Myanmar Gospel Skit (အမွန္ဆိုတာ အမွား မဟုတ္နိုင္ပါ) How to Discern the True Christ and False Christs

ကယ်တင်ခြင်း

သခင်ယေရှုက “ငါသည် အလျင်အမြန် လာမည်” (ဗျာဒိတ် ၂၂:၁၂) ဟုဆိုခဲ့သည်။ နောက်ဆုံးသောကာလသည် သခင်၏ ပြန်လာခြင်းကို လက်ခံဖို့ရန် အရေးကြီးဆုံးသော အချိန်ဖြစ်သည်။ ဘာသာရေးဂိုဏ်းခွဲမှ ယုံကြည်သူ ကျန်းဟောင်အန်းသည် ဇနီးဖြစ်သူက သခင် ပြန်ကြွနေပြီဟူ၍ သက်သေခံသည်ကို ကြားရသောအခါ၊ သူက ရှာဖွေစူးစမ်းချင်သည်။ သို့ရာတွင် သူ၏ အသင်းတော်မှ သင်းအုပ်ဖြစ်သူက သူ့အား ဟန့်တားရန် အကြိမ်ကြိမ် ကြိုးစားလေသည်။ “အကြောင်းမူကား၊ ခရစ်တော်၏အယောင်ကို ဆောင်သောသူနှင့် မိစာၦပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသော နိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို ပြကြလိမ့်မည်။” (မဿဲ ၂၄:၂၄) ဟူသော သမ္မာကျမ်းစာပိုဒ်ကို ဟောပြော၍၊ သခင် ပြန်လာခြင်းအကြောင်း ဟောပြောသူတိုင်းသည် အတုအယောင်ဖြစ်သည်ဟု ပြောဆိုသောကြောင့်၊ ကျန်းဟောင်အန်းအား စိတ်ရှုပ်ထွေးစေခဲ့သည်။ သူ့ဇနီး၏ မိတ်သဟာယမှတစ်ဆင့်၊ ခရစ်တော်အစစ်အမှန်နှင့် ခရစ်တော်အတုအယောင်တို့ကို ခွဲခြားခြင်းနှင့်ဆိုင်သော သမ္မာတရား၏ လက္ခဏာသွင်ပြင်တို့ကို သူ နားလည်နိုင်လာပြီး၊ နောက်ဆုံးတွင် စိတ်ရှုပ်ထွေးမှုမှ သူ့ကိုယ်သူ ရုန်းထွက်လေသည်။ ယခု ဟာသပြဇာတ်တို ‘အမှန်ဆိုတာ အမှား မဟုတ်နိုင်ပါ’ ကို ကျေးဇူးပြု၍ ခံစားကြည့်ကြပါ။

Read More »

Myanmar Movie (နားခိုရာအိမ် ဘယ်မှာလဲ) ဘုရားသခင်သာ လူသားမျိုးနွယ်ကို ကယ်တင်နိုင်ပြီး ကျွန်ုပ်တို့ကို နာကျင်မှုမှ လွတ်မြောက်စေနိုင်သည် အပိုင်း (၁)

လူ့ဘဝတွင် အဘယ်ကြောင့် ဆင်းရဲဒုက္ခ ရှိသနည်း။ များစွာသောသူတို့သည် ဤအရာဖြင့် လုံးပန်းကြသော်လည်း ဘယ်သောအခါမျှ အဖြေ မတွေ့နိုင်ကြပေ။ ဝန်ယာ နှင့် သူမ၏ မိသားစုတို့သည် လူသား ဆက်ဆံရေးများ၏ အဆိုးအကောင်း ပြောင်းလဲမှု တို့ကို အပြည့်အဝ မြည်းစမ်းရင်း ကြိုမမြင်ရသည့် အပြောင်းအလဲတစ်ခုကို အခြေအနေများ၌ ကြုံကြရလေသည်။ နောက်ဆုံးတွင်၊ လူတို့၏ ဘဝများထဲက ဆင်းရဲဒုက္ခ၏ အရင်းအမြစ်ကို အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ရှာတွေ့ကြပြီး သူတို့၏ နာကျင်မှုကို စွန့်ပစ်ပြီး စစ်မှန်သည့် ပျော်ရွှင်မှု မည်သို့ရရှိမည်ကို နားလည်လာကြသည်။ နားခိုရာအိမ် ဘယ်မှာလဲ ဟူသည့် ခရစ်ယာန် ရုပ်ရှင်မှဖြစ်သော ဘုရားသခင်သာ လူသားမျိုးနွယ်ကို ကယ်တင်နိုင်ပြီး ကျွန်ုပ်တို့ကို နာကျင်မှုမှ လွှတ်မြောက်နိုင်စေနိုင်သည်ဟူသည့် ဤဗွီဒီယိုအပိုင်းက အဖြေကိုရဖို့ မိတ်ဆွေကို ကူညီပါလိမ့်မည်။

Read More »