၃။ ကယ်တင်ခြင်းရှရှိဖို့ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို မည်သို့ တွေ့ကြုံသင့်သနည်း။

ထာဝရအသက်, အသင်းတော်, အားကိုးခြင်း, ဧဝံဂေလိတရား

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်အား ယုံကြည်ရာ၌ ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းခြင်းကို အချုပ်ဆိုရလျှင်၊ ထိုအရာမှာ သမ္မာတရားအား ကြိုးစားလိုက်လျှောက်ခြင်း လမ်းကြောင်းအတိုင်း လျှောက်လှမ်းခြင်းဖြစ်သည်၊ ယင်းသည် မိမိကိုယ်ကို အမှန်တကယ်သိကျွမ်းခြင်းနှင့် မိမိ၏ စိတ်နေသဘောထားကို ပြောင်းလဲခြင်းလည်း ဖြစ်လေသည်။ ပေတရု၏လမ်းကြောင်းအတိုင်း သွားမှသာလျှင် လူတစ်ဦးသည် ဘုရားသခင်အားဖြင့် စုံလင်အောင်ပြုလုပ်ပေးမှုခံရခြင်း လမ်းကြောင်းအတိုင်း သွားနေလိမ့်မည်ဖြစ်သည်။ လူတစ်ဦးသည် ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်းနှင့် ယင်းအား လက်တွေ့လုပ်ဆောင်နည်းကို အထူးသဖြင့် ရှင်းလင်းစွာ နားလည်ရမည်။ ပထမဦးစွာ လူတစ်ဦးသည် သူ၏ ရည်ရွယ်ချက်များ၊ မလျော်ကန်သော လေ့လာလိုက်စားမှုများနှင့် သူ၏မိသားစုနှင့် လူ့ဇာတိအရာအားလုံးကိုပင် လျစ်လျူရှုထားရမည်။ သူသည် စိတ်နှလုံးအကြွင်းမဲ့ သစ္စာစောင့်သိရမည်၊ တစ်နည်းဆိုသော် ဘုရားသခင်၏ နှုတ်ကပတ်တော်၌ သူ့ကိုယ်သူ လုံးလုံးလျားလျား နစ်မြှုပ်ထားရမည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ခြင်းအပေါ် အာရုံစိုက်ပြီး သမ္မာတရားကို ရှာဖွေခြင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်ကို သူ၏ နှုတ်ကပတ်တော်များထဲ၌ ရှာဖွေခြင်းတို့အပေါ် အာရုံစိုက်ကာ အရာခပ်သိမ်း၌ ဘုရားသခင်၏ အလိုတော်ကို သဘောပေါက်နားလည်ရန်အလို့ငှာ ကြိုးစားရမည် ဖြစ်သည်။ ဤသည်မှာ လက်တွေ့ကျင့်သုံးခြင်း၏ အခြေခံအကျဆုံးနှင့် အလွန်အရေးပါဆုံးသော နည်းလမ်းဖြစ်သည်။ ဤသည်မှာ ယေရှုကိုမြင်ပြီးနောက် ပေတရုလုပ်ခဲ့သောအရာ ဖြစ်ခဲ့သည်၊ ထို့ပြင် ဤနည်းအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းဖြင့်သာ လူတစ်ဦးသည် အကောင်းဆုံးရလဒ်များကို ရယူနိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို

Read More »