက်ဆုံးသောကာလရှိ ခရစ်တော်တို့ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ဖြစ်သည့် အရှေ့အရပ်မှ လျှပ်စီးကို ဖန်တီးခဲ့ပါသည်။ နောက်ဆုံးသောကာလများတွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ လုပ်ဆောင်မှုများကိုလက်ခံသည့်သူများအားလုံး နှင့် ဘုရားသခင်၏နှုတ်ကပတ်တော်ဖြင့် သိမ်းပိုက်စိုးမိုးပြီး ကယ်တင်ခြင်းခံရသောသူများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကိုယ်တော်ကိုယ်တိုင် အားလုံးကိုတည်ထောင်ခြင်းဖြစ်ပြီး သိုးထိန်းကဲ့သို့သူကိုယ်တိုင်ဦးဆောင်ခဲ့သည်။ လူသားတဦးအားဖြင့် ဖန်တီးခဲ့ခြင်း လုံးဝမဟုတ်ပါ။ ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်။ ဘုရားသခင်၏ သိုးများသည် ဘုရားသခင်၏ အသံကိုကြားပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်နေသရွေ့ ဘုရားသခင်သည် ပေါ်ထွန်းခဲ့ကြောင်း သင်သိရှိရလိမ့်မည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s