၇။ လှည့်ဖြားတတ်သော လူတစ်ဦးဆိုသည်မှာ အဘယ်နည်း။ လှည့်ဖြားတတ်သော လူတို့သည် အဘယ်ကြောင့် ကယ်တင်ခြင်းကို မရရှိနိုင်ကြပါသနည်း။

ကောင်းကင်ဘုံ, ယုံကြည်ခြင်း, ယုံကြည်သူ, အသက်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

သင်တို့သည် အလွန် လိမ်လည်လှည့်ဖျားတတ်လျှင် ကိစ္စတိုင်းကိုသာမက လူတိုင်းကို သံသယဝင်နေမည်ဖြစ်၍ အမြဲသတိထား နေတတ်သည့် နှလုံးသားကို ပိုင်ဆိုင်သူ ဖြစ်နေလိမ့်မည်။ ထိုအကြောင်းကြောင့် ငါ့အပေါ်၌ ထားသော သင်တို့၏ ယုံကြည်ခြင်းသည်လည်း သံသယအုတ်မြစ်အပေါ်၌ တည်ထားသည့် ယုံကြည်ခြင်း ဖြစ်နေလိမ့်မည်။ ထိုသို့သော ယုံကြည်ခြင်းမျိုးသည် ငါမည်သည့်အခါမျှ အသိအမှတ် ပြုမည် မဟုတ်သော ယုံကြည်ခြင်းမျိုး ဖြစ်သည်။ စစ်မှန်သော ယုံကြည်ခြင်း မရှိသောသင်သည် စစ်မှန်သော ချစ်ခြင်းမေတ္တာနှင့် သာ၍ပင် ဝေးကွာမည် ဖြစ်သည်။ သင်သည် ဘုရားသခင်ကို သံသယဝင်နိုင်သည့် အပြင် သင်ဆန္ဒရှိသည့်အတိုင်း သူ့အကြောင်းကို ထင်ကြေးပေး နိုင်လျှင်၊ သင်တို့သည် လူတို့ထဲတွင် အလိမ်လည်အလှည့်ဖျား တတ်ဆုံးသူ ဖြစ်သည်ဟူသည့် အချက်မှာ သံသယဖြစ်စရာ မလိုပေ။ ခွင့်မလွှတ် နိုင်သော အပြစ်များဖြင့် ပြည့်နေသော၊ တရားမျှတမှုနှင့် ဆင်ခြင်တုံတရား ကင်းမဲ့သော၊ တရားမျှတမှု ဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်းကို မသိသော၊ ရက်စက်သော၊ ပရိယာယ်များသော၊ ဖောက်ပြန်တတ်သော၊ ကောက်ကျစ်သော၊ မကောင်းမှု၌သာမက အမှောင်၌ ပျော်မွေ့တတ်သော စသည့် စရိုက်လက္ခဏာများ ရှိသူလူသားအား ဘုရားသခင်နှင့်တူမတူ ကို သင်စဉ်းစားသည်။ ဘုရားသခင်သည် မည်သို့ဟူသည်ကို လူသားသည် နည်းနည်းလေးမျှ မသိသောကြောင့် ထိုသို့သောအတွေးများရှိခြင်း ဖြစ်သည် မဟုတ်လော။ ထိုသို့သော ယုံကြည်ခြင်းသည် အပြစ်နီးပါးဖြစ်သည်။ ထို့အပြင် ငါနှစ်သက်သော သူများသည် ဖားတတ်သောသူများ၊ ကိုယ်ကျိုးအတွက် မျက်နှာရအောင် လုပ်တတ်သောသူများ ဖြစ်ပြီး ထိုသို့ မလုပ်တတ်သူများကို ငါက ကြိုဆိုမည်မဟုတ်၊ သူတို့သည် ဘုရားသခင်၏ အိမ်တော်ရှိ သူတို့၏ နေရာကို ဆုံးရှုံးလိမ့်မည်ဟု ယုံကြည်ကြသူအချို့ပင် ရှိကြသည်။ ဤနှစ်များအတွင်း သင်တို့ သင်ယူ ခဲ့သောအရာအားလုံးသည် ဤအရာများ ဖြစ်သလော။ သင်တို့ ရရှိခဲ့သောအရာများသည် ဤအရာများ ဖြစ်သလော။ သင်တို့ သိထားသည့် ငါနှင့်ပတ်သက်သော အကြောင်းအရာများသည် ထိုသို့သော အမြင်မှားများ သာမကပေ။ သာ၍ဆိုးသည်မှာ သင်တို့၏ ဘုရားသခင်၏ ဝိညာဉ်ကို စော်ကားခြင်းနှင့် ကောင်းကင်ဘုံကိုလည်း အသရေညစ်နွမ်းအောင် ပြောဆိုခြင်းဖြစ်သည်။ ထို့ကြောင့် သင်တို့၌ ရှိသည့် ယုံကြည်ခြင်းမျိုးသည် ငါနှင့် ဝေးရာသို့ သင်တို့ကို ရောက်စေမည့် ယုံကြည်ခြင်းမျိုး ဖြစ်၍ ငါ့ကို ပိုပြီး ဆန့်ကျင်သူများ ဖြစ်စေမည့် ယုံကြည်ခြင်းမျိုး ဖြစ်သည်ဟု ငါပြောခြင်း ဖြစ်သည်။Read More »