ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ခရစ်ယာန်တစ်ယောက်၏ အသက်တာ (၂၅-၁-၂၀၂၀)

ဘုရားသခင်သည် အရာခပ်သိမ်းကို အုပ်စိုးတော်မူ၍ အရာခပ်သိမ်းကို စီမံအုပ်ချုပ်တော်မူသောသူ ဖြစ်၏။သူသည် ရှိသမျှအားလုံးကို ဖန်ဆင်းခဲ့၏။ ရှိသမျှအားလုံးကို စီမံအုပ်ချုပ်၍ရှိသမျှအားလုံးကို အုပ်စိုးကာ ရှိသမျှအားလုံးကို ထောက်ပံ့ပေး၏။ဤသည်မှာ ဘုရားသခင်၏ဂုဏ်ဒြပ်ဖြစ်၍ ဘုရားသခင်၏ ပင်ကိုယ်လက္ခဏာဖြစ်၏။အရာခပ်သိမ်းနှင့် ရှိသမျှအရာအားလုံးအတွက်ဘုရားသခင်၏ပင်ကိုယ်လက္ခဏာမှာ ဖန်ဆင်းရှင်နှင့် အရာခပ်သိမ်းကို အုပ်ချုပ်သူ ဖြစ်၏။ဤသည်မှာ ဘုရားသခင်ပိုင်ဆိုင်သော ကိုယ်ပိုင်လက္ခဏာဖြစ်၍ သူသည် အရာခပ်သိမ်းတို့အကြားတွင် အတုမရှိဖြစ်၏။လူသားမျိုးနွယ်အကြားဖြစ်စေ၊ ဝိညာဉ်လောကတွင်ဖြစ်စေ၊ဘုရားသခင်၏ မည်သည့်ဖန်ဆင်းခံသတ္တဝါမျှ

ဘုရားသခင်၏ ပင်ကိုယ်လက္ခဏာနှင့် ဂုဏ်ဒြပ်ကို အတုအယောင်ပြုလုပ်ရန်သို့မဟုတ် အစားထိုးရန် မည်သည့်နည်းလမ်း သို့မဟုတ် မည်သည့်အကြောင်းပြချက်မျှ အသုံးမပြုနိုင်ပေ။အဘယ်ကြောင့်ဆိုသော် အရာခပ်သိမ်းတို့အကြားတွင်ဤပင်ကိုယ်လက္ခဏာ၊ တန်ခိုး၊ သြဇာအာဏာနှင့်အရာခပ်သိမ်းအပေါ် အုပ်ချုပ်နိုင်စွမ်းကို ပိုင်ဆိုင်သောသူတစ်ဦးတည်းဖြစ်သော ငါတို့၏ အတုမရှိသော ဘုရားသခင်ကိုယ်တော်တိုင်သာ ရှိ၍ဖြစ်သည်။သူသည်အရာခပ်သိမ်းအကြားတွင် နေထိုင်ရွေ့လျားသွားလာသည်။သူသည် အရာခပ်သိမ်း၏အထက် အမြင့်ဆုံးသောနေရာသို့ တက်ကြွနိုင်၏။သူသည် လူသားတစ်ဦးဖြစ်လာခြင်း၊ အသွေးအသား ခန္ဓာဖြစ်သောသူတို့အကြား တစ်ဦးဖြစ်လာခြင်း၊

Read More »

ဘုရားသခင့်အမှု၏ အဆင့်သုံးဆင့်ကို သိခြင်းမှာ ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်ဟု အဘယ်ကြောင့် အဆိုရှိသနည်း။

ကယ်တင်ခြင်း, ကျေးဇူးတော်, ဘုရားသခင်၏ အသံတော်, ယေရှုခရစ်တော်, ဝိညာဉ်တော်

အခန်း သုံး ဘုရားသခင် အလုပ်၏ အဆင့်သုံးဆင့်နှင့် ပတ်သက်သည့် သမ္မာတရားများကို သင်သိရမ

၅။ ဘုရားသခင့်အမှု၏ အဆင့်သုံးဆင့်ကို သိခြင်းမှာ ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်ဟု အဘယ်ကြောင့် အဆိုရှိသနည်း။

(ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲမှ လက်ရွေးစင် ကျမ်းပိုဒ်)

ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်

လူသားမျိုးနွယ်အား စီမံခန့်ခွဲခြင်းအမှုကို အဆင့်သုံးဆင့်ခွဲထား၏။ ဆိုလိုသည်မှာ လူသားမျိုးနွယ်အား ကယ်တင်ခြင်းအမှုကို အဆင့်သုံးဆင့် ခွဲထားခြင်းဖြစ်သည်။ ဤအဆင့်သုံးဆင့်တွင် ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းအမှု မပါဘဲ၊ ထိုအဆင့်တို့မှာ ပညတ်တော်ခေတ်၊ ကျေးဇူးတော်ခေတ်နှင့် နိုင်ငံတော်ခေတ်အမှု၏ အဆင့်သုံးဆင့်တို့ဖြစ်ကြ၏။ ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းအမှုသည် လူသားမျိုးနွယ်တစ်ရပ်လုံးကို ထုတ်လုပ်ခြင်းအမှုဖြစ်၏။ ထိုအမှုမှာ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု မဟုတ်ဘဲ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှုနှင့် လုံးဝဆက်စပ်ခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာမြေကြီးကို ဖန်ဆင်းချိန်၌ လူသားသည် စာတန်၏ ဖျက်ဆီးခြင်းကို မခံရသေးသဖြင့် လူသားမျိုးနွယ်အား ကယ်တင်ခြင်းအမှုကို ဆောင်ရွက်ရန် မလိုအပ်ခဲ့ပေ။ လူသားမျိုးနွယ်သည် စာတန်၏ ဖျက်ဆီးခံရသည့်အခါတွင်မှ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု စတင်ခဲ့သည်။ ထို့ကြောင့် လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း အမှုသည်လည်း လူသားမျိုးနွယ်အနေနှင့် ဖျက်ဆီးခံရပြီးသည့်အခါတွင်မှ စတင်ခဲ့သည်။ တစ်နည်းအားဖြင့်ဆိုလျှင် ဘုရားသခင်၏ လူသားအပေါ်စီမံခန့်ခွဲခြင်းသည် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု၏ ရလဒ်အဖြစ် စတင်ခဲ့ခြင်းဖြစ်ပြီး၊ ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းအမှုမှ ပေါ်ပေါက်လာခြင်း မဟုတ်ပေ။ လူသားမျိုးနွယ်က ဖောက်ပြန်သည့် စိတ်နေသဘောထားကို ရရှိခဲ့ပြီးနောက်မှသာ စီမံခန့်ခွဲသည့်အမှု ဖြစ်ပေါ်လာသည်။ ထို့ကြောင့် လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်းအမှုတွင် အဆင့်လေးဆင့်၊ သို့မဟုတ် ခေတ်လေးခေတ်အစား အပိုင်းသုံးပိုင်း ပါရှိသည်။ ဤသည်သာလျှင် ဘုရားသခင်၏ လူသားအပေါ် စီမံခန့်ခွဲခြင်းအမှုကို မှန်ကန်စွာ ရည်ညွှန်းသည့်နည်းဖြစ်သည်။ နောက်ဆုံးသောခေတ်ပြီးဆုံးချိန်တွင် လူသားမျိုးနွယ်အပေါ် စီမံခန့်ခွဲခြင်းအမှုသည် ပြည့်စုံစွာ ပြီးဆုံးခဲ့ပြီး ဖြစ်လိမ့်မည်။ စီမံခန့်ခွဲခြင်းအမှု ပြီးဆုံးခြင်းသည် လူသားမျိုးနွယ်အားလုံးကို ကယ်တင်သည့်အမှု လုံးဝပြီးဆုံးသွားကာ လူသားမျိုးနွယ်သည် ၎င်း၏ခရီးလမ်းဆုံးသို့ ရောက်ခဲ့ပြီးဖြစ်သည်ဟု ဆိုလို၏။ လူသားမျိုးနွယ်အားလုံးကို ကယ်တင်သည့်အမှု မရှိပါက လူသားမျိုးနွယ်ကို စီမံခန့်ခွဲသည့်အမှု ရှိမည်မဟုတ်ပါ။ အမှု၏ အဆင့်သုံးဆင့်သည်လည်း ရှိမည်မဟုတ်ပါ။ အတိအကျအားဖြင့် ဤသည်မှာ လူသားမျိုးနွယ်၏ စာရိတ္တပျက်ပြားမှုကြောင့်နှင့် လူသားမျိုးနွယ်သည် ကယ်တင်ခြင်းကို အရေးတကြီး လိုအပ်နေသောကြောင့် ယေဟောဝါသည် ကမ္ဘာမြေကြီးအား ဖန်ဆင်းခြင်းကို အဆုံးသတ်ခဲ့ကာ ပညတ်တော်ခေတ်၏ အမှုကို စတင်ခဲ့၏။ ထိုအခါတွင်မှ လူသားမျိုးနွယ်ကို စီမံခန့်ခွဲသည့်အမှု စတင်ခဲ့၏။ ထိုအခါတွင်မှ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု စတင်ခဲ့၏ဟု ဆိုလိုခြင်းဖြစ်သည်။ “လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း” ဟူသည်မှာ ကမ္ဘာမြေကြီးပေါ်တွင် အသစ်ဖန်ဆင်းထားသည့် လူသားမျိုးနွယ် (ဆိုလိုသည်မှာ ဖျက်ဆီးမခံရသေးသည့် လူသားမျိုးနွယ်) ၏အသက်တာကို လမ်းပြခြင်းဟု မဆိုလိုပါ။ စင်စစ်အားဖြင့် ယင်းမှာ စာတန်၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသော လူသားမျိုးနွယ်ကို ကယ်တင်ခြင်းဖြစ်၏။ တစ်နည်းအားဖြင့်ဆိုသော် ဖောက်ပြန်နေသော ဤလူသားမျိုးနွယ်ကို ပြောင်းလဲရန်ဖြစ်၏။ ဤသည်မှာ လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှုတွင် ကမ္ဘာမြေကြီးကို ဖန်ဆင်းသည့်အမှုမပါပေ။ ထို့ကြောင့် လူသားမျိုးနွယ်ကို စီမံခန့်ခွဲသည့်အမှုတွင် ကမ္ဘာမြေကြီးကို ဖန်ဆင်းသည့်အမှု မပါဝင်ဘဲ ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းအမှုမှ သီးခြားဖြစ်သော အမှုအဆင့်သုံးဆင့်သာ ပါဝင်၏။ လူသားမျိုးနွယ်အား စီမံခန့်ခွဲခြင်းအမှုကို နားလည်ရန် အမှု၏အဆင့်သုံးဆင့်နှင့်ဆိုင်သည့် နောက်ခံသမိုင်းကို သိရှိရန်လိုအပ်သည်၊ ဤသည်မှာ ကယ်တင်ခံရရန် လူတိုင်းသိရမည့်အရာဖြစ်၏။ ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါများအနေဖြင့် လူသားကို ဘုရားသခင်က ဖန်ဆင်းထားကြောင်းကို သင်တို့သိသင့်၍ လူသားမျိုးနွယ်၏ ဖောက်ပြန်ခြင်း အရင်းအမြစ်ကို သိသင့်သည့်အပြင် လူသား၏ ကယ်တင်ခြင်း လုပ်ငန်းစဉ်ကို သိသင့်သည်။ ဘုရားသခင်ထံမှ မျက်နှာသာရရှိရေးအတွက် အယူဝါဒနှင့်အညီ မည်သို့ပြုမူရမည်ကိုသာ သင်တို့သိ၍ လူသားမျိုးနွယ်ကို ဘုရားသခင်က မည်သို့ကယ်တင်သည်ကိုဖြစ်စေ၊ လူသားမျိုးနွယ် ဖောက်ပြန်ခြင်း၏ အရင်းအမြစ်ကိုဖြစ်စေ၊ အရိပ်အမြွက်မျှပင် မသိပါက ဤသည်မှာ ဘုရားသခင်၏ဖန်ဆင်းခံသတ္တဝါအနေနှင့် သင်တို့တွင် ကင်းမဲ့နေသည့်အရာဖြစ်၏။ သင်သည် ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအမှုဆိုင်ရာ ပိုမိုကျယ်ပြန့်သော နယ်ပယ်အကြောင်းကို မသိဘဲနေလျက် လက်တွေ့ကျင့်သုံးနိုင်သည့် သမ္မာတရားများကို နားလည်ခြင်းဖြင့် ကျေနပ်၍သာ မနေသင့်ပါ၊ ဤသို့ဖြစ်ပါက သင်သည် တယူသန်ဆန်လွန်း၏။ အမှုအဆင့်သုံးဆင့်သည် လူသားအပေါ် ဘုရားသခင်စီမံခန့်ခွဲမှု၏ အတွင်းဇာတ်လမ်း၊ စကြဝဠာတစ်ခုလုံး၏ ဧဝံဂေလိတရားရောက်ရှိခြင်း၊ လူသားမျိုးနွယ် အားလုံးအကြား အကြီးမားဆုံးသော နက်နဲမှုနှင့် ဧဝံဂေလိတရား ဖြန့်ဝေခြင်း၏ အခြေခံလည်းဖြစ်၏။ သင်သည် သင့်အသက်တာနှင့် သက်ဆိုင်သည့် လွယ်ကူရိုးရှင်းသော သမ္မာတရားများအား နားလည်ရေးကိုသာ အဓိကထား၍ နက်နဲမှုများနှင့် ရူပါရုံများအနက် အကြီးမြတ်ဆုံး ဤအကြောင်းကို ဘာမျှမသိပါက သင်၏အသက်တာသည် ကြည့်ဖို့မှလွဲ၍ မည်သည့်အတွက်မျှ မကောင်းသော ချွတ်ယွင်းနေသည့် ထုတ်ကုန်ပစ္စည်းတစ်ခုနှင့် တူနေသည် မဟုတ်ပါလော။

Read More »